Quantcast
Viewing all articles
Browse latest Browse all 1811

ရွှေပြည်တော် မျှော်တိုင်းဝေး နေရဆဲ ကောင်းမွန်သော အုပ်ချုပ်မူ့ အပိုင်း(2)

 
မြန်မာ့ နိုင်ငံရေးမှာ အင်စတီးကျူးရှင်း အသစ်လို့ ဆိုလို့ရနိုင်တဲ့ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီလက်ထက်မှာ နံပါတ်(3)လို့ သတ်မှတ်ထားတဲ့ ပြည်ထောင်စု လွှတ်တော်ဥက္ကဌ ဦးဆောင်တဲ့ လွှတ်တော်ရဲ့ ထူးခြားချက်က ၂၀၁၅ရွေးကောက်ပွဲ အလွန်မှာ သမ္မတ ရာထူး တာဝန်ထမ်းဆောင်ချင်ပါတယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုထားသော ပုဂ္ဂိုလ် နှစ်ဦး ရှိနေခြင်းပါပဲ။

 အဲဒီအတွက် အုပ်ချုပ်ရေးအာဏာကို အထိန်းအထေ သဘောထက်ပိုတဲ့ ပုဂ္ဂိုလ်ရေး အားပြိုင်မူ့ သဘောတွေနဲ့ မကြာခဏ ဘရိတ်ပေါက်နေတာကို တွေ့လာရပါတယ်။
ကောင်းမွန်တဲ့ အုပ်ချုပ်မူ့ရဲ့ အသက်သွေးကြော လွှတ်တော်က ထမ်းဆောင်ရမယ့် တာဝန် သုံး ရပ် ရှိပါတယ်။



အဲဒါတွေကတော့
၁ ဥပဒေတွေ ပြဌာန်းခြင်း ပြင်ဆင်ခြင်း ပယ်ဖျက်ခြင်း
၂ ရသုံးမှန်းခြေ ငွေစာရင်းကို အတည်ပြုခြင်း
၃ အုပ်ချုပ်ရေး အာဏာကို အထိန်းအထေ ပြုခြင်း တို့ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ ကာလများတုန်းက no vote ရေစီး အားကောင်းခဲ့ခြင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အားနည်းမူ့တွေကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေမှာ political will ရော capacity ပါ အားနည်းခဲ့ရပါတယ်။
ယနေ့ မြန်မာ့ လွှတ်တော်မှာ စေတနာရော စွမ်းဆောင်ရည်ပါ ပြည့်စုံတဲ့ ကိုယ်စားလှယ် နည်းပါးနေခြင်း ကလည်း တာဝန် သုံးရပ်ကို ထမ်းဆောင်ဖို့ အခက်အခဲတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါအပြင့် shadow government လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရေးရာကော်မတီတွေက ထမ်းဆောင်ရမယ့်
သက်ဆိုင်ရာ နယ်ပယ်ရဲ့ဥပဒေ ကြမ်းတွေကို အသေးစိတ် စိစစ်ခြင်း
သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အထိန်းအထေ ပြုခြင်း function နှစ်ရပ်ကို ပြည့်ပြည့်ဝဝ မထမ်းဆောင်နိုင် ခြင်းကလည်း ကျနော်တို့ကို good governance နဲ့ ဝေးစေခြင်း အကြော့င်းတစ်ရပ် ဖြစ်ပါတယ်။

တရားစီရင်ရေး မဏ္ဏိုင်အနေနဲ့ တော့ ကျနော်တို့ တတွေ တရားရုံးတွေ ရဲစခန်းတွေကို ကူညီသူတွေ ဆိုတာထက် တရားရုံး ရဲစခန်း သွားရတာ ထိတ်လန့်စရာ ဆိုတဲ့ အမြင်လောက်ကိုပဲ ပြောင်းလဲနိုင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။


အစောက ရေးသားခဲ့တဲ့ မဏ္ဏိုင်ကြီး သုံးရပ်ဟာ ပြည်ထောင်စု အဆင့်တွေ ဖြစ်တဲ့အတွက် တိုက်ရိုက်ပတ်သက် ခြင်း မရှိပဲ ကျနော်တိုနဲ့ အမှန်တကယ် ထိတွေ့ ဆက်ဆံနေတာက အစိုးရရုံးတွေ ဝန်ကြီးဌာနတွေပဲ ဖြစ်ပါတယ်။
အရပ်သား အစိုးရလက်ထက်မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မူ့ဆိုတဲ့ အပျံစား ဆောင်ပုဒ်ကြီးကို ချိတ်ဆွဲထားပေမယ့် လက်တွေ့ ဖော်ဆောင်နိုင်ခြင်း မရှိပဲ ပြည်သူဘက် မျက်နှာမူခြင်း မရှိသေးတာကို တွေ့ရပါတယ်။
ဌာနဆိုင်ရာတွေ အနေနဲ့ အောက်ထစ်ဆုံးအဆင့်ဖြစ်တဲ့ ဌာနတွင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင် ခြင်း မရှိပဲ သူအဖွဲ့ ကိုယ့်အဖွဲ့ မတည့်ပဲ ခြေကန်လန့် ထိုးကြ ပညာပြကြ နဲ့ လာရောက် ဝ်ဆောင်မူ့ ရယူတွေကို စိတ်ညဉ်းညူ စေပါတယ်။

ဒါအပြင့် မဏ္ဏိုင်သုံးရပ်ကို စောင့်ကြည့်တဲ့ မီဒီယာ အားနည်းခြင်း
အစိုးရရဲ့ အားနည်းချက်တွေကို ဖြည့်တင်းကုစားပေးတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ မြေစမ်းခရမ်းပျိုး အဆင့်ပဲ ရှိနေခြင်းကလည်း ကောင်းမွန်သော အုပ်ချုပ်မူ့နဲ့ ကျနော်တို့ကို ဝေးနေရခြင်း ဖြစ်ပါတယ်။

အခုထောက်ပြခဲ့တဲ့အဘက်ဘက်က အားနည်းမူ့တွေဟာ အသွင်းကူးပြောင်းခါစ နိုင်ငံတိုင်း ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ဆိုပြီးနားလည်နိုင်ပေမယ့် good governance'အတွက် လိုအပ်တဲ့ကွက်လပ်တွေကို ဖြည့်တင်းနိုင်ဖို့ ဘယ်ပါတီကမှ စွမ်းစွမ်းတမံ ကြိုးစားနေတာကို မတွေ့ရခြင်းက သန်းခြောက်ဆယ်အတွက် ကြမ္မာဆိုး ဝင်ခြင်းလို့ ဆိုရမှာ ဖြစ်ပါတော့တယ်။

By 
Naing Soe

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>