သံစဉ်များနဲ့ အားခါကြီး (၄)
အထကကျောင်းသားဘ၀မှာ ၅ တန်းကနေ ၁၀ တန်းအထိ ကျောင်းဘင်ခရာတီးဝိုင်းမှာ ကျနော်ပါဝင်ခဲ့ဘူးပါတယ်၊ ဒိုင်ယာတောနစ်သံစဉ်တို့ ဘာတို့လည်း သင်ခဲ့ဘူးပါတယ်၊ အသံရဲ့စွမ်းအားတွေကိုလည်း လေ့လာခဲ့ဘူးပါတယ်၊ ဒါပေမဲ့ သည်လို သီချင်းဆိုရင်း ရောဂါပျောက်တာတော့ အခါကြီးနဲ့မှမျက်တွေ့လက်တွေ့ပါဘဲ၊
သူတို့ရဲ့ဘုရားတန်ခိုးလို့တော့ ပြောလို့တော့ရပါတယ်၊ ဒါပေမဲ့ တေးဂီတရဲ့ စွမ်းအားကလည်း မသေးပါဘူး၊ ခရိယာန်မှ ခရိယာန်ဘုရားသီချင်းဆိုမှ ရောဂါပျောက်တာလားဆိုတော့ အဲသည်လိုလည်းမဟုတ်ပါဘူး၊ နောက်ပိုင်း ဗုဒ္ဒဘာသာ ပရိတ်တရားတော်တွေ၊ ပဌာန်းတရားတော်တွေ ရွတ်ဖတ်ရင်း ရောဂါပျောက်ကင်းသွားတာတွေလည်း တွေ့မြင်လာရပါတယ်၊
နောက်ပိုင်းလေ့လာကြည်တော့ သည်လိုကုသခြင်းကို music theraphy လို့ခေါ်ကြောင်းသိခဲ့ရပါတယ်၊ မြန်မာနိုင်ငံမှာလည်း ဆေးရုံမှတ်တမ်းတွေအရ ၁၉၅၀ လောက်က အသုံးပြုခဲ့တယ်လို့ စိတ်ပညာဆရာဝန် ဒေါက်တာတင်ညွန့်ပု ပြောခဲ့ပါတယ်၊ နောက် စိတ်ပညာဆရာဝန် ဒေါက်တာဇော်စိန်လွင်ကလည်း စိတ်ဝေဒနာ ခံနေရတဲ့ လူနာတဦးကို ၁၅ နှစ်လောက် ကုတာမထူးခြားလို့သည်လိုဂီတကုထုံးနဲ့ ကုခဲ့တာအချိန်တိုအတွင်း ကောင်းသွားတယ်လို့ မြန်မာတိုင်းဂျာနယ်မှာ ပြောခဲ့ဘူးတာလည်း ဖတ်ခဲ့ရပါတယ်၊
အခုနောက်ပိုင်း ကချင်အဆိုတော် ကေဂျာနှုးတို့ ဦးဆောင်တဲ့ ခရိယာန်ဂီတ အဖွဲ့ဟာ ဆေးရုံမှာလာပြီး လူနာတွေကို သီချင်းဆိုပြတာတွေ လုပ်ခဲ့ကြောင်း၊ လူနာတွေ ဂီတကို နားထောင်ရင်း ဝေဒနာတွေပိုသက်သာလာတာ မှတ်တမ်းတွေတင်ထားကြောင်းကို ဆရာ ဒေါက်တာဇော်စိန်လွင်က ရှင်းပြသွားပါတယ်၊ ၂၀၁၂ ဇွန်လ ၂၈ ရက်ထုတ် ပြည်မြန်မာဂျာနယ်မှာတော့ ဂီတ ကုထုံး အဖွံဖြိုးဆုံးနိုင်ငံဟာ သြစတြေလျ နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း ဖွံဖြိုးတိုးတက်အောင် ဆောင်၇ွက်နေတယ်လို့ဖော်ပြထားပါတယ်၊
မြန်မာနိုင်ငံမှာလည်း ဂီတကုထုံးအသုံးပြုနိုင်ဖို့ အစ္စရေးသံရုံး၊ ဥရောပသမဂ္ဂတွေရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ ဧဒင်စင်တာနဲ့ Traingle Generation Humanitairc ( TGH) အဖွဲ့တွေက အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်၊ ဂီတ ကုထုံးဟာ ဆေးရုံတွေ၊ မသန်မစွမ်းသင်တန်းကျောင်းတွေ၊ ဘိုးဘွားရိပ်သာ၊ ကင်ဆာရောဂါကုဌာနတွေနဲ့ အကျဉ်းထောင်တွေမှာ စိတ်ပိုင်းရုပ်ပိုင်းနလန်ထူစေရေးမှာ အထောက်အကူ အများကြီးပြုပါတယ်လို့လည်း ဧရာဝတီဘလောက်မှာဖတ်လိုက်ရပါသေးတယ်၊
တကယ်တော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့စရာဆိုတာ ၀ိပသနာတရားမှာလည်း အရေးကြီးတဲ့အစိတ်အပိုင်းပါ ၊ ကြားသိစိတ်ကို အသံနဲ့ နားထိခိုက်ပြီးမှ ရလာတာပါ၊ ကျနော့နောင်တော် ကိုယုလွင်အောင် (စတသ၁၈) နဲ့ ကျနော်ရှေ့တန်းမှာ တပ်ခွဲမှုး တပ်စုမှုးနေရင်း သူပြောဘူးတာလေး မှတ်မိနေသေးတယ်၊ သူက မနက်မနက် စခန်းဘေးက ငရုတ်ပင်သေလုလုကလေးနား ရပ်ရပ်ပြီးဓါရဏ ပရိတ်ရွတ်လေံ့ရှိပါတယ်၊ ကျနော်က အကိုကြီး ဘာလုပ်နေတာလည်းဆိုတော့ ငါစမ်းသပ်နေတာတဲ့ စာတအုပ်ထဲမှာဖတ်ဖူးတယ် ၊ ဘယ်နိုင်ငံမှာလည်းမသိဘူး ယာသမားတယောက်က သူ့ စိုက်ခင်းထဲမှာ မနက်မနက် ကျက်သရေရှိငြိမ့်ညောင်းသာယာတဲ့ သီချင်းလေးတွေ အပင်တွေ နားထောင်ဖို့ဖွင့်ပေးတယ်တဲ့ အဲသည်ယာသမားစိုက်ခင်းက သီးနှံတွေက တခြားအမျိုးတူစိုက်တဲ့ ဘေးကယာတွေထက် ပိုလည်းထွက်တယ်၊ ကြီးလည်းကြီးကြတယ်တဲ့၊ အဲ့ဒါ ဂီတစွမ်းအားကြောင့်လို့ သူယုံကြည်ပါတယ်တဲ့၊ ငါလည်းအခုစမ်းနေတာ သည်သေမလိုဖြစ်နေတဲ့ ငရုတ်ပင်လေးကို သေပြီးသော သစ်ပင်များကိုရှင်စေနိုင်ဧ။်၊ ရှင်ပြီးသော သစ်ပင်များကိုလည်း အကိုင်းအခက်အလက်တို့ဖြင့် ကြီးကျယ်မြင့်မားစေနိုင်ဧ။် လို့ဖွင့်ဆိုထားတဲ့ ဓါရဏပရိတ်ကို ၇ွတ်ကြည့်နေတာ ပြန်များရှင်မလားလို့ ပါတဲ့၊ သည်လိုနဲ့ ငရုတ်ပင်လေးပြန်ရှင်ပြီး စစ်ဆင်ရေးတပတ်လုံး ကျနော်တို့အားလုံး ငရုပ်သီးရှာမစားခဲ့ရပါဘူး၊
ပရိတ်လည်းရွတ် ရေလဲလောင်းရင်း အပင်လေးကြီးထွားလာခဲ့ပါတယ်၊ နောက်အကိုကြီးက ပြောပါသေးတယ်၊ မင်းပရိတ်ရေဆူတာကြားဖူးလားဆိုတော့၊ ဟုတ်ကဲ့အကိုကြီးဆိုတော့ အဲသည်မှာလည်း အသံရဲ့အခန်းကဏ္ဍ ပါတယ်ကွ၊ ဘုရားတန်ခိုး၊ တရားတန်ခိုးလည်းပါမှာပေါ့၊ ဒါပေမဲ့ရွတ်ဖတ်တဲ့သူရဲ့ အသံနဲ့မာန်နဲ့ကလည်း လိုပါတယ်၊ ပရိတ်ကတော့ သီလသမာဓိသိက္ခာလည်းလိုတာပါဘဲ၊နိုင်ငံခြားသတင်းတပုဒ်မှာ နားထောင်လိုက်ရဘူးတာရှိတယ်၊ ရေကမော်လီကျူးလေးတွေနဲ့ ဖွဲ့စည်းထားသတဲ့ရေကို ဖန်ခွက်အကြည်ထဲထည့် အရှေ့ကထိုင်ပြီး စကားပြောကြည့် ဖန်ခွက်ထဲကရေကိုလည်း မော်လီကျူးလေးတွေကြည့်လို့ရတဲ့ အနုကြည့်မှန်ပြောင်းနဲ့ကြည့်ထား ပြီးရင်ဖန်ခွက်ရှေ့ကနေ ကြမ်းကြမ်းတမ်းတမ်းစကားပြောကြည့် ရေမော်လီကျူးတွေ လှုပ်ရှားလာမယ် ပြီးတော့လှုပ်ရှားမှုကြမ်းတမ်းမယ်၊ နောက်တခါကြရင် ဖန်ခွက်ရှေ့မှာထိုင်ပြီး ချိုချိုသာသာ ငြိမ့်ငြိမ့်ညောင်းညောင်း သီချင်းအေးအေးလေး ဆိုကြည့် ရေမော်လီကျူးလေးတွေ လှုပ်ရှားလာတာတွေ့မယ်၊ ဒါပေမဲ့ ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေးပါ၊ ဒါကြောင့် တယောက်နဲ့တယောက် ပြောကြဆိုကြရင် ချိုချိုသာသာ ပြောကြပါလို့ ရေထားတယ်ညီလေးရတဲ့၊
နိဂုံးချုပ်ဆိုရရင် အသံမှာစွမ်းအင်ရှိပါတယ်သည်စွမ်းအင်ကို အသုံးချကြပါ်။ ဘ၀အမောတွေပြေဖို့
ရောဂါတွေသက်သာစေဖို့၊ စိတ်ဓါတ်ခွန်အားတွေတိုးပွားစေဖို့၊ချိုသာငြိမ့်ညောင်းသော အသံများနဲ့ ကြိုးစားကြပါ။
ရောဂါတွေသက်သာစေဖို့၊ စိတ်ဓါတ်ခွန်အားတွေတိုးပွားစေဖို့၊ချိုသာငြိမ့်ညောင်းသော အသံများနဲ့ ကြိုးစားကြပါ။
အခါကြီးရေ မွေးကထဲက အူဝဲဆိုပြီးအငိုနဲ့စ ၊အငိုနဲ့ဆုံးခဲ့ရမယ်ဆိုပေမဲ့ သီချင်းလေးဆိုရင်း ဆုံးခဲ့ရရင် ဘယ်လောက်ကောင်းလိုက်မလည်းနော်--- ကဲလေ့ကျင့်ရင်းနဲ့ဘဲဆိုလိုက်ဦးစို့သူငယ်ချင်း( Ready ------One Section)
Move-move
Move-move
(အားခါတိုင်းရင်းသား လူမျိုးစုများဧ။် ခေါင်းဆောင် တပတ်စဉ်ထဲက သူငယ်ချင်းမင်းညိုအား အမှတ်တရရေးဖွဲ့ပါသည်၊ အမှားပါရင်ခွင့်လွတ်ပါသူငယ်ချင်း )