ရေပေါ်လှုပ်ရှား စစ်ကစားသူများ မွေးရာမြေ (အပိုင်း-ဂ)
ကျွန်တော်ဆိပ်ကြီးမှာနည်းပြ ဆရာပေါက်စဘဝနဲ့ တာဝန် ထမ်းဆောင်ရင်း မကြာခင်ကာလမှာပဲ ၁၉၈၈ အရေးအခင်းကြီး ဖြစ်ပွားပါတယ်။ အဲဒီတုန်းက ကျွန်တော်နဲ့ သူငယ်ချင်းသူရနိုင် (ကပ္ပတိန်သက်ထွန်းနိုင်Master F.G) တို့ နှစ်ယောက်က ရန်ကုန်နန်းသီ တာဆိပ်ကမ်းအနီးက ရေတပ်ပင်မတိုင်းတာရေးတပ်မှာ ဖွင့်လှစ်တဲ့အရာရှိ ဦး/ရေး/ထောက် မွမ်းမံသင်တန်းကို တက်ရပါတယ်။
မှတ်မှတ်ရရသင်တန်းဖွင့်တဲ့နေ့က ၁၉၈၈ ခုသြဂုတ်လ (၈) ရက်နေ့နံနက် (၈) နာရီ၊ သင်တန်းသားအရာရှိ(၈) ယောက်နဲ့ဖွင့်တာပါ။ သင်တန်းကို ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီးသန်းညွန့် လာရောက် ဖွင့်လှစ်ပေးပါတယ်။ သင်တန်းဖွင့်ပြီးနောက် နံနက်ပိုင်းမှာ တိုင်းတာရေးတပ်မှူးကြီးက သင်တန်း မိတ်ဆက်စကား လာရောက်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာပဲ သမိုင်းတွင်မဲ့ လူထုအုံကြွလှုပ်ရှား
မှုကြီးဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တမြို့လုံး လမ်းတွေပိတ်ဆို့၊ ဘတ်စ်ကားနဲ့ အခြားယာဉ်သွားလာမှုအားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ အခြေအနေ တစတစ ဆိုးရွားလာပြီး ကျွန်တော်တို့သင်တန်းလည်း (၁ဝ) ရက်နေ့နံနက်မှာ ရပ်ဆိုင်းပစ်လိုက်ပါတော့တယ်။
မှုကြီးဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တမြို့လုံး လမ်းတွေပိတ်ဆို့၊ ဘတ်စ်ကားနဲ့ အခြားယာဉ်သွားလာမှုအားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ အခြေအနေ တစတစ ဆိုးရွားလာပြီး ကျွန်တော်တို့သင်တန်းလည်း (၁ဝ) ရက်နေ့နံနက်မှာ ရပ်ဆိုင်းပစ်လိုက်ပါတော့တယ်။
နယ်ကလာတက်တဲ့ သင်တန်းသားတွေကို ဧရခအရာရှိရိပ်သာကို တွဲဖက်လိုက်ပြီး ရန်ကုန်နဲ့ဆိပ်ကြီးက အရာရှိများကိုတော့ သက်ဆိုင်ရာ မိခင်တပ်တွေကို ပြန်စေလွှတ်လိုက်ပါတယ်။ ဆိပ်ကြီးကို ပြန်ရောက်ပြီး နောက်မှာတော့ သံလျင်မှာလည်း လူထုဆန္ဒပြပွဲတွေပြင်း ထန်လာတဲ့အတွက် ကျွန်တော်တို့ ရလခက အရာရှိတွေ သံလျင်တပ်နယ်မှာရှိတဲ့ စက်ရုံတွေကို အလှည့်ကျလုံခြုံရေးတာဝန် သွားရောက် ထမ်းဆောင်ကြရပါတယ်။
ရအကမှ ဗိုလ်မှူးအေးကျော်၊ ရလကမှ ဗိုလ်မှူးဝင်းလွင်(စတသ-၁ဝ)၊ ရစကမှ EO ဗိုလ်ကြီး ချစ်ဆန်းထွန်း၊ ဗိုလ်
ကြီး ဇော်ညွန့်၊ ရအတမှ ဗိုလ်ကြီးမျိုးအောင်၊ ရအကမှ ဗိုလ်ကြီးဥာဏ်ထွန်း၊ ရလကမှ ဗိုလ်ကြီးလွင်ဦးနဲ့ ကျွန်တော်တို့ သံလျင်ရေနံချက်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ထုပ်ပိုးစက်ရုံ၊ ဖန်ချက်စက်ရုံ။ ဖိနပ်စက်ရုံနဲ့ ဓာတ်ဘူးစက်ရုံတွေ ကို လုံခြုံရေး တပ်ခွဲများနဲ့အတူ သွားရောက်တာဝန်ထမ်းဆောင် ကြရပါတယ်။ တခါတလေ ဟိုက်ဒြိုဘတ်စ် ဖယ်ရီဘုတ်နဲ့
လည်း ဓနုတ်ချောင်းနဲ့ မှော်ဝန်းချောင်းဝတွေမှာ ညဘက်လုံခြုံရေး လှည့်ကင်းလှည့်ကြရပါတယ်။
ကြီး ဇော်ညွန့်၊ ရအတမှ ဗိုလ်ကြီးမျိုးအောင်၊ ရအကမှ ဗိုလ်ကြီးဥာဏ်ထွန်း၊ ရလကမှ ဗိုလ်ကြီးလွင်ဦးနဲ့ ကျွန်တော်တို့ သံလျင်ရေနံချက်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ထုပ်ပိုးစက်ရုံ၊ ဖန်ချက်စက်ရုံ။ ဖိနပ်စက်ရုံနဲ့ ဓာတ်ဘူးစက်ရုံတွေ ကို လုံခြုံရေး တပ်ခွဲများနဲ့အတူ သွားရောက်တာဝန်ထမ်းဆောင် ကြရပါတယ်။ တခါတလေ ဟိုက်ဒြိုဘတ်စ် ဖယ်ရီဘုတ်နဲ့
လည်း ဓနုတ်ချောင်းနဲ့ မှော်ဝန်းချောင်းဝတွေမှာ ညဘက်လုံခြုံရေး လှည့်ကင်းလှည့်ကြရပါတယ်။
ရန်ကုန်ဘက်ကမ်းကိုလည်း သွားလာခွင့်ပိတ်လိုက်တဲ့အတွက် ကျွန်တော်တို့တွေ လုံခြုံရေးတာဝန် မထမ်းဆောင်ရတဲ့ အခါတပ်မှာပဲ အသင့်နေကြရပါတယ်။ သင်တန်းတွေလည်း ရပ်ဆိုင်းထားတဲ့အတွက် ကျွန်တော်တို့ ကိုယ့်ကျောင်းအသီးသီးမှာ သင်ခန်းစာတွေ ပြင်ဆင်၊ စာဖတ်။ ညဘက်မှာတော့ တပ်တွင်းဆေးခန်း ဆရာဝန်ဗိုလ်ကြီးဒေါက်တာ ဝင်းဌေးအောင် (ယခုဗိုလ်မှူးကြီး) တို့ အိမ်မှာစုပြီး တီဗွီကြည့် သတင်း နားထောင်ကြပါ
တယ်။ ဆေးမှူးကြီးကတော် အမဒေါ်ဖြူဖြူ ကလည်း သူ့အိမ်မှာ တီဗွီလာကြည့်ကြတဲ့ ကျွန်တော်တို့အုပ်စုတွေကို ဗူးသီးကြော်၊ လ္ဘက်သုတ်၊ ရေနွေးကြမ်းနဲ့ ဧည့်ခံရှာပါတယ်။ ဒီလိုနဲ့ သူတော်ချင်း ချင်းသတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြပြီး ညဘက်ဆေးမှူးကြီးအိမ်မှာ တီဗွီကြည့်ရင်း အပျင်းပြေ ပိုကာဝိုင်းဖွဲ့ကြပါတယ်။ ရလခနဲ့ အိမ်နီးချင်း CNAD က တပ်မှူးကြီး (စတသ-၃) ကပါ ၊ဒုတပ်မှူး ဗိုလ်မှူး ခင်မောင်စိုး၊ ရအတက ဗိုလ်မှူးမြသန်း၊ စက်ကျောင်းက ကိုချစ်ဆန်းထွန်းနဲ့ ဇနီးမမူ၊ ကိုဇော်ညွန့်၊ ရအတက ဗိုလ်ကြီးမျိုးအောင် ၊ဗိုလ်မှူးခင်မောင်မောင်တို့ ညတိုင်းလိုလို ဆုံကြပါတယ်။ G3 ကိုစောနိုင်နဲ့ ကျွန်တော်ကတော့ အငယ်ဆုံးတွေဆိုတော့ အိမ်ဖြည့်လိုအပ်ရင် လိုအပ်သလိုဆေးမှူးကြီး အိမ်ကလှမ်းခေါ်ရင်သွားပြီးဝိုင်းကြရပါတယ်။
သူတို့ပိုကာဝိုင်းက အလယ်ပုံထည့်ပြီှး ကိုယ့်ဖဲမှာ ဂျိုကာတကောင်၊ စပိဒ်တစ် နဲ့ ဒိုင်းမွန်းဆဲဗင်းသုံးချပ်ပါရင် Tri Bonus ဆိုပြီး စားတာလည်းပါတယ်ဗျ။ ကျွန်တော်က မရိုက်တတ် ရိုက်တတ်၊ဖဲ (၁၃) ချပ်တောင် လက်ထဲက လွတ်မကျအောင် အချိုးပြေပြေမ ကိုင်တတ်တော့ ဘေးကအမြင်မတော်တဲ့ သူကဝင်ဝင်စီပေးရတယ်။ သူတို့ရဲ့ထရိုင်
ဘိုးနပ်စ်ကိုလည်း သိတ်မကျွမ်းကျင်တော့ ကျွန်တော့်မှာ ဂျိုကာတကောင်၊ စပိဒ်တစ်နဲ့ ဟတ်ဆဲဗင်းပါရင် စားလို့ရတယ်ဆိုပြီး ကျွန်တော်စားနေတာ သုံးခေါက်လောက်ရှိတော့ အီးအိုကြီးကတော် မမူက မသင်္ကာဖြစ်လာဟန် တူတယ်။ ကျွန်တော့် ထရိုင်ဖဲသုံးချပ်ယူကြည့်တော့ ဒိုင်းမွန်းဆဲဗင်းမပါ ပဲ ဟတ်ဆဲဗင်းနဲ့ ယူယူစားနေမှန်း သိသွားပြီး
ကျွန်တော့်ကိုလည်း မူရင်းနာမည်ကနေ ထရိုင်လျှမ်း လို့နာမည်ပေးခံလိုက်ရပါတယ်။ သိဘူးလေဗျာ၊ ဖဲရိုက်တတ်ခါစ အနီရောင် (၇) ပွင့်ပါရင် စားလို့ရတယ်ထင်တာကိုး။ ဒီလိုဆိုလို့ ကျွန်တော်တို့ကို အလုပ်မရှိဖဲ ပဲရိုက်နေတဲ့ ဖဲသမားတွေလို့ အထင်မမှားစေချင်ပါဘူး။ ရေတပ်သင်္ဘောတွေနဲ့ အပြည်ပြည်ဆိုင်ရာ သင်္ဘောတွေပေါ်က အသက်ကယ်ဖောင်တွေထဲမှာ အရေးပေါ်အချက်ပြမီး၊ ရေ အစားအစာများနဲ့ အတူ ငါးမျှားချိတ်၊ ဖဲထုပ်တွေကို သက်ဆိုင်ရာထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ထည့်သွင်းပေးထားပါတယ်။
တညမှာတော့ အဲဒီတုန်းက တယောက်ဆင်း တယောက်တက်နေတဲ့ အထဲက သမ္မတတစ်ဦး တာဝန်ထမ်းဆောင်ပြီး ရက်သတ္တသုံးပတ်လောက်အကြာမှာပဲ နှုတ်ထွက်ကြောင်း တီဗွီသတင်းက ကြေညာတော့ ဘယ်သူကစလိုက်လဲ မသိဘူး ဆေးမှူးကြီးအိမ်မှာ ဝိုင်းဖွဲ့နေတဲ့ အုပ်စုတခုလုံးလိုလို လက်ခုပ်တွေတီးပြီး ဝမ်းသာအားရ အားပေးပါတော့
တယ်။ ဆေးမှူးအိမ်နဲ့ ခဲတပစ်လောက်မှာတော့ ဒုဌာနချုပ်မှူးအိမ်ရှိတယ်ဗျ။ ဒုဌာနချုပ်မှူးက (စတသ-၄) ကပါ။ နောင်ဒုဝန်ကြီးနဲ့ အငြိမ်းစားယူပါတယ်။ နောက်နေ့မနက် ပုံမှန်ရုံးတက်ချိန်မှာ G2 ရုံးက ဆက်သားက မနေ့ညက ဆရာဝန်အိမ်မှာ ဖဲရိုက်ပြီးဆူညံလက်ခုပ်တီးကြတဲ့ အရာရှိအားလုံး ဒုဌာနချုပ်မှူးထံ တန်းအပ်ပြီး မနက် (၉) နာရီမှာ ဌာနချုပ်မှူးရုံး တက်ကြရမယ်လို့ လိုက်အကြောင်းကြားပါတယ်။
သိတ်မကြာခင် အစည်းအဝေးခန်းမှာ ရုံးတက်ရမဲ့ အရာရှိတွေ စုမိနေကြပါပြီ။ ပင်တိုင်ဝါသနာရှင် အုပ်ချုပ်ရေးတပ်
မှူးကြီး၊ နောက်ဆေးမှူး၊ အင်ဂျင်နီယာကိုချစ်ဆန်းထွန်း၊ ကိုစောနိုင်နဲ့ ကျွန်တော်တို့ပါ။ တအိမ်ပါခဲ့တဲ့ စီအိုခင်မောင်မောင်ကတော့ ဂျီတူးဖြစ်လို့ လူစုံအောင်စောင့်နေပါတယ်။
မှူးကြီး၊ နောက်ဆေးမှူး၊ အင်ဂျင်နီယာကိုချစ်ဆန်းထွန်း၊ ကိုစောနိုင်နဲ့ ကျွန်တော်တို့ပါ။ တအိမ်ပါခဲ့တဲ့ စီအိုခင်မောင်မောင်ကတော့ ဂျီတူးဖြစ်လို့ လူစုံအောင်စောင့်နေပါတယ်။
ဒုဌာနချုပ်မှူး ရောက်လာတဲ့အထိ စီအိုခင်မောင်မောင်က အစည်းအဝေးခန်း အပြင်ကို ဝင်လိုက်ထွက်လိုက် ကော်ရစ်ဒါကို မျှော်ကြည့်လိုက် လုပ်နေတာနဲ့ ဒုဌာနချုပ်မှူးက “ဟေ့ ကိုခင်မောင်မောင်၊ လူ မစုံသေးဘူးလား” လို့မေးပါတယ်။ “ဟုတ်ကဲ့မ စုံသေးပါဘူး” လို့ဖြေတော့ “ဘယ်အချိန်ရှိနေပြီလဲ..ဘယ်သူကျန်နေတာလဲ” လို့ဆက်မေးပါတယ်။ ဗိုလ်မှူးခင်မောင်မောင်က “CNAD တပ်မှူးကြီးကျန်နေပါတယ်” လို့ဖြေလိုက်ပါတယ်။
အဲဒီတော့မှ ဒုဌာနချုပ်မှူးက “မင်းတို့မဆိုင်တဲ့လူ ထည့်မနေနဲ့ ဒို့တပ်က လူပဲပြောတာ” လို့ပြန်ပြောပါတယ်။ ဗိုလ်မှူးခင်မောင်မောင်က “သူလည်းတအိမ်ပါတယ်ဗျ” လို့ပြန်ဖြေပါတယ်။ “နပိုလီယံလို့ခေါ်တဲ့ စီအင်အေဒီ တပ်မှူးကြီးက (စတသ-၃) ကဖြစ်လို့ ဒုဌာနချုပ်မှူးထက် တနှစ်စီနီယာကျသူဖြစ်ပါတယ်။
မကြာခင်မှာ ဌာနချုပ်မှူး ဗိုလ်မှူးကြီးစိန်လွင် ရောက်လာပြီး အေးဆေးငြင်သာတဲ့လေသံနဲ့ “ကျွန်တော်တို့တွေကို သင်တန်းတွေမဖွင့်သေးခင် သင်ခန်းစာသစ်တွေကို ကြိုတင်ပြင်ဆင်ထားကြဘို့နဲ့ ရန်ကုန်ဘက်မှာ မိသားစုရှိသူတွေ
အနေနဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံ့အခြေအနေအရ ခွဲခွါနေကြရတာဖြစ်လို့ ကိုယ်ချင်းစာကြောင်း ညဘက် တီဗွီစုကြည့်ရင်လည်း မဆူညံကြဘို့ ဆုံးမစကားပြောပြီး တန်းဖြုတ်ပေးခဲ့ပါတယ်။
အနေနဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံ့အခြေအနေအရ ခွဲခွါနေကြရတာဖြစ်လို့ ကိုယ်ချင်းစာကြောင်း ညဘက် တီဗွီစုကြည့်ရင်လည်း မဆူညံကြဘို့ ဆုံးမစကားပြောပြီး တန်းဖြုတ်ပေးခဲ့ပါတယ်။
အရေးအခင်းကာလ တပ်ပြင်ထွက်ခွင့် ပိတ်ထားချိန်မှာ ကျွန်တော်တို့တွေဟာ အကြောင်းကိစ္စရှိလို့ ရန်ကုန်ဘက်ကို ဆက်သွယ်ချင်ရင် ဂျီတူးအခန်းက ဖုံး (ဝ၅၆-၂၁၅ဝ၂) လေးကိုသုံးရပါတယ်။ ဖုံးက ဒီဂျစ်တယ်စနစ်မဖြစ်သေးပဲ အနာလော့ဂ်စနစ်ဖြစ် လို့နံပါတ်တခုကို အကြာကြီး လှည့်ရပါတယ်။ နေ့ခင်းဘက်ဆိုရင် ဂျီတူးကို ခွင့်တောင်းပြီး
ဆက်ရပါတယ်။ ညနေဘက်မှာတော့ G3 ကိုစောနိုင်က ရုံးစောင့်ပါတယ်။ ကိုစောနိုင်ပြန်ရင်တော့ အဲဒီဖုံးကို သော့ခတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးအရာရှိ သင်တန်းတက်တဲ့ အရာရှိတချို့ က အဲဒီဖုံးကိုသော့ မဖွင့်ပဲ ဖုံးတင်တဲ့ ပုခက်ဘားလေးကို လက်ညှိုးနဲ့ဖိရိုက်ပြီး ဆက်တတ်ပါတယ်။ တချို့ က မိသားစုဆီ ဆက်တာရှိသလို တချို့ လည်း ညလူချေတိတ်ချိန်ကို အခွင့်ကောင်းယူပြီး ရည်းစားဆီ ဆက်ကြတဲ့လူတွေလည်း ရှိပါတယ်။ တချို့ အရာရှိတွေလည်း တော်လှန်ရေး စစ်ရေးပြလျှောက်တုန်းက လူကြားပန်းကုံးဝင်စွပ်ပြီး ရင်ပတ်ထဲ
အတင်း လိပ်စာနဲ့ ဖုံးနံပါတ် ထည့်ပေးတာရပြီး လူချင်းမမြင်ဘူးပေမဲ့ ဖုန်းထဲကပဲ ရည်းစားဖြစ်နေကြသူတွေလည်း ရှိပါတယ်။
အရေးအခင်းဖြစ်တာနဲ့ သင်တန်းသား အရာရှိတွေကို သက်ဆိုင်ရာ တပ်အသီးသီးကို ပြန်လွှတ်လိုက်ပေမဲ့ သူတို့အဆက်အသွယ် ကောင်မလေးတွေက နေ့စဉ်လှမ်းလှမ်းဆက်သမျှ ဖုံးတွေကို ဂျီသရီးဖြစ်တဲ့ ကိုစောနိုင်က အဆင်ပြေသလို ဖြေပေးရပါတယ်။ “ဗိုလ်ကြီးမဲမှောင်လာပါလားရှန်” တို့ “ဗိုလ်ကြီးဖြူဖွေးလားဟင်.. ငင်တို့” ပေါ့။ ကိုစောနိုင်ကလည်း အဆင်ပြေအောင် “ဗိုလ်ကြီးမဲမှောင် စစ်တွေပြန်သွားပါပြီခင်ဗျာ” တို့ “ဗိုလ်ကြီးဖြူဖွေး
မော်လမြိုင်ပြန်ပါပြီခင်ဗျ” တို့ အဆင်ပြေသလို ဖြေဖြေပေးနေတာ ကြားရပါတယ်။ တချို့ မိန်းကလေးတွေကလည်း “မဖြစ်နိုင်တာ သူပြောတော့ နောက်နှစ်လနေမှ သင်တန်းပြီးမှာဆို” စသဖြင့်ပြန် အထွန့်တက်ကြသလို တချို့ ကြတော့လည်း “အိုမဟုတ်တာ သူကျမကို ဖုံးပြန်ဆက်မယ်ပြောထားတယ်၊ ပြောလိုက်ပါ ခင်ငုကလျာဝင်းလဲ့ကြည်သာအေးစက်စက်ဝင်းသိမ့်သိမ့်သွဲ့ဆီ အမြန်ဖုံးပြန်ဆက်ပေးပါလို့” စတဲ့ အမှာစကားတွေထား
ခဲ့တတ်ပါတယ်။
တရက်မှာတော့ ရုံးချိန်မှာ ဌာနချုပ်မှူးကြီးက ဗိုလ်မှူးခင်မောင်မောင်ကို သူ့အခန်းကို လှမ်းခေါ်ပါတယ်။ ပြီးတော့ “ကိုခင်မောင်မောင်၊ ဖုံးကိုင်ကြည့်ပါဦးဗျာ။ ဘာတွေလာပြောနေလဲမသိဘူး” ဆိုလို့ ဗိုလ်မှူးခင်မောင်မောင်က ဖုံးကိုင်ပါတယ်။ ပြီးတော့ “ဟဲလိုဟဲလို ဘယ်သူပါလဲ” လို့မေးတော့ တဖက်က ဖုံးပြောတဲ့မိန်းကလေးက “သူက
ကောဘယ်သူလဲ ဌာနချုပ်မှူးပဲလား” လို့မေးပါလေရော၊ ဂျီတူးက “ကိုယ်က ဂျီတူးပါ အခုပြောတာဘယ်သူပါလဲ” ဆိုတော့ တဖက်ကလည်း “လုပ်ပြန်ပြီ ခုတမျိုးတော်ကြာ တမျိုးနဲ့၊ ခုနာမည်က တမျိုြးုဖစ်သွားပြန်ပြီ။ သူမို့တတ်လဲ တတ်နိုင်တယ်။ များတို့ကတော့ သူ့အသံကြီး ဘယ်လိုဖျက်ပြောပြော ခွေးချီသွားတောင် မှတ်မိတယ်သိလား။ ဗိုလ်ကြီးမည်းမှောင်မှ ဗိုလ်ကြီးမည်းမှောင်ပါရှင် ဟုတ်တယ်မို့လား ဆက်ညာမနေပါနဲ့ နော်၊ကိုကိုနော်” ဆိုပြီး၊ ဆက်ပြောနေတာနဲ့ “ ဟေ့ကလေးမ၊ ဒါ ဌာနချုပ်မှူး ဖုံးပါ။ ဗိုလ်ကြီးမည်းမှောင် မဟုတ်ဘူး၊ဖုံးချလိုက်ပါ ”ဆိုတော့ “အမလေး၊သိတ်လည်း ကြီးကျယ်မနေစမ်းပါနဲ့ရှင်။ ဒီတခါ ရှင်ညဘက်ဆက်ရဲဆက်ကြည့် သူများတို့အကြောင်းသိစေ
ရမယ်” လို့ပြောပြီး ဒေါသတကြီး ဖုံးချသွားလေရဲ့။
တကယ်ကတော့ ရလခ ဌာနချုပ်မှာ တစ်လုံးတည်းရှိတဲ့ ဖုံးကို ဌာနချုပ်မှူး အခန်းနဲ့ G2 အခန်းမှာ လိုင်းခွဲထားပြီး ဌာနချုပ်မှူးဖုံးလာရင် G2 စားပွဲမှာရှိတဲ့ Change over ခလုတ်ကလေး နဲ့လိုင်းပြောင်းပေးရပါတယ်။ အဲဒီနေ့က မနက်ပိုင်း ဌာနချုပ်မှူးဆီဖုံးလာလို့ လိုင်းပြောင်းပေးထားပြီး ဌာနချုပ်မှူးပြောပြီးရင် ခလုတ်ကို ပြန်ပြောင်း ထားရမှာဖြစ်ပေမယ့် G3 ဖြစ်တဲ့ ကိုစောနိုင်က ပြန်မပြောင်းမိလို့ ဗိုလ်ကြီးမည်းမှောင် ဆီဆက်တဲ့ဖုံးက
ဌာနချုပ်မှူးကြီးထံ တန်းတန်းမတ်မတ် ရောက်ရှိသွားခြင်းသာ ဖြစ်ပါကြောင်း။ ။
အားလုံးကျန်းမာရွှင်လန်းစွာဖြင့်ပြုံးပျော်ကြည်နူးနိုင်ကြပါစေ …
အောင်လျှမ်းဝေ (ခေတ္တ-ကယ်လီဖိုးနီးယား)