တစ်ခါတုန်းကတဲ့ သိပ်ချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ ရှိကြသတဲ့....။ သူတို့နှစ်ယောက်က သူငယ်တန်းကစပြီး ရှစ်တန်းထိ အတူတူ ကျောင်းတက်ခဲ့ကြ တာပေါ့ကွယ်။ ဒါပေမယ့် ကိုရီးယားရုပ်ရှင်ထဲကလို သွားအတူ စားအတူ ကစားအတူ ကုန်းပိုးပြီး ချီကြ ချော့ကြတဲ့ ငယ်ကျွမ်းဆွေတွေတော့ မဟုတ်ကြဘူးပေါ့ကွယ်။
ဒီလိုပဲ.... သူလည်းနှပ်ချီးတွဲလောင်း ကျန်တစ်ယောက်လည်း မည်းမည်းတူးတူး ဆော့ကစားရင်း ... မျက်စောင်းထိုးရင်း အံကြိတ်ပြရင်းနဲ့ ကလေးဘဝကို ဘာသိဘာသာ ဖြတ်ကျော်ခဲ့ကြတာ ပေါ့ကွယ်။ အလှကြိုက်တဲ့ ကောင်မလေးက ဒီလိုမဲမဲသည်းသည်း ရုပ်မချောတဲ့ ကောင်လေးကို ရှေ့အနာဂတ်ဘဝမှာ အသက်ပေးရဲတဲ့ထိ ချစ်မိသွားလိမ့်မယ်လို့ ဘယ်တုန်းကမှလည်း မထင်ခဲ့ဘူးတဲ့။ ရှစ်တန်းအောင်တော့ သူတို့နှစ်ယောက်လည်း အလယ်တန်း ကျောင်းလေးကနေ ထွက်သွားကြပြီး ကွဲကွာသွားကြတာပေါ့လေ။
မခွဲနိုင်မခွာနိုင်နဲ့ ဝမ်းနည်းကြေကွဲနေတဲ့ ကိုရီးယား ကလေးသရုပ်ဆောင်လေးတွေ လိုမဟုတ်ကြပါဘူး။ ကောင်လေးဘယ်ကျောင်းတက်လို့ တက်မှန်းမသိသလို ကောင်မလေးဘယ်ကျောင်းရောက်လိ
သူတို့က အဖြူထည်သက်သက် ကလေးသူငယ်ချင်းလေးတွေဆိုတော
ကောင်မလေးက တက္ကသိုလ်ဝင်တန်းကို ဝိဇ္ဇာတွဲ ဂုဏ်ထူးလေးတစ်ခုနဲ့ အောင်ခဲ့တာလည်း ကောင်လေးက မသိခဲ့သလို ကောင်လေးက ဂုဏ်ထူးလေးခုထွက်ပြီး ဆေးတက္ကသိုလ် ဝင်ခွင့်ရခဲ့တာလည်း ကောင်မလေးက မသိခဲ့ရှာဘူးလေ။
ကောင်မလေးက ရှစ်လေးလုံး အရေးတော်ပုံမှာ ကျောင်းတွေပိတ်တော့ သူငယ်တန်းနားလိုက်ရပြီး ၆နှစ်မှ ကျောင်းပြန်တက်ခဲ့ရတယ်လေ။ ကောင်လေးကတော့ ၅နှစ်နဲ့ ကျောင်းစတက်တော့ သူတို့နှစ်ယောက်က အတန်းတူပေမယ့် ကောင်မလေးက အသက်တစ်နှစ်ပိုကြီးတာပေါ့ကွ
ကောင်လေးက ဆေးတက္ကသိုလ် မတက်ဘဲ စင်္ကာပူနိုင်ငံကိုသွားပြီး မရှင်းအင်ဂျင်နီယာဘာသာရပ်ကိ
ကောင်မလေးနေရတဲ့ အဆောင်ပတ်လည် မှာလည်း အရက်ပုန်းဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေ ပတ်လည်ဝိုင်းပြီး စည်ကားနေလေတော့ ညနေဆို ထမင်းဆိုင်ပြေး ပါဆယ်လေးဆွဲ ပြီးရင် အဆောင်ထဲက အပြင်မထွက်ရဲဘဲ နေရတဲ့ဘဝဆိုတော့ နဂိုအိမ်တွင်းပုန်း ဘဝနဲ့ပေါင်းလိုက်တော့ တော်တော်ကြီး 'အ'ရှာတာပေါ့ကွယ်။
ညဘက်ဆိုလည်း မူးမူးရူးရူးနဲ့ အော်ချင်ရာအော်ပြီး ဂစ်တာလာတီးတဲ့ ကျောင်းသားတွေနဲ့ သွေးဆိုးတဲ့ ကျောင်းသားတစ်ချို့က အဆောင်ဝင်းထဲကို ဘီယာပုလင်းတွေနဲ့ ပေါက်တဲ့သူကပေါက်ဆိုတော့ အခန်းအောင်းပြီး စာပဲကျက်ရတော့ ကောင်မလေးလည်း အစစအရာရာမှာ သတင်းဆက်တွေ ပြတ်နေရှာတာပေါ့လေ။
အဲ့ဒီမှာပဲ ကောင်လေးက ရွှတ်တီးရွှတ်နောက် ပြောသမျှတွေကို အဟုတ်ထင်တော့တာပါပဲ။ ကောင်လေးအိမ်က သူငယ်ငယ်တုန်းကလို အဆင်မပြေကြတော့ဘူးတဲ့။ ကောင်လေးက ဆယ်တန်းအောင်ပြီး ကတည်းက မိသားစု အခက်အခဲကြောင့် စင်္ကာပူက သင်္ဘောကျင်းတစ်ခုမှာ အလုပ်သမားအဖြစ် ဝင်လုပ်နေခဲ့တာ ခုထိပါပဲပေါ့လေ။ ကောင်မလေးကလည်း တော်တော်သနားသွားတာပေါ့။ ဒီလိုနဲ့ ငယ်ငယ်တုန်းက အကြောင်းတွေပြောကြ ဆရာမတွေအကြောင်း ပြောကြနဲ့ သူတို့နှစ်ယောက်လည်း ပြန်ခင်သွားကြတာပေါ့ကွယ်။ အီးမေလ်းလိပ်စာတွေ လဲလှယ်ကြ၊ဖုံးနံပါတ် တွေပေးကြနဲ့ပေါ့။
ဒီလိုနဲ့ ကောင်လေးမပြန်ခင်မှာ ဖုန်းဆက်ကြ ဟိုဟိုဒီဒီ သွားလည်ကြနဲ့ သံယောဇဉ်တွေလည်း တိုးလာကြတာပေါ့။ ကောင်လေးပြန်သွားတော့လည်း စနေ၊တနင်္ဂနွေ ပိတ်ရက်တွေမှာ ကောမလေးနဲ့ ဂျီတော့ကနေ အဆက်အသွယ်တွေ လုပ်ရင်းးးး အီးမေလ်းတွေ ပို့ရင်းးးး အလွမ်းတွေသယ်ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားကြတာပေါ့ကွယ်။ ကောင်မလေးမှာ ကမ္ဘ္ဘာ့ ထူးဆန်းထွေလာစာရင်းဝင် ပြင်ပပေါက်ဈေး သိန်းနှစ်ဆယ်ကျော် ပေးဝယ်ထားရတဲ့ မပုတုရဲ့ ဟန်းဖုန်းလေး ရှိပေမယ့် ကောင်လေးဆီကို ဖုန်းခေါ်ဖို့ ဒေါ်လာတော့ မတတ်နိုင်ရှာဘူးပေါ့ကွယ်။ ဒီတော့ ကောင်လေးကပဲ ည၁၁နာရီတိုင်း စင်္ကာပူကနေ ဖုန်းခေါ်ရှာတာပေါ့။ ကျောင်းပိတ်ရက်တွေမှာ ဂျီတော့က လိုင်းမကောင်းလို့ အဆင်မပြေရင်လည်း ကောင်လေးက စိတ်မရှည်တော့... ဖုန်းပဲခေါ်ရပြန်ရော။
ကောင်လေးအတွက် အိမ်ကထောက်ပံ့ငွေဟာ ခါတိုင်းလို မလောက်ငတော့ဘူးလေ။ ဖုန်းခတွေက သိသိသာသာ ထောင်းလာတာကိုးးး။ ဒီတော့ ကျောင်းပိတ်ရက်တွေမှာ အချိန်ပိုင်းအလုပ်တွေ ထပ်လုပ်ပြီး ဖုန်းဖိုးငွေ ထပ်ရှာတာပေါ့လေ။ သင်္ဘောကျင်းမှာ ပင်ပင်ပန်းပန်းလည်း အလုပ်လုပ်ရတဲ့ အပြင် ဖုန်းဖိုးတွေ ကာမိအောင် ကောင်လေးက နားရက်တွေမှာ ထွက်လုပ်ပြီး ငွေရှာရတယ်ဆိုတော့ ကောင်မလေးက စိတ်မကောင်းဖြစ်ပြီး ဖုန်းပြောရင်း ငိုမိတာပေါ့။
အဲ့ဒီမှာပဲ ကောင်လေးက ချော့ရင်းနဲ့ သူ့ရဲ့ အဖြစ်မှန်ဘဝကိုဖွင့်ပြောပြ လိုက်ပါတယ်။ ကောင်မလေးလည်း အူကြောင်ကြောင် ဖြစ်သွားပြီး ဆက်ငိုရမှာလားးး ဆက်သနားရမှာလားးး ရန်တွေ့ရမှာလားးး ဘာဆက်ပြောရမှန်း မသိတော့တဲ့ အပြင် ဖုန်းဆက် မပြောနိုင်လောက်အောင်လည်း ရှက်သွားမိပါတယ်တဲ့။ အဲ့ဒါနဲ့ ရန်တွေ့... စကားနာတွေထိုးးး ကောင်လေးက တွေ့ခါစက စနောက်မိတာကနေ ဘယ်လိုပြင်ပြောရမှန်းမသိလို
ကောင်လေးလည်း စိတ်မကောင်းတွေ ဖြစ်ပြီး အဆောင်ဖုန်းကို လှမ်းဆက်သွယ် တာပေါ့။ နေ့ခင်းကြ "ကျောင်းသွားနေတယ် မရှိဘူး"တဲ့။ ညဘက်ကြ "အိပ်နေတယ် ဒါပဲ"တဲ့။ "အရေးကြီးလို့ ခေါ်ပေးပါဗျာ" ဆိုတော့ "သူ့မှာဟန်းဖုန်းရှိတယ်လေ ဆက်လိုက်ပေါ့"တဲ့။ ဒီလိုဆက်သွယ် နေတာတွေကို ကောင်မလေးကလည်း မသိရှာဘူး။ အဆောင်ကလူတွေကလည်း မပြောပြကြဘူးလေ။
ဆက်လက်ဖော်ပြပါမည်။
နေထက်ထက်အောင်