Ucs Jugger's status update.
------------------------------
သဘောထားကွဲလွဲမှု ပဋိပက္ခ (Conflict) ဆိုသည်မှာ မိမိနှင့် မိမိအဖွဲ့အစည်း၊ မိမိနှင့် မိမိရပ်ရွာ၊နိုင်ငံ ကိုယ်စီရဲ့ ထင်မြင်ချက်၊ ရည်မှန်းချက်၊ ပန်းတိုင်ခြင်းမတူရသောကြောင့် အပြန်ပြန်အလှန်လှန် တစ်ဖက်နှင့် တစ်ဖက်ရန်လိုမှု၊ အနိုင်ရလိုမှုဖြစ်အောင် ကြိုးစားခြင်းဖြစ်သည်။ မိမိရဲ့ အောင်မြင်လိုစိတ်ထက် အောင်နိုင်လိုစိတ် အတ္တ အသားပေးစရိုက်လက္ခဏာများကြောင့်ြ
***ဖြစ်ပွားရခြင်းအကြောင်းအရင်း
၁) အရင်းအမြစ် ပြသာနာရှားပါးလာမှု၊ လိုချင်တပ်မက်မှု (Scarce resources)
၂) မရေရာမပြတ်သားသော တရားစီရင်ဆုံးဖြတ်မှု (Jurisdictional ambiguities)
၃) ဆက်ဆံရေး ကျဲပါးမှု၊ ပြတ်တောက်မှု (Communication breakdown)
၎) ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောထားမတိုက်ဆိုင်မှု (Personality clashes)
၅) လုပ်ပိုင်ခွင့်အာဏာအပေါ်အသုံးချြ
၆) ရည်မှန်းချက် ပန်းတိုင် မတူညီမှု (Goal differences) တို့ပဲဖြစ်ပါတယ်။
များသောအားဖြင့် မိသားစုအသိုင်းအ၀ိုင်းတွေမှာလည်
သဘောထားကွဲလွဲမှုတွေရဲ့ စိတ်ဓာတ်အမြင်အများကို အောက်ပါအတိုင်းတွေ့ရမှာပါ။
1) Competing / Forcing (ယှဉ်ပြိုင်ခြင်း)
သူတစ်လမ်း ကိုယ်တစ်လမ်း မျဉ်းဖြောင့်လို အနေအထားဖြင့်သွားနေပြီး တစ်ဖက်သားရဲ့ ဆန္ဒကိုလည်း လက်မခံ ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်
2) Avoiding (ရှောင်ရှားခြင်း)
တစ်ဖက်သား ဆန္ဒကိုလက်ခံသည်၊ မခံသည်တော့မဟုတ် မသိချင်ယောင်ဆောင်သော အဆင့်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်မရြှိ
3) Accomodation (လိုက်လျောညီထွေရှိခြင်း)
တစ်ဖက်သားရဲ့ ဆန္ဒကို လက်ခံသည် လက်မခံသည်တော့မဟုတ် မိမိ၏ အထင်အမြင်တစ်ဖက်တည်းအပေါ်ကို ဦးညွှတ်လာစေရန် မိမိယုံကြည်မှုကို တစ်ဖက်သား ကိုယ့်ဘက်ပါလာစေရန် ပူးကပ်သတ်သည့် အနေအထား ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြ
4) Collaboration (ပူးပေါင်းဆောင်ရွက်လိုခြင်း)
တစ်ဖက်သားရဲ့ ဆန္ဒကိုလည်း လက်မခံ ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်
5) Compromising (ညှိနှိုင်းဆောင်ရွက်ခြင်း)
တစ်ဖက်သားရဲ့ ဆန္ဒကို မမာလွန်း၊ မပျော့လွန်း အခြေအနေတစ်ရပ်ကို လက်ခံထားပြီး နှစ်ဦးနှစ်ဖက် လျော့ပေါ့စဉ်းစားပြီး အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြ
အထက်မှာ သဘောထားကွဲလွဲမှု အမြင်များကိုတင်ပြထားပြီးနောက်ဆ
၁) Skirmishes (တစ်ဖက်နဲ့ တစ်ဖက် အားစမ်းခြင်း အနေအထား)
၂) Confrontations (တစ်ဖက်နဲ့ တစ်ဖက် ရင်ဆိုင်ထိပ်တိုက်တွေ့ခြင်း အနေအထား)
၃) Full Scale War (တစ်ဖက်နဲ့ တစ်ဖက် သူနိုင်ကိုယ်နိုင် အပြိုင်ချဲ ချေမှုန်းခြင်း အနေအထား)
*Skirmishes အနေအထားမှာ နိစ္စဓူဝ တွေ့နေမြင်နေရတာတွေ သူ့အမြင်ကိုယ့်အမြင်မတူ၊ သူက ကိုယ့်ကိုကြောတာ ကိုယ်ကသူ့ကိုကြောတာ တစ်နည်းအားဖြင့် တစ်ယောက်နဲ့ တစ်ယောက်တွက်ကပ်ခြင်းကို သိနေတဲ့ အနေအထား၊ အားစမ်းယှဉ်ပြိုင် စောင်မြောင်စပြုနေတဲ့ အနေအထား၊ အရမ်းကြီးမကြီးထွားသေးပေမဲ့ ယခုအနေအထားမှာတင် အမြစ်ဖြတ်နိုင်တဲ့ အဆင့်ဖြစ်ပါတယ်။ Solving အနေနဲ့ တစ်ဖက်သားရဲ့ ဆန္ဒအမြင်ကို အကယ်လို့သာ ဟူသော အမြင်မျိုး ဖေးဖေးမမ တစ်ယောက်နဲ့ တစ်ယောက်မြင်ပေးမယ် ပြောဆိုခွင့်ပေးမယ်ဆိုရင် ဒီအဆင့်မှာတင် ပြတ်ပါတယ်။
*Confrontations အနေအထားဟာ တစ်ဖက်နဲ့ တစ်ဖက် မကြာခဏ ထိပ်တိုက်တွေ့ဆုံပြီး အနေအထား စကားများပြီး အနေအထားဖြစ်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အလျော့ပေးခြင်း လက္ခဏာလျော့ပါးလာတယ်။ ပြင်းထန်လာတယ်။ မခေါ်မပြောချင်သော အဆင့်ထိရောက်လာတယ်။ Solving အနေနဲ့ မဖြစ်ခင်ပထမဦးစွာ မိမိ မကျေနပ်သမျှ စုပုံမထားသင့်ပါဘူး။ ဘွင်းဘွင်းရှင်းရှင်း တိုင်တိုင်ပင်ပင်လုပ်ပါ။ မိမိအမြင်နဲ့ မတူသည့် အကြောင်းအရာကို အဖွဲ့အစည်းအကျိုးကို အဓိကထား အခြေခံ ဖြေရှင်းပြီး ပုဂ္ဂလိက ခံစားချက်ဘေးဖယ်ထုတ်ပါ။ လွန်လွန်ကဲကဲ အပြုအမူများ ထိန်းချုပ်ပါ။
*Full Scale War တစ်ဖက်နှင့်တစ်ဖက် စေ့စပ်ညှိနှိုင်းရန် အတော်ပင်ခက်ခဲပြီး သူနိုင်ကိုယ်နိုင် ရေကုန်ရေခမ်း ဘတစ်ပြန်ကျားတစ်ပြန် တစ်ဖက်မဟုတ် တစ်ဖက် အရှုံးရလဒ်ထွက်သည်အထိ လုံးဝဥသုန်ချေမှုန်းသော အဆင့်ဖြစ်သည်။ ကမ္ဘာစစ်များဥပမာဖြစ်သည်။ Solving အနေနဲ့ နှစ်ဦးနှစ်ဖက် ဖြေရှင်းနိုင်သော အဆင့်မဟုတ်သည့်အတွက် ကြားလူ တတိယလူ ၀င်ရောက်ဖြေရှင်းရသော အနေအထားဖြစ်သည်။ ဖြေရှင်းခြင်း (Resolve) ထက် ဖြန်ဖြေခြင်း (Intervence) ကို တတိယလူက ညှိနှိုင်းပေးရသည်။ တတိယလူ အဓိက အနေအထားဖြစ်သည်။ ကျူးဘားအရေးအခင်းတွင် ကုလသမ္ပဂအထွေထွေအတွင်းရေးမှူးချူ
*လိုအပ်ချက်များစွာရှိပါသေးသဖြင
______________________________
ဆရာနေဇင်လတ် Managing Conflict ဆောင်းပါးနှင့် MHR Subject မှ Conflict Notes များကို အကြမ်းဖျင်းထုတ်နှုတ်ရေးသားသည်။