Quantcast
Viewing all articles
Browse latest Browse all 1811

ဖေ့ဘွတ်ပေါ်က ဒီမိုထမိန်ခြုံ တစ်ဖက်ပိတ်များသို့.......

Voice of James Mint's photo.















ဖေ့ဘွတ်မှာ အတွေ့များတဲ့ ဒီမိုနာမည်ခံ ထမိန်ခြုံ သောက်ရူးတွေဟာ တစ်နေတစ်ခြား အရူးရင့်လာတယ်ပဲ ဆိုရမယ်..... သူတို့စိတ်ထဲမယ် ဘယ်အရာမဆို အမေ့ဘက်က မဟုတ်ရင် တစ်ခြားဘက်ကလို့ မြင်နေကြလေရဲ့..... စစ်တပ်နဲ့ အစိုးရကို ခံချနေရင် အကုန်သူတော်ကောင်းလို့ မြင်တတ်ကြတယ်...... တနည်းအားဖြင့် အဖြူနဲ့ အမဲအပြင် ပိုမမြင်တတ်ဘူး...... သူတို့ အမဲဆိုတာကိုလည်း အားလုံးဝိုင်းမဲမှ ကြိုက်ကြတဲ့ အရူးတွေရဲ့ စိတ်မျိုးပဲ.....

ဥပမာပေးရရင် KIA ဆိုရင် အစိုးရကို ခံတိုက်နေတဲ့အတွက် သူရဲကောင်းလို့ မြင်ကြလေရဲ့..... ဒါပေမယ့် KIA ရဲ့ ရှမ်းနီတွေအပေါ်မှာ ဆတ်ကြေးကောက်တာတွေ၊ ရွာလုံးကျွတ် သတ်ပစ်တာတွေ၊ ရှမ်းနီ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေ၊ ရှမ်းနီတွေရဲ့ လယ်ထဲမှာ မိုင်းထောင်ခဲ့လို့ ရှမ်းနီတွေ လယ်ထဲ မဆင်းရတာတွေ..... ဒါတွေဟာ လွှတ်တော်မှာတောင် တရားဝင်စာရေး တောင်းဆိုခဲ့ပေမယ့် သူတို့မျက်ကွယ်ပြုခဲ့ကြတယ်...... ဒီမှာတင် သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ ဒေါင့်ကပ်နေတဲ့ တစ်ဖက်ပိတ်တွေ ဖြစ်နေတယ်......

စစ်အစိုးရကို တော်လှန်သူမှန်သမျှ အကုန်သူရဲကောင်းလို့ မှတ်ယူထားကြတဲ့ သူတို့တွေဟာ မြောက်ပိုင်း AB မှာဖြစ်ခဲ့တဲ့ လူမဆန်တဲ့လူသတ်မှုမှာ ပါးစပ်ပိတ်နေကြတယ်..... တစ်ချို့ကတော့ မရေးဖို့ ဖုံးဖိကြတယ်..... တစ်ချို့က ခံရသူတွေဟာ ထောက်လှန်းရေးလို့ ဆိုကြသလို၊ တစ်ချို့ကတော့ လုပ်သူတွေဟာ ထောက်လှန်းရေးလို့ ပြောကြတယ်.... တွေ့ရသလောက်ကတော့ အဓိက တာဝန်ရှိတဲ့သူတစ်ယောက်က သေပီ၊ ရော်နယ်အောင်နိုင်က အခု ဘီဘီစီမှာ အလုပ်ရနေတယ်၊ နောက်တစ်ယောက်က အေဘီမြောက်ပိုင်းမှာ ခုထိ ရှိနေတယ်၊ သံချောင်းကတော့ ထောင်ထဲရောက်နေပေမယ့် သူ့ကို နိုင်ကျဉ်းနဲ့ အပြင်ထုတ်ဖို့ လုပ်နေကြတယ်..... ဒီလိုဖြစ်ရပ်တွေနဲ့ ပါတ်သက်လို့ ဒီမိုတွေ လိုက်စဉ်းစားဖို့ ဥာဏ်မမှီတော့ဘူးထင်တယ် သူတို့ လူ့အခွင့်အရေးဟာ မတရားခံရသူတွေအတွက် မဟုတ်သလိုပဲ......

လက်ပံတောင်းကိစ္စဆိုရင်လည်း ဆန္ဒပြနေတုန်းက ကောင်းတယ်ကွ၊ ကောင်းတယ်ကွနဲ့ ဒေါ်စုကို နေပူကျဲထဲ ရွာထဲကို လမ်းလျှောက်ဝင်လာခိုင်းတဲ့ ဟန်ဝင်းအောင်တို့ အုပ်စုနဲ့တွေ့တော့မှ ပါးစပ်အဟောင်းသားတွေ ဖြစ်ကုန်တယ်..... လောကမှာ ဒေါ်စုကို ဆန့်ကျင်သူထဲမှာ လက်ရှိအစိုးရ၊ စစ်တပ်ဘက်က မဟုတ်တဲ့ တခြားအုပ်စုတွေ ရှိနေတယ်ဆိုတာ သူတို့မယ် မမြင်နိုင်ကြဘူး..... လပ်ပံတောင်းမယ် ဒေါ်စုကို လက်ညှိုး ငေါက်ငေါက်ထိုးသူတွေဟာ ဘယ်သူတွေရဲ့ ပယောဂနဲ့ ဒီလိုဖြစ်လာသလဲ သူတို့မယ် စဉ်းစားနိုင်စွမ်း မရှိကြဘူး......

လွှတ်တော်ထဲမှာလည်း ဒေါ်စုလို သြဇာအာဏာရှိတဲ့လူ အဆိုတင်သမျှ အောင်မြင်ခဲ့ပေမယ့် ကျန်တဲ့တိုင်းပြည်အပေါ် ထိထိရောက်ရောက်ဖြစ်မယ့် အဆိုတွေ မတင်တာကိုလည်း မမြင်ချင်ယောင် ဆောင်နေတာလည်း သူတို့ရဲ့ အငုံစိတ်တွေက ပြန်မလှန်နိုင်တာကို ထုတ်ပြနေသလိုပဲ...... အဲ တကယ် အလုပ်လုပ်တဲ့ အမတ်တွေဖြစ်တဲ့ ဦးသိန်းညွန့်လို လူတွေကိုတော့ ထုတ်ဖော်ချီးကျူးဖို့တောင် သူတို့မယ် မုဒိတာစိတ် မထားနိုင်တာလည်း သူတို့ရဲ့ အတွင်းစိတ် ကောက်ကျစ်မှု၊ အတ္တကြီးမှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုကို လူသိစေသလိုပေါ့........

တစ်ချို့ကြတော့ တစ်မျိုး ဖေ့ဘွတ်ပေါ်မယ် ဆယ်လီဗျစ်တီ ဖြစ်ချင်တာနဲ့ ဆယ်လီဗျစ်တီတွေကို အတင်းလိုက်ပေါင်း၊ ဆယ်လီဗျစ်တီတွေကို အတင်းလိုက်ကြိုက်နဲ့ အဲ့ဒိလို အရောဝင်လိုက်၊ ပစ်ပေါင်းလိုက် (ဘာတွေဘယ်လို ပစ်ပေါင်းလဲ သူတို့ပဲ သိလိမ့်မယ်.....) မှ ဆယ်လီဗျစ်တီဖြစ်မယ်ဆိုတဲ့ ရူးနှမ်းနှမ်းခံစားချက်က အပြည့်...... သေခြာတာတော့ အဖြူနဲ့ အမည်းပဲ သိတဲ့ အဲ့ဒိလူတွေရဲ့ အတွေးအမြင်ဟာ ထမိန်ဆင်လေး လှလိုက်တာ၊ ဝတ်ထားတဲ့ အင်္ကျီလေးက ဘယ်လိုဆိုတာလောက် အသိဥာဏ်ရှိကြတာ အခုမှ တွေ့လာရတာပါတကား....... ဒီတော့လည်း ဒီလိုလူတွေက သူတို့ ဥာဏ်မမှီတဲ့အပေါ် မနာလိုစိတ်နဲ့ ထေ့ငေါ့နေတာ မဆန်းကျယ်ဘူးလို့ မြင်မိတယ်......

Photo copied from Internet

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...