Quantcast
Viewing all articles
Browse latest Browse all 1811

အင်အားကြီးမားလာသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (နိဂုံးပိုင်း)


သီးခြားလွတ်လပ်နေသော တပ်မတော်တစ်ခု (သို့မဟုတ်)
အင်အားကြီးမားလာသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (နိဂုံး)

တစ်ချိန်တည်းမှာပင် ၀ တို့သည် Faw Group ကော်ပိုရေးရှင်းထုတ် ၄×၄ အမျိုးအစား စစ်သုံးထရပ်ယာဉ်များကို ၀ယ်ယူ၍လှုပ်ရှားမှုကို ပိုမို ကောင်းမွန်စေရန်ဆောင်ရွက်ခဲ့သလို ZFB05 သံချပ်ကာ လူသယ်ယာဉ်များကို တပ်ဆင်ထားနိုင်သဖြင့် တိုက်စွမ်း ရည်ပိုမိုတိုးတက်လာခဲ့သည်။ Xingxing(New Star)ဟုလည်း အမည်ပေးထားသည့် ZFB05 Shaanxi Baoji Special Vehicle စက်ရုံက တီထွင်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် တိုက်ယာဉ်မှူးနှစ်ဦး အပါအ၀င် ယာဉ်နောက်ခန်းတွင် ခြေလျင်စစ်သည် ၉ ဦးကျော်လိုက်ပါနိုင်သည်။ ၀ တပ်ဖွဲ့က ထုတ်ဖော်ပြသခဲ့သော ၎င်းတိုက်ယာဉ်များတွင် ၁၂.၇မမ စက်သေနတ်တပ်ဆုံလည်ကို တပ်ဆင်ပေးထားသည်ကို တွေရသည်။


၂၀၁၂ ခုနှစ်ထုတ် IHS Jane's စာစောင်တစ်ခုတွင် UWSA အဖွဲ့၌ တရုတ်လုပ် ၁၀၀ မမ ပြောင်းချော အမြောက်တပ် PTL-02 ယာဉ်တင်အမြောက်တိုက်ယာဉ်ကိုလည်း ပိုင်ဆိုင်ထားကြောင်းဖော်ပြခဲ့သည်။ တိုက်ယာဉ်အဖွဲ့သား ၅ ဦးပါဝင်သည့် PTL-02 လှုပ်ရှားမှုကောင်းမွန်ပြီး ဘက်စုံအသုံးပြုနိုင်သော တိုက်ယာဉ်ဖြစ်ကာ သံချပ်ကာ လူသယ်ယာဉ်များကို တိုက်ခိုက်မှုတွင် ထိရောက်မှုရှိသည်။ ထို့အပြင် ပုံသေခံစစ်စခန်းများ နှင့်ဘန်ကာများကိုလည်း ထိရောက်စွာဖျက်ဆီးနိုင်သည်။ သို့သော် ၀ တပ်ဖွဲ့၏ စစ်ရေးပြများတွင် ZFB05 တိုက်ယာဉ်နှင့် PTL-02 တိုက်ယာဉ်များကို ယှဉ်တွဲထုတ်ဖော်ပြသခဲ့မှုတော့ မရှိပေ။

UWSA အဖွဲ့တွင် Mil Mi-171 "HIP"သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ရရှိထားပြီးဖြစ်ကြောင်း Jane မဂ္ဂဇင်းတွင် ဖော်ပြချက်အား UWSA နှင့် တရုတ်သံတမန်ရေးရာ အသိုက်အ၀န်း ၂ ခုစလုံးက ငြင်းဆန် ခဲ့သော်လည်း ၎င်းအနောက်အုပ်စုမှ စောင့်ကြည့်သူသများက ခိုင်မာစွာယုံကြည်ယူဆထားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Irrawaddy အင်္ဂလိပ်သတင်းစာကလည်း ဝလူမျိုး ရဟတ်ယာဉ်မှူးများအား တရုတ်နိုင်ငံ အတွင်းလေ့ကျင့်ပေးလျက်ရှိသည်ဟု
ဖော်ပြခဲ့သည်။

သုတေသီများကမူ UWSA အဖွဲ့တွင် လက်နက်တပ်တိုက်လေယာဉ်ထက် VIP သယ်ယူပို့ဆောင်ရေး သို့မဟုတ် ကယ်ဆယ်ရေးလုပ်ငန်းသုံး Mi-171 ရဟတ်ယာဉ်အနည်းဆုံး ၃ စီးကို ပိုင်ဆိုင်ထားပြီဟု ယူဆလျက် ရှိသည်။ အထူးဒေသ (၂) ရှိ UWSA အဖွဲ့၏ လက်နက်ဝယ်ယူမှုများနှင့်ပတ်သက်၍ သတင်းများရယူရန်မှာ ခက်ခဲသောအခြေအနေတွင် တည်ရှိနေဆဲဖြစ်သည်။ အချို့သော သီးခြားလွတ်လပ်သည့် သုတေသီများ၏ အဆိုအရ ၀ အဖွဲ့၏ လက်နက်ဝယ်ယူ
မှုများကို ယူနန်အခြေစိုက် PLA ၏ တပ်ရင်းများ သို့မဟုတ် ရဲတပ်ရင်းများမှ အကျင့်ပျက်ခြစားသောအဖွဲ့မှတစ်ဆင့် အဓိကထားလေ့ရှိပြီး ယင်းကိစ္စများကို ဘေဂျင်းမှဗဟိုအစိုးရအာဏာ ပိုင်များက သိရှိရန်ခက်ခဲသည် ဟုသုံးသပ်ခဲ့ကြသည်။ အလားတူစွာပင် ၂၀၀၉ ခုနှစ်အတွင်း တပ်မတော်၏ ထိုးစစ်ကြောင့် ထွက်ပြေးခဲ့ရသော ကိုးကန့်တပ်ဖွဲ့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အရှိန်အဟုန်ပြင်းစွာ သောင်းကျန်းတိုက်ခိုက်ခဲ့မှုတွင်လည်း အဆိုပါအကျင့်ပျက်ခြစားနေသော အဖွဲ့က ကူညီထောက်ပံ့ပေးခဲ့သည်။

တရုတ်လုံခြုံရေးတပ်ဖွဲ့အတွင်း အရာရှိအဆင့်ဆင့်အား အကျင့်ပျက်ခြစားမှုအတွက် ပြန်လည်စစ်ဆေး ခဲ့ရမှုက
အထက်ပါအချက်များမှာ မှန်ကန်ကြောင်း သိသာထင်ရှားခဲ့သည်။ ၁၉၈၉ ခုနှစ် နောက်ပိုင်းမှစ၍ တရုတ်လက်နက်မှောင်ခိုဈေးကွက်တစ်ခု ပေါ်ပေါက်ခဲ့ပြီး အလယ်အလတ်စီးပွားရေးလုပ်ငန်းရှင် အများအပြားသည် တရုတ်စစ်ဘက်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့များ၏ ကျောထောက်နောက်ခံဖြင့် နိုင်ငံပိုင် လက်နက်ထုတ်လုပ် ရေးစက်ရုံနှင့်ပူးပေါင်းကာ အဆိုပါဈေးကွက်အတွင်း ၀င်ရောက်လှုပ်ရှားခဲ့ကြသည်။ သို့သော် ပုခုံးထမ်းဒုံးများ၊ တင့်ဖျက်လက်နက်များ၊ သံချပ်ကာတိုက်ယာဉ်များနှင့် ရဟတ်ယာဉ်များကို ရောင်းချပေးနိုင်သည့် အကြီးစားစစ် လက်နက်ပစ္စည်းရောင်းဝယ်ရေး အုပ်စုကြီးတစ်ခု မြန်မာတရုတ်နယ်စပ်တွင် တည်ရှိနေမှုကို တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိများက တားဆီးခြင်းမရှိသည်မှာ စိုးရိမ်စရာအနေအထား တစ်ခုဖြစ်နေပါသည်။

အားနည်းချက်များ 

စစ်ဘက်စွမ်းဆောင်ရည်ပိုင်ဆိုင်ရာ သိသိသာသာတိုးတက်လာသော်လည်း UWSA အဖွဲ့အနေဖြင့် ၀န်ထုပ်ဝန်ပိုး ကန့်သတ်ချက်များကိုလည်း ရင်ဆိုင်ရလျက်ရှိသည်။ ၀ လူဦးရေမှာ ၈ သိန်းအောက်သာရှိရာ လူမှုရေးပထ၀ီဝင်အရ       (Demographic) အရ ရေရှည်တွင် စစ်သည်အင်အားနှင့်ပတ်သတ်၍ ကန့်သတ်ချက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ အခြားသော ပထ၀ီအနေအထားအရ ကန့်သတ်ချက်တစ်ခုမှာ ၎င်း၏ ပိုင်နက်နယ်မြေမှာ တောင်ပံ ၂ ဖက် သီးခြားစီဖြစ်နေမှုဖြစ်သည်။ ထိုကဲ့သို့ တပ်မတော်ရှေ့တန်းစခန်းနေရာများနှင့် တရုတ်နှင့် ထိုင်းနယ်စပ်တို့အကြား ကွဲပြားစွာတည်ရှိနေမှုက မဟာဗျူဟာအရ နက်ရှိုင်းစွာတိုက်ခိုက်ရန် ခက်ခဲစေမှု ရှိနေ ပါသည်။

အထူးသဖြင့် မြေအနေအထား အတော်အတန်ပြေပြစ်သော မြောက်ပိုင်းဒေသ၏ အခြေအနေမှာ အဆိုး
ဝါးဆုံးဖြစ်သည်။ တပ်မတော်အနေဖြင့် ပန်ဆန်းမြို့အား အမြောက်ပစ်ကူနှင့် လေကြောင်းပစ်ကူတို့ဖြင့် ယန္တရား တင်ခြေလျင်တပ်ဖွဲ့ဖြင့် စနစ်တကျထိုးစစ်ဆင်တိုက်ခိုက်ပါက မြောက်ပိုင်းတပ်ဖွဲ့မှာ ၂ ပိုင်းကွဲသွားမည်ဖြစ်ပြီး အမှတ်(၃၁၈) နှင့် အမှတ် (၄၁၈) တပ်မဟာတို့က မြောက်ပိုင်းတွင်တစ်စုနှင့် အထူးဒေသ(၂)တောင်ဘက်နှင့် အရှေ့ဘက်ဘေးနံတို့တွင် တပ်စွဲထားသည့် အမှတ် (၄၁၉) နှင့် အမှတ် (၄၆၈) တပ်မဟာတို့က တစ်စုကွဲထွက် သွားမည်ဖြစ်သည်။ ပို၍ ဆိုးဝါးသည့်ပြဿနာတစ်ခုမှာ ပြောက်ကျားတပ်ဖွဲ့ငယ်များကို ဖွဲ့စည်းရမည့်အစား ပိုင်နက် နယ်မြေများထိန်းချုပ်ရန်နှင့် လူဦးရေထူထပ်သောနေရာများကို ကာကွယ်ရန်အတွက် အမြောက်များတပ်ဆင် ပေးထားသည့်တိုင် အလှမ်းကျယ်ပြီးမပြည့်မစုံ ယာဉ်တင်ခြေလျင်တပ်များကို တိုးချဲ့ဖွဲ့စည်းနေမှုဖြစ်သည်။

UWSA  အဖွဲ့အနေဖြင့် ၎င်းတို့၏ ပထ၀ီဝင်အနေအထား ကန့်သတ်ချက်များကို ထေမိစေရန်အတွက် မဟာမိတ်၏ ကွန်ယက်တစ်ခုကို ဖန်တီးကာ တပ်မတော်နှင့် ရင်ဆိုင်ရန်လည်း စီစဉ်ထားခဲ့သည်။ ၀ အဖွဲ့၏ အဓိက အရေးပါဆုံး မဟာမိတ်တပ်ဖွဲ့တစ်ခုမှာ အထူးဒေသ (၂) အရှေ့ဘက် တရုတ်နယ်စပ်တစ်လျှောက် အထူးဒေသ (၄) ရှိ NDAA (Shan andAkha National Democratic Alliance Army) နှင့် မြောက်ဘက်တွင် MNDAA (Myanmar National Democratic Alliance Army) အဖွဲ့တို့ဖြစ်သည်။ ရှမ်းပြည်နယ် သံလွင်မြစ်အနောက် ဘက်တွင် အခြေပြုလှုပ်ရှားနေသော SSA-N(Shan State Army) အဖွဲ့နှင့်လည်း မဟာမိတ်အဖြစ် တိုးချဲ့ ထားခဲ့သည်။ UWSA အဖွဲ့၏ အနောက်ဘက်တွင် KIA(Kachin Independence Army) နှင့် ရှမ်းပြည် မြောက်ပိုင်းအခြေစိုက် TNLA( Ta'ang National Liberation Army) အဖွဲ့တို့နှင့်လည်း မဟာမိတ်ဖွဲ့စည်း ထားခဲ့သည်။

၂၀၀၉ ခုနှစ်မှစ၍ ၀ တို့၏ မဟာမိတ်အဖွဲ့အားလုံးနီးပါးမှာ တပ်မတော်၏ ဖိအားပေးမှုနှင့်ရင်ဆိုင်ခဲ့ ရသည်။ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် တပ်မတော်၏ထိုးစစ်ကြောင့် အထူးဒေသ (၁) ရှိ ကိုးကန့်အဖွဲ့ ထွက်ပြေးခဲ့ ရသလို ၂၀၁၁ ခုနှစ်တွင် SSA-N အဖွဲ့ကိုလည်း တပ်မတော်က ထိုးစစ်ဆင်ခဲ့သည်။ ဇွန်လတွင် ၁၇ ခုနှစ်ကြာ အပစ်အခတ်ရပ်စဲထားခဲ့သော KIA အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားပြီး ၂၀၁၂ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ လိုင်ဇာ မြို့ကို ဦးတည်သော တပ်မတော်၏ အကြီးစားထိုးစစ်ဆင်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

ဝ ၏ မဟာမိတ်တပ်ဖွဲ့များတွင် အထူးဒေသ (၄) အခြေစိုက် NDAA တပ်ဖွဲ့သာလျင် စစ်ပွဲနှင့်လွတ် မြောက်ခဲ့ သည်။
မိုင်းလားနယ်စပ်မြို့တွင် အခြေစိုက်သော ၎င်းင်းတပ်ဖွဲ့တွင် ကောင်းစွာလေ့ကျင့်ပေးထားသည့်
တပ်ဖွဲ့ဝင် ၄၅၀၀ မှ ၅၀၀၀ ဦးအထိရှိပြီး အမှတ် (၈၉၆၊၃၆၉နှင့် ၉၁၁) ဟု၍ တပ်မဟာ ၃ ခုဖြင့် ဖွဲ့စည်းထားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်းဆိုင်ရာ အချက်များအရ အထူးဒေသ (၄) မှာ UWSA တို့အတွက် မဲခေါင်မြစ်နှင့် ဝ,ပိုင်နက်နယ်မြေအကြား မဟာဗျူဟာအရ အသက်တမျှအရေးပါသော နယ်မြေတစ်ခု၊ ထိုင်း၊ လာအိုတို့နှင့် အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုလည်းဖြစ်သည်။ တပ်မတော်ခေါင်များအနေဖြင့် လည်း အထူးဒေသ (၄) ကို ထိုးစစ်ဆင်ပါက အထူးဒေသ (၂) မှာ ခက်ခဲသော စစ်မြေပြင်စစ်ပွဲတစ်ခုအတွင်းသို့ အလိုအလျောက် ကျရောက်သွားမည်ကို သဘောပေါက်ပြီးသားဖြစ်သည်။

ဝ တို့အနေဖြင့် တပ်မတော်၏ ဖိအားပေးမှုများနှင့် ခံနေရသော မဟာမိတ်တပ်ဖွဲ့များအား ထောက်ပံ့မှု များကို သိသိသာသာ ပြုလုပ်ပေးလျက်ရှိသည်။ အထူးသဖြင့် သံလွင်မြစ် အနောက်ဘက်ကမ်းတွင် တပ်ဖွဲ့ဝင် ၃၀၀၀-၃၅၀၀ နီးပါးဖြင့် လှုပ်ရှားနေသော SSA-N အဖွဲ့ကို အကြီးအကျယ် ထောက်ပံ့ပေးခဲ့သည်။ Type-56 ချေမှုန်းရေးရိုင်ဖယ်နှင့် ခဲယမ်းများအပါဝအင် ခြေလျင်လက်နက်သစ်များကို ထောက်ပံ့ပေးခဲ့သည်။ အတည်မပြု နိုင်သော သတင်းများအရ ၂၀၁၄ ခုနှစ်တွင် ၀ ၏ အမှတ် (၄၁၈) တပ်မဟာမှ တပ်ဖွဲ့ဝင် ၅၀၀ ကျော်သည် SSA-N ယူနီဖောင်းများဝတ်ဆင်၍ သံလွင်မြစ်အနောက်ဘက်တွင် ၎င်းတို့မဟာမိတ်များကို ကူညီပေးခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် KIA နှင့် MNDAA အဖွဲ့တို့သည်လည်း ၀ တို့ထံမှ ရိက္ခာနှင့် လက်နက်ငယ် များထောက်ပံ့မှုများကို လက်ခံရရှိခဲ့သည်။ အထူးသဖြင့် M99 12.7 မမ စနိုက်ပါများကို လက်ခံရရှိခဲ့သည်။ ၎င်းကို သက်သာသောဈေးနှုန်းနှင့်
ရောင်းချပေးခဲ့သည်လား သို့မဟုတ် အလကားပေးခဲ့သည်လား ဆိုသည်ကို တော့ ရှင်းရှင်းလင်းလင်း မသိရပေ။ ၂၀၁၅ ခုနှစ်ကလည်း MNDAA တပ်ဖွဲ့များအတွက် ၀ တို့၏ ထောက်ပံ့ပေး မှုကို နေပြည်တော်အစိုးရက ဒေါသတကြီး ဝေဖန်ခဲ့သည်။

ဝ တို့အနေဖြင့် ၎င်းတို့ကိုယ်တိုင် ကန့်သတ်ချက်များနှင့် မဟာမိတ်များကို ထောက်ပံ့ပေးရခြင်းအတွက် ၀န်ထုပ်ဝန်ပိုးများ ဖြစ်နေစဉ်မှာပင် တပ်မတော်၏ စစ်ရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ထိုဝန်ထုပ်တစ်ခုကို သက်သောစေခဲ့သည်။ တပ်မတော်၏ ၂၀၁၂ ခုနှစ်အတွင်း လိုင်ဇာမြို့အား ထိုးစစ်ဆင်မှုနှင့် ၂၀၁၅ ခုနှစ်အတွင်း ကိုးကန့်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့မှုများတွင် အမြောက်နှင့်လေကြောင်း အနီးကပ်ပစ်ကူတို့နှင့် ယန္တရားတင် ခြေလျင်တပ်ဖွဲ့များဖြင့် တပ်မအဆင့်ပေါင်းစပ်လက်ရုံး (Combined - arms) တိုက်ခိုက်မှုပုံစံ တိုက်ခိုက်မှုမှာ အားနည်းချက်များ ရှိနေပါသေးသည်။ ကိုးကန့်တွင် ထိခိုက်ကျရှုံးမှုပုံစံထက် ၀တို့တွင် ရာပေါင်းများစွာပိုစေသော တိုက်ခိုက်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားပါသည်။

( မည်သည့် အဖွဲ့အစည်းမှ မစော်ကားပါ။ JDR 1/2016 စာစောင်ပါ Army of autonomy ဆောင်းပါးကို
ဗဟုသုတအနေနဲ့ ဘာသာပြန် ဖော်ပြခြင်းသာဖြစ်သည်။ )



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>