Quantcast
Viewing all articles
Browse latest Browse all 1811

သမုဒယ ဖား.....


Image may be NSFW.
Clik here to view.
Photo

အဲဒီနေ.က....
ပန်းချီးကား အတွင်းဘောင်လိုလို. ဆွဲပြီးသား ကင်းဘတ်စ ကို...ဖြုတ်မလို.
ပန်းချီကားကိုလှန်ကြည်.လိုက်တော. ပန်းချီကား အတွင်းဘောင်မှာ လက်တစ်ဆစ်
ခန်...ဖားငယ်လေး
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ.လိုက်ရတယ်။ကျနော်. အကျင်.က
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်
နေတဲ.လူကို....(သေရေး ရှင်ရေးမှ အပ...)မနိုးတတ်ဘူး။လူရယ်လို. မဟုတ်ပါဘူး
သတ္တ၀ါ အားလုံးအပေါ်
..လည်း အဲဒီမူအတိုင်းပဲဆက်ဆံ တတ်ပါတယ်။ဘယ် သတ္တ၀ါပဲ ဖြစ်ဖြစ်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို. မလွယ်ကူဘူး ဆိုတာကို...အသက်ကြီးမှ
ပိုပို သိလာရပါတယ်။ကျနော် စိတ်တို ခဲပေမယ်. ကျနော် နှစ်နှစ်
..ခြိုက်ခြိုက် အိပ်ပျော်နေတုန်း အကြောင်းမဲ. လာနိုးခြင်းနဲ.
ကြုံဆုံတိုင်း ကျနော် စိတ်တိုလေ.ရှိပါတယ်။ခုထိ
..အဲဒီ အလေ.အထက ရှိနေဆဲပါ။ လိုတိုရှင်း အနှစ်ချုပ်လိုက်မယ်ဆိုရင်
ဖားငယ်လေးဟာ....တစ်နေ.
..ခင်းလုံး အိပ်ပျော်နေတာမို. ကျနော် အဲဒီနေ.က ပန်းချီဆွဲဖို.
ဈာန်ဝင်ပေမယ်. ပုံမဆွဲဖြစ်လိုက်ဖူးပေါ.။

Image may be NSFW.
Clik here to view.
Photo
 
 အေးစက်သော ပစ္စုပ်ပန် လူမှုဖြစ်စဉ်တွေကြောင်. မဆီမဆိုင် အချိုအစားကျနခဲ.တဲ.
မူလတန်းအရွယ် ကလေးဘ၀ကို စိတ်တွေက ပြန်ပြီး မိတ္တူကူးပေးကြတယ်။မိုးတွေ
အရမ်း၇ွာတဲ. မိုးတွင်းကာရောက်တိုင်း
ယင်းချောင်းမှာ လက်ဖက်ရည်ကျဆိမ်.အရောင် ရေနီတွေ ဒလဟော လာတတ်ပါတယ် ။ယင်းရေ
များတိုင်း နတ်မောက်မြို.ပေါ်က ဆရာမတွေ ရွာကျောင်းကို
မလာနိင်ကြတော.ဘူးလေ...အဲဒီအချိန်မျိုး
..ဆိုရင် ကျနော်တို.က ကျောင်းမတက်ဘူးပေါ.။
အလယ်တန်း ကျောင်းသားဘ၀ ရောက်တော.လည်း မိုးဦး လေဦး ကျရင်
ကျောင်းမတက်ဖြစ်ဘူး။အိမ်ကူရတယ်။တောင်သူခွင်တွေစပြီဆိုရင် ရွာဓလေ.က
အလုပ်ရှုပ်တယ်
။ယာထဲ အမှိုက်ကောက်လိုက်ရတယ်။ နောက်..ယာထဲက...ပဲ၊နှမ်းကျဲ
နွားရှဉ်းသမားတွေထံ ရေနွေးအိုး လိုက်ပို.ရတယ်။ တစ်ခါတလေ...ဆိတ်ကျောင်း ၊
နွားကျောင်း ထွေလီကာလီ အိမ်မှာ လစ်ဟာတဲ.နေ
ရာ..တွေမှာ လိုက်ဖြည်. ကစားပေးရတယ်။ဒါကြောင်. အိမ်မှာ အလုပ်ရှုပ်ရင်
ကျနော်ကျောင်းမတက်ဘူး
ပေါ.။အထက်တန်းကျောင်းသား ဘ၀မှာလည်း နေမကောင်း ကျောင်းမတက်ဘူး..တက္ကသိုလ်ရောက်
တော. ပိုဆိုး...။ပျင်းရင် ကျောင်းမသွားဘူး။လက်ဖက်ရည်ဆိုင်ထိုင်တယ်။
မြို.ထဲလျှောက်ပတ်တယ်။
 
Image may be NSFW.
Clik here to view.
Photo
ခုတော.
စစ်သားဘ၀...နေပူပူ ၊ မိုးရွာရွာ ၊ မိုးကြိုးတွေ ပစ်ပစ် ၊ (၈၈)ပဲ
ဖြစ်ဖြစ်၊သံဃာအရေးခင်းပဲ ကြုံကြုံ၊ နာဂစ် မုန်တိုင်းပဲ ၀င်ဝင်
အကြောင်းပြချက်မရှိ ရုံးတက်ကြရပါတယ်။စစ်တပ်မှာ တရားဝင်ရုံးပိတ်၇က်ဆိုတာ
မရှိပါဘူး။ကျနော် သိတဲ. စစ်သားဘ၀ဆိုတာ.... ညာဏအားထက် ကာယအားပဲ
ရွပ်ရွပ်ချွံချွံ စိုက်ထုတ်နေရတာမို. ချွေးထွက်များပါတယ်။ စိတ်ပန်း
လူပန်း ပင်ပန်းလှပါတယ်။ဒါကြောင်. အလုပ်ချိန်
တွေမှာ အင်ပြည်.အားပြည်. ကျန်းမာပျော်ရွှင်စွာ လုပ်နိင်ဖို.
နားချိန်တွေမှာ ကျနော်ကတော. အပြင်မထွက်ဖြစ်တာ များပါတယ်။အပြည်.အဝ
အနားယူပါတယ်။နောက် အမိန်.တစ်ခု အတွက် ကျန်းကျန်းမာမာ
ဆောင်ရွက်နိင်အောင်ပေါ.။အဲဒီ ရှားရှားပါးပါး နားချိန်တွေထဲကမှ...
သက်သောင်.သက်သာ ဖြစ်မယ်. အချိန်တွေဆိုရင် ပန်းချီထ ဆွဲပါတယ်။
ပန်းချီမဆွဲဖြစ်ရင်တော.
ဆိတ်ငြိမ်စွာနဲ. အိပ်စက်အနားယူပါတယ်။အိပ်မပျော်ရင် အိပ်ယာထဲမှာပဲ လှဲပြီး
သီချင်းနားထောင်တယ်
...။စာဖတ်ချင် ဖတ်တယ်။အိပ်စက်ခြင်းဟာ..အကောင်းဆုံး
အနားယူခြင်းဆိုတာ....သိပ်.မှန်ပါတယ်။
အလုပ်တွေပြီးရင် ခြေလက်သန်.စင်ပြီး ခြေပစ် လက်ပစ် အိပ်ယာထဲမှာ
အနားယူရတာလောက် သက်သောင်.သက်သာ အနေအထား ဖြစ်နေတာ မကြုံဖူးပါဘူး။ဒါကြောင်.ဆိတ်ငြိမ်စွာ.. မည်သူ.ကိုမျှ
အနှာက်အယှက်မပေးပဲ ခပ်အေးအေးလေး ကွေးနေတတ်တဲ. ဖားလေးနဲ.
ကျနော်ဟာ...တစ်ဦးကို တစ်ဦး...နားလည်မှုတွေယူရင်း စိတ်တူ
ကိုယ်တူ..စိတ်ချင်းဆက် ပေါင်းသင်းအဖော်ပြုနေခဲ.ကြတာ..
ကြာပါပြီ..။နေ.အခါတွေမှာ ဖားလေးဟာ...ကျနော်ခေါင်းရင်းက
ပန်းချီဘောင်မှာ အမြဲတွယ်ကပ်နေ
တတ်ပါတယ်။တနေ.ခင်းလုံး အိပ်နေလေ.ရှိပေမယ်. ညနေ မိုးချုပ်လာရင်
အစာရှာထွက်ဖို. ပျောက်
.ကွယ်သွားတတ်ပြီး မနက် (၇)နာခွဲ.. (၈)နာရီလောက်မှာ မှ...သူ.အိပ်နေကျ
ပန်းချီကားဘောင်မှာ လာတွယ် တက်ပါတယ်။နေ.မြင် ညပျောက်
ဆို၇ိုးလေဟာ...ဖားလေးနဲ. ကျနော် တွေ.ဆုံချိန်တွေကို
ရည်ညွှန်းတယ် ထင်ပါရဲ.။တစ်ခါတလေ..ဖားလေးဟာ....ကျနော် အိပ်ယာဘေးက
အလင်းကွက်ကလေးမှာ အကောင်သေးသေးလေးတွေ လိုက်စားနေတတ်ပါတယ်။တစ်ခါတလေတော.
အဆောင်ထဲမှာကိုမတွေ.တာ...။အဆောင်ဘေးက အင်းကြီးထဲမှာ
ဆင်းပျော်နေတယ်ထင်ပါရဲ.။တစ်ခါတလေ....ည ညဉ်နက်သန်းခေါင် ကျနော်က ဂျူတီ
ဝင်ရတတ်ပါတယ်။ဖားလေးးဟာ... ကျနော်လောက် တာဝန်၊၀တ္တရားတွေမများပါဘူး။ဖားလေးဂျူတီ
အချိန်တွေက ပြောင်းလဲမှုမရှိ အငြိမ်ပဲ...။ညတွေမှာအစာရှာပြီး နေ.ခင်း တွေတိုင်းမှာ
အေးအေးဆေးဆေး နေ.တိုင်း အိပ်တယ်။ ညဉ်.နက် သန်းခေါင် ၈ျူတီ ၀င်တိုင်း ညဉ်.ပိုးမွှား
ကောင်လေးတွေ အော်သံနဲ. ကြယ်လေးတွေဟာ...ကျနော်ရဲ. အဖော်လေးတွေပေါ.။ တစ်ခါတလေ....
ကျနော် စီးထားတဲ. လည်ရှည်ဖိနပ်သံ “ တဂွပ်ဂွပ်...”ကို နား သောတဆင်
ရင်း...တိတ်ဆိတ်တဲ. ညတွေမှာ အဖော်ပြုရတယ်။ည မိုးမှောင်ကြီးလည်း
ကျနေမယ်... လမ်းတွေလည်း မမြင်ရဘူး ဓာတ်မီးလည်း မပါဘူးဆိုရင်ပေါ.
မြေကြီးမှာ ၀ပ်ပြီး ကြယ်ရောင်တွေနဲ.ကြည်.ရင် မြင်ရတယ်လို. ငယ်ငယ်တုန်းက
အဖေပြောပြဖူးတဲ. စကားလေးကိုလည်း အမှတ်ရဖြစ်ပါတယ်။ကျနော်အဲလို တွေးမိ
တိုင်း ပြုံးမိတယ်။ ဒီချိန်ဆို...အဖေအိပ်နေရောပေါ.လို.လည်းတွေးမိတယ်။အဖေက
အိပ်ချင်မှ အိပ်မှာပါ... အဖေက
အိပ်ယာဝင်အမြဲနောက်ကျတယ်။ရွာပြန်ရောက်တိုင်းလည်း အဖေနဲ.အမြဲပြော
ဖြစ်တယ်။ အဖေ. ငယ်ငယ်တုန်းက ပြောတဲ. စကားတွေ ကျနော်...အမြဲ
အမှတ်ရတယ်ပြောတိုင်း ကျနော်အဖေက မသိချင်ယောင်ဆောင်နေတယ်။ကျနော်အဖေက
တကယ်.အနုပညာသမားပါ။
ဘာမှ မဟုတ်တဲ. ကိစ္စတွေကိုလည်း ဈေးနှုံး ချိုသာစွာနဲ. တွေးတတ်အောင်
ကျနော်တို. စိတ်တွေကို
အမြဲနှိုးဆွ ပေးခဲ.တယ်။ ဘ၀မှာ ဘာမှမဟုတ်ရင်တောင် လေတိုက်တာကို ကျေးဇူးတင်တတ်တဲ. အဖေ.
အလေ.အထတွေကြောင်. ကျနော်မှာ အကောင်းမြင်စိတ်တွေ များလာခဲ.ပါတယ်။ဒီညကတော.
အဖေ.ညထင်ပါ၇ဲ.။ကျနော် ပတ်ဝန်းကျင်မှာ ဖားတွေပေါသလို မြွေတွေလည်း
ပေါလှပါတယ်။
ဒါကြောင်. အဆောင်ဘေး မှာ အစာရှာဖို.
လှုပ်ရှားနေတဲ.ဖားလေးကို..မြွေတစ်ကောင်မှ ၀င်ဆွဲသွားမှာလည်း
ကျနော်စိတ်ပူပင်မိတတ်ပါတယ်။စိုးရိမ်အမှတ်ရောက်တိုင်းလည်း ဖားလေးကို
ညည ဓာတ်မီးနဲ.ထိုးရှာဖြစ်ခဲ.ပါတယ်။ ဖားလေး ကြီးလာတော. ခြေပိုများတာလား
..ဗိုက်ပိုဆာလို.လား
မသိပါဘူး အဆောင်၇ဲ.အဝေးမှာ အစာ သွားသွားရှာတတ်လို. ညတိုင်း
အဆောင်အနီးဝန်းကျင်မှာ မတွေ.ရတာများပါတယ်။ မိုးလင်းမှ...အဆောင်ပေါက်
ပေါက်လာတတ်တယ်။ဖားလေး ငယ်ငယ် လက်တစ်ဆစ်အရွယ်တုန်းကတော. ကျနော်ဘေးက
မီးရောင်အောက် အလင်းကွက်ကလေးထဲမှာ
အစာရှာနေတာ တွေ.ရလို.ကျနော်မှာ
ဖားလေးနင်းမိမှာစိုးလို.ကျနော်.အိပ်ယာဘေးကို အနှေးလျှောက်
အမှတ်စဉ် ခြား လျှောက်နေရတတ်ပါတယ်။တစ်ခါတလေ...ပြတင်းတံခါးဘေးမှာ
ဖားလေးရှိနေတတ်လို. ညဉ်.နက် သန်းခေါင် မိုးပက်ရင်တောင်...တံခါးကို
အမြန်မပိတ်ရဲဘူး။ဖားလေး
ညှပ်မိသွားမှာစိုးလို. ။တစ်ခါတလေ...ဘာမှမဟုတ်တဲ. သံယောဇဉ်တွေကလဲ
နှောင်ဖွဲ.မှန်းမသိ ရစ်ပတ်နေတတ်ပါတယ်။တစ်ခါတလေ... ကျနော်နေ.ခင်းပိုင်း
အနားရတဲ. အချိန်တွေမှာပေါ. ဖားလေးကလည်း
မျက်လုံးပွင်.နေမယ်ဆိုရင်....ဖားလေးခေါင်းပေါ် ရေစက်ကလေးတွေ ချပြီး
ဖားလေးနဲ. ကျနော် ဆော.ကစားဖြစ်ပါတယ်။ ဖားလေး အိပ်ပျက်သွားမှာ စိုးလို.
အမြဲတော.မဆော.ဖြစ်ပါဘူး။ လတွေ ကြာလာတာနဲ. အမျှ..... ဖားလေးနဲ. ကျနော်ဟာ
အတော်ခင်နေကြပါပြီ။ဟိုတလောက ..ဖားလေး
(၃)ရက်တိတိ...အဆောင်ပြန်လာမအိပ်ပါဘူး။
ကျနော်ရင်ထဲမှာ ကြေကွဲလို. ဟာ..နေပါတယ်။ မြွေကိုက်သွားပြီ
ထင်နေတာ။(၄)ရက်မြောက် မနက်မှာ
ကျနော် ပန်းချီကားမှာ ဖားလေးဟာ...ခါတိုင်းလိုပဲ တွယ်အိပ်နေတာတွေ.တယ်။
ဆူချင်ပေမယ်. သူအိပ်နေလို. မဆူဖြစ်ပါဘူး။(၃)ရက်လောက်
ပျောက်သွားတဲ.ဖားလေးက (၃)ဆ လောက် ကြီးလာတယ် ထင်ရပါတယ်။မမြင်တာ ကြာလို.
လည်းဖြစ်နိင်ပါတယ်။ခုတော. ဖားလေးဟာ...ဓာတ်ပုံထဲက အတိုင်းပါပဲ...
အရွယ်ရောက်လာပြီ။ဖားလေး အမည် ကျနော်မသိပါဘူး။
အဆောင်နေ သူငယ်ချင်းတွေ ခေါ်ပြီး တရားဝင် မိတ်ဆက်ပေးရပါတယ်။ဖားလေးဟာ
ကျနော် သူငယ်ချင်းဖြစ်ကြောင်းနဲ. အဆောင် တံခါး ပိတ်တဲ.
အခါ...သတိထားဖို.နဲ.(ဖားလေး မညှပ်စေရန်..)
ညမှု ညတာ..အဆောင်အပြင်ထွက်ရင်...ဖားလေး မနင်းမိဖို. မီးရောင်အောက်မှာ
အစာရှာနေတဲ. ဖားလေးကို ပြပြီး သတိပေးစကားပြောထား၇ပါတယ်။ကျနော် အဆောင်နေ
အစ်ကို တစ်ယောက်က
ဖားလေးကို ကြည်.ရင်....“ညီ..ဖားလေးက ဖားပျံ ..”လို. မှတ်ချက်ပြု
ပြောလိုက်တော. ကျနော် အံ.သြ
သွားရတယ်။ ကျနော်သိတဲ. ဖားက ဖားခုံညင်း။ဖားပြုပ်၊စားဖား(ဖားပေါင်စင်း)
အဲဒီလောက်ပဲ သိတာ....
ခုမှ “ဖားပျံ..” ကိုမြင်ဖူးတာပါ။ ခုမှ
သတိရတယ်...ပိန်းကြာရွက်ပေါ်ရေမတင်....ဒီကိုဂျင်...ဆေးကြော်ငြာ
ထဲက ဖားလေးဟာ.... ကျနော်.ဖားလေးနဲ. အမျိုးအစားတူပါတယ်။ အင်း...ဘယ်နေ.
သေကွဲ ကွဲကြမလဲ မသိတော.ပါဘူး... မသေခင်တော. နှောင်ဖွဲ.ကြတာပေါ.
သမုဒယတွေ.....

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>