Quantcast
Viewing all articles
Browse latest Browse all 1811

စိတ်ရင်းအခံ


ငယ်ငယ်က သိပ်သဘောကျတဲ့

တရုတ်ပုံပြင်လေးပါ။ အတိအကျ

မဟုတ်ပေမယ့် အဓိက ဆိုလိုရင်း

ကိုမှတ်မိနေဆဲပါ။ အဆင်ပြေသလို

ပြန်ရေးလိုက်ပါတယ်။

ဟိုး ရှေး ရှေး တုန်း က မြို့ လေးနှစ်

မြို့ ကပ်လျက်ရှိပါတယ်။ အရှေ့ မြို့

လေးနဲ့ အနောက်မြို့ လေး နှစ်မြို့ ရဲ့

ကြားမှာ ပညာရှိကြီး တစ်ယောက်

နေထိုင်ပါတယ်။ မြို့ နှစ်မြို့ ကြားက

အရိပ်ရ အပင်ကြီးရဲ့ အောက်မှာ

နားနေရင်းအမြဲလိုတပည့်ငယ်လေး

တွေကို ပညာရပ်တွေပို့ ချနေလေ့

ရှိပါတယ်။ တစ်နေ့မှာတော့ ....

အရှေ့ မြို့ ကလူတစ်ယောက် ထွက်

လာတာကို လှမ်းမြင် လိုက်တဲ့အခါ

" လာပါ နားပါ လက်ဖက်ရည်ကြမ်း

လေးလည်း သုံးဆောင်ပါလို့ " ခရီး

ဦးကြို ပြုရင်း ခရီးသည်ကို လှမ်း

ဧည့်ဝတ်ပြုပါတယ်။ စိတ်မောပန်း

လာပုံရတဲ့ခရီးသည်ကဝင်ထိုင်ရင်း

နားနေပါတယ်။ " အရှေ့ မြို့ ကနေ

ဘယ်ကို ခရီးဆက်ဦးမလဲ အဆင်

ရောပြေလာခဲ့ရဲ့ လား " လို့မေးတဲ့

အခါ ခရီသွားက " မပြေပါဘူးဗျာ

ဒီလူတွေက တော်တော်လေး စိတ်

ထား ဆိုးယုတ်ကြတယ်။ သူတို့

ကြောင့်ဒေါသ ဖြစ်လာရတာ။ သူ

တစ်ပါးအပေါ် လူလည်ကျချင်ကြ

တယ်။ ကျုပ်မို့ လို့သာပေါ့ ။ ဒါမျိုး

ကတော့မရဘူး။ ဆက်တိုက်ရန်ဖြစ်

ခဲတယ်။ လုံးဝမခံခဲ့ဘူး "လို့ ဖြေရင်း

" ဆက်သွားရဦးမယ်ဗျာ ဒါနဲ့

အနောက်မြို့ ကလူတွေရော ဘယ်

လို စိတ်ထားရှိသလဲဗျ " လို့ မေးတဲ့

အခါ ပညာရှိကြီးက " သူတို့လည်း

အရှေ့ မြို့ ကလူတွေလိုပဲ မကောင်း

ကြဘူး ဆိုတာကို ခင်ဗျားကြုံရဦး

မှာပါ " လို့ ဖြေလိုက်ပါတယ်....

ခဏ အကြာမှာ အနောက်မြို့ ဘက်

က ခရီးသွား တစ်ဦးဖြတ်သန်းလာ

ပါတယ်။ အရင်လိုပဲ ခရီးဦးကြိုပြု

တဲ့ရင်းနဲ့ မေးနေကျအတိုင်းမေးပါ

တယ်။ ဒုတိယ ခရီးသွားက

အနောက် မြို့ ကလာပြီး အရှေ့ မြို့

ကို သွားမယ့်အကြောင်း အဆင်

ပြေလာခဲ့ကြောင်း မြို့ ကလူတွေက

အေးချမ်းရိုးသားကြောင်း ပြောရင်း

သူခရီးဆက်မြို့ အကြောင်းကိုမေး

ပါတယ်။ ပညာရှိကြီး က ပြုံးရင်းနဲ့

" အရှေ့ မြို့ မှာလည်း သူကြုံ ခဲ့သ

လို ကောင်းမွန်အေးချမ်းသူတွေနဲ့

သာ ကြုံဦးမှာဖြစ်ကြောင်း သတင်း

ပါးပါတယ်။

ခရီးသွားနှစ်ယောက်လုံး ထွက်သွား

တဲ့အခါ တပည့်တပန်း များဟာ

နားမလည်စွာနဲ့ ဘာလို့ အဲဒီလို

ပြောရတာလဲဆိုတာကိုမေးမြန်းကြ

တဲ့အခါ ..... ပညာရှိကြီးက ....

ပထမခရီသွားဟာ ဘဝကို ဒေါသ

သံသယ မာန်မာန တို့ကိုလက်ကိုင်

ထားပြီးဘဝကိုဖြတ်သန်းတဲ့အ

တွက် နောက်တစ်မြို့ ပါမက

သူ့ဘဝ မှာ သူနဲ့ အဆင်မပြေသူ

ရန်သူ တွေကို ဆက်ဆက်ပြီးကြုံ

ဆုံ ရဦးမှာ ပဲဖြစ်တယ်။ ဒုတိယ

ခရီးသွားကတော့ အေးချမ်းဖော်ရွေ

ပြီးမေတ္တာတရားနဲ့ဘဝကိုအ

ကောင်းမြင်ဖြတ်သန်းသူဖြစ်တယ်။

ဒါကြောင့် သူဟာ ပထမခရီးသွား

ထွက်လာတဲ့ အရှေ့ မြို့ ကိုသွားရင်

လည်းဆိုးသောလူတွေနဲ့ တွေ့ ရမှာ

မဟုတ်ဘဲ အဆင်ပြေနိုင်မှာဖြစ်ပြီး

ပထမခရီးသွားကတော့ ဒုတိယလူ

အဆင်ပြေလာခဲ့တဲ့မြို့ကိုသွား

လည်း အဆိုးတွေကို ကြုံဆုံဦးမှာ

ပဲဖြစ်ပါတယ် ' လို့ ရှင်းပြပါတယ်။

လူတိုင်းရဲ့ အတွင်းစိတ်မှာ

အကောင်းရော အဆိုးပါ ၂ မျိုး

လုံးရှိပါတယ်။ ကျွန်တော်တို့ တွေ

အကောင်းကိုထုတ်ယူရင်

အကောင်းထွက်လာမှာ ဖြစ်ပြီး

ထိုလူ့ ဆီက အဆိုးကိုထုတ်ယူရင်

အဆိုးထွက်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တွေရဲ့ အနာဂတ်မှာ

ဘယ်လိုလူတွေနဲ့ တွေ့မယ်ဆိုတာ

ကျွန်တော်တို့ ရဲ့ အတွင်းစိတ်က

လူတွေအပေါ် မှာထားမယ့်စိတ်ရင်း

စေတနာ ပေါ်မှာသာ အဓိကမူတည်

တာမို့ ဒီခရီးကို ဘယ်ခရီးသွားလို

သွားကြမလဲဆိုတာကတော့ .......

မျိုးအိမ်ဇန် ( Archangel AK )

— with Maung Paing and 12 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>