Quantcast
Viewing all articles
Browse latest Browse all 1811

အိန္ဒိယတပ်မတော်စစ်မှုထမ်းဟောင်းများ၏ ပြန်လည်နေရာချ ထားရေးအစီအစဉ်



Image may be NSFW.
Clik here to view.
Yan Naing Soe's photo.

(Myanmar Review ဂျာနယ်မှာဖော်ပြထားပါတယ်)

စစ်မှုထမ်းဟောင်းများ ပြန်လည်နေရာချထားရေး အစီအစဉ်မှာ မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံတစ်ခု၏ လူမှုရေးတာဝန်တစ်ရပ်ဖြစ်ပြီး အစိုးရ၊ တပ်မတော်နှင့် အလုပ်အကိုင်ပေးမည့်အဖွဲ့အစည်း များက ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ စစ်မှုထမ်းဟောင်းများအနေဖြင့် လုပ်သက် ပြည့်၍သော်လည်းကောင်း၊ အခြားအကြောင်းတစ်ခုကြောင့်သော်လည်းကောင်း စစ်မှုထမ်းဆောင်ခြင်းမှ အငြိမ်းစားယူ/နှုတ်ထွက်ခဲ့ရပါက မပြီးဆုံးနိုင်သေးသော မိသားစုတာဝန်များကိုလည်း ဆက်လက် ထမ်းဆောင်ရဦးမည်ဖြစ်သည်။


၎င်းတို့၏ ပတ်ဝန်းကျင်သစ်တွင် ဆက်လက်ရှင်ရပ်တည်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန်လိုအပ်ပါသည်။ စစ်သည်များအနေဖြင့် အသက်ငယ်ရွယ်သော အချိန်မှာပင် အငြိမ်းစားယူခဲ့ရသည်ရှိသော် ၎င်းတို့အတွက်ရရှိသည့် လုပ်သက်ဆုကြေးငွေအနည်းငယ်ဖြင့် လူမှု ပတ်ဝန်းကျင်နယ်ပယ်အသစ်တွင် ရှင်သန်ရပ်တည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့အား အရပ်ဘက် လူမှုပတ်ဝန်းကျင်နှင့်သင့်လျော်သော အလုပ်သမား တစ်ဦးအဖြစ်သို့ လေ့ကျင့်ပြောင်းလဲပေးရန်မှာ အလွန် အရေးပါသော လိုအပ်ချက်တစ်ရပ်ဖြစ်သည်။

စစ်သည်များပြန်လည်နေရာချထားရေးအတွက် အရင်းအမြစ်များမှာ အစီအစဉ်တကျဖြစ်ရန် လိုအပ်သည်။ စစ်သည်တစ်ဦးတပ်မှထွက်ခွာလာခဲ့သည်ရှိသော် သူ့အနေဖြင့် အရပ်ဘက်အလုပ်နှင့် သင့်လျော်သော အရည်အချင်းရှိရန် လိုအပ်သလို ၎င်းအားခေါ်ယူလိုသည့်အဖွဲ့အစည်းများများရှိရန်လည်း လိုအပ်သည်။ အဆိုပါလုပ်ငန်းများ အောင်မြင်စေရန်အတွက် အလုပ်အကိုင်ပေးအပ်မည့် အဖွဲ့အစည်း များသည်လည်း စစ်သည်တစ်ဦးချင်းအား လမ်းညွှန်မှုပေးခြင်းလုပ်ငန်းများတွင်သာမက သက်ဆိုင်ရာ လုပ်ငန်းများအလိုက် လေ့ကျင့်ခြင်းလုပ်ငန်းများတွင်လည်း အတွင်းကျကျ ပူးပေါင်းပါဝင်ပေးရန် လိုအပ် သည်။

ထို့ကြောင့် စစ်သည်ဟောင်းများ  ဘ၀အာမခံချက်ရှိစေရန်မှာ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပြီး ''စစ်မှုထမ်းဟောင်းများ ပြန်လည်နေရာချထားရေးကိုမူ နိုင်ငံ၏လူမှုရေးတာဝန်တစ်ရပ်''
ဟု ဆိုချင်ပါသည်။

သမိုင်းကြောင်းအခြေအနေ

အလယ်ခေတ်(အေဒီ ၁၁၀၀-၁၄၀၀ခန့်) ကာလတွင် ခရူးဆိတ်စစ်ပွဲမှစစ်ပြန်များအား ၎င်းတို့ တပ်မတော်များက သင့်တော်သောနေထိုင်မှုဘ၀ကို ရရှိရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ပထမ ကမ္ဘာစစ်ပြီးနောက် စစ်မှုထမ်းခြင်းမှနှုတ်ထွက်ခွင့်ပြုခဲ့သော အိန္ဒိယစစ်သည်များသည်လည်း ပြန်လည် အခြေချရန် မြေနေရာနှင့် သင့်လျော်သော ထောက်ပံ့ကြေးများကို ရရှိခဲ့သည်။

အလက်ဇန္ဒားဘုရင်သည် ၎င်းသိမ်းပိုက်ရရှိခဲ့သည့် ဥစ္စာပစ္စည်းများအား စစ်သည်များကို သင့်တင့်သောနှုန်းဖြင့်
ခွဲဝေပေးခဲ့သည်။ အင်္ဂလန်နိုင်ငံသည် ၎င်းတို့အတွက် တိုက်ပွဲဝင်ပေးခဲ့သည့် ပိုလန်စစ်သည်များ ပြန်လည်နေရာ
ချထား ပေးရန်အတွက် ပိုလန်စစ်ပြန်များပြန်လည်နေရာချထားရေးဌာန(Directorate General Resettlement - DGR) ကို ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် ပြန်လည်ဖျက်သိမ်းခဲ့သည်။

လုံလောက်သောဝင်ငွေရရှိရေး

စစ်ဘက်မှအငြိမ်းစားယူပြီးနောက် သင့်တော်သော ပင်စင်ငွေကို လက်ခံရရှိခဲ့သည့်တိုင် လူနေမှု အဆင့်အတန်း စဉ်ဆက်မပြတ်မြင့်မားလျက်ရှိသော ခေတ်အခြေအနေအရ ကျေးလက်ဒေသနှင့် သာမန် မိသားစုဘ၀မှ မွေးဖွားလာသည့် စစ်သည်များအတွက်ပင် ထိုပင်စင်ငွေမှာ လုံလောက်မှုမရှိသေးပေ။ ထို့ကြောင့် နောက်ထပ်အပိုဝင်ငွေ ရရှိရေးအတွက် အသက်မွေးလမ်းကြောင်း တစ်ခုကို ထပ်မံလုပ်ကိုင် ရမည်ဖြစ်သည်။

မိသားစုတာဝန်ဝတ္တရားများ

စစ်မှုထမ်းဟောင်း မိသားစုများအနေဖြင့် လူသားဖြစ်သည်နှင့်အညီ သားသမီးများ၏ပညာရေး၊ အိုးပိုင်အိမ်ပိုင်ဖြစ်ရေးနှင့် အခြားသော လိုအပ်ချက်များအတွက် မိသားစုတာဝန်များနှင့် ပြည့်နှက်နေ ပါသည်။ စစ်မှုထမ်းဟောင်းစစ်သည်များအနေဖြင့် တည်ငြိမ်သော မိသားစုစနစ်တစ်ခု တည်ဆောက်ရန် အတွက် ခက်ခက်ခဲခဲကြိုးပမ်းရပါသည်။ တာဝန်ထမ်းဆောင်စဉ်ကာလတွင် စစ်သည်တစ်ဦးအနေဖြင့်
၂ နှစ်တန်သည်ဖြစ်စေ၊ ၃ နှစ်တန်သည်ဖြစ်စေ နေရာသစ်တစ်ခုကို ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေကြ ရသည်ဖြစ်ရာ မိသားစုအခြေတကျဖြစ်ရန် မလွယ်ကူပေ။

၎င်းတို့အနေဖြင့် အငြိမ်းစားယူပြီးနောက်တွင် ဘ၀တည်ငြိမ်ရေးအတွက် မိမိ၏ဇာတိမြေအနီးတွင် အခြေချ လိုကြသည်ဖြစ်ရာ အငြိမ်းစားမယူခင် ၎င်းတို့ ဇာတိမြေနှင့်နီးသော တပ်များတွင် တာဝန်ချထားနိုင်ရေး မှာလည်း ထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်သည်။

အကယ်၍စစ်ပြန်တစ်ဦးအနေဖြင့် အလုပ်အကိုင်မရှိပါက မိသားစုအတွင်း ပဋိပက္ခများ ဖြစ်လာ နိုင်ပါသည်။ ဇနီးနှင့် သားသမီးများက အားကိုးအားထားပြုကြမည်မဟုတ်ဘဲ ၎င်းတို့၏ပြဿနာများကိုပင် တိုင်ပင်ဖြေရှင်းကြမည် မဟုတ်တော့ပေ။ စစ်ပြန်တစ်ဦးအနေဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်း တစ်ခု အား ပြောင်းလဲရာတွင် အခက်အခဲများကိုလည်း ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပြီး ပတ်ဝန်းကျင်သစ် တစ်ခုနှင့် လိုက်လျောနေထိုင်နိုင်စွမ်း ရှိစေရန်လည်း ကြိုးပမ်းရမည်ဖြစ်သည်။

Image may be NSFW.
Clik here to view.
Yan Naing Soe's photo.

စစ်မှုထမ်းဟောင်းများအလုပ်လုပ်နိုင်သောနှစ်များ

ပြည်သူမှပေါက်ဖွားလာသော တပ်မတော်သားများအနေဖြင့် စစ်မှုထမ်းဘ၀မှ ပြီးဆုံးခဲ့သည်ရှိသော် ၎င်းတို့၏ လူ့စွမ်အား အရင်းမြစ်များကို အသုံးပြု၍ တိုင်းပြည်အတွက် ဆက်လက်အလုပ်ကျွေးပြုနိုင်သည် ဆိုသည့်အချက်ကို အထူးသတိပြုရမည်ဖြစ်သည်။ အသက် ၃၀ နှစ်ကျော် အခြားအဆင့်များ အငြိမ်းစား ယူပြီးနောက် ၂၅ နှစ်မှ ၃၀ နှစ်အထိလည်းကောင်း၊ အသက် ၄၀ နှစ်နောက်ပိုင်းအငြိမ်းစားယူကြသော အရာခံများအနေဖြင့် ၁၅ နှစ်မှ ၂၀ နှစ်အထိလည်းကောင်း၊ အသက် ၅၀ နှစ်ကျော် အရာရှိများအနေဖြင့် အငြိမ်းစားယူပြီးနောက် ၅ နှစ်မှ ၁၀ နှစ် အထိလည်းကောင်း ဆက်လက်အလုပ်လုပ်နိုင်စွမ်း ရှိကြဦးမည်ဖြစ်သည်။

ယခုဆောင်းပါးတွင် အိန္ဒိယနိုင်ငံ၏ စစ်မှုထမ်းဟောင်းများ ပြန်လည်နေရာချထား ရေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေမှုများကို အကျဉ်းမျှ ဖော်ပြသွားမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံစစ်သည်များပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး 
(Directorate General Resettlement - DGR)

အိန္ဒိယနိုင်ငံသည် စစ်သည်များပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး (Directorate General Resettlement - DGR) ကို ဖွဲ့စည်းထားပြီး အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ကဲ့သို့ပင် စစ်မှုထမ်းဟောင်းများ ပြန်လည်နေရာ ချထားရေးအစီအစဉ်များကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် ဗြိတိသျှအစိုးရသည် စစ်မှုထမ်းအဖြစ်မှ နှုတ်ထွက်ခွင့်ပြုခဲ့သော အိန္ဒိယ စစ်သည်များအတွက် DGR ရုံးကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးရရှိပြီးနောက်တွင် အလုပ်သမား ၀န်ကြီးဌာန၏ အောက်တွင်ထားရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ ပြန်လည်ထားရှိခဲ့သည်။ DGR ၏ အဓိကတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်သည်-

(၁) စစ်မှုထမ်းဟောင်းများ ပြန်လည်နေရာချထားရေးနှင့် သက်သာချောင်ချိရေးအတွက် အလုပ်အကိုင်ပေးနိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရပါသည်။ တာဝန်ထမ်းဆောင်ဆဲ အရာရှိများ၊ ကြည်း၊ ရေ၊ လေတပ်ဖွဲ့အသီးသီးမှ စစ်သည်များနှင့် စစ်မှုထမ်းဟောင်းများအားလုံးကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ ဌာနများတွင် အထူး အခွင့်အရေး တစ်ရပ်အဖြစ် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း။

(၂) ပြည်တွင်းနှင့် ပြည်ပအရပ်ဘက်ကုမ္ပဏီများတွင် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက် ပေးခြင်း။

(၃) စစ်မှုထမ်းဟောင်းများအတွက် အလုပ်အကိုင်ဈေးကွက်နှင့် စက်မှုလုပ်ငန်းများတွင် အလုပ် အကိုင်များ ရရှိစေရန် ဆောင်ရွက်ပေးခြင်း။

(၄) ပြန်လည်နေရာချထားရေးနှင့် သင်တန်းများဖွင့်လှစ်နိုင်ရေးတို့အတွက် အစီအစဉ်များ ရေးဆွဲခြင်း။

(၅) သက်သာချောင်ချိရေးနှင့် ပြန်လည်နေရာချထားရေး အစီအစဉ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို စစ်မှုထမ်းဟောင်းများ၊ ကျရှုံး/သေဆုံးစစ်သည်များ၏ဇနီး များနှင့် တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများအား အခါအားလျော်စွာ ချပြရှင်းလင်းခြင်း။

(၆) ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့က စစ်မှုထမ်းဟောင်းများကို အထူးအခွင့်အရေးဖြင့် သီးသန့်ရာခိုင်နှုန်းတစ်ခုဖြင့် သတ်မှတ်ပေးထားသည့် အေဂျင်စီများတွင် အလုပ်အကိုင် ပေးနိုင်မှု အခြေအနေများကိုစောင့်ကြည့်ခြင်း။

(၇) စစ်မှုထမ်းဟောင်းများ အရပ်ဘက်တွင် အလုပ်အကိုင်များရရှိစေရန်အတွက် လိုအပ်သော သင်တန်း များကို ဖွင့်လှစ်သင်ကြားပေးခြင်း။

လေ့ကျင့်ရေးအစီအစဉ်များ

အိန္ဒိယနိုင်ငံ၏ စစ်မှုထမ်းများပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးအနေဖြင့် စစ်မှုထမ်း ဟောင်းများနှင့် အငြိမ်းစားယူတော့မည့် စစ်မှုထမ်းများအတွက် အရပ်သားဘ၀တွင် ပြန်လည်အခြေချနေနိုင်ရန်အတွက် သင်တန်းများဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စစ်မှုထမ်းဟောင်းများ ပြည်တွင်းနှင့်ပြည်ပတွင်ပါ အလုပ်အကိုင်များ ရရှိနိုင်ရန် အတွက် သင်တန်းသစ်များကိုလည်း လိုအပ်ချက်နှင့်အညီ နှစ်စဉ်တိုးမြှင့်ဖွင့်လှစ်ပေးလျက်ရှိသည်။ အဆိုပါ သင်တန်းများတွင် သတင်းအချက်အလက်နည်းပညာသင်တန်း၊ စီမံခန့်ခွဲမှုသင်တန်း၊ နည်းပညာကျွမ်းကျင်မှု သင်တန်းများနှင့် စက်မှုအခြေပြုစိုက်ပျိုးမွေးမြူရေးတို့အပါအ၀င် သင်တန်းများစွာကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

အရာရှိများအတွက် ၃ လကြာမှသည် အဝေးသင်ဖြင့် ၁ နှစ်ကြာ ဒီပလိုမာသင်တန်းများကို လည်း ဖွင့်လှစ်
သင်ကြားပေးလျက်ရှိသည်။ အရာရှိများအတွက် သင်တန်းများတွင် သတင်းအချက်အလက် နည်းပညာသင်တန်း၊ လုံခြုံရေးဝန်ဆောင်မှုသင်တန်း၊ ဟိုတယ်စီမံခန့်ခွဲမှုသင်တန်း၊ ခရီးသွားလုပ်ငန်း သင်တန်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုး
တိုးတက်ရေးသင်တန်း၊ ဥပဒေသင်တန်း၊ အာမခံလုပ်ငန်းသင်တန်းများနှင့် အခြားလိုအပ်သောသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။

အခြားအဆင့်များအတွက် လုံခြုံရေးဝန်ဆောင်မှုသင်တန်း၊ ဟိုတယ်စီမံခန့်ခွဲမှုသင်တန်း၊ ခရီးသွားလုပ်ငန်းသင်တန်း၊ အသေးစားစက်မှု လုပ်ငန်းသင်တန်းများနှင့် အခြားလိုအပ်သော သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။ နိုင်ငံတကာနှင့် အရပ်ဘက်ဈေးကွက်အတွင်း စဉ်ဆက်မပြတ် ပြောင်းလဲနေသော လိုအပ်ချက်များကို ပြန်လည်သုံးသပ်၍ လိုအပ်သောသင်တန်းသစ်များကို ဖွင့်လှစ်ခြင်းနှင့် မလိုအပ်သော သင်တန်းဟောင်းများကို ဖျက်သိမ်းခြင်း များကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

အိန္ဒိယတပ်မတော်အတွင်း အငြိမ်းစားယူမှုအခြေအနေ

အိန္ဒိယတပ်မတော်တွင် တစ်နှစ်လျင် စစ်သည် ၆၀၀၀၀ နီးပါးခန့်အငြိမ်းစားယူကြပါသည်။ ထိုသို့ အငြိမ်းစားယူကြသော စစ်သည်များတွင် ကြည်းတပ်မှ ရာခိုင်နှုန်းအများစုဖြစ်ပြီး အလုပ်အကိုင်ရရှိမှု အပိုင်းတွင်မူ နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်ကြသော လေတပ်နှင့် ရေတပ်တို့က ပိုမိုရရှိကြသည်။

အစိုးရ ပိုင်းအနေဖြင့်လည်း စစ်မှုထမ်းဟောင်းများ ပြန်လည်နေရာချထားရေးအစီအစဉ်အတွက် စီမံချက်များစွာ 
ချမှတ်၍ အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ အိန္ဒိယတပ်မတော်တွင် အမြဲတမ်းစစ်သည်များအဖြစ် ကြည်းတပ်တွင် အင်အား ၁.၂ သန်း၊ ရေတပ်တွင် ၁၀၀၀၀၀ နှင့် လေတပ်တွင် ၁၅၀၀၀၀ ရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စုစုပေါင်းအင်အားမှာ ၁.၅ သန်းနီးပါးရှိသည်ဟု ဆိုရမည် ဖြစ်သည်။ 

အိန္ဒိယတပ်မတော်အတွင်း နှစ်စဉ်အငြိမ်းစားယူကြပြီးနောက် အလုပ်အကိုင် ရရှိမှု အခြေအနေ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အစိုးရ၀န်ထမ်းများအဖြစ် နှစ်စဉ် ၁၂၀၀၀ မှ ၁၅၀၀၀ ဦးအကြား ခေါ်ယူရာတွင် စစ်မှုထမ်းဟောင်းများအတွက် အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် ၄၀၀၀-၆၀၀၀ ဦး နေရာသီးသန့် သတ်မှတ်ပေးထားသည်။ (မှတ်ချက်။ အရပ်ဘက်နှင့် စစ်ဘက်နှစ်ခုစလုံး ၀င်ခွင့်စာမေးပွဲ ဖြေဆိုရသည်။)

(ခ) ရထားပို့ဆောင်ရေးလုပ်ငန်းအတွက် နှစ်စဉ် ၁၀၀၀၀-၁၅၀၀၀ ဦး ခေါ်ယူရာတွင် စစ်မှုထမ်းဟောင်းများအတွက် ၆၀၀၀ ဦးစာ သတ်မှတ်ပေးထားသည်။ (မှတ်ချက်။ စာမေးပွဲဖြေဆိုရန်မလို၊ သက်ဆိုင်ရာသင်တန်းတက်ရမည်။)

(ဂ) ပြည်ထဲရေးဝန်ကြီးဌာနက စစ်မှုထမ်းဟောင်းများမှ ရဲဝန်ထမ်း ၃၀၀၀ ဦးစာ ခေါ်ယူပေးသည်။ (မှတ်ချက်။ စစ်မှုထမ်းဟောင်းအများစုက မိမိတို့နှင့်ဘ၀တူသော အဆိုပါအလုပ်ကို လုပ်ကိုင်လိုခြင်း မရှိကြပေ။)

(ဃ) အရပ်ဘက်စက်မှုလုပ်ငန်းများမှနှစ်စဉ် စစ်မှုထမ်းဟောင်း ၆၀၀၀ ဦးအား ခေါ်ယူ အလုပ်အကိုင် ပေးကြသည်။ (မှတ်ချက်။ အများစုမှာ လုံခြုံရေးကဏ္ဍအတွက်ဖြစ်သည်။)

(င) အခြားသောကုမ္ပဏီများတွင်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့် လုပ်ငန်းထူထောင်လိုသူများ အတွက်လည်းကောင်း ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံးက လိုအပ်သော အကူအညီများကို
ပေးအပ်ပါသည်။

နိဂုံး

မည်သည့်နိုင်ငံတွင်ဖြစ်စေ တပ်မတော်သားများသည် တိုင်းပြည်အတွက် အသက်စွန့်တာဝန် ထမ်းဆောင်ရသော အဓိကကာကွယ်ရေးအင်အားစုဖြစ်ပါသည်။ အဆိုပါတာဝန်များကို ထမ်းဆောင်ရန် အတွက် မျိုးဆက်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် လိုအပ်ပါသည်။

စစ်မှုထမ်းဟောင်းများ အတွက် ဘ၀အာမခံချက်ကောင်းအောင် စီမံဆောင်ရွက်ပေးနိုင်မှသာ စစ်မှုထမ်းဟောင်းများ အနေဖြင့် မိမိတို့စစ်မှုထမ်းဘ၀ကို မိမိမျိုးဆက်များသို့ လက်ဆင့်ကမ်းအမွေပေးကြမည်ဖြစ်ပြီး တပ်မတော်၏ အင်အား တိုးပွားရေးအတွက် စိုးရိမ်ပူပန်ရန် လိုအပ်တော့မည် မဟုတ်ပေ။

တိုင်းပြည်အတွက် ကျရာတာဝန် ထမ်းဆောင်ရင်း လုပ်သက်ပြည့်၍သော်လည်းကောင်း၊ အခြားအကြောင်း တစ်ခုခုကြောင့်သော်လည်း ကောင်း တပ်မတော်မှနုတ်ထွက်/ အငြိမ်းစားယူခဲ့ရသည်ရှိသော် ပတ်ဝန်းကျင်သစ် တစ်ခုတွင် အခြေချ ရပ်တည်နိုင်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သားများ အတွက် ကောင်းမွန်သော ပြန်လည်နေရာချထားရေးအစဉ်များကို အစိုးရ၊ တပ်မတော်နှင့် အရပ်ဘက်အဖွဲ့အစည်း များက ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းဖော်ပြအပ် ပါသည်။

စစ်သားတွေရဲ့ဘ၀၊ ပြည်သူတွေရဲ့အခက်အခဲကို အပြန်အလှန်နားလည်ပြီး သင့်တော်မဲ့ပြန်လည် နေရာချထားရေးအစီအစဉ်တစ်ရပ်ကို ဥပဒေပြဌာန်းပြီးအကောင်အထည် ဖော်နိုင်ပါစေလို့ဆန္ဒပြုပါတယ်။ အရပ်ဘက်မှာဖြစ်နေတဲ့မိုးကျရွှေကိုယ်ဆိုတဲ့ပြသနာကိုလည်းဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ အပြန်အလှန်အပြစ်တင်နေတာထက်။ အဖြေရှာခြင်းကသာ အကောင်းဆုံးပါ။

လေးစားစွာဖြင့်

ရန်နိုင်

(အိန္ဒိယတပ်မတော်ထုတ် Indian Defence Review 30-2; Apr/Jun 2015 ၂၀၁၅ စာစောင်ပါ Resettling Soldiers A Nation's Social Responsibility ဆောင်းပါးအား ကိုးကားရေးသားထားပါသည်။)




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>