ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအညာဒေသ မြို့လေးတစ်မြို့မှာပေါ့
ဂျပန်တွေ ဝင်လာတဲ့ အချိန်မို့ မြို့ထဲမှာ ဂျပန်စစ်သားတွေနဲ့
ရှုပ်ယှက်ခတ်နေချိန်ပါ
မြို့လည်လမ်းမကြီးဟာ အထူးပဲ စည်ကားနေချိန်ပေါ့
. . .
မြန်မာအဖိုးအိုတစ်ယောက်ဟာ စက်ဘီးစီးလာရင်း
ကြီးမားလှတဲ့ တင့်ကားကြီးတွေကို အငေးလွန်ရာက
ဂျပန်ဗိုလ်တစ်ယောက်ကို ဝင်တိုက်မိပါတယ်
စက်ဘီးလည်း လဲ
အဘိုးအိုလည်း မှောက်
ဂျပန်ဗိုလ်လည်း ဖင်ထိုင်ကျသွားပါတယ်
သူတို့ဗိုလ်လဲသွားတော့
အနီးနားက ဂျပန်စစ်သားတွေ ချက်ချင်းဝိုင်းလာကြပါရော
ဂျပန်တွေ ရက်စက်တယ်
စရိုက်ကြမ်းတယ် ဒေါသကြီးတယ် ဆိုတာ
အောက်ပြည်က လူတွေက တဆင့်ကြားပြီးပြီမို့
အဖိုးကြီးတော့ ဒုက္ခရောက်ပြီဆိုပြီး
လူတွေ ဝိုင်းကြည့်နေပါတော့တယ်
အဲ့သည့်အချိန်မှာ
ဂျပန်စစ်ဗိုလ်က လဲနေရာကနေလူးလဲထပြီး
ချက်ချင်းဆိုသလို
မျက်နှာကြီးနီရဲပြီး
အကျီ င်္အတွင်းအိတ်ထဲက တစ်စုံတစ်ခုကို
အသဲအသန်ရှာဖွေနေပါတယ်
အားလုံးက သေနတ်ထုတ်ပစ်တော့မယ်လို့ထင်ပြီး
နီးရာအိမ်ထဲဝင်ပြေးကြလို့
လူစည်ကားတဲ့ လမ်းမအလယ်ခေါင်ကြီးမှာ
အဖိုးကြီးရယ်
ဂျပန်ဗိုလ်ရယ်
ဝိုင်းထားတဲ့ စစ်သားတွေရယ်ပဲ ကျန်ပါတော့တယ်
. . .
အဘိုးကြီးဟာ ကြောက်လွန်းလို့ ငုတ်တုတ်လေး ကတုန်ကရင် ဖြစ်နေရာကနေ
ဂျပန်စစ်ဗိုလ် လုပ်လိုက်တဲ့ အပြုအမူကြောင့်
ရယ်ရမလို ငိုရမလို ဖြစ်သွားပါတော့တယ်
. . .
ဂျပန်ဗိုလ်က အကျီ င်္ထဲက မှတ်စုစာအုပ်လေးထုတ်လိုက်ပြီး
ခဏလှန်လျောရှာဖွေလိုက်ပြီး
အောက်ပါ စကားလုံးကို ဂျပန်သံဝဲဝဲ နဲ့
တစ်လုံးချင်းပြောလိုက်ပါသတဲ့
"ေ အာ င် မေ လး နာ လို က် တာ"
တဲ့
သူက အဘိဓာန် ရှာတာကိုး
Inspired by the True Story
ဂျပန်တွေ ဝင်လာတဲ့ အချိန်မို့ မြို့ထဲမှာ ဂျပန်စစ်သားတွေနဲ့
ရှုပ်ယှက်ခတ်နေချိန်ပါ
မြို့လည်လမ်းမကြီးဟာ အထူးပဲ စည်ကားနေချိန်ပေါ့
. . .
မြန်မာအဖိုးအိုတစ်ယောက်ဟာ စက်ဘီးစီးလာရင်း
ကြီးမားလှတဲ့ တင့်ကားကြီးတွေကို အငေးလွန်ရာက
ဂျပန်ဗိုလ်တစ်ယောက်ကို ဝင်တိုက်မိပါတယ်
စက်ဘီးလည်း လဲ
အဘိုးအိုလည်း မှောက်
ဂျပန်ဗိုလ်လည်း ဖင်ထိုင်ကျသွားပါတယ်
သူတို့ဗိုလ်လဲသွားတော့
အနီးနားက ဂျပန်စစ်သားတွေ ချက်ချင်းဝိုင်းလာကြပါရော
ဂျပန်တွေ ရက်စက်တယ်
စရိုက်ကြမ်းတယ် ဒေါသကြီးတယ် ဆိုတာ
အောက်ပြည်က လူတွေက တဆင့်ကြားပြီးပြီမို့
အဖိုးကြီးတော့ ဒုက္ခရောက်ပြီဆိုပြီး
လူတွေ ဝိုင်းကြည့်နေပါတော့တယ်
အဲ့သည့်အချိန်မှာ
ဂျပန်စစ်ဗိုလ်က လဲနေရာကနေလူးလဲထပြီး
ချက်ချင်းဆိုသလို
မျက်နှာကြီးနီရဲပြီး
အကျီ င်္အတွင်းအိတ်ထဲက တစ်စုံတစ်ခုကို
အသဲအသန်ရှာဖွေနေပါတယ်
အားလုံးက သေနတ်ထုတ်ပစ်တော့မယ်လို့ထင်
နီးရာအိမ်ထဲဝင်ပြေးကြလို့
လူစည်ကားတဲ့ လမ်းမအလယ်ခေါင်ကြီးမှာ
အဖိုးကြီးရယ်
ဂျပန်ဗိုလ်ရယ်
ဝိုင်းထားတဲ့ စစ်သားတွေရယ်ပဲ ကျန်ပါတော့တယ်
. . .
အဘိုးကြီးဟာ ကြောက်လွန်းလို့ ငုတ်တုတ်လေး ကတုန်ကရင် ဖြစ်နေရာကနေ
ဂျပန်စစ်ဗိုလ် လုပ်လိုက်တဲ့ အပြုအမူကြောင့်
ရယ်ရမလို ငိုရမလို ဖြစ်သွားပါတော့တယ်
. . .
ဂျပန်ဗိုလ်က အကျီ င်္ထဲက မှတ်စုစာအုပ်လေးထုတ်လိုက်ပြ
ခဏလှန်လျောရှာဖွေလိုက်ပြီး
အောက်ပါ စကားလုံးကို ဂျပန်သံဝဲဝဲ နဲ့
တစ်လုံးချင်းပြောလိုက်ပါသတဲ
"ေ အာ င် မေ လး နာ လို က် တာ"
တဲ့
သူက အဘိဓာန် ရှာတာကိုး
Inspired by the True Story