Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
“လှော်မည် ညှော်မည် လော်ဘီ”
$
0
0
by Soe Min (Notes) on Thursday, June 13, 2013 at 6:30am
          သည်ကနေ့ခေတ် မီဒီယာ အင်တာနက်ပေါ်မှာ လှိုင်လှိုင်ကြီး တွင်ကျယ်နေတဲ့ အသုံးတစ်ခုကတော့ လော်ဘီလုပ်တာပါတဲ့။ ဟိုးအရင်တုန်းကတော့ အဲဒီစကား ဘာပြောမှန်းမသိလို့ အဘိဓါန်ထဲမှာ လှန်ရှာရတာပါ။ ပထမဦးဆုံး ကြားဖူးတာကတော့ ဟောလီးဝုဒ်က ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတစ်ကားထဲမှာဗျ။ မင်းသားက lobbyist လုပ်တယ်ဆိုတော့ ဘာပြောမှန်းမသိဘူး။ Lobby ဆိုတာ ဟိုတယ်တွေမှာဆို ဧည့်ခန်းဆောင် လို့ ခေါ်တာမို့လို့ ဧည့်ကြိုလုပ်တာလား။ Receptionist လိုမျိုးလား လို့ အောင့်မေ့နေတာ။ (ကိုယ့်ဆီမှာ အဲ့လိုလူမျိုးမှ မရှိသေးပဲကိုးဗျာ) နောက်တော့မှ သူက ဆေးလိပ်ကုမ္ပဏီကြီးတွေက ပြောရေးဆိုခွင့်ရှိသူအဖြစ် ငှားထားပြီး ဆေးလိပ်ရောင်းကောင်းအောင် ဆွယ်တရားဟောပေးရတဲ့သူ၊ ဆေးလိပ်မကောင်းကြောင်း ပြောရင် ကာကွယ်ချေပပေးရတဲ့သူ ဖြစ်နေတယ်။
လိုအပ်တဲ့အရည်အချင်းကတော့ ကြမ်းပိုးကိုလိပ်ဖြစ်အောင် ပြောနိုင်ရမယ်။ မှားတာမှန်တာ ကိုယ်နဲ့မဆိုင်ဘူး။ သူ့ဘာသာ ယုံတာ မယုံတာလည်း ကိုယ့်အလုပ်မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ပြောတဲ့စကားကိုတော့ သူများတွေယုံအောင်တော့ ယုတ္တိယုတ္တာကလေးနဲ့ လှည့်ကာပတ်ကာ ပြောနိုင်ရမယ်။ ရှေ့နေတွေလို ဥပဒေကြောင်းနဲ့ ငြင်းရခုန်ရတာ မဟုတ်ဘူး။ အလိမ္မာကလေးနဲ့ နှုတ်ရေးကြွယ်ကြွယ် ငါ့စကားနွားရ ပြောရတာ။ လော်ဘီသမားဆိုတာ အမှားအမှန် တရားတာ မတရားတာက အဓိကမကျဘူး။ ကိုယ့်ကို ဘယ်သူက ပိုက်ဆံပေးမှာလဲ ဆိုတာကပဲ အဓိကကျတယ်။ ကြေနပ်လောက်တဲ့ ငွေကြေးပမာဏယူပြီးရင် အဲသည်လူဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပြီး လှော်တန်လှော်၊ ကြော်တန်ကြော် လို့ ညှော်တန်ရင်လည်း ၀င်ဝင်ညှော်ပေးနေရတယ်။ အဲဒီလိုဆိုတော့ လော်ဘီဆိုတာ အောင်သွယ်ပွဲစားလည်း မဟုတ်ဘူး။ ရှေ့နေတို့ ဥပဒေအကျိုးဆောင်တို့လည်း မဟုတ်ဘူး။ ပြောရေးဆိုခွင့်ရှိသူ (Spoke person) တောင် မဟုတ်ဘူး။ အဲဒါတွေ အားလုံးအပြင် အလံရှူးလိုလို၊ ဘေးတီးပေးတဲ့လူလိုလို၊ ကိုယ်တိုင်လည်းလိုက်ဖွတန်ဖွ၊ သူများတွေပါးစပ်ဖျားမှာ ပွသွားအောင်လည်း ဆွတန်ဆွပေးရတဲ့သူပေါ့။ ဥပမာ လင်္ကာဒီပချစ်သူ ၀တ္ထုမှာ ဆရာချစ်ဦးညိုကြီး ဒဿဂီရိဘက်က လော်ဘီလုပ်သွားတယ်။ (ဒါကျတော့ ပိုက်ဆံရလို့ ဟုတ်ပါဘူး။ သူ့အနုပညာပေါ့)။  အဲသလောက် ရှင်းပြလိုက်ရင်ကိုပဲ အခုရက်ပိုင်းအတွင်းမှာ ဘယ်သူဘယ်ဝါတွေ ဘယ်သူ့အတွက် လော်ဘီလုပ်ပေးနေတယ်ဆိုတာ အကင်းပါးတဲ့သူတွေကတော့ မျက်စိထဲ မြင်ယောင်နေလောက်ပါပြီ။
          ဒါပေသိ တို့ပိတ်သတ်ကြီးက အထူအပါး မညီတာလည်း သိတော်မူကြတဲ့အတိုင်းပါပဲ။ ခပ်ပိန်းပိန်းသမားတွေအတွက် ဥပမာလေးတွေ ထပ်ပေးရပါဦးမယ်။ ဟိုတလောတုန်းက မင်းသားလေးတစ်ယောက် “တို့ကတော့ တို့ကတော့ တို့ကတော့ ဘုရားကျောင်းထဲပြန်ရောက်တဲ့အချိန်..” ဆိုပြီး လုပ်တာ မှတ်မိသေးလား။ နှစ်ရက်လောက်ကြာတော့ ဒါရိုက်တာတစ်ယောက်က “အဲဒီမင်းသားကို သူငယ်ငယ်ကတည်းက သိပါတယ်။ လူငယ်လေးတစ်ဦးပါ။ အမှန်တရားကို ရှာတဲ့သူ။ ဖြေးဖြေးလေး ရှာပါစေ။” ဆိုပြီး မျက်ရည်ကျဖွယ်ဇာတ်လမ်းကလေး နဲ့ တစ်ကျပ်ဖိုး သုံးပုဒ် ဇာတ်ထုပ်ခင်းပြသွားတာမျိုးကို လော်ဘီလုပ်တယ် လို့ ခေါ်ပါတယ်။ အဲ့လိုပဲပေါ့။ “တို့ဘဘကြီး(ငြိမ်း) ထမင်းဆိုင်ဖွင့်စားနေရရှာတယ်။” “မာမီတို့များ လွှတ်ရိုးတာ။ သည်နေ့အနားယူ နောက်နေ့ မုန့်ဟင်းခါးအိုး တည်ရတော့မှာ။” “ဒေါ်ဒေါ့်ကို သနားလို့တဲ့ မော်တော်ပီကယ်တောင် ငိုချလိုက်တယ်။ မီးကိုစိမ်းရော။” အစရှိတဲ့ ဂရုဏာသက်စဖွယ် စာမျိုးရေးသော အမည်မဖော်လိုသူ လှထုံတို့ဟာလည်း လော်ဘီသမားစစ်စစ်ကြီးတွေ ဖြစ်တယ် မဟုတ်ဘူးလား။
          လူမှုကွန်ယက်ပေါ်မှာ ကိုယ်ရေးအချက်အလက်တွေ မဖော်ပြပဲ ဟိုဟာရှာဖွေနေသူ၊ ချစ်ဖို့ကောင်းသူကလေး၊ အ၀ှာပြုချင်သူများစုဝေးရာ စသည်ဖြင့် စာမျက်နှာတစ်ခုဖွင့်ပြီး ကိုယ်ရေးချင်တာကိုယ်ရေးလို့ ရနေတဲ့ခေတ်ဆိုတော့ တချို့လူတွေဆို ပိုက်ဆံအကုန်ခံပြီး သူများတောင် လော်ဘီငှားမနေတော့ပါဘူး။ ကိုယ့်ဘာကိုယ် နောက်ထပ် အကောင့်သစ်တစ်ခုဖွင့်ပြီး “ဟုတ်ဘူးလား ငါ့တူရယ်”  “ဟုတ်တာပေါ့ ဦးလေးရယ်။” နဲ့ သိပ်ပိုင်တဲ့မင်းပဲ ဇာတ်ခင်းကြတယ်။ သူများကိုဆဲဖို့က အကောင့်တစ်ခု၊ ကြိတ်ပုံးကလေး ကြူဖို့က အကောင့်တစ်ခု၊ ဘုရားစာလေးတွေတင်ပြီး မေတ္တာပို့ဖို့က အကောင့်တစ်ခုနဲ့ တစ်မိုးလုံးဖျောက်ဆိတ် လုပ်နေကြတယ်။ အမယ် တချို့များဆို သူ့အကောင့်အချင်းချင်း In a relationship တို့၊ Married to တို့ နဲ့ အမျိုးစပ်ထားလိုက်သေးတယ်။ သူ့ဖာသူ အားအားယားယား အချိန်ကုန်ခံနိုင်လို့ တစ်လုံးက မီးထိုးဖို့ တစ်လုံးက ကိတ်ဆိတ်ဖွေ့ဖို့ လုပ်ချင်လည်း လုပ်ပေါ့လေ။ ဒီအထိက သူ့အခွင့်အရေးပဲဟာ။ ဒါပေသိ သူရော၊ သူ့အကောင့်ခွဲတွေပါ ၀ိုင်းကာအုံကာ ဖဲ့ရွဲ့တိုက်ခိုက်နေတဲ့အခါမှာတော့ တော်တော်ကို အာရုံနောက်စရာကောင်းတာပါ။ အဲဒီလူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုက်ဝါး (Psy-War)တွေသုံးပြီး နိုင်ငံရေးလှည့်ကွက် ကစားနေတာကတော့ နည်းနည်းများ မလွန်လွန်းဘူးလားလို့။
          ဖေ့စ်ဘုတ်ပေါ် အနေကြာလာတဲ့အခါ အပြင်မှာ လူချင်းတစ်ခါမှ မမြင်ဖူးပေမယ့်လည်း နံမည်တွေ့လိုက်တာနဲ့ သည်လူ့ဆီက ဘယ်လိုစကားမျိုးကြားရတော့မယ်လို့ ကြိုတင်မှန်းဆလို့ရတာ ပညာလို့တောင် မခေါ်ချင်ပါဘူး။ သူ့နံရံပေါ် ဘာတွေရေးထားသလဲ တပတ်လောက်ဖတ်ကြည့်လိုက်ရင် သဘောပေါက်နေပြီ။ တချို့များဆို အင်မတန် သစ္စာရှိတာ။ Status ဆယ်ခုတင်လိုက်၊ ကိုးခုက ဒေါ်စုအမှားကို ထောက်ပြဖို့။ (နောက်တစ်ခုကတော့ အသားလွတ်ကြီး ဆဲဖို့)။ KIA တံဆိပ်တပ်ထားပြီး ကချင်ဘက်ကချည့် ရေးတဲ့သူလည်း ရှိတာပဲ။ မင်းသမီးတွေ အောက်စလွတ်တာချည့်ပဲ ထိုင်တင်မယ့် စာမျက်နှာလည်း ရှိရဲ့။ ကုန်ကုန်ပြောရရင် အပြာစာ၊ အပြာပုံတွေ တင်တဲ့စာမျက်နှာတင်မကဘူး။ မာမီတွေ ရွပိုးထိုးတဲ့ စာမျက်နှာတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒီစာမျက်နှာတွေအားလုံးဟာ သူ့ရပ်တည်ချက် (Main theme) တစ်ခုခုနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ကြတာမို့ သိက္ခာမဲ့တဲ့ စာမျက်နှာ လို့ မပြောချင်ပါဘူး။ သူ့ထက်သိက္ခာမဲ့တာက ဘာရပ်တည်ချက်မှ မရှိပဲနဲ့ ပြည်သူလူထုကြားမှာ အမုန်းမီးတောက်တွေ ကြီးထက်ကြီးလာအောင် ဆီလောင်းလေပင့် လုပ်ပေးနေကြတဲ့ များစွာသော ခါတော်မီ အကောင့်ပုန်းတွေ ဖြစ်ပါတယ်။
          အဲဒီလူတွေက ဘယ်သူဘယ်ဝါတွေဆီက ဘယ်လောက်အတိုင်းအတာအထိ အကျိုးအမြတ်ရနေသလဲတော့ မသိပါဘူး။ ဒါပေမယ့် သူတို့လုပ်ကွက်များကတော့ တော်တော် ကြောက်စရာကောင်းပါတယ်။ မဟုတ်မှန်တဲ့သတင်းတွေ လုပ်ကြံဖန်တီးပြီး  တကယ့်လက်တွေ့ဘ၀မှာ လူအမြောက်အများ သေကြေပျက်စီးအောင် ပြုတဲ့ အကုသိုလ်ဟာ မုသာဝါဒတစ်ပါးတည်း ကျိုးလိမ့်မယ် လို့ မထင်မိပါဘူး။ ဓါတ်ပုံအတုတွေ ဖန်တီးတယ်။ သတင်းအတုတွေ လွှင့်တယ်။ ပလီမဟုတ်ပဲနဲ့ ပလီဆောက်နေတာပါလို့ အခိုင်အမာ လိမ်တဲ့သူကလိမ်သလို ဖြစ်ခဲ့ပြီးသမျှ ကိစ္စရပ်တွေမှာ ခြေရာလည်းပျောက် ရေလည်းနောက်အောင် တမင်လိုက်နှောက်ပစ်ကြတယ်။ ထိပ်ဆုံးကတော့ ခေါင်းစဉ်အကြီးကြီးနဲ့ ဖြစ်ရပ်မှန်ဆိုတာကြီးက အမြဲတမ်းပါတယ်။
            ဘယ်လောက်ထိဆိုးသလဲ။ ကျောက်နီမော်မှ မသီတာထွေးရဲ့ ဖြစ်ရပ်မှန်ဆိုပြီး အပြစ်မရှိပဲ မတရားစွပ်စွဲခံရပြီး နှိပ်စက်ညှင်းပန်း အသတ်ခံရသူ လူငယ်ကလေးသုံးဦးပုံပြင်ကို စာမျက်နှာပေါ် တင်ကြရှဲကြတယ်။ သူတို့သုံးယောက်က တရားခံအစစ် မဟုတ်ပါဘူးတဲ့။ ရဲတွေက မတရား အမှုဆင်ဖမ်းပြီး နှုတ်ပိတ်ပလိုက်တာပါလို့ ရေးတာဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုရော၊ တရားရေးမဏ္ဍိုင်ကိုပါ စော်ကားတာ မဟုတ်ဘူးလား။ ထားပါတော့လေ။ တရားဥပဒေ မစိုးမိုးတဲ့နိုင်ငံလို့ စွပ်စွဲချင်တာ ရှိပါလိမ့်မယ်။ ဒါဖြင့်ရင် သေသွားတဲ့ ကလေးမကလေးကို ဘာနဲ့မုန်လာဥလုပ်မလို့တုန်း။ အဲဒီမှာတင် သူတို့က တရားခံကို နံမယ်နဲ့တကွ ဖော်ထုတ်လာပြန်ရော။ ရခိုင်ပါတီက လူတစ်ယောက်က လူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် ဇာတ်လမ်းဆင်တာပါတဲ့။ ရခိုင်တွေသာ အဲဒီစာဖတ်ရရင် ရယ်ရလွန်းလို့ အူတက်သေလိမ့်မယ်။ တောမှာသွားပြော။ ရခိုင်မှာ လာမပြောနဲ့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်မှာ ရခိုင်ပါတီတွေ မဲအများဆုံးနဲ့ အနိုင်ရတာ မှန်ပါတယ်။ ရခိုင်အမတ်၊ ရခိုင်ကိုယ်စားလှယ်တွေ အများကြီး လွှတ်တော်ထဲမှာပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ထဲမှာ ရခိုင်ဘယ်နှစ်ယောက်ရှိသလဲ ပြန်ကြည့်။ ဘယ်ကိုမှ သွားကြည့်စရာမလိုဘူး။ စစ်တွေလေယာဉ်ဆိုက်တဲ့အခါ တစ်စီးတည်းအတူပါလာတဲ့ ရခိုင်အမတ် နဲ့ ကြံ့ဖွံ့အမတ် ဘယ်လိုလာ ဘယ်လိုစီးပြီး ဘယ်သူလာကြိုသလဲ မြင်ရင် သဘောပေါက်သွားမယ်။ ရခိုင်ပါတီဝင်တစ်ယောက်မို့လို့ ရခိုင်ပြည်နယ်မှာ သူလုပ်ချင်ရာလုပ်ခွင့်ရဖို့ ဆိုတာ နောင်ပွင့်မယ့် ဘုရားရှင်လက်ထက်တော့ မပြောတတ်ဘူး။ အခုလောလောဆယ်တော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ မှားတာနဲ့ ဆွဲစိဖို့ အသင့်ကြည့်နေတာ။ (ငါတော့ အနာပေါ် တုတ်ချမိပြန်ပြီ)
            မလေးရှားမှာ လူတွေသေကုန်ကြတဲ့အခါ ဘယ်ဟာကိုမှ ယုံလို့မရတော့ဘူး။ အစိုးရမီဒီယာကိုယ်၌က ဟုတ်ပဲနဲ့ ဟုတ်ပဲနဲ့ ဆိုရင်းကနေ တက်လာပြန်ပြီ။ ဓါတ်ပုံတွေ။ ခဏနေတော့ အဲဒါ မဟုတ်သေးဘူး။ တကယ့်ဖြစ်ရပ်မှန်မှာ ဆို လာပြန်ရော။ မကြာပါဘူး။ တကယ်ဆိုမှတကယ် ဘုရားစူး မိုးကြိုးပစ် ဖြစ်ရပ်မှန်မှာ ဆို လာပြန်တယ်။ ကိုယ့်အသိအကျွမ်းတွေဆီ ဆက်သွယ်မေးမြန်းတော့လည်း မဟုတ်ပြန်ဘူး။ စဉ်းစားကြည့်လေ။ မလေးဆိုတာ တောမှာ လယ်လုပ်နေတဲ့ မိသားစုတွေဆီက မြန်မာလူငယ်ကလေးတွေ အများစုရဲ့ အိပ်မက်တိုင်းပြည်။ တရားဝင်ရော တရားမ၀င်ပါရောက်နေတဲ့ မြန်မာလူငယ်တွေ သိန်းချီပြီးနေတယ်။ တော်တော်များများက အဆင်မပြေလှဘူး။ အဲဒီကလေးတွေအတွက် ထိုက်တန်တဲ့ အလုပ်သမားအခွင့်အရေးတွေရအောင် ဘယ်သူကမှ တာဝန်ခံမပေးနိုင်ဘူး။ ကိုယ့်ဘာကိုယ် လည်သလို ပွဲစားနဲ့ ပိုက်ဆံပေးပြီး ထွက်လာကြရတယ်။ အခုပြဿနာက သူတို့တတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကိုလည်း ဘယ်သူကမှ တာဝန်ယူမပေးနိုင်ဘူး။ ရဲဆီတောင် ပြေးလို့မရဘူး။ အဲဒီရဲက ဖမ်းမလို့တဲ့။ မလေးအစိုးရလုပ်ပုံက ရှင်းတယ်။ တရားဝင်စာရွက်စာတမ်းရှိသလား။ အာမခံပေးတဲ့ အလုပ်ရှင်ရှိသလား။ စိစစ်ပြီး ပြန်လွှတ်ပေးမယ်။ အိုနေပြီလား။ ထောင်ထဲဝင်။ အိမ်ပြန်ချင် လေယာဉ်ပေါ်တင်ပေးမယ်ဆိုတာတောင် လေယာဉ်ခ ပေးစရာမရှိ။ ဒါနဲ့ပဲ ပြည်တော်ဝင် စနေမောင်မောင်တွေကို ကြိုဖို့ တို့ဆီက လေယာဉ်ကုမ္ပဏီကြီးတွေနဲ့ ခရိုနီကြီးတွေက နိဗ္ဗာန်ကူးတို့ ပို့ကြရတော့တယ်။ ဒါလည်းပဲ လော်ဘီနဲ့ မလွတ်ပေါင်ဗျာ။ ပန်းဆိုးတန်းဆိပ်ကမ်းက တိုင်တန်းနစ်ကြီးထွက်သလို ထွက်သွားလို့ ကမန်းကတန်း ဖဲဝိုင်းက ထလိုက်သွားရတဲ့ လီယိုနာဒိုလေးတွေ ပါသွားတယ်ဆိုတာတော့ ထားပါတော့လေ။ လူသုံးသောင်းဆန့်တယ် ဆိုတာကတော့ ဘတ်စကားများလို မတ်တတ်စီးခိုင်းမလို့နဲ့တူပါရဲ့။
           တို့ဆီက မိအေးတို့ကတော့ အခါခါနာရပြန်တာပါပဲ။ ကိုယ့်ဆီကလူတွေ တရားဝင်ထွက်သွားတာတောင် ဟိုမှာ သက်တမ်းကုန်နေတော့ ကိုယ့်စားရိတ်နဲ့ကိုယ် လိုက်ခေါ်ရ။ သူများဆီက ကိုယ့်ထဲမှာ ဘာအထောက်အထားမှ မရှိပဲ ၀င်လာတာတွေ မိပြန်တော့ ဟိုဘက်ပို့ဖို့နေနေသာသာ နေရင်းရပ်ရွာ နယ်စပ်ကို လ၀ကမင်းများကိုယ်တိုင် အိမ်တိုင်ယာရောက် ထမင်းကျွေး စားရိတ်ခံ ပြန်ပို့ပေးရ။ အပို့ခံရတဲ့အကောင်များကလည်း ဘုန်းကြီးကျောင်း ကြောင်သွားလွှတ်သလို ပို့တဲ့သူပြန်တာနဲ့ အထုပ်ကောက်ဆွဲပြီး ၀မ်းစမိုးရော သောသောညံ ပြန်ဝင်ကြနဲ့။ ၀န်ထမ်းများခမျာ ကိုယ့်ထမင်းတောင်ကိုယ် ဖြောင့်ဖြောင့် မစားနိုင်ရှာဘူး။ (လ၀ကတွေ လာဘ်စားပြီး မှတ်ပုံတင်တွေ လုပ်ပေးတာလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့ဆိုတော့ အဲဒီလူတွေကို မှတ်ပုံတင်ပေးနိုင်တဲ့ အခွင့်အာဏာက မိုးပေါ်ကလာတာပါ။)
            နောက်ပြဿနာတစ်ခုကတော့ သေဆုံးသွားသူတွေကို အမည်၊ နေရပ်၊ နာရေး သင်္ဂြိုလ်လုပ်ပေးဖို့လေ။ ဖြစ်တည်မှု စာရွက်စာတမ်း တစုံတရာ မရှိတဲ့သူတွေကို သေဆုံးမှုစာရင်းထဲ ဖြည့်ပေးဖို့ရာ ဘာအထောက်အထားမှ လည်း မရှိဘူး။ နဂိုကတည်းက ရုံးလုပ်ငန်းဆောင်တာဆိုတာ On paper စာရွက်ပေါ် လုပ်ရတာမို့လို့ without paper စာရင်းမရှိ အင်းမရှိ တော်သလို လုပ်ဖို့ဆိုတာ သူတို့အတွက် ခက်နေမှာပဲ။ ခက်တာက သံရုံးတွေမှာကိုက ဘာပေပါ မှ ရှိတာ မဟုတ်ဘူး။ သံရုံးသွားတဲ့ မြန်မာတွေကို စာရွက်ဝယ်ပေးပါဦး။ သောက်ရေ၀ယ်ပေးပါဦး အလှူခံနေရတာ လို့ မကြာခဏ သံရုံးတွေ ၀င်ထွက်သွားလာနေသူတစ်ယောက်ဆီက သိလိုက်ရတော့ တော်တော်တောင် အံ့သြသွားသေး။ Flight Plan ဇာတ်ကားထဲကလို အလောင်းတွေ မွေးမြေအရောက် လိန်ပျံကြီးနဲ့ သယ်ဖို့ဆိုတာ မြန်မာကားထဲထည့်ရိုက်လို့ ရပါလိမ့်မယ် အားကြီး။ ဇာတ်က အလိုလိုကို နာလွန်းအားကြီးလို့ ဘာမှ ၀င်မရေးရက်ဘူး။ အဲဒါကို မဟုတ်ကဟုတ်က အလောင်းပုံတွေနဲ့ လော်ဘီလုပ်နေကြတာတော့ ရက်စက်လှချည့်လား။ ယုတ်မာလှချည့်လား။ မိုက်ရိုင်းလှချည့်လား။ လို့ ပဲ ပြောချင်ပါတယ်။
           ခုရက်ပိုင်းမတော့ များမကြာမီပေါ်ပေါက်လာမယ့် လော်ဘီအသစ်တစ်မျိုးကို သိုးသိုးသန့်သန့် အနံရနေသလိုလို ရှိပါတယ်။ Like များများနဲ့ account တွေကို သိန်း ၂၀ နဲ့ အရောင်းအ၀ယ်ဖြစ်သွားသတဲ့။ ပြီးတော့ မူလအကောင့်ပိုင်ရှင်ကပဲ အဲဒီ Page ကို ဆက်ရေးပေးနေရမတဲ့။ သေချာတာကတော့ အကောင့်ဝယ်ပြီး လော်ဘီလုပ်ခိုင်းမလို့ မဟုတ်လား။ နဂိုကတည်းက လူသိများ လူဖတ်များတဲ့ စာမျက်နှာပေါ်မှာ ကိုယ်လိုချင်တဲ့ ၀ါဒဖြန့်စစ်မျက်နှာဖွင့်ဖို့ အဲသလောက်ပိုက်ဆံကလေးကတော့ ကြော်ငြာခလောက်ပဲ ရှိပေလိမ့်မယ်။ ပြီးရင် ဆက်ထွက်လာမယ့် အိုင်ဒီယာတွေလည်း အလကားဆက်သုံးလို့ ရဦးမယ်။ သိန်း၂၀ ဆိုတဲ့ ပိုက်ဆံဟာ မူးမူးနဲ့ ကောင်တာပြတ်ဝယ်လိုက်တဲ့ ပန်းကုံးဖိုးတောင် မရှိဘူး။ ဒီပိုက်ဆံနဲ့ ပညာတတ်ဦးနှောက်တစ်ခု နဲ့ သူရင်းထားတဲ့ အချိန်တွေကို ၀ယ်ရတာ တန်ပါတယ်။ နောက်ဆို ပစ္စည်းများဝယ်လှောင်ထားသလို တက်ဈေးရတော့ ပြန်ရောင်းထုတ်လို့လည်း ရနိုင်တယ်။ ဒီလိုဆိုတော့ တို့ဆီမှာ စတော့ရှယ်ယာဈေးကွက်သာ မပေါ်သေးတာ။ အိုင်ဒီယာဈေးကွက်၊ ဦးနှောက်ဈေးကွက်၊ စာမျက်နှာဈေးကွက်တော့ ပေါ်နေမှပဲနော်။
            တကယ်လို့များ ခရိုနီခရိုပြာကြီးတွေ။ ဘဘကြီး မမကြီးတွေက မောင်စံဖားအကောင့်ကို ၀ယ်ချင်ပါတယ်ဆိုရင် ဈေးဘယ်လောက်များ ပေးမှာပါလိမ့်လို့ ချိန်ခွင်ပေါ်တော့ တက်အကြည့်ချင်သားဗျ နော့။ ဒါပေသိ ကိုယ်မယုံကြည်ရာကို သူများတကာ လှည့်ဖြားဖို့သက်သက်နဲ့တော့ ကျုပ်လို နှစ်ပြားမတန်တဲ့ ပလီစိခြောက်ချက်အကောင်တောင် ပါးစပ်က ပြောမထွက်ပေါင်ဗျာ။ ကေသရာဇာမှန်ရင် မြက်မစားဘူးဆိုတာ ကြားဖူးတယ် မဟုတ်လား။ ဘယ်စားပါ့မလဲ။ လျှာမြက်ပေါက်နေမှဟာ စားစရာကို မလိုတော့ဘူး။ စိမ်းလို့ စိမ်းလို့။ မယုံလာကြည့်လှည့်။ ‘စိုစိုစိမ်း ကပိုကယိုယိမ်း။ လေသိမ်းတိုင်းလှ မြနဒီ။” တဲ့။
(ဤကား ကိုယ့်ကိုယ်ကိုယ် လော်ဘီလုပ်ခြင်း ဟု ခေါ်ချေသတတ်)။
မကွေး ဆေး တက္ကသိုလ် ဆရာ တဦး ၏ ရင်ဖွင်. သံ ....
$
0
0
 Photo: မကွေး ဆေး တက္ကသိုလ် ဆရာ တဦး ၏ ရင်ဖွင်. သံ .....  မနေ့ကတိုင်းဆေးရုံနောက်ကသူတို့အခေါ်galleryတွေကိုနောက်ဆုံးနှစ်အပိုင်း ခ နဲ့တတိယနှစ်တွေကိုစာသင်ဖို့သွားတယ် မိုးတွေရွာလိုက်တာမှသည်းသည်းမည်းမည်း စာသင်ခန်းဆီလဲရောက်ရောစိတ်မကောင်းစရာတွေ့ရပါရော စာသင်ခန်းအဝင်ဝမှာမိုးရေတွေတဝေါဝေါ အမိုးကျောက်ပြားပြိုကျပြီးတမံတလင်းမှာရေတွေရွှဲ အထဲဝင်တော့ကြမ်းပြင်မှာရေတွေ ဆရာစာသင်တဲ့stageပေါ်မှာရေတွေ ကျောက်သင်ပုန်းကပ်ထားတဲ့နံရံမှာနံရံကပ်ရေတံခွန်ကြီး စာသင်ခန်းနောက်ဆုံးဖက်ကြည့်တော့လည်းရေတွေတဝေါဝေါ တခန်းလုံးရေတွေချည်းပဲ မီးချောင်းတွေကလည်းမလင်းတော့မှောင်မည်းနေ စာသင်ခန်းကလည်းဗျာရွာကကျနော့ဘကြီးရဲ့နွားတင်းကုပ်လောက်တောင်မသားနားဘူးဗျာ မိုးတောရေတောထဲမှာတတိယနှစ်ကျောင်းသားခြောက်ယောက်နဲ့ကျောင်းသူလေးယောက်စုစုပေါင်းဆယ်ယောက်ကြိုးကြိုးစားစားနဲ့လာတက်ကြပါတယ်အဲဒီကလေးတွေကိုတကယ်ပဲချီးကျူးပါတယ် ဒီကလေးတွေရဲ့စာသင်ခန်းတွေဟာတိုင်းပြည်အတွက်အရေးမပါလို့လားဗျာ လွှတ်တော်အစည်းအဝေးကျင်းပတဲ့အခန်းတွေမှတိုင်းပြည်အတွက်အရေးပါတာလား စစ်တက္ကသိုလ်တွေကကျောင်းသားတွေမှတိုင်းပြည်တာဝန်ထမ်းဆောင်ကြတာမဟုတ်ပါဘူး ဒီကျောင်းသားတွေဟာလည်းတချိန်မှာတိုင်းပြည်တာဝန်ထမ်းဆောင်ကြမှာပါ တိုင်းပြည်မှာရှိတဲ့အခွင့်ထူးခံလူတန်းစားတွေနဲ့သူတို့သားသမီးတွေကတိုင်းပြည်ဘဏ္ဍာတွေကိုအဆမတန်စိတ်ထင်တိုင်းခိုးဝှက်သုံးစွဲဖြုန်းတီးနေတဲ့အချိန်မှာဒီကလေးတွေရဲ့စာသင်ခန်းတွေကိုအဆင့်အတန်းမီအောင်ပြင်ဆင်ဖို့ပိုက်ဆံမရှိကြတော့ဘူးလား ဒီပုံစံမျိုးနဲ့တော့နိုင်ငံတကာတက္ကသိုလ်ကကျောင်းသားတွေကိုဘယ်လိုလုပ်လက်ခံပြီးဘယ်လိုလုပ်ချိတ်ဆက်ဆောင်ရွက်ကြမှာတုန်း ကိုယ့်အစုတ်ထုပ်ကြီးလူရှေ့ချဖြည်ပြသလိုဖြစ်တော့မပေါ့ မကွေးဆေးတက္ကသိုလ်ဖွင့်တာဆယ့်နှစ်နှစ်ရှိပြီအဆင့်အတန်းမီတဲ့တက္ကသိုလ်တခုဖြစ်နေပြီလို့ယုံကြည်နေကြပြီလားလူကြီးမင်းများခင်ဗျား လက်ရှိတွေတောင်ရုပ်မထွက်သေးပဲနဲ့နောက်ထပ်တခုတောင်ကြီးမှာထပ်ဖွင့်ဦးမယ်ဆိုတော့အတော်လေးရင်မောမိပါတယ်တောင်ကြီးမှာတက်ရမဲ့ကျောင်းသားတွေကိုလည်းမကွေးကကျောင်းသားတွေနဲ့ယှဉ်ပြီးကြိုကြိုတင်တင်သနားနေမိတယ်  Ref. Myo Min Than   2 hours ago via mobile
ဗမါ ဆရါဝင်္န
မနေ့ကတိုင်းဆေးရုံနောက်ကသူတို့အခေါ်galleryတွေကိုနောက်ဆုံးနှစ်အပိုင်း ခ နဲ့တတိယနှစ်တွေကိုစာသင်ဖို့သွားတယ် မိုးတွေရွာလိုက်တာမှသည်းသည်းမည်းမည်း
စာသင်ခန်းဆီလဲရောက်ရောစိတ်မကောင်းစရာတွေ့ရပါရော စာသင်ခန်းအဝင်ဝမှာမိုးရေတွေတဝေါဝေါ
အမိုးကျောက်ပြားပြိုကျပြီးတမံတလင်းမှာရေတွေရွှဲ အထဲဝင်တော့ကြမ်းပြင်မှာရေတွေ ဆရာစာသင်တဲ့stageပေါ်မှာရေတွေ ကျောက်သင်ပုန်းကပ်ထားတဲ့နံရံမှာနံရံကပ်ရေတံခွန်ကြီး စာသင်ခန်းနောက်ဆုံးဖက်ကြည့်တော့လည်းရေတွေတဝေါဝေါ တခန်းလုံးရေတွေချည်းပဲ မီးချောင်းတွေကလည်းမလင်းတော့မှောင်မည်းနေ စာသင်ခန်းကလည်းဗျာရွာကကျနော့ဘကြီးရဲ့နွားတင်းကုပ်လောက်တောင်မသားနားဘူးဗျာ မိုးတောရေတောထဲမှာတတိယနှစ်ကျောင်းသားခြောက်ယောက်နဲ့ကျောင်းသူလေးယောက်စုစုပေါင်းဆယ်ယောက်ကြိုးကြိုးစားစားနဲ့လာတက်ကြပါတယ်အဲဒီကလေးတွေကိုတကယ်ပဲချီးကျူးပါတယ်
ဒီကလေးတွေရဲ့စာသင်ခန်းတွေဟာတိုင်းပြည်အတွက်အရေးမပါလို့လားဗျာ လွှတ်တော်အစည်းအဝေးကျင်းပတဲ့အခန်းတွေမှတိုင်းပြည်အတွက်အရေးပါတာလား စစ်တက္ကသိုလ်တွေကကျောင်းသားတွေမှတိုင်းပြည်တာဝန်ထမ်းဆောင်ကြတာမဟုတ်ပါဘူး ဒီကျောင်းသားတွေဟာလည်းတချိန်မှာတိုင်းပြည်တာဝန်ထမ်းဆောင်ကြမှာပါ တိုင်းပြည်မှာရှိတဲ့အခွင့်ထူးခံလူတန်းစားတွေနဲ့သူတို့သားသမီးတွေကတိုင်းပြည်ဘဏ္ဍာတွေကိုအဆမတန်စိတ်ထင်တိုင်းခိုးဝှက်သုံးစွဲဖြုန်းတီးနေတဲ့အချိန်မှာဒီကလေးတွေရဲ့စာသင်ခန်းတွေကိုအဆင့်အတန်းမီအောင်ပြင်ဆင်ဖို့ပိုက်ဆံမရှိကြတော့ဘူးလား ဒီပုံစံမျိုးနဲ့တော့နိုင်ငံတကာတက္ကသိုလ်ကကျောင်းသားတွေကိုဘယ်လိုလုပ်လက်ခံပြီးဘယ်လိုလုပ်ချိတ်ဆက်ဆောင်ရွက်ကြမှာတုန်း
ကိုယ့်အစုတ်ထုပ်ကြီးလူရှေ့ချဖြည်ပြသလိုဖြစ်တော့မပေါ့
မကွေးဆေးတက္ကသိုလ်ဖွင့်တာဆယ့်နှစ်နှစ်ရှိပြီအဆင့်အတန်းမီတဲ့တက္ကသိုလ်တခုဖြစ်နေပြီလို့ယုံကြည်နေကြပြီလားလူကြီးမင်းများခင်ဗျား လက်ရှိတွေတောင်ရုပ်မထွက်သေးပဲနဲ့နောက်ထပ်တခုတောင်ကြီးမှာထပ်ဖွင့်ဦးမယ်ဆိုတော့အတော်လေးရင်မောမိပါတယ်တောင်ကြီးမှာတက်ရမဲ့ကျောင်းသားတွေကိုလည်းမကွေးကကျောင်းသားတွေနဲ့ယှဉ်ပြီးကြိုကြိုတင်တင်သနားနေမိတယ်
Ref. Myo Min Than
2 hours ago via mobile
— with Ye Moe and 19 others in Yangon.
သံလုံးတွေရဲ့မြန်မာပြည်
$
0
0
 Photo: သံလုံးတွေရဲ့မြန်မာပြည် ………………..   ကျွန်တော် အနှစ်ကိုးပါးတရားတော်ဆိုတဲ့ စတေးတပ်တစ်ခုကို တင်ခဲ့ဘူးပါတယ်။  သီတဂူဆရာတော်ဘုရားကြီး ဟောကြားခဲ့တဲ့တရားပါ။ မြန်မာပြည်မှာ လူဖြစ်ရတာ တန်ဖိုးရှိတဲ့အကြောင်း၊ ဂုဏ်ယူဖွယ်ကောင်းကြောင်းတွေပါ။  တော်တော်များများသော အပေါင်းအသင်းများ share တာကိုတွေ့ရပါတယ်။ ကျွန်တော်ဝမ်းမြောက်မိပါတယ်။ ကျွန်တော့် status ကို share လို့ကြောင့်မဟုတ်ပါဘူး။ မြန်မာလူမျိုးတွေ မြန်မာပြည်ကိုချစ်စိတ်၊ မြန်မာပြည်ရဲ့တန်ဖိုးကို သိရှိစေလိုသော ဆန္ဒတွေရှိနေတာကိုတွေ့ရလို့ပါပဲ။  ကျွန်တော်ကတော့ မြန်မာပြည်မှာ လူဖြစ်တယ်။ ဗုဒ္ဓဘာသာဝင် မိဘတွေထံ လူလာဖြစ်တယ်။ ဒီလောက်နဲ့ပဲ ကျွန်တော်ပြုခဲ့တဲ့ကံကိုပဲ ကျေးဇူးတင်လှပါပြီ။  ကမ္ဘာပေါ်မှာ စစ်မှန်သော သစ္စာတရားများနဲ့ အေးငြိမ်းသောတရားများကို ပိုင်ဆိုင်ထားတဲ့ မြန်မာပြည်ကြီးကို နတ်ကောင်း၊ နတ်မြတ်များကလည်း အထူးတန်ဖိုးထားမှာဖြစ်သလို ကျေးဇူးတင်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ .................  ခုပြောပြချင်တာက မိုးညှင်းဆရာတော်ဘုရားကြီး ပြောခဲ့တဲ့ သံလုံးအကြောင်းပါ။  သမ္ဗုဒ္ဓေစေတီတော်ကြီးကို တည်ထားစဲကာလနဲ့ အခြားသာသနိကအဆောက်အအုံတွေကို ဆရာတော်ဘုရားကြီး တည်ဆောက်နေချိန်ကာလမှာ ငွေကြေးကလိုအပ်နေပါတယ်။  ဒီအချိန်မှာ ၀ိဇ္ဇာအမည်ခံ အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ပြဒါးရှင်လုံး အလှူခံယူတော်မူပါလို့ ဆရာတော်ဘုရားကြီးကို လျှောက်သတဲ့။ ဒီအခါဆရာတော်ဘုရားကြီးက  “ အေး ငါတို့မှာ သံလုံးရှိပြီးဖြစ်လို့ ပြဒါးရှင်လုံး မလိုပါ။ သံသေ တစ်ပြည်ဝ၊ ပြဒါးသေတစ်ဆွေဝ ဆိုပဲကွယ့်။ ဟောဒီမှာကြည့်ကြ ဒါတို့ရဲ့ သံလုံးပဲ ”  ဆရာတော်ဘုရားကြီးက သပိတ်ကိုညွှန်ပြပြောဆိုပြီး အလှူမခံပဲ ပြန်လွှတ်လိုက်ပါတယ်။  ကျွန်တော်တို့ မြန်မာပြည်မှာ ပြောနေတဲ့စကားတစ်ခုရှိပါတယ်။ တို့စီက အပ်တောင်လုပ်နိုင်ဘူးကွာတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ညံ့ဖျင်းမှုတွေကို သိပါတယ်။ ဒါတွေကို ထိုင်ပြောနေလို့ စိတ်ညစ်စရာပဲဖြစ်လာမှာပါ။ တိုးတက်လာမှာမဟုတ်ပါဘူး။   ဒါပေမယ့် ဆရာတော်ကြီးပြောသလို ကျွန်တော်တို့မြန်မာပြည်မှာ သံလုံးတွေအများကြီးပဲ။ သံလုံးတွေကို ကိုင်ဆောင်ထားတဲ့ ဆရာတော်တွေရဲ့အကျင့်သီလ၊ ပညာ၊ သမာဓိစွမ်းအားတွေဟာ တိုင်းပြည်ကို ထိပ်ဆုံးအထိရောက်အောင် တွန်းပို့နိုင်မှာမလွဲပါဘူး။  ပြီးတော့ ကျွန်တော်တို့ရဲ့ စိတ်ထားတွေကို ချမ်းသာအောင် လမ်းပြကူညီပေးနိုင်တာကလည်း ဒီသံလုံး ပိုင်ရှင်တွေပါပဲ။  ဒီနေရာမှာပြောရင်း တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဟောကြားတဲ့ တရားတစ်ပုဒ်ထဲက အကြောင်းလေးကို သတိရမိပါတယ်။ အဲဒီတရားထဲမှာ ကျွန်တော်တို့နိုင်ငံဟာ လူပျိုတွေနေတဲ့တိုင်းပြည်တဲ့။  နိုင်ငံခြားသားများက မြန်မာပြည်ကို အထင်ကြီးလေးစားတယ်။  ဘာလို့လဲဆိုရင် ဒီလိုလူပျို (အထူးသဖြင့် ယောက်ျားသားတွေ)စုပြီး တစ်စုတစ်ဝေးတည်း အေးချမ်းစွာနေနိုင်တာကို အားကျမိတယ်တဲ့။  စာသင်တိုက်တစ်တိုက်မှာ သံဃာပေါင်းများစွာရှိတယ်။ မြန်မာပြည်မှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေအများကြီးရှိတယ်။ ရဟန်းသံဃာဆိုတာ အိမ်ယာတည်ထောင်တာမှမဟုတ်ပဲ။ ဒီတော့ လူပျိုယောက်ျားသားတွေကြီးပဲ ရှိနေတဲ့နေရာပေါ့။  ဒါကို နေနိုင်ကြတယ်ဆိုတော့ တအံ့တသြပါပဲ။  ဟုတ်ပါတယ် မြန်မာပြည်မှာ ရှာဖွေတတ်ရင်၊ ယူတတ်ရင် အံ့သြစရာတွေ၊ တန်ဖိုးဖြတ်လို့မရတာတွေ ကြီးပါပဲ။  အမှိုက်ပုံကိုပဲကြည့်ပြီး အမှိုက်တိုင်းပြည်လို့ ပြောနေသ၍ ကိုယ်လည်း အမှိုက်ပုံထဲက တက်မှာမဟုတ်ပါဘူး။  အမှိုက်ထဲက ရွှေကိုရှာတတ်မှသာလျှင်(သို့မဟုတ်) အမှိုက်က ရွှေဖြစ်အောင်လုပ်မှသာလျှင် ရွှေတိုင်းပြည်အဖြစ် ရောက်မှာဖြစ်သလို ကျွန်တော်တို့လည်း (အရင်ကခေါ်တဲ့ ရွှေမြန်မာများ)ဖြစ်မှာပေါ့။  အကာအရံကိုဖယ်ပြီး အနှစ်ကိုရှာဖွေတတ်မှသာ တန်ဖိုးရှိသော ဘ၀တွေရမှာပါ။  ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ သံလုံးတွေရှိတဲ့တိုင်းပြည်မှာ နေရတာ ဂုဏ်ယူလိုက်ကြရအောင်။ သံလုံးတွေကို ချစ်လိုက်ကြရအောင်ပါ။  မောင်ပိုင် ၁၁-၆-၂၀၁၃။
သံလုံးတွေရဲ့မြန်မာပြည်
………………..
ကျွန်တော် အနှစ်ကိုးပါးတရားတော်ဆိုတဲ့ စတေးတပ်တစ်ခုကို တင်ခဲ့ဘူးပါတယ်။
သီတဂူဆရာတော်ဘုရားကြီး ဟောကြားခဲ့တဲ့တရားပါ။ မြန်မာပြည်မှာ လူဖြစ်ရတာ တန်ဖိုးရှိတဲ့အကြောင်း၊ ဂုဏ်ယူဖွယ်ကောင်းကြောင်းတွေပါ။
တော်တော်များများသော အပေါင်းအသင်းများ share တာကိုတွေ့ရပါတယ်။ ကျွန်တော်ဝမ်းမြောက်မိပါတယ်။ ကျွန်တော့် status ကို share လို့ကြောင့်မဟုတ်ပါဘူး။ မြန်မာလူမျိုးတွေ မြန်မာပြည်ကိုချစ်စိတ်၊ မြန်မာပြည်ရဲ့တန်ဖိုးကို သိရှိစေလိုသော ဆန္ဒတွေရှိနေတာကိုတွေ့ရလို့ပါပဲ။
ကျွန်တော်ကတော့ မြန်မာပြည်မှာ လူဖြစ်တယ်။ ဗုဒ္ဓဘာသာဝင် မိဘတွေထံ လူလာဖြစ်တယ်။ ဒီလောက်နဲ့ပဲ ကျွန်တော်ပြုခဲ့တဲ့ကံကိုပဲ ကျေးဇူးတင်လှပါပြီ။ ကမ္ဘာပေါ်မှာ စစ်မှန်သော သစ္စာတရားများနဲ့ အေးငြိမ်းသောတရားများကို ပိုင်ဆိုင်ထားတဲ့ မြန်မာပြည်ကြီးကို နတ်ကောင်း၊ နတ်မြတ်များကလည်း အထူးတန်ဖိုးထားမှာဖြစ်သလို ကျေးဇူးတင်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။
.................
ခုပြောပြချင်တာက မိုးညှင်းဆရာတော်ဘုရားကြီး ပြောခဲ့တဲ့ သံလုံးအကြောင်းပါ။
သမ္ဗုဒ္ဓေစေတီတော်ကြီးကို တည်ထားစဲကာလနဲ့ အခြားသာသနိကအဆောက်အအုံတွေကို ဆရာတော်ဘုရားကြီး တည်ဆောက်နေချိန်ကာလမှာ ငွေကြေးကလိုအပ်နေပါတယ်။
ဒီအချိန်မှာ ၀ိဇ္ဇာအမည်ခံ အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ပြဒါးရှင်လုံး အလှူခံယူတော်မူပါလို့ ဆရာတော်ဘုရားကြီးကို လျှောက်သတဲ့။ ဒီအခါဆရာတော်ဘုရားကြီးက
“ အေး ငါတို့မှာ သံလုံးရှိပြီးဖြစ်လို့ ပြဒါးရှင်လုံး မလိုပါ။ သံသေ တစ်ပြည်ဝ၊ ပြဒါးသေတစ်ဆွေဝ ဆိုပဲကွယ့်။ ဟောဒီမှာကြည့်ကြ ဒါတို့ရဲ့ သံလုံးပဲ ”
ဆရာတော်ဘုရားကြီးက သပိတ်ကိုညွှန်ပြပြောဆိုပြီး အလှူမခံပဲ ပြန်လွှတ်လိုက်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာ ပြောနေတဲ့စကားတစ်ခုရှိပါတယ်။ တို့စီက အပ်တောင်လုပ်နိုင်ဘူးကွာတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ညံ့ဖျင်းမှုတွေကို သိပါတယ်။ ဒါတွေကို ထိုင်ပြောနေလို့ စိတ်ညစ်စရာပဲဖြစ်လာမှာပါ။ တိုးတက်လာမှာမဟုတ်ပါဘူး။
ဒါပေမယ့် ဆရာတော်ကြီးပြောသလို ကျွန်တော်တို့မြန်မာပြည်မှာ သံလုံးတွေအများကြီးပဲ။ သံလုံးတွေကို ကိုင်ဆောင်ထားတဲ့ ဆရာတော်တွေရဲ့အကျင့်သီလ၊ ပညာ၊ သမာဓိစွမ်းအားတွေဟာ တိုင်းပြည်ကို ထိပ်ဆုံးအထိရောက်အောင် တွန်းပို့နိုင်မှာမလွဲပါဘူး။
ပြီးတော့ ကျွန်တော်တို့ရဲ့ စိတ်ထားတွေကို ချမ်းသာအောင် လမ်းပြကူညီပေးနိုင်တာကလည်း ဒီသံလုံး ပိုင်ရှင်တွေပါပဲ။
ဒီနေရာမှာပြောရင်း တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဟောကြားတဲ့ တရားတစ်ပုဒ်ထဲက အကြောင်းလေးကို သတိရမိပါတယ်။
အဲဒီတရားထဲမှာ ကျွန်တော်တို့နိုင်ငံဟာ လူပျိုတွေနေတဲ့တိုင်းပြည်တဲ့။ နိုင်ငံခြားသားများက မြန်မာပြည်ကို အထင်ကြီးလေးစားတယ်။ ဘာလို့လဲဆိုရင် ဒီလိုလူပျို (အထူးသဖြင့် ယောက်ျားသားတွေ)စုပြီး တစ်စုတစ်ဝေးတည်း အေးချမ်းစွာနေနိုင်တာကို အားကျမိတယ်တဲ့။
စာသင်တိုက်တစ်တိုက်မှာ သံဃာပေါင်းများစွာရှိတယ်။ မြန်မာပြည်မှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေအများကြီးရှိတယ်။ ရဟန်းသံဃာဆိုတာ အိမ်ယာတည်ထောင်တာမှမဟုတ်ပဲ။ ဒီတော့ လူပျိုယောက်ျားသားတွေကြီးပဲ ရှိနေတဲ့နေရာပေါ့။ ဒါကို နေနိုင်ကြတယ်ဆိုတော့ တအံ့တသြပါပဲ။
ဟုတ်ပါတယ် မြန်မာပြည်မှာ ရှာဖွေတတ်ရင်၊ ယူတတ်ရင် အံ့သြစရာတွေ၊ တန်ဖိုးဖြတ်လို့မရတာတွေ ကြီးပါပဲ။
အမှိုက်ပုံကိုပဲကြည့်ပြီး အမှိုက်တိုင်းပြည်လို့ ပြောနေသ၍ ကိုယ်လည်း အမှိုက်ပုံထဲက တက်မှာမဟုတ်ပါဘူး။ အမှိုက်ထဲက ရွှေကိုရှာတတ်မှသာလျှင်(သို့မဟုတ်) အမှိုက်က ရွှေဖြစ်အောင်လုပ်မှသာလျှင် ရွှေတိုင်းပြည်အဖြစ် ရောက်မှာဖြစ်သလို ကျွန်တော်တို့လည်း (အရင်ကခေါ်တဲ့ ရွှေမြန်မာများ)ဖြစ်မှာပေါ့။
အကာအရံကိုဖယ်ပြီး အနှစ်ကိုရှာဖွေတတ်မှသာ တန်ဖိုးရှိသော ဘ၀တွေရမှာပါ။
ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ သံလုံးတွေရှိတဲ့တိုင်းပြည်မှာ နေရတာ ဂုဏ်ယူလိုက်ကြရအောင်။ သံလုံးတွေကို ချစ်လိုက်ကြရအောင်ပါ။
မောင်ပိုင်
၁၁-၆-၂၀၁၃။
— with William Tuntunko and 2 others.
ကျွန်တော့်ရဲ့ လှအုန်းမယ်
$
0
0
 Photo: ကျွန်တော့်ရဲ့ လှအုန်းမယ် …………………..   ကျွန်တော်က စာရေးဆရာဖြစ်ချင်လို့ ရူးသွပ်ခဲ့ဘူးပါတယ်။  စာတွေလည်းအများကြီး ရေးခဲ့တယ်။  ဒါပေမယ့် သူငယ်ချင်းတွေကလွဲလို့ ဘယ်သူမှ မသိခဲ့ပါဘူး။  ခု facbook သုံးဖြစ်တော့မှ ကျွန်တော့်ရဲ့စာလေးတွေကို တင်ဖြစ်တော့တယ်။  တချို့အားပေးစကားဆို ကြပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ စာလေးတွေကို တင်ခွင့်ရနေတာကိုက ၀မ်းသာနေပြီ။  အရင်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့် status တွေလေးတွေကို like စေချင်၊  comment ရေးစေချင်၊ share စေချင်မိတာပါပဲ။  သို့သော်လည်း ကိုယ်ကစေတနာနဲ့ရေးလိုက်တဲ့စာလေးတွေ ဖတ်မိရင်၊ တွေးမိရင်ကိုပဲ ရေးရကျိုးနပ်ပြီလို့ သဘောထားခံယူရင်း ရေးဖြစ်နေပါတယ်။  ဒါတွေပြောတော့ မိုးညှင်းဆရာတော်ဘုရားကြီး ပြောခဲ့တဲ့အကြောင်းလေးသတိရမိပါတယ်။  ဆရာတော်ဘုရားကြီးက မဟာစည်သာသနာ့ရိပ်သာမှ ဘန္ဒန္တသောဘဏမထေရ်နဲ့ ဆုံမိစဉ် ဆရာတော်ဘုရားကြီးရေးထားတဲ့ “ ပဋိစ္စသမုပ္ပါဒ် သဂြိုလ်အဆီ ” ဆိုတဲ့ ကျမ်းစာအုပ်ကို ဆပ်ကပ်လှူဒါန်းပါတယ်။  မဟာစည်ဆရာတော်က စာအုပ်လေးကြည့်ပြီး “ ပဋိစ္စသမုပ္ပါဒ် သဂြိုလ်အဆီ ”ဆိုတော့ တို့များ ပြုစုထားတဲ့ ကျမ်းစာအုပ်တွေက အကာတွေများဖြစ်သွားလေမလား လို့ မြူးရွှင်စွာ လျှောက်ပါတယ်။  ဒီတော့ မိုးညှင်းဆရာတော်က “ ဒီလိုတော့မဟုတ်ပါဘူးဘုရား။ အရပ်ထဲမှာ ကိုယ့်သားသမီးကို ဘယ်လောက်အရုပ်ဆိုးဆိုး၊ မျှော်လင့်ချက်လေးနဲ့ တင်စားပြီး နာမည်ကို “လှအုန်းမယ်” လို့ခေါ်ကြသလိုပါပဲ။ တပည့်တော်ရဲ့ စာအုပ်ကိုလည်း ချစ်စနိုးနဲ့တင်စားတဲ့အနေနဲ့ “ ပဋိစ္စသမုပ္ပါဒ် သဂြိုလ်အဆီ ”လို့ နာမည်ပေးထားတာပါ လို့ပြန်လည်လျှောက်တင်သတဲ့။  အင်း Maung  Paing  ဆိုတဲ့  Facebook Page  ဟာကျွန်တော်ရဲ့စိတ်၊ ကျွန်တော့်ရဲ့ ခံစားချက်၊ ကျွန်တော့်ရဲ့ အတွေးအခေါ်၊ အသိတွေကို ရေးချနေတဲ့နေရာပါပဲ။  ဒီ page ဟာ အများအားပေးချင်မှ အားပေးမယ်။ ကောင်းချင်မှလည်းကောင်းပါလိမ့်မည်။    ဘာပဲဖြစ်ဖြစ် Maung  Paing ဟာ ကျွန်တော့်ရဲ့ လှအုန်းမယ်လေးပါပဲ။ အမြဲ လှ နေမယ့် လှအုန်းမယ် လေးပါပဲ။  မောင်ပိုင်။ ၁၁-၆-၂၀၁၃။
ကျွန်တော့်ရဲ့ လှအုန်းမယ်
…………………..
ကျွန်တော်က စာရေးဆရာဖြစ်ချင်လို့ ရူးသွပ်ခဲ့ဘူးပါတယ်။ စာတွေလည်းအများကြီး ရေးခဲ့တယ်။
ဒါပေမယ့် သူငယ်ချင်းတွေကလွဲလို့ ဘယ်သူမှ မသိခဲ့ပါဘူး။
ခု facbook သုံးဖြစ်တော့မှ ကျွန်တော့်ရဲ့စာလေးတွေကို တင်ဖြစ်တော့တယ်။တချို့အားပေးစကားဆို ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ စာလေးတွေကို တင်ခွင့်ရနေတာကိုက ၀မ်းသာနေပြီ။
အရင်ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့် status တွေလေးတွေကို like စေချင်၊ comment ရေးစေချင်၊ share စေချင်မိတာပါပဲ။ သို့သော်လည်း ကိုယ်ကစေတနာနဲ့ရေးလိုက်တဲ့စာလေးတွေ ဖတ်မိရင်၊ တွေးမိရင်ကိုပဲ ရေးရကျိုးနပ်ပြီလို့ သဘောထားခံယူရင်း ရေးဖြစ်နေပါတယ်။
ဒါတွေပြောတော့ မိုးညှင်းဆရာတော်ဘုရားကြီး ပြောခဲ့တဲ့အကြောင်းလေးသတိရမိပါတယ်။
ဆရာတော်ဘုရားကြီးက မဟာစည်သာသနာ့ရိပ်သာမှ ဘန္ဒန္တသောဘဏမထေရ်နဲ့ ဆုံမိစဉ် ဆရာတော်ဘုရားကြီးရေးထားတဲ့ “ ပဋိစ္စသမုပ္ပါဒ် သဂြိုလ်အဆီ ” ဆိုတဲ့ ကျမ်းစာအုပ်ကို ဆပ်ကပ်လှူဒါန်းပါတယ်။
မဟာစည်ဆရာတော်က စာအုပ်လေးကြည့်ပြီး “ ပဋိစ္စသမုပ္ပါဒ် သဂြိုလ်အဆီ ”ဆိုတော့ တို့များ ပြုစုထားတဲ့ ကျမ်းစာအုပ်တွေက အကာတွေများဖြစ်သွားလေမလား လို့ မြူးရွှင်စွာ လျှောက်ပါတယ်။
ဒီတော့ မိုးညှင်းဆရာတော်က “ ဒီလိုတော့မဟုတ်ပါဘူးဘုရား။ အရပ်ထဲမှာ ကိုယ့်သားသမီးကို ဘယ်လောက်အရုပ်ဆိုးဆိုး၊ မျှော်လင့်ချက်လေးနဲ့ တင်စားပြီး နာမည်ကို “လှအုန်းမယ်” လို့ခေါ်ကြသလိုပါပဲ။ တပည့်တော်ရဲ့ စာအုပ်ကိုလည်း ချစ်စနိုးနဲ့တင်စားတဲ့အနေနဲ့ “ ပဋိစ္စသမုပ္ပါဒ် သဂြိုလ်အဆီ ”လို့ နာမည်ပေးထားတာပါ လို့ပြန်လည်လျှောက်တင်သတဲ့။
အင်း Maung Paing ဆိုတဲ့ Facebook Page ဟာကျွန်တော်ရဲ့စိတ်၊ ကျွန်တော့်ရဲ့ ခံစားချက်၊ ကျွန်တော့်ရဲ့ အတွေးအခေါ်၊ အသိတွေကို ရေးချနေတဲ့နေရာပါပဲ။
ဒီ page ဟာ အများအားပေးချင်မှ အားပေးမယ်။ ကောင်းချင်မှလည်းကောင်းပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် Maung Paing ဟာ ကျွန်တော့်ရဲ့ လှအုန်းမယ်လေးပါပဲ။ အမြဲ လှ နေမယ့် လှအုန်းမယ် လေးပါပဲ။
မောင်ပိုင်။
၁၁-၆-၂၀၁၃။
— with Archangel AK and 3 others.
ကျွန်တော်နှင့် ဂွတီးဂွကျအလေ့အထများ
$
0
0
 Photo: ကျွန်တော်နှင့် ဂွတီးဂွကျအလေ့အထများ ……………………….   ဖြစ်ပုံက သူငယ်ချင်းမင်္ဂလာဆောင်က စတာပါပဲ။    မင်္ဂလာဆောင်တယ်ဆိုတာ ကျွန်တော်တို့ တောရွာကလူတွေအတွက် ဂုဏ်ထုတ်ပြတာလည်းမဟုတ်ဘူး။ ဂုဏ်ပြိုင်တာလည်းမဟုတ်ဘူး။  အိမ်ထောင်သစ် ထူထောင်မယ့် သူတွေအတွက် နှစ်ဖက်သောမိဘတွေက အိမ်ထောင်စတင်တည်ထောင်နိုင်အောင် ပြုစုပျိုးထောင်ပေးလိုက်တာပါပဲ။  အရပ်ကလည်း ၀ိုင်းဝန်းကူညီတဲ့ သဘောပေါ့။  မင်္ဂလာဆောင်က ရရှိတဲ့ငွေကြေးလေးရယ် ပစ္စည်းလေးတွေရယ်စုပြီး အိုးသစ်အိမ်သစ် တည်ထောင်ရအောင်ပေါ့။ ဟိုးတုန်းကတည်းက ရှိခဲ့တဲ့ အလေ့အထလေးတွေပါ။ ဒါဟာ ကောင်းမွန်တဲ့ မြန်မာတွေရဲ့အလေ့အထပါပဲ။  ဒါပေမယ့် သူငယ်ချင်းကတော့ သူ့လက်ဖွဲ့ဝိုင်းက တရုတ်ပစ္စည်းအပုံကြီးကြည့်ပြီး စိတ်အညစ်ကြီး ညစ်နေလေရဲ့။  ဒီကြားထဲ လူငယ်အပေါင်းအသင်းတွေအတွက် ယမကာဖိုးနဲ့ လူပျိုညအတွက် ခဲဖိုးတွေ ပေးနိုင်ရေးအတွက် သူ့ခမျာ ဈေးတွက်တွက်နေရတယ်။  ဒီတော့ ကျွန်တော်ကပဲ မဆီမဆိုင် လူငယ်တွေကို ၀င်ပြီးပြောပြရတာပေါ့။  ဒီတော့ ကျွန်တော်က ဒီခေတ်ကြီးရဲ့ အလေ့အထထုံးစံကို ဂွတိုက်ချင်တဲ့သူ ဖြစ်ရတော့တာပါပဲ။ …………………………………  နောက်တစ်ခုကတော့ ဂေါပကကြီးနဲ့ စကားများရတဲ့ ဇာတ်လမ်းပါ။  ဘုရားကခုမှ စတည်စပါ။  ဒါပေမယ့် ဘာလုပ်သလဲဆိုရင် ဘုရားပွဲလုပ်ပါတယ်။  ပွဲသွင်းပါတယ်။ ကတဲ့ပွဲက အခြောက်တွေကတဲ့ဇာတ်၊ ပွဲထဲကြည့်တော့ လောင်းကစားဝိုင်း၊ အရက်ဆိုင်တွေကြီးပဲ။  ပွဲပြီးတော့ သေးစော်ချေးစော်နံ့ပြီး အမှိုက်တွေကျန်ခဲ့တာပဲအဖတ်တင်တယ်။  ဒီတော့ ဂေါပကကိုသွားပြီး ကျွန်တော်က ဆရာလုပ်မိတာပေါ့။ “ တစ်နှစ်တစ်ခါ ငရဲရှာလူ့ရွာဘုရားပွဲ ” ဆိုတဲ့အတိုင်း ဘုရားကို ခုတုန်းမလုပ်သင့်ကြောင်း၊ မဖြစ်သင့်ကြောင်း၊ အကုသိုလ်ကြီးကြောင်းပေါ့။  သူက ဒါရွာတွေရဲ့ အလေ့အထပဲတဲ့။ ဘုရားပွဲလုပ်ရင် ပါမှာပဲတဲ့။   ဒါနဲ့ပဲ ဒီအလေ့အထတွေက ကျွန်တော်နဲ့တော့ ဂွကျနေတော့တာပါပဲ။ …………………  ဒီတစ်ခါက နာရေး။  နာရေးနဲ့ပတ်သက်လို့ ဒီခေတ်ကြီးမှာ တော်တော်များများပြောကြလို့ လူသေကအစ အယူမှားတွေက ပြင်လာတာတွေ့ရပါတယ်။  ဒါပေမယ့် အလေ့အထတစ်ခုဘာကျန်လဲဆိုရင် ဖဲဝိုင်းကိစ္စပါပဲ။  ရှေးတုန်းက လူကြီးတွေက (ကျွန်တော့်အထင်ပေါ့လေ) ကျန်ရစ်ခဲ့တဲ့မိသားစု အဖော်ရအောင်၊ ၀မ်းမနည်းအောင်၊ ပြီးတော့ ကူငွေလေးရအောင်ဆိုပြီး လူစုရာကနေ ဖြစ်လာခဲ့တဲ့ဖဲဝိုင်းဟာ ခုတော့ မသာတစ်ခု အရင်းပြုပြီး စီးပွားရေးတစ်ခုလိုဖြစ်နေကြလေပြီ။  ဒီတော့ အရပ်ထဲမှာ ဖဲဝိုင်းကိစ္စကို ကျွန်တော်က တာရာပွကြီးလုပ်မိပြန်တော့ တစ်ရွာလုံးနဲ့ တစ်ယောက်လို အရင်က အလေ့အထကို ဆွဲဆွဲပြောပြန်တော့ ဒီအလေ့အထကြီးနဲ့ကျွန်တော် ဂွကျရတော့တာ ပါပဲ။ …………….  နောက်အလေ့အထတစ်ခုကတော့ သီတင်းကျွတ်ကန်တော့တဲ့ အစဉ်အလာပေါ့။  ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ အကျင့်၊ ထားခဲ့တဲ့အစဉ်အလာတွေဟာ အင်မတန်ကောင်းမွန်ပါတယ်။  သို့သော်ငြားလည်း ခေတ်ကရွေ့လျှောလာတာနဲ့အညီ ရည်ရွယ်ချက်လေးတွေက ကွာကွာလာတယ်။  ကျွန်တော်တို့ ငယ်ငယ်က လူကြီးသူမကိုရိုသေရမှန်းသိအောင်၊ လေးစားရမှန်းသိအောင်၊ ကုသိုလ်ရအောင်လို့ ကန်တော့ကျပါတယ်။  ဒီနေ့ခေတ်ကာလရောက်တော့ လူကြီးတွေက ကိုယ့်မြေး၊ သားသမီးလေးတွေကို မုန့်ဖိုးပေးတဲ့အကျင့်လေးတွေဖြစ်လာတယ်။  ဒီတော့ ကလေးတွေက လူကြီးကန်တော့ရင် မုန့်ဖိုးတောင်းဖို့၊ ယူဖို့ပဲစဉ်းစားလာကြတော့တယ်။  ပြီးတော့ အိုကြီးအိုမများခမျာ ပိုက်ဆံမရှိရင် ဒုက္ခတွေ့တာပါပဲ။ မုန့်ဖိုးမပေးနိုင်လို့ စိတ်မကောင်းဖြစ်တော့တာပါပဲ။  ဒီအခါ ကျွန်တော်ကပဲ ကလေးတွေကို သင်ပြမိတော့တယ်။ ဒီအခါလည်း ကလေးတွေက အရင်ကတည်းက ပေးခဲ့၊ ရှိခဲ့တဲ့အလေ့အထပဲတဲ့။ ……………….  အင်း အလေ့အထတွေ အလေ့အထတွေ။  ကျွန်တော်ကတော့ ကျွန်တော့်စိတ်နဲ့ တစ်ချို့သော အလေ့အထတွေကိုပြင်ကြည့်တာပါ။  သို့သော်လည်း ခေတ်ကာလနဲ့ လိုက်လျောညီထွေမရှိလို့လားတော့မသိပါဘူး ကျွန်တော်ဟာ ဂွတီးဂွကျ သမားဖြစ်နေလေပါရဲ့။  မောင်ပိုင် ၁၁-၆-၂၀၁၃။
ကျွန်တော်နှင့် ဂွတီးဂွကျအလေ့အထများ
……………………….
ဖြစ်ပုံက သူငယ်ချင်းမင်္ဂလာဆောင်က စတာပါပဲ။
မင်္ဂလာဆောင်တယ်ဆိုတာ ကျွန်တော်တို့ တောရွာကလူတွေအတွက် ဂုဏ်ထုတ်ပြတာလည်းမဟုတ်ဘူး။ ဂုဏ်ပြိုင်တာလည်းမဟုတ်ဘူး။
အိမ်ထောင်သစ် ထူထောင်မယ့် သူတွေအတွက် နှစ်ဖက်သောမိဘတွေက အိမ်ထောင်စတင်တည်ထောင်နိုင်အောင် ပြုစုပျိုးထောင်ပေးလိုက်တာပါပဲ။ အရပ်ကလည်း ၀ိုင်းဝန်းကူညီတဲ့ သဘောပေါ့။
မင်္ဂလာဆောင်က ရရှိတဲ့ငွေကြေးလေးရယ် ပစ္စည်းလေးတွေရယ်စုပြီး အိုးသစ်အိမ်သစ် တည်ထောင်ရအောင်ပေါ့။ ဟိုးတုန်းကတည်းက ရှိခဲ့တဲ့ အလေ့အထလေးတွေပါ။ ဒါဟာ ကောင်းမွန်တဲ့ မြန်မာတွေရဲ့အလေ့အထပါပဲ။
ဒါပေမယ့် သူငယ်ချင်းကတော့ သူ့လက်ဖွဲ့ဝိုင်းက တရုတ်ပစ္စည်းအပုံကြီးကြည့်ပြီး စိတ်အညစ်ကြီး ညစ်နေလေရဲ့။ ဒီကြားထဲ လူငယ်အပေါင်းအသင်းတွေအတွက် ယမကာဖိုးနဲ့ လူပျိုညအတွက် ခဲဖိုးတွေ ပေးနိုင်ရေးအတွက် သူ့ခမျာ ဈေးတွက်တွက်နေရတယ်။
ဒီတော့ ကျွန်တော်ကပဲ မဆီမဆိုင် လူငယ်တွေကို ၀င်ပြီးပြောပြရတာပေါ့။ ဒီတော့ ကျွန်တော်က ဒီခေတ်ကြီးရဲ့ အလေ့အထထုံးစံကို ဂွတိုက်ချင်တဲ့သူ ဖြစ်ရတော့တာပါပဲ။
…………………………………
နောက်တစ်ခုကတော့ ဂေါပကကြီးနဲ့ စကားများရတဲ့ ဇာတ်လမ်းပါ။
ဘုရားကခုမှ စတည်စပါ။ ဒါပေမယ့် ဘာလုပ်သလဲဆိုရင် ဘုရားပွဲလုပ်ပါတယ်။ ပွဲသွင်းပါတယ်။ ကတဲ့ပွဲက အခြောက်တွေကတဲ့ဇာတ်၊ ပွဲထဲကြည့်တော့ လောင်းကစားဝိုင်း၊ အရက်ဆိုင်တွေကြီးပဲ။ ပွဲပြီးတော့ သေးစော်ချေးစော်နံ့ပြီး အမှိုက်တွေကျန်ခဲ့တာပဲအဖတ်တင်တယ်။
ဒီတော့ ဂေါပကကိုသွားပြီး ကျွန်တော်က ဆရာလုပ်မိတာပေါ့။ “ တစ်နှစ်တစ်ခါ ငရဲရှာလူ့ရွာဘုရားပွဲ ” ဆိုတဲ့အတိုင်း ဘုရားကို ခုတုန်းမလုပ်သင့်ကြောင်း၊ မဖြစ်သင့်ကြောင်း၊ အကုသိုလ်ကြီးကြောင်းပေါ့။ သူက ဒါရွာတွေရဲ့ အလေ့အထပဲတဲ့။ ဘုရားပွဲလုပ်ရင် ပါမှာပဲတဲ့။
ဒါနဲ့ပဲ ဒီအလေ့အထတွေက ကျွန်တော်နဲ့တော့ ဂွကျနေတော့တာပါပဲ။
…………………
ဒီတစ်ခါက နာရေး။
နာရေးနဲ့ပတ်သက်လို့ ဒီခေတ်ကြီးမှာ တော်တော်များများပြောကြလို့ လူသေကအစ အယူမှားတွေက ပြင်လာတာတွေ့ရပါတယ်။
ဒါပေမယ့် အလေ့အထတစ်ခုဘာကျန်လဲဆိုရင် ဖဲဝိုင်းကိစ္စပါပဲ။
ရှေးတုန်းက လူကြီးတွေက (ကျွန်တော့်အထင်ပေါ့လေ) ကျန်ရစ်ခဲ့တဲ့မိသားစု အဖော်ရအောင်၊ ၀မ်းမနည်းအောင်၊ ပြီးတော့ ကူငွေလေးရအောင်ဆိုပြီး လူစုရာကနေ ဖြစ်လာခဲ့တဲ့ဖဲဝိုင်းဟာ ခုတော့ မသာတစ်ခု အရင်းပြုပြီး စီးပွားရေးတစ်ခုလိုဖြစ်နေကြလေပြီ။
ဒီတော့ အရပ်ထဲမှာ ဖဲဝိုင်းကိစ္စကို ကျွန်တော်က တာရာပွကြီးလုပ်မိပြန်တော့ တစ်ရွာလုံးနဲ့ တစ်ယောက်လို အရင်က အလေ့အထကို ဆွဲဆွဲပြောပြန်တော့ ဒီအလေ့အထကြီးနဲ့ကျွန်တော် ဂွကျရတော့တာ ပါပဲ။
…………….
နောက်အလေ့အထတစ်ခုကတော့ သီတင်းကျွတ်ကန်တော့တဲ့ အစဉ်အလာပေါ့။
ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ အကျင့်၊ ထားခဲ့တဲ့အစဉ်အလာတွေဟာ အင်မတန်ကောင်းမွန်ပါတယ်။ သို့သော်ငြားလည်း ခေတ်ကရွေ့လျှောလာတာနဲ့အညီ ရည်ရွယ်ချက်လေးတွေက ကွာကွာလာတယ်။
ကျွန်တော်တို့ ငယ်ငယ်က လူကြီးသူမကိုရိုသေရမှန်းသိအောင်၊ လေးစားရမှန်းသိအောင်၊ ကုသိုလ်ရအောင်လို့ ကန်တော့ကျပါတယ်။ ဒီနေ့ခေတ်ကာလရောက်တော့ လူကြီးတွေက ကိုယ့်မြေး၊ သားသမီးလေးတွေကို မုန့်ဖိုးပေးတဲ့အကျင့်လေးတွေဖြစ်လာတယ်။
ဒီတော့ ကလေးတွေက လူကြီးကန်တော့ရင် မုန့်ဖိုးတောင်းဖို့၊ ယူဖို့ပဲစဉ်းစားလာကြတော့တယ်။ ပြီးတော့ အိုကြီးအိုမများခမျာ ပိုက်ဆံမရှိရင် ဒုက္ခတွေ့တာပါပဲ။ မုန့်ဖိုးမပေးနိုင်လို့ စိတ်မကောင်းဖြစ်တော့တာပါပဲ။
ဒီအခါ ကျွန်တော်ကပဲ ကလေးတွေကို သင်ပြမိတော့တယ်။ ဒီအခါလည်း ကလေးတွေက အရင်ကတည်းက ပေးခဲ့၊ ရှိခဲ့တဲ့အလေ့အထပဲတဲ့။
……………….
အင်း အလေ့အထတွေ အလေ့အထတွေ။ ကျွန်တော်ကတော့ ကျွန်တော့်စိတ်နဲ့ တစ်ချို့သော အလေ့အထတွေကိုပြင်ကြည့်တာပါ။
သို့သော်လည်း ခေတ်ကာလနဲ့ လိုက်လျောညီထွေမရှိလို့လားတော့မသိပါဘူး ကျွန်တော်ဟာ ဂွတီးဂွကျ သမားဖြစ်နေလေပါရဲ့။
မောင်ပိုင်
၁၁-၆-၂၀၁၃။
— with William Tuntunko and 2 others.
အမိန့်နာခံခြင်း ၏ အငွေ့အသက်များ နှင့် ယဉ်ကျေးမှု ပျက်သုံးခြင်း၏ အငွေ့အသက်များ
$
0
0
 Photo: သူတို့လက်အောက်ခံတိုင်းပြည်တစ်ပြည်ကိုသူတို့လက်ကလုသွားတဲ့ရန်သူဖက်ဆစ်တွေ နဲ့သူသေကိုယ်သေစစ်ပွဲဆင်နွှဲပြီးစစ်နိုင်လာခဲ့ကြတဲ့ စစ်သားကြီးတွေ လက်အောက်ခံ တိုင်းပြည် ရဲ့ အထွဍ်အမြတ် ထားရာ သာသနိက အဆောက်အဦးမှာ (တင်းကြပ်စွာတားမြစ်သည်) ဆိုတဲ့ အမိန့်စာတမ်း(လို့ဆိုပါတော့) ကိုတွေ့ရတော့ စည်းကမ်းတကျ ဖိနပ်လေးတွေ ချွတ်ထားတာ တွေ့ရမှာပါ၊ ဒါဟာ အမိန့်နာခံခြင်းရဲ့ အငွေ့အသက်လေးပါဘဲ ။
အမိန့်နာခံခြင်း ၏ အငွေ့အသက်များ နှင့် ယဉ်ကျေးမှု ပျက်သုံးခြင်း၏ အငွေ့အသက်များ ၊
သူတို့လက်အောက်ခံတိုင်းပြည်တစ်ပြည်ကိုသူတို့လက်ကလုသွားတဲ့ရန်သူဖက်ဆစ်တွေ နဲ့သူသေကိုယ်သေစစ်ပွဲဆင်နွှဲပြီးစစ်နိုင်လာခဲ့ကြတဲ့ စစ်သားကြီးတွေ လက်အောက်ခံ တိုင်းပြည် ရဲ့ အထွဍ်အမြတ် ထားရာ သာသနိက အဆောက်အဦးမှာ (တင်းကြပ်စွာတားမြစ်သည်) ဆိုတဲ့ အမိန့်စာတမ်း(လို့ဆိုပါတော့) ကိုတွေ့ရတော့ စည်းကမ်းတကျ ဖိနပ်လေးတွေ ချွတ်ထားတာ တွေ့ရမှာပါ၊ ဒါဟာ အမိန့်နာခံခြင်းရဲ့ အငွေ့အသက်လေးပါဘဲ ။
တစ်ဘက်မှာတော့ မိမိ မွေးရာဇာတိ နိုင်ငံ ဘာသာ သာသနာ ရဲ့ အထွဍ်အမြတ်ထားရာ နေရာမှာ ဖင်ဖြဲ ပြီး ဘိနပ် စီးထား တာကတော့ အမိန့်ဆိုတာ ကိုမပြောနဲ့ စည်းကမ်း၊ ယဉ်ကျေးမှု၊ ဟိရိ သြတ္တပ္ပ၊ စာရိတ္တ၊ တွေပါ ပျောက်သုံး နေတဲ့ အငွေ့အသက် ဖြစ်နေလို့ စိတ်ပျက်စရာ၊ ရှက်စရာပါဘဲ။
အင်္ဂလိပ် ဆိုရိုးတစ်ခုကို သတိရ မိပါရဲ့
When the money is lost, there is nothing lost.
When the health is lost, there is something lost.
When the character is lost, there is everything lost. တဲ့ ။
TTK
မွေးနေ့
$
0
0
မွေးနေ့
ဘ၀ဆိုတာ အမှတ်တရလေးတွေ ပေါင်းစုထားတဲ့ အရာတစ်ခုပါပဲ။ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေ၊ ပြိုင်ဘက်တွေ၊ ရန်သူတွေ၊ ရောက်ဖူးသွားဖူးတဲ့နေရာတွေ၊ ပိုင်ဆိုင်ခဲ့ဖူးတာတွေ၊ ဆုံးရှုံးလိုက်ရတာတွေ၊ အောင်မြင်မှုတွေ၊ သင်ခန်းစာတွေ၊ ဒါတွေအားလုံးကို ပေါင်းစပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀တွေ ဖြစ်လာရပါတယ်။
အဲဒီအမှတ်တရလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတော့ တူပါမယ်။ ဒါပေမဲ့ တော်တော်များများမှာ ရှိနေတတ်တဲ့ အမှတ်တရတစ်ခုကတော့ ကိုယ် လူ့လောကကြီးထဲကို စပြီး ၀င်ရောက်လာတဲ့နေ့၊ မွေးနေ့ပေါ့။ လူတိုင်းမှာ မွေးနေ့ဆိုတာ ရှိတယ်၊ တချို့ကိုယ့်မွေးနေ့တောင် ကိုယ်မသိပါဘူး ဆိုတဲ့သူတွေ ရှိပေမဲ့ အများစုမှာတော့ ဒီအမှတ်တရလေး ရှိတယ်၊ ရင်အခုန်ဆုံး အထူးခြားဆုံး အမှတ်တရနေ့လေးလည်း ဖြစ်တယ်။ အဲဒီနေ့လေးကို ရောက်တဲ့ခါ နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ တခုခုလုပ်တတ်ကြတယ်။ တချို့က အလှူလုပ်တယ်၊ ကောင်းမှုကုသိုလ်ပြုတယ်၊ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့မွေးနေ့မှာ Birthday show လုပ်ပြီး သူ့ပရိသတ်တွေနဲ့ ဆုံတယ်၊ အများစုကတော့ သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးတယ်၊ ချစ်တဲ့ခင်တဲ့သူတွေက မွေးနေ့ရှင်ကို အမှတ်တရလက်ဆောင်လေးတွေ ပေးကြတယ်။ ဒါတွေက မွေးနေ့ရဲ့ ထုံးစံတွေပေါ့။
တကယ်တော့ မွေးနေ့မှာ အင်မတန် အရေးကြီးတဲ့ အနှစ်သာရတွေ အဓိပ္ပါယ်တွေ ရည်ရွယ်ချက်တွေ ရှိတယ်၊ အဲ့ဒါတွေ မသိဘဲ မလုပ်လိုက်ရဘဲနဲ့တော့ မွေးနေ့တစ်ခုဟာ ဘယ်လိုမှ မပြီးပြည့်စုံနိုင်ပါဘူး။ မလွတ်လပ်တဲ့ အချုပ်အနှောင်တွေထဲမှာ ကျင်းပနေရတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားဟာ အဓိပ္ပါယ်မရှိသလို၊ ဗိုလ်ချုပ်အောင်ဆန်းနာမည် မပါတဲ့ အာဇာနည်နေ့ဟာလည်း တန်ဖိုးမရှိဘူးပေါ့။ ဒါဆို မွေးနေ့တစ်ခုရဲ့ အနှစ်သာရဟာ ဘာတွေများလဲ။
ပထမဆုံးကတော့ ကျွန်တော်တို့တွေကို လူ့လောကထဲ ရောက်လာအောင် အပင်ပန်းခံ ဒုက္ခဆင်းရဲခံ အသက်နဲ့ရင်းပြီး ခေါ်ဆောင်လာပေးတဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို သတိရကြ တုံ့ပြန်ကြဖို့ လိုပါတယ်။
လူ့သဘာဝတစ်ခု ရှိပါတယ်၊ ဆယ်ကြိမ်ဆယ်ခါ ကျေးဇူးပြုခဲ့ဖူးပေမဲ့ တစ်ခါလေး ပျက်ကွက်လိုက်ရုံနဲ့တင် အပြစ်တင်လို့ မဆုံး အငြိုးထားလို့မဆုံး ဖြစ်တတ်ကြပါတယ်။ ဒီစာလေးကို ဖတ်နေတဲ့သူကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါလိမ့်မယ်၊ အဲ့ဒီကြုံရတဲ့အခါမှာလည်း စိတ်ပျက်ဖူးပါလိမ့်မယ်၊ ဒီလိုမျိုး ကိုယ်ကိုယ်တိုင်လက်မခံနိုင်ပါဘူး ဆိုတဲ့ ကိစ္စတစ်ခုကို ကျွန်တော်တို့ဟာ ထပ်ခါထပ်ခါ လုပ်မိနေကြပါတယ်။ ဘယ်မှာလဲဆိုတော့ မိဘတွေနဲ့ ပတ်သက်လာရင်ပေါ့။
မွေးကျေးဇူးတစ်ခုတည်းနဲ့တင် ဆပ်လို့မကုန်ပါဘူးဆိုတဲ့ မိဘကျေးဇူးတွေကို တခုခု မှားသွားရုံ၊ အယူအဆချင်း အမြင်ချင်း သဘောထားချင်း မတိုက်ဆိုင်ရုံနဲ့ မေ့ပစ်လိုက်ကြတာ၊ အမေက ငါ့အပေါ် မကောင်းဘူး အဖေက ငါ့ကို မချစ်ဘူးဆိုပြီး စွပ်စွဲပစ်တတ်ကြတာဟာ ကျွန်တော်တို့သားသမီးတွေပါပဲ။ ဒါပေမဲ့ မိဘတွေကတော့ ကျွန်တော်တို့အပေါ် ဘယ်တော့မှ စိတ်ပျက်မသွားပါဘူး။ လုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေအောင်လို့ လူတွေနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ် မွေးနိုင်ဖို့တောင် ကြိုးစားကြရသေးရင် မိဘတွေနဲ့ပတ်သက်ပြီး ပိုလို့တောင် ကြိုးစားသင့်သေးတာပေါ့။ ဘာလို့ဆိုတော့ ကျွန်တော်တို့မွေးနေ့လေးတွေရဲ့ ဖန်ဆင်းရှင်ဟာ သူတို့နှစ်ဦး ဖြစ်နေလို့ပါပဲ။
နောက်ထပ်တစ်ခုကတော့ ဘာသာရေးယုံကြည်မှုပေါ့။
ကျွန်တော်တို့တွေဟာ ကိုယ့်ဘ၀ကိုယ် မကျေနပ်ကြဘူး။ ကိုယ့်ဒုက္ခကမှ ကြီးတယ်ထင်တယ်။ ကိုယ့်မှာ ဘာတွေရှိလဲ မမြင်ဘူး၊ သူများမှာ ရှိနေတာကိုမှ လိုချင်ကြတယ်။ စိတ်ဆင်းရဲစရာ ကြုံရတဲ့အခါ ဘာလို့ ငါ့ကျမှ ဒါတွေ လာဖြစ်ရတာလဲ ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ်အခါခါ မေးမိတတ်ကြတယ်။ ဟုတ်တယ်၊ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဘ၀တွေ မတူကြဘူး၊ ဘာလို့လဲ။
ဆရာတော် ဦးဇောတိကရဲ့ ဘ၀ဆိုတဲ့ ကျောင်း စာအုပ်လေးထဲမှာတော့ ဘ၀ဆိုတာကို ကျောင်းနဲ့ ခိုင်းနှိုင်းထားတယ်။ အဲဒီကျောင်းမှာ သွားပြီး သင်ခန်းစာတွေ သွားယူဖို့ပေါ့။ ကျောင်းသွားခါနီး ကလေးတစ်ယောက်ကို လူကြီးက မှာနေ ကြားနေတဲ့ပုံမျိုးလေး ရေးထားတယ်။ အရင်ဆုံး ဘာမှာလဲဆိုတော့ မင်း အဲ့ဒီကျောင်းကို ရောက်တဲ့အခါ ခန္ဓာတစ်ခု ဘ၀တစ်ခု ပိုင်ဆိုင်လိမ့်မယ်၊ အဲဒီခန္ဓာ အဲ့ဒီဘ၀ဟာ မင်းရွေးချယ်လို့ ရလာတဲ့အရာတော့ မဟုတ်ဘူးတဲ့။
မှန်ပါတယ်၊ ကျွန်တော်တို့အားလုံးမှာ ဘ၀ကိုယ်စီ ရှိတယ်၊ ကျွန်တော့်ဘ၀မှာလည်း ကောင်းတာ ရှိသလို ဆိုးတာလည်း ရှိတယ်။ တခြားသူတွေရဲ့ ဘ၀မှာလည်း ကောင်းတာ ရှိမယ်၊ ဆိုးတာလည်း ရှိပါမယ်။ ကိုယ်အခုပိုင်ဆိုင်ထားတဲ့ ဘ၀ကို ရဖို့ တစ်စုံတစ်ယောက်ကို လာဘ်ထိုးခဲ့ရတာမျိုး မရှိသလို၊ တစ်ယောက်ယောက်က အပြစ်ပေးလွှတ်လိုက်တာလည်း မဟုတ်ပါဘူး။ အဲ့လိုပဲ မဲနှိုက်လို့ ရလာတာလည်း မဟုတ်ပြန်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ရှေးရှေးဘ၀တွေက လုပ်ခဲ့တဲ့ ကောင်းကံ ဆိုးကံတွေပေါ် မူတည်ပြီးတော့ပဲ ဒီဘ၀ ဒီခန္ဓာ ရလာတာပါ။ ဒါကို သဘောပေါက်ဖို့ လိုပါတယ်၊ အရှိကို အရှိအတိုင်း လက်ခံတတ်ရပါမယ်။ ဖြစ်ခဲ့ပြီး လုပ်ခဲ့ပြီးတာတွေအတွက် နောင်တရနေ စိတ်ပျက်နေမဲ့အစား လက်ရှိအချိန်ကသာ အကောင်းဆုံးဆိုတာကို နားလည်ထားရပါမယ်။
တကယ်တော့ ကျွန်တော်တို့ရဲ့ ဗုဒ္ဓ၀ါဒက ကံယုံတဲ့ဝါဒပါ၊ ကံယုံတယ်ဆိုတာ ကံစီမံရာအတိုင်းပဲ ဆိုပြီး အရာရာခေါင်းငုံ့ငြိမ်ခံနေတဲ့ ၀ါဒမဟုတ်သလို၊ ကိုယ်တိုင်ကတော့ ဘာမှမကြိုးစားဘဲနဲ့ ပြင်ပက အားကိုးရာတွေ တန်ခိုးရှင်တွေကိုပဲ လိုက်ရှာနေတတ်တဲ့ ယုံကြည်မှုလည်း မဟုတ်ပါဘူး။
ကံယုံတယ်ဆိုတာ အလုပ်ကို ယုံတာပါ။ အလုပ်သာ ကောင်းကောင်းလုပ်ရင် စေတနာကောင်းကောင်းထားရင် ကိုယ့်ဆီကိုလည်း ကောင်းတဲ့အရာတွေ မလွဲမသွေ ပြန်ရောက်လာမယ်ဆိုတာကို ယုံတာပါ။ ကိုယ့်ကံကြမ္မာဟာ ကိုယ့်လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ယုံတာပါ။
ဘ၀ကို ကျေကျေနပ်နပ် နေတတ်ဖို့ လိုပါတယ်။ မကျေနပ်လို့လည်း မရပါဘူး၊ ဒါတွေဟာ ကိုယ့်လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေပဲကိုး။ တစ်ခုပဲရှိပါတယ်၊ ကျေနပ်နေရုံနဲ့ မပြီးဘဲ ဒီထက်ပိုကောင်းတဲ့ ပိုအဆင့်မြင့်တဲ့ ဘ၀ကို လိုချင်ရင်တော့ ကောင်းကံလေးတွေ မွေးကြရပါမယ်၊ ကုသိုလ်တရား များများပြုကြရပါမယ်၊ အလုပ်တွေကို များများနဲ့ကောင်းကောင်း လုပ်ကြရပါမယ်။
နောက်ဆုံးတစ်ခုကတော့ ကိုယ် လူ့လောကထဲကို ရောက်လာရတဲ့ အဓိကရည်ရွယ်ချက်ကို ပြန်စဉ်းစားကြည့်ဖို့ပေါ့။ တချို့ကတော့ ဘ၀ကို အေးအေးချမ်းချမ်း သက်သက်သာသာပဲ ဖြတ်သန်းချင်တယ်။ တချို့ကတော့ စည်းစိမ်ချမ်းသာတွေ ခံစားသွားချင်တယ်၊ တချို့ကျပြန်တော့ တုနှိုင်းမမီတဲ့ အောင်မြင်မှုတွေ ရသွားချင်တယ်၊ တချို့က တိုင်းပြည်နဲ့လူမျိုးအကျိုး၊ တချို့က လူသားတွေအကျိုး ဆောင်ရွက်သွားချင်တယ်၊ ပါရမီရင့်သန်တဲ့ ဗုဒ္ဓဘာသာဝင်များအတွက်ဆိုရင်တော့နိဗ္ဗာန်ပေါ့။ အမျိုးမျိုး ရှိနိုင်ပါတယ်၊ ကိုယ်နဲ့မတူလို့ ပြက်ရယ်ပြုစရာ မလိုပါဘူး။
တကယ်တော့ ဘ၀မှာ အောင်မြင်မှုအတွက် တိုင်းတာတဲ့ ပေတံရယ်လို့ မရှိပါဘူး၊ လူတစ်ယောက်အတွက် ဘာမှမဟုတ်ဘူး ထင်ရတဲ့အရာလေးက နောက်တစ်ယောက်အတွက်တော့ သိပ်ကိုတန်ဖိုးထားချင်စရာ ဖြစ်ချင်ဖြစ်နေမှာပေါ့။ လူတစ်ယောက်အတွက် ပီတိဖြစ်စရာဘ၀လေးက နောက်တစ်ယောက်အတွက်တော့ စိတ်ညစ်စရာ ကောင်းချင်ကောင်းနေမှာပေါ့။ တကယ်တော့ ကိုယ်ဘာဖြစ်ချင်တာလဲ သိဖို့နဲ့ ကိုယ်တကယ်လိုချင် ဖြစ်ချင်တဲ့အရာကို ရအောင် ဖြစ်အောင် လုပ်သွားနိုင်ဖို့ပဲ လိုတာပါ။
လောကမှာ လူ၎မျိုးရှိပါတယ်။
လူသေပေမဲ့ နာမည်မသေတဲ့သူ၊ လူလည်း မသေ၊ နာမည်လည်း မသေတဲ့သူ၊ လူလည်းသေ နာမည်လည်း သေတဲ့သူ၊ လူမသေသေးပေမဲ့ နာမည်သေသွားနှင့်တဲ့သူ တဲ့။
နောက်ဆုံးနှစ်ခုကတော့ အထွေအထူး ပြောစရာ မရှိပါဘူး၊ ဘ၀ကို သက်သက်သာသာပဲ ဖြတ်သန်းကုန်ဆုံးသွားတဲ့သူတွေပေါ့။
ပြောစရာ ရှိလာတာက နာမည်မသေတဲ့သူတွေ။
ဂဠုန်ဦးစော၊ နာမည်မသေဘူးလို့ ပြောလို့ရတယ်၊ အာဇာနည်နေ့ ရောက်တိုင်း မြန်မာ့သမိုင်းကိုသင်တိုင်း သူ့နာမည်ပါလာတယ်၊ ဒါပေမဲ့ သူ့နာမည်နဲ့ တွဲပါလာတွေက လေးစားကြည်ညိုမှုတွေ မဟုတ်ဘူး၊ စိတ်ပျက်မှု မုန်းတီးမှုတွေ ပါလာတာ၊ အာဇာနည်ခေါင်းဆောင်တွေကို လုပ်ကြံခဲ့သူအဖြစ်၊ မြန်မာ့သမိုင်းကို ဖျက်ဆီးခဲ့သူအဖြစ် သူ့နာမည်က ရှင်သန်နေတာ။
ကျွန်တော့အဘိုး၊ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းပြန်လည်ပြုပြင်ရေးမှာ အတော်လေး ပါဝင်ဆောင်ရွက်ခဲ့ဖူးတယ်၊ သူဆုံးသွားတာ ဆယ်နှစ်ကျော်ပြီ၊ ခုထိ ကျောင်းတိုက်က ဘုန်းကြီးတွေ တသသနဲ့ ပြောနေကြတုန်း။ သူ့နာမည်က သူ့ရပ်ကွက်ထဲမှာတော့ မသေဘူးပေါ့။
အေဗရာဟမ် လင်ကွန်း၊ ငွေဝယ်ကျွန်စနစ်အကြောင်း ပြောပြီဆိုတာနဲ့ သူ့နာမည်က ထိပ်ဆုံးက ပေါ်လာတယ်။ ဒီစနစ်ဆိုးကြီးကို ဖျက်သိမ်းခဲ့သူအဖြစ်နဲ့ပေါ့။
ဒါဆို ကျွန်တော်တို့ရဲ့ နာမည်သေမယ် မသေဘူးဆိုတာ၊ လူသေပြီးတဲ့နောက် အဲ့ဒီနာမည် ဘယ်လိုဖြစ်ကျန်နေခဲ့မယ်ဆိုတာဟာ ကျွန်တော်တို့ရဲ့ လူဖြစ်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဲ့ဒီရည်ရွယ်ချက်ကို တကယ်ရော အောင်မြင်ပြီးမြောက်ခဲ့ရဲ့လားဆိုတဲ့အပေါ်မှာ မူတည်နေတာပေါ့။
အဲ့ဒီလို အဓိပ္ပါယ်ပြည့်ဝတဲ့ မွေးနေ့ပေါင်းများစွာကို ဖြတ်သန်းလာပြီးတဲ့အခါမှာတော့ ကိုယ့်မွေးနေ့ဟာ ကိုယ်တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တဲ့နေ့တစ်နေ့ မဟုတ်တော့ဘဲ အများနဲ့ဆိုင်တဲ့၊ အားလုံးက သတိရအောက်မေ့နေကြတဲ့ အများပိုင်နေ့လေးတစ်နေ့ ဖြစ်လာတော့တာပေါ့။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကိုပဲ ကြည့်လေ၊ မကြာခင်ဆို နှစ်တစ်ရာတောင် ပြည့်တော့မယ်၊ ကျွန်တော်တို့တွေ မေ့နိုင်ကြသေးလို့လား။
အရင်းအမြစ်များသို့ ......အပိုင်း(၁)
$
0
0
by Thida Khin (Notes) on Tuesday, June 11, 2013 at 4:29pm
ရင်ထဲမှာသိမ်းဆည်းမျိုသိပ်ထားတာကြာပြီမို့ မနေနိုင်တော့ဘူး .....ပြောရအုံးမယ်...မျှော်ကြောက်တွေနဲ့ နေနေရတဲ့ဘ၀ကိုရွံမုန်းလာတယ်။ တိုင်းပြည်နဲ့ လူမျိုးအကျိုးကိုလုပ်နေပြီး တိုင်းပြည်နဲ့ လူမျိုးတိုးတက်ရာတိုးတက်ကြောင်းတွေကို အကြံပေးတာ ၊ ပြောရေးဆိုခွင့်မရှိတာ၊ အကြံပေးပြောဆိုတာတွေကို လက်မခံတာတွေကြောင့်ပဲ လုပ်ငန်းခွင်နဲ့ ပြည်သူ့ တို့ အကျိုးကိုဆောင်ရွက်နေပေမဲ့ထိရောက်သင့်သလောက်မထိရောက်တာများဖြစ်နေလား.....ဟုတ်တယ် ၊ဖြစ်ကိုဖြစ်နေတာ..ကဲသင်ရောဘာများပြောချင်သေးလဲမိတ်ဆွေ......ဒီနေကြုံတွေ့ ရတာလေး မပြောပဲမနေနိုင်လို့ ပါ။
ညနေညနေ အပန်းဖြေ
$
0
0
မွန်းကြပ်နေတဲ့ ၅ မီတာ ၊ ၃ မီတာ အခန်း လေးကနေ ပြတင်းပေါက် ခေါင်းပြူ ကြည့်လိုက်တော့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေ က သစ်ရွက်စိမ်းစိမ်းလေးတွေ ဖါးလျားချထားတယ် ။ ရစ်သိုင်းလာတဲ့ လေပြေရိုင်းလေးတွေကိုအားပါးတရ ရှူရှိုက်ပစ်လိုက်တော့ ကျွန်တော် ကို ကျွန်တော်အားရှိသွားသလိုခံစားလာရတယ် ။ စိတ်ထဲမှာ လည်း ဒီညနေတော့ ငါ အပန်းဖြေရင်း အပြင်လမ်းလျှောက်ထွက်မယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တယ် ။
အဆောင် က နေထွက်လာတော့ ကားလမ်းကူးဖို့ စောင့် နေတဲ့ အဖွားအိုတစ်ယောက် ကို ခပ်လှမ်းလှမ်း ကနေ လှမ်းတွေ့ရတယ် ။ သူ့ လက်ထဲမှာ ကိုင်ထားတာလည်း ဆွဲထားတဲ့အထုပ်က နည်းနည်းလေးပုံပေါ်ပါတယ် ။ အောက်ကို တွဲကျနေတယ် ။ သူရပ်စောင့်တဲ့ နေရာက လူကူးမျဉ်းကြားမဟုတ်ပါဘူး ။ ဒါမဲ့ ကားသမားက အရှိန်လျော့ပြီး ရပ်ပေးပြီးတော့ ကူးကူးဆိုပြီး လက်လှမ်းပြတယ် ။ ကျွန်တော် အဖွား ဆီက အထုပ်ကိုကူဆွဲလို့ ကျွန်တော်ပါအတူလိုက်ကူးလိုက်တယ်။ လမ်းတစ်ဖက်ရောက်တော့ အဖွားအို က ကျွန်တော့်ကိုကျေးဇူးတင်ပါတယ်တဲ့ ။ ကျွန်တော်လည်း ကားသမားကို စိတ်ထဲ ကနေ "ကျေးဇူးတင်ပါတယ်" လို့ လှမ်းပြောလိုက်မိတယ် ။
ပန်းခြံဖက်ကိုလျှောက်မယ်စိတ်ကူးပြီးမှ သူငယ်ချင်းဆေးလိပ်ဗူးမှာလိုက်တာကိုသတိရပီးတော့ ဈေးဆိုင်ထဲကိုလှမ်းခဲ့လိုက်တယ်။ ပေါင်မုန့် ၁၁ ရူဘယ်တန် ခပ်ကြမ်းကြမ်းတစ်ထုပ် နဲ့ အခမဲ့ ပေးတဲ့ သတင်းစာလေးကို လက်က ကိုင်ပြီး ကောင်တာမှာ ပိုက်ဆံရှင်းတယ် ။ ပြီးတော့ ကျွန်တော့်ကို "ကန့်" ဆေးလိပ်တစ်ဗူးပေးပါလို့ မှာလိုက်တယ် ။ ဈေးရောင်းတဲ့ ကောင်မလေးက ကျွန်တော့်ကို ကြည့်ပါတယ် ။ ပြီးတော့ ဆေးလိပ်က ၁၈ နှစ်မပြည့်ရင်ရောင်းပေးလို့ မရပါဘူးတဲ့ ။ ကျွန်တော်ရီချင်သလိုလိုဖြစ်သွားတယ် ။ "ငါက မင်းထက်တောင်အသက်ကြီးဦးမယ် ..ငါ့အသက် ၂၇ ရှိပြီ" လို့ပြောတော့ ။ "စိတ်မရှိပါနဲ့ ပက်စ်ပို့ပြပါ" တဲ့ ။ ကျွန်တော်လည်း ပက်စ်ပို့လေးကိုထုတ်ပေးလိုက်တယ်။ သူ မွေးသက္ကရာဇ်ကိုကြည့်ပြီးတော့ ဆေးလိပ်တစ်ဗူး ကျွန်တော့်ကိုထုတ်ပေးလိုက်တယ် ။
ဆေးလိပ်ဗူးလေးရယ် ၊ ပေါင်မုန့် လေး ရယ် ၊ သတင်းစာလေးရယ် ကိုင်ပြီး ပန်းခြံထဲကိုဝင်လာခဲ့တယ် ။ ပန်းခြံ အဝင်နားမှာ အရေးပေါ် ကားတစ်စီးရယ် ၊ ရဲ ၂ ယောက်လောက်ရယ်က ရပ်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေပါတယ် ။ မြို့ ထဲမှာ လူစည်စည်ရှိတတ်တဲ့ နေရာတိုင်းမှာ အရေးပေါ် ကား က အဆင်သင့်ဆောင်နေတတ်ပါတယ် ။ ထိခိုက်ဒဏ်ရာ ရပြီဆိုတာနဲ့ အချိန်မှီပို့ဆောင်နိုင်အောင်ပါ။ ကျွန်တော် သူတို့ဘေးကနေ ကျော်ပြီး ပန်းခြံထဲဝင်တော့ ရဲ တစ်ယောက်က လှမ်းပြောပါတယ် ။" အများနဲ့ သက်ဆိုင်တဲ့ ကစားကွင်းမှာ ကလေးသူငယ်တွေလည်းရှိတဲ့အတွက် ဆေးလိပ်သောက်ခွင့်မပြုပါ " တဲ့ ။ " ငါဆေးလိပ်မသောက်တတ်ဘူး ၊ င့ါသူငယ်ချင်းမှာလိုက်လို့ ဝယ်လာတာ" လို့ပြောပြီး ဆက်လျှောက်လာခဲ့တယ် ။
ပန်းခြံ ထဲ က အရိပ် နည်းနည်းရတဲ့ နေရာလေးကို ရွေးပြီးထိုင်လိုက်တယ် ။ ပြီးတော့ ပေါင်မုန့်လေးတွေကို သေးသေးလေးတွေ ဖဲ့ ကျွန်တော့် ရှေ့မှာ ချကျွေးလိုက်တော့ ခိုလေးတွေ ၊ စာကလေးတွေက ကျွန်တော့်ဆီကိုပြေးလာကြတယ် ။ စစချင်းတော့ သူတို့ ကျွန်တော့် ရှေ့တည့်တည့်ထိ မလာရဲကြဘူး ။ နောက် တဖြည်းဖြည်း ကျွန်တော် ကျွေးသမျှကို ကျွန်တော့် ခြေထောက်ကြားထိ လာစားကြတယ် ။ ကျွန်တော် ပေါင်မုန့်လေးတွေဖဲ့ ပြီး လက်ဖဝါးပေါ် တင်ပြီး ရှေ့ကို ဆန့်ထုတ်လိုက်တယ် ။ စာကလေးတွေက ကျွန်တော့် လက်ပေါ် နားပြီး ပေါင်မုန့်ကိုစားနေကြတယ် ။ ကျွန်တော့် စိတ်ထဲမှာ လည်း... "သြော်... တိရိစ္ဆာန် နဲ့ လူနဲ့ကြားတောင်မှ ယုံကြည်မှုဆိုတာ မေတ္တာတရားတွေ ၊ ရင်းနှီးမှုတွေကနေ စပြီးအခြေခံတည်ဆောက်ရပါလား" လို့ တွေးလိုက်မိတယ် ။
ငှက်ကလေးတွေ ကို ကျွေးစရာပေါင်မုန့် ကုန်သွားပြီဆိုတော့ ..ဈေးဆိုင်တွေမှာ ပေးတဲ့ အလကားသတင်းစာလေးကို ထုတ်ပြီး လျှောက်ဖတ်ကြည့်နေမိတယ် ။ အရိပ်လေးကလည်းအေး ၊ လေကလေး လည်းအေး ဆိုတော့ .. ဘဝကြီးမှာ ခဏတာအေးချမ်းသွားတာတော့အမှန်ပဲ ။
"ဟေ့ ...မင်းအမှိုက်မင်းပြန်ကောက်...ကြားလားငါပြောတာ" ဆိုတဲ့ အသံ တစ်သံ က ကျွန်တော့် ရဲ့ ဆိတ်ငြိမ်မှုတွေကိုဖြိုခွင်းပစ်လိုက်တယ် ။ အသံ လာရာကို လှမ်းကြည့်မိတော့ ...လွယ်အိတ်စုတ်လေး လွယ်ပြီး ပုဝါကိုခေါင်းမှာစည်းထားတဲ့ အဖွားကြီးတစ်ယောက်က ၃ နှစ်လောက် အရွယ်ကလေးလေးတစ်ယောက်ကို ရပ်ပြီး ဆူနေတာပါ ။ ကလေးလေး ကလည်း ပေစောင်းပေစောင်းနဲ့ သူ့ ရေခဲမုန့် အိတ်ခွံလေးကိုကောက်ပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပါတယ် ။ အဲဒီကျမှ အဖွားကြီး ဟာသူ့လမ်းသူဆက်လျှောက်သွားပါတယ်။ အတော်လေး နေမှာ ကလေးလေး နဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ အမေ က "ဆားရှာလေး" မေမေ့ ဆီလာခဲ့ဆိုပြီး လှမ်းခေါ်သံကြားလိုက်ရပါတယ် ။ လမ်းလျှောက်နေတဲ့ သူစိမ်းတစ်ယောက် က သူ့ကလေးငေါက်နေတဲ့ချိန်မှာ သူ့အမေက တစ်ခွန်းမှဝင်မပြောပါ ။
ဘေးပတ်ဝန်းကျင်ကို သတိထားပြီးလျှောက်ကြည့်လိုက်တော့ ... ရုံးဆင်းချိန် မိသားစု အပန်းဖြေလမ်းလျှောက်လာကြတဲ့ သားမိ၊သားဖတွေ ၊ ကလေးလေး ကို ဘောလုံးပစ်ပေးလိုက် ကလေးကန်တဲ့ခါ ဖမ်းလိုက်လုပ်နေတဲ့ သားအဖ တွေ ၊ ခုံလေးပေါ်ထိုင် နံဖူးချင်ဆိုပြီးတွတ်ထိုးနေကြတဲ့ သမီးရည်းစားလေးတွေ ၊ လက်နှစ်ဖက်ကိုတွဲ ..တောင်ဝှေးတစ်ချောင်းစီထောက်ပြီး လမ်းလျှောက်နေကြတဲ့ အဖိုး အဖွား စုံတွဲတွေနဲ့ အပန်းဖြေရာပန်းခြံ လေး ဟာ တကယ်ကိုအသက်ဝင်နေပါတယ် ။ အေးမြတဲ့ လေးလေးတွေ ၊ သစ်ရွက်စိမ်းစိမ်းလေးတွေ၊ ပန်းရောင်စုံလေးတွေ ၊ နွေးထွေးတဲ့ မိသားစုဘဝလေးတွေ ၊ မောင်နှံလေးတွေရဲ့ မေတ္တာ လေးတွေ နဲ့ ကျွန်တော့် စိတ်ကိုငြိမ်းချမ်းသွားစေတာ အမှန်ပါပဲ ။
မှီထားတဲ့ ခုံလေး ကနေ ကျောကို ဆန့် ရင်း အပန်းဖြေထွက်ခဲ့တဲ့ကျွန်တော့် ညနေလေးကိုကျွန်တော်ပြန်တွေးကြည့်နေမိတယ် ။ ပြီးတော့ "ငါတို့ နောက်မျိုးဆက်တွေကျရင်တော့ ဒီလိုလူမှုပတ်ဝန်းကျင်လေး ပိုင်ဆိုင်နိုင်ကောင်းပါရဲ့ " လို့ မချင့်မရဲ တွေးရင်း ပဲ .... ညနေမှာ အပန်းဖြေသွားတဲ့ ကျွန်တော် ... အနွမ်းတွေ နဲ့ အခန်းပြန်လာခဲ့တော့တယ် ..။
~~ရုပ်ဆိုး~~
တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၇
$
0
0
Ye Moe
၂၀၀၃ ခုနှစ် မေလ ၃၁ ရက်နေ့  နံနက် ၄း၃၀ ခန့် မှာ ……
ပဲခူးမြို့ အ၀င်နေရာက …..
လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ် တစ်ဦးဟာ…….
စိတ်ရှုပ် နားမလည်ခြင်းများစွာနဲ့  …..
ခေါင်းကို မသိမသာရမ်းလိုက်မိပါတယ်……..။
ဒီနေ့ တစ်ညလုံး သူ ကြုံတွေ့ နေ ရတဲ့  …..
အမှတ် ၃ တပ်မတော် ထောက်လှမ်းရေးတပ်က ……
တပ်ဖွဲ့ ဝင်တွေရဲ့ လုံခြုံရေးဆောင်ရွက်နေမှုဟာ ……
သူ့ ရဲ့  ရဲမှုထမ်းသက် တစ်လျောက်တော့ …..
တစ်ခါမှမကြုံဘူးသလို …..
အင်မတန်မှလဲ အူကြောင်ကြောင် နိုင်လှပါတယ်……
အရင်လုံခြုံရေးဆောင်ရွက်တိုင်း ….
သူတွေ့ နေကျ ထောက်လှမ်းရေး သတင်းပေး ….
တစ်ယောက်မှမတွေ့ ရသလို …..
ထောက်လှမ်းရေး တပ်မှူးကိုယ်တိုင် …..
လမ်းကြောင်း လုံခြုံရေးလုပ်နေတဲ့ အဖြစ်မျိုးဟာလဲ …..
သူ့ တစ်သက်မှာ အင်မတန် ကြုံတောင့်ကြုံခဲ လည်း ဖြစ်ပါတယ်……
အရေးကြီးခရီးစဉ်တွေဟာ …..
ရဲတပ်ဖွဲ့  …တပ် နဲ့ ထောက်လှမ်းရေး တို့ ……
ပူးပေါင်းတာဝန်ယူနေကျမှန်း သူသိထားပေမယ့် …..
ဒီ လုံခြုံရေး အစီအစဉ်မှာ …..
ကျန်တဲ့ သူတွေ တစ်ကောင်တစ်မြီးမှ သိပုံမရ သလို ……
ဆက်သွယ်ရေး စက်တွေက အသံအားလုံးကလဲ ….
ထူးထူးဆန်းဆန်း တိတ်ဆိတ်လို့ နေပါတယ်…….။
သူနဲ့ ခင်မင်နေပြီး ……
ကွမ်းဒလစပ် စားလေ့ရှိတဲ့ တပ်ကြပ်ကြီး တစ်ဦးဆီ …..
မယောင်မလည်နဲ့ ချဉ်းကပ်သွားပြီး …….
ဆရာကြီး ….ကွမ်းလေး ကျွေးပါဦးလို့ …..
သွားပြောမိတဲ့ ရလာဒ်ကတော့ …
မျက်နှာထား တင်းတင်းနဲ့ …..
မပါဘူးလို့  တုံ့ ပြန်ခံလိုက်ရတာပါပဲ …..
ဒီနေ့ အဖို့  ….
သူ့ အတွက် အကောင်းဆုံးကတော့ ……
နောက်ထပ် ၁၅ မိနစ် အကြာမှာ ……
တစ်နာရီကို .....
ကီလိုမီတာ တစ်ရာနီးပါးနဲ့  တလကြမ်းမောင်းသွားတဲ့  …..
ကားအနက်ကြီး ၆ စီး မဖြတ်သန်းခင်ထိ …..
ထောက်လှမ်းရေးတပ်မှူး ကိုယ်တိုင်ပဲ ဖုန်းဆက်ပြီး ……
တိုတိုပြတ်ပြတ်နဲ့  " ခပေါင်း ၃ ဖြတ်ပြီ " လို့ တစ်ခွန်းထဲပြောပြီး …..
ဖုန်းချမသွားခင်ထိတော့ …….
သူ့ ကင်းတဲလေးထဲမှာ နေနေတာပဲ …
သူ့ အတွက် အကောင်းဆုံးဖြစ်ပါလိမ့် မယ်……။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက် ရဲ့  ညနေ မှောင်ရီပျိုးပြမှာ….
အဓိက အတိုက်အခံပါတီခေါင်းဆောင်ရဲ့ ယာဉ်တန်းဟာ…
စစ်ကိုင်းတိုင်း ရွှေဘို ခရိုင် ဒီပဲယင်းမြို့ နယ်ထဲမှာ …..
အစိုးရ ကျောထောက် နောက်ခံပြုတယ်လို့ စွပ်စွဲခံရတဲ့ …..
လူအုပ်စုတစ်ခုနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ပါတယ်……။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ …..
ပြည်တွင်းပြည်ပ စွပ်စွဲချက်တွေ …..
အမြောက်အများ ပေါ်ထွက်ခဲ့ ပေမယ့်….
တပ်မတော်အစိုးရကတော့ …..
အတိုက်အခံခေါင်းဆောင်ကို ထောက်ခံတဲ့ လူအုပ်စုနဲ့ …..
ကန့် ကွက်တဲ့  လူအုပ်စု နှစ်ခု …..
ခိုက်ရန်ဖြစ်ပွားခဲ့တယ် ဆိုတဲ့ သဘောမျိုး ပဲ ….
ခပ်တိုတို ကြေငြာခဲ့ပါတယ်…….
ပြည်ပ နဲ့  အတိုက်အခံ ဘက်က …..
ဒီပဲယင်း အစီရင်ခံစာလို့ အမည်ရတဲ့  မှတ်တမ်းတွေ …..
အများအပြားထုတ်ဝေခဲ့ပေမယ့်လည်း…..
ဒီအစီရင်ခံစာ အများစုဟာ …..
ဖြစ်စဉ်ကိုပဲ ပုံဖော်ပေးနိုင်ခဲ့ပြီး ……
အဓိက အရေးကြီးတဲ့ အချက်အတော်များများကိုတော့ …..
ဖော်ထုတ်နိုင်စွမ်းမရှိခဲ့ ပါဘူး…….။
ဒီဖြစ်စဉ်ကြီးရဲ့ အံသြစရာအကောင်းဆုံးအချက်ကတော့ …..
အဓိက ကာယကံရှင်ဖြစ်တဲ့  အတိုက်အခံခေါင်းဆောင်ဟာ ……
ဒီနေ့ ထက်ထိ လုံးဝ ရေငုံနူတ်ပိတ် ……
တစ်ခွန်းမှ ထုတ်ဖော်ပြောကြားခြင်း မရှိတာပါပဲ …..
ဒါဟာ….ပါးနပ်တဲ့ နိုင်ငံရေးအမြင်ရှိသူများအတွက်တော့…..
ဒီနောက်ကွယ်မှာ မြုပ်ကွက်တွေ အများအပြားရှိနေသလို …..
တပ်မတော် အစိုးရ နဲ့ အတိုက်အခံ ခေါင်းဆောင်ကြား…
ညှိနိုင်းဆွေးမှုတွေ အများအပြားရှိနေပြီ ဆိုတဲ့ အချက်နဲ့ …
ဒီ ဆွေးနွေးမှုတွေရဲ့ သက်တမ်းဟာ…..
အခုမှ မဟုတ်နိုင်ဘူးဆိုတာကိုလဲ…..
အတော်အတန်ရိပ်စားသွားမိစေခဲ့ပါတယ်….
ဒါဟာ နှစ်ဖက်လုံးက …..
သဘောထား ပျော့ပြောင်းလာတာလဲ ဖြစ်နိုင်သလို …..
သဘောတူညီမှုတစ်ခုခု …..
ရရှိထားပြီ ဆိုတဲ့ အနေအထားမျိုးလဲ ဖြစ်နိုင်ပါတယ်…..။
ဒီ အရေးအခင်းရဲ့ …..
လူသိ အနည်းဆုံး အချက်အလက်တစ်ခုကတော့ …
အစိုးရ ဌာနတစ်ခုဟာ….
ယာဉ်တန်းကို တိုက်ခိုက်ခဲ့ သူ အမြောက်အများကို …..
နောက်ဆက်တွဲ ဖမ်းဆီး အရေးယူမှု တွေ အများအပြား…..
ပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲ …….။
( အပိုင်း ၁၈ နောက်ရက် ဆက်တင်ပါမည် )
သန်း ၆၀ အတွက် ရိက္ခာနှင့် သိက္ခာ
$
0
0
by Phillip Pyae (Notes) on Friday, June 14, 2013 at 11:48am
‘လူ’ဟုခေါ်ဝေါ်ပညတ်အပ်သော သတ္တဝါကို ပရမတ်မျက်ဝန်းနှင့် ကြည့်တော့ ရုပ်နှင့် နာမ် နှစ်ပါးသာရှိသည်။ရုပ်က ၂၈ပါး၊ နာမ်က ၅၃ပါး၊ ရုပ်မှာလည်း ရုပ်သက် ရှိသည်။ နာမ်မှာလည်း နာမ်ဇီဝိတ နာမ်သက်ရှိသည်။အသက်ဟူသည် ထိုရုပ်ဇီဝိတ၊ နာမ်ဇီဝိတ နှစ်ပါးသာဖြစ်သည်။ ထိုနှစ်ပါးသည် ပရမတ်စစ်စစ်ဖြစ်သဖြင့်အကောင်အထည်မရှိ၊ ဝတ္ထု ဒြပ်မရှိ သဘောမျှသာ ရှိသည်။ အသက်ဟူသည် လိပ်ပြာမဟုတ်၊ ဝိညာဉ်မဟုတ်၊အတ္တမဟုတ်၊ ငါမဟုတ်၊ အကောင်တစ်မျိုးမဟုတ်၊ ရုပ်နာမ်နှစ်ပါး ဆက်လက်ရှင်သန်နိုင်အောင်စောင့်ရှောက်တတ်သော ဓာတ်သဘောမျှသာ ရှိသည်။
‘နတ္ထိအတ္ဆသမံ ပေမံ’ ကိုယ့်ကိုယ်ကိုယ်ချစ်သော အချစ်နှင့် တန်းတူရည်တူ ဒီဂရီပါဝါဟူသော အချစ်မည်သည်မရှိဟုဆို၏။ ရှင်းအောင်ပြောတော့ ကိုယ့်ကိုယ်သာ အချစ်ဆုံး ဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဟူသည်ကိုယ့်အသက်ကိုယ် အချစ်ဆုံးဟု အဓိပ္ပာယ်ရသည်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဟု အဆိုရှိ၏။ကမ္ဘာမီးလောင်သောအခါ မိခင်တစ်ယောက်သည် သားကို ပွေ့ချီ၍ မီးလွတ်မည်ထင်ရသည့်ဘက်ကို ပြေးလေ၏။မီးက မလွတ်၊ နင်းထားသည့် မြေကြီးက တဖြည်းဖြည်းနှင့် မနင်းနိုင်အောင် ပူလာတော့၏။ ထိုအခါအချစ်ဆုံးဖြစ်သော သားကိုပင် မြေမှာချ၍ နင်းရလေတော့၏။ ကိုယ့်အသက်ထက် ဘာကိုမျှ ဘယ်အရာကိုမျှပို၍ မချစ်နိုင်ဟူသော ပြယုဂ်တစ်ခုဖြစ်၏။
သက်ရှိသတ္တဝါတိုင်းသည်ကိုယ့်အသက်ကို အခင်တွယ်ဆုံး၊ အချစ်ဆုံး ဖြစ်၏။ အရှေ့က အနောက်၊ အနောက်က အရှေ့၊ တောင်ကမြောက်၊ မြောက်က တောင်၊ ဆိုင်ရာ ဆိုင်ရာ တတ်သည့်ပညာနှင့် အစာရှာထွက်ကြရသည်။ အသက်မွေးဖို့ဖြစ်၏။
စားနပ်ရိက္ခာဆိုသည့်အတိုင်းအစားအစာဟူသမျှကို ရိက္ခာဟု ခေါ်သည်။ တိရစ္ဆာန်တွေမှာလည်း ဝမ်းကရှိနေသည့်အတွက် ဝမ်းရိက္ခာလိုသည်။လူတွေမှာလည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ဝမ်းစာရိက္ခာ လိုသည်။ ဤနေရာ၌ လူနှင့် တိရစ္ဆာန်ကွဲပြားတာက တိရစ္ဆာန်တွေမှာ ရိက္ခာသာ လိုသည်။ သိက္ခာ မလို။ လူတွေမှာတော့ ရိက္ခာသာမက သိက္ခာပါလိုသည်။လူတွေမှာ ရိက္ခာ ရှိရုံနှင့် မလုံလောက်သေး၊ သိက္ခာရှိဖို့ပါ လိုသည်။ လူသည် ရိက္ခာကို အလေးထားသလိုသိက္ခာကိုပါ အလေးထားရမည်။ သိက္ခာကို အလေးမထားလျှင် လူနှင့် တိရစ္ဆာန် ဘာမျှထူးခြားတော့မည်မဟုတ်ချေ။
ဘယ်သူတေတေ၊ငတေမာလျှင်ပြီးရော ဝါဒသည် တိရစ္ဆာန်ဝါဒ ဖြစ်သည်။ လူမှာလည်း ငတေဝါဒကျင့်သုံးလျှင် တိရစ္ဆာန်ဝါဒကျင့်သုံးရာရောက်သည်။ တိရစ္ဆာန်အများစုသည် ကိုယ့်အတွက်သာ ကိုယ်ကြည့်သည်။ ကိုယ့်အတွက်သာကိုယ်သိသည်။ ဘယ်သူ့အတွက်မှမကြည့်၊ ဘယ်သူ့အတွက်မှ မသိ။ လူမှာလည်း ထိုအကျင့်မျိုး ရှိနေလျှင်လူ့တိရစ္ဆာန်သာ ဖြစ်တော့မည်။ တိရစ္ဆာန်ဟူသည် ကြီးနိုင်ငယ်ညှဉ်းသဘောကို ဆောင်သည်။ လူသည်လည်းကြီးနိုင်ငယ်ညှဉ်းပြုမူလျှင် လူစိတ်ပျောက်နေသူဖြစ်သည်။ မနုဿမဟုတ်၊ အမနုဿသာ ဖြစ်သည်။ဆုတ်ကပ်အခါသမယမှာ အမနုဿတွေ ပေါများလာသည်။ ထို့ကြောင့် ပရိတ်အမွှမ်းမှာ ‘မနုဿတောဝါ’ လူကပေးသော ဒုက္ခတို့မှလည်း စောင့်ရှောက်တော်မူပါ။ ‘အ မနုဿတောဝါ’ လူမဆန်သူတို့က ပေးသော ဒုက္ခတို့မှလည်းစောင့်ရှောက်တော်မူပါဟု ဆိုသည်။ လူဆန်သူနှင့် လူမဆန်သူ နှစ်ဦးအနက် လူမဆန်သူက ပို၍ကြောက်ဖို့ ကောင်းသည်။ လူဆန်သူက လူစိတ်ရှိလို့ တော်သေးသည်။ လူမဆန်သူမှာတော့ လူစိတ်ပျောက်နေသည်။
ရိက္ခာနှင့်သိက္ခာအစား အူမနှင့် သီလ ဟုလည်း သုံးကြသေးသည်။ တစ်ချို့အူမကို အလေးထားသူတို့က အူမတောင့်မှသီလစောင့်နိုင်မည်ဟု ဆိုသည်။ တချို့ သီလအလေးထားသူတို့က သီလစောင့်လျှင် အူမတောင့်ပါသည်ဟုဆိုသည်။ အူမနှင့် သီလ ဘယ်အရာက အရေးကြီးသနည်း။ တိရစ္ဆာန်တွေကတော့ အူမကိုသာ နားလည်သည်။သီလကို နားမလည်။ လူတွေမှာလည်း အူမကိုသာ နားလည်ပြီး သီလကို နားမလည်ခဲ့လျှင် …
ယနေ့ ကမ္ဘာမှာလူဦးရေတွေ များလာသည်။ သယံဇာတတွေကလည်း တဖြည်းဖြည်း ပြုန်းတီးလိုက်လာသည်။ သိပ္ပံပညာ၏တီထွင်ဖန်တီးမှုတွေက ခေတ်မီဆန်းပြားလွန်းတော့ သဘာဝတွေ ယိုယွင်းလိုက်လာသည်။ ယိုယွင်းတော့ဖောက်ပြန်ကုန်သည်။ ဖောက်ပြန်တော့ ကပ်သင့်ကုန်သည်။ ဒုက္ခရောက်သည်။ တချို့ဒေသတွေမှာ စားနပ်ရိက္ခာတွေကရှားပါးကုန်သည်။ ရှားပါးသည်ထက် ငွေကြေးဖောင်းပွမှုနှုန်းက မြင့်မားတော့ ထိုဒဏ်ကို အခြေခံလူတန်းစားအများစုက ဦးစွာခံကြရသည်။ ထိုအခါ အူမနှင့် သီလက စစ်ခင်းလာကြတော့သည်။ အခြေအတင် ဖြစ်လာကြတော့သည်။
‘ငါ့ဝမ်းပူဆာအစာရှာ၊ မနေသာလို့ ကိုက်ရသည်’ဟူသော မြွေ၏ထုံးကို နှလုံးမူလာကြသူက များလာတော့သည်။ လွမ်းရေးထက်ဝမ်းရေးက ခက်လာတော့ သိက္ခာကိုလည်း မလွမ်းနိုင်တော့။ သီလကိုလည်း မလွမ်းနိုင်တော့။ သိက္ခာထက်ရိက္ခာက ပိုအရေးကြီးလာတော့သည်။ သီလထက် အူမကို ပိုအရေးထားလာတော့သည်။ ထိုအခါ ငတေဝါဒကိုကျင့်သုံးလာကြသည်။ ဂတိတို့၊ သစ္စာတို့ ဆိုတာတွေကိုလည်း သိက္ခာနှင့်အတူ သီလနှင့်အတူ လမ်းဘေးမြောင်းထဲကန်ချပစ်လိုက်ကြတော့သည်။
အူမ မတောင့်လို့သီလ မစောင့်ကြတာကတော့ ဖြစ်တတ်သည့် သဘာဝတစ်ခုလို့ ဆိုရပေလိမ့်မည်။ အူမတောင့်ပါလျက် သီလမစောင့်ကြတာကတေ့မဖြစ်သင့် မဖြစ်ထိုက်၊ အူမတွေ ဖောင်းကားနေပါလျက် သီလမစောင့်ကြတော့ ပိုဆိုးသည်။ အူမတောင့်သူတွေသီလ မစောင့်ကြတော့ တိုင်းပြည်တစ်ခုလုံး ကပြောင်းကပြန် ဆင်းရဲခြင်းဒဏ်က နလန်မထူတော့။၂၃ မျှသာ အရေအတွက်ရှိသော လက်ဝါးကြီးများက အုပ်ထားသဖြင့် တိုင်းပြည်စီးပွားရေး ပျက်ခဲ့ရပြီ။ထိုစီးပွားပျက်ကပ်ဒဏ်ကို သန်း ၆၀တို့ အလူးအလိမ့် ခံခဲ့ရသည်။ ယခုတော့ သန်း၆၀ ဆင်းရဲသားနင်းပြားတို့အတွက်မျှော်လင့်ချက် ရောင်ခြည်လေးတော့ သန်းလာပါပေါ့။ ထိုရောင်ခြည်မှတဆင့်  နံနက်မိုးသောက် အလင်းရောင်ဖြာ ထိန်ထိန်သာဖို့ ဆက်လက်ကြိုးစားလုပ်ဆောင်ကြရလိမ့်ဦးမည်။ အူမတောင့်သူတွေ သီလမစောင့်တာက အူမမတောင့်လို့ပါဟု ဆင်ခြင်ပေးလို့ရသည်။အူမတောင့်ပါလျက် သီလမစောင့်သူတွေမှာတော့ ဘာဆင်ခြေမှ ပေးစရာမရှိ၊ ပေးလို့မရ။ အမှန်တော့အူမတောင့်နေသည် ဖြစ်သည့်အတွက် သီလကိုတော့ စောင့်သင့်ပါသည်။ အူမတောင့်သူတွေ သီလစောင့်ခဲ့ပလျှင်… ။
အာဠာဝကဘီလူးက“အရှင်ဘုရား ဘယ်ပုံဘယ်နည်း အသက်မွေးခြင်းက အကောင်းဆုံးပါလဲ”ဟု ဘုရားကို မေးလျှောက်တော့ဘုရားက “ပညာနဲ့ အသက်မွေးတာ အကောင်းဆုံး”ဟု ဖြေတော်မူခဲ့သည်။ အဋ္ဌကထာဆရာက ပညာနှင့် အသက်မွေးခြင်းဟူသည်နှစ်ဖက်မြင်ပုဂ္ဂိုလ်တို့၏ အသက်မွေးခြင်းဟု ဖွင့်ဆိုသည်။ နှစ်ဖက်ဟူသည် လက်ရှိ ပစ္စုပ္ပန်ဘဝနှင့်နောင်တမလွန်ဘဝကို ဆိုလိုသည်။ တစ်နည်း သူ့ဖက်၊ ကိုယ့်ဖက်၊ သူ့ဖို့၊ ကိုယ့်ဖို့ကို ဆိုလိုသည်။သူသူကိုယ်ကိုယ် အသက်မွေးကြ၊ ဝမ်းကျောင်းကြရာတွင် ပစ္စုပ္ပန်အရေး တမလွန်အရေး နှစ်ဖက်မျှတွေးရမည်။ နှစ်ဖက်မျှ မြင်ရမည်။ သူ့ဖို့ ကိုယ့်ဖို့ နှစ်ဖက်မျှ တွေးရမည် နှစ်ဖက်မျှမြင်ရမည်။
လူသည်တစ်ယောက်ထဲနေတော့ တစ်ဝမ်းတစ်ခါးသာ ရှိသည်။ နှစ်ယောက်ပေါင်းမိတော့ နှစ်ဝမ်းနှစ်ခါး ဖြစ်သွားသည်။နောက်တော့ ဝမ်းတွေ ခါးတွေက တိုးပွားများပြားလာသည်။ ဝမ်းတွေရှိတော့ ဝမ်းစာရှာကြရသည်။ထိုသို့ ဝမ်းစာရှာကြရာတွင် တချို့က ကုသိုလ်သာရသည် ဝမ်းကား မဝ။ ပီတိစား၍ အားရှိနေရသည်။တချို့က ကုသိုလ်လည်း မရ၊ ဝမ်းလည်း မဝ။ တချို့က ကုသိုလ်လည်းရ၊ ဝမ်းလည်း ဝသည်။ ပညာနှင့်အသက်မွေးဝမ်းကျောင်းဟူသည် ကုသိုလ်လည်း ရသည်။ ဝမ်းလည်း ဝသည်။
ဤနေရာ၌ပညာဟူသည် အသိပညာ၊ အသိစိတ်ဓာတ်၊ အသိတရား ဖြစ်သည်။ အသိစိတ်ဓာတ်ရှိသူသည် ကောင်းသော အပြုအမူ၊ကောင်းသော အလေ့အထ ရှိသည်။ ကောင်းသော အပြုအမူ၊ ကောင်းသော အလေ့အထသည် သိက္ခာ ဖြစ်သည်။ အသိစိတ်ဓာတ်ရှိသူသည်ကောင်းသော စိတ်ထား ရှိသည်။ စိတ်ထား ကောင်းသည်။ ကောင်းသော စိတ်ထားရှိသဖြင့် စိတ်ထားကောင်းခြင်းသည်သမာဓိသိက္ခာ ဖြစ်သည်။ သမာဓိမှာ ‘သံ’က ကောင်ခြင်းဟု အဓိပ္ပာယ်ထွက်သည်။ ‘မာဓိ’က စိတ်ထားဟုအဓိပ္ပာယ်ထွက်သည်။ ထို့ကြောင့် သမာဓိဟူသည် စိတ်ထားကောင်းခြင်း ဖြစ်သည်။ အသိစိတ်ဓာတ်၊အသိတရား၊ အသိပညာ ကိုယ်တိုင်က ပညာသိက္ခာ ဖြစ်သည်။
သို့ဖြစ်၍အသိစိတ်ဓာတ်၊ အသိတရားရှိသူမှာ ရိက္ခာနှင့် သိက္ခာက တစ်သားတည်း ကျနေသည်။ အူမနှင့် သီလကထပ်တူထပ်မျှနေသည်။ ဘုရားရှင်မိန့်သော ပညာနှင့် အသက်မွေးတာ အကောင်းဆုံး ဆိုတာက ထိုသို့ရိက္ခာနှင့် သိက္ခာ တစ်ထပ်တည်းကျသော အသက်မွေးခြင်း၊ အူမနှင့် သီလ ထပ်တူမျှသော အသက်မွေးခြင်းကိုဆိုလိုသည်။ ထိုသို့ အသက်မွေးနိုင်သူသည် တော်လည်းတော်၊ ကောင်းလည်းကောင်းသည်။ ထို့ကြောင့်သူတော်ကောင်းဟု ဆိုရသည်။
အူမနှင့်သီလသည် တစ်သီးတခြား ခွဲခြား၍ မရ။ တစ်ဖက်ဖက် အစွန်းထွက်၍ မရ၊ မျှနေမှ သဘာဝကျသည်။ လူတိုင်းမှာအူမရှိသည်။ အူမတိုင်း တောင့်ဖိုလိုပါသည်။ အူမတောင့်ခြင်းသည် သီလစောင့်ဖို့အတွက် ကျေးဇူးပြုနိုင်သလိုသီလစောင့်ခြင်းကလည်း အူမတောင့်ဖို့အတွက် ကျေးဇူးပြုနိုင်ပါသည်။ သီလဟူသည် ကောင်းသောအလေ့အထ၊ကောင်းသော အပြုအမူဖြစ်သည့်အတွက် ကောင်းသော အလေ့အထတွေ ရှိကြလျှင် ကောင်းသော အပြုအမူတွေပြုမူကြလျှင် အူမတွေ တောင့်လာမှာ သေချာပါသည်။
မတောင့်သေးသောအူမ သန်း၆၀တို့ တောင့်လာဖို့အတွက် တောင့်ပြီးသော အူမ ၂၃ပါး၊ ထို့အပြင် နွယ်ရာနွယ်ရာ၂၁ ရာစု ခေတ်သစ် ဇောတိက၊ ဇဋိလတို့ လောဘဇောတွေသတ်၊ သီလစောင့်ဖို့သာ လိုပါသည်။ ထို့အပြင်စာဂတရားလည်း လိုပါသည်။ စာဂကို ဖွင့်ဆိုရာ၌ ‘ပယတပါဏိ’ ဖြန့်ထားသော လက်ရှိရမည်ဟူသော အထူးပြုပါဠိတစ်ပုဒ်ပါသည်။ လက်သီး ဆုပ်မလား၊ လက်ဝါး ဖြန့်မလား ဟူသော ကိုင်ဇာ၏ သီချင်းစာသားတစ်ပုဒ်အရဆိုလျှင် ဆုပ်ထားသော လက်တွေ ဖြန့်လိုက်ပါတော့။ လက်ဝါးကြီးတွေကို အများသူငါ ပုံမှန်လက်ဝါးအဆင့်သို့လျော့ချပေးပါ။ ဆုပ်ထားသော လက်ကို ဖြန့်လိုက်ပါ။ သို့ဆိုလျှင် သန်း ၆၀တို့အတွက် သမ္မာအာဇီဝ(သမာအာဇီဝ)၊ သမဇီဝိတသမ္ပဒါ ဖြစ်၍ သိက္ခာနှင့် ရိက္ခာ၊ အားလုံးပြည့်စုံလာမှာ သေချာပါသည်။
Source:
  • အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
“ခပ်သိမ်းသောရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ…”
သြော်.... ကိုရီးယား
$
0
0
Photo: သြော်ကိုရီးယား …………………..   ဒီကိုရီးယားကိစ္စက ကြားရဖန်များလာလို့  ရိုးသွားသလားမသိပါဘူး။ ပြဿနာက နည်းနည်း တိတ်ဆိတ်သွားတယ်။  ကျွန်တော်တို့ မြန်မာလူမျိုးတွေက လက်နက်နဲ့မတိုက်ရပဲ ကိုရီးယားကျွန်၊ တိုင်းတစ်ပါးကျွန် ဖြစ်မှန်းမသိဖြစ်နေကြတယ်။  တကယ်လို့များ ဒီကိုရီးယားကား စိတ်စွဲနဲ့သေများသွားရင် ကျွန်တော်တို မြန်မာပြည်ကြီး လူဦးရေတောင်နည်းသွားပါလိမ့်မယ်။  အစွဲသေနဲ့ ကိုရီးယားမှာ သွားဖြစ်ကြလို့လေ။  ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုထဲက စကားလေးတစ်ခုသတိရမိတယ်။ “ လှိုင်းတွန့်တွေရဲ့အလှအပကို မြင်ရုံနဲ ကန်ရဲ့နက်ရှိုင်းခြင်းကို မသိနိုင်ဘူးတဲ့။ ပြီးတော့ ကန်ရေပြင် အပေါ်ယံက လှိုင်းတွန့်အလှအပမှာ မျောလွင့်ချင်တာနဲ နက်ရှိုးတဲ့ ကန်ရဲ့ ဘေးအန္တရာယ်ကို မမေ့ပါနဲ့တဲ့”  လူငယ်တွေလဲ တိုင်းတစ်ပါးရဲ့ ၀တ်ပုံ၊ စားပုံ၊ နေထိုင်ပုံတွေကိုကြည့်ပြီး သာယာနေလို့မဖြစ်နိုင်ပါဘူး။ အဲဒီနောက်ကွယ်မှာ ဘယ်လိုအန္တရာယ်တွေဖြစ်လာနိုင်သလဲ၊ ကိုယ့်အတွက် ဘာတွေနစ်နာသွားနိုင်သလဲ ဆိုတာမျှော်တွေပြီး ရေရှည်ကိုကြည့်စေလိုပါတယ်။  ဒါတွေကိုပြောရတာက ကျွန်တော်တွေ့ခဲ့ရတဲ့အတွေ့အကြုံတစ်ခုကြောင့်ပါ။  ကျွန်တော် ဘိုးဘွားရိပ်သာတစ်ခုကို သွားရောက်လှူဒါန်းဖြစ်ပါတယ်။ အဲဒီက ကောင်မလေးတစ်ယောက်က အလှူငွေကိုလက်ခံပါတယ်။ ဂုဏ်ပြုလွှာပြန်ရေးပေးရင်း ဘိုးဘွားတွေ နေတဲ့အဆောင်ကို လိုက်လံပြသ ရှင်းလင်းပါတယ်။  ကောင်မလေးရဲ့ အသက်က ၂၅၊ ၂၆ ၀န်းကျင်ပဲ ရှိဦးမှာပါ။ ဒီလိုကလေးမလေးတစ်ယောက်က လူအများအကျိုး၊ သက်ကြီးရွယ်အိုများကို စေတနာပါပါ ဆောင်ရွက်နေတဲ့ စိတ်က ချီးကျူးအားကျစရာပါပဲ။  အဆောင်တွေထဲက တရားထိုင်တဲ့နေရာ၊ ထမင်းစားခန်း၊ အိပ်ယာနေရာတွေကို ပြသပါတယ်။ ဆက်လက်ပြီး အဘိုး၊ အဘွားတွေရဲ့ အသက်၊ ကျန်းမာရေးအခြေအနေတွေကို စိတ်ရှည်လက်ရှည် ပြောပြနေပါတယ်။   ကျွန်တော်က တရားခွေများဖွင့်ပေးလားလို့မေးမိပါတယ်။ ကျွန်တော်စီက တရားခွေတွေလှူဒါန်းဖို့ စိတ်ကူးရှိလာလို့ပါ။ သူက တရားခွေတွေကို ဥပုသ်ရက်တွေနဲ့ နံနက်၊ ညအိပ်ယာဝင်ခါနီးမှာ ဖွင့်ပေးလေ့ရှိကြောင်း ပြောပြပါတယ်။ အဲ သူ့နောက်ဆုံး စကားတစ်ခွန်းကြာင့် ကျွန်တော် ဒီစာကိုရေးဖြစ်ခြင်းပါ။  သူက “ အဘိုးအဘွားတွေက နေ့လည်ပိုင်းလေးတွေမှာတော့ ကိုရီးယားကားကြည့်ချင်တယ်ဆိုလို့ ဖွင့်ဖွင့်ပေးရတယ်တဲ့လေ ”တဲ့။  ကောင်းပါလေရဲ့ဗျာ။  သြော်ကိုရီးယား.. ကိုရီးယားလို့သာ။  ၃-၁-၂၀၁၂။
ဒီကိုရီးယားကိစ္စက ကြားရဖန်များလာလို့ ရိုးသွားသလားမသိပါဘူး။ ပြဿနာက နည်းနည်း တိတ်ဆိတ်သွားတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေက လက်နက်နဲ့မတိုက်ရပဲ ကိုရီးယားကျွန်၊ တိုင်းတစ်ပါးကျွန် ဖြစ်မှန်းမသိဖြစ်နေကြတယ်။ တကယ်လို့များ ဒီကိုရီးယားကား စိတ်စွဲနဲ့သေများသွားရင် ကျွန်တော်တို မြန်မာပြည်ကြီး လူဦးရေတောင်နည်းသွားပါလိမ့်မယ်။ အစွဲသေနဲ့ ကိုရီးယားမှာ သွားဖြစ်ကြလို့လေ။
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုထဲက စကားလေးတစ်ခုသတိရမိတယ်။
“ လှိုင်းတွန့်တွေရဲ့အလှအပကို မြင်ရုံနဲ ကန်ရဲ့နက်ရှိုင်းခြင်းကို မသိနိုင်ဘူးတဲ့။ ပြီးတော့ ကန်ရေပြင် အပေါ်ယံက လှိုင်းတွန့်အလှအပမှာ မျောလွင့်ချင်တာနဲ နက်ရှိုးတဲ့ ကန်ရဲ့ ဘေးအန္တရာယ်ကို မမေ့ပါနဲ့တဲ့”
လူငယ်တွေလဲ တိုင်းတစ်ပါးရဲ့ ၀တ်ပုံ၊ စားပုံ၊ နေထိုင်ပုံတွေကိုကြည့်ပြီး သာယာနေလို့မဖြစ်နိုင်ပါဘူး။ အဲဒီနောက်ကွယ်မှာ ဘယ်လိုအန္တရာယ်တွေဖြစ်လာနိုင်သလဲ၊ ကိုယ့်အတွက် ဘာတွေနစ်နာသွားနိုင်သလဲ ဆိုတာမျှော်တွေပြီး ရေရှည်ကိုကြည့်စေလိုပါတယ်။
ဒါတွေကိုပြောရတာက ကျွန်တော်တွေ့ခဲ့ရတဲ့အတွေ့အကြုံတစ်ခုကြောင့်ပါ။
ကျွန်တော် ဘိုးဘွားရိပ်သာတစ်ခုကို သွားရောက်လှူဒါန်းဖြစ်ပါတယ်။ အဲဒီက ကောင်မလေးတစ်ယောက်က အလှူငွေကိုလက်ခံပါတယ်။ ဂုဏ်ပြုလွှာပြန်ရေးပေးရင်း ဘိုးဘွားတွေ နေတဲ့အဆောင်ကို လိုက်လံပြသ ရှင်းလင်းပါတယ်။ ကောင်မလေးရဲ့ အသက်က ၂၅၊ ၂၆ ၀န်းကျင်ပဲ ရှိဦးမှာပါ။ ဒီလိုကလေးမလေးတစ်ယောက်က လူအများအကျိုး၊ သက်ကြီးရွယ်အိုများကို စေတနာပါပါ ဆောင်ရွက်နေတဲ့ စိတ်က ချီးကျူးအားကျစရာပါပဲ။
အဆောင်တွေထဲက တရားထိုင်တဲ့နေရာ၊ ထမင်းစားခန်း၊ အိပ်ယာနေရာတွေကို ပြသပါတယ်။ ဆက်လက်ပြီး အဘိုး၊ အဘွားတွေရဲ့ အသက်၊ ကျန်းမာရေးအခြေအနေတွေကို စိတ်ရှည်လက်ရှည် ပြောပြနေပါတယ်။
ကျွန်တော်က တရားခွေများဖွင့်ပေးလားလို့မေးမိပါတယ်။ ကျွန်တော်စီက တရားခွေတွေလှူဒါန်းဖို့ စိတ်ကူးရှိလာလို့ပါ။ သူက တရားခွေတွေကို ဥပုသ်ရက်တွေနဲ့ နံနက်၊ ညအိပ်ယာဝင်ခါနီးမှာ ဖွင့်ပေးလေ့ရှိကြောင်း ပြောပြပါတယ်။ အဲ သူ့နောက်ဆုံး စကားတစ်ခွန်းကြာင့် ကျွန်တော် ဒီစာကိုရေးဖြစ်ခြင်းပါ။
သူက “ အဘိုးအဘွားတွေက နေ့လည်ပိုင်းလေးတွေမှာတော့ ကိုရီးယားကားကြည့်ချင်တယ်ဆိုလို့ ဖွင့်ဖွင့်ပေးရတယ်တဲ့လေ ”တဲ့။
ကောင်းပါလေရဲ့ဗျာ။ သြော်ကိုရီးယား.. ကိုရီးယားလို့သာ။
မောင်ပိုင်
၃-၁-၂၀၁၂။
— with William Tuntunko and 2 others.
စစ်သားမယား ဘာတွေရသလဲ
$
0
0
Photo: စစ်သားမယားဘာတွေရသလဲ ………….   ကျွန်တော် ဒီတစ်ပါတ် 7 day ဂျာနယ်က စစ်သားမယားဘာတွေရသလဲ ဆိုတဲ့ ဆရာမောင်သာချိုရဲ့ စာလေးဖတ်မိပြီး ရေးချင်လာလို့ရေးဖြစ်ပါတယ်။  ဆရာက ဂျာမန်ကဗျာဆရာကြီး ဘာတိုးဘရက်ခ်ျရဲ့ကဗျာလေးကို ရေးပြထားပါတယ်။ ပြန်လည်ဝေငှ ချင်လို့ ဝေငှလိုက်ပါတယ်။ ပရိတ်မြို့တော်ကြီးကို ဟစ်တလာရဲ့ နာဇီတပ်မတော်ကြီး သိမ်းစဉ်က စစ်သားမိန်းမ ဘာတွေရသလဲ။ ပရိတ်မြို့တော်က ဒေါက်မြင့်ဘိနပ်ကြီးတွေ ရတယ်လေ။ အောင်သတင်းနဲ့ အောင်ဆုတွေတောင်းတဲ့ စာတွေရယ် လက်ဆောင်ရယ် စစ်သားမိန်းမ ဒေါက်မြင့်ဘိနပ်ကြီးတွေ ရခဲ့တယ်။ သြစထရီးနိုင်ငံ အော့စလိုမြို့ကို ကျူးကျော်စဉ်က အော့စလိုမြို့တော်က သားမွေးအထည်စကလေး တစ်ခုရတယ် ဘဘောကျမယ်ဆိုတဲ့စာနှင့်အတူ စစ်သားမိန်းမ သားမွေးအထည်စ တစ်စရခဲ့တယ်။ ရူမေးနီးယားနိုင်ငံ ဘူခါရက်ကို ဟစ်တလာစစ်တပ်တွေရောက်တော့ စစ်သားမိန်းမ ဘာတွေရသလဲ။ ဘူခါရက်မြို့တော်က ဂါဝန်ကားကား ဖောင်းဖောင်းပွပွကြီး ရတယ်။ ကြည့်ရတာဆန်းပြီး ၀တ်ရတာ ရယ်စရာသိပ်ကောင်းတယ်။ စစ်သားမိန်းမ ဂါဝန်ကားကားကြီး တစ်ထည်ရတယ်။ နှင်းနိုင်ငံ ရုရှားပြည်က စစ်သားမိန်းမ ဘာတွေရသလဲ။ မုဆိုးမအထိမ်းအမှတ် ၀တ်စုံနက်ပဲလက်ခံရတယ်။ ၀မ်းနည်းကြေကွဲတာမို့ လင်သည်ရဲ့ သေဆုံးမှုအထိမ်းအမှတ်ပေါ့ စစ်သားမိန်းမ ၀တ်စုံနက်တစ်စုံရပါတယ်။  ကျွန်တော်ဒီစာလေးဖတ်မိပြီး ခံစားမိပါတယ်။  ကိုယ်တိုင်မသေရလို့ မုဆိုးမဖြစ်ရပေမယ့် ဘယ်မိန်းမကမှ ကိုယ့်လင်သားကို သေစေချင်မှာမဟုတ်ပါဘူး။  စစ်သားမယားဆိုတာ တခြားသော ယောက်ျားတွေရဲ့ မိန်းမတွေနဲ့ ဘ၀ခြင်းမတူသလို၊ ခံစားရတာခြင်း၊ တွေ့ကြုံရတာခြင်း မတူပါဘူး။ ကိုယ်လင့်သားကို ပျော်တာမြင်ချင်မယ်၊ မိသားစုနဲ့ နွေးနွေးထွေးထွေးနေချင်မယ်။    စစ်သားမယားဆိုတာလည်း မိန်းမထဲက မိန်းမတစ်ယောက်ဖြစ်လေတော့ ကိုယ့်လင် ကိုယ်သားသမီးနဲ့ မခွဲမခွာ ပျော်ပျော်ရွှင်ရွှင်နေချင်မှာပါပဲ။  သေသလား၊ ရှင်သလားမသိတဲ့ တိုက်ပွဲအတွက် ရင်တထိတ်ထိတ် မျှော်နေရတဲ့ဘ၀၊ ကျရာတာဝန်ကို ကျရာနေရာမှာ ထမ်းဆောင်လို့ မိသားစုနဲ့ခွဲနေတဲ့ ကိုယ့်လင်သား စီက ကျန်းမာကြောင်း အကြောင်းကြားစာ မျှော်နေရတဲ့ဘ၀။ ဒါတွေ ဒါတွေ ဘယ်သူနားလည်မှာတဲ့လဲ။  စစ်သားမယား ဘာတွေရသလဲဆိုတာ၊ တချို့သော အထက်လူကြီးကတော်တွေကို ကြည့်ပြီး မဝေဖန် လိုက်ပါနဲ့။  စစ်သားမယားဘ၀ ဘာတွေရသလဲဆိုတာ စာနာ နားလည်ခံစားကြည့်ပေးကြပါဦးခင်ဗျာ။  ၁၄-၆-၂၀၁၃။
ကျွန်တော် ဒီတစ်ပါတ် 7 day ဂျာနယ်က စစ်သားမယားဘာတွေရသလဲ ဆိုတဲ့ ဆရာမောင်သာချိုရဲ့ စာလေးဖတ်မိပြီး ရေးချင်လာလို့ရေးဖြစ်ပါတယ်။
ဆရာက ဂျာမန်ကဗျာဆရာကြီး ဘာတိုးဘရက်ခ်ျရဲ့ကဗျာလေးကို ရေးပြထားပါတယ်။ ပြန်လည်ဝေငှ ချင်လို့ ဝေငှလိုက်ပါတယ်။
ပရိတ်မြို့တော်ကြီးကို
ဟစ်တလာရဲ့
နာဇီတပ်မတော်ကြီး သိမ်းစဉ်က
စစ်သားမိန်းမ ဘာတွေရသလဲ။
ပရိတ်မြို့တော်က ဒေါက်မြင့်ဘိနပ်ကြီးတွေ
ရတယ်လေ။
အောင်သတင်းနဲ့
အောင်ဆုတွေတောင်းတဲ့
စာတွေရယ် လက်ဆောင်ရယ်
စစ်သားမိန်းမ
ဒေါက်မြင့်ဘိနပ်ကြီးတွေ ရခဲ့တယ်။
သြစထရီးနိုင်ငံ
အော့စလိုမြို့ကို ကျူးကျော်စဉ်က
အော့စလိုမြို့တော်က
သားမွေးအထည်စကလေး
တစ်ခုရတယ်
ဘဘောကျမယ်ဆိုတဲ့စာနှင့်အတူ
စစ်သားမိန်းမ
သားမွေးအထည်စ
တစ်စရခဲ့တယ်။
ရူမေးနီးယားနိုင်ငံ
ဘူခါရက်ကို
ဟစ်တလာစစ်တပ်တွေရောက်တော့
စစ်သားမိန်းမ ဘာတွေရသလဲ။
ဘူခါရက်မြို့တော်က
ဂါဝန်ကားကား ဖောင်းဖောင်းပွပွကြီး ရတယ်။
ကြည့်ရတာဆန်းပြီး
ဝတ်ရတာ ရယ်စရာသိပ်ကောင်းတယ်။
စစ်သားမိန်းမ
ဂါဝန်ကားကားကြီး တစ်ထည်ရတယ်။
နှင်းနိုင်ငံ ရုရှားပြည်က
စစ်သားမိန်းမ
ဘာတွေရသလဲ။
မုဆိုးမအထိမ်းအမှတ်
ဝတ်စုံနက်ပဲလက်ခံရတယ်။
ဝမ်းနည်းကြေကွဲတာမို့
လင်သည်ရဲ့
သေဆုံးမှုအထိမ်းအမှတ်ပေါ့
စစ်သားမိန်းမ
ဝတ်စုံနက်တစ်စုံရပါတယ်။
ကျွန်တော်ဒီစာလေးဖတ်မိပြီး ခံစားမိပါတယ်။ ကိုယ်တိုင်မသေရလို့ မုဆိုးမဖြစ်ရပေမယ့် ဘယ်မိန်းမကမှ ကိုယ့်လင်သားကို သေစေချင်မှာမဟုတ်ပါဘူး။
စစ်သားမယားဆိုတာ တခြားသော ယောက်ျားတွေရဲ့ မိန်းမတွေနဲ့ ဘ၀ခြင်းမတူသလို၊ ခံစားရတာခြင်း၊ တွေ့ကြုံရတာခြင်း မတူပါဘူး။ ကိုယ်လင့်သားကို ပျော်တာမြင်ချင်မယ်၊ မိသားစုနဲ့ နွေးနွေးထွေးထွေးနေချင်မယ်။
စစ်သားမယားဆိုတာလည်း မိန်းမထဲက မိန်းမတစ်ယောက်ဖြစ်လေတော့ ကိုယ့်လင် ကိုယ်သားသမီးနဲ့ မခွဲမခွာ ပျော်ပျော်ရွှင်ရွှင်နေချင်မှာပါပဲ။ သေသလား၊ ရှင်သလားမသိတဲ့ တိုက်ပွဲအတွက် ရင်တထိတ်ထိတ် မျှော်နေရတဲ့ဘ၀၊ ကျရာတာဝန်ကို ကျရာနေရာမှာ ထမ်းဆောင်လို့ မိသားစုနဲ့ခွဲနေတဲ့ ကိုယ့်လင်သား စီက ကျန်းမာကြောင်း အကြောင်းကြားစာ မျှော်နေရတဲ့ဘ၀။ ဒါတွေ ဒါတွေ ဘယ်သူနားလည်မှာတဲ့လဲ။
စစ်သားမယား ဘာတွေရသလဲဆိုတာ၊ တချို့သော အထက်လူကြီးကတော်တွေကို ကြည့်ပြီး မဝေဖန် လိုက်ပါနဲ့။ စစ်သားမယားဘ၀ ဘာတွေရသလဲဆိုတာ စာနာ နားလည်ခံစားကြည့်ပေးကြပါဦးခင်ဗျာ။
မောင်ပိုင်
၁၄-၆-၂၀၁၃။
ပညာရေးနှင့် အမျိုးသား လက္ခဏာ (National Identity)
$
0
0
 by Hla Shwe (Notes) on Saturday, June 15, 2013 at 6:27am
နယ်စပ်ဒေသအတွင်း ဖွင့်လှစ်ထားသည့် ရွှေ့ပြောင်းကျောင်းများ၏ သင်ရိုးညွန်းတမ်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲ ဦးဆောင်သူ Burma Migrant Teacher Association-BMTA ၏အတိုင်ပင်ခံ ဆရာသိန်းနိုင်မှ သင်ရိုးညွန်တမ်းနှင့် အမျိုးသား လက္ခဏာ (Natioanl Identity) တို့၏ အဆက်အစပ်ကို ဆွေးနွေးခဲ့သည်။ သင်ရိုး ညွန်းတမ်းဟု ပြောလိုက်သည်နှင့် ကျောင်းရှိကျောင်းသားတို့အား အမျိုးသားသရုပ် လက္ခဏာကို ထင်ဟပ်သည့် သင်ရိုးညွန်တမ်းများကို ပြုစုပေးရန် လိုအပ်လာသည်။  သင်ရိုးညွန်တမ်း မရေးဆွဲမီ နယ်စပ်ဒေသတလျှောက်ရှိ ကျောင်းသားတို့၏ အမျိုးသားရေးလက္ခဏာနှင့် ပကတိအခြေအနေတို့ကို သိရှိရန်လိုအပ်လာခဲ့သည်။
တိုက်ဆိုင်စွာပင် (Natioanl Identity) ၏အရေးပါမှုကို လက်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦထံမှ မမျှော်လင့်ဘဲ ကြားခဲ့ရသည်။ မောက္ခ ပညာရေး မဂ္ဂဇင်း ပြည်တွင်း၌ အခြေစိုက်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် ခေတ္တတွေ့ကြရာတွင် မဆီမဆိုင် National Identity စကားလုံးဝေါဟာရဘက်ကို ရောက်သွားခဲ့သည်။ ဦးအောင်မင်း၏ အမြင်အရ မြန်မာတို့၏ National Identity ပျောက်ဆုံးသွားသည်ဟု သုံးသတ်သည်။ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးသော အမျိုးသားရေး လက္ခဏာ ပျောက်ဆုံးမှုကို သိသော ၀န်ကြီး အောင်မင်းကို ချီးကျူးမိသည်။ စာရေးသူ၏ အမြင်မှာ တိုင်းရင်းသားပေါင်းစုံ နိုင်ငံတခုလုံး၏ အမျိုးသားရေး လက္ခဏာသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရကတည်းက မရှိခဲ့ဟု ပြောရပေလိမ့်မည်။ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သော ပြည်ထောင်စုစနစ် တခုတည်ထောင်ရန် ရည်မှန်းထားသည့် ( Federal Union Context) အောက်တွင် အမျိုးသားရေး လက္ခဏာ သတ်မှတ်ရန် မည်ကဲ့သို့ ဖေါ်ဆောင်ကြမည်နည်းဟု မေးခွန်းရှိလာခဲ့သည်။
Nations State တခုအနေဖြင့် အမျိုးသားရေး လက္ခဏာကို ဖေါ်ဆောင်ကြရာတွင် ကျောင်းများမှ စတင်အကောင်အထည် ဖေါ်ကြသည်ကို တွေ့ရသည်။ ဗြိတိသျှ လက်အောက်သို့ ကျရေက်ခဲ့သည့် တရုတ်နိုင်ငံပိုင် ဟောင်ကောင်သည် အင်္ဂလိပ် အုပ်ချုပ်ရေး အောက်တွင် တရုတ်အမျိုးသားရေး လက္ခဏာ ပျောက်ကာ ဟောင်ကောင်လူထု၏ သီးသန့်ဆန်သော အမျိုးသားရေး လက္ခဏာတရပ် ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် ဗြိတိသျှတို့သည် ဟောင်ကောင်နေ မျိုးဆက်သစ်များကို National Education ကိုမပေးဘဲ လူသားဆန်သော Civil Education ကိုသာအဓိကထား သင်ကြားပေးခဲ့သည်။ ၁၉၉၇ ဟောင်ကောင်ကို ဗြိတိသျှတို့ လက်အောက်က လွှဲပြောင်းယူသောအခါ တရုတ်နိုင်ငံအဖို့ ဟောင်ကောင်လူထု၏ တရုတ်နိုင်ငံနှင့် ဆက်ဆံလိုမှု မရှိသည့် အမျိုးသားရေး လက္ခဏာ တရပ်ကို တွေ့ရှိလာခဲ့သည်။ ထို့ကြောင့် တရုတ်အစိုးရသည် ဟောင်ကောင်လူထုအနေဖြင့် တရုတ်နိုင်ငံ၊ တရုတ်ယဉ်ကျေးမှု၊ တရုတ်ပြည်ကြီးအပေါ် သစ္စာရှိသည့် အမျိုးသားလက္ခဏာ တရပ်ပေါ်ပေါက်လာရန် အားထုတ်မှုများကို တွေ့ရသည်။ အထူးသဖြင့် ပညာရေးစနစ်၏ သင်ရိုးညွန်တမ်းတွင် National Education ကိုကြောရိုးအဖြစ် ထည့်သွင်းဖေါ်ပြလာခဲ့သည်။ အမေရိကန်တို့၏ အမျိုးသား ပညာရေးတွင် အမေရိကန် ဖြစ်ရသည်ကို ဂုဏ်ယူသကဲ့သို့ ကိုးရီးယားတို့သည်လည်း ကျောင်းသွားသည့် ပထမရက်မှ စတင်ကာ ကိုးရီးယား နိုင်ငံတော် သီချင်းကို သီဆိုရင်းဖြင့် ပညာတတ် ဖြစ်လာသည်ကို အမျိုးသားရေးဂုဏ် အဖြစ်ဝင့်ကြွားလေ့ရှိသည်။
နိုင်ငံရေး ဘောဂဗေဒ ပညာရှင် Alfred Marshal က ( Citizenship) နိုင်ငံသား ဖြစ်မှုကို ပြောဆိုရာတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်မှုကို နိုင်ငံနှင့် ၄င်းနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာကို သစ္စာရှိမှု အပေါ်တွင်အခြေခံ ထားသည်ဟု ပြောဆိုခဲ့သည်။ နိုင်ငံသားများ၏ အမျိုးသားရေး လက္ခဏာကို ရည်ညွန်းရာတွင် အချုပ်အချာအာဏာ၊ နိုင်ငံရေးစနစ်၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုက်တက်မှုနှင့် ဆက်စပ်ကာ အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ ဗြိတိသျှတို့၏ စွယ်စုံကျမ်းတွင် နိုင်ငံသားများ၏ အမျိုးသား လက္ခဏာကို ဤကဲ့သို့ ဖွင့်ဆိုထားသည်။ ("a relationship between individuals and the nation, whereby the individuals stay loyal to the nation and enjoy the rights protected by the nation") ပုဂ္ဂလလူသားတဦးချင်းနှင့် နိုင်ငံတို့၏ ဆက်နွယ်မှုဖြစ်ပြီး ပုဂ္ဂလနိုင်ငံသားအနေဖြင့် နိုင်ငံအပေါ် သစ္စာရှိမှုဖြင့် ထိုပုဂ္ဂလ လူသား၏ရပိုင်ခွင့်များကို နိုင်ငံ၏ကာကွယ် စောင့်ရှောက်မှု အောက်တွင် ခံစားပိုင်ခွင့်ရှိသည်။ ဤစာပိုဒ်အရ နိုင်ငံသား၏ အမျိုးသားလက္ခဏာသည် လွတ်လပ်မှုနှင့်အတူ နိုင်ငံသားတဦး၏ တာဝန်ကိုပါ ဖွင့်ဆိုခြင်းဖြစ်သည်။ အမျိုးသားလက္ခဏာသည် နိုင်ငံ၏ အုပ်ချုပ်မှုပုံစံနှင့် စနစ်ကို လူသားတဦးချင်းအနေဖြင့် များစွာသက်ရောက်မှု ရှိသည်ကိုတွေ့ရသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကိုပါ အမွေအဖြစ် လက်ခံရရှိခဲ့သည်။ မြန်မာ့ပညာရေးတွင်လည်း မတူကွဲပြားသော လူ့အဖွဲ့အစည်း ပေါင်းစုံအောက်တွင် ပြည်ထောင်စုစနစ်ကို အခြေခံသည့် ပညာရေးမျိုးကို တည်ဆောက်ထားခြင်း မရှိသည်ကို တွေ့ရသည်။ ကျောင်းများတွင် သီဆိုနေသည့် နိုင်ငံတော် သီချင်းသည်ပင် ပြည်ထောင်စုဘွား တိုင်းရင်းသားများအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံတော် သီချင်းသည် တိုင်းရင်းသားတို့ကို ကိုယ်စားပြုပါသလော ဟူသည် ဆွေးနွေးမှုများ ရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံထက် လူဦးရေး အဆမတန်များပြားသောနိုင်ငံ၊ ဘာသာပေါင်းစုံ၊ လူမျိုးစုပေါင်း ၆၀၀ ကျော်ရှိသည့်နိုင်ငံတွင် အမျိုးသားပညာရေး စနစ်သည် Social Harmony ကိုအခြေခံထားသည့် ပညာရေးမျိုးဖြစ်သည်။ Social Harmony ဖြင့်နိုင်ငံသားတို့း၏ အမျိုးသားလက္ခဏာကို ဖေါ်ဆောင်ထားသည်။ မတူကွဲပြားခြင်းသည် အိန္ဒယနိုင်ငံသားတို့အဖို့ ဂုဏ်ယူစရာအမှတ်သင်္ကေတ အဖြစ် တည်ဆောက်ထားသည်။
 မြန်မာနိုင်ငံ၏ ပကတိ အခြေအနေသည် အမျိုးသား သရုပ်သဏ္ဍာန် ကိုဖေါ်ဆောင်ရာတွင် အထူးအလေထားရမည့် အချက်ဖြစ်နေပေသည်။ နိုင်ငံရေးစနစ် ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အတူ ပညာရေးစနစ် နိမ့်ကျ ပျက်စီးယိုယွင်းနေမှုကို ခေါင်းဆောင်အသီးသီးတို့မှ အလေးထားပြောဆိုလာသည်ကို တွေ့ရပေသည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုအောက်တွင် တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်သည့် National Education ပညာရေးစနစ်ကို မည်ကဲ့သို့ အကောင်အထည်ဖေါ် တည်ဆောင်သင့်သည်ကို ညှိနှိုင်း ဆွေးနွေးမှုများလည်း အတန်အသင့်ရှိလာပြီ ဖြစ်သည်။
National Education နှင့်အတူ တိုင်းရင်းသားတို့တွင် ကိုယ်ပိုင် အမျိုးသားရေးလက္ခဏာ ရှိကြသည်ကို သတိထားသင့်သည်။ ဥပမာ ရခိုင်တို့၏ အမျိုးသားရေးလက္ခဏာတွင် ရခိုင်လူမျိုးကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်းတို့သည် ရခိုင်တို့၏ အမျိုးသားရေး လက္ခဏာ ဖြစ်သည်ဟု ခံယူထားခဲ့သည်မှာ မြောက်ဦးခေတ် ကတည်းကပင် စတင်ခဲ့သည်။ “ အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည်ဝ မဏ္ဍိုင် စောင့်စွမ်းနိုင်သည်၊ ရက္ခနာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ ခေါ်အပ်ရတည်း” ဟု ရခိုင်ဖြစ်ခြင်း၏  အမျိုးသားရေး လက္ခဏာကို ထင်ဟတ်သည့် စံကိုသတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ထိုင်းတဦး၏ အမျိုးသားရေး လက္ခဏာသည် ထိုင်းဘုရင်အပေါ် ကြည်ညိုလေးစားခြင်း၊ ဘုရင်ကို ချစ်မြတ်နိုးခြင်းသည် ထိုင်းနိုင်ငံကိုချစ်မြတ်နိုးခြင်း၊ ကာကွယ်ခြင်း ဖြစ်ပြီး ထိုင်းလူမျိုး ဖြစ်ရခြင်းကို ဂုဏ်ရှိသည်ဟု ခံယူထားသည်။
ဆိုရှယ်လစ်စနစ်အောက်တွင် ကြီးပြင်းခဲ့ရသော ကျနော်တို့၏ မျိုးဆက်သည် မရေရာသည့် “ပတ်ဝန်းကျင်နှင့် အညမည”သဘောတရားကို အဓိကထား သင်ကြားပေးခဲ့သည်။ ၄င်းသဘောတရား၏ အောက်တွင် လူမျိုးအသီးသီး၏ အမျိုးသား လက္ခဏာကို ရိုက်ချိုးခဲ့သည်ဟုပင် ပြောရပေလိမ့်မည်။ တိုင်းပြည်အတွက် အရာရာကို စွန့်လွှတ်ကြဟူသော၊ တိုင်းပြည်အတွက် အနစ်နာခံကြဟူသော ဆောင်ပုဒ်များဖြင့် မိုးလုံးညံကြွေးကြော်သံဖြင့် ချီတက်လာခဲ့ကြသည်။ ပြည်တွင်းပြည်ပရှိ ကျနော်တို့မျိုးဆက်သည် ဆိုရှယ်လစ်စနစ်အောက်က မွေးထုတ်ပေးလိုက်သည့်ထုတ်ကုန် ဖြစ်သည့်အတွက် မရေရာသည့် အတွေးအခေါ်များဖြင့် အမျိုးသားလက္ခဏာကို မေ့ပျောက်ထားခဲ့ကြသည်။ အမျိုးသားရေး လက္ခဏာကိုဘေးချိတ်ကာ လူထုကောင်းစားရေး၊ တိုင်းပြည်ကောင်းစားရေးကို ခေါင်းဆောင်များနှင့် အတူ ရဲဘော်များမှလည်း အသံကောင်း အော်ဟစ်ခဲ့ကြသည်။ သို့ရာတွင် မြန်မာလူမျိုး၏ ပကတိ အခြေအနေသည် ကြွေးကြော်သံများနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်နေပြီး တကိုယ်ကောင်းဆန်မှုနှင့် လူသားဆန်မှု မဲ့ခြင်းတို့ကို ခေါင်းဆောင်မှသည် အောက်ခြေရဲဘော်ထိ တွေ့မြင်နေရသည်။
စစ်အစိုးရအုပ်ချုပ်မှု အောက်မှထွက်ရှိလာသည့် National Education Identity မှာ “ပြည်ထောင်စု စိတ်ဓါတ် ထွန်းကားရေး၊ လွတ်လပ်ရေး တန်ဖိုးကို သိနားလည်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိမ်းသိမ်းကာကွယ် စောင့်ရှောင့်လိုစိတ် ထက်သန်စေရေး၊ အမျိုးသား အမွေအနှစ်ကို ထိမ်းသိမ်းလိုစိတ် ပွားများစေပြီး နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးတတ်စေရေး” စသည့် ရည်မှန်းချက် ဆောင်ပုဒ်များဖြင့် National Education ကိုအကောင်အထည် ဖေါ်ခဲ့သည်။
စစ်အစိုးရ၏ ရည်မှန်းချက်နှင့် ပြောင်းပြန်ဖြစ်သည့် ပြည်ထောင်စု သားချင်းများကို အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း၊ ပင်လုံစာချုပ်၏ ပင်မကြောရိုး မူဖြစ်သည့် ပြည်ထောင်စု စိတ်ဓါတ်ကို ရိုက်ချိုးပြီး လူမျိုးကြီး အာဏာရှင်စနစ်ကို ဖန်တီးခြင်း၊ နိုင်ငံ၏ အမွေအနှစ်အားလုံးကို ကိုယ်ကျိုးစီးပွားအတွက် လက်သိပ်ထိုး ရောင်းစားပြီး Natioanl Identity ကို ပညာရေး ကြောရိုးကနေ ဖယ်ထုတ်ခဲ့သည်။
နိုင်ငံအပေါ် ချစ်မြတ်နိုးခြင်း ဟူသောစကားထက် မိမိကိုယ်ကိုချစ်မြတ်နိုးခြင်း၊ မိသားစုအပေါ်ချစ်မြတ်နိုးခြင်း၊ မိမိလူမျိုးအပေါ် ချစ်မြတ်နိုးခြင်း စသောအခြေခံကျသည့် လူသားတို့၏ ပကတိအရှိတရားကို အခြေခံသောစနစ်မှ တိုင်ရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံရှိသည့် နိုင်ငံကိုချစ်မြတ်နိုးသော၊ မြန်မာနိုင်ငံသား ဖြစ်မှုကို ဂုဏ်ယူသည့် အမျိုးသား လက္ခဏာများ ပေါ်လွင်လာအောင် တည်ဆောက်ပေးမည့် ပညာရေးစနစ်မျိုးသည်ကို မည်ကဲ့သို့ အကောင်အထည်ဖေါ်ကြမည်ကို အလေးထားရမည့် အချိန်တန်ပြီဟု မြင်မိပါသည်။
လှရွှေ
နည်းနည်းလောက်တော့ ပေါက်ကွဲစမ်းပါရစေ
$
0
0
ဒီမှာဗျာ နဲနဲလေးကြမ်းမယ် နော် ရိုင်းစိုင်းလိုတဲ့စိတ်တော့မပါပါဘူး သို့ပေမယ့်လည်း နဲနဲတော့ကြမ်းမယ် what's on your mind ဆိုတာကို ဒီတော့ စိတ်ထဲရှိတဲ့အတိုင်းရေး ချင်လို့ကို ရေးပလိုက်တယ်။ကြိုပြောမယ် ရိုင်းတယ်ထင်ရင်လဲ ရိုင်းတယ်ပဲ။ဒီမှာ ဖင်ယားတာတွေ ရပ်တန်းကရပ်ကြတော့ လို့ပြောချင်တယ် ဘာလဲ ဘုန်းကြီးက ဥပဒေ ထုတ်လို့ထုတ် သူ့ကိုယ်သူ လွှတ်တော်အမတ် ထင်နေလား။ဒီမှာ အဲ့လိုဘာသာရေးအခြေခံတဲ့ ဥပဒေ ကို ဘုန်းကြီးက ထုတ်ရင်ရော အောင်မြင်မယ်ထင်နေလား။ မလုပ်သင့်မလုပ်ထိုက်တာတွေ လျှောက်လုပ်နေတယ်။ တကယ်ထုတ်ရမှာ ဒေါ်အောင်ဆန်းစုကြည်တို့လို ကမ္ဘာ အိုက်ကွန် တစ်ယောက်ကသာ ဒီမြန်မာ့မြေမှာ မြန်မာတွေ(ကြိုက်တဲ့ဘာသာဝင်ဖြစ်နေပလေ့စေ) လက်ထပ်တဲ့အခါ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် လွတ်လပ်စွာကိုးကွယ်ခွင့်ပြုရမယ်
အဲ့လိုကိုးကွယ်တဲ့အတွက် ဘယ်ဘာသာရေး ဥပဒေအရဖြစ်ပါစေ အမွေဆက်ခံခွင့်မရှိတာမျိုး လက်ထက်ပွားပစ္စည်း ပိုင်ဆိုင်မှု အချိုးအစား ခွဲဝေပေးရေး စတဲ့ ပြသနာမျိုးတွေ မဖြစ်ရဘူး ဒါမျိုးဥပဒေ ကို ဒေါ်စုလို အမျိုးသမီး ကမ္ဘာ အိုက်ကွန်က ထုတ်ပေးသင့်တယ်။ထုတ်လဲ ထုတ်ပေးနိုင်စွမ်းရှိတဲ့ လွှတ်တော်အမတ် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ။ဒါမျိုးတွေသူမလုပ်ဘူး။နောက်တစ်ခုက ရခိုင်ပြည်နယ်ကနေ စတဲ့ ဘင်္ဂါလီမီး ခင်ဗျားတို့က မီးကို ရေနဲမငြိမ်းပဲ ဓါတ်ဆီနဲ့ ၀ိုင်းပက်နေကြတယ်။ ဖြစ်တဲ့ပြသနာက ခနခနပြောတယ် ခိုးဝင်ဘင်္ဂါလီပြသနာ ခင်ဗျားတို့လဲ အဲ့ ကောင်တွေ ၀င်ပြီးသားကောင်တွေကို အကုန် လိုက်မသတ်နိုင်ဘူး သတ်လို့လဲထူးမယ်မဟုတ်ဘူး။
နောက်ထပ်ထပ်မ၀င်အောင်ကာကွယ်ဖို့ကတော့ အစိုးရတာဝန် အစိုးရ က နယ်စပ်လုံခြုံရေးကို အရင်လို အီးယောင်ဝါး လုပ်လို့မရတော့ဘူး တိုင်းပြည်အပေါ်တကယ် စေတနာနဲ့ထားမယ်ဆိုရင် ပြတ်သားရတော့မယ်။ဒီကောင်တွေကို ဆက်ဝင်ခွင့်ပြုနေတယ်ဆိုရင် မသိကျိုးကျွံပြုနေတယ်ဆိုရင် အဲ့ လောက်ကောင်တွေကို အကုန် လုံးအရေးယူပါ။ဖမ်းပါဆီးပါ။ တကယ်ကြပ်မတ်မဲ့လူတွေကို ပေးလုပ်ခိုင်းပါ။ပေါ့တီးပေါ့ဆလုပ်ခဲ့တာတွေ ဟိုးအရင်က မိမိ မိသားတစ်စု အကျိုးကြည့်ပြီး ဒီဘင်္ဂါလီတွေကို ခိုးသွင်းခဲ့တာတွေ ရဲ့ အကျိုးဆက်က ခုအစိုးရကို အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရပြီ။နောက်ရှိပြီးသားကောင်တွေကို လဲ သတ်မှတ်ပါ အမြန်ဆုံး လုပ်ဆောင်ရတော့မယ့်ကိစ္စတွေ ပြတ်ပြတ်သားသား သတ်မှတ်ပေးလိုက်ပါ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ကောင်ဆို ဖြစ်ခွင့်ပေးလိုက်ပါ ဖြစ်ခွင့်မရှိရင် အရေးယူပြီး ပြည်နှင်ဒါဏ်ပေးပါ။ မြို့တွေပေါ်မယ် မှတ်ပုံတင်မဲ့တွေကို စစ်ပါ။ပြီးရင်အရေးယူပါ။ လက်ခံထားတဲ့ အလိုတူအလိုပါတွေပါ စစ်ပါ အရေးယူပါ။
နောက်ပြီး နိုင်ငံသားဖြစ်ခွင့်ရှိပြီးသားဆိုရင် လဲ ဘင်္ဂါလီဟာ တိုင်းရင်းသားမဟုတ်တဲ့အတွက် တိုင်းရင်းသားအခွင့်အရေးကို မပေးပါနဲ့။သို့သော် နိုင်ငံသားတို့ ရရှိထားတဲ့ အခွင့်အရေးကို အတိအကျပေးပါ။လွတ်လပ်စွာ ကိုးကွယ်ခွင့်အပါအ၀င် ဥပဒေတစ်ခုတည်းရဲ့အောက်မှာ တစ်တန်းစားတည်းထားပေးပါ။ဒါကိုလဲခင်ဗျားတို့ ကျန်တဲ့ မြန်မာ တိုင်းရင်းသားတွေက လက်ခံချင်ချင်မခံချင်ချင် လက်ခံရမှာပဲ။ဘာလို့ဆို အထက်ကဆိုပြီးတဲ့ အတိုင်း ခင်ဗျားတို့ လူမျိုးသုန်းလဲ သတ်လို့ရမှာမဟုတ်ဘူး။ဒိတော့ လက်ကိုခံရတော့မယ်။နောက်ပြီး ခုဖြစ်နေတဲ့ ပြသနာတွေကိုလဲ ဖြေရှင်းတဲ့ အခါ ဘာသာရေးကို ဦးမတည်ပါနဲ့ ဘာသာရေးပြသနာ မဟုတ်ဘူး ဆိုတာကို ခေါင်းထဲစွဲထားပါ။ဗုဒ္ဒဘာသာတစ်ခုတည်း ကိုပဲ နိုင်ငံတော်ဘာသာလုပ်ချင်တာဟာ အရူးထတာပဲ။ ကမ္ဘာပေါ်မှာ ဘာသာပေါင်းစုံရှိတယ် ဒါကြောင့် အဲ့ဘာသာပေါင်းစုံကို လက်ကိုခံရမယ်။ခင်ဗျားတို့လက်မခံရမှာက ဘာသာရေးကို ဥပဒေတွေရဲ့ အထက်မှာထားတာပဲ။
ဘယ်ဘာသာတရားမဆိုနိုင်ငံရဲ့ ဥပဒေအောက်မှာပဲ အကုန်ရှိနေရမယ်။ခင်ဗျားတို့ ငပြိန်းတွေမလုပ်ကြပါနဲ့။တော်လောက်ပါပြီ တစ်ဖက်က ဘာသာရေးကြောင့် ပဋိပက္ခတွေ ဖြစ်နေရတဲ့ပုံစံပုံဖော်ပြီး လူခိုးဝင်နေတဲ့ ပြသနာကို ဖုံးချင်တာပါ။ လူခိုးဝင်နေတာ ကို လမ်းလွှဲပြီး တစ်ဖက်က သူတို့ခိုးဝင်နေတဲ့လူတွေဟာတိုင်းရင်းသားပါဆိုပြီး ဖြစ်ချင်နေတာပါ။ဒါကို ခင်ဗျားကို မျက်ခြေမပြတ်သွားပါစေနဲ့။ဘင်္ဂါလီဟာ ဘင်္ဂါလီပဲ ကြိုက်တဲ့ဘာသာကိုးကွယ် ခိုးဝင်လာတဲ့ဘင်္ဂါလီဟာ ဘယ်တော့မှ တိုင်းရင်းသားမဖြစ်နိုင်ပါဘူး။ဒါပါပဲ။ဆဲချင်လဲဆဲကြပါ ။ကျုပ်ကတော့ စိတ်ထဲမထင်ရင်ပြန်ဆဲတတ်တဲ့ အစားထဲကပါပဲ
(ငဆန်းသစ်)
မတူတဲ့…. ကလေးဘဝအရွယ်
$
0
0
  • ကျမတို့ ငယ်ငယ် ကလေးဘဝ နဲ့လက်ရှိ ခေတ် ကလေးဘဝ အကြောင်း ကျမကို ကျောက်ပန်းတောင်းက အမျိုးထဲက ပိုက်ဆံအနည်းငယ် တတ်နိုင်တဲ့ ကလေးမိဘ တစ်ယောက်က ပြောပြတာကြောင့် ဒီ ခေတ် ကလေးတွေ ရဲ့ဘဝတွေကို စာနာသနားမိလို့ ဒီစာလေး ရေးလိုက်ရပါတယ်။
  • သူ့ကလေးတွေက ကျောက်ပန်းတောင်းက နာမည်ကြီး ကျောင်းမှာ မူလတန်းထားတာပါ၊ ကျောင်းသုံးနာရီဆင်းတာနဲ့ ဆရာမဆီ မှာ ၅၀၀၀တန် ကျူရှင်ထားရပါတယ် ၃နာရီခွဲက နေ ၅နာရီထိ၊ ပြီးတော့ စပယ်ရှယ် ညကျောင်း ၁၀၀၀၀ တန်ကို နာရီဝက်နားပြီး ၅နာရီခွဲက နေ ၇နာရီကျော်အထိ ထားရပြန်ပါရောတဲ့၊ ဘာလို့ ထားနေတာလဲ လို့ ကျမကမေးတော့ သူက မထားလို့ မရဘူး၊ သူ့ကလေးတွေ မျက်နှာငယ်မှာ စိုးလို့တဲ့၊ ဆရာမက ညိုညင်မှာ စိုးလို့တဲ့၊ အဲဒီနာမည်ကြီး ကျောင်းအကြောင်း ပြောပြပါဦးမယ်၊ ကလေးတွေ ရဲ့ ရလဒ်တွေ က ခေတ်အဆက်ဆက်က မဆိုးခဲ့ပါဘူး အဲဒီကျောင်းမှာ ပိုက်ဆံမတတ်နိုင်တဲ့ အနားက ရွာက နဲ့ ရပ်ကွက်ထဲက ကလေးတွေက တစ်ဝက်လောက်ပါသလို မြို့ပေါ်က သူဌေး၊ ကုန်သည်ပွဲစား သားသမီး တွေက လည်း အဝေးကြီး က နေ ဆိုင်ကယ်တွေကားတွေ နဲ့ လာပို့ လာကြိုနဲ့ လည်း ထားကြပါတယ်။ အဲဒီ တစ်ဝက်လောက်မှာ အပြိုင်အဆိုင် တွေပြင်းထန်ပြီး ဆရာမတွေက ရိုးရိုးကျူရှင် နဲ့ ရှယ်ဇွန်းတပ် ကျူရှင် ဆို ပြီး ဖြစ်လာရတာပါပဲ၊
  • သူငယ်တန်းက နေ လေးတန်းထိ ကလေးလေးတွေရဲ့ ဘဝမှာ ဆော့ချိန်မရှိ ဘာမရှိ ကျူရှင်ကြို သွားရင်း လမ်းမှာ ဆိုင်ကယ် ပေါ်မှာတင် ပင်ပန်းပြီး အိပ်ပျော်ကုန်ကြပါတယ်။ အိမ်ပြန်ရောက်တော့ အိမ်စာ ဆိုတာမရှိ၊ ညနေစာ နှိုးပြီး ကျွေး ပြီးတော့ တစ်ချိုးထဲ အိပ်တော့တာပါပဲ။ ရန်ကုန်က ကလေးတွေက လည်း မထူးလှပါဘူး၊ ဗိုလ်ကျောင်းတတ်တဲ့ သူတွေက လည်း ပိုက်ဆံသိန်းချီကုန် အခြားအပို အဆောင်အယောင်တွေက လိုက်ရသေး၊ အစိုးရ ကျောင်းတတ် တော့လည်း ကျူရှင်က မလွတ် နဲ့ မိဘတွေ ရဲ့အပူက မသေးလှသလို ကလေးတွေရဲ့ ဒုက္ခကလည်း ကြီးမားလှပါတယ်တယ်။
  • ကျမ ငယ်ငယ် ကလေးဘဝ အကြောင်း ပြောရဦးမယ်၊ ဆယ်စုနှစ် တစ်ခုကျော် နှစ်ခုပဲ ခြားပါသေးတယ်၊ ကိုးတန်းရောက်သည်ထိ ကျူရှင် ဆိုတာမရှိ၊ မိဘကလည်းမထားပါဘူး၊ ညနေ ပြန်ရောက်ရင် အိမ်စာလုပ် ကစား၊ ပြီးရင် ထူးအိမ်သင် ထီးဆိုင်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ စိုင်းစိုင်းနားထောင်မလား ရုပ်ရှင်ခွေထိုးကြည့်မလား၊ တီဗီကြည့်မလား၊ အမေ့စာအုပ်ပုံထဲက ဝတ္ထုတွေဖတ် ဦးမလား၊ ဈေးဝယ်ထွက်မလား၊ အကုန်လုပ်ချိန်ရှိ ပါသည် မန္တလေးမှာ မူလတန်း၊ အလယ်တန်း တက် ကျောင်းသွားရင် စက်ဘီးလေး ထုတ်ပြီးစီး၊ ကျောင်း လိုက်ပို့စရာမလို၊ ကျူရှင်မလို အကို တွေ အမေတွေ အဒေါ်တွေကို စာမသိရင် အကုန်မေးလို့ရတယ်၊ နွေရာသီ ကျောင်းပိတ်ရက် ဆို ကျောက်ပန်းတောင်းက အမျိုးတွေဆီမှာ တစ်နွေလုံး နေလို့ရတယ်၊ နွေရာသီ ကြိုပြီး ကျူရှင်တက်စရာမလိုပါ၊ ကျောင်းဖွင့်ချိန်ကျမှ အိမ်စာမှန် မှန်လုပ်ရင်း အတန်းထဲမှာ အဆင့် တစ်နှစ်သုံး အမြဲဝင်အောင်လုပ်လို့ ရတယ်။
  • ဒီခေတ် ကျမှ ဆရာမဆီ ကျူရှင်မတက်ရင် မဖြစ်တော့တာလား၊ ကိုးတန်း ဆယ်တန်းကျတော့ အကောင်းဆုံး ဝိုင်းကျူရှင်တွေ တက်ခဲ့ပါတယ်၊ ဆယ်တန်းအောင်တော့ မြန်မာနိုင်ငံ က ဘယ်တက္ကသိုလ် တက်တက် အမှတ်မီခဲ့ သလို English စာ ကျတော့လည်း ဗိုလ်ကျောင်းတက် စရာမလို ဆယ်တန်းအောင်တော့ Time, Readers’ Digest မဂ္ဂဇင်း၊ English ဘာသာနဲ့ သတင်းစာ ဖတ်နိုင်သည်၊ အဘိဓာန် တော့ တစ်ခါတလေကိုင်ရသည်၊ နိုင်ငံခြား ဇာတ်လမ်းတွေ ကြည့်ကြည့် English သတင်းနားထောင်ထောင် နားလည်နိုင်သလို English သီချင်းခံစားရင်လည်း ခံစားတတ်ပါပြီ အင်တာနက် ကြိုက်သလို မွှေနှောက်နိုင်သည်၊ နိုင်ငံခြားတက္ကသိုလ် ဝင်ခွင့်တွေ ဖြေဆိုလျှောက်ထားနိုင်သည်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ကို အကို တွေ ဦးလေးတွေနဲ့ ယှဉ်၍ ဆွေးနွေးနိုင်သည်၊ ဒါတွေ ကျမက ကြွားဝါပြောပြနေတာ မဟုတ်ပါဘူး၊ ကျမ ကျူရှင် မတတ်တဲ့ အချိန်၊ အားလပ်တဲ့ အချိန်တွေ မှာ ကျမ လုပ်နိုင်ခဲ့ တဲ့ အခြေအနေ တွေပါ။ မိဘ၊ အကို တွေ ၊ ဦးလေး အဒေါ်တွေနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ထိန်းသိမ်းမှုကောင်းလို့ လည်း သူတို့ ကို အမြဲကျေးဇူးတင်ရပါတယ်၊
  • ကျမငယ်ငယ်က ကလေးဘဝ၊ အခု တူတူမ တွေ ရဲ့ ကလေး ဘဝ ကွာခြားလှသည်၊ သူတို့ တွေ ဘာဖြစ်မယ် မသိ၊ ကျမ ကတော့ လက်ရှိ ကျမရတဲ့ အခြေအနေကို ကျေနပ်အားရပါတယ်။ ရန်ကုန်က ဆွေမျိုးတွေက ဗိုလ်ကျောင်းတတ်လို့ English လို ကလေးဘဝ ကတည်းက ပြောတတ်ပေမဲ့ ကျမတို့ လည်း နိုင်ငံခြားတက္ကသိုလ် ရောက်တော့ English မနိမ့်ခဲ့ပါ၊ နယ်က ပိုက်ဆံရှိ ကလေးတွေ က ကျူရှင် တွေ တစ်သီကြီး ကလေးဘဝကတည်းက တက်ခဲ့ပေမဲ့ ကျမတို့ ကျူရှင်မတက်ခဲ့လည်း ဆယ်တန်းအောင်တော့ ထိပ်ဆုံးက ပါပဲ၊ ကျမ ကပဲ သူတို့ ခေတ်ကို လိုက်မမီတာလား၊ ခေတ်က ပဲ နောက်ပြန်ဆွဲသွားတာလားမသိပါ၊ ဘယ်လောက်မှ မကြာသေးတဲ့ အချိန်မှာ ပညာရေးစနစ်က ပြောင်းလဲနေပါပြီ၊
  • ကျမက ကျမ ရဲ့ တူတူမ ဝမ်းကွဲလေးတွေကို ဒီလောက်မလိုပါဘူး၊ ကျူရှင် ချက်ချင်းထုတ်လိုက်ပါ ဟု အကြံပေးလိုက်ပါတယ်၊ မိဘတွေ က ဘယ်လို ဆုံးဖြတ်မယ် တော့မသိပါဘူး၊ သူတို့ လေးတွေ ရဲ့ ဘဝကို စာနာမိလို့ ရေးလိုက်ခြင်းပါ။
  •  
  • မေပုပ္ပား
    ၂၀၁၃ ဇွန်လ ၁၅ရက် —
အမှောင်နှင့် အတူ
$
0
0
အမှောင်နှင့်အတူ မိုးများလည်းသည်းထန်စွာရွာသွန်းနေသည်။အမှောင်နှင့်မိုးကြောင့် ပစ်ကွင်း မကောင်းသဖြင့် မျက်စိကို အပြူးအပြဲထားကာ မိမိပစ်ပိုင်ကို မျက်ခြေအပတ်မခံပဲ ဂရုတစ်စိုက် ကြည့်နေရသည်။ယမန်နေ့နှင့် တစ်ညလုံး မိမိမိုင်းကွင်းကို မော်တာများမိုးသီးမိုးပေါက်များပမာ ပစ်ခတ်ခံရပြီး ကတည်းက ယနေ့တွင် ရန်သူ ၀င်လုံးတော့မည်ဟု ခန့်မှန်းထားမိသည်။ မိမိ MG42 များကို ဘန်ကာများထဲတွင် စနစ်တစ်ကျနေရာချ ပုံသေပစ်ကြောင်းဆင်ထားသည်။ 
ထို့ပြင် မိမိ၏ တိုက်ကင်းအဖွဲ့များနှင့် မကြာခနထိတွေ့မှုဖြစ်ကတည်းက မိမိ၏လက်နက်ကြီးတပ်ဖွဲ့ အများစုကို မိမိအခိုင်အမာခံစစ်ဆင်ထားသော ကုန်းသို့ပြောင်းရွှေ့စုဖွဲ့ထားစေခဲ့သည်။ ထို့ပြင် မော်တာပြန်လည်ပစ်ခတ်ရန် လည်း ဆက်သွယ်ရေးမြောင် များအတွင်းမှာတင် မော်တာပစ်ရန် နေရာများကို အများအပြား တူးထားစေသည်။မူလ လက်နက်ကြီးကုန်းတွင် ယောင်ပြအနေနှင့်သာ ထားရှိခဲ့ပြီး ရန်သူစတိုက်လျှင် မိုင်းထောင်ခဲ့ပြီး မှဆုတ်ခဲ့ရန်မှာကြားထားခဲ့သည်။ထို့ပြင် ရန်သူ့မော်တာများနှင့် စက်သေနတ်ကြီးများ ပစ်ခတ်နေသောနေရာအား တိတ်တဆိတ် ရန်သူ၏နောက်ဘက်ကျောသို့ တပ်စိတ် တစ်စိတ်အား LRP ခရီးရှည်ထိုးဖောက်ချီတက် ခိုင်းထားသည်။..စခန်းအောက်ခြေမှ အုံးဂျိမ်း ဆိုပြီး မိုင်းပေါက်ကွဲသံနှင့်အတူ မိမိစခန်းပေါ်သို့ ရန်သူ့မော်တာကြည်များ မိုးသီးမိုးပေါက်များနှင့် အပြိုင် ကျရောက်လာလေသည်။ထိုစဉ် အဝေးတစ်နေရာမှ မော်တာပစ်သံလို ဖလွတ် ဖလွတ် မဟုတ်ပဲ ဒုန်း ခနဲကျယ်လောင်စွာကြားလိုက်ရသည် သိပ်မကြာပါ မိမိခံကတုတ် တစ်ခုရှေ့ ကိုက် ၅၀လောက်အကွာတွင် ၀ုန်းဂျိမ်း နှင့် ကျယ်လောင်စွာမြည်ဟီးပြီး မြေကြီးများဖွာထွက်သွားပြီး မိုးပေါ်ပျံနေသည်။ရန်သူမှ ၁၀၅ မမ အမြောက်ကြီးများ သုံပါချေပြီ။တစ်ဆက်တည်းမှာပင် နောက်ထပ် လေးငါးချက် ဆက်တိုက် ပစ်ခတ်လာပါသည်။ 
 မိမိမှ ပထမတစ်လုံးကျပြီးတည်းက မိမိတပ်စိတ်များအား ခံကတုတ်များအတွင်းဝင်နေကြရန် မှာကြားထားပြီးဖြစ်ပါသည်။အမြောက်များပစ်ခတ်ပြီး ဆက်တိုက်ဆိုသလို ရန်သူမှ စက်သေနတ်ကြီးများကို ပစ်ခတ်ခါ ချေမှုန်းရေးတပ်များမှလည်း တဖြည်းဖြည်းချင်းချည်းကပ်လာပါသည်။ထိုအချိန်ထိမိမိသည် မိမိ၏မော်တာလက်နက်ကြီး များကို ပြန်လည်ပစ်ခတ်ခိုင်းခြင်းမရှိသေးပါ။ရန်သူ့မော်တာကျည်ဆံများမှာလည်း စခန်းပေါ်သို့မိုးသီးမိုးပေါက်များပမာ ဆက်လက်ကျဆင်းလျှက်ပင်ရှိနေဆဲဖြစ်ပါသည်။ရန်သူသည် ပစ်အားအဆမတန်သုံးပြီး မိမိခံစစ်အား ရိုက်ချိုးပါတော့မည်။ထိုအချိန်တွင် မိမိLRP ချီတက်ခိုင်းထား သော တပ်စိတ်မှ ရန်သူ့လက်နက်ကြီးအဖွဲ့နောက်ကျောအား ရောက်ရှိနေပြီဖြစ်ကြောင်းသတင်းပို့လာ ပါသည်။မိမိမှာ အတော်ပင်အသက်ရှူချောင်သွားပြီး လက်ပစ်ဗုံးတစ်ကမ်းအကွာထိချည်းကပ်စေပြီး အလစ်အငိုက်ယူ၍ လက်ပစ်ဗုံးသုံး အတင်းဝင်ရောက် ခြေမှုန်းခိုင်းပါသည်။ 
 ထို့နောက်လက်နက် များအားသယ်နိုင်သလောက်သယ်ခဲ့ရန်နှင့် မသယ်နိုင်က ဖျက်ဆီးခဲ့ရန် ပါမှာကြားလိုက်ပါသည်။ ထိုနောက် စခန်းကုန်းအား ခြံစည်းရိုးအတားအဆီးများကို ဖြတ်ကျော်ရန်ကြိုးစားနေသော ရန်သူအား မိမိ MG42 များဖြင့် ဘန်ကာများထဲမှနေပြီး စတင်ပစ်ခတ်စေပါသည်။ ထိုအခိုက် ၁၀၅ မမ သံနှစ်ချက်မျှထွက်ပေါ်လာပြီး ရန်သူ့မော်တာပစ်ခတ်သံများမှာလဲ လုံးဝ တိတ်ဆိတ်သွားပါချေပြီ ။ထို့ပြင် ရန်သူ့ စက်သေနတ်ကြီးများမှာလဲ တိတ်ဆိတ်သွားပြီး မိမိတို့ စခန်းသို့ချည်းကပ်လာနေသော ရန်သူမှာလဲ နောက်ကြောင်းပြန်ဆုတ် သွားနေပြီဖြစ်ပါသည်။မိမိ ၏ LRP ချီတက်တိုက်ခိုက်ထားသော ကွန်မင်ဒို တပ်စိတ်မှ ရန်သူ့ ၁၀၅ မမ အမြောက်အား ဖျက်ဆီးခဲ့ပြီး မော်တာနှစ်လက် စက်သေနတ်ကြီး တစ်လက် အပါအ၀င် ရန်သူ့ လက်နက်ငယ် များပါ သိမ်းဆည်းပြီးပြန်လာနေကြပါပြီ။နေရာင်ချည်သည် အရှေ့အရပ်ကပေါ်ထွက်ခဲ့ပါချေပြီ။မိမိ တပ်စိတ်တစ်စိတ်အား ရန်သူဆုတ်ခွာရာလမ်းတစ်လျှောက်ထပ်ချပ် လိုက်ခြေမှုန်းရန်နှင့်ရန်သူ့ ခံစစ်နှင့် တွေ့ပါက နေရာတွင်ပင် ခံစစ်ပြင်ရင်ဆိုင်ထားရန်မှာကြားပြီး နောက်ထပ်တပ်စိတ်တစ်စိတ်အား စစ်ကူအလို့ငှာ လိုက်သွားစေ လိုက်ပါသည်။ ထို့နောက် ရန်သူအား ချေမှုန်းရေးအတွက် ထိုးစစ်ဆင်ရန် ပြင်ဆင်ရပါတော့မည်။
(နောက်နေ့မှ တိုက်စစ်ဆင်တဲ့အကြောင်းရေးပြမယ်)
မောင်ဆန်းသစ် 
အဖေ့မျက်ရည်
$
0
0
လူတစ်ယောက်မိခင်များနေ့မှာနှင်း
ဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့စည်းပြီးဈေးအ၀မှာသွားရောင်းတာနေမွန်းမတည့်ခင်
ပန်းအားလုံးရောင်းလို့ကုန်သွားပြီးငွေငါးဆလောက်အမြတ်ရခဲ့တယ်၊
ဖခင်များနေ့ရောက်တောဲ့ဒီလူကအဲဒီနည်းအတိုင်း
ပန်းကလေးတွေရောင်းခဲ့ပြန်တယ်။
နေစောင်းတဲ့အထိလေးပုံပုံတစ်ပုံတောင်ရောင်းမထွက်လို့ငွေရှုံးပြီးအိမ်ပြန်ခဲ့ရတယ်။
ဒါကိုကြည့်ရင်သားသမီးတွေကဖခင်ကိုဂုဏ်ပြုဖို့ထက်မိခင်ကိုပဲအလေးထားတယ်ဆိုတာထင်ရှားနေပါတယ်။
အဲဒါကိုအဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။
စင်္ကာပူနိုင်ငံမှာတစ်ချိုPR(PermanentResident)ဖြစ်သွားတဲ့ဇနီးမောင်နှံကသားဦးသမီးဦးလေးတွေမွေးလာတဲ့အခါစင်္ကာပူက
လူနေမှုစရိတ်မြင့်မားတဲ့အတွက် ကလေးထိန်းဖို့ရောမီးဖိုချောင်တာဝန်ယူဖို့
ရောကူဖော်လောင်ဖက် လိုအပ်တဲ့အတွက်
မြန်မာနိုင်ငံကမိခင်ကြီးတွေကိုစင်္ကာပူနိုင်ငံကိုအလည်လာဖို့လေယာဉ်လက်မှတ်ဝယ်ပြီးပို့ပေးကြပါတယ်။ဖခင်အိုကြီးတွေကိုဘာလို့မခေါ်တာလဲလို့မေးကြည့်တော့အဖေကကလေးလည်းမထိန်းတက်ဘူး၊ထမင်းဟင်းလည်းကောင်းကောင်း
မချက်တက်ဘူးတဲ့။
သြော်သူတို့လေးတွေနိုင်ငံခြားမှာပညာသင်နိုင်ဖို့
လျှာမြက်ပေါက်လုမတက်ခြိုးခြံပြီးပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့တဲ့ဖခင်ကို
သူတို့တွေကောင်းစားတဲ့နိုင်ငံခြားမှာကြီးပွားချိန်ရောက်တော့အလည်တောင်မခေါ်ဘဲ
မြန်မာပြည်မှာချန်ထားရစ်ခဲ့ကြတာ
အဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။ရပ်ဝေးမှာကျောင်းဆရာမအလုပ်လုပ်နေတဲ့အပျိုကြီးသမီးဖြစ်သူကို
စိတ်မချဘဲဖခင်ကရထားဘူတာရုံအထိ
လာကြိုတော့တောသားကြီးတို့ထုံးစံအတိုင်းဖိနပ်မပါ၊ကွမ်းတမြုံ့မြုံ့ဝါးပြီး
လူကြားထဲမှာသမီး၊သမီးလို့
ဝမ်းသာအားရသမီးရဲ့ထမီထုပ်ကိုထမ်းဖို့အနားကပ်လာတဲ့ဖခင်ဖြစ်သူရဲ့
ပုံဆိုးပန်းဆိုးပုံစံကြောင့် သူငယ်ချင်းကျောင်းဆရာမတွေ ကြားမှာ
ရှက်သွားတဲ့မြို့ကျောင်းက ဆရာမလေး သမီးဖြစ်သူက အဖေသမီးကို လူကြားထဲမှာ
သမီးလို့ခေါ်ပါနဲ့တဲ့။သြော်ဒါတွေကို အဖေများသိရင် ဘယ်လောက်များ
မျက်ရည်ကျလိုက်မလဲ။
နယ်မြို့လေးကနေညကားနဲ့ပြန်လာတဲ့သမီးကိုဒီဇင်ဘာဆောင်းတွင်းကြီးအိမ်တံခါးပိတ်မအိပ်ဘဲထိုင်စောင့်နေတဲ့အဖေဟာအအေးဒဏ်ကြောင့်ကိုယ်တခြမ်းလေဖြန်းသွားခဲ့ဖူးတယ်။ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာအားကြီးပေမဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာအားနည်းတက်တဲ့အဖေတွေဟာစားဝတ်နေရေးအရှုပ်တော်ပုံတွေကြောင့်ဆေးလိပ်၊အရက်တွေနဲ့စိတ်ထွက်ပေါက်ရှာရင်းယစ်
ထုတ်ကြီးဖြစ်သွားခဲ့ကြတယ်။နောက်ဆုံးမှာသားသမီးရဲ့အညုအတုတွေဇနီးမယားရဲ့စကားနုနုတွေမတွေ့မကြားရတဲ့အဖေတွေဟာ
ရေကြည်ရာမြက်နုရာရှာရင်း
အပျော်မိန်းမတွေရဲ့မာယာဂယက်တွင်းသက်ဆင်းခဲ့ကြရင်း
အိမ်ထောင်ရဲ့ဗီလိန်လူကြမ်းကြီးတွေဖြစ်သွားကြရတယ်။
အဲဒီလိုအိမ်ထောင်ဦးစီးမဖြစ်ခဲ့တဲ့ဗီလိန်လူကြမ်းကြီးအဖေတွေကိုစိတ်နာလွန်းလို့
အရွယ်ရောက်လာတဲ့သားသမီးတွေရဲ့ မင်္ဂလာဆောင်ဖိတ်စာတွေထဲမှာ
အဖေကိုသေပြီလို့သဘောမှတ်ပြီး အဖေ့နာမည်ကိုကွင်းကလေးထဲခတ်ပြီးဖိတ်စာမှာ
ပုံနှိပ်ဖော်ပြခဲ့ကြတယ်။
ဒီထက်ပိုဆိုးတာကသားတစ်ဦးရဲ့မင်္ဂလာဆောင်ဖိတ်စာမှာတာဝန်မကျေတဲ့အဖေကို
စိတ်အနာကြီးနာခဲ့တာကြောင့်
မိဘအုပ်ထိန်းသူနေရာမှာအဖေရဲ့နာမည်ကိုလုံးဝဖျောက် အမေနာမည်တစ်လုံးတည်း ကို
ပုံနှိပ်ဖော်ပြထားတာတွေ့ဖူးလိုက်ရဲ့။
ဒါဆိုဒီကလေးအဖေမပါဘဲမွေးခဲ့တာပေါ့။စာရေးဆရာတစ်ဦးကပြောဖူးတယ်။
အဖေ့အကြောင်းရေးထားတဲ့စာအုပ်ကို
သူပုံနှိပ်ထုတ်တာရောင်းမထွက်ဘဲရှုံးခဲ့ဖူးသတဲ့။ ဟုတ်ကဲ့ကျွန်တော်ရေးတဲ့
အဖေ့မျက်ရည်ကိုဖတ်သူမရှိရင်လည်းနေပါစေ- အဖေတွေရဲ့
မျက်ရည်ကိုသားသမီးတိုင်း နားလည်ပေးမယ်ဆိုရင်
မျက်ရည်ထွက်ရကျိုးနပ်ပါတယ်လေ။အဲဒီလိုအဖေတွေကိုအဆိုးမြင်နေရင်လဲ
အဖေဆိုတာဟာမနှိုင်းကောင်းနှိုင်းကောင်းလောကဓံနဲ့ သားသမီးတွေကြားမှာ
တရားခံဖြစ်ခဲ့တာ
ဓါးစာခံဖြစ်ခဲ့တာခြေဖ၀ါးနဲ့မြေသားကြားကရော်ဘာဖိနပ်ပါးပါးလေးလိုပါပဲ။
အဲဒါကြောင့်ရော်ဘာဖိနပ်ပါးပါးလေးတွေကိုမြင်ရင်မိတ်ဆွေတို့ရဲ့အဖေကိုသာ
သတိရလိုက် ကြပါလို့……………..။
~~~~~~~~
Forward mail မှ မျှဝေခံစားသည်။
ကဲ သူငယ်ချင်းတို့ရေ ဒီစာလေးက မင်းဖေဖေနဲ့ပတ်သက်ပြီး မင်းရဲ့စိတ်ကို
တစ်စုံတစ်ရာ လှုပ်ခတ်သွားစေခဲ့တယ်ဆိုရင်
အဖေ့အတွက် စိတ်ထဲကနေ ဆုတောင်းပေးလိုက်ပါနော်.... အဖေတစ်ယောက် ဘေးကင်းပြီး
ကျန်းမာပါစေလို့...။
မိဘကျေးဇူးနားလည်သိတတ်သောသားသမီးများဖြစ်ကြပါစေလို့ဆုတောင်းရင်း။ ။
ခင်မင်မှုများစွာဖြင့်-
ကဲကဲ0
ကျုပ်အဖေ
$
0
0
ကျုပ်အဖေ
-----------
လူပုံက ကုပ်ချိချိ
အသားကြည့်တော့ညိုညို
ပုဆိုးတိုတိုဝတ်တက်တာလည်း
ကျုပ်အဖေစတိုင်လ် ဗျ ....
" ဝတ်အင်းကျီပုံမကျရင်
ခေါက်သိမ်းထားရတယ်
ခေါင်းဆံပင်ပုံမကျက
ဖြုတ်ထားမရ " ..ဆို စကားနဲ့
မြို့ သွားပြီး ဆံပင်ညှပ်တက်တာလည်း
တောသားကြီးကျုပ်အဖေပေါ့ ....။
မိုးလင်းကမိုးချုပ်
အလုပ်လုပ်ပီးအိမ်ကိုပြန်
သူ့နွားတွေကြံဖန်သနားလို့
ကိုယ်တိုင်ပဲရေသွားထမ်းတက်တဲ့အဖေ
ကျုပ်အဖေပေါ့ ....။
အဖေ့ရေဆိုင်းထမ်းတစ်ဖက်
သားတက်လို့ခိုစီး
တချက်လေးတောင်မညည်းရှာခဲ့ဘူး
အဖေ့ခါးတွေကုန်းနေပေမဲ့
အဖေ့မျက်နှာပြုံးနေတယ် ....။
လယ်ထွန် လို့ ပျိုးနှုတ်
တံဇဉ်ဆုပ်တဲ့လက်တွေက
မျက်နှာသစ်ဖို့တောင်
ခက်သတဲ့လားအဖေ  ရယ်....
အဖေ့ကိုမကြည့်ရက်လို့
ကျောင်းထွက်မယ်ဆိုတော့
" လယ်သမားသား
ရွှံ့ ၊ နွားသာအဖော်
မင်းအဲဒီဘဝနဲ့
ငါပျော်မယ်ထင်သလား
မင်းငါ့ကိုသနားရင်
အဲဒီစကားနောက်မပြောနဲ့ကွာ "လို့
မျက်နှာလွှဲပြီး ပြောတက်တဲ့အဖေ
ကျုပ်အဖေပေါ့ ....
အဖေပို့တဲ့ကျောင်း
သားကောင်းကောင်းတက်
ဘွဲ့လက်မှတ်လေးရတော့
" အဖေက ကောက်လှိုင်းဘွဲ့ရ
င့ါသားက ပညာဘွဲ့ရ ..ကွ .."လို့
အားပါးတရ အော်တက်တဲ့အဖေ
ကျုပ်အဖေ ပေါ့ ...။
သားလေးကအဝေးထွက်
ပညာရပ်တွေသင်
သူ့သားနဲ့တွေ့ချင်လို့
" အီးမဲ သုံးသင်ချင်တယ် .."
 ဆိုတဲ့အဖေ့စကား
သားရင်ကိုချိသွားတာပဲအဖေ ...
ကျွဲနွားနဲ့အတူရုန်း
သိမ်းကျုံးပြီးကြိုးစား
သူ့သားကိုကျောင်းထားချင် ခဲ့ ပေမဲ့
အီးမေးလ် (E mail)ဆိုတဲ့စကား တောင်
ပီအောင်မခေါ်တက်ရှာတဲ့အဖေ
ကျုပ်အဖေ ပါပဲ ဗျာ.....။
ရုပ်ဆိုး
စီးပွားရေးသမား နိုင်ငံရေးမလုပ်ပါနဲ့
$
0
0
စစ်သားနိုင်ငံရေးလုပ်မလား လုပ်ပါ။
နိုင်ငံရေးသမား စစ်သားလုပ်မလား လုပ်ပါ။
စီးပွားရေးသမား နိုင်ငံရေးမလုပ်ပါနဲ့ ။တိုင်းပြည်ပျက်လိမ့်မယ်။
=========================================
စစ်သားဟာ မုန်းလျင်မုန်းတယ် ချစ်လျင်ချစ်တယ် ရှင်းပါတယ်။
အကဲဖြက်အမှတ်ပေးဘို့ မခတ်ခဲပါဘူး။
နိုင်ငံရေးသမားဟာ မည်မျှပင်နိုင်ငံရေးနည်းပရိယာယ်ကြွယ်ဝနေသူ
ဖြစ်ပါစေ ၎င်းကိုအများပြည်သူမှသိရှိထားသည့် ၎င်း၏နိုင်ငံရေးယုံကြည်ချက်
လမ်းကြောင်းပေါ်မှသွေဖီသွားသည်နှင့်ထိုနိုင်ငံရေးသမားသည် နိုင်ငံရေးသေမည်
ဖြစ်သလို ဘဝလည်းသေမည်ဖြစ်ပါတယ်။
ထို့ ကြောင့်အကဲဖြက်အမှတ်ပေးရန်မခတ်ခဲပါဘူး။
စီးပွားရေးသမားဆိုတာကတော့ စစ်သား၊နိုင်ငံရေးသမားများနှင့် ရည်ရွယ်ချက် ယုံကြည်ချက်
ရပ်တည်ချက်များလုံးဝမတူပါ။
စီးပွားရေးသမားအများစုသည် ၎င်းတို့ ကျင်လည်နေရသောလူ့ အဖွဲ့ အစည်း အတွင်းမည်သည့်အခြေအနေများနှင့်ရင်ဆိုင်နေရသည်ဖြစ်စေကာမူ ၎င်းတို့ အကျိုးစီးပွားတည်တံ့
ခိုင်မြဲရေးသည်သာအဓိကဖြစ်၍ လူအဖွဲ့ အစည်းအတွင်းရှိ မည်သည့်အင်အားစုမျိုးနှင့်မဆို တည့်
အောင်ပေါင်းနိုင်သည့်အပြင် နိုင်ခြေရှိသော ဘက်မှ အခြားတစ်ဘက်ရှုံးနိုင်စေရန်နှင့် နိုင်ခြေရှိသော
ဘက်၏၎င်းတို့ ၏အကျိုးစီးပွားများတည့်တံ့ခိုင်မြဲစေရေး ဦးတည်လှုပ်ရှားမှုများကိုလည်း ပြင်းထန်စွာဖြင့် သိသိသာသာရော မသိမသာပါ အားပေးထောက်ခံနေမည်သာဖြစ်သည့်။
အပြန်အလှန်အားဖြင့်နိုင်ခြေရှိသောဘက်မှ အရေးနိမ့်နိုင်လာသည်ဟုယူဆမိသည်ဆိုပါကလည်း
လုပ်ဖော်ကိုင်ဖက်စိတ် ရဲဘော်ရဲဘက်စိတ်များကိုမျက်ကွယ်ပြု၍ အံ့အားသင့်ဖွယ် ပြောင်းပြန်ပြောင်း
လဲမှုများကိုတမုတ်ဟုတ်ခြင်းလုပ်ဆောင်နိုင်သူများဖြစ်၍ ယခင်နိုင်ခြေရှိသောဘက်မှဆန့် ကျင်ဘက်ဆီသို့ အရှက်သိက္ခာကိုငဲ့ကွက်မနေဘဲဗြောင်ကျကျ ပူးပေါင်းသွားနိုင်သည့်သူများဖြစ်ပါသည်။
ထို့ ကြောင့်စီးပွားရေးသမားများကိုအကဲဖြက်အမှတ်ပေးရန်မှာ အခက်ခဲဆုံးဖြစ်ပါတယ်။
ဤတိုင်းပြည်တွင်းရှိလူ့ အဖွဲ့ အစည်းအသီးသီးတွင် စစ်သားနှင့်နိုင်ငံရေးသမားစိတ်ထားရှိသူများ
ပြားပြီးစီးပွားရေးသမားစိတ်ထားရှိသူ နည်းပါးလာသည့်တစ်နေ့ မြန်မာပြည်တိုးတက်ပါလိမ့်မည်။
— 
ငြိမ်းချမ်းလူ 
Viewing all 1811 articles
Browse latest View live