အထူးတပ်ဖွဲ့များ
Super Etendard တိုက်လေယာဉ်များနှင့် Exocet ဒုံးပျံများသည် ဗြိတိန်ရေတပ်အုပ်စု ကြီးအတွက် တစ္တေအိပ်မက် သဖွယ်ဖြစ်လာချိန်တွင် စစ်ဦးစီးချုပ်ရုံးအနေဖြင့် စစ်ဆင်ရေးတစ်ခုကို ရေးဆွဲခဲ့ပါသည်။
စစ်ဆင်ရေးမီကာဒို ရည်ရွယ်ချက်ကား ရေတပ်အုပ်စုကြီးအားခြိမ်းခြောက်နေသော အာဂျင်တိုင်းတို့၏ ပြင်သစ်ထုတ် Super Etendard လေယာဉ် ၅စီးအခြေပြုရာ အာဂျင်တီးနားကုန်းတွင်းပိုင်းရှိ ရီယိုဂရန်ဒီ လေတပ်စခန်းအားစီးနင်း တိုက်ခိုက်ရန်ဖြစ်သည်။ ကနဦးစီမံချက်မှာ လေတပ်အထူးတပ်ဖွဲ့ SAS ကွန်မင်ဒိုများအား C-130 လေယာဉ်များ ဖြင့် အတင်းဆင်းသက်တိုက်ခိုက်ရန်ဖြစ်သည်။ အစ္စရေးတို့၏ အင်တက်ဘီစစ်ဆင်ရေးအား အတုယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါအစီအစဉ်သည် များစွာစွန့်စားရမည့်အပြင် အောင်မြင်နိုင်ခြေနည်းပါးသဖြင့် အစီအစဉ်ပြောင်းလဲခဲ့သည်။ ထပ်မံရေးဆွဲသော အစီအစဉ်မျာ Oberon အတန်းစား ရေငုပ်သဘောင်္ HMS Onyx တွင် ရေတပ်အထူးတပ်ဖွဲ့ SBS (Special Boat Services) များ ကိုတင်ဆောင်ကာ ရေငုပ်သဘောင်္မှတစ်ဆင့် ရာဘာလှေများဖြင့်ကမ်းတက်တိုက်ခိုက်ရန်ဖြစ်သည်။
စစ်ဆင်ရေးအတွက်ကနဦး ကင်းထောက်တပ်ဖွဲ့အနေဖြင့် SAS (Special Air Servies) ကွန်မင်ဒို များတင်ဆောင်လာသော Westland Seaking ရဟတ်ယာဉ်သည် မေလ ၁၇ရက်နေ့တွင် အာဂျင်တီးနား နယ်မြေအတွင်းဝင်ရောက်စဉ် ဆိုးရွားသောမုန်တိုင်းနှင့်တိုးမိသဖြင့် ပစ်မှတ်နှင့်မိုင် ၅၀ အကွာ ချီလီနိုင်ငံအတွင်း သို့ရောက်ရှိဆင်းသက်ခဲ့ရသည်။ ရဟတ်ယာဉ်အား SAS တပ်ဖွဲ့များဖျက်ဆီးပစ်ခဲ့ပြီး SAS တပ်ဖွဲ့ဝင် ၃ဦးသည် ချီလီရဲတပ်ဖွဲ့ ထံလက်နက်ချခဲ့သည်။ ကျန်တပ်ဖွဲ့ဝင်များသည် ကုန်းလမ်းအတိုင်းအာဂျင်တီးနား နိုင်ငံတွင်းသို့ ထိုးဖောက်ရန်ကြိုးစားခဲ့သော်လည်း သတင်းကြိုတင်ရရှိထားသောအာဂျင်တိုင်းစစ်သည် ၂၀၀၀ ခန့်က ပိုက်စိတ်တိုက် လိုက်လံရှင်းလင်းသဖြင့် စစ်ဆင်ရေးအားဖျက်သိမ်းကာ ချီလီမှတစ်ဆင့် လေကြောင်းဖြင့် ဗြိတိန်သို့ ပြန်ခဲ့ရသည်။
တစ်ချိန်တည်းမှာပင် အာဂျင်တိုင်းရေတပ် မှသိမ်းပိုက်ထားသော Pebble ကျွန်းရှိ လေယာဉ်ကွင်းအား မေလ ၁၄ ရက်နေ့တွင် SAS မှ စီးနင်းတိုက်ခိုက်ခဲ့သည် ။အဆိုပါကျွန်းရှိလေယာဉ်ကွင်း သည် မြက်ခင်းကွင်းသာဖြစ် ပြီးအာဂျင်တီးနားရေတပ်မှ FMA IA 58 Pucara နှင့် Beechcraft T-34 Mentor အပေါ့စားမြေပြင်တိုက်ခိုက် ရေးလေယာဉ်များ အခြေစိုက်ထားသည်။ ညဦးပိုင်းတွင် SAS တပ်ဖွဲ့များသည် Seaking ရဟတ်ယာဉ် ၆စီးဖြင့် စီးဖြင့်လျှပ်တစ်ပြက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လေယာဉ် ၂၂ စီးအားဖျက်ဆီးနိုင်ခဲ့သည်။ သို့သော် အဆိုပါလေယာဉ် များသည် အပေါ့စားတိုက်ခိုက်ရေးနှင့်လေ့ကျင့်ရေးသုံးလေယာဉ်များဖြစ်သဖြင့် အာဂျင်းတိုင်းတို့၏ တိုက်စွမ်းအား ကိုသိသိသာသာ ထိခိုက်စေခြင်းမရှိခဲ့ပါ။
မြေပြင်ထိုးစစ်စတင်ခြင်း- စစ်ဆင်ရေးSutton
မေလ ၂၁ ရက်နေ့အလင်းရောင်ပျောက်ကွယ်ချိန်တွင် တော်ဝင်မရိန်းတပ်ဖွဲ့ ကြီး၏ ပထမဆုံးမြေပြင်ထိုးစစ် စစ်ဆင်ရေး Sutton စတင်ခဲ့သည်။ ဗိုလ်မှုကြီး မိုက်ကယ်ကလပ်ပ် ၏ အထူးတာဝန်တပ်ဖွဲ့ကြီးသည် အရှေ့ဖောက်ကလန်ကျွန်း၏ အနောက်မြောက်ဘက်ကမ်းခြေသို့ကမ်းတက်ကာ အတွင်းပိုင်းသို့ထိုးဖောက် စစ်ဆင်ရန်ဖြစ်သည်။ ဗိုလ်မှုးကြီးကလပ် ၏ကွပ်ကဲမှုအောက်တွင် စစ်သည် ၄၀၀၀ ပါဝင်ပါသည်။ တပ်စုဖွဲ့ မှုမှာအောက်ပါအတိုင်းဖြစ်သည်-
မေလ ၂၁ ရက်နေ့အလင်းရောင်ပျောက်ကွယ်ချိန်တွင် တော်ဝင်မရိန်းတပ်ဖွဲ့ ကြီး၏ ပထမဆုံးမြေပြင်ထိုးစစ် စစ်ဆင်ရေး Sutton စတင်ခဲ့သည်။ ဗိုလ်မှုကြီး မိုက်ကယ်ကလပ်ပ် ၏ အထူးတာဝန်တပ်ဖွဲ့ကြီးသည် အရှေ့ဖောက်ကလန်ကျွန်း၏ အနောက်မြောက်ဘက်ကမ်းခြေသို့ကမ်းတက်ကာ အတွင်းပိုင်းသို့ထိုးဖောက် စစ်ဆင်ရန်ဖြစ်သည်။ ဗိုလ်မှုးကြီးကလပ် ၏ကွပ်ကဲမှုအောက်တွင် စစ်သည် ၄၀၀၀ ပါဝင်ပါသည်။ တပ်စုဖွဲ့ မှုမှာအောက်ပါအတိုင်းဖြစ်သည်-
(၁) အမှတ်(၂)လေထီးတပ်ရင်း( Second Para Battalion) ( Norland Amphibious Assault Ship)
(၂) အမှတ်(၃)လေတီးတပ်ရင်း(Third Para Battalion) ( amphibious ship HMS Intrepaid)
(၃) တော်ဝင်မရိန်းကွန်မင်ဒို (၄၀ဦး)
(၄) RFA ကွန်မင်ဒို (၄၅ဦး)
ယရက်ညဦးပိုင်းတွင် အမှတ်(၂) လေထီးတပ် နှင့်တော်ဝင်မရိန်းကွန်မင်ဒိုများ သည် ဟွမ် ကားလို့စ် ကမ်းခြေ(စကားဝှက် ကမ်းခြေပြာ) သို့လည်းကောင်း၊ အမှတ်(၃)လေထီးတပ်သည် ပိုစ့် ဟွမ် ကားလို့(ကမ်းခြေစိမ်း) သို့လည်းကောင်း၊ RFA ကွန်မင်ဒိုများသည် အေဂျက်စ်ဘေး(ကမ်းခြေနီ) သို့လည်းကောင်း အသီးသီး ကမ်းတက်ခြေကုပ်ယူကြသည်။ ကမ်းတက်စစ်ဆင်ရေးပါဝင်သော LCU ၈စီးနှင့် LCVP ၈စီးအားဖောက်ကလန်ကျွန်းတွင်တာဝန်ထမ်းဆောင်ဖူးသူ ရေတပ်ဗိုလ်မှုး အာဝင်ဆောက်ဘေးတေလာ ကဦးဆောင်ခဲ့သည်။ မဟာဗျူဟာအရံတပ်အဖြစ် ကွန်မင်ဒို ၄၂ ဦးအား HMS Canberra တွင်အသင့်အနေအထားရှိနေခဲ့သည်။ ကမ်းဦးခြေကုပ်များအား ခုခံမှုတစ်စုံတရာ မတွေ့ရပဲ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီး တော်ဝင်အမြောက်တပ်ရင်းများ တော်ဝင်သံချပ်ကာကင်းထောက်တပ်ရင်း များသည်ဆက်လိုက် တပ်အဖြစ် အောင်မြင်စွာကမ်းတက်နိုင်ခဲ့သည် Rapier လေကြောင်း ရန်ကာကွယ်ရေးစနစ်များ အား ရဟတ်ယာဉ်များ ချိတ်ဆွဲကာ ကမ်းဦးခြေကုပ်နေရာများတွင် ချက်ချင်း တပ်ဖြန့်ချထားနိုင်ခဲ့သည်။
နံနက်အာရူဏ်တက်ချိန်တွင် အာဂျင်တိုင်းလေတပ်မှ ကင်ဘာရာဗုံးကြဲ လေယာဉ်များ လာ ရောက် တိုက်ခိုက်ခဲ့သော်လည်း ရာသီဥတုကြောင့်ကြီးမားသောထိခိုက်မှု မရှိခဲ့ပါ။မြေပြင်တပ်ဖွဲ့မှုးဗိုလ်မှုးချုပ် ဂျူလီယန်သော်မဆင် သည် ကမ်းဦးခြေကုပ်များမှတစ်ဆင့် ဒါဝင်နှင့် ဂူးစ်ဂရင်းမြို့များအား ထိုးစစ်ဆင်ရန်စီမံချက် ရေးဆွဲခဲ့သည်။
ထိုအချိန်တွင် ပင်လယ်ပြင်ရှိ ရေတပ်ဖွဲ့ကြီး၏အခြေအနေမှာစ်ုးရိမ်ဖွယ်အနေအထားဖြစ်လာသည် မေလ ၂၁ ရက်နေ့တွင် တော်ဝင်ရေတပ်၏ ဖရီးဂိတ်စစ်ရေယာဉ် HMS Ardent သည်အာဂျင်တီးနားတို့ ၏နှစ်မြုပ်ခြင်းကိုခံခဲ့ရသည်။ မေ လ ၂၁ ရက် ညနေ ၄နာရီတွင် အာဂျင်တိုင်း A-4 တိုက်လေယာဉ် တစ်စီးသည် အားဒင့်သဘောင်္ပေါ်သို့ သမရိုးကျ ဗုံး ၂ လုံးကြဲချခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိခဲ့ချေ။ ညနေ ၅နာရီ ၄၀တွင် A-4 ၅စီးနှင့် Dagger အချို့ထပ်မံရောက်ရှိလာပြီး တိုက်ခိုက်ခဲ့ချိန်တွင် စစ်ရေယာဉ်၏ Sea Cat လေကြောင်းရန်ကာကွယ်ရေးဒုံးပျံစနစ်မှာအလုပ်မလုပ်သဖြင့် ၂၀ မမစက်အမြောက်ဖြင့်သာခုခံ ခဲ့ရသည်။ အာဂျင်တိုင်း Skyhawk တိုက်လေယာဉ်များသည် လေထီးဗုံး ၈ လုံးကြဲချခဲ့ကာ ၄လုံး ပေါက်ကွဲခဲ့ပြီးပေါက်ကွဲမှုကြောင့် ရဟတ်ယာဉ် ဟန်ဂါ ပျက်စီးကာ Lynx ၇ဟတ်တစ်စီး ပျက်စီးခဲ့သည်။သဘောင်္တစ်စီးလုံး မီးတောက်လောင်ကာ စစ်သည် ၂၂ဦးကျဆုံးခဲ့သဖြင့် သဘောင်္ကတ်ပတိန် အလန်ဝတ်သည်၆ နာရီတွင်သဘောင်္အားစွန့်ခွာရန်အမိန့်ပေးခဲ့ရသည်။ သဘောင်္သည် ၆နာရီ ၃၀ တွင်လုံးဝနစ်မြုပ်ခဲ့သည်။ အာဂျင်တီးနားမှတ်တမ်းများအရ မူ လေထီးဗုံးကြဲချခြင်းမဟုတ်ပဲ ပေါင် ၁၀၀၀ သမရိုးကျ ဗုံး ၂လုံး ဖြင့်တိုက်ခိုက်ခဲ့သည်ဟုဖော်ပြထားပါသည်။
ဆက်ရန်
(ကြယ်နီ)