Quantcast
Viewing all articles
Browse latest Browse all 1811

အတိတ်ကို ပြန်လည်တူးဆွခြင်း (၂)


Image may be NSFW.
Clik here to view.
အတိတ်ကို ပြန်လည်တူးဆွခြင်း (၂)
အတိတ်ကို ပြန်လည်တူးဆွခြင်း (၂)
အမှန်အတိုင်းဝန်ခံရရင် အသက် ၁၆ နှစ်မှာ ၁ဝ တန်းအောင် DSA တက်၊ အသက် ၂၁ နှစ်မှာ ပြန်တမ်းဝင် အရာရှိဖြစ်ဆိုတော့ ပြင်ပစာပေတွေ နဲ့ ပတ်သက်ရင် ဝတ္ထု တွေလောက်ဘဲ ဖတ်ဖြစ်ခဲ့တာပါ။ နိုင်ငံရေးနဲ့ ပတ် သက်ရင် ဗဟုသုတတော်တော် အား နည်းခဲ့တာဆိုတော့ ဒီနိုင်ငံရေးဌာန ကို ရောက်ရောက်ချင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသလိုဖြစ်စဉ် ဖြစ် ရပ်တွေမှာ ဘယ်ဟာကအမှန် ဘယ် ဟာက အမှားဆိုတာလည်း မဝေခွဲ တတ်ခဲ့ဘူး။
ထောက်လှမ်းရေးတာဝန်နဲ့ နိုင်ငံ ရေး ဘာဆိုင်လဲလို့ မေးချင်မေးကြ ပါလိမ့်မယ်။ ဒါ့အပြင် လက်ကိုင် တုတ်ဘဲ။ လူတွေဖမ်းပြီး နှိပ်စက် တတ်ရင် ရတာဘဲလို့ ပြောချင်လဲ ပြောကြမှာပေါ့။ တကယ်တန်းကျ တော့ တချို့ကိစ္စတွေဟာ ပုံကြီး ချဲ့တာလည်းပါသလို အောက်ခြေက အဖွဲ့တွေ လုပ်မှားကိုင်မှားနဲ့ နှိပ်စက် တာတွေလည်း ရှိမှာပါ။ ဒါတွေက တော့ အနီးကပ်ကွပ်ကဲတဲ့ တပ်မှူးနဲ့ အရာရှိတွေမှာ တာဝန်ရှိပါတယ်။
မူချပြီး နှိပ်စက်ဖို့ မြန်မာ့တပ်မတော် မှာ မူဝါဒမရှိသလို တပ်မတော်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့တဲ့ တပ် မတော် ထောက်လှမ်းရေးမှာလည်း ခွင့်ပြုထားတာ မရှိပါဘူး။ ယခင်က လည်း ခွင့်မပြုခဲ့သလို ကြားသိရ သမျှ ယခုအချိန်အထိလည်း ခွင့်ပြုမထား ပါဘူး။ နောင်လည်း ခွင့်ပြုမှာ မဟုတ် ပါဘူး။ နှိပ်စက်ခံရရင် အကြံပေး လိုတာက တိုင်ပါ။ တပ်မတော်မှာ ကျိန်းသေပေါက် အရေးယူပါတယ်။

ကျွန်တော်ထောက်လှမ်းရေး ရုံးချုပ်မှာ တာဝန်ထမ်းဆောင်နေသမျှ ကာလ ပတ်လုံး (၁၉၉၄-၂ဝဝ၄) နိုင်ငံရေး သမားတွေကို နှိပ်စက်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း မခိုင်းခဲ့သလို ထောက်လှမ်းရေးမှူးချုပ် ကလည်း စေခိုင်းခဲ့တာ မရှိခဲ့ပါဘူး။
နိုင်ငံရေးဌာန ရောက်ရောက် ချင်း စလုပ်ရတာကတော့ စာဖတ်ရ တာပါဘဲ။ မှတ်တမ်းမှတ်ရာတွေက လည်း တောေ် တာမ်ျားတော့  ဖတလ့ို ကို မကုန်ဘူး။ ကိုယ်ရေးရာဇဝင်ဖိုင် တွေ၊ စစ်ကြောချက်တွေ၊ တချို့ မှတ်တမ်းတွေဆိုရင် လွတ်လပ်ရေး ရပြီးစက အခြေအနေတွေ တောင်ပါ တယ်။ စနစ်တကျ ပြုစုထားတဲ့ ထောက်လှမ်းရေးသတင်းတွေ၊ စစ် ကြောချက်တွေ၊ တွေ့ဆုံမေးမြန်းမှု တွေ ဒါတွေကို ဖတ်ရတယ်။ အဲဒီ အချက်အလက်တွေနဲ့ အပြင်မှာ ရေးသားနေကြတဲ့ နိုင်ငံရေးနောက်ခံ အရေးအသားတွေကို ယှဉ်ထိုးရင်း စာတော်တော် ဖတ်ဖြစ်သွားတယ်။
စာဖတ်ကျင့်လည်း ရသွားတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ နိုင်ငံရေးဆိုတာ ဘာလည်းဆိုတာ နားလည်သလိုလို ရှိလာတယ်။ နိုင်ငံရေးသမားတွေရဲ့ သဘာဝတွေ၊ အခက်အခဲတွေ၊ ဇွဲ သတ္တိတွေ၊ တန်ဖိုးရှိတာတွေ၊ တန်ဖိုး မဲ့တာတွေအစရှိသဖြင့် လူအမျိုးမျိုး စိတ်အထွေထွေတွေကို တွေ့မြင် သိနားလည်ခဲ့ရတယ်။
နိုင်ငံရေးဌာနရဲ့ အဓိကတာဝန် ကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ တင်ပြ ဖို့ပါဘဲ။ အစိုးရကို အတိုက်အခံပြု တွန်းလှန်နေတဲ့ ပြည်တွင်းက နိုင်ငံ ရေး အင်အားစုတွေရဲ့ လှုပ်ရှား ဆောင်ရွက်နေတဲ့ အခြေအနေတွေ ကို ကိုင်တွယ်ရတာဆိုတော့ လက် ကိုင်တုတ်လို့ ဆိုမယ်ဆိုလည်း ဆိုထိုက်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ နိုင်ငံရေးသမား တချို့ ပြောတဲ့ တပ်မတော်က ဘယ်ဘက် ကိုလိုက်မှာလဲ။ လူထုကို နှိပ်စက်ပြီး အာဏာရှင်ဘက် လိုက်မှာလား။
ကြားနေပြီး ဘက်မလိုက်သင့်ဘူး ဆိုပြီး ခဏခဏပြောတာ စဉ်းစား ကြည့်မိတယ်။ ပြောတာတွေက မှန်တယ်လို့ယူရမှာပါဘဲ။ ကျွန်တော် လဲ တခါတခါ စဉ်းစားဖြစ်ခဲ့တယ်။ ပါတီစုံဒီမိုကရေစီကို သွားမယ်။ ဒီ စနစ်ဖွံ့ဖြိုးအောင်မြင်သွားရင် ဒီဌာန က ဘာလုပ်ရမှာလည်းပေါ့။ ဒါပေ မယ့် ခေတ်အဆက်ဆက် အခြေ အနေတွေကို ပြန်စဉ်းစားတော့ ဒီဌာန ကို ဘာကြောင့် ဖွဲ့ထားခဲ့ရတယ် ဆိုတာနည်းနည်းမြင်လာတယ်။
နိုင်ငံတော်ရဲ့ ဖွဲ့စည်းမှုနဲ့ တပ် မတော်ရဲ့ သဘာဝအပေါ်မှာ အခြေခံ ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ သဘာဝကိုက လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစပြီး ခေတ်အဆက်ဆက်မှာ တက်လာတဲ့ အစိုးရရဲ့ မူဝါဒနောက် ကိုဘဲ လိုက်ခဲ့တာကို တွေ့ရမှာပါ။
Dejure အစိုးရဘဲဖြစ်ဖြစ်၊ Defacto အစိုးရဘဲ ဖြစ်ဖြစ်ပေါ့။ တပ်မတော် အနေနဲ့ သီးခြားရပ်တည်လို့ ဘယ် လိုမှ မဖြစ်နိုင်သလိုဖြစ်လည်း မဖြစ် သင့်ဘူးလေ။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ် ကြီးနေဝင်း အာဏာသိမ်းခဲ့တဲ့ အချိန် ကစပြီး စစ်တပ်ကတောက်လျှောက် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ ယခု အချိန်ထိဘဲဆိုရင်လည်း မှားတယ်လို့ တော့ ပြောလို့မရပါဘူး။ ခွဲခြားမမြင် ရင်ပေါ့။ အဓိက ကျွန်တော်အမြင် ကတော့ နိုင်ငံရဲ့ နိုင်ငံရေးအကွဲအပြဲနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အကွဲအပြဲတွေအပေါ်မှာ အခြေခံပါ တယ်။ တပ်မတော်အနေနဲ့ ကွန်မြူနစ် နိုင်ခဲ့ရင် ကွန်မြူနစ် တပ်မတော်ဖြစ်။ တိုင်းရင်းသားတွေရဲ့ ပြည်နယ် ခွဲထွက် ခွင့် ရရှိသွားခဲ့ရင် တပ်မတော်လဲ အပိုင်းပိုင်းကွဲဖြစ်မှာ အမှန်ဘဲ။
ဆိုလိုချင်တာက တပ်မတော်က တက်လာတဲ့ အစိုးရရဲ့ မူဝါဒနဲ့ အမျိုး သားရေးနောက်ကိုဘဲ လိုက်ခဲ့တာပါ။ ပြည်တွင်းမှာ နိုင်ငံရေးစနစ် မှန်သွား ပြီ။ စနစ်တစ်ခုအပေါ်မှာ အခြေခံပြီး နိုင်ငံရေးအရ အနိုင်အရှုံးကို လက်ခံ ပြီး အုပ်ချုပ်တဲ့အစဉ်အလာရ သွား ရင်တပ်မတော်ဟာ rules and regulations ထဲမှာဘဲ ရှိနေရမှာပါ။
အဲဒီအချိန်ကျရင် နိုင်ငံရေးဌာနဟာ ဖျက်သိမ်းရင်သိမ်း။ ဒါမှမဟုတ် ကိုက် ညီတဲ့ လုပ်ငန်းတာဝန်ပြောင်း။ ဒါဘဲ ရှိပါတယ်။ အဲဒီမှာ တာဝန်ထမ်းဆောင် နေတုန်းက တွေးမိခဲ့တဲ့ အတွေးပါ။
အခုကာလနဲ့ ယှဉ်ထိုးကြည့် မယ်ဆိုရင်လည်း တပ်မတော်က ဒီ အတိုင်းဘဲ ရပ်တည်နေတာကို တွေ့ရ မှာပါ။ နိုင်ငံတော်အစိုးရရဲ့ မူဝါဒနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထား တဲ့ နေရာမှာဘဲ ရှိနေတာပါ။ ကျွန် ကိုယ်တိုင်ကိုက တပ်မတော်သား ဖြစ် ခဲ့ဖူးတဲ့အတွက် တပ်မတော်ရဲ့ အမျိုး သားရေး အမြင်နဲ့ တပ်မတော်ရဲ့ သဘောထား ရပ်တည်ချက်ကို သိစေ ချင်လို့ ပြောပြတဲ့ သဘောပါ။
အာဏာမက်ပြီး နိုင်ငံရေးမှာ လွှမ်းမိုး နေရာယူထားတုန်းဘဲဆိုတဲ့ အမြင် ရှိနေသမျှ ကာလပတ်လုံး မည်သို့မျှ အဆင်ပြေနိုင်မယ် မထင်ပါ။ အခုချိန် မှာတော့ တပ်မတော်နဲ့ တပ်မတော် က ထွက်ပြီး နိုင်ငံရေးလောကထဲ ရောက်နေ၊ အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ် တွေကို ခွဲခြားမြင်ဖို့လိုမယ် ထင်ပါ တယ်။ အမှန်ကတော့ နိုင်ငံရေး သမားတွေရန်ဖြစ်၊ အကွဲအပြဲဖြစ်တဲ့ အတွက် တပ်မတော်လက်ထဲ နိုင်ငံ တော် အာဏာ ရောက်သွားရတာပါ။
သက်ဆိုးရှည်တာကတော့ တပ် မတော်နဲ့ မဆိုင်ဘူးထင်တယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ (နဝတ) (အရပ် အခေါ် ငြိမ်ပိ) နဲ့ နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နယက) (အရပ်အခေါ် နအဖ)အစိုးရ လက်ထက်နိုင်ငံကို အုပ်ချုပ်တဲ့ပုံစံက တပ်မတော် တာဝန်နဲ့ နယ်ဘက် အုပ်ချုပ်မှုတာဝန်နှစ်ခု ခွဲထားတာ တွေ့ရတယ်။ ထိပ်ပိုင်းခေါင်းဆောင် တွေကတော့ နယ်ဘက်တာဝန်နဲ့ တပ်မတော်တာဝန်ကို နှစ်ခုခွကိုင် ထားကြတယ်။ သတိထားမိရင် အစိုးရသတင်းစာများမှာ အမြဲတမ်း ဖော်ပြတာ တွေ့ရမှာပါ။ လေးလ ပတ်အစည်းအဝေးတွေကို ကြည့်ရင် အစိုးရအဖွဲ့ လေးလပတ်အစည်း အဝေးနဲ့ တပ်မတော် လေးလပတ် အစည်းအဝေးဆိုပြီး တွေ့ရမယ်။
စစ်တိုင်းမှူးတွေက အစည်းအဝေး နှစ်ခုလုံးမှာပါပေမဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) နဲ့ (လေ) ကတော့ အစိုးရအဖွဲ့ဝင် မဟုတ်ရင် တပ်မတော် လေးလပတ်ဘဲ တက်ရပါတယ်။
စစ်တိုင်းမှူးတွေက တယက၊ပယက တာဝန်တွေပါ တွဲကိုင်ထားတော့ အစည်းအဝေးနှစ်ခုလုံးတက်ရတယ်။
အတူတူနဲ့ အနူနူပါဘဲလို့ ပြော မယ်ဆိုလဲ အတိုက်အခံလုပ်ပြီး မငြင်း ပါဘူး။ စစ်တပ်ရဲ့ အင်အား၊ စစ်တပ် ရဲ့အမိန့် နာခံတတ်တဲ့ အစဉ်အလာ တွေကို အခြေခံပြီး နိုင်ငံကိုအုပ်ချုပ်ခဲ့ တာဆိုတော့ အမှန်အမှားက ယူတတ် တဲ့ မြင်တတ်တဲ့ သူနဲ့ဘဲဆိုင်ပါတယ်။ စစ်အစိုးရလက်ထက်မှာ စစ်အစိုးရ ရဲ့ မူဝါဒကိုလိုက်ခဲ့တဲ့ တပ်မတော်ကို မှားတယ် မလိုက်သင့်ဘူးလို့ ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့ လို့ အစိုးရဖြစ်ခဲ့ရင်ရော ဘယ်လိုဖြစ် သင့်ပါသလဲ။ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်အရတော့ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထား တဲ့အတိုင်း ကျေကျေနပ်နပ်နဲ့ NLD နဲ့ လက်တွဲပြီး NLD ရဲ့ မူဝါဒအတိုင်း လိုက်ပါလိမ့်မယ်။ တစ်ခုတော့ ရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထက် မကျော် ဖို့နဲ့ အမျိုးသား နိုင်ငံရေးအမြင်တော့ ရှိရလိမ့်မယ် ထင်တယ်။

 (ဆက်လက်ဖော်ပြပါမည်)


ဝင်းနိုင်သောင်း


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>