Quantcast
Viewing all articles
Browse latest Browse all 1811

အဖိုးတန်လူသားတစ်ဦး ဆုံးရှုံးလိုက်ရခြင်း



Image may be NSFW.
Clik here to view.
Seaman Nayminthu's photo.
မနက်စောစော ဖတ်လိုက်ရတဲ့သတင်းက စိတ်မချမ်းမြေ့စရာပါ။

၂၀၁၁ ဝန်းကျင် Facebook ပေါ်မှာ မိတ်ဆွေဖြစ်ခါစ သူ့အကောင့်နာမည် Naing Htoo Aung …
နောက်ပိုင်းတော့ ကိုသာပိုနဲ့ နိုင်ထူးအောင် တလှည့်စီပြောင်းနေရင်း ကိုသာပို မှာ ကျောက်ချသွားတယ်။


အဲ့ဒီကာလက မြန်မာ-ဘင်္ဂလားရေပိုင်နက်ပြဿနာတက်နေချိန် ကျနော့်ကို အဲ့ဒီအကြောင်းရေးဖို့ တိုက်တွန်းခဲ့ဖူးတယ်။ “ဒီကိစ္စက အချုပ်အခြာပိုင်ဆိုင်မှုနဲ့ အမျိုးသားရေးဗျ” ဆိုပြီးတော့လည်း ထောက်ပြခဲ့တယ်။
သန်လျင်မြို့မှာ ကျင်လည်ခဲ့ဖူးသူချင်းဆိုတော့ ကျိုက်ခေါက်ဘုရားပွဲ အချိန်ရောက်တိုင်း သူနဲ့ကျနော် အလွမ်းဓာတ်ခံတွေ တူညီကြတယ်။

သူဟာ ….

ခပ်ပျော်ပျော်နေ ဟာသအတိုအထွာလေးတွေကို ထိထိမိမိရေးသားတတ်သူ …

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို ကောင်းမွန်စေချင်ပြီး တတ်နိုင်သမျှ လေ့လာအားထုတ်ရင်း ကျေးလက်ပညာရေးကို တတ်စွမ်းသမျှ ကူညီထောက်ပံ့နေသူ ….

ယခုနောက်ဆုံး မြန်မာနိုင်ငံရဲ့ ရေဘေးဒုက္ခကို အတက်ကြွဆုံး လှုပ်ရှားကူညီနေသူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်သူ (အခုလည်း ကယ်ဆယ်ရေးတာဝန်ထမ်းဆောင်ရင်း ယာဉ်မတော်တဆမှုနဲ့ ဆုံးသွားတာလို့ သိရပါတယ်) ….

မကျေလည်တဲ့ ကိစ္စတွေမှာ စိတ်ခံစားမှုဦးစားပေးခြင်းထက် အကြောင်းအချက် ခိုင်ခိုင်လုံလုံနဲ့ ထောက်ပြရေးသားတတ်သူ …

“မိမိလေးစားတဲ့ လူတစ်ဦးအပေါ်မှာ လေးစားရင်းခံစိတ် မလျော့ပါးစေချင်ရင် အဲ့ဒီလူနဲ့ မှန်တန်းပဲနေ သိပ်ပြီး ရောရောထွေးထွေး မဆက်ဆံမိစေနဲ့” ဆိုတဲ့ လူမှုဆက်ဆံရေးမူကို ကိုင်စွဲကျင့်သုံးတတ်သူ ….

ကျနော် မသိနိုင်တဲ့ သူ့ရဲ့အားသာချက်တွေလည်း အများကြီးရှိအုံးမှာ ….

သေချာတာတစ်ခုက သူနဲ့ကျနော် အရာကိစ္စတိုင်းမှာ စိတ်သဘောချင်း မတိုက်ဆိုင်ပေမဲ့ ဘယ်သောအခါကမှ တစ်ဦးနဲ့တစ်ဦး ကတောက်ကဆ မဖြစ်ခဲ့ဘူးပါ။

အခုတော့ ရောက်ချင်လွန်းလို့ အလုပ်တွေကြားက သူဌေးလစ်တုန်း စွန့်စားပြီး ခဏတာပြန်သွားတဲ့ သူ့ခရီးစဉ်ဟာ အားလုံးကို ထာဝရ နှုတ်ဆက်ပြီးသား ဖြစ်သွားပြီပေါ့ …

ကျနော်တို့အတွက်လည်း အဖိုးတန်မိတ်ဆွေကောင်းတစ်ဦး ဆုံးရှုံးလိုက်ရပါတယ် ….

သူလိုလူဟာ တမလွန်ဘဝမှာ ကောင်းရာမွန်ရာ ရောက်မှာပါ …

အပြင်လောကမှာ ဘယ်လိုမှ မဆုံနိုင်ကြတော့ဘူး ကိုသာပို (Naing Htoo Aung) ရေ ….

မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်ဗျာ .....

— Image may be NSFW.
Clik here to view.
feeling sad.

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>