သီဟသူရဘွဲ့ရရှိခဲ့သူများ (အပိုင်း ၂ )
~~~~~~~~~~~~~~~~~~
သီဟသူရဘွဲ့ရရှိခဲ့ သူစုစုပေါင်း (၄၈) ဦးမှ ယနေ့ (၃) ဖော်ပြပေးပါမည် ။ ~
(၄၈ ဦးလုံး၏ အသေးစိတ် နာမည်၊ရာထူး၊ ခုနှစ်၊တိုက်ပွဲ များကိုလဲ ရှေ့တွင်ဖော်ပြပြီးဖြစ်ပါသည်)
(၄) သီဟသူရ ညိုအေး (တပ်သား)
.........................................
ဘွဲ့ ရရှိပုံဖြစ်စဉ်အကျဉ်း ။ ။ ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ ၀၄၃၀ နာရီအချိန် ဟိုပန်မြို့ နယ် ခြူးရွှေ(ပီ - ၈၂၀၁၈၀) ဗကပ အင်အား ၁၅၀၀ တို့ ဖြင့် စတင်တိုက်ပွဲ ဖြစ်ခဲ့
ပါသည် ။ မိမိဘက်မှ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးကြည်း - ၇၃၅၁ ဒုတိယဗိုလ်မှူးကြီး မျိုးဆွေ ခေါင်းဆောင်သော စစ်ကြောင်းဌါနချုပ်နှင့် တပ်ခွဲငါးခွဲ တို့ ဖြင့် တိုက်ခိုက်ခဲ့ပါသည် ။
တပ်သားညိုအေးသည် တပ်ခွဲ(၃)ချေမှုန်းရေးတပ်ဖွဲ့ တွင် ပါဝင်ခဲ့ ပါသည် ။ တပ်ခွဲမှူး ဗိုလ်ကြီး ဖုန်စိန်နှင့်အတူ ရန်သူစခန်းသို့  တိတ်တစိတ် ချဉ်းကပ်ခဲ့ပြီး
အတွင်းခြံစည်းရိုးထိ ရောက်ရှိခဲသည် ။
ရန်သူမှ စတင်ပစ်ခတ်ခြင်း ခံရပြီး လက်နှက်ကြီးများ တရစပ် ကျရောက် ပေါက်ကွဲနေချိန်တွင် တပ်သားညိုအေးသည် ခြံစည်းရိုးကိုဖောက်ဝင်၍ လက်တွင်းမှ ဘီအေ - ၆၄
စက်ကလေးဖြင့် တရစပ် ပစ်ခတ် တက်သွားသည် ။ ရန်သူကတုတ်ကျင်းမှ ၁၀ ကိုက်ခန့် အကွာတွင် ရန်သူ စက်လက်ဖြင့် အတွဲလိုက်ပစ်ခတ်ခံရပြီး လဲကျသွားခဲ့သည်
လဲကျသည့်ကြားမှပင် ပြန်ထပြီး တွာတက်၍ ကတုတ်ကျင်းထိပ်သို့ တက်သွားပြီး ဘီအေ - ၆၄ ဖြင့် ရန်သူစက်လတ်ရှိရာသို့  ဦးနှိမ်ပစ်ခတ်
ပေးခဲ့ပြီး အခြားတပ်ဖွဲ့ ဝင်များ တက်လာနိုင်စေရန် ကာပစ် ပစ်ခဲ့သည်။
ထိုစဉ်ကတုတ်ကျင်းထဲမှ လက်ပစ်ဗုံးများ လှိမ့်ချသဖြင့် ထပ်မံဒဏ်ရာရပြန်သည် ။ ဒဏ်ရာရသည့်ကြားမှပင် တပ်သားညိုအေးသည် လက်ပစ်ဗုံးကိုတဖက်မှဆုတ်ကိုင်ရင်း တစ်ဖက်မှ
ဘီအေ - ၆၄ ကိုဆွဲယူ၍ ကတုတ်ကျင်း အ၀နားထိ တွာတက်ခဲ့ပြီး ကတုတ်ကျင်းထဲသို့  လက်ပစ်ဗုံးပစ်သွင်းခဲ့သည် ။ ထိုစဉ်မှာပင် ရန်သူ၏ လက်ယှက်ထိုး
ပစ်ခတ်မှု့ ကြောင့် တပ်သားညိုအေးသည် ကတုတ်ကျင်းထိပ်မှာပင်လဲကြပြီး ကျဆုံးသွားခဲ့သည် ။
အထက်မှပေးအပ်သော အမိန့် နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာတွင် ၎င်း၏ မတွန့် မဆုတ်သော ဇွဲသတ္တိနှင့်စိတ်ဓာတ် ၊ဒဏ်ရာရသည့်ကြားမှပင် မိမိဘက်မှ အောင်ပွဲဆင်နိုင်ရေး
၊ ရဲဘော်ရဲဘက်များ အထိအခိုက် အကျအဆုံး နည်းနိုင်သမျှ နည်းအောင် အသက်ကို ပဓာန မထားပဲ စွန့် လွှတ်စွန့် စားသည့် စိတ်ဓာတ် ၊ ရန်သူကို အဆုံးတိုင်
ချေမှုန်းသွားလိုသော ပြင်းပြသည့်ခံယူချက်တို့ ဖြင့် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သည့် တပ်သားညိုအေးအား နိုင်ငံတော်က သီဟသူရ ဘွဲ့ တံဆိပ် ချီးမြှင့်ခြင်း ဖြစ်သည်။
________________________________________
(၅) သီဟသူရ ဦးစိန်ဝင်း (ဒုရဲအုပ်)
..............................................
ဘွဲ့ ရရှိပုံဖြစ်စဉ်အကျဉ်း။ ။ ဒုရဲအုပ်ဦးစိန်ဝင်းသည် သံလွင်ဦး စစ်ဆင်ရေးတွင် မိမိ၏ အဓိကတာဝန်ဖြစ်သော ရန်သူဗကပ၏ သတင်းများကို စုံစမ်းထောက်လှမ်းခြင်း ၊ နည်းမျိုးစုံဖြင့်
အဆက်မပြတ် ဖော်ထုတ်ခဲ့ပြီး သံလွင်ဦး စစ်ဆင်ရေး အဖွဲ့ အဆင့်ဆင့် ၏ အမိန့် များကို တိကျစွာလိုက်နာခဲ့သည့်အပြင် မိမိအား တွဲဖက်ထား
သည့် ရှေ့ တန်းစစ်ကြောင်းမှ မိမိထက် ရာထူးအဆင့်မြင့်သူများ၏ အမိန့် များကိုလည်း အသက်အန္တရာယ်ကို ဂရုမပြုဘဲ တိကျစွာ လိုက်နာဆောင်ရွက်ခဲ့သည် ။ တိုင်းပြည် ၊
တပ်မတော်နှင့်အမျိုးသားထောက်လှမ်းရေးအပေါ် သစ္စာစောင့်သည့်မှု အပိုင်းတွင်လည်း ၁၉၈၀ပြည့်နှစ် ဧပြီလ ၃ ရက်နေ့ ၌ မူဆယ်မြို့ တပ်စခန်းကို ရန်သူ ဗကပ
အင်အား ၁၀၀ ခန့် က တိုက်ခိုက်ရာတွင် ဒုရဲအုပ်ဦးစိန်ဝင်းသည် တပ်မတော်တပ်ဖွဲ့ များနှင့်အတူ ရန်သူကို ခုခံတိုက်ခိုက်ခဲပြီး အင်အား
ခြင်းမမျှ၍ ဆုတ်ခွာစဉ် ရန်သူက လက်နှက်ချခိုင်းသောအခါ အဖမ်းခံရပါက သံလွင်ဦး စစ်ဆင်ရေး စီမံချက် သတင်းနှင့် ထောက်လှမ်းရေးဆိုင်ရာ လျှိုဝှက်ချက်များ ပေါက်ကြားမည်ကို
စိုးရိမ်သောကြောင့် ၇န်သူ၏ အဖမ်းကိုမခံဘဲ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့သည်၊၊
ဤသို့  ဒုရဲအုပ် ဦးစိန်ဝင်း၏ တာဝန်ကျေပွန်မှု ၊ သစ္စာစောင့်သိမှု ၊ ရဲဝံပြောင်မြောက်စွာ တိုက်ပွဲဝင်မှုနှင့် ထောက်လှမ်းရေးဆိုင်ရာ လျှိုဝှက်ချက်များ ပေါက်ကြားမှု မရှိစေရန်
မိမိအသက်ကို ပေးလှူခဲ့မှု့ ကြောင့် ဒုရဲအုပ်ဦးစိန်ဝင်းအား နိုင်ငံတော်က သီဟသူရ ဘွဲ့ တံဆိပ်ချီးမြှင့်ခြင်းဖြစ်သည် ။

(၆) သီဟသူရ ၀ုန်လျှံမန်း (တပ်သား)
................................................
ဘွဲရရှိပုံဖြစ်စဉ်အကျဉ်း။ ။ တပ်သားဝုန်လျှံမန်းသည် ၂၃.၉.၈၈မှ ၂၉.၉.၈၈ ထိ ဖြစ်ပွားသော မိုင်းယန်းဒေသတိုက်ပွဲ ဘုရားကုန်းနှင့်အောင်တံခွန်ကုန်း တို့ ၌ ရဲဝံ့စွန့် စားစွာ တိုက်ပွဲ
ဝင်ခဲ့သူဖြစ်၏ ။ ဘုရားကုန်းစခန်းအား ရန်သူမှ လက်နှက်ကြီးဖြင့် ပစ်ခတ်၍ ခြောက်ကြိမ်တိုင် အင်အားအလုံးအရင်းဖြင့် လှံစွပ်ထိုး တိုက်ခိုက်ခဲရာ တပ်သားဝုန်လျှံမန်းသည်
တပ်မတော်သားကောင်းပီသစွာတာဝန်ကျရာနေရာမှ ရွှေ့ ပြောင်းခြင်းမရှိဘဲ လက်နှက်ကြီးကျည်များ ၊လက်နှက်ငယ်ကျည်များ ၊ လက်ပစ်ဗုံးများ ပစ်ခတ်ပေါက်ကွဲနေသည့်
ကြားမှ ကြောက်ရွံ့ ခြင်းကင်းစွာဖြင့် ရန်သူကိုအထိနာအောင် ပြန်လည်ပစ်ခတ်ချေမှုန်းနိုင်ခဲ့သည် ။
မိမိတပ်ဖွဲများ ပင်မစခန်းကုန်းဖြစ်သည့် အောင်တံခွန်ကုန်းသို့ အင်အားစုစည်းရန် ဆုတ်ခွာရာတွင် တပ်သားဝုန်လျှံမန်းပါဝင်သည့် တပ်စိတ်သည် ရန်သူကို ထိေ၇ာက်စွာ
ဟန့် တားပေးနိုင်ခဲ့ပြီး ရန်သူက ၀ိုင်းပတ်ထား၍ ဖောက်ထွက်ရသည့်အခါတွင်လည်း နောက်ဆုံးမှ တာဝန် ယူ၍ ဆုတ်ခွာခဲ့သည်။ နောက်မှလိုက်လံပစ်ခတ်နေသော ရန်သူအား
မိမိအသက်ကိုပဓာန မထားပဲ အစွမ်းကုန် ဟန့် တားပစ်ခတ် ပေးမှုကြောင့် မိမိတပ်ဖွဲ့ ဝင်များ အားလုံး အောင်တံခွန် စခန်းသို့  အချိန်မှီ ပူးပေါင်းနိုင်ခဲ့ပြီး အင်အားစုစည်းစွာဖြင့် ရန်သူကို
တွန်းလှန်နိုင်ခဲ့သည် ။
အောင်တံခွန်ကုန်း၌ ရန်သူနှင့်ပြင်းထန်စွာ တိုက်ပွဲဝင်ရသည့်အခါတွင်လည်း တပ်သားဝုန်လျှံမန်းသည် ရန်သူများ၏ လက်ပစ်ဗုံး
ပေါက်ကွဲထိမှန်၍ လဲကျသွားသော်လည်း အားမလျော့ဘဲ အနီးသို့ လက်နှက်ကောက်ရန်လာသည့် ရန်သူကို ဆွဲယူလုံးထွေးပြီး မိမိအသက်ကို မငဲ့ဘဲ နှစ်ဦးကြားတွင်
လက်ပစ်ဗုံးကို ပေါက်ကွဲစေခြင်းဖြင့် အသက်ခြင်းလဲကာ စံနမူနာပြ တိုက်ပွဲဝင်ခဲ့သည်။ ဤသို့ မိုင်းယန်း ဒေသ တိုက်ပွဲတွင် မိမိတပ်ဖွဲ့ ဝင်များ၏ အကျိုးနှင့်စစ်ရေးအကျိုးငှာ
မိမိအသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သည့်အတွက် နိုင်ငံတော်က သီဟသူရဘွဲ့ ချီးမြှင့်ခြင်းဖြစ်သည် ။

Ref - Tea Shop
May Thit Lwin