သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၁ )
~~~~~~~~~~~~~~~~~~~~
သီဟသူရဘွဲ့ရရှိခဲ့ သူစုစုပေါင်း (၄၈) ဦးမှ ယနေ့ (၃) ဖော်ပြပေးပါမည် ။
(၄၈ ဦးလုံး၏ အသေးစိတ် နာမည်၊ရာထူး၊ ခုနှစ်၊တိုက်ပွဲ များကိုလဲ ရှေ့တွင်ဖော်ပြပြီးဖြစ်ပါသည်)
(၁) သီဟသူရ ခင်အောင် (တပ်ကြပ်ကြီး)
........................................................
ဘွဲ့ ရရှိပုံဖြစ်စဉ်အကျဉ်း ။ ။ ၁၉၅၁ ခု မတ်လတွင် အင်အားကြီးမားသော KNDO တို့ က ပန်းတနော်မြို့ ကိုဝိုင်းဝန်းထားကြသည် ။ တပ်ကြပ်ကြီးခင်အောင်သည်ပြောက်ကျားတပ်စုတစုကို ဦးစီး၍ ပန်းတနော်မြို့ နှင့် အဆက်အသွယ်ရယူရန် အတွက် ဘုရားပြိုရွာကို ၀င်ရောက်စီးနှင်းသည် ။ နောက်တနေ့ တွင်ပန်းတနော်မြို့ ကို ၀ိုင်းထားသော ရန်သူများအား နောက်ဘက်မှ လည်းကောင်း ၊ အမှတ်(၆)ခြေလျှင်တပ်ရင်းက ရှေဘက်မှ လည်းကောင်း ညှပ်တိုက်ရာ ရန်သူများ ဆုတ်ခွာထွက်ပြေးကြသည်။
၁၉၅၁ ခု အောက်တိုဘာ(၅)ရက်နေ့ တွင် တပ်ကြပ်ကြီး ခင်အောင် နှင့် အဖွဲ့ တပ်စွဲထားသော ကျွန်းဝရွာကို ကရင်သောင်းကျန်းသူ - ၂၀၀ -ကျော် လက်နှက်ကြီးများနှင့် တိုက်ခိုက်ရာ
တပ်ကြပ်ကြီး ခင်အောင်နှင့်အဖွဲ့ က နှစ်ညတိတိ ခုခံတိုက်ခိုက်ကြသည် ။
ဤနည်းအားဖြင့် တပ်ကြပ်ကြီးခင်အောင်သည် ပန်းတနော်မြို့ ကို တိုက်ခိုက်မည့် ရန်သူတို့ ၏ ရည်ရွယ်ချက် ပျက်ပြားစေရန် ရန်သူနယ်အတွင်း ၁၄ ကြိမ်တိုင်တိုင် ဇွဲသတ္တိအပြည့်အ၀ဖြင့်
ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် နိုင်ငံတော်က သီဟသူရဘွဲ့ တံဆိပ် ချီးမြှင့်ခြင်းဖြစ်သည် ။
________________________________________
(၂) အမှတ်-၁၀၉၁၇၃ တပ်သားတင်ညွန့် (ကျဆုံး)၊
..............................................................
ယဉ်မောင်း၊ အမှတ် (၂၀၁) သယ်ယူပို့ဆောင်ရေးတပ်ခွဲ
ယဉ်မောင်းရဲဘော် တပ်သားတင်ညွန့်သည် ၀မ်ဆာလာ တပ်ဆွယ်တွင် ၀မ်ဆာလာ-မိုင်းတုံ ယဉ်မောင်းခြင်း တာဝန်ကိုထမ်းဆောင်ခဲ့သည်။
ဝမ်ဆာလာမှထွက်လာပြီး လေးထပ်ကွေ့ မရောက်မီပင် သူ၏ ဒု-ယဉ်မောင်းရဲဘော်ကို လက်ဆွဲဘရိတ် သိတ်မကောင်း၍ ဂရုစိုက်ပြီးထိန်းရန်မှာကြား၍ ယဉ်ကိုလေးထပ်ကွေ့သို့တက်ခဲ့သည်။ သုံးထပ်ကွေ့ အရောက်တွင် သယ်ယူပို့ဆောင်ရေးတပ်မှ ယဉ်တစ်စီးပျက်ပြီးဘေးရပ်ထားသည်ကို ရှောင်၍ကွေ့တက်ရာ မော်တော်ယဉ် ၄ ဘီးဆွဲ ဂီယာပြုတ်ပြီး နောက်သို့လျှော၍ ပြန်ကျလာရာတွင် သူ၏ယဉ်ကို ကြိုးစားပြီးထိန်းသော်လည်း ၄င်းအကွေ့မှာ အတက်ကြမ်းလှ၍ မနိုင်မှန်းသိလျှင်သိခြင်း ယဉ်ပေါ်တွင်ပါလာသော အမှတ် (၂၃) ခြေလျင်တပ်ရင်းမှ ရဲဘော်များကို မော်တော်ယဉ် ထိန်းပေးနေရင်းက အောက်သို့ခုန်ဆင်းရန် အချိန်မှီအော်ဟစ်သတိပေး၍ တင်ညွန့် ကိုယ်တိုင် ယဉ်ပေါ် တွင် ပါလာသောရဲဘော်များကို ညှာတာပြီး ခုန်မဆင်းဘဲ ယဉ်ပေါ်ပါလာသော ရဲဘော်များ ခုန်ဆင်းနိုင်အောင် ယဉ်ထိန်းရင်း၊ တောင်အောက်သို့ ယဉ်နှင့်အတူကျသွားပြီး နေရာမှာပင်ပွဲချင်းပြီး ကျဆုံးခဲ့ရသည်။ အကယ်၍ တပ်သားတင်ညွန့် သည် ကိုယ်လွတ်ရုန်းပြီး ခုန်ဆင်းလိုက်ပါက သူသာအသက်ချမ်းသာရရှိပြီး ယဉ်ပေါ်ရှိရဲဘော်များအားလုံး ကျဆုံးမည်မှာ မလွဲပေ။
တပ်သားတင်ညွန့်သည် ကျဆုံးသည့်တိုင်အောင် တာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်ရင်း သူ၏အသက်ကိုစွန့်ပြီး ယဉ်ပေါ်တွင်ပါလာသော ရဲဘော်များ၏ အသက်ကို ကယ်တင်လိုက်ခြင်းဖြစ်၏။
ထိုကဲ့သို့ အသက်ကိုပဓာနမထားဘဲ တာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် နိုင်ငံတော်သမ္မတက တပ်သားတင်ညွန့် (ကျဆုံး) အား ၁၉၅၆ ခုနှစ်တွင် “သီဟသူရ” ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။
(မဏ္ဍိုင်သတင်းစာ ၁၉၆၀ ခုနှစ် ဧပြီလ (၇) ရက်နေ့ စာ-၅ မှ)
_______________________________________
(၃) သီဟသူရ သူရစစ်မောင် (ဗိုလ်ကြီး)
.....................................................
ဘွဲ့ ရရှိပုံဖြစ်စဉ်အကျဉ်း။ ။ ၁၉၇၇ ခု အောက်တိုဘာလ ၂၀ ရက်နေ့ တွင် ရန်သူ ဗကပ များ အခိုင်အမာ တပ်စွဲ ထားသည့် ဟိုပန်မြို့ နယ် ခြူးရွှေစခန်းကို ပြန်လည်သိမ်းပိုက်ရန်
တပ်မတော်ကတိုက်ခိုက်ရာတွင် ဗိုလ်ကြီးသူရစစ်မောင်သည် မိမိ တပ်ခွဲနှင့် အခြားတပ်ခွဲများကို ပြန်လည်စုစည်းကာ ယုံကြည်ချက်စိတ်ဓာတ်အပြည့်အ၀ဖြင့် ရန်သူ့ စခန်းကို မရ မခြင်း
တိုက်ရန် ဆုံးဖြတ်ပြီး အကြိမ်ကြိမ် လှံစွတ်ထိုး တိုက်ခိုက်ခဲ့ခြင်း၊ မိမိတွင် ရရှိထားသည့် ဒဏ်ရာကို လုံးဝဂရုမပြုဘဲ ရဲဘော်များအား တိုက်စိတ်အောင်စိတ်အပြည့်ဖြင့်
ဆက်လက်တိုက်ခိုက်နိုင်ရန် လိုက်လံအားပေးခဲ့ခြင်း ၊ စခန်းကို အပြီးတိုင် ရှင်းလင်းထိန်းသိမ်းနိုင်သည့် အင်အားမကျန်တော့ကြောင်း သုံးသပ်မိ၍ ခွာစစ်ဆင်ရာတွင် နောက်ဆုံးမှပင်
ကွပ်ကဲလျှက် တည်တည်ငြိမ်ငြိမ် ခေါင်းဆောင်ခဲ့ခြင်း စသည့် ရဲဝံ့တည်ငြိမ်သော စိတ်ဓာတ် ၊ အနိုင်မခံလိုသောဇွဲသတ္တိ ၊ ခေါင်းဆောင်ကောင်းပီသသော အနစ်နာခံမှု ၊
ကိုယ်ကျိုးစွန့် နိုင်မှု တို့ ကြောင့်ဗိုလ်ကြီး သူရ စစ်မောင် အား နိုင်ငံတော်က သီဟသူရ ဘွဲ့ တံဆိပ် ချီးမြှင့်ခြင်းဖြစ်သည် ။

Ref-Tea Shop
Post -May Thit Lwin