Image may be NSFW.
Clik here to view.
……….
(၁)
'' Comrade "
For the weal of the people
For their freedom
from the mire of misery
for the jasmines of goodness
to diffuse their fragance
at a time to offer your life and blood
bourd to each other
by golden chains of loyalty
hand in hand never to part
Comrade!
"ရဲဘော် "
လူတွေရဲ့ ချမ်းသာသုခ
ဒုက္ခ၀ဲဗွက်ကြီးတွေထဲက လွတ်ဖို့
ကောင်းကျိုးစံပယ်တွေ မွှေးဖို့
အသက်သွေး ဆက်ပေးကြရတဲ့ ကာလအခါ
တစ်ဦးနဲ့တစ်ဦး သစ္စာ ရွှေကြိုးတွေရစ်
မပစ်တမ်း မပယ်တမ်းး လက်တွဲ
ရဲဘော်။
ဆရာ အံ့မောင်က ၁၃-၁-၂၀၁၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်မှာ ရဲဘော် ကဗျာလေးကို ရေးသားခဲ့သည်။
ဆရာ အံ့မောင်၏ ကဗျာသည် ဟိုးယခင် လွတ်လပ်ရေးမရရှိမီကာလအတွင်း လွတ်လပ်ရေးရဖို့ အတွက် တိုင်းသူပြည်သူများ ကျွန်ဆိုသည့် ဒုက္ခ၀ဲဗွက်ကြီးမှ ရုန်းထွက်နိုင်ဖို့အတွက်၊ လွတ်လပ်သည့် အချုပ် အခြာအာဏာပိုင်နိုင်ငံဆိုသည့် ကောင်းကျိုးစံပယ်မွှေးစေဖို့အတွက် ရဲဘော်တို့သည် ပြည်သူတို့နှင့်တကွ အသက်ကိုပင်မဓာနမထားပဲ တိုက်ပွဲဝင်ခဲ့ကြသည်ဟု ကျွန်တော်ခံစားမိသည်။
ယနေ့အချိန်အခါတွင်လည်း ရဲဘော်အပေါင်းတို့သည် တိုင်းပြည်၏ အချုပ်အခြာအာဏာပိုင် မြေထု၊ ရေထု၊ လေထုအား တစ်လက်မမျှ မပေးလိုက်ရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြည်သူလူထု အကျိုး၊ နိုင်ငံအကျိုးတို့ကို သယ်ပိုးရွက်ဆောင်နေခြင်း စသည့် ဂုဏ်ဒြပ်တို့ဖြင့် ကောင်းကျိုးစံပယ်မွှေးပါစေ သတည်း။

(၂)
စစ်သားစုဆောင်းရေးရောက်ပြီး လိုအပ်သည့် စာရွက်စာတမ်းတွေဖြည့်၊ ပဏာမ ဆေးစစ်မှုပြုလုပ်ခဲ့ကြ ပါသည်။ အားလုံးအဆင်ပြေချောမွေ့သွားသည့် အတွက် ကျွန်တော်ဝမ်းသာသွားမိသည်။ အလုပ်တစ်ခုတော့ ရရှိတော့မည်ကိုး။ ဒီလိုနဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အဖေအမေဆီအကြောင်းကြား၊ စားဖို့၊ ၀တ်ဖို့ တွေကို ပြင်ဆင်ကြတော့သည်။
၅-၁၀-၂၀၀၀ ရက်နေ့မှာ ဆေးစစ်မှုထပ်မံခံယူပြီး ဆေးစစ်အောင်မြင်ကြပါသည်။ ထိုနေ့သည် တပ်မတော်အတွင်းသို့ ကျွန်တော်ရောက်ရှိသည့် နေ့လည်းဖြစ်ပေသည်။ ထိုနေ့သည် ကြာသပတေးနေ့လည်း ဖြစ်ပေသည်။

ငယ်စဉ်အခါ ကျွန်တော်တို့ကျောင်းအပ်နှံဖို့ မိဘတွေက များသောအားဖြင့် ကြာသပတေးနေ့ကို ရွေး ကြသည်ဟုဆိုသည်။ ကြာသပတေးနေ့သည် ပညာရေးဘက်တွင် လာဘ်ကောင်းသည်ဟု ဆိုကြသည်။ တပ်မတော်အတွင်းတော့ ဘယ်နေ့ရွေးဝင်သည်ဟုတော့ ရှိနိုင်မည်မထင်ပါ။ မည်သို့ပင်ဆိုစေ ကြာသပတေး နေ့တွင် တပ်မတော်အတွင်းသို့ ရောက်ရှိလာသည့် ကျွန်တော့်အဖို့ လာဘ်ကောင်းသည်ဟု ယူဆရနိုင်မည်ဖြစ် ပါသည်။
ကြာသပတေးနေ့တွင် ဆေးအောင်ပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းတွေကို ပြန်လည်ယူငင်ကြ ပါသည်။ သောကြာနေ့တွင် ပြန်လည်ရောက်ရှိလာပြီး စစ်သားစုဆောင်းရေးတွင် နေထိုင်ကြရပါသည်။ ထိုသို့ နေထိုင်စဉ် တပ်မတော်အတွင်းဝင်ရန်အတွက် ၅ ဦးထပ်မံရောက်ရှိလာသည်။ ကျွန်တော်တို့ စုဆောင်းရေးတွင် အတူတကွနေထိုင်ကြသည်။
ဤတွင် တစ်နယ်တစ်ရပ်ဆီမှ ရောက်ရှိလာသော အသိမိတ်ဆွေမဟုတ်သည့် သူများနှင့် စတင်ပေါင်း သင်းကြရခြင်းဖြစ်သည်။ သို့အတွက်ကြောင့်လည်း တစ်ဦးကိုတစ်ဦးပိုမို ခင်မင်လာခဲ့ကြသည်။ အချင်းချင်း ခင်မင်စိတ်၊ အချင်းချင်းရိုင်းပင်းကူညီစိတ်တို့သည် စတင်အခြေပျိုးခဲ့သည်ဟု ဆိုရမည်ပင်။
ကျွန်တော်တို့အဖွဲ့တွင် ထူးခြားသည်က ဆေးအောင်ပြီးသည့် နောက်နှစ်ရက်တွင် ကိုယ်ပိုင်နံပါတ် ရရရှိခဲ့ကြခြင်းဖြစ်သည်။ တကယ်တော့ စစ်အခြေခံသင်တန်းတက်၊ သင်တန်းဆင်းပွဲတွင် ကျမ်းကျိန်သစ္စာ ဆိုပြီးမှသာ တပ်သားတစ်ယောက်အဖြစ် ရောက်ရှိခြင်းဖြစ်သည်။ ထိုတပ်သားအဖြစ် ရောက်ရှိမှသည် ကိုယ်ပိုင်အမှတ်ရရှိကြပြီး တပ်မတော် သားတစ်ဦးဘ၀သို့ လုံးလုံးရောက်ရှိရသည်သာ ဖြစ်သည်။
တပ်မတော်သားသည် မိမိဆံပင်တောင် မိမိမပိုင်ဟူ ဆိုကြသည်။ အဘယ့်ကြောင့်နည်း ကတုံး တုံးမည်ဆိုလျှင် ကံတုံး တုံးခွင့်တင်ကြရခြင်းကြောင့်ဖြစ်သည်။ သို့သော် ကျွန်တော်တို့ တပ်မတော်သို့ရောက်ရှိ စဉ်၌ပင် ဂဏန်းငါးလုံးဖြစ်သော ကိုယ်ပိုင်အမှတ်ကိုယ်စီ ပိုင်ဆိုင်ရပါတော့သည်။ ထို ကိုယ်ပိုင်အမှတ်သည် တပ်မတော်သားတစ်ဦးအတွက် အလွန်အရေးကြီးသော ပိုင်ဆိုင်မှုဖြစ်ပါသည်။

(၃)
ကျွန်တော့်ဘ၀ငယ်စဉ်က ရောက်ရှိဖူးသော ဒေသမှာ ဟင်္သာတ၊ ရန်ကုန် အလွန်ဆုံးဖြစ်သည်။ မိတ္ထီလာဆိုသည်မှာ ကျွန်တော် အိပ်မက်မျှပင်မမက်ခဲ့ဘူးသော ဒေသဖြစ်သည်။
စစ်သားစုဆောင်းရေးမှ တစ်ဆင့် ရန်ကုန်ဘူတာကြီး၊ ထိုမှတဆင့် မီးရထားကြီးစီးရသည့် အချိန်တွင်တော့ မိတ္ထီလာမြို့ကြီးဆီသို့ စတင်ခရီးနှင်ခဲ့ရပြီဖြစ်သည်။ ကျွန်တော်တို့ ၇ နှစ်ဦးနှင့်အတူ စုဆောင်း ရေးမှ ဆရာ တစ်ဦးက လိုက်ပို့သည်။

စိတ်ထဲတွင်တော့ ပျော်ရွှင်နေမိသည်။ ကိုယ်မရောက်ဖူးသေးသည့် အရပ်ဒေသကို ရောက်ရှိတာ့မည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် ဘ၀ကိုရောက်ရှိတော့မည်ဟူသော အတွေးဖြင့်ဖြစ်သည်။ ဤသို့ဖြင့် မြို့အသီးသီး နယ်အသီးသီး ရှုခင်းအသီးသီးကို ဖြတ်ကျော်ခံစားပြီး မိတ္ထီလာမြို့သို့ ဆိုက်ဆိုက်မြိုက် မြိုက်ရောက်ရှိခဲ့ပါတော့သည်။
ကျွန်တော်တို့ စစ်ပညာသင်တန်းတက်ရမည့် တပ်သည် မြေပြင်အတတ်သင်လေတပ်စခန်းပင် ဖြစ်သည်။ (ကျွန်တော်တို့တက်ခဲ့သည့် သင်တန်းသည် တပ်မတော်(လေ)တွင် စစ်ပညာသင်တန်း နောက်ဆုံး ဖွင့်လှစ်ခဲ့သော သင်တန်းဖြစ်သည်။ ယနေ့အချိန်တွင်တော့ မှော်ဘီ၊ ပြင်ဦးလွင်စသည့် တပ်မတော်(ကြည်း) စစ်အခြေခံကြောင်းကြီးများတွင် ကြည်း/ရေ/လေ အားလုံး တက်ရောက်နေကြရပြီဖြစ်သည်)။
ဆက်လက်ပြီး ..အပိုင်း(၄)အား သည်းခံ၍ စောင့်မျှော်ပေးပါရန်။
မောင်ပိုင်
၂၁-၁၂-၂၀၁၃
— with Nanda Htun Htet and 29 others.ဆက်လက်ပြီး ..အပိုင်း(၄)အား သည်းခံ၍ စောင့်မျှော်ပေးပါရန်။
မောင်ပိုင်
၂၁-၁၂-၂၀၁၃