Quantcast
Viewing all articles
Browse latest Browse all 1811

ရွှေပြည်တော် မျှော်တိုင်း ဝေးနေရဆဲ ကောင်းမွန်သော အုပ်ချုပ်မူ့ အပိုင်း(1)


ဆယ်စုနှစ်ပေါင်းများစွာ မစားကောင်းတဲ့ အသီးလို ရှိခဲ့သော good governance စကားလုံးကို သမ္မတကြီး ဦးသိန်းစိန် စတင် တာဝန်ယူစဉ်က ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြု မိန့်ခွန်းမှာ ကြားလိုက်ရစဉ် လွယ်ကူတဲ့ စကားစု လေးဆိုပေမယ့် ဘာသာပြန်ဖို့တောင် ခက်ခဲခဲ့ရပါတယ်။
အဲဒီ နိုင်ငံအခြေပြု မိန့်ခွန်းပြောပြီး သုံးနှစ်ဝန်းကျင် ခန့် အကြာမှာ ကောင်းမွန်သော အုပ်ချုပ်မူ့ကို ကျနော်တို့ ရရှိခံစားနေရပြီလား လို့ မေးခွန်းထုတ် ဆန်းစစ်ကြည့်ရင်တော့ အရိပ်အယောင် အစွန်အဖျား ခပ်ပါးပါးလေးပဲ ခံစားရတယ် လို့ အဖြေထုတ်နိုင်ပါလိမ့်မယ်။
GOOD GOVERNANCE ဆိုတဲ့ အကျိုးအာနိသင် ထက်မြက်လှတဲ့ ဆေးဝါးကြီးကို ပေးကားပေး၏ မရ ဖြစ်နေရခြင်း အကြောင်းရင်းကို ရှာဖွေကြည့်ရင် အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်တယ် ဆိုတာ တွေ့ရလိမ့်မယ် ထင်ပါတယ်။



ရာစုနှစ်ဝက်လောက် အာဏာကို တစ်လုံးတည်း တစ်ခဲတည်း တစ်ဦး တစ်ယောက် တစ်ဖွဲ့ ထဲက ချုပ်ကိုင်လာခဲ့တော့ ဖြစ်ပျက်တာအားလုံးကို ကျနော်တို့တစ်တွေဟာ အစိုးရကြောင့်ပဲ ရူမြင်တတ်ကြပါတယ်။
ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေအရ အာဏာသုံးရပ် ဖြင့် ခွဲခြား အုပ်ချုပ် အပြီးမှာ ကောင်းမွန်သောအုပ်ချုပ်မူ့ ကို အကောင်အထည် ဖော်ဆောင်ဖို့ မဏ္ဏိုင် သုံးရပ် လုံးမှာ တာဝန်ရှိလာပါတယ်။
ကောင်းမွန်သော အုပ်ချုပ်မူ့ကို ခပ်ရေးရေးလောက် အကောင်အထည် ဖော်နိုင်ခြင်းဟာ မဏ္ဏိုင်သုံးရပ်လုံးရဲ့ လစ်ဟင်းခြင်းပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

Good governance ကို အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ဆိုရင် ကွက်လပ်ကြီး နှစ်ခုကို ဖြည့်စွက်ရပါလိမ့်မယ်။

ပထမကွက်လပ်က တာဝန်ရှိသူ တနည်းပါဝင်ပတ်သက်သူတို့ရဲ့ နိုင်ငံရေးစေတနာ political will ဖြစ်ပြီး နောက်ကွက်လပ်က capacity ခေါ်တဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

သမ္မတကြီး ဦးဆောင်တဲ့ အစိုးရ အဖွဲ့တွင်းမှာ တာဝန်ထမ်းဆောင်ကြတဲ့ လူအားလုံး နီးပါးဟာ အရင်တပ်မတော် အစိုးရလက်ထက်က လူဟောင်းများ ပါဝင်ပြီး တော်တော်များများရဲ့ နိုင်ငံရေးစေတနာနဲ့ ပတ်သက်ရင် မေးခွန်းထုတ်စရာတွေ ရှိပါတယ်။
သမ္မတကြီးက စပြီး နိုင်ငံရေးစေတနာမှန်သူ အချို့ ရှိနေပေမယ့်လည်း စွမ်းဆောင်ရည် ချို့တဲ့မူ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
အုပ်ချုပ်ရေးအာဏာမှာ အကြီးမား ဆုံး အားနည်ချက်ကတော့ အိုင်ဒီယာပွဲစား ခြောက်ခန်းနေခြင်းပါပဲ။
သမ္မတဘေးနားက ပညာရှင်တွေ ချမှတ်အကြံပေးလိုက်တဲ့ အိုင်ဒီယာတွေကို လက်တွေ့ နယ်ပယ်ထဲ အသုံးချနိုင်ဖို့ ကြားထဲက မိတ်ဆက်ပေးမယ့် လူ ပျောက်ဆုံးနေခြင်းပဲ ဖြစ်ပါတယ်။
အဲဒီ အိုင်ဒီယာ ပွဲစားတာဝန်ကို ထမ်းဆောင်ရမယ့် မီဒီယာတွေ လစ်ဟင်းခြင်းကလည်း ကျနော်တို့ကို ကောင်းမွန်သော အုပ်ချုပ်မူ့ ဝေးရခြင်း အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။

ကျနော့်အထင်သက်သက် ဖြစ်ခြင်းကြောင့် အမှားအယွင်းများ နိုင်သလို ပြည့်စုံမှာလည်း မဟုတ်ပါဘူးခင်ဗျား

အပိုင်း(2)ဆက်ပါအုံးမည်

By  
Naing Soe

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...