ဒေါ်စု ဒီနေ့ အသက် ၆၈ နှစ်ပြည့် မွေးနေ့လို့ သိလိုက်ရတော့ ဝမ်းလည်း ဝမ်းသာမိသလို စိတ်ထဲမှာလည်း သက်ပြင်းချမိတယ်...... ဝမ်းသာမိတာကတော့ အခက်အခဲ အတားအဆီးတွေကြားထဲကနေ ဒီနေ့လို ၆၈ နှစ်ပြည့်တဲ့အထိ မားမားမတ်မတ် ရင်ဆိုင်ဖြတ်ကျော်လာခဲ့တဲ့ အတွက်ကြောင့်ပါပဲ...... သက်ပြင်းချမိတာကတော့ မြန်မာနိုင်ငံရေးမှာ ဒေါ်စုပါဝင်နိုင်မယ့် သက်တမ်း အတော်နည်းနေတာကို စဉ်းစားမိတာရယ်၊ လက်ရှိ မြန်မာန
ိုင်ငံရဲ့ အခြေအနေကို တွေးတောမိတာရယ်ကြောင့်ပေါ့......
သေခြာပြန်တွေးကြည့်တော့ ဒီ ၆၈ နှစ်ပြည့်မွေးနေ့ဟာ အရင်တုန်းက အခြားသော မွေးနေ့တွေထက် ဒေါ်စုအတွက် ပိုအနှစ်သာရရှိမယ်လို့ မြင်မိတယ်..... ဘာကြောင့်လည်းဆိုတော့ ယခင်နှစ်တွေနဲ့မတူပဲ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်တယ်၊လွတ်လပ်စွာ မဲဆွယ်နိုင်ခဲ့တယ်၊ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်ခဲ့တဲ့အပြင် လွှတ်တော်မှာလည်း ဝင်ရောက်နေရာယူပီး တရားဥပဒေ စိုးမိုးမှု ကော်မတီ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေသလို လက်ပံတောင်းတောင် ကိစ္စမှာ အရည်အချင်းပြည့်မှီတဲ့ ပညာတတ် ပုဂ္ဂိုလ်တွေနဲ့ လက်တွဲလုပ်ပီး အများလက်ခံနိုင်ဖွယ် ရလာဘ် ထွက်လာစေတဲ့ အတွက်ကြောင့်ပါပဲ..... တနည်းအားဖြင့် မြန်မာသာမက ကမ္ဘာကပါ ဒေါ်စုရဲ့ နိုင်ငံရေး ရေချိန်ကို အကဲခတ်ခွင့် ရခဲ့တဲ့ ကာလတွေပေါ့..... ဒါကြောင့် ၆၇ နှစ်မှသည် ၆၈ နှစ်ပြည့် ဖြတ်ကျော်တဲ့ ကာလတွေဟာ ယခင့် ယခင် မွေးနေ့ ကလာတွေထက် ပိုပြီး အဓိပ္ပါယ်ပြည့်ဝနေမှာပါပဲ.....
ဒေါ်စု ကြားဖြတ် ရွေးကောက်ပွဲ ဝင်သည်မှသည် လွှတ်တော်ထဲ ဝင်သည်မှအလည် အခုလက်ရှိ တရားဥပဒေစိုးမိုးရေး ကော်မတီ တာဝန်ထမ်းဆောင်ခြင်း၊ လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်နေခြင်းတွေကို တောက်လျှောက်ထောက်ခံခဲ့တဲ့ ကျွန်တော့်အတွက်တော့ ၂၀၁၅ မှာ နိုင်ငံကို ကောင်းမွန်အောင် ပဲ့ပြင်နိုင်တဲ့နေရာမှာ ဒေါ်စုရှိနေဖို့ကို မျှော်လင့်နေဆဲပါပဲ...... အထူးသဖြင့် သူတစ်လူ၊ ငါတစ်မင်း၊ ရန်၊ ငါ စည်းပြတ်တဲ့ မြန်မာလူမျိုးတွေကြားထဲမှာ အယူဝါဒ မတူသူတွေကို အရှိန်အဝါနဲ့ ဟန့်တားနိုင်တဲ့ ဒေါ်စုလို လူတစ်ယောက်အနေနဲ့ နိုင်ငံရေးရဲ့ အဓိကနေရာမှာ ရှိနေစေချင်ခဲ့တာပါပဲ.......
အားရတာတွေ ရှိခဲ့သလို၊ အားမရတာတွေ ရှိခဲ့တဲ့အတွက် ဒေါ်စုကို ဝေဖန်ခဲ့တယ်...... ဝေဖန်ခဲ့တဲ့ အချက်တွေဟာ တိုင်းပြည်အတွက် အဓိကထားခဲ့ပါတယ်...... ရံဖန်ရံခါမဟုတ်ပဲ မကြာခဏတွေ့နေရတဲ့ ဒေါ်စုဘေးက အမြှောက်တပ်တွေကြောင့် တစ်ချိန်က ကိုမိုးသီးဇွန်ရေးခဲ့ပြီး အခုအချိန်ထိ အချို့အချက်တွေ မှန်နေသေးတဲ့ လူ့ဘောင်သစ် ကော်မတီရဲ့ အစီရင်ခံစာကိုလည်း ကျိုကြား ကျိုကြား တင်ဖြစ်ခဲ့တာဟာ ပကတိ အဖြစ်မှန်ကို မြင်တွေ့စေချင်လို့ပါပဲ..... အားမရတာတွေကတော့ လွှတ်တော် အမတ်တစ်ယောက်အနေနဲ့ ဒေါ်စုကို ဦးသိန်းညွန့် တောက်လျှောက် လုပ်လာတာတွေထက် ပိုမျှော်လင့်မိတယ်...... တရားဥပဒေ စိုးမိုးမှု ကော်မတီဝင် တစ်ယောက်အနေနဲ့ လက်ရှိ အားနည်းနေတဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို ထိထိရောက်ရောက် ပြင်စေ့ချင်ခဲ့တယ်...... ဒါပေမယ့်လည်း မျှော်လင့်တာတွေ ဖြစ်မလာတော့ ဝေဖန်နေပေမယ့် အခုလို မွေးနေ့ရက်မှာတော့ ဒေါ်စုကို စိတ်ဖိအားကင်းကင်းနဲ့ ရှိနေစေချင်ပါတယ်.....
ဒေါ်စုရဲ့ မွေးနေ့ကို ဒေါ်စုပုံနဲ့ မွေးနေ့ဆုတောင်း တင်မယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ်ကျော်ကမှ အကောင့်ပျက်သွားတဲ့ သင်ခန်းစာရယ်၊ အခုထိ ရီပို့ထိနေတဲ့ သင်ခန်းစာတွေကြောင့် ဒေါ်စုပုံနဲ့ မွေးနေ့ဆုတောင်း မတင်ရဲဘူး ဖြစ်နေတယ်...... အရင်အကောင့်မှာ ဒေါ်စုပုံတင်ပီး ဝေဖန်ခဲ့လို့ Targeted Individual Harassment လုပ်ပါတယ်ဆိုပီး တိုင်လိုက်တဲ့အတွက် အကောင့်ပျက်သွားတာ သင်ခန်းစာ ဖြစ်နေတာကိုး...... ဖေ့ဘွတ်ထဲမှာ ဖွင့်ထားတဲ့ ဒေါ်စုအကောင့်ကနေ Personal Insulting လုပ်တယ်ဆိုပီး တိုင်လိုက်တဲ့အတွက်ကြောင့်လည်း ကျွန်တော့်အကောင့် ချက်ခြင်းပိတ်သွားတာပေါ့..... ဒေါ်စုဖေ့ဘွတ်သုံးဖို့ အချိန်မရှိဘူးဆိုတာ သိထားတဲ့ ကျွန်တော့်အတွက်တော့ ဒေါ်စုအကောင့်ကိုကိုင်တဲ့လူ ဘယ်သူက သောက်မြင်ကတ်ပုဒ်မနဲ့ တွယ်လိုက်တယ်ဆိုတာ သိထားတော့ မလှုပ်ရဲဘူးလေ..... ကျွန်တော်တို့အတွက် အဲ့ဒိအကောင့်ဟာ ဒေါ်စုမသုံးဘူးဆိုတာ သိပေမယ့် ဖေ့ဘွတ်ကတော့ ကမ္ဘာ့နိုဘယ်ဆုရှင်ရဲ့ အကောင့်လို့ သိထားလေတော့ အဲ့ဒိအကောင့်က ရီပို့လုပ်လိုက်တာနဲ့ ချက်ခြင်းကို ကျွန်တော့်အကောင့်ကို ပိတ်ပစ်တာပေါ့....... အခုထိလည်း အဲ့ဒိအကောင့်က ဒေါ်စုပုံစံသုံးပီး တစ်ခြားမကျေနပ်တဲ့ အကောင့်တွေကို ရီပို့လိုက်လုပ်နေတော့ ကျွန်တော်လည်း ဒေါ်စုပုံ မတင်ရဲတော့ဘူးပေါ့.........
ဓါတ်ပုံတင်မှ မွေးနေ့ဆုတောင်းလို့ရတာ မဟုတ်ဘူးဆိုတာ သိထားလေတော့ ဒီအတိုင်းပဲ ဆုတောင်းပေးချင်ပါတယ်..... ယနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့မှသည် နောင် နှစ်များစွာအထိ အရှုပ်အထွေး၊ ရန် /ငါ စည်းတအားခြားပြီး အလှည့်အပါတ်များတဲ့ မြန်မာနိုင်ငံရေးလောကမှာ မြန်မာနိုင်ငံသားတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...... Confrontation တွေအစား Negotiation တွေနဲ့ ဆက်သွားနိုင်ပါစေ၊ ပြည်သူလူထုအတွက်သာမက ဒေါ်စုနောက်ပိုင်း ကာလတွေမှာ မြန်မာပြည်သူတွေအကျိုးကို ရပ်တည်နိုင်ဖို့ NLD ကို မျိုးဆက်မပြတ်အောင် ထားခဲ့နိုင်ပါစေလို့ ဆုမွန်ပြုပါတယ်...... အထူးသဖြင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံရဲ့ အကြီးအကဲ ဥသျှောင်ရာထူးကို မရသော်ငြား ရသည့်နေရာ၊ ရသည့် လုပ်ပိုင်ခွင့်တွေထဲကနေ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားတာကို နမူနာယူပြီး သမ္မတဖြစ်မှ ပြည်သူ့အကျိုးကို လုပ်ဆောင်မယ့်အစား အခုလက်ရှိလုပ်ပိုင်ခွင့်တွေနဲ့ ၂၀၁၅ မတိုင်ခင် ၂ နှစ်အတောအတွင်းမှာ တိုင်းသူပြည်သားတွေအတွက် အကောင်းဆုံး လုပ်ဆောင်ပေးရင်း ၂၀၁၅ အတွက် ထိုက်တန်တဲ့ရာထူးကိုယူဖို့ အရည်အချင်းပြသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.......
အတားအဆီးတွေကြားက ရုန်းထွက်ရင်း လောကကို အလှဆင်နိုင်တဲ့ ကြာပွင့်လေးလို ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်.....