Quantcast
Viewing all articles
Browse latest Browse all 1811

On Paper (စာရွက်ပေါ်က အလုပ်)

Image may be NSFW.
Clik here to view.


ကျွန်တော်က တပ်မတော်သား တစ်ဦးပါ။

တပ်မတော်သား တစ်ဦးဆိုလို့ သတိရမိတာလေးပြောရဦးမယ်။  ကျွန်တော့် ဘော်ဒါတစ်ယောက် ပေါ့ဗျာ ကောင်မလေးတစ်ယောက်နဲ့ Facebook ပေါ်မှာ ခင်ကြတယ်။  ကောင်မလေးက သူ့ကို စစ်သားမှန်း သိတယ်။  ဒါပေမယ့် ဘယ်ရမှန်းမသိဘူး။

ဒါနဲ့ စကားတွေ များများပြောကြတော့ ကောင်မလေးက သူ့ကို မေးတယ်။  DSA ဆင်းမဟုတ်ဘူးလား တဲ့။ ဟိုကလည်း ပြောလိုက်တယ် မဟုတ်ဘူး ရဲဘော်လို့။

Facebook ပေါ်မှာ DSA ဆင်းတွေပဲ ရှိတယ်ထင်တာလား။  စစ်သားဆိုရင် စစ်ဗိုလ်တွေပဲ ရှိတယ် အောက်မေ့ကြတာလားမသိပါဘူး။


သတိရမိလို့ ပြောလိုက်မိတာပါ။  စစ်ဗိုလ်ဖြစ်စေ၊ ရဲဘော်ဖြစ်စေ ကျရာနေရာမှာ သူ့အဆင့်တွေနဲ့ သူ တာဝန်ထမ်းဆောင်နေကြတာပါ။

ဒီစာလေးကို ရေးချင်တယ်ဆိုတာကလည်း တပ်မတော်ကြီးကို တကယ်ကောင်းစေချင်လို့ပါ။  တပ်မတော်ကကျွေးတဲ့ ထမင်းတွေစားခဲ့ပြီးသလို စားနေတုန်းပါပဲ။ ဒီတော့ တပ်မတော်ကြီးကို ကျွန်တော်ကျေးဇူးကန်းမှာမဟုတ်ပါဘူး။

သို့သော်လည်း ကောင်းတာကို ကောင်းသလို၊ မကောင်းတာကို မကောင်းသလို ထောက်ပြရမှာပါ။ အင်းဒီလိုထောက်ပြခဲ့လို့လည်း နစ်နာခဲ့ရသူတွေမနည်းလှပါဘူး။  ဒါပေမယ့် တကယ်တိုးတက်စေချင်၊ ပြောင်းလဲစေချင်တဲ့စိတ်ကြောင့် ရေးလိုက်မိတာပါ။

ဒီစာဟာ ကျွန်တော့်အသိ၊ ကျွန်တော့်အတွေ့အကြုံထဲက အတွေးမျှသာပါ။  မှားချင်လည်းမှားမယ်၊ အယူအဆတူချင်မှလည်းတူမယ်။  ကြိုက်သလို ဝေဖန်ပြောဆိုနိုင်ပါကြောင်း။

ဒီလိုပါ အလုပ်တွေဟာ အပြင်လက်တွေ့မှာ လုပ်ရတာက လုပ်လိုက်တာ သူ့ဟာသူ အောင်အောင် မြင်မြင်ပြီးသွားတာပါပဲ။  အဲဒီလုပ်ငန်းအပေါ် မလုပ်ခင်က စာရွက်ပေါ်တင်၊ လုပ်နေတုန်း စာရွက်ပေါ်တင်၊ လုပ်ပြီးတော့ စာရွက်ပေါ်တင်နေရတဲ့ စာရွက်ပေါ်က အလုပ်တွေကို ကျွန်တော်ငြီးငွေ့လာတာပါ။

လုပ်လည်း မလုပ်ချင်တော့ပါဘူး။

စာရွက်ပေါ်က အလုပ်က မလိုအပ်ဘူးလားဆိုတော့ လိုပါတယ်။  လုပ်ငန်းတစ်ခုလုပ်ဆောင်မယ်ဆိုရင် လုပ်ဆောင်မယ့်နည်းလမ်းတွေကို စီမံချက်နဲ့တင်ပြတာ မဆန်းပါဘူး။ လိုအပ်ပါတယ်။  ပြီးတော့ လုပ်နေစဉ်မှာ အစီရင်ခံရတယ်။ လုပ်ပြီးသွားချိန်မှာ ပြီးဆုံးခြင်းအစီရင်ခံတင်ရတယ်။ ဒါလည်း မဆိုးဘူးပြောပါတော့ လိုပါ တယ်။

ဒါမှ ပြန်လည်သုံးသပ်တာတွေ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်မှာကိုး။  သို့သော်လည်း တကယ်မလုပ် ရတဲ့အလုပ်တွေကို စာရွက်ပေါ်မှာ လုပ်နေရတာကတော့ တော်တော်ဆိုးပါတယ်။ ဒီအစဉ်အလာကြီးကလည်း တပ်မတော်ကြီးမှာ ခုထိရှိနေတုန်း။  ပြီးတော့ ဦးစီးတာဝန် အဟောင်းတွေထဲက စည်းမျဉ်းနဲ့ စစ်ဦးစီးတက္ကသိုလ် ကသင်လိုက်တဲ့ ဦးစီးတာဝန်တွေက မတူတာတွေ ရှိတယ်ပြောတယ်။

အောက်ခြေအထိ မဝေငှနိုင်ဘူး။  ဒီတော့ ပုံစံဟောင်း၊ ပုံစံသစ်တွေနဲ့ ပြဿနာဖြစ်တော့တာပါပဲ။

ကွင်းစကွင်းပိတ်တတ်တာ၊ ပုဒ်မဖြတ်တာကအစ တစ်ခါတစ်ရံမှာ မလိုလားအပ်ပဲ အလုပ်တွေက နှောင့် နှေးနေတာအမှန်ပါပဲ။

တပ်မတော်မှာ စာရေးတာက အစသူ့စည်းမျဉ်း၊ သူ့ပုံစံရှိပြီးသားပါ။  သို့သော်လည်း ပေါ်လစီတွေက အမျိုးမျိုးချ လူကြီးတစ်ယောက်တက် တစ်မူနဲ့ လုပ်ငန်းလုပ်ရတာက အဆင်ကိုမပြေလှပါဘူး။ တစ်ယောက်လာ တစ်ပုံစံဖြစ်ကုန်တော့တာပါပဲ။

နောက် လက်ရှိတပ်မတော်ကြီးမှာ လုပ်နေတဲ့ စည်း/ကော်၊ စည်း/ထိန်းဆိုတဲ့ လုပ်ငန်းစဉ်တွေက ရည်ရွယ်ချက်ကောင်းသော်လည်း လုပ်ဆောင်တာတွေနဲ့ တခြားစီဖြစ်လို့နေတယ်။

ချမှတ်ထားတဲ့မူတွေက လက်တွေ့လိုက်လုပ်ဆောင်ရင်  ဘာမှလုပ်ချိန်မရှိတော့ပါဘူး။ အောက်က လူတွေက အမှန်အတိုင်း ဒီလအတွင်း ဆွေးနွေးပွဲမလုပ်ပါဆိုပြီး ထည့်လို့မရဘူး။  ထည့်ရင် ကွဲပြီ။ ဒီတော့ စာရွက်ပေါ်မှာ လုပ်ဆောင်မှုတွေပြတယ်။  အထက်ကလူတွေကလည်း မသိပဲမနေပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လည်း ဒီအဆင့်တွေကတက်လာကြတာလေ။

အောက်ကလိမ်၊ အပေါ်ကလိမ်နဲ့ စာရွက်စာတမ်းတွေက ဖောင်းပွကုန်တယ်။  တပ်မတော်ကြီးရဲ့ စာရွက်ပေါ်က အလုပ်လုပ်အားက မနည်းလှပါဘူး။ ဒီနေရာမှ  တိုင်းအဆင့် စည်းကော်ဆိုတာကို သိအောင် ပြောပြချင်ပါတယ်။

တိုင်းအဆင့် တပ်ရင်းစည်းရုံးရေးကော်မတီပေါ့။ ဒါက အမျိုးသားအဖွဲ့။ အတို စည်း/ကော်ပေါ့။ တိုင်းအဆင့် တပ်ရင်းစည်းရုံး ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒါက အမျိုးသမီးအဖွဲ့။ စည်း/ထိန်း ပေါ့။

ချမှတ်ထားတာတွေက တစ်လမှာ ၅ မိုင်အပြေးတက်လေ့ကျင့်ခန်း တစ်ကြိမ်။
၁၀ မိုင် အပြေးတက် ၂ လတစ်ကြိမ်။
၃၀ မိုင် လမ်းလျှောက် ၄ လ တစ်ကြိမ်။
စည်း/ကော် အစည်းအဝေး ၁ လ ၄ ကြိမ်။  တစ်ပတ် တစ်ကြိမ်ပေါ့။
စည်း/ထိန်း အစည်းအဝေးကလည်း ၁ လ ၄ ကြိမ်၊ တစ်ပတ် တစ်ကြိမ်။
ကျန်းမာရေးဟောပြောပွဲ တစ်လ တစ်ကြိမ်။

သတင်းမှန်ပြန်ကြားမှု၊ အကြီးအကဲအမိန့် ထပ်ဆင့် ရှင်းလင်းမှု၊ အသိဥာဏ်နှင့် စာရိတ္တမြင့်မာရေးဟောပြောမှု စတာတွေက လစဉ် တစ်လ တစ်ကြိမ်ပြုလုပ်ရတယ်။

ချုပ်ကြည့်ရင် ၁ လမှာ ကျား၊ မ(စည်း/ကော်၊ စည်း/ထိန်း)က အပတ်စဉ် ဟောပြောပွဲတွေ၊ ဆွေးနွေး ပွဲတွေ လုပ်ရတယ်။  အဲဒီဟောပြောပွဲတွေအတွက် ခေါင်းစဉ်တွေရှာရတယ်။ အထူးသဖြင့် ခုနောက်ပိုင်း တပ်မတော်စာစဉ်၊ မြ၀တီသတင်းစာပါတာတွေကို အခြေပြုရတယ်။

ဒီလို လစဉ်ပြုလုပ်တာတွေကို လစဉ်အစီရင်ခံစာတက်ရတယ်။  ပြီးတော့ တပ်စစ်ဆေးချက်မှတ်တမ်း လုပ်ရတယ်။ အထက်လူကြီးတွေက စစ်တယ်ပေါ့။  စစ် စစ်၊ မစစ် စစ် စစ်ကြောင်းစာရွက်ပေါ်မှာ ပြရတယ်။

နယ်မြေအလိုက် စည်းရုံးရေးတွေပြရတယ်။  ပြီးတော့ မှတ်တမ်းတွေ၊ ပြန်တမ်းတွေ တင်ရတယ်။
မှတ်တမ်းစာအုပ်တွေ ထားရတယ်။

တပ်တွင်းဆွေးနွေးပွဲမှတ်တမ်း (၃)မျိုး (စစ်မှုထမ်း၊ မိသားစုဝင်များ၊ အရပ်သားဝန်ထမ်းများ) စာအုပ်
အကြီးအကဲများ၏ မိန့်ခွန်းကို ရှင်းလင်းဆွေးနွေးခြင်းပြုလုပ်မှုမှတ်တမ်း

ပြည်ပ/ပြည်တွင်းမှ ထုတ်လွှင့်/ဖြန့်ဖြူးသော မမှန်သတင်းလွှင့်ချက်များနှင့် ၀ါဒဖြန့်စာတမ်းများ၊ သီချင်း၊ ဗွီဒီယို တိတ်ခွေနှင့် သတင်းမှန်အဖြစ်မှန်များ ပြန်ကြားခြင်းမှတ်တမ်း
စစ်သည်တော်ကျင့်ဝတ်ဆန်းစစ်မှုမှတ်တမ်း
စည်းကမ်းထိန်းသိမ်းရေးဟောပြောမှုမှတ်တမ်း
အသိဥာဏ်နှင့်စာရိတ္တမြင့်မားရေး ဟောပြောမှု မှတ်တမ်း
တပ်တွင်း သက်သာချောင်ချိရေးဆောင်ရွက်မှုမှတ်တမ်း
မိသားစုများအလုပ်အကိုင်ရရှိရေးဆောင်ရွက်ပေးနိုင်မှုမှတ်တမ်း
သားသမီးများပညာရည်မြင့်မာရေးဆောင်ရွက်မှုမှတ်တမ်း
တပ်တွင်းဆန္ဒဖော်ထုတ်ပွဲပြုလုပ်မှုမှတ်တမ်း
အားကစားလှုပ်ရှားမှုမှတ်တမ်း
တပ်မတော်ကြံ့ခိုင်ရေးစံနှုန်းများလေ့ကျင့်မှုမှတ်တမ်း
ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း
အလှူဒါနပြုမှု မှတ်တမ်း
စာမတတ်သူပပျောက်ရေးနှင့် ပညာရည်နည်းပါးသောစစ်မှုထမ်းနှင့် မိသားစုများပညာရည်မြင့်မာရေး ဆောင်ရွက်ပေးမှုမှတ်တမ်း
မိသားစုများစည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်မှုမှတ်တမ်း
မိသားစုများလုံခြုံရေးဆောင်ရွက်မှုမှတ်တမ်း
မိသားစုများကျန်မာရေးဆောင်ရွက်ပေးမှုမှတ်တမ်း
မိသားစုလူမှုရေးဆောင်ရွက်ချက်
မိသားစုပညာရည်မြင့်မာရေး
မိသားစုစစ်ပညာသင်တန်းဖွင့်လှစ်မှု၊ လေ့ကျင့်မှု


အမယ်မင်း စာရိုက်ရတာကို လက်ကညောင်းလှပြီ။ အဲဒါတွေက လစဉ်တင်ရတာတွေ။ ကြည့် ဘယ်သူက လိုက်လုပ်နိုင်မလဲ။ မလုပ်ရင်လည်း အပြစ်ဖြစ်တယ်။

စာရွက်ပေါ်တွေမှာ အကုန်အလုပ်ပြရတယ်။

ဒါတွေကို ပြုပြင်သင့်ပါပြီ။ ဘာလို့လဲဆိုရင် မလိုလားအပ်ပဲ လူအား၊ ငွေအားနဲ့ အချိန်တွေ ကုန်လို့ပါ။ အဲဒီအချိန်တွေကို တိုင်းပြည်အတွက် အသုံးချရင် တော်တော်အဆင်ပြေမှာပါ။

ပြီးတော့ စာရွက်ပေါ်က လိမ်ဆင်တွေကတစ်ဆင့် တပ်ရဲ့ငွေ၊ တိုင်းပြည်ရဲ့ ငွေတွေ အလဟဿဆုံးရှုံး လိုက်ရတာတွေအများကြီးပါ။

စာရွက်ပေါ်မှာ လုပ်တဲ့အလုပ်တွေကို ရပ်တန့်သင့်လှပါပြီ။

ကျွန်တော်က တပ်မတော်သားတစ်ဦးပါ။ ဒါ့ကြောင့် တပ်မတော်ရဲ့ ပြင်သင့်တဲ့ လုပ်ငန်းတွေက သိသ လောက်လေးပြောပြရခြင်းပါ။  ကျွန်တော်ကတော့ တပ်မတော်ကြီးမှာ ဆက်ပြီး တာဝန်ထမ်းဆောင်နေဦးမှာ ပါပဲ။

တိုင်းပြည်အတွက် တကယ်အလုပ်လုပ်နေတာပါပဲ။  စာရွက်ပေါ်မှာမဟုတ်ရပါဘူးဗျာ။


မောင်တိုက်စည်း

***************

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>