Quantcast
Viewing all articles
Browse latest Browse all 1811

အဓိကရုဏ်းနှိမ်နင်းရေး နဲ့ ပြည်သူ့ဘဝလုံခြုံရေး

လူမှုရေး(သို့)ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၆ ဦးကျော်ရှိခဲ့တဲ့ တရုတ်နိုင်ငံ Xinjiang အနောက်မြောင်းပိုင်းဒေသကို လုံခြုံရေးထိမ်းသိမ်းဆောင်ရွက်ဖို့ ဇွန်လ(၃၀)ရက်နေ့က ၀င်ရောက်လာတဲ့ တရုတ်အဓိကရုဏ်းနှိမ်နှင်းရေး တပ်ဖွဲ့ဖြစ်ပါတယ်။
---------------------------------------------------------------------------------------
အဲဒီတပ်ဖွဲ့မှာ ကျနော်တို့တွေ့နိုင်တာက -
* တပ်ဖွဲ့အင်အား လုံလောက်အောင်ပါတာတွေ့ရတယ်။ (လူစုလူဝေး ဖြိုခွဲဖို့သပ်သပ်၊ လုံခြုံရေးဆောင်ရွက်ဖို့ သပ်သပ်)

* တစ်ဖက်တည်းကို နှိပ်ကွပ်မယ့် သဘောမျိုးမဖြစ်အောင် ကြေညာချက်(သို့)သိစေချင်တာတွေကို ဘာသာစကားနှစ်မျိုးနဲ့ ထင်ရှားအောင် ရေးသားချိတ်ဆွဲလာတာမြင်ရတယ်။ (ဒီအတွက် “ဟိုဖက်ဒီဖက် ကျနော်တို့ကို လုပ်နေပါတယ်ခင်ည” အော်တတ်တဲ့ကောင်တွေ အော်ဖို့နည်းနည်းခက်သွားတယ်)

* လက်နက်ပစ္စည်း ပြည့်စုံအောင်ပါတယ်။
* တပ်ဖွဲ့ဝင်တွေရဲ့ အသက်နဲ့ လုံခြုံရေးကိုလည်း ပြည့်စုံအောင် ချပ်ဝတ်၊ ဒိုင်း၊ တုတ် စသည်ဖြင့် ဖြည့်ဆည်းပေးထားတယ်။
* သံချပ်ကာကားတွေပါတယ်။
* Command & Control ကားတွေ၊ communication အတွက် ကားတွေလည်း ပါလိမ့်မယ်။ လူစုခွဲဖို့မီးသတ်ကားတွေ၊ လူနာတင်ယာဉ်၊ အချုပ်ကား အားလုံးပါတယ်။
* ယုတ်စွအဆုံးဗျာ။ လိုအပ်ရင် အတားအဆီးတွေ ကျော်ဖြတ်နိုင်ဖို့ တံတားခင်းတင့်လိုကားမျိုးတောင် ပါနိုင်တယ်။

ဒီလိုအဖွဲ့မျိုးတွေကို စုစည်းပြီးဇာတ်တိုက်လေ့ကျင့်ထားပြီးသားဖြစ်ဖို့များတယ်။ သီးသန့်တာဝန်ယူတဲ့ တပ်မှူးတော့ရှိလိမ့်မယ်။ ကျနော်တို့တွေ့တဲ့ ယူနစ်တွေအားလုံးဟာ သူ့ရဲ့ အမိန့်အောက်မှာ တာဝန်ထမ်းဆောင်ကြတာဖြစ်လိမ့်မယ်။ အားကျလိုက်တာဗျာ။ ဒီလိုဆိုရင် ၁၂လရာသီ ဆန္ဒပြနေတဲ့ ကျနော်တို့မြန်မာနိုင်ငံ။ လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြုလို့ ဆူပူဖျက်ဆီးမှုတွေ၊ မီးရှို့သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားခဲ့တဲ့ ကျနော်တို့မြန်မာနိုင်ငံမှာကော ဒီလိုချပ်ဝတ်တန်ဆာ၊ ဒီလိုကားမျိုးတွေမရှိဘူးလား၊။ ရှိပါတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ရဲ့ အဓိကရုဏ်းနှိမ်နှင်းရေးဝတ်စုံက ဒီ့ထက်တောင် သားနားပြည့်စုံသေးတယ်။ အဲလိုကားမျိုးတွေ ကျနော်တို့နိုင်ငံမှာလည်းရှိတာပဲ။ ရှိတာလေးတွေကို မသုံးပဲထားတာကမှ ပြဿနာ။ ဒီလို နိုင်ငံတော်အဆင့် တပ်ဖွဲ့မျိုး(၅)ဖွဲ့လောက် ဖွဲ့စည်းထားပြီး လိုအပ်တဲ့ဒေသသို့ အလျင်အမြန်ဖြန့်ကျက် တာဝန်ပေးအပ်သင့်ပါတယ်။ ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေမှာတော့ မျက်နှာသိ၊ ဆွေမျိုး၊ တစ်ရပ်တည်းသား ဆိုတဲ့ ပတ်သက်မှုတွေကြောင့် နှောင့်နှေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ သီးသန့်တပ်ဖွဲ့ ဖြစ်တဲ့အတွက် တပ်မှူးဟာ သူတာဝန်ယူရမယ့် ဒေသက ဒေသန္တရအာဏာပိုင် အဖွဲ့အစည်းရဲ့ ဦးဆောင်မှုအောက်မှာ ပေါင်းစပ်တာဝန်ယူသွားမယ်ဆိုရင် တရလွန် ရမ်းကားလေ့ရှိတဲ့ လူစားမျိုးတွေကို လက်ဦးမှုယူ တားဆီးနိုင်မှာပါ။ တရားဥပဒေစိုးမိုးရေးကို လက်ဦးမှုယူတည်ဆောက်နိုင်မှာပါ။ အားလုံးဖြစ်ပြီးသွားတော့မှ - မီးလိုက်ငြှိမ်း၊ အစားအစာကျွေး၊ အိမ်အသစ်ပြန်ဆောက်၊ ဆေးရုံအသစ်ထပ်ဆောက်၊ စာသင်ကျောင်းပြန်ဆောက်လုပ်နေရတာ ဆုံးရှုံးမှုလည်းများ၊ ကုန်ကျစရိတ်လည်းများသလို အရင်လို အေးချမ်းတဲ့လည်ပတ်မှုမျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။ လုံခြုံရေးတပ်ဖွဲ့ရှေ့ ခုတ်နေ၊ ရှို့နေတာကို အင်အားမလောက်လို့ ရပ်ကြည့်နေရတာပါဆိုတဲ့ အကြောင်းပြချက်မျိုးတွေလည်း မျက်နှာပူပူနဲ့ ပေးစရာမလိုတော့ပါ။ ဒီလိုတပ်ဖွဲ့မျိုးတွေနဲ့ ထိမ်းသိမ်းဖို့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကိုမှ အင်အားအလွန်အကျွံ သုံးစွဲတယ် အပြောခံရမှာကြောက်နေစရာမလိုပါ။ မိမိနိုင်ငံသား(ဘယ်ဘာသာဝင်မဆို) လုံခြုံအေးချမ်းစွာ တရားဥပဒေစိုးမိုးမှု အောက်မှာ နေရတာပါကလားဆိုတဲ့ အေးချမ်းလုံခြုံမှုမျိုးကို အစဉ်ထာဝရပေးစွမ်းနိုင်ရေးသည်သာ မဓာန ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်ခင်ဗျား။

(မီးဆိုတာ ပူ ၍ မလောင်ခင်က ရေများများဖြင့်လောင်းစေချင်သော - စနေသား)
— with Ye Moe and 16 others.(15 photos)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...