Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်တော် တို့ကျောင်း

  1.  
  2. စစ်တက္ကသိုလ်
  3. credit ပုံရိပ်စစ်

    ကျွန်တော် တို့ကျောင်းးးးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးးးးးးး

    ကျနော်ကျောင်းမှာ
    အပြင်တက္ကသိုလ်တွေလို တော့ 
    စိန်ပန်းပြာနဲ့ အင်းယာလမ်းလိုတွေတော့ မရှိပါဘူးကွယ်.....

    အောင်စစ်သည်လမ်းမှာတော့  ချယ်ရီတွေပွင့်ဝေဖူးရဲ့ထင်.........။

    ကျနော်ကျောင်းမှာ
    အပြင်တက္ကသိုလ်တွေလိုတော့ 
    အရောင်ကာလာစုံတဲ့  အလှပန်းတွေမရှိပါဘူးကွယ်........

    ၅၂၈ မလျော့ တဲ့ ညီအကိုသံယောဇဉ်တွေတော့  ချည်နှောင်ဖူးပါရဲ့ထင်.........

    ကျနော်ကျောင်းမှာ
    အပြင်တက္ကသိုလ်တွေလိုတော့ 
    မိဘတွေလာချင်တိုင်းလာခွင့်မရှိပါဘူးကွယ်.........

    အိမ်ကပို့ ပေးတဲ့ စာကိုတော့ ခြင်ထောင်ကြားမှာကွယ်ဝှက်တိတ်တိတ်ကလေးဖတ်တက်ခဲ့ဖူးမယ်ထင်...။

    ကျနော်ကျောင်းမှာ
    အပြင်တက္ကသိုလ်အဆောင်တွေလို တော့ 
    ဂီတာသံတွေ၊ROCK အသံတွေ ညံခွင့်မရှိပါဘူးကွယ်..........

    ၁၀ နာရီဆို လိုင်းဒေါင်းချ မီးအမှောင်ကျလို့  လက်အပြည့်လွဲပြီး ကင်းစောင့်ခဲ့ဖူးမယ်ထင်.....။

    ကျနော်ကျောင်းမှာ
    အပြင်တက္ကသိုလ်အဆောင်တွေလို နေခွင့်မရှိပါဘူးကွယ်

    စောင်ခေါက်ပုံ ပုံမကျ အိပ်ယာချည်ခင်းအစထွက်တော့  OUT PASS တွေလည်းပိတ်ခဲ့ ဖူးမယ်ထင်။

    ကျနော်ကျောင်းမှာ
    အပြင်တက္ကသိုလ်တွေလိုတော့ .....
    ကိုယ်ကြိုက်တာဝယ်စား အစားအသောက်လည်းရွေးချယ်ဂျီးများခွင့်မရှိပါဘူးကွယ်.....

    အလှည့်ကျကျွေးတဲ့ ဟင်း ဇွတ်အတင်းစားခဲ့ ဖူးမယ်ထင်...........။

    ကျနော်ကျောင်းမှာ
    အပြင်တက္ကသိုလ်တွေလိုတော့
    အနီးကပ် ကျူရှင်အပိုင်းတွေ မရှိပါဘူးကွယ်

    စားမေးပွဲတွင်းဆိုဂါဒီယမ်ဝိုင်းတွေက ခေါက်ဆွဲပြုတ်တွေသယ်လာဂရုစိုက်ခဲ့ ဖူးမယ်ထင်..........။

    ကျနော်ကျောင်းမှာ
    အပြင်တက္ကသိုလ်တွေလိုတော့
    မနက်ဆိုအတန်းတက် ROLL CALL ခေါ်ပြီးတာနဲ့ ကျောင်းပျက်ခွင့်မရှိပါဘူးကွယ်

    အိပ်ငိုက်တာမိတဲ့  အခါ ဒိုက်ထိုး အခါ ၁၀၀ ကြုံခဲ့ဖူးမယ်ထင်...........။

    ကျနော်ကျောင်းမှာ
    အပြင်တက္ကသိုလ်တွေလိုတော့ 
    မိုးရွာရင် ပုဆိုးအသာမ ထီးကလေးဟန်ပါပါပြရင်း ရှိုးလျှောက်ခွင့်မ၇ှိပါဘူးကွယ်....

    ဖယောင်းမပါတဲ့ မိုးကာခြုံ မိုးရေတွေက မလုံတလုံနဲ့ အပြေးတက်ခဲ့ ဖူးမယ်ထင်.....။

    ကျနော်ကျောင်းမှာ
    သာယာနာပျော်ဖွယ်တေးသံတွေမရှိခဲ့ ပါဘူးကွယ်

    စစ်သီးချင်းတွေသံစုံပြိုင် အားကြိုးမာန်တက်ယှဉ်ပြိုင်ရတဲ့ ပွဲတော်တွေကြုံခဲ့ဖူးမယ်ထင်...

    တကယ်တော့  ကျနော်ကျောင်းမှာ
    ဘာဆိုဘာမှ မရှိခဲ့ တာပါ.....
    ဒါပေမဲ့ 
    ကျောင်းကြီးမြင်တာနဲ့  အမေ လို့ တော့ တင်စားခေါ်ဝေါမိနေတုန်းပေါ့ ........
  4.  
  5.  ပုံရိပ်စစ်

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...