Quantcast
Viewing all articles
Browse latest Browse all 1811

နှလုံးသားမှာ ဘုရားတည်


မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ ထွန်းကားလာတာ နှစ်ပေါင်းထောင်ချီနေပါပြီ...
ဘာကြောင့် တည်တံ့ခိုင်မြဲခဲ့သလဲ ခေတ်အဆက်ဆက်က ဘာသာရေးကို အလေးထားလို့ ကိုယ့်အမျိုးဘာသာ၊ သာသနာကို တရားအသိဖြင့်စောင့်ရှောက်ခဲ့လို့ တစ်နည်းအားဖြင့် နှလုံးသားမှာ ဘုရားတည်ပေးခဲ့ကြလို့... တည်တံ့ခိုင်မြဲလာတာပါ။ အဆောက်အဦးတွေကြောင့် ဘုရားပုထိုးစေတီတွေကြောင့် တည်မြဲမယ်ဆိုရင် အာဖဂန်က ရှေးဟောင်းအမွေအနှစ်ရုပ်ပွားတော်တွေ အဖျက်ဆီးမခံရနိုင်ဘူး၊ အင်ဒိုနီးရှားမှာ ကမ္ဘာ့အကြီးဆုံး ဗောဓေါဗုဓု စေတီတော်ကြီးရှိတယ် သို့သော်ယနေ့ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်နိုင်ငံဖြစ်နေပြီ... ဘာကြောင့်လည်း ကလေးတွေ လူငယ်တွေရဲ့ နှလုံးသားမှာ ဘုရားမတည်ခဲ့နိုင်လို့... ဘာသာတရားအသိမရှိကြတော့လို့ အခြားဘာသာက ၀င်ရောက်နေရာယူသွားကြတာပါ။ ကျွန်တော်နားလည်ထားတဲ့ဗုဒ္ဓဘာသာဝင်ဆိုတာ.. ဗုဒ္ဓရဲ့ စကားကိုနားထောင်သူ အဆုံးအမကို လိုက်နာသူလို့ နားလည်ထားပါတယ်..
အခု မျိုးစောင့်ဥပဒေဆိုပြီး ပြောနေကြတာတွေကို တွေ့ရတယ်.. ကျွန်တော် မဝေဖန်လိုပါ...
ဥပဒေဆိုတာကတော့လိုအပ်ချက်ရှိရင် ပေါ်ပေါက်လာမှာပါပဲ...
သို့သော်..
ဘာသာတရားအတွက်ဆိုရင်တော့ ကိုယ့်ဘာသာဝင် လူငယ်တွေကို ကလေးတွေကို ဘာသာရေးအသိ တိုးတက်အောင် ဘာသာ၊ သာသနာကို လေးစားအောင်၊ နှလုံးသားထဲမှာ ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊ မိဘဆိုတဲ့ အနန္တောအနန္တငါးပါးကို စွဲမြဲနေအောင်ပြုစု ပျိုးထောင်ပေးရမှာ။ နှလုံးသားထဲမှာ ဘုရားတည်နိုင်ဖို့က အရေးအကြီးဆုံးပါ။
ဘာသာခြား လူငယ်များက သူ့နေ့ရက်နဲ့သူ သူတို့နဲ့သက်ဆိုင်ရာ ဘုရားရှိခိုးကျောင်းတွေ၊ ဗလီတွေကို သွားနေကြပေမယ့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူငယ်တွေကတော့... ဘာသာရေးအသိမရှိကြဘူး.. ယုတ်စွအဆုံး ဘုန်းကြီးရဟန်းနဲ့တွေ့တာ စကားပြောတာတောင်မှ ဖြောင့်ဖြောင့်တန်းတန်းမပြောဆိုတတ်ကြဘူး၊ ထိခြင်းငါးပါးနဲ့ အညီရှိခိုးဦးမချတတ်ကြတော့ဘူး၊ ဥပုသ်သီလဆောက်တည်ကြတဲ့ လဆန်း၊ လဆုပ်၊ လပြည့်၊ လကွယ်နေ့တွေကို မသိကြတော့ဘူး ဘာသာခြားလူငယ်များက သူတို့ဘာသာကိုရှင်သန်တိုးပွားအောင် လုပ်ဆောင်နေကြချိန်မှာ ကျွန်တော်တို့ လူငယ်တွေက ဟေလားဝါးလားနဲ့ အချိန်ကုန်နေကြတယ်.. လူငယ်တွေကို ကလေးငယ်တွေကို ဘာာသာ၊ သာသနာနဲ့ပတ်သက်လို့.. အခြေခံလေးတွေကိုသိထားအောင် ပြောနိုင်အောင် မိဘတွေကလည်းသင်မပေး.. ကိုယ်က မသင်ပေးနိုင်တော့သင်ပေးနေတဲ့ ဘုန်းတော်ကြီးကျောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းစတာတွေကိုလည်းမပို့၊ ဘာသာရေးစာအုပ်စာစောင်တွေလည်းမဖတ် အခုလူငယ်တွေမှာ ဘာသာတရားနဲ့ပတ်သက်လို့ မေးရင် ဘာမှမပြောနိုင်ကြဘူး.. ဘုရားရှိခိုးတောင် ဖြောင့်ဖြောင့်တန်းတန်း မရှိခိုးတတ်ကြတော့ဘူး ငါးပါးသီလ အလွတ်မရကြတော့ဘူး... မေတ္တာပို့ အမျှဝေ မလုပ်တတ်ကြဘူး...
ဖြစ်သင့်တာက ဆရာတော်အရှင်ဆေကိန္ဒလို နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသားလေးတွေကို ခေါ်ပြီး Camp သွင်းသလို ပုံစံမျိုးနိုင်ငံအနှံ့အပြားက ဘုန်းတော်ကြီးကျောင်းများမှာ လုပ်ပေးကြရမယ်... ကိုယ့်ဘာသာတရားရဲ့အဆုံးအမကဘာလဲဆိုတာကိုနားလည်အောင်သင်ပေးကြရမယ် ဒါမှ နှလုံးသားမှာ စွဲစွဲမြဲမြဲသိမှ ကိုယ့်အမျိုးဘာသာ သာသနာကို ချစ်တတ်မှ ဘာသာတည်မြဲမှာပေါ့ဗျာ... ဥပဒေပြဌာန်းရုံနဲ့တော့ သိပ်ထူးမည်မထင်... ဗုဒ္ဓကိုယ်တိုင်လည်း ကာလာမသုတ်မှာ ဟောထားပါတယ် ငါပြောလို့၊ ငါ့မိဘပြောလို့၊ ငါ့ဆရာပြောလို့၊ အစဉ်အဆက်ယုံကြည်ခဲ့ကြလို့ မယုံပါနဲ့ မိမိကိုယ်တိုင် ဝေဖန်စိစစ်ပြီးမှ ဆုံးဖြတ်ပါလို့ဟောထားခဲ့တယ်.. မြတ်ဗုဒ္ဓရဲ့ဝါဒက ၀ိဘစ္ဆ၀ါဒပါ...
နှလုံးသားမှာ ဘုရားတည်ထားပြီးရင် ဘယ်သူဆွယ်ဆွယ် ကိုယ့်ဘာသာကို မပါယ်တော့ပါဘူး...
မိရိုးဖလာဗုဒ္ဓဘာသာကနေ၊ တကယ့်ဗုဒ္ဓဘာသာဝင်ဖြစ်အောင်... ကြိုးစားပေးကြပါစို့....

လွတ်လွတ်လပ်လပ်သဘောထားကွဲလွဲနိုင်ပါတယ်...
အဲဒါ ဒီမိုကရေစီရဲ့အနှစ်သာရပါ...

ကိုယ်စိတ်နှစ်ဖြာ အေးမြသာယာရှိကြပါစေ..
ကိုဇော်မျိုးထွန်း @ Ko Zaw JullyguyZaw

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>