Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
ဆာ
$
0
0
…………
“ မိန်းမရေ…ဗိုက်ဆာနေပြီဟ..ထမင်းခူးတော့”
“ ဘယ်လိုဖြစ်လာတာလဲ..ခုမှ အပြင်ကပြန်လာတယ်။ ခုထမင်းဆာတယ်၊ မပြောလိုက်ချင်ဘူး၊ တစ်နေကုန်တော့ လျှောက်သွားပြီး အိမ်ပြန်ရောကတာနဲ့ ထမင်းစားမယ် ဆိုတာပဲ ”
ကျွန်တော်လည်း ဗိုက်ကဆာ နားကပူလာတော့ မီးဖိုခန်းထဲဝင်ပြီး ထမင်းခူးလိုက်သည်။
ဟင်းတွေကခူးခပ်ပြီးသား ဆိုတော့ ထမင်းဝိုင်းမှာ အဆင်သင့်ထိုင်စားလိုက်သည်။
မိန်းမဖြစ်သူက ဘေးနားလာထိုင်သည်။ အင်း တစ်ခုခုတော့ပြောတော့မည်။ ကျွန်တော် စိတ်ထဲ တွေးမိစဉ်တွင်
“ ယောကျာ်း ” ကျွန်တော်ပြန်မထူး။
“ ယောကျာ်း…ကျွန်မလေ..ဟိုဘက်အိမ်က ညီမက ၀မ်းဆက်လေးလာရောင်းလို့ ၀ယ်ထားလိုက်တာ။ ၇၀၀၀ တဲ့။ ပြီးတော့ …”
“ ကဲ…ရပြီ၊ ရပြီ၊ ပိုက်ဆံရှိသေးတယ်မဟုတ်လား။ မရှိတော့ရင်လည်း ချန်ထားတဲ့အထဲက သုံးလိုက်” ကျွန်တော်လည်း စကားစဖြတ်ပြီး လက်ဆေးလိုက်သည်။
ကျွန်တော့်အကျင့်က နားအေးပါးအေးနေချင်သည်။ လုပ်စရာရှိရင် ထလုပ်လိုက်သည်။ ကျန်တဲ့အချိန်မှာတော့ စာအုပ်လေးဖတ်၊ စာလေးရေးပြီး နေသည်။
မိန်းမဖြစ်သူကတော့ တစာစာ။
………….
ဘုရားလောင်းရသေ့မြတ်ဟာ ဈာန်အဘိညဉ်နဲ့ နန်းတော်ကို ကြွလာသည်။
အဲဒီလိုကြွလာပြီး နန်းတော်ကြီးရဲ့ လေသာပြူတင်းပေါက်ကို ရောက်အခိုက်မှာ မုဒုလက္ခဏာ မိဖုရားရှိနေတယ်။ ရသေ့မြတ်ဝင်လာတာ မြင်တော့ ကပျာကယာထလိုက်တယ်။ ဒီလို ထလိုက်ခိုက်မှာ မိဖုရားရဲ့ ကိုယ်ဝတ်ရုံဟာ လျောကျသွားတော့တယ်။
ရသေ့မြတ်ဟာ ၀ိသဘာဝ အာရုံကိုမြင်သွားတယ်ဆိုရင်ပဲ စိတ်တွေဖောက်ပြန်သွားတော့တယ်။
“ တစ်နေ့တည်းတွင် ဆယ်နည်းမက ကြည့်တိုင်းလှ …”ဆိုတဲ့ မုဒုလက္ခဏာ အာရုံက ရသေ့မြတ်စိတ်ကို ဆာလောင်စေခဲ့ပါတယ်။
ထို့အတူ
“ တညှိုးလျလျ၊ တ တ လွမ်း လွမ်း၊ တ အောက်မေ့မေ့..၊ ပြည်ထဲရေးနဲ့၊ ၀မ်းရေးတို့ထက်၊ လွမ်းရေးခက်..”ဆိုတာမျိုးဖြစ်ခဲ့တဲ့ သိဝိမင်းကြီးဟာ ဥမ္မာဒန္တီ မင်းသမီးရဲ့ အဆင်းအာရုံကြောင့် စိတ်တွေဆာလောင်ခဲ့စေပြန်ပါတယ်။
တိုက်ပွဲတွေကိုတိုက်ခိုက်အောင်မြင်နိုင်ခဲ့တဲ့ ဆီဇာဘုရင်ကြီးဟာ ကလီယိုပါထရာရဲ့ ရူပါရုံ ညွတ်ကွင်းမှာ အချစ်စိတ်တွေနဲ့ ပြိုလဲခဲ့ရတယ်။
ထို့နည်းတူ သူသတ်ကုန်းကို သတ်ဖို့ဖမ်းဆီးခေါ်ဆောင်လာတဲ့ သူခိုးကိုမှ နန်းတော်က ဘုရင့်သမီးပျိုဟာ ချစ်ကြိုက်မိလို့ သူခိုးဓားရိုးကမ်းတဲ့ အဖြစ်မျိုးတွေ ဖြစ်ခဲ့ရပြန်တယ်။
အချစ်စိတ်ကြောင့်လည်း လူတွေဆာလောင်ခြင်းတွေ ဖြစ်ခဲ့တယ်။
“ အစွယ်လိုသူမိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ် ”ဆိုတဲ့ ဆဒ္ဒန်ဆင်မင်း ၀တ္ထုကို ကျွန်တော်တို့ မမေ့နိုင်ခဲ့ဘူး။ ဘာလို့လဲ သုဘဒ္ဒါရဲ့ အမုန်းကြောင့် ဖြစ်မယ်ထင်ပါတယ်။
လူတွေကတော့ အချစ်ကြောင့်၊ အမုန်းတွေကြောင့် စိတ်တွေရဲ့ ဆာလောင်မှုဟာ ခရီးမဆုံးနိုင်ဖြစ် ခဲ့ကြပါတယ်။
……………
The world is food enough for all but is not for one's desire.
ကမ္ဘာလောကကြီးဟာ သက်ရှိသတ္တ၀ါအားလုံးအတွက် ပြည့်စုံလုံလောက်ပေမယ့် လူတစ်ယောက်ရဲ့ ဆန္ဒ(လောဘ)ကိုတော့ ပြည့်အောင် ဖြည့်ဆည်းမပေးနိုင်ပါဘူး။
မိုးလင်းကနေ မိုးချုပ် ရှာလိုက်ကျတာ။ လောဘတွေက မိုးထိအောင်လောင်နေကျတာ။ လောဘတွေနဲ့ လူတွေဆာလောင်နေကျတယ်။
ဝမ်းရေးအတွက်ဆာတယ်။ ပစ္စည်းဥစ္စာအတွက် ဆာတယ်။ ရာထူးဂုဏ်မာနအတွက် ဆာတယ်။ ဒေါသစိတ်တွေ ဆာလောင်နေတယ်။
သြော် ပုထုဇဉ်လူသားတွေအဖို့ ဆာလောင်ခြင်းတွေက များလွန်းလှပါတကား။
……….
သတင်းတွေက တောက်လျှောက်တက်လာတယ်။ ဗုံးပေါက်ကွဲတဲ့ သတင်းတွေ၊ စစ်ဖြစ်နေတဲ့ သတင်းတွေ။ လူတွေ လက်နက်တွေနဲ့ စစ်မက်အတွက် ဆာလောင်နေကြပြန်ပြီ။
သွေးတွေဆူနေကျပြန်ပြီ။ ထို့အတူ တစ်ချိန်က ဟီရိုရှီးမားကို ဘယ်သူမှ မေ့မယ်မထင်ပါဘူး။ ဟီရိုရှိးမားဆိုသည်နှင့် အနုမြူဗုံးကို မြင်လိုက်ကျတာပါပဲ။
စိတ်ဆုံးဖြတ်ချက်တစ်ခု၊ ဗုံးတစ်လုံးကြောင့် သေကြေလိုက်ရတဲ့ လူ၊ ပစ္စည်းဥစ္စာတွေက သမိုင်းမှာအနိုင်ရလိုစိတ် တစ်ခုထက်မကခဲ့ပါဘူး။
ခြင်္သေ့တစ်ကောင်ဖြစ်ဖြစ်၊ သားရဲတစ်ကောင်ဖြစ်ဖြစ် သူ့ဆာလောင်မှုအတွက် အကောင်ငယ်တွေကို သတ်ဖြတ်စားသောက်တယ်။
သို့သော် တစ်ကောင်ကိုသတ်ဖြတ်စားသောက်ပြီးလို့ သူ့ဆာလောင်ခြင်းပြေပျောက်သွားရင် နောက်တစ်ကောင်ကို ရန်မမူတော့ဘူး။
အသိဥာဏ်ရှိပါတယ်ဆိုတဲ့လူသားတွေကတော့ စိတ်ရဲ့ဆာလောင်မှုတွေကြောင့်အပြစ်ရှိသူ၊ အပြစ်မဲ့သူတွေကိုပါ အကြောင်းမယ့် သတ်ဖြတ်တယ်၊ လုပ်ကြံတယ်။
လူတွေရဲ့ ဆာလောင်မှုကြောင့် ကမ္ဘာကြီးလည်း ပူလောင်နေပါပြီ။
………..
ဝေဒနာ ပစ္စယာ တဏှာ တဲ့။ ဝေဒနာ ခံစားမှုလေးတွေကို ကျွန်တော်တို့ ဖြစ်ပျက်မရှုနိုင်ဘူး၊ ခံစားမှုကို ရပ်တန့်မသွားနိုင်ကြဘူး။
ဒီတော့ တဏှာဆိုတဲ့ ဆာလောင်ခြင်းတွေက ဖြစ်လာတော့တယ်။ အဲဒီအခါ သံသရာကြီးထဲမှာ
တဏှာ ပစ္စယာ ဥပါဒါန် ဆိုပြီး ဆာလောင်ခြင်းကြောင့် အစွဲတွေနဲ့ သံသရာလည်ပြန်တော့တယ်။ မြတ်စွာဘုရားရှင်က ယာယံတဏှာ-အကြင်ဆာလောင်မှုတဏှာသည်၊ ပေါနောဘ၀ိကာ-တစ်ဖန် ဘ၀သစ်ကို ဖြစ်စေတတ်၏။တဲ့။
ဘ၀အသစ် …ဘ၀အသစ်တွေက ဘယ်တော့မှ ကျွန်တော်တို့ သံသရာကနေပြီးဆုံးအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး။
…………
ကျွန်တော် ဘယ်အချိန်ထဲက အတွေးတွေဝင်သွားတယ်မသိဘူး ဖုန်းမည်သံကြောင့် ကုလားထိုင်မှာ ထိုင်နေရာက စားပွဲဆီလျှောက်လှမ်းခဲ့တယ်
ကျွန်တော်ဖုန်းပြောပြီး ဖုန်းလေးကိုကြည့်တော့ ကျွန်တော့်ဖုန်းက ဟောင်းနေပြီ။
Update မဖြစ်တော့။ Version ကနိမ့်တော့ တချို့ Software တွေက တင်မရဖြစ်နေတယ်။
ဟုတ်တယ် တစ်နေ့ပြီး တစ်နေ့ အသစ်တွေ အသစ်တွေပေါ်ပေါ်လာနေတာ ဖုန်းအဟောင်းကို စွန့် ဖုန်းအသစ်ဝယ်မှ ဖြစ်တော့မယ်။
ဒီတစ်ခါတော့ မိန်းမဖြစ်သူက ကျွန်တော်က စကားစပြောမိတယ်။
“ မိန်းမရေ ဖုန်းက ခလုတ်တွေကလည်း အဆင်မပြေတော့ဘူးကွ။ ကင်မရာအရည်အသွေးကလည်း နိမ့်နေပြီ။ ပြီးတော့ အင်တာနက်လည်း သုံးမရဘူး။ ဒီတော့ ဖုန်းအသစ်တစ်လုံးလောက် ထပ်ဝယ်ရအောင်ကွာ ”
“ ရှင်ဟာလေ…သူများ အ၀တ်အစားဝယ်တာပြောတော့ စိတ်မပါသလို ပါသလိုနဲ့။ သူအင်တာနက် သုံးရအောင် ၀ယ်ချင်တာများ မသိတာကျနေတာပဲ။”
“ ဟွန်း ..အိမ်ပြန်လာတော့ ဗိုက်ဆာတယ်…ခုစာဖတ်ပြီးထလာတော့ ..ခေတ်မီနည်းပညာတွေ ဆာလာပြန်ပြီပေါ့ ဟုတ်လား ”
သြော် … ဆာ ..ဆာ..ဆာ ။
 မောင်ပိုင်
၉-၇-၂၀၁၃။
အမျိုးကို ဘာ နဲ့ စောင့်ကြမှာလဲ
$
0
0
 Photo: (ထိလွယ်ရှလွယ် ဒေါသထွက်လွယ် အဆင်ခြင်မဲ့ တုန့်ပြန်လွယ်တဲ့ သူတွေရဲ့ လက်ထဲမှာ ရေစုန်မျောမသွားစေချင်ပါ ခင်ဗျား)  အမျိုးစောင့်ဥပဒေ ဆိုတဲ့ စကားရပ်ကို အလွန်သဘောကျပါတယ် ၊  အမျိုးကို ဘာ နဲ့ စောင့်ကြမှာလဲ ၊  ပညာတတ်မှု ၊ အနစ်နာခံမှု ၊ အမျှော်အမြင်ကြီးမှု များနဲ့သာ စောင့်နိုင်ပါတယ် ၊  ၁၉၆၂ တုန်းက အာရှမှာ အဆင့်တစ်ခုရှိခဲ့တဲ့ ဗမာပြည်  .  .   အခု ၂၀၁၃ မှာ ဘာဖြစ်နေသလဲ ၊  ၂၀၁၃ ဗမာပြည် ဟာ ၁၉၆၂ ဗမာပြည် နဲ့စာရင် ဘာလို့ ဟိုးအောက်ကို ဇောက်ထိုးဆင်းသွားရတာလဲ ၊  ဗမာတွေ ညံ့ကြလို့လား ၊ မဟုတ်ပါဘူး ၊   အာဏာကို လုယူဆုပ်ကိုင်ထားသူတွေက အမျိုးကို မစောင့်ခဲ့ကြလို့  (အမျိုးကိုမစောင့်ခဲကြလို့ = ပညာမတတ်ခဲ့ကြလို့ + အနစ်နာမခံခဲ့ကြလို့ + အမျှော်အမြင်မရှိခဲ့ကြလို့)  နမူနာတစ်ခုပြောကြည့်မယ်  ၁၉၆၂ တုန်းက စင်္ကာပူ နဲ့ ဒီကနေ့ ၂၀၁၃ စင်္ကာပူ  ဗမာပြည်ကို ပညာမတတ်တဲ့သူ ၊ အနစ်နာမခံနိုင်တဲ့သူ ၊ အမျှော်အမြင်မရှိတဲ့သူတွေ ဆက်လက်ချုပ်ကိုင်ထားတယ်ဆိုရင် အမျိုးစောင့်ဥပဒေ ဆိုတာ စာရွက်ပေါ်မှာပဲ ပြီးသွားမှာပါ ၊  ဗမာပြည်ကြီး ဆင်းရဲတွင်းကနေ ကုန်းရုန်းထနိုင်ရေးဆိုတာနဲ့ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေးဆိုတာ တကယ်တော့ အတူတူပါပဲ ၊  ဗမာပြည်ရဲ့ ကံကြမ္မာကို ပညတတ်သူ အနစ်နာခံနိုင်သူ အမျှော်အမြင်ကြီးသူတွေရဲ့ လက်ထဲ ရောက်အောင် လုပ်ရပါမယ် ၊  အမျိုးစောင့်ဥပဒေရဲ့ အနှစ်သာရဟာ ဗမာပြည်မှာ ပညာတတ်တဲ့ အနစ်နာခံနိုင်တဲ့ အမျှော်အမြင်ကြီးတဲ့ မျိုးဆက်သစ်တွေ တရပ်စပ်ထွက်လာအောင် လုပ်ရမှာပါ ၊  အမျိုးစောင့် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဟာ ကျယ်ပြန့် နက်ရှိုင်းလှပါတယ် ၊  အမျိုးစောင့် ဆိုတဲ့ အဖိုးတန်လှ တဲ့ ဒီစကားရပ်ကို ထိလွယ်ရှလွယ် ဒေါသထွက်လွယ် အဆင်ခြင်မဲ့ တုန့်ပြန်လွယ်တဲ့ သူတွေရဲ့ လက်ထဲမှာ ရေစုန်မျောမသွားစေချင်ပါ ခင်ဗျား
အမျိုးစောင့်ဥပဒေ ဆိုတဲ့ စကားရပ်ကို အလွန်သဘောကျပါတယ် ၊
အမျိုးကို ဘာ နဲ့ စောင့်ကြမှာလဲ ၊
ပညာတတ်မှု ၊ အနစ်နာခံမှု ၊ အမျှော်အမြင်ကြီးမှု များနဲ့သာ စောင့်နိုင်ပါတယ် ၊
၁၉၆၂ တုန်းက အာရှမှာ အဆင့်တစ်ခုရှိခဲ့တဲ့ ဗမာပြည် . . အခု ၂၀၁၃ မှာ ဘာဖြစ်နေသလဲ ၊
၂၀၁၃ ဗမာပြည် ဟာ ၁၉၆၂ ဗမာပြည် နဲ့စာရင် ဘာလို့ ဟိုးအောက်ကို ဇောက်ထိုးဆင်းသွားရတာလဲ ၊
ဗမာတွေ ညံ့ကြလို့လား ၊ မဟုတ်ပါဘူး ၊
အာဏာကို လုယူဆုပ်ကိုင်ထားသူတွေက အမျိုးကို မစောင့်ခဲ့ကြလို့
(အမျိုးကိုမစောင့်ခဲကြလို့ = ပညာမတတ်ခဲ့ကြလို့ + အနစ်နာမခံခဲ့ကြလို့ + အမျှော်အမြင်မရှိခဲ့ကြလို့)
နမူနာတစ်ခုပြောကြည့်မယ်
၁၉၆၂ တုန်းက စင်္ကာပူ နဲ့ ဒီကနေ့ ၂၀၁၃ စင်္ကာပူ
ဗမာပြည်ကို ပညာမတတ်တဲ့သူ ၊ အနစ်နာမခံနိုင်တဲ့သူ ၊ အမျှော်အမြင်မရှိတဲ့သူတွေ ဆက်လက်ချုပ်ကိုင်ထားတယ်ဆိုရင် အမျိုးစောင့်ဥပဒေ ဆိုတာ စာရွက်ပေါ်မှာပဲ ပြီးသွားမှာပါ ၊
ဗမာပြည်ကြီး ဆင်းရဲတွင်းကနေ ကုန်းရုန်းထနိုင်ရေးဆိုတာနဲ့ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာရေးဆိုတာ တကယ်တော့ အတူတူပါပဲ ၊
ဗမာပြည်ရဲ့ ကံကြမ္မာကို ပညတတ်သူ အနစ်နာခံနိုင်သူ အမျှော်အမြင်ကြီးသူတွေရဲ့ လက်ထဲ ရောက်အောင် လုပ်ရပါမယ် ၊
အမျိုးစောင့်ဥပဒေရဲ့ အနှစ်သာရဟာ ဗမာပြည်မှာ ပညာတတ်တဲ့ အနစ်နာခံနိုင်တဲ့ အမျှော်အမြင်ကြီးတဲ့ မျိုးဆက်သစ်တွေ တရပ်စပ်ထွက်လာအောင် လုပ်ရမှာပါ ၊
အမျိုးစောင့် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဟာ ကျယ်ပြန့် နက်ရှိုင်းလှပါတယ် ၊
အမျိုးစောင့် ဆိုတဲ့ အဖိုးတန်လှ တဲ့ ဒီစကားရပ်ကို ထိလွယ်ရှလွယ် ဒေါသထွက်လွယ် အဆင်ခြင်မဲ့ တုန့်ပြန်လွယ်တဲ့ သူတွေရဲ့ လက်ထဲမှာ ရေစုန်မျောမသွားစေချင်ပါ ခင်ဗျား
VAT အကြောင်း တစေ့တစောင်း
$
0
0
July 10, 2013 at 12:27am
  • ဒီလောကမှာ သေချာတာဆိုလို့ သေခြင်းတရားနဲ့ အခွန်ဘဲ   လို့ အနောက်ကမ္ဘာကလူတွေ ပြောလေ့ရှိသတဲ့ ။ ဒါဆိုမြန်မာပြည်မှာရော အခွန်မရှိဘူးတဲ့လား ။ ရှိသမှ ဟိုဘက်တောင် လွန်သေး......အချိန်တန်ရင် မြေခွန် ၊ ရေခွန် ၊ အိမ်ခွန် ၊ လူခွန် စသည်ဖြင့် ရောက်လာတာဘဲ ။ မရှိတာက အဲဒီ အခွန်စနစ်ကြီးကို ဒေါင့်စေ့သေချာအောင်လည်ပတ်နိုင်ခြင်း မရှိဘူး ၊ ထိရောက်အောင်လိုက်နာစေခြင်း မရှိဘူး ။ ပြီးရင် အဲ့အခွန်တွေ ဘယ်နားရောက်သွားသလဲ ဆိုတာ ပြည်သူကို ချပြတာမရှိဘူး ။ ဘယ်လို သုံးပစ်လိုက်သလဲဆိုတာလည်း မသိရဘူး ။  အခုသုံးလေးနှစ်အတွင်းမှာ အခွန်ရုံးတွေ computerize  ဖြစ်လာတာကို သတိထားမိတယ် ။ ဆိုလိုတာက အရင်ထက် အခွန်တင်းကြပ်လာပြီဆိုတဲ့သဘော ။ လူတစ်ယောက်ရဲ့အခွန်သမိုင်းကို လွယ်လွယ်မြန်မြန်လိုက်နိုင်ပြီဆိုတဲ့သဘော ။  ဒါပေမယ့် တစ်ဖက်က အခွန်သာကောက်တာ ။ ပြည်သူဆီက အခွန်ယူပြီးရင် ပြည်သူအတွက် ပြန်လုပ်ပေးရမယ် ဆိုတာလည်း မောင်မင်းကြီးသားတွေ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် သတိရကြပါစေလို့ ဆုတောင်းရင်း နိုင်ငံတော်တော်များများမှာ ကျင့်သုံးနေတဲ့ အခွန်တစ်မျိုးအကြောင်းကို အကြမ်းဖျင်း မိတ်ဆက်ပေးပါရစေ ။
 ( လွယ်ပေမယ့်ကြားဖူးကြုံဖူးမှာသေချာပေမယ့် သဘောတရားကို မသိသေးရင် အသစ်ဘဲပေါ့ .....ဒီလိုမှတ်ယူပြီး ရေးတာပါ )
  • ဒီအခွန်က တခြားအခွန်တွေလို လစဉ်နှစ်စဉ်ပေးရတာမဟုတ်ဘဲ နေ့စဉ်ကြုံရတတ်ပါတယ် ။  VAT  လို့ အတိုကောက်ခေါ်တဲ့ Value Added Tax  ပါ ။ စင်္ကာပူ ၊ သြစတေးလျ ၊ နယူးဇီလန်တို့မှာတော့ GST ( Good and Service Tax ) လို့ ခေါ်ပါတယ် ။ အီတလီနဲ့ စပိန်စကားပြောနိုင်ငံတွေမှာတော့ အီဗာ  IVA လို့ ခေါ်ပါတယ် ။ ဘယ်လိုဘဲ ခေါ်ခေါ် သဘောတရားကတော့ အတူတူဖြစ်ပြီး နိုင်ငံပေါင်း ( ၁၅၀ ) ကျော်မှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတဲ့ အခွန်ပါ ။
  • VAT ဟာ ပါလေရာငပိချက် အခွန်ဆိုရင်လည်း မမှားပါဘူး ။ စူပါမတ်ကတ်မှာ ပစ္စည်းဝယ်မလား ။ လမ်းဘေးဈေးတွေမှာ ဈေးဝယ်မလား ၊ စားသောက်ဆိုင်မှာ ၀ါးတီးဖွဲ့မလား ၊ ဆရာဝန်သွားပြမလား ၊ ရှေ့နေငှားမလား ၊ ဟိုတယ် ဘွတ်ကင်လုပ်မလား ၊ လေယာဉ်လက်မှတ် ၀ယ်မလား အားလုံး  VAT  ပေးရတာချည်းပါဘဲ ။
  •  နိုင်ငံခြားတိုင်းပြည်တခုခုမှာ အဖိုးတန်ပစ္စည်း တခုခု ( တီဗီ ၊ ကင်မရာ စသည်ဖြင့် ) ၀ယ်ပြီးလို့  ငွေချေထားတဲ့ စာရွက်ကလေးကို လေဆိပ်မှာ ပြ ၊ ပိုက်ဆံတချို့တ၀က်ပြန်တောင်းလာဖူးတဲ့ လူတွေလည်း ရှိမှာပါ ။ VAT refund သို့မဟုတ်  GST  refund လို့ ခေါ်ပါတယ် ။ အဲဒါဘာကြောင့် ပြန်တောင်းလို့ရတာလဲဆိုတာ ဆက်ရှင်းပြပါမယ် ။
  • Value Added Tax  ဆိုတဲ့ နာမည်အတိုင်း ကုန်ပစ္စည်းတစ်ခုတန်ဖိုးတက်သွားတိုင်း ၊ အရောင်းအ၀ယ်လုပ်တိုင်း နဲ့ ၀န်ဆောင်မှုတိုင်းအတွက် မူရင်း တန်းဖိုးအပေါ်မှာ ထပ်ပေါင်းပေးရတဲ့ Tax  ပါ ။ 
 ဥပမာ ပန်းထိန်ဆရာတစ်ယောက်ဟာ ရွှေတစ်စကို မူရင်းတန်ဖိုး ငွေ တစ်သိန်းနဲ့ ၀ယ်တယ် ဆိုပါစို့ ။ သတ်မှတ်ထားတဲ့  VAT က ၂၀ % ဆိုပါစို့ ။ ဒါဆိုရင် ပန်းထိန်ဆရာဟာ တကယ်ပေးလိုက်ရတာက  တစ်သိန်း နှစ်သောင်းဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ရွှေရောင်းသူဟာ  မူရင်းတန်ဖိုး   တစ်သိန်းနဲ့တင် ပန်းထိန်ဆရာကို ရောင်းလိုက်မှာ မဟုတ်ပါဘူး ။ သူ့အနေနဲ့ ရောင်းလိုက်တဲ့ ပစ္စည်း ( ရွှေ ) ရဲ့ တန်ဖိုးကို လိုက်ပြီး အစိုးရကို အခွန်ပေးရပါတယ် ။ အဲဒီအခွန်ကို သူဟာ ရောင်းသူပေါ်က ကောက်ပြီး ပေးရတာပါ ( မဟုတ်ရင် သူစိုက်နေရမှာပေါ့ )  ။  အဲဒီလို  မူရင်းဈေးအပေါ်မှာ ၀ယ်သူက ထပ်ပြီး ပေးလိုက်ရတာကို  VAT လို့ ခေါ်ပါတယ် ။  စားသုံးသူ (သို့)  ၀ယ်သူက ပေးရတဲ့အတွက်  comsumption tax လို့လည်း ခေါ်ပါတယ် ။
  • အနှီ ပန်းထိန်ဆရာဟာ ရွှေစလေး ၀ယ်ပြီးနောက် လက်စွပ်တစ်ကွင်း လုပ်လိုက်ပါသတဲ့ ။ လှပတဲ့ လက်စွပ်ကလေးကို ကြည့်ပြီး သူက ငွေ ၂ သိန်း တန်တယ်လို့ တန်ဖိုးဖြတ်လိုက်ပါတယ် ။ ဒါပေမယ့် သူဟာ ၂ သိန်း နဲ့ဘဲရောင်းလိုက်လို့ မရပါဘူး ။ အစိုးရကို ပေးရမယ့်  VAT  တန်ဖိုးကိုပါ ထည့်တွက်ပြီး လက်စွတ်တန်ဖိုးထဲ ထည့်ပေါင်းရပါဦးမယ် ( မဟုတ်ရင် သူစိုက်နေရမှာပေါ့ )  ။ ဒီတော့  ရွှေဆိုင်ပိုင်ရှင်ကြီးတစ်ယောက်ဆီမှာ ငွေ ၂ သိန်း ၄  သောင်းနဲ့ ရောင်းလိုက်ပါတယ် ။ ဆိုလိုတာက မူရင်းတန်ဖိုး ၂ သိန်း + VAT ၂၀ % = ၂၀၀၀၀၀ + ၄၀၀၀၀ = ၂၄၀၀၀၀ ဖြစ်ပါတယ် ။ ဒါမှလည်း အစိုးရကို VAT  ၂၀ % ပေးလိုက်ပြီးရင် သူ့အတွက် ၂ သိန်းကျန်မှာ မဟုတ်လား ။
  • ရွှေဆိုင်ပိုင်ရှင်ဟာ အဲဒီလက်စွပ်ကလေးကို ရတနာဆိုင်ပိုင်ရှင်တစ်ယောက်ကို အမြတ်တင်ပြီး ရောင်းပြန်တယ် ။ သူက လက်စွပ်အတွက် သုံးသိန်းလိုချင်ပါတယ် ။ ဒီတော့ ရောင်းဈေးက သုံးသိန်း ခြောက်သောင်း ဖြစ်ရမှာပေါ့နော် ။ ၃၀၀၀၀၀  + VAT  ၂၀ % = ၃၆၀၀၀၀
  • ဒီလိုနဲ့ အဆင့်ဆင့်တက်သွားတဲ့ ဈေးအပေါ်မှာ သတ်မှတ်ထားတဲ့  VAT ကို ကောက်ရတာ ဖြစ်ပါတယ် ။ အခွန်ဆိုတာ အမြဲတမ်း အစိုးရကို ဆောင်ရတာမို့ အထက်မှာပြောခဲ့တဲ့ ပန်းထိန်ဆရာ ၊ ရွှေဆိုင်ပိုင်ရှင် ၊ ရတနာဆိုင်ပိုင်ရှင် တို့ဟာ ၀ယ်သူအပေါ်က ကောက်လိုက်တဲ့ အဲဒီ  VAT တွေကို သူတို့ ယူထားလို့ မရပါဘူး ။ အစိုးရကို သွင်းရတာ ဖြစ်ပါတယ် ။ VAT  စနစ်ကို ဘာကြောင့်တိုင်းပြည်များစွာမှာ တွင်ကျယ်အောင် သုံးသလဲဆိုရင် အစိုးရအနေနဲ့ ကိုယ်တိုင် အခွန်ကောက်စရာ မလိုဘဲ အဲဒီအခွန်ကို ရောင်းသူတွေကနေ အစိုးရအစား ကောက်ပေးပြီး အစိုးရကို သွင်းရတာမို့လို့ပါ ။
ဆိုလိုတာက အစိုးရဟာ ၀ယ်သူစားသုံးသူ consumer  တွေဆီက sales တွေအတွက် အခွန်ကောက်ချင်ပါတယ် ။ ဒါကို သူကိုယ်တိုင် မကောက်ဘဲ ရောင်းသူကို ကောက်ခိုင်းလိုက်တဲ့ သဘောပါဘဲ ။
  • VAT  ဆိုတာ Final customer  တွေကိုသာ ကောက်တာပါ ။  Final customer  ဆိုတာ ပစ္စည်းတစ်ခုကို နောက်ဆုံး ၀ယ်ယူ '' သုံးစွဲ '' သူကို ဆိုလိုတာပါ ။   ဆိုလိုတာက အထက်မှာပြောခဲ့တဲ့ ပန်းထိန်ဆရာ ၊ ရွှေဆိုင်ပိုင်ရှင် ၊ ရတနာဆိုင်ပိုင်ရှင်တို့ဟာ ကုန်ပစ္စည်းကို ပြန်ရောင်းဖို့ အဆင့်ဆင့်ဝယ်ယူခဲ့ကြတဲ့အတွက် ကုန်သည်သဘောသာ ဖြစ်ပါတယ် ။ ဒါကို  ကြားခံ ၀ယ်သူ  Intermediate customer  လို့ ခေါ်ပါတယ် ။  Final customer မဟုတ်ပါဘူး ။  သူတို့က အမြတ်တင်ပြီး တခြားလူတွေကို ပြန်ရောင်းကြဦးမှာပါ ။ အဲဒီတခြားလူတွေဟာ သူတို့လို ၀ယ်ရောင်း Intermediate customer  တွေ ဖြစ်နိုင်သလို သာမန်သုံးစွဲသူ  Final customer တွေလည်း ဖြစ်နိုင်ပါတယ် ။
အီဖေကိုယ်တို့လို လှတပတလေးတွေဟာ Final customer လေးတွေပေါ့ကွယ် ။ ရှင်းတယ်နော် .....ငှဲငှဲ ^_^
  • ၀ယ်ရောင်းလုပ်သူ ( Intermediate customer )   နဲ့  သာမန်သုံးစွဲသူ ( Final customer)  ကြားမှာ အရေးကြီးတဲ့ ကွာခြားချက်ရှိပါတယ် ။ အဲဒါကတော့ဝယ်ရောင်းလုပ်သူတွေဟာ ၀ယ်တုန်းက ပေးလိုက်ရတဲ့  VAT  ကို အစိုးရဆီက ပြန်တောင်းလို့ ရပါတယ် ။ ဆိုလိုတာက ပန်းထိန်ဆရာဟာ ရွှေကို ၀ယ်ခဲ့တုန်းက VAT ပေးခဲ့ရပါတယ် ။ ရွှေဆိုင်ပိုင်ရှင်ဟာလည်း ပန်ထိန်ဆရာဆီက လက်စွပ်ကို ၀ယ်တော့ VAT  ပေးလိုက်ရပါတယ် ။ ရတနာဆိုင်ရှင်ဟာလည်း အလားတူပါဘဲ ။ ဒါပေမယ့်သူတို့ဟာ အဲဒီ  VAT ကို အချိန်တန်ရင် အစိုးရဆီက ပြန်တောင်းလို့ ရပါတယ် ။ ဒီလိုပြန်တောင်းဖို့အတွက် အစိုးရဆီမှာ လုပ်ငန်းကို မှတ်ပုံတင်ပြီးလုပ်ထားတဲ့  VAT register  တော့ ရှိရပါမယ် ။
  • ပုံမှာ ကြည့်ပါ ..... ကုန်ပစ္စည်းကို ထုတ်လုပ်သူ ရောင်းချသူ ဖြန့်ဖြူးသူ  Producer Manufacturer Distributor Retailer တွေအားလုံးဟာ ၀ယ်တုန်းက ပေးခဲ့ရတဲ့   VAT  ကို ပြန်တောင်းလို့ရကြောင်း မြှားအ၀င်အထွက်တွေနဲ့ ပြထားပါတယ် ။  နောက်ဆုံး Final customer ဆီမှာတော့ VAT  ပေးလိုက်ရကြောင်း ပြတဲ့ အထွက်မြှားသာ ရှိပြီး VAT  ပြန်ဝင်လာကြောင်း ပြတဲ့ အ၀င်မြှားမရှိပါဘူး ။ ဆိုလိုတာက Final customer အတွက် VAT  ဆိုတာ ပစ္စည်းဝယ်တုန်းက ပေးလိုက်ပြီးရင် ပြန်မရတော့ဘူး ၊ ဘယ်သူ့ဆီကမှ ပြန်တောင်းလို့ မရတော့ဘူးလို့ ဆိုလိုတာပါ ။ ပေးလိုက်ရတဲ့ VAT  တွေကတော့ နိုင်ငံလည်ပတ်ရာမှာ သုံးတဲ့ အစိုးရဘဏ္ဍာများ ဖြစ်လာပါတယ် ။
VAT  တွက်နည်း ။
--------------------
  • မရှပ်ထွေးတဲ့ တွက်နည်းပါ ။ ပန်းထိမ်ဆရာဘက်က ကြည့်ရအောင် ......ပန်းထိမ်ဆရာဟာ ရွှေကို တစ်သိန်း နှစ်သောင်းပေးဝယ်လိုက်ပါတယ် ။  အဲဒီမှာ VAT က ၂၀၀၀၀ ဆိုတာကို ပြောခဲ့ပြီးပါပြီ ။ အဲဒီ ပေးလိုက်ရတဲ့  VAT ကို မှတ်ထားပြီး အချိန်တန်ရင် အစိုးရဆီက ပြန်တောင်းလို့ရပါတယ် ။ အဲဒီ VAT ဟာ ပန်းထိန်ဆရာအတွက်  VAT  credit ဖြစ်ပါတယ် ( မှတ်ထားနော် ) ။ ဘာလို့  credit  ဖြစ်တာလည်းဆိုတော့ သူက ပေးလိုက်ရတဲ့ ပိုက်ဆံကို ''  ပြန်ရ ''  မှာ ဖြစ်လို့ပါ ။
  •  ပန်းထိမ်ဆရာဟာ  လက်စွပ်လုပ်ပြီး ရွှေဆိုင်ပိုင်ရှင်ကို ငွေ ၂၄၀၀၀၀ နဲ့ ရောင်းလိုက်ပြန်ပါတယ် ။ လက်စွပ်ဈေး ၂၀၀၀၀၀ + VAT ၄၀၀၀၀ ဖြစ်ပါတယ် ။ အဲဒီ VAT ကတော့ ပန်းထိမ်ဆရာက အစိုးရကိုယ်စား ၀ယ်ယူသူဆီက ကောက်ခံလိုက်တဲ့ VAT မို့ အချိန်တန်ရင် အစိုးရကို သွင်းရမှာပါ ။ ဒါဟာ ပန်းထိန်ဆရာအတွက်  VAT  Debit   ဖြစ်ပါတယ် ။ သူက '' ပေးရမယ့် အကြွေး ''  ဖြစ်နေလို့ပါ ။
***ရစရာ  Credit ကနေ  ပေးစရာ  Debit  ကို နှုတ်လိုက်ရင် ကျန်တဲ့ငွေဟာ  အစိုးရကို သွင်းရမယ့်  VAT  ပါဘဲ ။ ***
  • ဆိုလိုတာက  ပန်းထိမ်ဆရာဟာ လက်စွပ်ရောင်းတုန်းက ၀ယ်သူဆီက ကောက်လိုက်တဲ့ VAT  ၄၀၀၀၀  ကနေ  သူအရင် ရွှေဝယ်တုန်းက ပေးလိုက်ရတဲ့  VAT  ၂၀၀၀၀ ကို နှုတ်ရပါတယ် ။  ကျန်တဲ့ ငွေ ( ၂၀၀၀၀ ) ကိုသာ အစိုးရကို သွင်းရမှာ ဖြစ်ပါတယ် ။ VAT credit  ကနေ VAT debit  ကို နှုတ်ရင် ကျန်တဲ့ ငွေဟာ အစိုးရကို ပေးရမယ့်  VAT ပါဘဲ ။ သေချာစဉ်းစားကြည့်ရင် ပန်းထိန်ဆရာဟာ အရင်ပေးလိုက်ရတဲ့  VAT ကို ပြန်ရသွားပါပြီ ။ ဒါဟာ VAT ရဲ့အခြေခံသဘောတရားပါဘဲ ။
  • ဒီလို တွက်တာကို  VAT settlement လုပ်တယ်လို့ ခေါ်ပြီး ကုမ္ပဏီလုပ်ငန်းတွေဟာ ၂ လတစ်ခါ သုံးလတစ်ခါ  ဒါကို လုပ်ရပါတယ် ။ ထပ်ပြောရရင် စတိုးဆိုင်တစ်ဆိုင်အနေနဲ့ဆိုရင် ၀ယ်လိုက်တဲ့ ကုန်ပစ္စည်းတွေ ရှိမယ် ။ ဒီကုန်ပစ္စည်းတွေ အပေါ်မှာ ပေးလိုက်ရတဲ့  VAT  ဟာ  Credit  VAT  ပါ ။ အဲဒီကုန်ပစ္စည်းတွေကို ရောင်းတဲ့အခါ ၀ယ်သူအပေါ်မှာ VAT ကောက်လိုက်တယ် မဟုတ်လား ။ ဒါဟာ သူသိမ်းထားလို့ မရတဲ့ အစိုးရကို ပေးရမယ့်  Debit  VAT  ဖြစ်ပါတယ် ။
Credit VAT - Debit VAT =  VAT due ( အစိုးရကို ဆောင်ရမယ့်  VAT ) ဖြစ်ပါတယ် ။
ကိုယ်သာသတိမထားတာ ၊ ၀ယ်သမျတိုင်းနီးပါးမှာ ပေးလိုက်ရတဲ့ အခွန်ပါ ခင်ညာ ()း
VAT မပေးရတဲ့  sales  မျိုး ရှိသလား ။
----------------------------------------
  • ရှိပါတယ် ။ အထင်ရှားဆုံးတစ်ခုကို ပြောရရင် နိုင်ငံခြား export တွေမှာ VAT  မပေးရပါဘူး ။ ဒါကြောင့်မို့ဘဲ နိုင်ငံခြားမှာ ရှော့ပင်သွားသွားလုပ်တဲ့လူတွေဟာ ပြန်ခါနီးမှာ လေဆိပ်မှာ ငွေပြေစာ ဗောက်ချာလေးတွေ ပြပြပြီး VAT ကို ပြန်တောင်းကြတာပါ ။ ဆိုလိုတာက ရောင်းသူဟာ ထုံးစံအတိုင်း ပစ္စည်းတန်ဖိုးအပေါ်မှာ VAT  ကို ပေါင်းထည့်ပြီး ကောက်လိုက်ပါတယ် ။ ဒါပေမယ့် ၀ယ်သူဟာ  ဒီပစ္စည်းကို လက်လွှဲပြီး အမြတ်တင်ရောင်းချခြင်း မရှိဘဲ  မိမိတိုင်းပြည်ကို ယူသွားမှာ ဖြစ်ပါတယ် ။ ဒီတော့ export ဆိုရင်  VAT  ပေးစရာမလို ဆိုတဲ့ ဥပဒေကြောင့် ပြန်ခါနီးလေဆိပ်မှာ '' ငါပြန်တော့မယ်ဟေ့ ၊ ဟောဒီမှာ လေယာဉ်လက်မှတ် ၊ ဟောဒီမှာ ပတ်စ်ပို့ ၊ ငါ့ VAT ကို ပြန်ပေးတော့ ''  ဆိုပြီး ဆိုင်ရာအစိုးရဆီက ပြန်တောင်းလို့ ရတာဖြစ်ပါတယ် ။ အစိုးရတွေဟာ ဒီလိုနည်းအားဖြင့် export  ကို အားပေးရာ ရောက်ပါတယ်  ။
  • VAT  ကို ၁၉၅၄ ခုနှစ်က ပြင်သစ်မှာ စသုံးခဲ့တာ အခုဆိုရင် နိုင်ငံပေါင်း ၁၅၀ လောက်သုံးနေကြပါတယ် ။ စဉ်းစားကြည့်လေ...ကိုယ်တွေသာ သတိမထားမိတာ ။ ကော်ဖီလေးတစ်ခွက်သောက်တာ ၊ တံဆိပ်ခေါင်းလေးတစ်ခု ၀ယ်တာ ၊ အလှပြင်ဆိုင်သွားပြီး ခေါင်းသွားလျှော်တာ ၊ ငရုတ်သီးမှုန့်လေး ၀ယ်တာ အစ အခွန်ကောက်ထားမှတော့ ဒီ  VAT  ဆိုတာ အစိုးရတစ်ရပ်အတွက် အရမ်းကို ကြီးမားများပြားတဲ့ ၀င်ငွေ  source  တစ်ခု ဆိုတာ သိသာလှပါတယ်  ။  ကောက်တဲ့နှုန်းကလည်း များသောအားဖြင့် မနည်းလှပါ .....အထူးသဖြင့် အစိုးရက ၀န်ဆောင်မှုကောင်းတဲ့  ဥရောပက Welfare State  တွေမှာ အတော်လေး မြင့်ပါတယ် ။  လက်ရှိ UK  မှာ  ၂၀ %   ကောက်ပြီး  VAT အမြင့်ဆုံး ဥရောပနိုင်ငံကတော့  ၂၇  % နဲ့ ဟန်ဂေရီပါ ။ 
  •  ဥရောပသမဂ EU  နိုင်ငံတွေအားလုံးမှာ အနည်းဆုံး  ၁၅ %  VAT  ကောက်ဖို့ တပြေးညီ သတ်မှတ်ထားပါတယ် ။ ဒါပေမယ့်တစတစနဲ့ တိုးကောက်လာလိုက်တာ ခုဆိုရင် ဥရောပနိုင်ငံ အားလုံးနီးပါး ၂၀ % ပတ်ဝန်းကျင်တောင် မဟုတ်ဘဲ တချို့ဆို ကျော်တောင် နေပါပြီ ။ အီတလီမှာတော့ အခု ဇူလိုင်လ ၁ ရက်နေ့ကစပြီး  ၂၁ % ကနေ  ၂၂  % ကို တက်ဖို့လျာထားရာက ကန့်ကွက်သူများကြောင့် အောက်တိုဘာထိ ရွှေ့လိုက်ရပါတယ် ။
  •  ပြင်သစ်နိုင်ငံနှစ်စဉ်ဝင်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းဟာ VAT ကလာတယ်လို့ ဆိုပါတယ် ။ တရုတ်မှာတော့ ၁၉၈၄ က စသုံးခဲ့ပြီး ၂၀၀၇ ခုနှစ် စာရင်းအရ တရုတ်ပြည် အခွန်အသီးသီးကရတဲ့ စုစုပေါင်းငွေရဲ့  ၃၃.၉  % ဟာ VAT က လာတယ်လို့ ဆိုပါတယ် ။ ဒါဟာ ဒေါ်လာသန်း ၂၂၀၀ နဲ့ညီတဲ့ ပမာဏ ဖြစ်ပါတယ် ။  ဥရောပမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးလာတာကတော့ ၁၉၇၀ နှစ်များပတ်ဝန်းကျင်ဖြစ်ပါတယ် ။ နိုင်ငံတချို့ရဲ့ လက်ရှိ VAT  နှုန်းထားတွေကို ဖော်ပြရရင်
  • အင်္ဂလန်  ၂၀ % ၊
  • အီတလီ ၂၁ % ၊
  • သြစတြီးယား  ၂၀ % ၊
  • ၾသစေတးလ် ၁၀  % ၊ 
  • ပြင်သစ်  ၁၉.၆ % ၊
  • ဂျာမနီ ၁၉ % ၊
  •  စပိန် ၂၁ % ၊
  • တရုတ် ၁၇  % ၊ 
  •  ဆွီဒင် ၂၅ %  စသည်ဖြင့်ပါ ( ကျန်နိုင်ငံများကိုတော့ ၀ီကီမှာ ကြည့်လို့ရပါတယ် )  ။
  • စကာင်္ပူမှာတော့ GST လို့ နာမည်တမျိုးနဲ့ခေါ်တဲ့VAT ကို ၁၉၉၄ မှာ စသုံးခဲ့တာဖြစ်ပြီး လက်ရှိကတော့  ၇  % နဲ့ အတော်လေး နည်းတယ် လို့ ပြောလို့ရပါတယ် ။
  • VAT  မှာ ပုံမှန်နှုန်းထား Standard rate  နဲ့ လျှော့ချထားတဲ့နှုန်း  Reduced rate  ဆိုပြီး ခွဲထားပါတယ် ။  လျှော့ချထားတဲ့နှုန်းဆိုတာက  ဥပမာအားဖြင့်ပြောရရင် အီတလီနိုင်ငံမှာ ဟိုတယ်တွေ ၊ ဘားတွေ ၊ စားသောက်ဆိုင် စတာတွေမှာ အစားအသောက်နဲ့ပတ်သက်တာ မှန်သမျှကို  ၁၀ %  ကောက်ပါတယ် ။ အသားငါး ဟင်းသီးဟင်းရွက်စတဲ့ မရှိမဖြစ်နေ့စဉ်အစားအစားတွေ နဲ့ သတင်းစာ စာစောင်တွေအပေါ်မှာတော့  ၄  % ကောက်ပါတယ် ။ အဲဒါတွေကလွဲရင် ကျန်တာတွေအားလုံးအပေါ်မှာ ကောက်တဲ့ ၂၁ % ကို  Standard rate လို့ ခေါ်တာပါ ။ တချို့နိုင်ငံတွေမှာ စွမ်းအင်လောင်စာသုံးမှုကို လျှော့ချပေးတဲ့ စနစ် ...ဥပမာ အားဖြင့် နေရောင်ခြည်သုံးပြီးစွမ်းအင်ထုတ်ပေးတဲ့  solar panel စတာတွေကို ကိုယ့်အိမ်မှာတကယ်တပ်တယ်လို့ အထောက်အထားပြနိုင်ရင် reduced rate ပေးလေ့ရှိပါတယ် ။  
  • နိုင်ငံအတွင်းမှာ  VAT လုံးဝ မပေးရတဲ့ နေရာတွေလည်း ရှိပါတယ် ။ ဥပမာ  UK မှာ မျက်မမြင်တွေ မသန်မစွမ်းတွေအတွက် အသုံးအဆောင် ၊ ဆေးရုံ လူအိုရုံး သုံးပစ္စည်း ၊ တက္ကသိုလ်တွေမှာလိုအပ်တဲ့ research နဲ့ ဆိုင်တဲ့ ပစ္စည်းကိရိယာ ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ တချို့သော အခမ်းအနား ၀င်ကြေး၊ ပြတိုက်ဝင်ကြေးစတာတွေမှာ  VAT  လွတ်ပါတယ် ။ တချို့နိုင်ငံတွေမှာ စာအုပ်စာတမ်း သတင်းစာစာစောင်တွေအတွက်လည်း မပေးရပါဘူး ။ အသေးစိတ်တွေကတော့ များလည်း များလှ ၊ နိုင်ငံအလိုက်ကွဲပြားတာမို့ ဘယ်လိုပစ္စည်းမျိုးအပေါ်မှာ  VAT မကောက်သလဲ သိရုံ ဥပမာ ပေးလိုက်ပါတယ် ။
VAT  ရဲ့ အားနည်းချက်
  • ၀န်ဆောင်စရိတ် အလွန်ကြီးတယ်လို့ ဆိုပါတယ် ။ အစိုးရအတွက် ဆိုင်ရှင်လုပ်ငန်းရှင်တွေက အခွန်ကောက်ပေးလိုက်တာတော့ဟုတ်ပါပြီ ၊ ဒါပေမယ့် အဲဒီဆိုင်ရှင်တွေနဲ့ အစိုးရကြား အချိန်တန်ရင်  VAT settlement  လုပ်ဖို့လိုပါသေးတယ် ။ လေဆိပ်မှာပြန်တောင်းသွားတဲ့ refund တွေကတော့ ဟုတ်ပါပြီ ၊ အဲဒီ  ပစ္စည်းတွေအတွက် တကယ်ရော  VAT  ပေးခဲ့ရဲ့လား စသည်ဖြင့် သမိုင်းကြောင်း လိုက်ရပါသေးတယ် ။ တိုတိုပြောရရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းအင်းတွေကို ပြုစုထိန်းသိမ်းထားဖို့ရာ ကျွမ်းကျင်သူငှားရမ်းစရိတ် ထိမ်းသိမ်းစရိတ်ဆိုတဲ့  Compliance cost  အလွန်ကြီးတယ်လို့ ဆိုပါတယ် ။
  • VAT  အတွက် ဈေးတင်ထားရတာမို့ ပစ္စည်းတွေဟာ ဈေးပိုကြီးနေတတ်ပါတယ် ။ ဒါကြောင့် ဈေးကွက်မှာ ၀ယ်လိုအား ကျတတ်ပါတယ် ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သေချာစဉ်းစားတွက်ဆရပါတယ် ။ ( ဥပမာ Tour Company တွေ ခရီးစဉ်ရောင်းချတာမျိုးဆိုပါတော့.....ဒေါ်လာ ၁၀၀၀ တန်ခရီးတစ်ခုကို ခရီးသည်ဆီက  ၁၂၀၀ လောက်ကောက်လိုက်ရတာမျိုး )
  • ထူးခြားတယ်ပြောရမလားမသိ ၊ အမေရိကန်မှာတော့ VAT  မရှိပါဘူး ။ ဒါပေမယ့် VAT  နဲ့ ခပ်ဆင်ဆင်  Sales Taxs  ဆိုတာ ရှိပါတယ် ။  အကြွေးပိနေတဲ့တိုင်းပြည်ကို ဆွဲထုတ်ဖို့ သမ္မတ အိုးဘားမားတစ်ယောက် VAT  စနစ်ကို မိတ်ဆက်ဖို့ ကြိုးစားနေတယ်ဆိုဘဲ ။ ဒါပေမယ့် ရှိပြီးသား  Sales Taxs  အပေါ်မှာ VAT  ထပ်ကောက်ရင် သူများနိုင်ငံတွေထက် ပိုဈေးကြီးလာနိုင်တယ် ၊  ကောက်လို့ရသမျ  VAT ရဲ့ တစ်ဝက်လောက်ဟာ  Compliance cost  ထဲ ၀င်သွားမှာ စသည်ဖြင့် ထောက်ပြကန့်ကွက်သူတွေကလည်း ဒုနဲ့ဒေးပါ ။ 
  • ( တကယ်တော့ ကန့်ကွက်သူများပြောတာကလည်း မမှား ။ ဥပမာ ဂျာမနီက ကားဟာ VAT  မရှိတဲ့ အမေရိကန်မှာ ဈေးချိုသွားပါတယ် ။ ဂျာမနီမှာရောင်းတဲ့ အမေရိကန်ကား ဂျာမနီကား ၊ ဘယ်နိုင်ငံက ကားဖြစ်ဖြစ် VAT  တင်လိုက်တဲ့အခါ ၂၀  % လောက်ဈေးထပ်တက်သွားပါတယ် ။ စဉ်းစားသာကြည့်တော်မူ ။ )
  • အခွန်တွေထဲမှာ VAT  ဟာရှောင်လို့ အလွယ်ဆုံးလို့ဆိုပါတယ် ။ ဥပမာ ဆိုင်ရှင်တွေဟာ ပစ္စည်းတိုင်းအတွက်  bill  မပေးတာမျိုးတွေ လုပ်တတ်ပါတယ် ။ bill မဖွင့်လိုက်တဲ့အတွက် ၀ယ်သူကပေးလိုက်တဲ့  VAT  ဟာ အစိုးရဆီ စာရင်းမ၀င်တော့ဘဲ ဆိုင်ရှင်အိတ်ထဲ ရောက်သွားပါတယ် ။ မြန်မာပြည်က တချို့စားသောက်ဆိုင်ကြီးတွေမှာ ကျသင့်ငွေအပေါ်  ၁၀ % အစိုးရအခွန် ( Government tax ) ဆိုပြီး ထပ်ကောက်တာမျိုးရှိပေမယ့် အစိုးရတံဆိပ်တုန်းပါ ပြေစာကို မပေးတာမျိုး ရှိပါတယ် ။ ၀ယ်သူကလည်း ပြေစာတောင်းရကောင်းမှန်းမသိတာမျိုးရှိတာကြောင့် အစိုးရအတွက် ပေးကားပေး၏ မရ ဖြစ်ရပါတော့တယ် ။
  • ဒါကြောင့်မို့  VAT စတင်အကောင်အထည်ဖော်မယ့်နိုင်ငံတွေဟာ VAT အကြောင်း ပြည်သူတွေသိလာအောင် ပညာပေးတွေ လုပ်တတ်ကြပါတယ် ။
  •  VAT ကို တမင်တကာ လိမ်ယူတာမျိုးလည်း ရှိတတ်ပါတယ် ။ အထင်ရှားဆုံးကတော့ export  ဆိုရင် VAT  မပေးရဘူးဆိုတဲ့ ဥပဒေကို သုံးပြီးတော့ လက်တလုံးခြား လုပ်တဲ့နည်းပါ ။   များသောအားဖြင်မိုဘိုင်းဖုန်းလို ၊ ကွန်ပြူတာမှာသုံးတဲ့ microchip လို ၀န်လည်း မပွ ၊ တန်ဖိုးလည်း ကြီး ၊ လိုချင်သလောက်လည်း ရနိုင်တဲ့ ပစ္စည်းတွေကို ၀ယ်ရောင်းပြပြီး နောက်ဆုံးမှာ အစိုးရကို ပေးရမယ့်  VAT  ကို မပေးဘဲ လစ်ပြေးနည်းပါ ။
  • အဖွဲ့လိုက်လိမ်နည်းကို ပြောရရင် ဥပမာအာဖြင့် ဗြိတိန်အခြေစိုက် လူလိမ် ကုန်သည်တစ်ယောက်ဟာ ပြင်သစ်ကနေ  မိုဘိုင်းဖုန်း တစ်သတ္တာကို ပေါင် တစ်သန်းနဲ့ ၀ယ်တယ်ဆိုပါစို့ ။ ဒီဖုန်းတွေဟာ export လုပ်မှာမို့လို့ VAT  ပေးစရာမလို ။  ဒီလိုနဲ့သူဟာ ဗြိတိန်မှာ သူ့လူတစ်ယောက်ကိုဘဲ အမြတ်တင်ရောင်းပြပြီး  bill ဖွင့်လိုက်ပါတယ် ။ သူ့လူကလည်း အဲဒီဖုန်းတွေကို နောက်သူတို့လူတစ်ယောက်ဆီကို အမြတ်တင်ရောင်းပြပြီး  bill  ဖွင့်ပါတယ် ။ အဲလိုအဆင့်ဆင့်ရောင်းပြပြီး နောက်ဆုံးမှာ အဲဒီဖုန်းတွေကိုဘဲ  အီတလီကို ပြန်ရောင်းလိုက်ပါတယ် ။ ဒီတော့ ဖုန်းတွေဟာ  export  ပြန်ဖြစ်သွားပါတယ် ။ export တွေဆိုရင် ဆိုင်ရာအစိုးရဆီက VAT refund  ပြန်တောင်းလို့ ရတာမို့ export  လုပ်မယ့် ကုန်သည်ဟာ   VAT refund ကို ဗြိတိန်အစိုးရဆီက ပြန်တောင်းပါတော့တယ် ။
  •  အဲလို နောက်ဆုံးလူက refund  ပြန်ရပြီဆိုတာနဲ့တပြိုင်နက် လက်ဝါးချင်းရိုက်ထားတဲ့ ရှေးဦးဆုံး ကုန်သည်ဟာ  VAT refund  ကို ယူပြီး လစ်သွားပါတော့တယ် ။ တခါတလေ အဖွဲ့လိုက်ပျောက်သွားတာမျိုးလည်း ရှိတယ် ။ အစိုးရက အချိန်တန်လို့ ကုန်ပစ္စည်း လက်လွှဲရောင်းချမှုကို  အဆင့်ဆင့် လိုက်တဲ့အခါ ဦးဆုံးရောင်းခဲ့တဲ့ ကုန်သည်ကို ရှာမတွေ့တော့ပါဘူး ။ ဒါကြောင့် ဒီလိမ်နည်းကို  Missing Trader Fraud လို့ ခေါ်ပါတယ် ။ များသောအားဖြင့် လူအင်အားတောင့်တောင့် အချိတ်အဆက်မိမိ ဂိုဏ်းဖွဲ့ပြီး လိမ်တတ်ကြပါတယ် ။ ပါဝင်တဲ့ လက်သည်တွေကာအားလုံးဟာ အစိုးရဆီမှာ   VAT register  တကယ်လုပ်ထားကြပြီး တကယ့်စီးပွားရေးလုပ်ငန်းရှင်ပုံစံ အယောင်ဆောင်တတ်ကြပါတယ် ။ ဒီနည်းဟာ ဥရောပတိုင်းပြည် ( အထူးသဖြင့် UK, အီတလီ စပိန် ) တို့မှာ အလွန်အဖြစ်များတယ်လို့ ဆိုပါတယ် ။ UK  မှာ ဒီနည်းနဲ့အလိမ်ခံရလို ကုန်တဲ့အစိုးရဘဏ္ဍာဟာ ဘီလီလျံနဲ့ချီပြီး ရှိတာမို့ အခုတော့  reverse charge  ဆိုတဲ့နည်းကို စတင်သုံးနေပြီလို့ ဆိုပါတယ် ။
( ဒီထက်ပိုမိုရှုပ်ထွေးတဲ့ Contra trading fraud ကို သိချင်ရင် ကိုယ့်ဖာသာကိုယ် လေ့လာကြပါကုန် )
  • စကားလည်းတော်တော်ရှည်နေမိပြီ ။ (  ဘယ့်နှယ်...... ကိုယ့်စားဝတ်နေရေးမှ အနိုင်နိုင် အခွန်အကြောင်းကိုလာလျာရှည်နေပြန်ပြီ ၊ သူက အစိုးရလော်ဘီ နဲ့တူတယ် ၊ ဖွန်ကြောင်ချင်ကြောင်ပလိုက်မယ် အခွန်တော့မဆောင်နိုင်ဘူး ။ ဘာမှတ်တုန်း ။ ) 
ဟုတ်ပါ့.....အခွန်ဆိုမှတော့ ဘယ်သူက အားအားလျားလျား ပေးချင်မှာတုန်းနော် ။ မာဂရက်မီရှဲလ်က လေရူးသုန်သုန်ထဲမှာ ရေးသွားသလိုပေါ့
 Death, taxes and childbirth! There's never any convenient time for any of them. 
 သေခြင်းတရားရယ် ၊ အခွန်ရယ် ၊ ကလေးမွေးဖွားရခြင်းရယ်အတွက် ဘယ်တော့မှ သက်သာတဲ့အချိန်ဆိုတာ မရှိပါ ဘူး   တဲ့ ။
 ဒါပေမယ့် ခါးသီးတဲ့အမှန်တရားကလည်း အစိုးရတွေဟာ ပိုက်ဆံမရှိဘဲ တိုင်းပြည်ကို လည်ပတ်လို့ မရပါဘူး ။ လိုတဲ့ပိုက်ဆံကို ရဖို့နည်းအမျိုးမျိုးနဲ့ရှာရတဲ့အထဲမှာ  Tax  ဆိုတာ အဓိက ၀င်ငွေလာရာအရပ်တစ်ခုပါဘဲ ။ ( ကြည့်....ပြောလေ...ကဲလေ )
                                 *****************တကယ်လို့******************
  • ချိုင့်ခွက်အပြည့်နဲ့ ထိန်းသိမ်းမှုမရှိတဲ့ လမ်းတွေ ဖြောင့်ဖြူးလာတာ မြင်ရရင် ၊
  •  မျက်စိခွဲမယ် ကလေးမွေးမယ် စသည်ဖြင့် တခုခု အော်ပရေးရှင်းလုပ်တာမျိုးကို အစိုးရဆေးရုံမှာ အလကားဝန်ဆောင်မှုရရင် ၊
  • ဆေးရုံတွေမှာ ကိုယ့်ဆေးကိုယ် ထွက်မ၀ယ်ရရင်
  • အနာဂတ်ရဲ့ရင်သွေးငယ်တွေကို မသင်မနေရစနစ်နဲ့ '' ပီပြင်အဆင့်မှီတဲ့ '' ပညာအလကားသင်ပေးတာမျိုးတွေရှိလာခဲ့ရင်
  • အခြေခံလူတန်းစားရဲ့စားဝတ်နေရေးအခြေအနေ သိသိသာသာတိုးတက်လာခဲ့ရင်
  • ၀န်ထမ်းတွေရဲ့ အခြေခံလစာကို အလျင်မှီလောက်ငှလာစေခဲ့ရင်
  • လာဘ်ပေးလာဘ်ယူဒို့ရန်သူ လို့ ပြူးနေအောင် ရေးထားတဲ့ အခွန်ရုံးတွေမှာ စာအိတ်ဖြူဖြူလေးတွေ မသိမသာထိုးထိုးပေးတာမျိုး လုံးဝမရှိတော့ဘူးလို့ သေချာသိရရင်
  • နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ငံတဲ့ အခွန်ဥပဒေတွေ ရှိလာမယ်ဆိုရင် ( ဥပမာ နိုင်ငံခြားမှာ အလုပ်လုပ်သူတွေ အခွန်ကို ကိုယ့်နိုင်ငံမှာလည်း ပြန်ဆောင် ၊ အလုပ်လုပ်နေတဲ့နိုင်ငံမှာလည်း ဆောင်ခဲ့ရသလိုမျိုး မတရားတဲ့ (ယခင်) ဥပဒေမျိုး လုံးဝမရှိတော့ဘူးဆိုရင်.....ရင်.....ရင်.....ရင်
အခွန်ဟာ လိုလိုလားလားပေးချင်စရာမဟုတ်ပေမယ့် ပေးသင့်တဲ့အရာလို့ ပြည်သူက လက်ခံလာမယ် မဟုတ်ပါလား ။
( ဟူး....မောလိုက်တာ .....ပြောလည်း တပြောဘဲ ရှိမယ်နဲ့ တူပါတယ်      :3 >:o  )
“စည်းဝိုင်းလေးထဲ ၀င်ပါရစေ”
$
0
0
စွန့်သူက မစားရဘူး
မစွန့်သူက “စား” ရတယ်
မင်းခယောက်ျား
ကမ်းနားသစ်ပင်ပါပဲလေ။
ခရိုနီ..ခရိုနီနဲ့
တံဆိပ်တွေ လွယ်လွယ်တတ်လိုက်ကြ
ရုံးပြင်ကန္နား…တဲ့
အလွယ်တကူ မျက်နှာထားတွေဆိုးကြ
ပြောရစတမ်းဆို
ကျွန်တော်တို့ ဘ၀များလည်း
ခင်ဗျားတို့လိုပါပဲ
မနက်ပြီးရင်ည
ဆန်ဝယ်ဖို့ စိတ်ပူနေရတာပါ။
ကျွန်တော်တို့ တောင်းတဲ့ လက်ဖက်ရည်ဖိုး
ခင်ဗျားတို့ဆီက မခိုးပါဘူး
အဦးအဖျား ဆက်သရတာမဟုတ်ပါဘူး
တခါတလေ ကျောင်းစရိတ်
တခါတလေ အသုံးစရိတ်
အံကြိတ်ပြီး အရှက်ကို ချပြနေရသူတွေပါ
ခင်ဗျားတို့ကို အားမနာလို့ မဟုတ်ခဲ့ပါ။
မော်ဒယ်မြင့်ကားတွေနဲ့
ဟိုသွားဒီသွားသွားရအောင် မဟုတ်ခဲ့ပါ
ဟိုသားဒီသား
နိုင်ငံခြားကျောင်းသွားထားဖို့မဟုတ်ပါ
ဟိုနားဒီနား
တိုက်များများဆောက်ဖို့ မဟုတ်ပါ
ကျွန်တော်တို့ဟာ
လူချင်းလည်း ကွဲပါတယ်
မူချင်းလည်း…လွဲပါတယ်
အတူ တစ်သင်းထဲဆိုပြီး……မဖြဲပါနဲ့။
ခေါင်းငုံရိုကျိုး
လူလူချင်း ရှိခိုးရမတတ်
အရှိန်အစော်တွေ ပြနေတတ်သူကို
ခင်ဗျားတို့လိုပဲ
ကျွန်တော်တို့ မျက်စေ့ထဲ Cross ဖြစ်ပါတယ်
ပိုဆိုးတာက
အဲဒီလိုလူတွေအား
ခင်ဗျားတို့က တခါတလေမှ ကြုံရ
ကျွန်တော်တို့က တစ်သက်တာ ၀ပ်တွားနေရတာပါ။
အပြင်စည်းအတွင်းစည်း
ကျွန်တော်တို့ ခြားပြီးမနေလို
သူလိုကိုယ်လို ဘ၀များထဲ
တစ်လှေထဲစီး တစ်ခရီးထဲသွားအချင်းချင်း
အံတင်းမာန်တင်း မနေလို။
တကယ်ဆို ကျွန်တော်တို့လည်းအတူတူ
ကျွန်တော်တို့လည်း ပြည်သူ
ကြည်ကြည်ဖြူဖြူ ကျွန်တော်တို့ကိုလည်း
စည်းဝိုင်းလေးထဲ ထည့်ပေးပါခင်ဗျား။ ။
သက္ကမိုးညို
သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ
$
0
0
 Photo: သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ  ------------------------------- ရေးသားသူ- ထွန်းခိုင်  လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။  ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။  လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။  ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။  သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။  ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။  မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။  ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။  မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။  သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။  ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။  လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး နှစ်ဦးတည်း။  ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။  “နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”  ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။  နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။  ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။  ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။  “ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။  သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။  သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။  ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်။  “အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င် ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”  ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။   အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။  ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။  ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။  သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်။  အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။  ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။  ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။  အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။  ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။   ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။ သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။  “သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။  အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။  အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။  နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။  “ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။  လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။  အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။  ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။  ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။  အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲတင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုကအကန့်တွေတစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။  ဓာတ်ပုံ- Chosun Ilbo သတင်းစာ
သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ
-------------------------------
ရေးသားသူ- ထွန်းခိုင်
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။
ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။
လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။
ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။
သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။
ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။
မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။
ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။
မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ
ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။
သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။
ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။
လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး
နှစ်ဦးတည်း။
ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။
“နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”
ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။
နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။
ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း
ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။
“ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက
ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။
သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။
သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။
ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်။
“အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င်
ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”
ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။
အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။
ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။
ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။
သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်။
အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။
ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။
ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။
အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။
ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။
ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။
“သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။
အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။
အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။
နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။
“ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။
လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။
အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။
ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။
ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။
အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲတင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုကအကန့်တွေတစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။
ဓာတ်ပုံ- Chosun Ilbo သတင်းစာ
ကောင်းကင်ငိုတဲ့ နေ့
$
0
0
Photo
မျက်ရည်က ပါးပြင်ပေါ်ကို လိမ့်ဆင်းလာသည်။ ကျွန်တော်မသုတ်မိ။
ရှေ့တည့်တည့်တွင် နိုင်ငံတော်အလံက တိုင်တစ်ဝက်တွင် လွင့်နေသည်။
“ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားအပေါင်းအား အလေးပြု ”
ကျွန်တော် ဦးခေါင်းကိုညွှတ်လိုက်သည်နှင့် ပါးပြင်ပေါ်က မျက်ရည်စတွေက မြေပေါ်သို့ ကျဆင်းသွားသည်။
သြော်..တကယ်တော့ ဒီနေ့ဟာ ကျွန်တော်တစ်ယောက်ထဲ ၀မ်းနည်းကြေကွဲနေရတာ မဖြစ်နိုင်ပါ။ နိုင်ငံကိုချစ်၊ ခေါင်းဆောင်ကောင်းတို့ကို ချစ်တတ်သူတိုင်း ဒီလိုနေ့မျိုးမှာ ရင်ထဲကြေကွဲနေကြမှာပင်။
……….
“ အာဘုသော ကာရဏာ ကာရဏံ ဇာနာတီတိ အာဇာနီယော ”
အာဘုသော - လွန်စွာ၊ ကာရဏာ ကာရဏံ- အကြောင်းဟုတ်သည် မဟုတ်သည်ကို၊ ဇာနာတိ- သိတတ်၏။ ဣ တိ- ကြောင့်၊ အာာဇနီယော- မည်၏။
အာ-လွန်စွာ၊ လျင်မြန်စွာ၊ ဇာနီယ-သိတတ်သူ။
အကြောင်းဟုတ်သည်မဟုတ်သည်ကို လွန်စွာ၊ လျင်မြန်စွာ သိတတ်သူသည် အာဇာနည်တဲ့။
မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း၊ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကောင်းကောင်းဘယ်သူတွေ သိခဲ့သလဲ။ သမိုင်းကြောင်းအတွက် ဘယ်သူတွေ ဘာလုပ်ခဲ့သလဲ။
ကျွန်ဆိုတဲ့အလုပ်ဟာ ခဏတစ်ဖြုတ်လဲမကောင်း၊ ဘယ်တော့မှလဲ မကောင်းပါ။
မြန်မာနိုင်ငံကတော့ မကောင်းလှတဲ့ ကျွန်ဘ၀ကို နှစ်တစ်ရာနီးမျှ သက်တမ်းရှည်စွာ နေခဲ့ရသည်။ ထိုကျွန်ဘ၀ရှည်မှ လွတ်မြောက်အောင် ဘယ်သူတွေဘာလုပ်ခဲ့ကြပါသလဲ။
အကြောင်းဟုတ်သည် မဟုတ်သည်ကို ကောင်းကောင်းသိသော အာဇာနည်ပုဂ္ဂိုလ်ကြီးများကပင် ကျွန်တော်တို့ တိုင်းသူပြည်သားတွေ လွတ်မြောက်အောင် လုပ်ဆောင်ခဲ့ကြသည် မဟုတ်ပါလား။
………..
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့။
ရန်ကုန်မြို့ရဲ့ ရာသီဥတုဟာ “မိုးလင်း ကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက် ရှိသည် ။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ် ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ဆရာ ဒဂုန်တာရာက ရေးသား မှတ်တမ်းတင် ခဲ့သည်။
ထိုနေ့က မိုးနှင့်အပြိုင် မြန်မာပြည်သူပြည်သားတွေ မျက်ရည်ရွာသွန်းခဲ့ကျသည်။
ထို့နေ့နှင့် နှစ်ပေါင်း ၃၀ ကျော်မှ မွေးဖွားခဲ့သော ကျွန်တော်တို့အဖို့မှာပင် “ အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါတယ် ” ဆိုတဲ့  သီချင်းသံ…ဥသြဆွဲသံ ကြားလိုက်ရသည်နှင့် ကြက်သီးတဖြန်းဖြန်းထ၊ မျက်ရည်ကဝေ့တက်လာစမြဲပင်။
သို့သော် ပို၍နာကျင်ကြေကွဲခဲ့ရသည်က ထိုအသံတွေ မထွက်ဝံ့သော၊ မေ့ပျောက်ခံရသော နှစ်တွေဖြစ်သည်။
မည်သို့ပင်ဆိုစေ သမိုင်းသည် သမိုင်းပင်ဖြစ်သည်။ ဆရာကြီး ဒေါက်တာသန်းထွန်း ကပြောဖူး သည်။ သမိုင်းဆိုတာ ဖြစ်ပျက်သမျှကို မှတ်သားထားတဲ့ မှတ်တမ်းသာဖြစ်တယ်တဲ့။ မှတ်တမ်းကို ဘယ်လောက်ပဲပြင်ပြင် သမိုင်းဟာ မပျောက်ပျက်နိုင်ပါ။
……………
ကျွန်တော်တို့ ၀န်ထမ်းဘ၀က ပို၍ဆိုးသည်။ ပါတီနိုင်ငံရေး ကင်းရှင်းရမည်တဲ့။ ကျွန်တော်တို့ ပါတီနိုင်ငံရေး မပြောနှင့် အထက်ကခိုင်းသော အလုပ်ထဲတွင် ၀မ်းရေးကိုတောင် မနည်းကျောင်းယူ နေရသည်။ ဗိုလ်ချုပ်ဟုဆိုလျှင် အလုပ်ပါပြုတ်ရမည့် အခြေအနေမျိုးတွေ ဖြစ်ခဲ့ကြရသည်။
ဗိုလ်ချုပ်ဆိုလျှင် စစ်တပ်က ဗိုလ်ချုပ်ပဲသိလာနေသည့် အခြေအနေတွေ ဖြစ်လာခဲ့ရသည်။
ကလေးတွေကို အာဇာနည်နေ့ဘယ်နေ့၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိက ဘယ်မှာ မေးလျှင် မသိသော ကလေးများစွာ ရှိခဲ့လေသည်။
ယခုလို ဗိုလ်ချုပ်ပုံတွေ ခေတ်မစားခင် ယခင်အစိုးရလက်ထက်က ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဗိုလ်ချုပ် မွေးနေ့အမှတ်တရဆိုပြီး တီရှပ်လုပ်ဝတ်ခဲ့ကြသည်။ တံဆိပ်ရိုက်ပေးသူကလည်း ခိုးကြောင်ခိုးဝှက် ရိုက်ပေးခဲ့ကြသည်။
ကျွန်တော်တို့ကတော့ ရဲရဲဆင်၊ ရဲရဲဝတ်ခဲ့ကြသည်။
(ဒီနေရာမှာ တိုက်ဆိုင်လို့ တစ်ခုလောက်ပြောချင်ပါသည်။ ကျွန်တော်တို့ ၀တ်ခဲ့ကြတော့ အထက်လူကြီးများက မင်းက NLD ကလားလို့ မေးခဲ့ကြသည်။ ဗိုလ်ချုပ်ပုံမြင်လျင် NLD ကိုပဲ ပြေးမြင် ယောင်တတ်ကြသည်။ ဗိုလ်ချုပ် သမီးဦးဆောင်သော NLD သည် ဗိုလ်ချုပ်နှင့် မဆိုင်ပါ။ ဗိုလ်ချုပ်သည် တိုင်းပြည်တစ်ပြည်လုံးနှင့်သာ ဆိုင်ပါသည်။ နောင် တက်လာမည့် ကလေးတွေ၏ စိတ်ထဲတွင် ဗိုလ်ချုပ် သည် NLD ပါတီက ဟူသော အမြင်မျိုးမြင်သွားမှာ စိုးရိမ်မိပါသည်။ ကျွန်တော်အမြင်ဖြစ်ပါသည်။)
တီရှပ်အပြင် ဗိုလ်ချုပ်အခွေထုတ်သည်။ ဓာတ်ပုံထုတ်သည်။ ဓာတ်ပုံတွင် ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့သော “ လူမှာအရေးကြီးဆုံးက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို ချစ်မြတ်နိုးမှုရယ် ” ဆိုတဲ့ စာလေးထည့်၊ ဗိုလ်ချုပ်လက်မှတ်ထည့်ပြီး ဝေငှခဲ့ကြသည်။
ဗိုလ်ချုပ် စိတ်ဓာတ်နှင့် အာဇာနည်ကြီးများ၏ စိတ်ဓာတ်ကို အတုယူ၍ အမှန်တရားကြောင့် ၀တ်ဆင်ခဲ့ကြသည်။
ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်သည် ရိုးသားရဲရင့်လှသည်။
ဗိုလ်ချုပ် အောင်ဆန်းရဲ့ “သူ့ကို လုပ်ကြံမဲ့လူ မရှိနိုင်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆောင် အယောင် ပကာသနတွေကို ရွံ့ရှာ စက်ဆုပ်ပြီး လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တဲ့ ဗိုလ်ချုပ်ရဲ့ စိက်ရင်း စေတနာ ဖြူစင်ရိုးသားမူကိုအခွင့်ကောင်းယူပြီး လုပ်ကြံခဲ့ကြသည်။
နိုင်ငံရဲ့ အလင်းရောင်သည် လူတစ်ဦး၏ ၀န်တိုစိတ်ကြောင့် အမှောင်ကြခဲ့ရသည်။
…………..
ဗိုလ်ချုပ်တို့ ကျဆုံးပြီး နှစ်ပေါင်း ၃၀ ကျော်မှ ကျွန်တော်မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်သည် ကျွန်တော့ ဖခင်မဟုတ်ပါ။ ဦးရာဇတ်သည် ကျွန်တော့ ဦးလေးမဟုတ်ပါ။
သခင်မြသည် ကျွန်တော့ ဘကြီးမဟုတ်ပါ။ အာဇာနည်ခေါင်းဆောင်ကြီးများသည် ကျွန်တော်နှင့် ဆွေမျိုးတော်ဆပ်ခြင်းမရှိပါ။
ဗိုလ်ချုပ်ဟူသည်လည်း ဓာတ်ပုံထဲ၊ သမိုင်းထဲတွင်သာ မြင်ခဲ့ကြရခြင်း၊ သိခဲ့ကြရခြင်းဖြစ်သည်။
သို့သော် အဘယ်ကြောင့် ဇူလိုင် ၁၉ ရောက်လျှင် မျက်ရည်ကျရပါသနည်း။
ဂျူဗလီဟောတွင် ပြင်ထားသော အာဇာနည်ကြီးများ၏ ရုပ်ပုံကိုမြင်ရတိုင်း ရင်ထဲမချိအောင် နာလှသည်။ အဘယ်ကြောင့်ဖြစ်ရပါသနည်း။
ရိုးသားသူကိုချစ်သည်။ ဖြောင့်မတ်သူကိုချစ်သည်။ တိုင်းပြည်ကို တကယ်ချစ်၊ တကယ်လက်တွေ့ လုပ်သွားသူတွေ၊ လုပ်ဆောင်နေသူတွေ၊ အာဏာထက် ရိုးအေးသော ဘ၀ကို တည်ဆောက် သူတွေကို ကျွန်တော်ချစ်သည်။
ထို့ကြောင့် ဗိုလ်ချုပ်နှင့် အာဇာနည်ကြီးများကို ချစ်သည်။
ချစ်၍ ဇူလိုင် ၁၉ ဆိုလျှင် ကြက်သီးမွှေးညင်းများထ၍ မျက်ရည်တို့ ကျရပါသည်။
………
“ နေမြဲ ”
ဦးခေါင်းကို ပြန်မော့လိုက်သည်။ မိုးပေါက်တို့က တစ်စက်နှစ်စက်ကျလာသည်။
မနက် ၄ နာရီလောက်ကတည်းက တစ်ပေါက်နှစ်ပေါက် ကျသော မိုးက အုံ့အုံ့မှိုင်းနေသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသော နေ့တွင်လည်း မိုးက ရွာသွန်းနေသည်ဟု မှတ်သားရသည်။
ဟော ..ခုလည်းကြည့် မိုးက တစ်စက်နှစ်စက်ကနေ ခပ်သည်းသည်းလေး ရွာလာသည်။
ပါးပြင်ကို စမ်းကြည့်လိုက်မိသည်။ မျက်ရည်စတွေမရှိတော့။
ကျွန်တော့ မျက်ရည်စတွေကတော့ မိုးနှင့်အတူမျှောပါသွားပြီထင်ပါရဲ့။
မဟုတ်ဘူး….မဟုတ်ဘူး… ကျွန်တော့မျက်ရည်စတွေဟာ နာကျင်လို့ ကောင်းကင်က ငိုချလိုက်တဲ့ မျက်ရည်မိုးနဲ့အတူ ပေါင်းစီးသွားတာ။
ဟုတ်တယ် ဒီနေ့ဟာ ကောင်းကင်ငိုတဲ့ နေ့ပါပဲ။
( ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့အား ၀မ်းနည်းစိတ်ဖြင့် အာဇာနည်ကြီးများကို ဂုဏ်ပြုရေးပါသည်)
 မောင်ပိုင်
၁၀-၇-၂၀၁၃။
— with William Tuntunko and 11 others.
Photo
ရုပ်ပုံလွှာတွေရဲ့  အထဲမှာ................
$
0
0
July 10, 2013 at 7:44pm
အမေရိကန်ကထုတ်တဲ့မဂ္ဂဇင်းမို့ ဆိုပြီး   အမေရိကန်သမ္မတကိုလည်း ဘေးမဲ့ပေးထားတာမျိုးတော့  မဟုတ်ပါဘူး။မှတ်မှတ်ရရ အိုဘားမားက  လိင်တူဥပဒေကို သဘောတူလက်မှတ်ရေးထိုးလိုက်တဲ့အခါ Time ကတင်ခဲ့တဲ့ မျက်နှာဖုံးကGay President ဆိုပြီး အိုဘားမားရဲ့ portrait အပြည့်နဲ့ ပါ။ Time ၏ မျက်နှာဖုံးပေါ်မှာ  အချို့ လည်း သေဆုံးပြီးမှရောက်ရှိလာခဲ့ကြပြီး၊  အချို့ ကတော့  ရှင်သန်နေကြဆဲမှာပဲ  ရုပ်ပုံလွှာတွေအဖြစ်  အကြိမ်ကြိမ် ဖွဲ့ နွဲ့  ခံခဲ့ကြရပါတယ်။
မြန်မာနိုင်ငံနဲ့  ပတ်သက်လို့ လည်း Time က လျစ်လျူမရှုခဲ့ပါဘူး။  မြန်မာအကြောင်းကို cover story အဖြစ် ရှုထောင့်မျိုးစုံကနေ  အကြိမ်ကြိမ်ရေးဖွဲ့ ခဲ့တာပါ။
Burma's Long March  ..... မြန်မာရဲ့ခရီးရှည်ချီတက်ပွဲ  ဆိုပြီး လူငယ်ဗိုလ်လောင်းတစ်ယောက်ရဲ့ ပုံနဲ့ How the junta is grooming a new generation to perpetuate its hold on power  အာဏာကိုကြိုးကိုင်ထားနိုင်အောင် စစ်အစိုးရကသူရဲ့မျိုးဆက်သစ်ကို ဘယ်လိုအမွှေး အရောင်ပြောင်အောင် ဖြီးသင်ပေးမှာလဲ..လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
Proujin For Barma .....  မြန်မာနိုင်ငံအတွက် ဆုတောင်း   ဆိုပြီး  အဖြူရောင် cover ပေါ်မှာ လက်အုပ်ချီဆုတောင်းနေတဲ့ဘုန်းကြီးများပုံနဲ့   Monks lead protets against abnuted regine that replies with an iron first. But the wold is watchingသံဃာတွေဦးဆောင်တဲ့ ဆန့်ကျင်ပွဲတွေကို ရက်စက်ကြမ်းကြုတ်တဲ့အစိုးရက သံလက်သီးနှင့်တုန့်ပြန်တယ်။ ဒါပေမဲ့ ကမ္ဘာကတော့ စောင့်ကြည့်နေရုံပါပဲ....လို့  ပြောပြခဲ့ပါတယ်။
The Fighter .......  တိုက်ခိုက်ရေးသမား  ဆိုပြီး  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်နုစဉ်ကပုံရိပ်အသွင်နဲ့ Burma's ASSK is a beacon of freedom in a country without it ဒေါ်စုဟာ နိုင်ငံတစ်ခုအတွက် လွတ်မြောက်ခြင်းရဲ့မီးသျူးတန်ဆောင်၊ သူမရှိလို့ကတော့........ဆိုပြီး ဒေါ်စုရဲ့ တန်ဖိုးကို ဖော်ပြခဲ့ဖူးပါတယ်။
Burma Unbound   ....နှောင်ကြိုးက လွတ်တဲ့မြန်မာ  ဆိုပြီး သမ္မတဦးသိန်းစိန်ရဲ့ ပုံနဲ့  Presendent UTS is trying to trous form a military state into a thriuing democracy. Can be succeed and will Burma's Geuseral let him?သမတကြီးဦးသိန်းစိန်ကတော့ စစ်အစိုးရ အုပ်ချုပ်တဲ့နိုင်ငံကနေအောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ သူအောင်မြင်နိုင်ပါ့မလား။ မြန်မာဗိုလ်ချုပ်တွေကရော သူ့ကိုခွင့်ပြုပါ့မလား  လို့  ဒီမိုကရေစီအစိုးရအသစ်ဆိုတာရဲ့ ခေါင်းဆောင်ကို  မေးခွန်းထုတ်ပြခဲ့ပါတယ်။
Bewave of pied pipe......  မြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်ဦးနု   ဆိုပြီး  ဦးနုပုံပန်းချီနဲ့  Bewave of pied piper   မှော်ပလွေဆရာကိုသတိထား .....ဆိုပြီး မျက်နှာဖုံးတင်ခဲ့တာပါပဲ။
Young Burma  .......နုနယ်တဲ့မြန်မာ    ဆိုပြီး Rapper လူငယ်များပုံနဲ့ There may be little sign of political change, but a quiet resolution is under wayနိုင်ငံရေးပြောင်းလဲတဲ့လက္ခဏာပါးပါးလေးရှိကောင်းရှိနိုင်ပေမဲ့ တိတ်ဆိတ်တဲ့တော်လှန်ရေးကတော့ ဆက်ရှိနေမှာပါ  လို့  မြန်မာ့လူ့ ဘောင်အတွင်းက  လူငယ်တွေရဲ့ နိုင်ငံရေးအမြင်ကို အကဲဖြတ်ပြခဲ့ပါတယ်။
The Lady Returns  .......သူ ပြန်လာပြီ    ဆိုပြီး ဒေါ်စုရဲ့ ပုံနဲ့ လည်းBut ASSK now has to become more tham an icon of democracyအခုတော့ ဒေါ်စုဟာ သေးငယ်တဲ့ဒီမိုကရေစီပုံရိပ်တစ်ခုထက်သာလွန်တဲ့ အနေအထားကို ရောက်ဖို့လိုအပ်နေပြီ  လို့ ထောက်ပြခဲ့တာပါ။
Asian Jouney .....   အာရှခရီးစဉ်     ဆိုပြီး  ဦးပိန်တံတားပေါ်သံဃာတော်တစ်ပါး  လျှောက်လှမ်းနေပုံနဲ့ In Seanch for Panadise ...နိဗ္ဗာန်ရှာပုံတော်   လို့ လည်း  ဗုဒ္ဓဘာသာရဲ့ ငြိမ်းအေးရာခရီးကို သရုပ်ဖော်ပြခဲ့ဖူးပါတယ်။
Will She Rule?  .......  သူအုပ်ချုပ်ရမှာလား  ဆိုပြီး  ဒေါ်စုရဲ့ ရုပ်သွင်ကို ဖော်ပြပြီuးnder deution and forbidden to campaing, Burma's ASSR win a stunning victoryအထိန်းသိမ်းခံဘဝနဲ့အဖွဲ့ချုပ်ကို သွားဖို့ပိတ်ပင်ခံထားရတဲ့ကြားထဲက မြန်မာနိုင်ငံရဲ့ ဒေါ်စုကတော့တုန်လှုပ်ခြောက်ခြားလောက်အောင်  အောင်မြင်မှုတစ်ခုရခဲ့ပါတယ်   လို့   မြန်မာ့အတိုက်အခံခေါင်းဆောင်ရဲ့ သတ္တိကို ချီးမြှောက်ပြခဲ့ပါတယ်။
The face of Buddhist Terror  .......  ဗုဒ္ဓဘာသာဝင်လူကြမ်းရဲ့မျက်နှာစာ   ဆိုပြီးတော့How Militant Mouks Are FuelingAnti – Muslim Violence In Asiaအာရှအကြမ်းဖက်မှုကို လိုလားတဲ့ဘုန်းကြီးတွေက မွန်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေကို ဘယ်လိုသွေးထိုးမြောက်ပင့်ပေးနေကြသလဲ  ...လို့   မေးခွန်းထုတ်ခဲ့တာပါ။
ကျွန်တော့်အမြင်ကတော့  Time က သူ့ အလုပ်ကိုသူလုပ်တာပါ။  ကမ္ဘာကျော်စာနယ်ဇင်းတစ်ခုက သူ့ အမြင်ကိုသူယုံကြည်ရာအတိုင်းရေးဖွဲ့ ခဲ့တာပါ။  သူတို့ က ကောင်းတယ် ဆိုးတယ် သုံးသပ်တာထက် ၊ သူတို့ တွေရဲ့ မေးမြန်းတွေ့ ဆုံမှုတွေအရ ၊ လေ့လာစူးစမ်းမှုတွေအရ ဒါတွေကတော့  ဒီလို ရှိနေပါတယ်လို့   လွတ်လပ်တဲ့ စာနယ်ဇင်းအလုပ်ကိုပဲ  သူတို့ ယုံကြည်ရာကို  လုပ်ခဲ့တာပါ။
မြန်မာကို  ကောင်းတာရေးပေးရင်တော့ မိတ်ဆွေ။  ကိုယ့်အကြိုက်ကို မလိုက်ရင်တော့  ရန်သူ ဆိုတာမျိုး  စာနယ်ဇင်းကိုသတ်မှတ်လို့ တော့ ရမှာ  မဟုတ်ပါဘူး။  သူတို့  မြင်တာကို မြင်တဲ့အတိုင်း၊ သူတို့ သိတာကို သိတဲ့အတိုင်း၊ သူတို့ တွေ့ တာကိုတွေ့ တဲ့အတိုင်းရေးသားဖော်ပြကြမှာပါ။
တစ်နည်းအားဖြင့်ပြောရရင်တော့လည်း  ဘယ်သူမပြုမိမိမှုတွေပါ။  Time ကတင် ဒီလို ထင်တာမှမဟုတ်တာ။  မြန်မာပြည်က အသိညဏ်ရှိပြီး  မှန်မှန်ကန်ကန် မြင်တတ်၊ သုံးသပ်တတ်တဲ့ ဘယ်မြန်မာ မဆို  ဒီလိုပဲ  မြင်မိပါလိမ့်မယ်။  Hate speech  တွေကိုတရားအဖြစ် စတင်ကြားနေရကတည်းက  ဘာသာရေးဟာ  အသုံးချခံလိုက်ရနေပြီ။  ဘာသာတရားဟာ လမ်းအလွှဲခံနေကြရပြီ  ဆိုတာကို  မြင်တွေ့ ကြားသိနေကြရတာပါ။
မြန်မာတွေက သွေးဆူလွယ်တယ်။  ဘာသာရေးအကဲဆတ်တယ် ။ နိုင်ငံရေးလှည့်ကွက်အဖြစ် အာဏာရှင်အဆက်ဆက်ရေလဲနဲ့ သုံးခဲ့တဲ့ လက်စွဲတော် ဆေးကြီးတစ်ပါး ဖြစ်တယ်။  Hate speech တွေနဲ့  ဂဏန်းတွေ ပျံ့ နှံ့ စပြုစဉ်အခါကတည်းကကျွန်တော်အပါအ၀င် အတော်များများက  ဒါကတော့  ဘယ်ကို ဦးတည်နေပါတယ်လို့  ထောက်ပြခဲ့ကြပေမယ့်လည်း အများညီတဲ့ ဒဏ်ကိုတော့  မတွန်းလှန်နိုင်ခဲ့ကြပါဘူး။
အံ့သြစရာကောင်းတာက   အခုထိကို  သွေးထိုးလှုံ့ ဆော်မှုက  မရပ်တန့် သေးတာပါ။  လမ်းဘေးက လိင်တူစုံမက်သူတွေကိုတောင်  အမိအရ ဖမ်းတတ်တဲ့ တိုင်းပြည်မှာ ဘယ်အကြောင်းကြောင့်ရယ်တော့ မသိရပါပဲ အမုန်းစကားလှုံ့ ဆော်နေသူကြီးဟာ  အခုအချိန်ထိ ကောလဟာလများစွာကို  လွတ်လပ်စွာ  ဖန်တီးခွင့် ရနေဆဲပါ။
သူ့ တစ်ဦးတည်းအပေါ်မှာ  မထောက်ခံခဲ့ကြတဲ့ သံဃာအများစု  သွေးစည်းညီညွတ်စွာ  သူ့ ရဲ့ အမျိုးစောင့် ဥပဒေ ဆိုတာကြီးကို တညီတညွတ်  ထောက်ခံခဲ့ကြတာဟာ  Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးက  အများကြီး  တွန်းအားပေးသလို  ဖြစ်ခဲ့တာပါ။ အမှန်တော့ Time က ဦးဝီရသူကို  အင်တာဗျူးတယ်။ မေးတယ် ။ ဖြေတယ်။ အဲဒီနောက်မှ သူတို့ မြင်တာသူတို့  ရေးခဲ့တာပါ။ မြန်မာ့ အကြောင်း ကေ၇ှ့ မှာ ကျွန်တော် ရေးခဲ့သလို  ဒီတစ်ပုဒ်ထဲမဟုတ်ပါဘူး။ Time ဟာ အမြဲပဲ သူ့ အမြင်သူ လွတ်လပ်စွာ ရေးလေ့ရှိတာ၊  သူရဲ့ သမ္မတပင်ဖြစ်စေ  ဘယ်လို ရေးပြတတ်တာ ဆိုတာတွေကိုသာ  နားလည်နိုင်ခဲ့ရင် ဒီလောက်ဒေါသထွက်မယ်  မထင်ပါဘူး။ သူတို့ က ဗုဒ္ဓဘာသာကို  စော်ကားတာ မဟုတ်ပဲ  ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်နေတဲ့ဦးဝီရသူရဲ့ Hate speech တွေ အပေါ်မှာသာ အခြေတည်ပြီး  သူ့ ကိုသာ  Highlight  လုပ်ဖော်ပြခဲ့တာပါ။
အခုတော့  အဲဒီလိုနဲ့ ပဲ ကျွန်တော်တို့ ဟာ  တိုင်းပြည်က  အစစ အရာရာ မဖွံ့ ဖြိုး နိမ့်ကျရတဲ့အထဲ၊ အခုတော့ ရှေ့ ဆက်တိုးတက်ဖို့ နေနေသာသာ ၊ Middle Age  အလယ်ခေတ်ဆီကို  ပြန်သွားချင်နေကြပြီ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာရေး ဆရာ လက်ယာ အစွန်းရောက်များ  ကြီးစိုးအုပ်ချုပ်တဲ့ ၊ အယူဝါဒမတူရင်  ရက်ရက်စက်စက် ကွပ်ညပ်ပစ်တဲ့ ခေတ်ဆိုးကြီးဆီကို  ဗုဒ္ဓဘာသာဟာ အရောက်သွားဖို့  ပြင်နေခဲ့ရပါပြီ။  ဒါမှမဟုတ်ရင်တော့ လည်း  နောက်ကြောင်းပြန်လှည့်ဖို့ အတွက်  စစ်တပ်ရဲ့ Campaingn တစ်ခုကို ဦးဝီရသူ ဦးစီးအကောင်အထည်ဖော်ပေးနေ တယ်လို့ ပဲ  ရိုးရှင်းစွာ မြင်ပါတယ်။
အဲဒါကတော့  ဦးဝီရသူရဲ့ ရုပ်ပုံလွှာအောက်က  ကျွန်တော် မြင်မိတဲ့ အမြင်တွေပါ။       ။
                                                                                      ပြည်ချစ်သူ
                                                                                      10.7.2013
Ref:  Mg Yu Py    အပင်ပန်းခံပြီး ရှာဖွေစုဆောင်းထားသည့်  အချက်အလက်များအား  ရေးသား အသုံးပြုခွင့် ပေးသော ဆရာ မောင်ယုပိုင်ကို  ကျေးဇူးတင်စွာ  မှတ်တမ်းတင်ပါသည်။
Normatic Ethics
$
0
0
 Photo: -လူထုနဲ့ပတ်သက်တဲ့ ပေါ်လစီတွေချမှတ်ရင် အပြောများတဲ့ အယူအဆတစ်ခုရှီတယ်။ အဲ့ဒါက Utalitarianism လို့ခေါ်တဲ့ အယူအဆပေါ့။ အလွယ်ပြောရရင် ပေါ်လစီတစ်ခုချမှတ်လိုက်ရင်၊ အဲ့ဒီပေါ်လစီကို အကောင်အထည်ဖော်လိုက်ရင် လူတွေရဲ့ဘေးဒုက္ခလျော့ပါးသွား၇မယ်။ ပျော်ရွှင်မှုတိုးပွှားလာရမယ်ပေါ့။ ဒီလို ဟာကိုအကောင်အထည်ဖော်မယ်ပေါ့။   -အဲ့ဒီ အယူအဆက Nomative Ethics လို့ခေါ်တဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအယူအဆတစ်မျိုးပါပဲ။ အဲ့ဒီ အယူအဆကို ကြည့်ရင် နှစ်ပိုင်းတွေ့ရမယ်။ ရလာဒ်နဲ့ နည်းလမ်းပေါ့။ နည်းလမ်းမှန်၊ ရလာဒ်ကောင်း။ နည်းလမ်းမှား ရလာဒ်ကောင်း  ကိုလက်ခံတယ်။ အဓိကက ရလာဒ်ကောင်းဖို့အဓိက လိုဖြစ်တယ်ပေါ့။ ဒါကြောင့်ဓီ Utilitarinism အယူအဆနဲ့ လူထုပေါ်လစီတွေချမှတ်တဲ့သဘောတရားဟာ Conseqensialism လို့ခေါ်တဲ့ ရလာဒ်ပဓာနဝါဒနဲ့သွားတာဖြစ်တယ်လို့ ထောက်ပြကြတယ်။ တိန့်ရှောင်ဖိန်ရဲ့ ကြောင်ဖြူတာ၊ကြောင်မည်းတာအဓိကမဟုတ် ကြွက်မိဖို့အဓိက ပေါ်လစီဟာ ဒီသဘောတရားပဲ။   -ဒါနဲ့ကွဲပြားနေတဲ့ အယူအဆက Dentological Theory လို့ခေါ်တဲ့အယူအဆဖြစ်တယ်။ အဲ့ဒီအယူအဆကို လူထုပေါ်လစီချမှတ်တဲ့နေရာတွေမှာ သုံးရင် သူက အရင်ပေတံတွေထုတ်တယ်။ သူ့ဆီမှာ နဂိုရှိနှင့်ပြီး စံတွေနဲ့အရင်ချိန်ကိုက်ပြီး အဲ့ဒီစံတွေအတိုင်းပဲလုပ်တယ်။ သူ့ရဲ့အဓိက အယူအဆက ပေါ်လစီချမှတ်လိုက်ပြီဆိုရင် ဒီပေါ်လစီဟာ သဘာဝယုတ္တကျရမယ်၊ လောထဓလေ့ထုံးတမ်းတွေနဲ့ညီရမယ်။ ဒါမှသာမှန်ကန်တယ်ဆိုတဲ့သဘော။ သူက ဒီလိုမှန်တယ်ဆိုရင် ရလာဒ်ဟာလဲ ကောင်းနေမယ်လို့ ကြည့်တဲ့သဘောနည်းနည်းဆန်တယ်။ သူအဓိက ကြည့်တဲ့နေရာက ရလာဒ်ထက် လုပ်ရပ်ကို ကြည့်ခြင်းဖြစ်တယ်လို့ ကောက်ယူကြတယ်။ ဥပမာ အချို့ကွန်မြူနစ်တိုင်းပြည်တွေဟာ တိုင်းပြည်အတွက်အရင်းရှင်နိုငငံနဲ့ ဆက်ဆံရင် အခြေအနေတိုးတက်နိုင်ပေမယ့် မဆက်ဆံဘဲ တင်းခံတတ်တဲ့ အယူအဆမျိုးတွေဖြစ်တယ်။ မူနဲ့ပတ်သက်ရင်တစ်ပြားသားမှ အလျှော့မခံနိုင်တဲ့ သဘောကိုဆောင်ပါတယ်။   -နောက်တစ်မျိုးတော့ Virtue Theory လို့ခေါ်တဲ့ဟာပေါ့။ အဲ့ဒီဟာကဘာလဲဆိုရင် လူတစ်ဦးတစ်ယောက်၊ ခေါင်းဆောင်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျင့်တန်ဘိုးကိုအဓိကထားကြည့်တာပေါ့။ ပေါ်လစီချမှတ်ခြင်းထက် ပေါ်လစီချမှတ်သူရဲ့ စရိုက်ကိုကြည့်တာပေါ့။     -ဝီကီက ဥပမာကိုပေးရမယ်ဆို၇င်...  -Consequentilists တစ်ဦးဟာ အကျိုးရှိလို့လိမ်ရမယ်ဆိုရင် လိမ်မယ်။ မလိမ်ရင်အားလုံးအကျိုးယုတ်ကုန်မယ်။   -Dentologist တစ်ဦးကတော့ လိမ်တာဟာ ဘယ်လိုနည်းနဲ့မှအကောင်းမဖြစ်နိုင်ဘူး။ လိမ်ခြင်းသည် မှားကိုမှား၇မယ်။   -Virtue Ethicists တွေကတော့ လိမ်ခြင်း မလိမ်ခြင်းဟာ အကောင်းအဆိုးပြောဖို့ခက်တယ်လို့မြင်တယ်။ ဘယ်သူ့အတွက်လဲ။ ကိုယ်ကျိုးအတွက်လား၊ အများအကျိုးအတွက်လား စတဲ့အချက်တွေအပေါ်မူတည်ပြီး ဒီလူရဲ့ စေတနာ၊ မေတ္တာ၊ တန်ဘိုးတွေကိုကြည့်လို့ရတယ်။ လိမ်ခြင်းဟာ ကောင်းတယ်၊ မကောင်းဘူးလို့ ယေယုယျဆန်ဆန် ပြောတာထက် တစ်ဦးချင်းရဲ့သဘောကို အနီးကပ်ပိုကြည့်တယ်ပေါ့။   -နားလည်အောင် ဥပမာပေးရမယ်ဆိုရင် ယနေ့ Conseqentialists တွေက အခု ကလေးနှစ်ဦးပေါ်လစီမှာ ဒေါ်စု အနေနဲ့ဒီလို စကားမပြောသင့်ဘူးလို့ပြောတယ်။ ရလာဒ်က မကောင်းနိုင်လို့။   -Dentologists ဆန်သူတွေက လူ့အခွင့်အရေးအဓိကစံနဲ့တိုင်းလို့ မပြောလို့မရဘူးလို့ပြောတယ်။   -Virtue Ethicists တွေကတော့ ဒီကိစ္စကိုပြောခြင်းဟာ မတော်တစ်ဆလား၊ လူနည်းစုအတွက်ရည်ရွယ်ပြောတာလား၊ ရေရှည်အတွက်ပြောတာလား စသဖြင့်ကြည့်ပြီး ဒီစကားတန်ဘိုးကိုခွဲခြမ်းစိတ်ဖြာလိမ့်မယ်။   လူထုဆိုင်ရာစီမံကိန်းတွေကို ချတဲ့အခါမှာ ဒီလို အရေးကြီးတဲ့ ချဉ်းကပ်နည်းသုံးမျိုးနဲ့စဉ်းစားတတ်ကြတယ်။ ဒီလိုစဉ်းစားတဲ့အတွက်ဆုံးဖြတ်ချက်တွေဟာ ပြောင်းလဲသွားတတ်ကြတယ်။ တိုင်းပြည်ကံကြမ္မာပြောင်းလဲသွားတတ်ကြတယ်။ ဒီတော့ ပေါ်လစီမိတ်ကာတွေရဲ့ တွေးခေါ်ပုံတွေမှာ ဘယ်လို စဉ်းစားရတယ်ဆိုတာလေးကို အတွေးအခေါ်ပိုင်းက Normatic Ethics က ဟာလေးသုံးခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
-လူထုနဲ့ပတ်သက်တဲ့ ပေါ်လစီတွေချမှတ်ရင် အပြောများတဲ့ အယူအဆတစ်ခုရှီတယ်။ အဲ့ဒါက Utalitarianism လို့ခေါ်တဲ့ အယူအဆပေါ့။ အလွယ်ပြောရရင် ပေါ်လစီတစ်ခုချမှတ်လိုက်ရင်၊ အဲ့ဒီပေါ်လစီကို အကောင်အထည်ဖော်လိုက်ရင် လူတွေရဲ့ဘေးဒုက္ခလျော့ပါးသွား၇မယ်။ ပျော်ရွှင်မှုတိုးပွှားလာရမယ်ပေါ့။ ဒီလို ဟာကိုအကောင်အထည်ဖော်မယ်ပေါ့။
-အဲ့ဒီ အယူအဆက Nomative Ethics လို့ခေါ်တဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအယူအဆတစ်မျိုးပါပဲ။ အဲ့ဒီ အယူအဆကို ကြည့်ရင် နှစ်ပိုင်းတွေ့ရမယ်။ ရလာဒ်နဲ့ နည်းလမ်းပေါ့။ နည်းလမ်းမှန်၊ ရလာဒ်ကောင်း။ နည်းလမ်းမှား ရလာဒ်ကောင်း ကိုလက်ခံတယ်။ အဓိကက ရလာဒ်ကောင်းဖို့အဓိက လိုဖြစ်တယ်ပေါ့။ ဒါကြောင့်ဓီ Utilitarinism အယူအဆနဲ့ လူထုပေါ်လစီတွေချမှတ်တဲ့သဘောတရားဟာ Conseqensialism လို့ခေါ်တဲ့ ရလာဒ်ပဓာနဝါဒနဲ့သွားတာဖြစ်တယ်လို့ ထောက်ပြကြတယ်။ တိန့်ရှောင်ဖိန်ရဲ့ ကြောင်ဖြူတာ၊ကြောင်မည်းတာအဓိကမဟုတ် ကြွက်မိဖို့အဓိက ပေါ်လစီဟာ ဒီသဘောတရားပဲ။
-ဒါနဲ့ကွဲပြားနေတဲ့ အယူအဆက Dentological Theory လို့ခေါ်တဲ့အယူအဆဖြစ်တယ်။ အဲ့ဒီအယူအဆကို လူထုပေါ်လစီချမှတ်တဲ့နေရာတွေမှာ သုံးရင် သူက အရင်ပေတံတွေထုတ်တယ်။ သူ့ဆီမှာ နဂိုရှိနှင့်ပြီး စံတွေနဲ့အရင်ချိန်ကိုက်ပြီး အဲ့ဒီစံတွေအတိုင်းပဲလုပ်တယ်။ သူ့ရဲ့အဓိက အယူအဆက ပေါ်လစီချမှတ်လိုက်ပြီဆိုရင် ဒီပေါ်လစီဟာ သဘာဝယုတ္တကျရမယ်၊ လောထဓလေ့ထုံးတမ်းတွေနဲ့ညီရမယ်။ ဒါမှသာမှန်ကန်တယ်ဆိုတဲ့သဘော။ သူက ဒီလိုမှန်တယ်ဆိုရင် ရလာဒ်ဟာလဲ ကောင်းနေမယ်လို့ ကြည့်တဲ့သဘောနည်းနည်းဆန်တယ်။ သူအဓိက ကြည့်တဲ့နေရာက ရလာဒ်ထက် လုပ်ရပ်ကို ကြည့်ခြင်းဖြစ်တယ်လို့ ကောက်ယူကြတယ်။ ဥပမာ အချို့ကွန်မြူနစ်တိုင်းပြည်တွေဟာ တိုင်းပြည်အတွက်အရင်းရှင်နိုငငံနဲ့ ဆက်ဆံရင် အခြေအနေတိုးတက်နိုင်ပေမယ့် မဆက်ဆံဘဲ တင်းခံတတ်တဲ့ အယူအဆမျိုးတွေဖြစ်တယ်။ မူနဲ့ပတ်သက်ရင်တစ်ပြားသားမှ အလျှော့မခံနိုင်တဲ့ သဘောကိုဆောင်ပါတယ်။
-နောက်တစ်မျိုးတော့ Virtue Theory လို့ခေါ်တဲ့ဟာပေါ့။ အဲ့ဒီဟာကဘာလဲဆိုရင် လူတစ်ဦးတစ်ယောက်၊ ခေါင်းဆောင်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျင့်တန်ဘိုးကိုအဓိကထားကြည့်တာပေါ့။ ပေါ်လစီချမှတ်ခြင်းထက် ပေါ်လစီချမှတ်သူရဲ့ စရိုက်ကိုကြည့်တာပေါ့။
-ဝီကီက ဥပမာကိုပေးရမယ်ဆို၇င်...
-Consequentilists တစ်ဦးဟာ အကျိုးရှိလို့လိမ်ရမယ်ဆိုရင် လိမ်မယ်။ မလိမ်ရင်အားလုံးအကျိုးယုတ်ကုန်မယ်။
-Dentologist တစ်ဦးကတော့ လိမ်တာဟာ ဘယ်လိုနည်းနဲ့မှအကောင်းမဖြစ်နိုင်ဘူး။ လိမ်ခြင်းသည် မှားကိုမှား၇မယ်။
-Virtue Ethicists တွေကတော့ လိမ်ခြင်း မလိမ်ခြင်းဟာ အကောင်းအဆိုးပြောဖို့ခက်တယ်လို့မြင်တယ်။ ဘယ်သူ့အတွက်လဲ။ ကိုယ်ကျိုးအတွက်လား၊ အများအကျိုးအတွက်လား စတဲ့အချက်တွေအပေါ်မူတည်ပြီး ဒီလူရဲ့ စေတနာ၊ မေတ္တာ၊ တန်ဘိုးတွေကိုကြည့်လို့ရတယ်။ လိမ်ခြင်းဟာ ကောင်းတယ်၊ မကောင်းဘူးလို့ ယေယုယျဆန်ဆန် ပြောတာထက် တစ်ဦးချင်းရဲ့သဘောကို အနီးကပ်ပိုကြည့်တယ်ပေါ့။
-နားလည်အောင် ဥပမာပေးရမယ်ဆိုရင် ယနေ့ Conseqentialists တွေက အခု ကလေးနှစ်ဦးပေါ်လစီမှာ ဒေါ်စု အနေနဲ့ဒီလို စကားမပြောသင့်ဘူးလို့ပြောတယ်။ ရလာဒ်က မကောင်းနိုင်လို့။
-Dentologists ဆန်သူတွေက လူ့အခွင့်အရေးအဓိကစံနဲ့တိုင်းလို့ မပြောလို့မရဘူးလို့ပြောတယ်။
-Virtue Ethicists တွေကတော့ ဒီကိစ္စကိုပြောခြင်းဟာ မတော်တစ်ဆလား၊ လူနည်းစုအတွက်ရည်ရွယ်ပြောတာလား၊ ရေရှည်အတွက်ပြောတာလား စသဖြင့်ကြည့်ပြီး ဒီစကားတန်ဘိုးကိုခွဲခြမ်းစိတ်ဖြာလိမ့်မယ်။
လူထုဆိုင်ရာစီမံကိန်းတွေကို ချတဲ့အခါမှာ ဒီလို အရေးကြီးတဲ့ ချဉ်းကပ်နည်းသုံးမျိုးနဲ့စဉ်းစားတတ်ကြတယ်။ ဒီလိုစဉ်းစားတဲ့အတွက်ဆုံးဖြတ်ချက်တွေဟာ ပြောင်းလဲသွားတတ်ကြတယ်။ တိုင်းပြည်ကံကြမ္မာပြောင်းလဲသွားတတ်ကြတယ်။ ဒီတော့ ပေါ်လစီမိတ်ကာတွေရဲ့ တွေးခေါ်ပုံတွေမှာ ဘယ်လို စဉ်းစားရတယ်ဆိုတာလေးကို အတွေးအခေါ်ပိုင်းက Normatic Ethics က ဟာလေးသုံးခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
ဘာသာရေးစစ်ပွဲများ
$
0
0
ဘာသာရေးစစ်ပွဲများ
============
( ဘီဘီစီ စာမျက်နှာတွင် ဖော်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ )
ဘုရားသခင်ကို စစ်ပွဲလှူံ့ဆော်ရေးအစီအစဉ်ထဲကို ထည့်သွင်းရုံမျှဖြင့် မြင့်မြတ်သောစစ်ပွဲဖြစ်လာသည်မဟုတ်။ စစ်ပွဲဖြစ်လာစေရန် နှိုးဆော်သောတွန်းအားသည် ဘာသာရေးဖြစ်မှသာ မြင့်မြတ်သောစစ်ပွဲဖြစ်နိုင်သည်။
ယခုခေတ်တွင် ဘာသာရေးစစ်ပွဲများအပေါ် အမြင်သည် ဆန့်ကျင်ဘက်ဖြစ်နေနိုင်သည်။လူထောင်ပေါင်းများစွာကို သတ်ဖြတ်၍ နယ်ပယ်တစ်ခုလုံးဖျက်ဆီးခြင်းသည် မြင့်မြတ်ခြင်းနှင့် ဝေးကွာလှမ်းလှသည်ဟု ထင်မြင်စရာကောင်းနေဧ။်
သို့သော် ဘာသာရေးနှင့် စစ်ပွဲဟူသည်မှာ လက်ချင်းတွဲခဲ့ကြသည်မှာ ကြာမြင့်လှပေပြီ။ စစ်တပ်များသည် ဘုရားသခင်က ၎င်းတို့နှင့်အတူရှိနေသည်ဟူသောယုံကြည်ချက်ဖြင့် ဆုတောင်းပဋာပြုပြီးနောက် စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ကြသည်။ ကျမ်းစာအလိုရ လူမျိုးစုတိုက်ပွဲများတွင် ရှူံးနိမ့်သူက အောင်နိုင်သူဧ။် နတ်ဘုရားများကို ပြောင်းလဲကိုးကွယ်ရတတ်သည်။
သို့ရာတွင် ဘုရားသခင်ကို စစ်ပွဲလှူံ့ဆော်ရေးအစီအစဉ်ထဲကို ထည့်သွင်းရုံမျှဖြင့် မြင့်မြတ်သောစစ်ပွဲဖြစ်လာသည်မဟုတ်။ စစ်ပွဲဖြစ်လာစေရန် နှိုးဆော်သောတွန်းအားသည် ဘာသာရေးဖြစ်မှသာ မြင့်မြတ်သောစစ်ပွဲဖြစ်နိုင်သည်။
မြင့်မြတ်သောစစ်ပွဲများတွင်အချက်သုံးချက်ပါဝင်သည်။
(၁) ဘာသာရေးရည်မှန်းချက်အောင်မြင်စေရန်
(၂) ဘာသာရေးခေါင်းဆောင်မှ ခွင့်ပြုချက်ပေးရန်
(၃) ပါဝင်ဆင်နွှဲသူများသည် စိတ်ဓါတ်ပိုင်းအရ ဆုချခံရသကဲ့သို့ ထင်မြင်စေရန်
ဘာသာရေးခေါင်းစဉ်တပ်လျက် ဆင်နွှဲသောစစ်ပွဲအများစုသည် သာမာန်စစ်ပွဲများကဲ့သို့ပင်ဖြစ်သော်လည်း အားလုံးတော့ မဟုတ်ပေ။
(၁) ဘာသာရေးအကြောင်းရင်းများ
===================
ဖရန်စစ်ဘာကွန်က မြင့်မြတ်သောစစ်ပွဲဖြစ်ရခြင်း အကြောင်း ၅ ချက်ကို တင်ပြသည်။ ( ခရစ်ယာန်ဘာသာဝင်အနေဖြင့် ရေးသားထားခြင်းဖြစ်သော်လည်းအချက်အလက်များသည် မည်သည့်ဘာသာအတွက်မဆို အကျုံးဝင်သည်။ )
(က) ယုံကြည်ကိုးကွယ်မှုကို ပျံ့နှံ့စေရန်
(ခ) ခရစ်ယာန်ဘာသာဝင် တစ်ဦးမှ မကျန်တော့သော်လည်း ယခင်ခရစ်ယာန်နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန်။
(ဂ) တစ်ချိန်က ခရစ်ယာန်နယ်များရှိ ခရစ်ယာန်ဘာသာဝင်များကို ကယ်တင်ရန် ( တစ်နည်း ဘာသာခြားများဧ။် ကျေးကျွန်ဖြစ်ခြင်းမှ ကာကွယ်ရန်။)
(ဃ) လက်ရှိ ညစ်ငြမ်းလျက် မသန့်စင်သောဒေသများအား ပြန်လည်သိမ်းပိုက်၍ သန့်ရှင်းစင်ကြယ်သောဒေသများဖြစ်လာစေရန်
(င) ခရစ်ယာန်များအသတ်ခံရခြင်း၊ ရက်စက်ခံရခြင်း၊ မကောင်းမှုများအတွက် ကလဲ့စားချေရန် ( လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ခဲ့သည့်တိုင်အောင် )
ပထမဆုံးအကြောင်းသည်သာ ယေဘူယျလက်ခံထားသောအကြောင်းများနှင့် မကိုက်ညီပေ။ အခြားအကြောင်းများသည် အချိန်ကာလရွေ့လျောမှုကြောင့် အကြောင်းမဟုတ်တော့ပဲလည်းဖြစ်နေနိုင်သည်။
(၂) တရားဝင်အာဏာပိုင်သူ
================
မြင့်မြတ်သောစစ်ပွဲအတွက် တရားဝင်အာဏာပိုင်သည် အစိုးရမဟုတ်ပေ။ ဘုရားကျောင်းများ သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် ဘာသာရေးအသင်းကို ဦးဆောင်သူများဖြစ်တတ်သည်။
ရှေးယခင်က အာဏာပိုင်သည် နတ်ဘုရားဖြစ်သည်။ ကျမ်းစာထဲတွင် မကြာခဏဆိုသလို ဘုရားသခင်သည် လူများကို စစ်ပွဲဆင်နွှဲရန် တိုက်ရိုက်အမိန့်ပေးစေခိုင်းတတ်သည်။ ယနေ့ခေတ်တွင်တော့ မဟုတ်ပေ။
(၃) တစ်ဦးချင်းစီဧ။် စိတ်ပိုင်းဆိုင်ရာဆုလာဒ်
========================
ပါဝင်ဆင်နွှဲသူများဧ။် စိတ်ပိုင်းဆိုင်ရာဆုလာဒ်အဖြစ် ခံစားရခြင်းသည်လည်း မြင့်မြတ်သောစစ်ပွဲဧ။် တတိယအချက်ဖြစ်သည်။ စစ်တိုက်ရုံမျှဖြင့် စစ်သားများသည် ဆုရသည်ဟု မထင်ပေ။ ဆိုးဆိုးရွားရွား ဒေ၀ဒတ်သင်ကြားမှုမျိုးကို ဆန့်ကျင်ခြင်းမှသာလျှင် ကိုယ့်ကိုယ်ကိုဆုရသည်ဟု ထင်နိုင်သည်။
ဘာသာရေးစစ်ပွဲသမိုင်း
=============
ပထမဆုံးသောမြင့်မြတ်စစ်ပွဲကို အောက်တိုဘာလ ၃၁၂ စီအီးတွင် ရိုမာန်အင်ပါယာဘုရင် ကွန်စတန်တင်းက ကောင်းကင်ယံ၌ လက်ဝါးကပ်တိုင်ကို အောင်နိုင်ရေးနမိတ်အဖြစ် မြင်ရသောကြောင့် ဆင်နွှဲခဲ့သည်။
ကွန်စတန်တင်းသည် ထိုနမိတ်ကို ယုံကြည်သဖြင့် သူ့စစ်သားများဧ။် ချပ်ဝတ်တန်ဆာများတွင် လက်ဝါးကပ်တိုင်တံဆိပ်နှိပ်ခတ်ခဲ့သည်။ သူ့ထက်အင်အားများသော ပိုလီသီးရစ်ကိုးကွယ်သူများကို အောင်နိုင်ခဲ့သည်။ ( သမိုင်းဆရာများက ခရစ်ယာန်အကျိုးစီးပွားများအတွက် အချိုးအကွေ့တစ်ခုဟု သတ်မှတ်ခဲ့သည်။ )
ခရူးဆိတ်စစ်ပွဲများ
==========
အနောက်တိုင်းဧ။် မြင့်မြတ်သောစစ်ပွဲပေါင်းများစွာကို ခရူးဆိတ်စစ်ပွဲများဟု ခေါ်သည်။ ၁၀၉၅ မှ ၁၂၉၁ စီအီးအထိဆင်နွှဲခဲ့ကြသည်။ ရည်ရွယ်ချက်မှာ မူဆလင်များနေထိုင်နေသော မြင့်မြတ်သည့်နယ်မြေများကိုပြန်လည်သိမ်းပိုက်လျက် အမှားကို အမှန်ပြင်နိုင်ရန် ခရစ်ယာန်ဘာသာအတွက် စစ်ပွဲဆင်နွှဲခြင်းဖြစ်သည်။
ပထမခရူးဆိတ်စစ်ပွဲကို ပုပ်ရဟန်းမင်းကြီး အာဘန်က ၁၀၉၅ တွင်ဆင်နွှဲခဲ့သည်။ မြင့်မြတ်သောနယ်မြေများကို သိမ်းပိုက်ထားပြီး ခရစ်ယာန်ဘာသာဝင်များကို နှိပ်စက်မှုများ အတွက် ဒေါသထွက်သောကြောင့် ခရစ်ယာန်ဘာသာအတွက် စစ်တိုက်ရန်အမိန့်ပေးခဲ့သည်။ ဘုရားသခင်က စစ်ပွဲကိုကောင်းချီးပေးသည်ဟု ပြောခဲ့သည်။
( သင်ဟာ ဘုရားသခင်အလိုတော်ရှိတဲ့အတိုင်း စစ်ပွဲငိုကြွေးသံဖြစ်ပါစေ။ ရန်သူကို လက်နက်ဖြင့်တိုက်ခိုက်သောအခါ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ငိုကြွေးပါစေ။ ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်ဖြစ်ပါတယ်။
ဘုရားသခင်ကို ဦးညွှတ်လျက် ဒီမြင့်မြတ်သောခရီးရှည်ကြီးကို လိုက်ပါရန်ဆုံးဖြတ်သော မည်သူ့ကိုမဆို သက်ရှိထင်ရှားစွန့်လွှတ်စွန့်စားသူ၊ မြင့်မြတ်သူ၊ ဘုရားသခင်လက်ခံတော်မူသောသူအဖြစ် သတ်မှတ်သည်။ ထိုသူဧ။် နဖူး သို့မဟုတ် ရင်ဘတ်ပေါ်တွင် ဘုရားသခင်ဧ။် အမှတ်အသားဖြစ်သော လက်ဝါးကပ်တိုင်ကို တပ်ဆင်ခွင့်ရှိသည်။)
ပုပ်ရဟန်းမင်းကြီးသည် ခရူးဆိတ်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်သူအားလုံးကို အပြစ်ဒဏ်များမှလည်း လွတ်ငြိမ်းခွင့်ပြုသည်။
ပထမခရူးဆိတ်စစ်ပွဲကို ခါးသီးစွာတိုက်ခိုက်ပြီးနောက် ဂျေရုဆလင်ကို သိမ်းပိုက်မိသည်။ မြို့တော်တွင်းနေထိုင်သူများမှာ ခရစ်ယာန်ကျုးကျော်သူများဧ။်ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံရသည်။
ကျုးကျော်သူများသည် ခေတ်မီစစ်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်ခဲ့ကြသည်။ ရှူံးနိမ့်သူကို လိုအပ်သည်ထက် ပိုချေမှုန်းခဲ့ခြင်းများသည် ယနေ့တိုင်အောင် အစ္စလာမ်နိုင်ငံရေးကို အရောင်ဆိုးလျက်ရှိပေသည်။
မြတ်စွာဘုရား၏ “ကိုယ်ရေးရာဇ၀င် - အကျဉ်းချုပ်”
$
0
0
 Photo: မြတ်စွာဘုရား၏ “ကိုယ်ရေးရာဇ၀င် - အကျဉ်းချုပ်” ~~~~~~~~~~~~~~~~~~~~~~~~~~  ကျေးဇူးတော်အရှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ (ကိုယ်ရေးရာဇ၀င် အထ္တုပ္ပတိအကျဥ်း )  *အမည်- (သိဒ္ဓတ္ထ) ဂေါတမ  *ခမည်းတော် - သုဒ္ဓေါဒန ဂေါတမ မင်းကြီး  *မယ်တော် - မိဖုရား မဟာ မာယာ (မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)  *လူမျိုးစု - ခတ္တိယ  *မိထွေးတော် - မဟာပဇာပတိ ဂေါတမီ  *မွေးဖွားသည့်ရက် - ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့  *မွေးဖွားသည့်ဒေသ - လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလ၀တ်ပြည်  *မွေးဖွားသည့်တိုင်းပြည် - အိန္ဒိယ (ယခု နီပေါနိုင်ငံ) မဇ္ဈိမဒေသ  *မွေးဖွားသည့်နေရာရှိအပင် - အင်ကြင်းပင်  *ပထမဦးဆုံးပြောသည့်စကား - “ငါသည် တလောကလုံးထက်မြတ်၏”  *ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်အာနန္ဓာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္နအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်  *အိမ်ထောင်ပြုသည့်အသက် - ၁၆ နှစ်  *ဇနီး - ယသော်ဓရာ မင်းသမီး (၀မ်းကွဲနှမ)  *သားတော် - ရာဟုလာ  *ယောက္ခမတော်များ - သုပ္ပဗုဒ္ဓမင်းကြီး (ဒေ၀ဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်)  *ယောက်ဖတော် - ဒေ၀ဒတ် (ညီအကိုဝမ်းကွဲ)  *ကောဏ္ဍညပုဏ္ဏားပြောသည့်စကား - “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”  *နမိတ်ကြီးလေးပါး - သူအို၊သူနာ၊သူသေ၊ရဟန်း  *သားတော်မွေးဖွားပြီးပြောသည့်စကား - “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ”  *တောထွက်သည့်အသက် - ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ)   *တောထွက်သည့်အချိန် - ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နေ့  *မြင်းရထားမောင်းသူ - ဆန္နအမတ်  *တော်ဝင်မြင်းအမည် - ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်)   *ဖြတ်သွားသည့်မြစ် - အနော်မာ  *သွားသည့်နေရာ - ဥရုဝေလတော  *ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ - သုဇာတာ ဃနနို့ဆွမ်း( ၄၉ လုပ်မျှသာ)  *ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်  *ကျင့်ကြံမှု - မဇ္ဈိမ ပဋ္ဋိပဒါလမ်းစဉ်၊ ၀င်လေထွက်လေကို ရှုမှတ်ခြင်း  *နေရာ - အိန္ဒယနိုင်ငံ၊ ဘီဟာနယ်တွင်ရှိသော ဗုဒ္ဓဂါယာ -  *အမှီပြုသည့်အပင် - ဗောဓိပင်  *ဘုရားဖြစ်သည့်အသက် - ၃၅ နှစ်  *ဘုရားဖြစ်သည့်နေ့ - ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့  *တရားဦးဟောသည့်နေရာ - သမင်ခြံ၊ မိဂဒါဝုန်တော၊ တရားဦးဟောသည့်အချိန် - စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်နေ့  *ဟောသည့်တရားဦး - ဓမ္မစကြာလက္ခဏသုတ် ပထမဆုံးသံဃာငါးဦး - အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပံ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ  *အမျိုးသားဓမ္မသေနာပတိ- ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။ *ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ  *အမျိုးသမီးဓမ္မသေနာပတိ - ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။ ဥပ္ပလ၀ဏ် ထေရီ ၊လက်ဝဲရံ  *ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ - စုန္ဒ (၀က်ပျိုသားဆွမ်း)  *ရောဂါ - သွေးဝမ်းသွားရောဂါ  *သက်တော် - ၈၀ နှစ်  *၀ါတော် - ၄၅ ၀ါ  *ပရိနိဗ္ဗာန်ပြုသည့် အပင် - အင်ကြင်းပင်နှစ်ပင်ကြား  *ပရိနိဗ္ဗာန်ပြုသည့်နေရာ - အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည် (ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)  *ဗုဒ္ဓ၏ နောက်ဆုံးသာဝက - သုဘဒ္ဒ မထေရ်  *ဗုဒ္ဓ၏ နောက်ဆုံးစကား - “ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြသည်။ ........သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့” ............( အပ္ပမာဒေန သမ္မာဒေထ )..........  *ပရိနိဗ္ဗာန်ပြုသည့်အချိန် - ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့  .......ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။  *သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။    *ပါရမီ(၃)မျိုး၊  *သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင် များစွာသော ဘ၀တို့၌…  ၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊ ၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊ ၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊ အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။   စွန့်ခြင်းကြီး(၅)ပါး၊   ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော… ၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊  ၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊ ၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊ ၄။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊ ၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊ ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။  စရိယ(၃)ပါး၊ ၁။ လောကတ္ထစရိယ =လောကလူသား သတ္တ၀ါများအတွက် ကျင့်တော်မူခြင်း။ ၂။ ဉာကတ္ထစရိယ =ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။ ၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။ ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။  .....ဤသို့ ဘ၀များစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောကဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။  ......နတ်သား ဖြစ်စဉ် စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က “ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။  ......ကြည့်ခြင်းကြီး(၅)ပါး၊   သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်… ၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊ ၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊ ၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊ ၄။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊ ၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော် ဖြစ်မည့် သူ၏သက်တမ်း အပိုင်းအခြား၊ ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။  ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာ ဒေ၀ီမိဖုရားကြီး မယ်တော်မာယာဒေ၀ီ ၀မ်း၌ ပဋိသန္ဓေ တည်နေလေသည်။  ..........ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေ၀ဒဟပြည် နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။  .....ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။  ....ကပိလ၀တ်နဲ့ ဒေ၀ဒဟ နှစ်ပြည်ထောင်သာကီဝင်မင်းတို့ဟာ ဘိုးစဉ်ဘောင်ဆက် ကတည်းက မောင်လှယ်နှမလှယ် ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြပါတယ်..။  ...... ကပိလ၀တ်ပြည့်ရှင်-ဇေယျသနမင်းရဲ့သားတော် သီဟဟနုနဲ့ ဒေ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သမီးတော်-ကဉ္စနာမင်းသမီးတို့ လက်ဆက်လိုက်တဲ့အခါ သုဒ္ဓေါဒန၊ အမိတောဒန၊ ဓေါတောဒန၊သက္ကောဒန၊ သုက္ကောဒနဆိုပြီး သား(၅ယောက်၊ အမိတာနဲ့ ပါလိတာဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။  ဒါက သုဒ္ဓေါဒနတို့ ဘက်ကမိသားစုပါ..။  ဒ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သားတော် အဉ္စနာမင်းသားနဲ့ ကပိလ၀တ်ပြည့်ရှင် ဇေယျသနမင်းရဲ့သမီးတော် ယသောဓရာ (ဘဒ္ဒကဉ္စနာယသောဓရာ ရဲ့အဖွားလေးတော်စပ်ပါတယ်..) တို့ လက်ဆက်လိုက်တဲ့အခါ သုပ္ပဗုဒ္ဓနဲ့ ဒဏ္ဍပါဏီဆိုပြီး သား(၂)ယောက်၊ သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။  ဒါက မယ်တော်မာယာ တို့ဘက်က မိသားစုပေါ့..။  သီဟဟနုရဲ့သားတော် သုဒ္ဓေါဒနနဲ့ အဉ္စနာမင်းရဲ့ သမီးတော်နှစ်ပါးဖြစ်တဲ့ သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီတို့ လက်ဆက်လိုက်တဲ့အခါ သီရိမဟာမာယာဒေ၀ီက ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ပဇာပတိဂေါတမီက ရူပနန္ဒာမင်းသမီးနဲ့နန္ဒမင်းသားတို့ကို အသီးသီးမွေးဖွားခဲ့ပါတယ်..။  ...နောက်တစ်ခါ သီဟဟနုမင်းရဲ့ သမီးတော် အမိတာနဲ့ အဉ္စနာမင်းရဲ့သားတော် သုပ္ပဗုဒ္ဓတို့ လက်ဆက်ရာမှာ သမီးတော် ဘဒ္ဒကဉ္စနာယသောဓရာ နဲ့ သားတော် ဒေ၀ဒတ် တို့ကိုမွေးဖွားခဲ့ပါတယ်..။  ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ဘဒ္ဒကဉ္စနာယသောဓရာတို့လက်ဆက်လိုက်တဲ့ အခါ သားတော်ရာဟုလာလေးကို မွေးဖွားခဲ့ပါတယ်..။  .....၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။  ............ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။  ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။  .....သောတ္ထိယငစင် မြက်ထမ်းသမား (မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။   ...ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။  .........(ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူလေသည်။  ..... ( ပု ) ( ဒိ ) ( အာ ) ဟုဆိုအပ်သော .....။  ..... ( ပု )ညဥ့်ဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။  ..... ( ဒိ ) သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။  .....( အာ )မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသ၀က္ခယဉာဏ်)ကို ရတော်မူလေသည်။ .  ....အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။  သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။  ..... (၄၅)၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည်  သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်..........။
~~~~~~~~~~~~~~~~~~~~~~~~~~
ကျေးဇူးတော်အရှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ (ကိုယ်ရေးရာဇ၀င် အထ္တုပ္ပတိအကျဥ်း )
*အမည်- (သိဒ္ဓတ္ထ) ဂေါတမ
*ခမည်းတော် - သုဒ္ဓေါဒန ဂေါတမ မင်းကြီး
*မယ်တော် - မိဖုရား မဟာ မာယာ (မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)
*လူမျိုးစု - ခတ္တိယ
*မိထွေးတော် - မဟာပဇာပတိ ဂေါတမီ
*မွေးဖွားသည့်ရက် - ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့
*မွေးဖွားသည့်ဒေသ - လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလ၀တ်ပြည်
*မွေးဖွားသည့်တိုင်းပြည် - အိန္ဒိယ (ယခု နီပေါနိုင်ငံ) မဇ္ဈိမဒေသ
*မွေးဖွားသည့်နေရာရှိအပင် - အင်ကြင်းပင်
*ပထမဦးဆုံးပြောသည့်စကား - “ငါသည် တလောကလုံးထက်မြတ်၏”
*ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်အာနန္ဓာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္နအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်
*အိမ်ထောင်ပြုသည့်အသက် - ၁၆ နှစ်
*ဇနီး - ယသော်ဓရာ မင်းသမီး (၀မ်းကွဲနှမ)
*သားတော် - ရာဟုလာ
*ယောက္ခမတော်များ - သုပ္ပဗုဒ္ဓမင်းကြီး (ဒေ၀ဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်)
*ယောက်ဖတော် - ဒေ၀ဒတ် (ညီအကိုဝမ်းကွဲ)
*ကောဏ္ဍညပုဏ္ဏားပြောသည့်စကား - “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”
*နမိတ်ကြီးလေးပါး - သူအို၊သူနာ၊သူသေ၊ရဟန်း
*သားတော်မွေးဖွားပြီးပြောသည့်စကား - “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ”
*တောထွက်သည့်အသက် - ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ)
*တောထွက်သည့်အချိန် - ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နေ့
*မြင်းရထားမောင်းသူ - ဆန္နအမတ်
*တော်ဝင်မြင်းအမည် - ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်)
*ဖြတ်သွားသည့်မြစ် - အနော်မာ
*သွားသည့်နေရာ - ဥရုဝေလတော
*ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ - သုဇာတာ ဃနနို့ဆွမ်း( ၄၉ လုပ်မျှသာ)
*ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်
*ကျင့်ကြံမှု - မဇ္ဈိမ ပဋ္ဋိပဒါလမ်းစဉ်၊ ၀င်လေထွက်လေကို ရှုမှတ်ခြင်း
*နေရာ - အိန္ဒယနိုင်ငံ၊ ဘီဟာနယ်တွင်ရှိသော ဗုဒ္ဓဂါယာ -
*အမှီပြုသည့်အပင် - ဗောဓိပင်
*ဘုရားဖြစ်သည့်အသက် - ၃၅ နှစ်
*ဘုရားဖြစ်သည့်နေ့ - ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့
*တရားဦးဟောသည့်နေရာ - သမင်ခြံ၊ မိဂဒါဝုန်တော၊ တရားဦးဟောသည့်အချိန် - စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်နေ့
*ဟောသည့်တရားဦး - ဓမ္မစကြာလက္ခဏသုတ် ပထမဆုံးသံဃာငါးဦး - အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပံ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ
*အမျိုးသားဓမ္မသေနာပတိ- ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။ *ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ
*အမျိုးသမီးဓမ္မသေနာပတိ - ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။ ဥပ္ပလ၀ဏ် ထေရီ ၊လက်ဝဲရံ
*ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ - စုန္ဒ (၀က်ပျိုသားဆွမ်း)
*ရောဂါ - သွေးဝမ်းသွားရောဂါ
*သက်တော် - ၈၀ နှစ်
*၀ါတော် - ၄၅ ၀ါ
*ပရိနိဗ္ဗာန်ပြုသည့် အပင် - အင်ကြင်းပင်နှစ်ပင်ကြား
*ပရိနိဗ္ဗာန်ပြုသည့်နေရာ - အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည် (ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)
*ဗုဒ္ဓ၏ နောက်ဆုံးသာဝက - သုဘဒ္ဒ မထေရ်
*ဗုဒ္ဓ၏ နောက်ဆုံးစကား -
“ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြသည်။
........သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့”
............( အပ္ပမာဒေန သမ္မာဒေထ )..........
*ပရိနိဗ္ဗာန်ပြုသည့်အချိန် -
ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့
.......ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။
*သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
*ပါရမီ(၃)မျိုး၊
*သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင် များစွာသော ဘ၀တို့၌…
၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊
၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊
၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
စွန့်ခြင်းကြီး(၅)ပါး၊
ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော…
၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊
၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊
၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊
၎။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊
၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊ ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
စရိယ(၃)ပါး၊
၁။ လောကတ္ထစရိယ =လောကလူသား သတ္တ၀ါများအတွက် ကျင့်တော်မူခြင်း။
၂။ ဉာကတ္ထစရိယ =ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။
၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။
ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။
.....ဤသို့ ဘ၀များစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောကဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။
......နတ်သား ဖြစ်စဉ် စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က “ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။
......ကြည့်ခြင်းကြီး(၅)ပါး၊
သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်…
၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊
၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊
၎။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊
၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော် ဖြစ်မည့် သူ၏သက်တမ်း အပိုင်းအခြား၊ ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာ ဒေ၀ီမိဖုရားကြီး မယ်တော်မာယာဒေ၀ီ ၀မ်း၌ ပဋိသန္ဓေ တည်နေလေသည်။
..........ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေ၀ဒဟပြည် နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။
.....ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
....ကပိလ၀တ်နဲ့ ဒေ၀ဒဟ နှစ်ပြည်ထောင်သာကီဝင်မင်းတို့ဟာ ဘိုးစဉ်ဘောင်ဆက် ကတည်းက မောင်လှယ်နှမလှယ် ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြပါတယ်..။
...... ကပိလ၀တ်ပြည့်ရှင်-ဇေယျသနမင်းရဲ့သားတော် သီဟဟနုနဲ့ ဒေ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သမီးတော်-ကဉ္စနာမင်းသမီးတို့ လက်ဆက်လိုက်တဲ့အခါ သုဒ္ဓေါဒန၊ အမိတောဒန၊ ဓေါတောဒန၊သက္ကောဒန၊ သုက္ကောဒနဆိုပြီး သား(၅ယောက်၊ အမိတာနဲ့ ပါလိတာဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။
ဒါက သုဒ္ဓေါဒနတို့ ဘက်ကမိသားစုပါ..။
ဒ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သားတော် အဉ္စနာမင်းသားနဲ့ ကပိလ၀တ်ပြည့်ရှင် ဇေယျသနမင်းရဲ့သမီးတော် ယသောဓရာ (ဘဒ္ဒကဉ္စနာယသောဓရာ ရဲ့အဖွားလေးတော်စပ်ပါတယ်..) တို့ လက်ဆက်လိုက်တဲ့အခါ သုပ္ပဗုဒ္ဓနဲ့ ဒဏ္ဍပါဏီဆိုပြီး သား(၂)ယောက်၊ သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။
ဒါက မယ်တော်မာယာ တို့ဘက်က မိသားစုပေါ့..။
သီဟဟနုရဲ့သားတော် သုဒ္ဓေါဒနနဲ့ အဉ္စနာမင်းရဲ့ သမီးတော်နှစ်ပါးဖြစ်တဲ့ သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီတို့ လက်ဆက်လိုက်တဲ့အခါ သီရိမဟာမာယာဒေ၀ီက ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ပဇာပတိဂေါတမီက ရူပနန္ဒာမင်းသမီးနဲ့နန္ဒမင်းသားတို့ကို အသီးသီးမွေးဖွားခဲ့ပါတယ်..။
...နောက်တစ်ခါ သီဟဟနုမင်းရဲ့ သမီးတော် အမိတာနဲ့ အဉ္စနာမင်းရဲ့သားတော် သုပ္ပဗုဒ္ဓတို့ လက်ဆက်ရာမှာ သမီးတော် ဘဒ္ဒကဉ္စနာယသောဓရာ နဲ့ သားတော် ဒေ၀ဒတ် တို့ကိုမွေးဖွားခဲ့ပါတယ်..။
ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ဘဒ္ဒကဉ္စနာယသောဓရာတို့လက်ဆက်လိုက်တဲ့ အခါ သားတော်ရာဟုလာလေးကို မွေးဖွားခဲ့ပါတယ်..။
.....၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
............ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
.....သောတ္ထိယငစင် မြက်ထမ်းသမား (မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
...ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။
.........(ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။
ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူလေသည်။
..... ( ပု ) ( ဒိ ) ( အာ ) ဟုဆိုအပ်သော .....။
..... ( ပု )ညဥ့်ဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။
..... ( ဒိ ) သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။
.....( အာ )မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသ၀က္ခယဉာဏ်)ကို ရတော်မူလေသည်။ .
....အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။
သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
..... (၄၅)၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည်
သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်..........။
ကိုယ်စီကိုယ်ငှ တာဝန်လေးတွေ ကျေကြရင်
$
0
0
ကိုယ်စီကိုယ်ငှ တာဝန်လေးတွေ ကျေကြရင်  (၁) စီမံခန့်ခွဲမှုတွေဟာ လုပ်သင့်လုပ်ထိုက်တာတွေကို သတ်မှတ်ပေးတာ ဖြစ်ပြီးတော့ (၂) ခေါင်းဆောင်မှုဆိုတာ လုပ်သင့်လုပ်ထိုက်တာတွေကို အကောင်အထည်ဖော်တာ ဆိုတဲ့ စကားလေး တွေ့လိုက်ရတော့ တော်တော်လေး စဉ်းစားစရာ ဖြစ်လာတယ်...... ဖြည့်စွက် စဉ်းစားမိတာက (၃) နောက်လိုက်တွေရဲ့ တာဝန်...... နောက်လိုက်ကောင်း ဆိုတာဟာ လုပ်သင့်လုပ်ထိုက်တာတွေ အပြည့်အဝ အကောင်အထည်ပေါ်အောင် ဖြည့်ဆည်းရာမှာ လိုအပ်မယ်ဆိုတာလေး တွေးမိတယ်...... နံပါတ်လေးတွေ တပ်လိုက်တာကတော့ ပြန်ထောက်ပြတာ လွယ်အောင်လို့.......  စီမံခန့်ခွဲမှု ကောင်းကောင်း ရှိပေမယ့် ခေါင်းဆောင်ကောင်း၊ နောက်လိုက်ကောင်း မရှိရင် အလကားပဲ...... ဒီလိုပဲ ခေါင်းဆောင်ကောင်း ရှိနေသော်ငြား စီမံခန့်ခွဲမှု နဲ့ နောက်လိုက်က တလွဲဖြစ်နေရင်လည်း ရလာဘ်က ထူးမခြားနားပဲ......... ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် နံပါတ် (၁) နေရာကို လွှတ်တော်က တာဝန်ယူထားတယ်..... နံပါတ် (၂) က အစိုးရ နဲ့ နံပါတ် (၃) က အစိုးရ ယန္တရား...... လွှတ်တော်ဆိုတာ ရွေးကောက်ပွဲ တစ်ခုပီးတိုင်း အမတ်တွေ ဝင်လိုက် ထွက်လိုက်နဲ့ရှိနေမယ်...... ဒီလိုပဲ အစိုးရ ဆိုတာလည်း ရွေးကောက်ပွဲပြီးတိုင်း ပြောင်းလဲသွားမှာဆိုတော့ မတည်မြဲတဲ့ နေရာနှစ်ခု........  ဒီ သုံးခုမှာ အတည်မြဲဆုံးက နံပါတ် (၃) ဖြစ်တဲ့ နောက်လိုက်....... အပေါ်က ဥပမာနဲ့ဆိုရင် အစိုးရ ယန္တရား..... လွှတ်တော် ဘယ်လိုပဲ ပြောင်းပြောင်း၊ အစိုးရ ဘယ်လိုပဲ ကောင်းစေဦးတော့ နောက်လိုက်ဖြစ်တဲ့ အစိုးရ ယန္တရား မကောင်းသရွေ့ တိုင်းပြည်တိုးတက်မှာ မဟုတ်တာတော့ အသေအခြာပဲ...... တစ်ခြားမကြည့်ပါနဲ့ မိတ္တီလာ ကိစ္စမှာ တရားဥပဒေစိုးမိုးမှု ချက်ခြင်း မဆောင်ရွက်နိုင်တာ၊ မလေးရှားကိစ္စမှာ သံအမတ် အရည်အချင်း ညံ့ဖျင်းတာ၊ ဗုဒ္ဓဂယာ ဗုံးကွဲမှုမှာ မြန်မာနိုင်ငံက သံဃာတစ်ပါး ထိခိုက်တာမှာ တုံ့ပြန်မှု နှေးကွေးနေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အစရှိတာတွေက နံပါတ် (၃) မှာ တော်တော်လေး လိုအပ်နေတာကို တွေ့ရတယ်.......  အဓိက ပြောရရင်တော့ မလေးရှားကိစ္စမှာ မလေးရှားသံအမတ်ရဲ့ အရည်အချင်းပဲ...... သံအမတ်တစ်ယောက် လုပ်ရမယ့် တာဝန်ကို နိုင်ငံခြားရေး ဒုဝန်ကြီးကိုယ်တိုင် လာပီး ကွပ်ကဲရတဲ့ အဆင့်ဆိုတော့ ဒီသံအမတ်ရဲ့ အရည်အချင်းဟာ ဘယ်လောက်အထိ သုံးစားမရသလဲ ပေါ်လွင်နေတယ်..... ဒီလိုမျိုး အရည်အချင်းလိုအပ်နေတဲ့သူတွေ အစိုးရ ယန္တရားထဲမှာ နံပါတ် (၃) နောက်လိုက်ကောင်းဖြစ်ဖို့ အများကြီး ပြင်ဆင်ရဦးမှာတွေ တွေ့လာရတာ ရင်မောမိတယ်.......   အတိုက်အခံဘက်ကို မျှော်ကြည့်မိတော့ စီမံခန့်ခွဲမှုက ဗဟိုဦးစီးစနစ်သွားတယ်၊ ခေါင်းဆောင်ကောင်း ရှိပေမယ့် နံပါတ် (၃) ဖြစ်တဲ့ နောက်လိုက်ကောင်းကောင်း ဆိုတာမှာတင် အကြည့်က ရပ်သွားရတယ်...... သူတို့လည်း နောက်လိုက်ကောင်းကောင်း ကြိုတင် ပြင်ဆင်ထားခြင်း မရှိတာ အွန်လိုင်းပေါ်က ရဲရဲတောက်နေတဲ့ ခွတ်ဒေါင်း ဘက်တော်သားတွေကို ကြည့်ရုံနဲ့ သိသာနေစေတယ်.....  နိုင်ငံ တစ်နိုင်ငံတိုးတက်ဖို့အတွက်တော့ စီမံခန့်ခွဲမှု ကောင်းကောင်းတွေ လိုသလို၊ ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝသူတွေလည်း များများစားစား လိုပါတယ်...... နောက်လိုက်ကောင်းကတော့ အောက်ခြေအထိ အကောင်အထည် ဖော်ရမှာဆိုတော့ မရှိမဖြစ်ပေါ့..... သုံးနားညီ တြိဂံလို ဖြစ်နေတဲ့ ဒီသုံးခုမှာ တစ်ခုက တာကျိုးပေါက်နေရင် အတွင်းထဲမှာရှိတဲ့ ပြည်သူဆိုတဲ့ နံပါတ် (၄) အတွက် လုံခြုံမှု၊ အေးချမ်းမှု၊ သာယာမှု မပေးနိုင်မှာတော့ အသေအခြာပါပဲ...... ဟုတ်ပါတယ် နံပါတ် (၄) ဆိုတဲ့ ပြည်သူကလည်း အပေါ်က သုံးနားညီရဲ့ လုပ်သင့်လုပ်ထိုက်တာတွေ အကောင်အထည်ဖော်တာကို အပြည့်အဝ လိုက်နာဖို့ စည်းကမ်းရှိဖို့လည်း လိုပါတယ်..... တနည်းအားဖြင့် အပြန်အလှန် ပူးပေါင်း ပါဝင် ဆောင်ရွက်မှုတွေ လိုပါတယ်.....  နံပါတ် ၁ ကနေ ၃ ဘယ်လိုပဲ ကောင်းစေဦးတော့ အတွင်းက နံပါတ် (၄) စည်းကမ်းဖောက်လို့ တွန်းကန်နေရင်လည်း သုံးနားဟာ ညီနေမယ် မထင်ပါဘူး.... အားလုံးကို ပြန်ကောက်ရင်တော့ ဆိုင်ရာ ဆိုင်ရာ ကိုယ်စီ ကိုယ်စီ တာဝန်ကျေကြမယ်၊ တာဝန်သိတတ်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ သိပ်ပီး ထူးပြောနေဖို့ မလိုပါဘူး..... အားလုံးပဲ လုပ်သင့်လုပ်ထိုက်တာတွေကို ပူးပေါင်းလုပ်နေကြမယ် လုပ်လာကြမယ်ဆိုရင် ရွှေပြည်အရေး ရင်မလေးရဘူးပဲ ဆိုချင်ပါတယ်......  Photo Copied from Internet
Photo Copied from Internet
ကိုယ်စီကိုယ်ငှ တာဝန်လေးတွေ ကျေကြရင်
(၁) စီမံခန့်ခွဲမှုတွေဟာ လုပ်သင့်လုပ်ထိုက်တာတွေကို သတ်မှတ်ပေးတာ ဖြစ်ပြီးတော့ (၂) ခေါင်းဆောင်မှုဆိုတာ လုပ်သင့်လုပ်ထိုက်တာတွေကိုအကောင်အထည်ဖော်တာ ဆိုတဲ့ စကားလေး တွေ့လိုက်ရတော့ တော်တော်လေး စဉ်းစားစရာ ဖြစ်လာတယ်...... ဖြည့်စွက် စဉ်းစားမိတာက (၃) နောက်လိုက်တွေရဲ့ တာဝန်...... နောက်လိုက်ကောင်း ဆိုတာဟာ လုပ်သင့်လုပ်ထိုက်တာတွေ အပြည့်အဝ အကောင်အထည်ပေါ်အောင် ဖြည့်ဆည်းရာမှာ လိုအပ်မယ်ဆိုတာလေး တွေးမိတယ်...... နံပါတ်လေးတွေ တပ်လိုက်တာကတော့ ပြန်ထောက်ပြတာ လွယ်အောင်လို့.......
စီမံခန့်ခွဲမှု ကောင်းကောင်း ရှိပေမယ့် ခေါင်းဆောင်ကောင်း၊ နောက်လိုက်ကောင်း မရှိရင် အလကားပဲ...... ဒီလိုပဲ ခေါင်းဆောင်ကောင်း ရှိနေသော်ငြား စီမံခန့်ခွဲမှု နဲ့ နောက်လိုက်က တလွဲဖြစ်နေရင်လည်း ရလာဘ်က ထူးမခြားနားပဲ......... ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် နံပါတ် (၁) နေရာကို လွှတ်တော်က တာဝန်ယူထားတယ်..... နံပါတ် (၂) က အစိုးရ နဲ့ နံပါတ် (၃) က အစိုးရ ယန္တရား...... လွှတ်တော်ဆိုတာ ရွေးကောက်ပွဲ တစ်ခုပီးတိုင်း အမတ်တွေ ဝင်လိုက် ထွက်လိုက်နဲ့ရှိနေမယ်...... ဒီလိုပဲ အစိုးရ ဆိုတာလည်း ရွေးကောက်ပွဲပြီးတိုင်း ပြောင်းလဲသွားမှာဆိုတော့ မတည်မြဲတဲ့ နေရာနှစ်ခု........
ဒီ သုံးခုမှာ အတည်မြဲဆုံးက နံပါတ် (၃) ဖြစ်တဲ့ နောက်လိုက်....... အပေါ်က ဥပမာနဲ့ဆိုရင် အစိုးရ ယန္တရား..... လွှတ်တော် ဘယ်လိုပဲ ပြောင်းပြောင်း၊ အစိုးရ ဘယ်လိုပဲ ကောင်းစေဦးတော့ နောက်လိုက်ဖြစ်တဲ့ အစိုးရ ယန္တရား မကောင်းသရွေ့ တိုင်းပြည်တိုးတက်မှာ မဟုတ်တာတော့ အသေအခြာပဲ...... တစ်ခြားမကြည့်ပါနဲ့ မိတ္တီလာ ကိစ္စမှာ တရားဥပဒေစိုးမိုးမှု ချက်ခြင်း မဆောင်ရွက်နိုင်တာ၊ မလေးရှားကိစ္စမှာ သံအမတ် အရည်အချင်း ညံ့ဖျင်းတာ၊ ဗုဒ္ဓဂယာ ဗုံးကွဲမှုမှာ မြန်မာနိုင်ငံက သံဃာတစ်ပါး ထိခိုက်တာမှာ တုံ့ပြန်မှု နှေးကွေးနေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အစရှိတာတွေက နံပါတ် (၃) မှာ တော်တော်လေး လိုအပ်နေတာကို တွေ့ရတယ်.......
အဓိက ပြောရရင်တော့ မလေးရှားကိစ္စမှာ မလေးရှားသံအမတ်ရဲ့ အရည်အချင်းပဲ...... သံအမတ်တစ်ယောက် လုပ်ရမယ့် တာဝန်ကို နိုင်ငံခြားရေး ဒုဝန်ကြီးကိုယ်တိုင် လာပီး ကွပ်ကဲရတဲ့ အဆင့်ဆိုတော့ ဒီသံအမတ်ရဲ့ အရည်အချင်းဟာ ဘယ်လောက်အထိ သုံးစားမရသလဲ ပေါ်လွင်နေတယ်..... ဒီလိုမျိုး အရည်အချင်းလိုအပ်နေတဲ့သူတွေ အစိုးရ ယန္တရားထဲမှာ နံပါတ် (၃) နောက်လိုက်ကောင်းဖြစ်ဖို့ အများကြီး ပြင်ဆင်ရဦးမှာတွေ တွေ့လာရတာ ရင်မောမိတယ်.......
အတိုက်အခံဘက်ကို မျှော်ကြည့်မိတော့ စီမံခန့်ခွဲမှုက ဗဟိုဦးစီးစနစ်သွားတယ်၊ ခေါင်းဆောင်ကောင်း ရှိပေမယ့် နံပါတ် (၃) ဖြစ်တဲ့ နောက်လိုက်ကောင်းကောင်း ဆိုတာမှာတင် အကြည့်က ရပ်သွားရတယ်...... သူတို့လည်း နောက်လိုက်ကောင်းကောင်း ကြိုတင် ပြင်ဆင်ထားခြင်း မရှိတာ အွန်လိုင်းပေါ်က ရဲရဲတောက်နေတဲ့ ခွတ်ဒေါင်း ဘက်တော်သားတွေကို ကြည့်ရုံနဲ့ သိသာနေစေတယ်.....
နိုင်ငံ တစ်နိုင်ငံတိုးတက်ဖို့အတွက်တော့စီမံခန့်ခွဲမှု ကောင်းကောင်းတွေ လိုသလို၊ ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝသူတွေလည်း များများစားစား လိုပါတယ်...... နောက်လိုက်ကောင်းကတော့ အောက်ခြေအထိ အကောင်အထည် ဖော်ရမှာဆိုတော့ မရှိမဖြစ်ပေါ့..... သုံးနားညီ တြိဂံလို ဖြစ်နေတဲ့ ဒီသုံးခုမှာ တစ်ခုက တာကျိုးပေါက်နေရင် အတွင်းထဲမှာရှိတဲ့ ပြည်သူဆိုတဲ့ နံပါတ် (၄) အတွက် လုံခြုံမှု၊ အေးချမ်းမှု၊ သာယာမှု မပေးနိုင်မှာတော့ အသေအခြာပါပဲ...... ဟုတ်ပါတယ် နံပါတ် (၄) ဆိုတဲ့ ပြည်သူကလည်း အပေါ်က သုံးနားညီရဲ့ လုပ်သင့်လုပ်ထိုက်တာတွေ အကောင်အထည်ဖော်တာကို အပြည့်အဝ လိုက်နာဖို့ စည်းကမ်းရှိဖို့လည်း လိုပါတယ်..... တနည်းအားဖြင့် အပြန်အလှန် ပူးပေါင်း ပါဝင် ဆောင်ရွက်မှုတွေ လိုပါတယ်.....
နံပါတ် ၁ ကနေ ၃ ဘယ်လိုပဲ ကောင်းစေဦးတော့ အတွင်းက နံပါတ် (၄) စည်းကမ်းဖောက်လို့ တွန်းကန်နေရင်လည်း သုံးနားဟာ ညီနေမယ် မထင်ပါဘူး.... အားလုံးကို ပြန်ကောက်ရင်တော့ ဆိုင်ရာ ဆိုင်ရာ ကိုယ်စီ ကိုယ်စီ တာဝန်ကျေကြမယ်၊ တာဝန်သိတတ်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ သိပ်ပီး ထူးပြောနေဖို့ မလိုပါဘူး..... အားလုံးပဲ လုပ်သင့်လုပ်ထိုက်တာတွေကို ပူးပေါင်းလုပ်နေကြမယ် လုပ်လာကြမယ်ဆိုရင် ရွှေပြည်အရေး ရင်မလေးရဘူးပဲ ဆိုချင်ပါတယ်......
အမြင့်သို့ ထိုးကျခြင်း
$
0
0
 Photo: အမြင့်သို့ ထိုးကျခြင်း …………….  “ ငါ့တိုက်ခိုက်သည်    ဖိုးထိုက်စွာသော ကျေးဇူးတည်း။    ငါ့ပုတ်ခတ်သည်    ရာဖြတ်မရသော တန်ဖိုးတည်း။    ငါနှိမ့်ချသည်    လှပစွာသော အားခွန်တည်း။    ငါ့ကို မြှောက်သည်    ဇောက်ထိုး ခုမှ ကျတော့၏ ”  စာအုပ်အဟောင်းတွေကို လှန်လောဖတ်ရင်း မှတ်စုထဲမှာ ကူးယူထားတဲ့ မောင်ယဉ်မှူးရဲ့ “ ကျဆုံးခြင်း” ကဗျာလေးကို ဖတ်မိလိုက်ခြင်းပါ။  ကိုယ့်ကိုလာပြီးတိုက်ခိုက်လေ ကိုယ့်အရည်အသွေးတက်လေ၊ ကိုယ့်ကိုပုတ်ခတ်လေ ကိုယ့်တန်ဖိုး တက်လေမဟုတ်ပါလား။  လူတစ်ဖက်သား စိတ်ဝင်စားစွာ တိုက်ခိုက်လာပြီဆိုကတည်းက ကိုယ်ဟာ အရည်အသွေးတက်လာလို့ပဲ။  တက်လာတဲ့အရည်အသွေးကို သာယာပြီး ကိုယ့်မာနကို မြှောက်မယ်၊ တစ်ဖက်သူကလည်း မြှောက်လာပြီဆိုရင်တော့ ဇောက်ထိုးကျဖို့ နီးလာပါပြီ။ ………..   လူတိုင်းနီးနီးကတော့ အမြင့်ပဲတက်ချင်မှာပဲ။ အောက်တော့ကျချင်ကြမှာ မဟုတ်ပါ။  တစ်ချို့ကတော့ အကျကောင်းတွေဖြစ်တတ်ပါတယ်။  တစ်ချိန်တုန်းက အာခေးမီးဒီးဟာ ပန်းတိမ်ဆရာရဲ့ ရွှေခိုးမှုကို ဖော်ထုတ်ဖို့ကြိုးစားခဲ့တယ်။ သရဖူလုပ်တဲ့အခါ ပန်းတိမ်ဆရာက ရွှေအစားငွေကို သုံးခဲ့တယ်။ ဒါပေမယ့် ခိုးပုံက သေသပ်တော့ အာခေးမီးဒီး ရှာမတွေ့နိုင်ဘူးဖြစ်ခဲ့တယ်။  တစ်နေ့မှာ ရေချိုးမယ်လို့ ရေစည်ထဲ စိမ်လိုက်ချိန်မှာ ရေတွေဟာလျှံကျလာတယ်။ သူ့ ကိုယ်ဟာ ရေအောက်ကို နစ်လေလေ ရေကို ပိုလျှံကျလာလေပဲ။   ရေလျှံကျခြင်းကိုတွေ့ပြီး အာခေးမီးဒီးဟာ သိပြီ၊ သိပြီ ဆိုပြီး ၀မ်းသာအားရ ပြေးထွက်သွားသတဲ့။  သူသိလိုက်တာက အရည်တွင်နှစ်သော အရာဝတ္ထု၏ အလေးချိန်သည် အရာဝတ္ထုကဖယ်ထုတ် လိုက်သော အရည်၏ အလေးချိန်နှင့် တူညီသည် ” သိပ်သည်းခြင်းဆိုင်ရာ ဥပဒေသကို သိသွားခဲ့တယ်။  ရေလျှံကျခြင်းဟာ အကျကောင်းဖြစ်ခဲ့တယ်။  သစ်သီးတစ်လုံးကြွေကျမှုအပေါ် ကမ္ဘာမြေရဲ့ ဆွဲအားကို  နယူတန်က ဖော်ထုတ်နိုင်ခဲ့တယ်။ သစ်သီးက အကျကောင်းဖြစ်ခဲ့တယ်။ …………  တစ်ခါတုန်းက ဆေးလိပ်၊ ကွမ်းယာဆိုင်မှာ ဆေးလိပ်ညှိဖို့ မီးရှို့ထားတဲ့ အုန်းဆံကြိုးတစ်ကြိုး ရှိပါတယ်။ အဲဒီ အုန်းဆံကြိုးက ပြောတယ် “ ဘယ်အရပ်ကလာတဲ့ ဆေးလိပ်ပဲဖြစ်ဖြစ်၊ ဘယ်လောက် ဈေးကြီးတဲ ဆေးလိပ်ဖြစ်ဖြစ် သူကိုလာညှိရင် သူကလောင်ကျွမ်းပစ်နိုင်တယ် ” လို့ မာနစိတ်က အကြီး အကျယ်တက်နေပါတယ်။  ဒါပေမယ့် တစ်နေ့မှာတော့ အုန်းဆံကြိုးဟာ နောက်ဆုံးအချိန်ရောက်နေပါပြီ။ သူ့ရဲ့ ကြိုးအရှည်က တစ်လက်မလောက်ပဲကျန်တော့တယ်။ သူ့မာနကြောင့် သူများကို ဘယ်လိုပဲလောင်ကျွမ်းတယ်ဆိုပါစေ အရင်ဆုံးသူကိုယ်တိုင် လောင်ကျွမ်းရတာကို သတိမထားမိခဲ့ပါဘူး။   နောက်ဆုံးတော့ သူလည်း ပြာဘ၀ကို ရောက်သွားတော့တာပါပဲ။ ………..  ကျွန်တော်တို့မြင်နေရတဲ့ ကောင်းကင်ပေါ်ကို အရာဝတ္ထုတစ်ခု တက်သွားပြီဆိုပါစို့။ အဲဒီအရာဝတ္ထုဟာ အမြင့်ကို ရောက်လာလေလေ ကမ္ဘာ့ဆွဲငင်အားနဲ့ ဝေးကွာလာလေပါပဲ။  နောက်ဆုံး စကြ၀ဋ္ဌာထဲရောက်သွားပြီဆိုပါစို့။  ကျွန်တော်တို့ အမြင်မှာတော့ သူဟာ အမြင့်ဆုံးကို တက်သွားနိုင်တယ်။ တက်သွားတယ်လို့ ထင်စရာ၊ မြင်စရာ ဖြစ်ခဲ့တာပါပဲ။  သို့သော် တကယ်တော့ သူဟာ အဆုံးအစမဲ့သော စကြ၀ဋ္ဌာကြီးထဲ လွှင့်စင်ကျသွားရတာပါ။  အမြင့်သို့ ထိုးကျသွားတဲ့ သူဟာ အကျကောင်းခဲ့ပါသလား။ အကျကောင်းတယ်လို့ ပြောနိုင်ပါသလား။ ………..  ဥစ္စာကြောင့် မာန်တက်တဲ့နေ့ ဥစ္စာပျက်တဲ့နေ့။  ပညာကြောင့် မာန်တက်တဲ့နေ့ ပညာမဲ့တဲ့နေ့။  ရာထူး၊ ဂုဏ်ကြောင့် မာန်တက်တဲ့နေ့ ဂုဏ်ပျက်တဲ့နေ့။  လောကကြီးမှာ ဘာအတွက်နဲ့မှ မာန်မတက်တဲ့နေ့။  သို့သော် လောကလူသားတွေအဖို့ကတော့ ရာထူးလေးရလာလေ၊ နေရာလေးရလာလေ၊ ဥစ္စာလေး ရလာလေ မာန်တွေက တဆင့်တဆင့် တက်လာလေပါပဲ။  “ မာနက ခေါင်ခိုက်နေတာပဲ ” ဆိုတဲ့စကားကို သဘောကျနေပါသေးတယ်။  မာနတွေ ဂိတ်ဆုံးရောက်လာခြင်းဟာ အုန်းဆံကြိုးလို ကိုယ့်ကိုယ်ကို လောင်ကျွမ်းလိုက်တာပါပဲ။  ဒါ့အပြင် အမြင့်ကိုပိုပိုရောက်လာပြီလို့ ထင်ထားတာတွေဟာ ကျယ်ပြောလာတဲ့ သံသရာထဲကို တစ်စတစ်စ ထိုးကျသွားတာကို မသိလိုက်ပါဘူး။  ကျွန်တော်တို့တတွေဟာ လူသားတွေကောင်းကျိုး၊ မိမိကောင်းကျိုးအတွက် အကျကောင်းအောင် ကြိုးစားရမယ်။ အကျကောင်းဖို့ လုပ်ဆောင်ရမယ်။  ဒီလိုမှမဟုတ်ရင်တော့ အမြင့်ကို ကျွန်တော်တို့ ထိုးကျသွားပါလိမ့်မယ်။ ၁၁-၇-၂၀၁၃
…………….
“ ငါ့တိုက်ခိုက်သည်
ဖိုးထိုက်စွာသော ကျေးဇူးတည်း။
ငါ့ပုတ်ခတ်သည်
ရာဖြတ်မရသော တန်ဖိုးတည်း။
ငါနှိမ့်ချသည်
လှပစွာသော အားခွန်တည်း။
ငါ့ကို မြှောက်သည်
ဇောက်ထိုး ခုမှ ကျတော့၏ ”
စာအုပ်အဟောင်းတွေကို လှန်လောဖတ်ရင်း မှတ်စုထဲမှာ ကူးယူထားတဲ့ မောင်ယဉ်မှူးရဲ့ “ ကျဆုံးခြင်း” ကဗျာလေးကို ဖတ်မိလိုက်ခြင်းပါ။
ကိုယ့်ကိုလာပြီးတိုက်ခိုက်လေ ကိုယ့်အရည်အသွေးတက်လေ၊ ကိုယ့်ကိုပုတ်ခတ်လေ ကိုယ့်တန်ဖိုး တက်လေမဟုတ်ပါလား။ လူတစ်ဖက်သား စိတ်ဝင်စားစွာ တိုက်ခိုက်လာပြီဆိုကတည်းက ကိုယ်ဟာ အရည်အသွေးတက်လာလို့ပဲ။
တက်လာတဲ့အရည်အသွေးကို သာယာပြီး ကိုယ့်မာနကို မြှောက်မယ်၊ တစ်ဖက်သူကလည်း မြှောက်လာပြီဆိုရင်တော့ ဇောက်ထိုးကျဖို့ နီးလာပါပြီ။
………..
လူတိုင်းနီးနီးကတော့ အမြင့်ပဲတက်ချင်မှာပဲ။ အောက်တော့ကျချင်ကြမှာ မဟုတ်ပါ။
တစ်ချို့ကတော့ အကျကောင်းတွေဖြစ်တတ်ပါတယ်။
တစ်ချိန်တုန်းက အာခေးမီးဒီးဟာ ပန်းတိမ်ဆရာရဲ့ ရွှေခိုးမှုကို ဖော်ထုတ်ဖို့ကြိုးစားခဲ့တယ်။ သရဖူလုပ်တဲ့အခါ ပန်းတိမ်ဆရာက ရွှေအစားငွေကို သုံးခဲ့တယ်။ ဒါပေမယ့် ခိုးပုံက သေသပ်တော့ အာခေးမီးဒီး ရှာမတွေ့နိုင်ဘူးဖြစ်ခဲ့တယ်။
တစ်နေ့မှာ ရေချိုးမယ်လို့ ရေစည်ထဲ စိမ်လိုက်ချိန်မှာ ရေတွေဟာလျှံကျလာတယ်။ သူ့ ကိုယ်ဟာ ရေအောက်ကို နစ်လေလေ ရေကို ပိုလျှံကျလာလေပဲ။
ရေလျှံကျခြင်းကိုတွေ့ပြီး အာခေးမီးဒီးဟာ သိပြီ၊ သိပြီ ဆိုပြီး ၀မ်းသာအားရ ပြေးထွက်သွားသတဲ့။
သူသိလိုက်တာက အရည်တွင်နှစ်သော အရာဝတ္ထု၏ အလေးချိန်သည် အရာဝတ္ထုကဖယ်ထုတ် လိုက်သော အရည်၏ အလေးချိန်နှင့် တူညီသည် ” သိပ်သည်းခြင်းဆိုင်ရာ ဥပဒေသကို သိသွားခဲ့တယ်။
ရေလျှံကျခြင်းဟာ အကျကောင်းဖြစ်ခဲ့တယ်။
သစ်သီးတစ်လုံးကြွေကျမှုအပေါ် ကမ္ဘာမြေရဲ့ ဆွဲအားကို နယူတန်က ဖော်ထုတ်နိုင်ခဲ့တယ်။ သစ်သီးက အကျကောင်းဖြစ်ခဲ့တယ်။
…………
တစ်ခါတုန်းက ဆေးလိပ်၊ ကွမ်းယာဆိုင်မှာ ဆေးလိပ်ညှိဖို့ မီးရှို့ထားတဲ့ အုန်းဆံကြိုးတစ်ကြိုး ရှိပါတယ်။ အဲဒီ အုန်းဆံကြိုးက ပြောတယ် “ ဘယ်အရပ်ကလာတဲ့ ဆေးလိပ်ပဲဖြစ်ဖြစ်၊ ဘယ်လောက် ဈေးကြီးတဲ ဆေးလိပ်ဖြစ်ဖြစ် သူကိုလာညှိရင် သူကလောင်ကျွမ်းပစ်နိုင်တယ် ” လို့ မာနစိတ်က အကြီး အကျယ်တက်နေပါတယ်။
ဒါပေမယ့် တစ်နေ့မှာတော့ အုန်းဆံကြိုးဟာ နောက်ဆုံးအချိန်ရောက်နေပါပြီ။ သူ့ရဲ့ ကြိုးအရှည်က တစ်လက်မလောက်ပဲကျန်တော့တယ်။ သူ့မာနကြောင့် သူများကို ဘယ်လိုပဲလောင်ကျွမ်းတယ်ဆိုပါစေ အရင်ဆုံးသူကိုယ်တိုင် လောင်ကျွမ်းရတာကို သတိမထားမိခဲ့ပါဘူး။
နောက်ဆုံးတော့ သူလည်း ပြာဘ၀ကို ရောက်သွားတော့တာပါပဲ။
………..
ကျွန်တော်တို့မြင်နေရတဲ့ ကောင်းကင်ပေါ်ကို အရာဝတ္ထုတစ်ခု တက်သွားပြီဆိုပါစို့။ အဲဒီအရာဝတ္ထုဟာ အမြင့်ကို ရောက်လာလေလေ ကမ္ဘာ့ဆွဲငင်အားနဲ့ ဝေးကွာလာလေပါပဲ။
နောက်ဆုံး စကြ၀ဋ္ဌာထဲရောက်သွားပြီဆိုပါစို့။
ကျွန်တော်တို့ အမြင်မှာတော့ သူဟာ အမြင့်ဆုံးကို တက်သွားနိုင်တယ်။ တက်သွားတယ်လို့ ထင်စရာ၊ မြင်စရာ ဖြစ်ခဲ့တာပါပဲ။ သို့သော် တကယ်တော့ သူဟာ အဆုံးအစမဲ့သော စကြ၀ဋ္ဌာကြီးထဲ လွှင့်စင်ကျသွားရတာပါ။
အမြင့်သို့ ထိုးကျသွားတဲ့ သူဟာ အကျကောင်းခဲ့ပါသလား။ အကျကောင်းတယ်လို့ ပြောနိုင်ပါသလား။
………..
ဥစ္စာကြောင့် မာန်တက်တဲ့နေ့ ဥစ္စာပျက်တဲ့နေ့။
ပညာကြောင့် မာန်တက်တဲ့နေ့ ပညာမဲ့တဲ့နေ့။
ရာထူး၊ ဂုဏ်ကြောင့် မာန်တက်တဲ့နေ့ ဂုဏ်ပျက်တဲ့နေ့။
လောကကြီးမှာ ဘာအတွက်နဲ့မှ မာန်မတက်တဲ့နေ့။
သို့သော် လောကလူသားတွေအဖို့ကတော့ ရာထူးလေးရလာလေ၊ နေရာလေးရလာလေ၊ ဥစ္စာလေး ရလာလေ မာန်တွေက တဆင့်တဆင့် တက်လာလေပါပဲ။
“ မာနက ခေါင်ခိုက်နေတာပဲ ” ဆိုတဲ့စကားကို သဘောကျနေပါသေးတယ်။
မာနတွေ ဂိတ်ဆုံးရောက်လာခြင်းဟာ အုန်းဆံကြိုးလို ကိုယ့်ကိုယ်ကို လောင်ကျွမ်းလိုက်တာပါပဲ။
ဒါ့အပြင် အမြင့်ကိုပိုပိုရောက်လာပြီလို့ ထင်ထားတာတွေဟာ ကျယ်ပြောလာတဲ့ သံသရာထဲကို တစ်စတစ်စ ထိုးကျသွားတာကို မသိလိုက်ပါဘူး။
ကျွန်တော်တို့တတွေဟာ လူသားတွေကောင်းကျိုး၊ မိမိကောင်းကျိုးအတွက် အကျကောင်းအောင် ကြိုးစားရမယ်။ အကျကောင်းဖို့ လုပ်ဆောင်ရမယ်။
ဒီလိုမှမဟုတ်ရင်တော့ အမြင့်ကို ကျွန်တော်တို့ ထိုးကျသွားပါလိမ့်မယ်။
 မောင်ပိုင်
၁၁-၇-၂၀၁၃
— with William Tuntunko and 3 others.
ခွဲခြားဆက်ဆံမှုနဲ့ မြန်မာနိုင်ငံ
$
0
0
ကျွန်မတို့ မြန်မာနိုင်ငံဟာ ရိုးရာဓလေ့တွေအရ အတင်းအကျပ် ခွဲခြားဆက်ဆံမှုဆိုတာ သိပ်မရှိကြပါဘူး။ လူတစ်ဦးချင်းဆီက ကိုယ့်သဘောနဲ့ကိုယ် မကြိုက်လို့ ကြိုက်လို့ဆိုပြီး ခွဲခြားမှုမျိုးတွေပဲ များပါတယ်။ မိန်းမလျာနဲ့ ယူထားတဲ့ ယောက်ျားလည်း လူမှုရေးပွဲတွေမှာ ဖိတ်ကြပါတယ်။ လူရာမသွင်းတာမျိုး မရှိပါဘူး။ မိန်းမလျာလည်း လူရာသွင်းကြတာပါပဲ။ သူနဲ့အသုံးတည့်တဲ့နေရာမျိုးဆိုရင် ပိုတောင် အရေးပေးရပါသေးတယ်။ဒါပေမယ့် အထက်မှာပြောခဲ့သလိုပေါ့လေ..လူတစ်ဦးချင်းရဲ့သဘောထားတွေအရ မိန်းမလျာအသိုင်းအဝိုင်းနဲ့ ခပ်ကင်းကင်း နေလိုတဲ့ လူတွေလည်း ရှိကြပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က တော်တော်နာမည်ကြီးတဲ့ ကိစ္စတစ်ခု မန္တလေးမြို့မှာ ဖြစ်ပွားဖူးပါတယ်။တက္ကသိုလ် ကျောင်းသားငယ်လေးတစ်ယောက် နေမကောင်းလို့ ဆေးစစ်ရာကနေ HIVပေါ့စတစ် ဖြစ်နေပါတယ်။ဒါနဲ့မိဘတွေက စုံစမ်းစစ်ဆေးတော့ ဆယ်တန်းအောင်စားရင်းထွက်တဲ့နေ့က သူငယ်ချင်းတွေနဲ့ အလည်လွန်ပြီး ကျုံးဘေးမှာ မူးနေတုန်း မိန်းမလျာတွေက အတင်းဆွဲခေါ်သွားလို့ ကျုံးနဲ့မနီးမဝေး နန်းရှေ့တစ်နေရာက အိမ်ကိုလိုက်ပါ သွားရကြောင်းတွေ ပြောပြပါတယ်။အဲ့ဒါနဲ့ အဲ့ဒီအိမ်ကို လိုက်ရှာတော့ တွေ့ပါတယ်။မိန်းမလျာတွေ အုပ်စုလိုက်အတူတူ ငှားနေကြတာပါ။ အကျိုးအကြောင်းမေးလိုက်ကတည်းက မိန်းမလျာအုပ်စုရဲ့ကက်ကက်လန် ရန်တွေ့ခံရပါတယ်တဲ့။ ကောင်လေးက ညီအငယ်ဆုံးဆိုတော့ အကိုတွေနဲ့ အကိုတွေရဲ့သူငယ်ချင်းတွေရောက်လာပြီး ပြဿနာတွေ အကျယ်ကျယ်တက် ကုန်တော့ လူတွေလည်းတရုန်းရုန်းဖြစ်ကုန် ပါတယ်။ဒါနဲ့ လူကြီးတွေက ပွဲထိန်းပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး ဥပဒေအရဖြေရှင်းပါ..ဘာညာဖြစ်ကုန်ရောတဲ့။ အဲ့ဒီမှာ ရဲစခန်းကလည်း ဘာပုဒ်မနဲ့ ဘယ်လိုဆွဲရမှန်းမသိတွေ ဖြစ်ကုန်ရောတဲ့။ နိဂုံးချုပ်တော့သူတို့သားငယ်လေး တစ်ရှက်ကနေ သုံး၊လေးရှက် ဖြစ်တော့မှာမို့ ဇာတ်လမ်းကို ပြန်အုပ်လိုက်ရပါတယ်။
နောက်တစ်ပုဒ်က ဒီလိုပါ...ရေကူးသင်တန်းမှာ ဆရာတူ အတန်းတူတက်တဲ့ သူငယ်ချင်းကသူ့ရဲ့ ကိုယ်တွေ့အကြောင်းကို ပြန်ပြောပြတာပါ။ "မနေ့ညက ကျုံးဘေးမှာ ဆိုင်ကယ်ခဏရပ်ပြီး လမ်းလျှောက်ကြတာ ကျွန်တော့်သူငယ်ချင်းက နောက်ဖက်ခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့တာအမရယ်။ကားတစ်စီးက ကျွန်တော့်ကိုနည်းနည်းကျော်ပြီးရပ်တယ်။ကားပေါ်က မိန်းမလျာနှစ်ယောက် ဆင်းလာပြီး ကျွန်တော့်ကို အတင်းဆွဲဖမ်းပြီး ကားတင်ဖို့လုပ်တယ်ဗျာ။ဗလချင်းက တော်တော်ကွာတယ်ဗျ။ သူတို့ကမိန်းမလျာပေမယ့် ထောင်ထောင်မောင်းမောင်းကြီးတွေလေ ပြီးတော့ နှစ်ယောက် တစ်ယောက်ဖြစ်နေတယ်။ "သူပြောမှပဲ သူ့ရဲ့ ပိန်ညောင်ညောင်ဗလလေးကို ကြည့်ပြီး တစ်ဖွဲ့လုံးရယ်ကြရပါသေးတယ်။ "ကျွန်တော့်အသံကြားတော့ သူငယ်ချင်းက နောက်ကနေ အမြန်ပြေးလာတာမြင် တော့မှပဲ ကျွန်တော့်ကိုလွှတ်ပေးပြီး ကားမောင်းပြေးကြတာဗျ။ ခေတ်ကြီးက အရင်လို မဟုတ်ဘူး။ယောက်ျားလေးတွေပါ လုံခြုံမှုမရှိတော့ဘူး"။
ကျွန်မတို့ အမျိုးထဲမှာ မင်္ဂလာဆောင်တစ်ခုရှိတော့ ကျွန်မညီမဝမ်းကွဲလေးက အပျိုရံလုပ်မှာပါ။သူမက အိမ်ကို အလှဖန်တီးရှင်တွေ ခေါ်ပြင်တာပါ။အလှပြင်တဲ့အခန်းဆီကို ဝင်ကြည့်ပြီး စပ်စုတော့ မိန်းမလျာမမတွေက ဗလကောင်းကောင်းကြီးတွေ ၃ယောက်တောင်ပါပဲ။ ကျွန်မကို ကြည့်တဲ့အကြည့်တွေကလည်း ကျောချမ်းစရာကောင်းပါတယ်။ အခန်းထဲမှာ ဟိုပစ္စည်းယူသလို ဒီပစ္စည်းထားသလိုနဲ့ ကျွန်မကို မထိတထိတွေလုပ်ပါတယ်။ အဲဒါနဲ့ အပြင်ပြန်ထွက်လာပြီး မောင်တွေ အကိုတွေကို "ကိုယ့်ညီမလေးအလှပြင်တာ သွားစောင့်ရှောက်မှပေါ့။ဒီလိုတစ်ယောက်ထဲမထားရဘူးလေ" ဆိုတော့ သူတို့ကို ပေါ်တင်လာညုတယ်၊ဟိုကိုင်ဒီပွတ်တွေလုပ်လို့ မသွားရဲဘူးလို့ ဖြေကြပါတယ်။ အယ်..ဒါဆို နှစ်ဖက်ချွန်တွေနေမှာ ငါ့ကိုလည်းဝိုင်းဘူးကြတယ်လို့ ပြောပြမှ အကိုတွေ မောင်တွေရော အဒေါ်တွေပါ အလုံးအရင်းနဲ့ အခန်းထဲဝင်စောင့်ပြီး ပွဲထိန်းရပါတယ်။
ဟိုယခင်ခေတ်နဲ့မတူတဲ့ အဖြစ်အပျက်တွေ မှုခင်းတွေ ရာဇဝတ်မှုတွေ ခြိမ်းခြောက်ခံရမှုတွေဟာ အလွန်အမင်း မြင့်တက်လာပါပြီ။ အရင်လို အမှားအမှန် အဖြူအမဲ ကွဲကွဲပြားပြားလည်း သိပ်မရှိတော့ပါဘူး။ ခေတ်ကာလနဲ့အညီ ပြည်သူတစ်ရပ်လုံးကို ခြုံပြီး ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေကို ရေးဆွဲသင့်ပါပြီ။ အခုလို ကျုံးဘေးလို အများပြည်သူ အနားယူရာ ကျန်းမာရေးလုပ်ရာ လူမြင်ကွင်းမှာ မိန်းမလျာတွေက ရုပ်ပျက်ဆင်းပျက် အဝတ်အစားတွေဝတ် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူ အပြောအဆိုတွေ လုပ်နေကြတာ တစ်မြို့လုံးသိပါတယ်။ဒီလိုတွေ ဆက်လက် မလုပ်နိုင်အောင်လည်း ဥပဒေစည်းကမ်းတွေ ချမှတ်သင့်ပါတယ်။
မိန်းမလျာတွေဘက်က ပြောသလို သူတို့ကို လူမြင်ကွင်းမှာ အရှက်ခွဲတယ်၊လူ့ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ခံရတယ် ဆိုတာမျိုးတွေကိုလည်း မလုပ်သင့်တဲ့ အပြင် လူ့အခွင့်အရေး နဲ့လည်း မငြိစွန်းရအောင် အရေးယူမှုတွေကို သေသေချာချာကျကျနန စဉ်းစားလုပ်ဆောင်ဖို့လိုအပ်နေပါတယ်။
 နေထက်ထက်အောင် 
ပြည့်တန်ဆာနှင့် ဥပဒေ
$
0
0
Photo: ဒေါ်စန္ဒာမင်း ဒီနေ့ ထကြွနေလို့ ရေးပြီးသားနှုတ်ကို ပြန်ရှယ်တယ်။ လာထား.......   ပြည့်တန်ဆာနှင့် ဥပဒေ    (အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့်သည့် အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)      ၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းမည်ဟု ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါသည်။ ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ ပြောပြချင်သည်များရှိလာသည်။     ၂။ ပြည့်တန်ဆာဟု ခေါ်သည်ဖြစ်စေ၊ မိန်းမရွှင်ဟု ခေါ်သည်ဖြစ်စေ၊ လိင်လုပ်သားဟု ခေါ်သည်ဖြစ်စေ အမှန်စင်စစ် “ဖာ” ပင်ဖြစ်သည်။ (စကားရိုင်းလျှင်သည်းခံပါ၊ ဆက်ရှင်းပါမည်) အခေါ်အဝေါ်က စကားပြောပါသည်။ ဖာကို ဖာဟု မခေါ်ပဲ လိင်လုပ်သားဟု ခေါ်သောအခါ တမျိုးသော ဂုဏ်ရှိနေသယောင်ထင်နေရသည်။ (ဂုဏ်မရှိဟု ပြောခြင်းလည်း မဟုတ်ပါ၊ ပုဂ္ဂလအစွဲကြောင့် ခံစားချက်ပြောင်းသွားတတ်ကြောင်း ပြောလိုရင်း ဖြစ်သည်။) ကေတီဗီမှာ အဆိုတော်လုပ်သည်ဟု နာမည်တတ်ထားသော မိန်းကလေးများကို ဖာဟု ခေါ်သော အခါ ဆတ်ဆတ်ခါ နာပါလိမ့်မည်။ ထို အနာသည်လည်း ထိုဘ၀မှ ရုန်းထွက်ရန် တွန်းအား တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုအလုပ်ကို တရားဝင်ရေးမ၀င်ရေးထက် “ဖာ” ဟူသော စကားကိုပင် နှုတ်မှ မထွက်ရဲသော အမျိုးကောင်း သမီးငယ်များ ရှိနေကြောင်း ထင်ရှားစေရန် ဖြစ်သည်။ ယခုစာသည် ထိုဖာများကို တရားဝင်သင့် မ၀င်သင့်ထက် တွေးတောထိုက်ဖွယ်ရာများကို ပြောပြရန်သာ ဖြစ်ပါသည်။    ၃။ လက်ခံလိုသူတို့ကမူ အကြောင်း အမျိုးမျိုးပြကြသည်။ ပြည့်တန်ဆာသည် ဘုရားရှင်လက်ထက်ကပင် ရှိခဲ့ကြောင်း (ဘုရားရှင်နှင့် လောကီရေး မဆိုင်ပါ၊ ဘုရားရှင်လက်ထက်တွင် သူခိုးလည်းရှိပါသည်၊ မည်သည့်လက်ထက်တွင်မဆို ပြည့်တန်ဆာရှိပါသည်၊ ရှိတိုင်း လက်ခံရန်မလိုပါ) တိုင်းပြည်ကို အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟုခေါ်ကြောင်း (မည်သို့နာမည်တတ်တတ်၊ ဖာသည်ဖာပင်ဖြစ်သည်) တရားဝင် သတ်မှတ်ခြင်းဖြင့် ရဲများကို လိုင်းကြေး ဆတ်ကြေးပေးရခြင်းမှ ကင်းလွတ်နိုင်ကြောင်း၊ ဆေးစစ်ချက်များ လုပ်နိုင်သဖြင့် စိတ်ချရကြောင်း များ ပြောပြကြပါသည်။ (ထိုကိစ္စများကိုလည်း ရှင်းရပါမည်၊ ခဏသည်းခံပါ)    ၄။ ကလေးပြော ပြောလိုက်လျှင်မူ ကိစ္စပြတ်ပါသည်။ ပြည့်တန်ဆာ ကိစ္စ တရားဝင်ရေး သဘောတူသူများသည် မိမိမိတ်ဆွေများကို “ငါ့ညီမကတော့ လိုင်စင်ရဖာကွ” ဟု ပြောရဲပါမည်လား။ ကိုယ့်အမျိုးထဲတွင် တရားဝင် ဖာခန်းထောင်သူများရှိလျှင် သဘောတူမည်လား။ မိုက်ရိုင်းချင်၍ မဟုတ်ပါ။ လူဆိုသည်မှာ ကိုယ့်နှလုံးသားထဲတွင်ရှိသော ကြိုးကို ဆွဲလှုပ်မှ နာချင်သည်။ ဖာများကို မသနား၍ မဟုတ်ပါ။ သနားသည်နှင့် တရားဝင်လုပ်ကာ သူရဲကောင်းဘွဲ့ပေးရန်လည်း မလိုပါ။ ဖခင်နဖူးမှ ခြင်ကို ရဲတင်းနှင့် ထုသတ်သော စေတနာကို စေတနာဟု မသတ်မှတ်လိုပါ။ စေတနာကို ပညာတွဲမှ သာဓုခေါ်ရပါမည်။    ၅။ ပြည့်တန်ဆာ ကိစ္စကို အစိုးရတစ်ရပ်အနေဖြင့် သုံးမျိုး ဆောင်ရွက်နိုင်ပါသည်။ ၁) ပြစ်မှု အဖြစ် သတ်မှတ်ခြင်း Criminalisation ၊ ၂) ဥပဒေဘောင်အတွင်း ကန့်သတ်ဆောင်ရွက်စေခြင်း Legalisation ၊ ၃) ပြစ်မှုအဖြစ် လုံးဝ မသတ်မှတ်တော့ခြင်း Decriminalisation တို့ ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရတိုင်း ပြည့်တန်ဆာကိစ္စကို တရားဝင် ခွင့်ပြုသည်မဟုတ်ပါ။ အထက်ပါ သုံးမျိုးကို နိုင်ငံအလိုက် ဆောင်ရွက်ကြသလို နိုင်ငံတစ်ခုအတွင်းရှိ ဒေသအလိုက်ဆောင်ရွက်ကြ၊ ငြင်းပယ်ကြ၊ လက်ခံကြသည်လည်း ရှိပါသည်။   ၆။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုဘောင်အတွင်း သွတ်သွင်းရာတွင်လည်း နှစ်မျိုးရှိပါသည်။ အလုံးစုံသော လိင်အရောင်းအ၀ယ်ကိစ္စမှန်သမျှ တားမြစ်ခြင်း Prohibitionist နှင့် လိင်အရောင်းအ၀ယ်ကို ခွင့်ပြုပြီး ကျန်ဆက်စပ်သမျှတားမြစ်ခြင်း Abolitionist (ဥပမာ- အများပြည်သူနေရာလိင်ရောင်းဝယ်ခြင်း၊ မြူဆွယ်ခြင်း၊ ဇိမ်နန်းထောင်ခြင်း) တို့ ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင် ပြောနေကြသူများသည် ဥပဒေအတွင်းမှ ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ပြုခြင်းကို တောင်းဆိုနေသည်ဟု ယူဆသည့် အလျောက် ထိုကိစ္စကို အသေးစိတ်ပါမည်။    ၇။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်သောအခါ တရားဝင်စေရန် လုပ်ရသော ကိစ္စများ ပါလာပါသည်။ မှတ်ပုံတင်ခြင်း၊ လိုင်စင်ချပေးခြင်း၊ မစစ်မနေရ ဆေးစစ်စေခြင်း စသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဖာများသည် များသောအားဖြင့် နယ်လှည့်လိင်လုပ်သားများ ဖြစ်ပါသည်။ တစ်နေရာတွင် ကြာရှည်နေလျှင် ဖောက်သည်ရသည်ဟု ယူဆနိုင်သော သာမန်အရောင်း အ၀ယ်ကိစ္စမဟုတ်ပါ။ နေရာသစ်မှ လူအသစ်ဟုထင်ကြပါသည်။ မှတ်ပုံတင်ဝယ် သက်တမ်းရင့်နေသော ပြည့်တန်ဆာကို မည်သူမှ ငှားရမ်းပျော်ပါးလိုမည် မဟုတ်ပါ။ ထိုပြည့်တန်ဆာများအား တရားဝင် မှတ်ပုံတင်လာမည်ဟု ထင်လျှင်ထိုင်စောင့်ပါ။ မလာပါ။ လိုင်စင်သက်တမ်းတိုးခြင်း၊ ဆေးစစ်ခြင်းကိုလည်း တစ်နေရာတည်းတွင် လုပ်ပါမည်လား။ သံသယရှိရပါသည်။ ဆေးမအောင်လျှင်လည်း “ကောင်းရောင်းကောင်းဝယ်” လုပ်စားမည်လား။ တရားဝင်ဖာမှာ တရားမ၀င်ဖာအဖြစ် ပြောင်းသွားခြင်းသာ ဖြစ်ပါမည်။ အသက်မပြည့်၍ မှတ်ပုံတင်မလုပ်ရသော ပြည့်တန်ဆာသည် ထိုအလုပ်ကို အသက်ပြည့်သည် အထိ စောင့်နေမည်လား။    ၈။ နောက်တစ်ချက်သည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် သတ်မှတ်ခြင်းဖြင့် ရာဇ၀တ်မှု လျော့ကျနိုင်သည် ဆိုသော အကောက်အယူဖြစ်သည်။ ရာဇ၀တ်မှုတွင် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ရဲကြေးပေးရခြင်း၊ ကလေးပြည့်တန်ဆာ၊ လူကုန်ကူးမှု စသည်တို့ လျော့ကျမည်ဟု ဆြိုခင်းဖြစ်ပါသည်။ အရောင်းအ၀ယ်သဘောကို နားမလည်၍ ပြောခြင်း ဖြစ်ပါသည်။ ငယ်ငယ်ကိုမှ တပ်မက်သူ၊ အပျိုဘ၀ ၀ယ်လိုသူ (ကန်တော့ပါသည်၊ မရှင်းမည်စိုး၍ ရိုင်းရိုင်းဆိုပါမည်၊ ပါကင်ဖောက်လိုသူ) စသည်တို့ရှိနေလျှင် မှောင်ခိုဈေးကွက်ရှိနေမည်သာဖြစ်သည်။ ထိုသို့ရှိနေလျှင် ရဲအဂတိကိစ္စ ရှိနေဦးမည်သာဖြစ်သည်။ ရဲများ ရဲကြေးတောင်းသည်ကို ပပျောက်ရန် ပြည့်တန်ဆာ တရားဝင်ရေးလုပ်မည်လား၊ ရဲအဂတိလိုက်စားမှု ပပျောက်ရေးလုပ်ရမည်လား ရှင်းအောင်တွေးစေချင်ပါသည်။ ရဲကမူ ဖာကြေး မရလျှင် နှစ်လုံးသုံးလုံးသမားဆီမှတောင်းပါမည်။    ၉။ လိင်အရောင်းအ၀ယ်ကိစ္စသည် ရောင်းသူဝယ်သူ နှစ်ဦးတည်းသာ ရှိသော ကိစ္စလို မရိုးရှင်းပါ။ တတိယလူ အမြဲလိုလိုရှိပါသည်။ ထို ပြည့်တန်ဆာများကို ကြိုးကိုင်ခြယ်လှယ်နေသော ဇိမ်ခေါင်းပင်ဖြစ်ပါသည်။ ထိုခေါင်းများသည် များသော အားဖြင့် လူဆိုးလူမိုက်များဖြစ်ကြပါသည်။ တရားဝင်ဖြစ်လာသော ပြည်တန်ဆာကိစ္စများတွင် ထို မန်နေဂျာများ တရားဝင် ပေါ်ပေါက်လာပြီး ရာဇ၀တ်မှုကို ကျူးလွန်နိုင်ခြေ ပိုများလာပါမည်။ ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်ခြင်း၊ ပချုပ်ဆိုင်ထောင်ခြင်း၊ အတင်းအကြပ် ဖာဇာတ်သွင်းခြင်းတို့ကို တရားဝင်လုပ်လာနိုင်ပါသည်။ ဖြစ်ပြီးလျှင် မျက်စေ့မှိတ်သည်က များပါသည်။ ပြည့်တန်ဆာနွံသည် ရုန်းထွက်ရန် ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ဥပဒေပြုလျှင် ထို ဖာခေါင်းများအတွက် ဥပဒေ ထပ်၍ ပြုရပါသည်။ နိုင်ငံတကာကို ကြည့်စေချင်ပါသည်။    ၁၀။ နေရာကိစ္စသည်လည်း စဉ်းစားစရာ ကိစ္စ ဖြစ်လာပါမည်။ လမ်းပေါ်မှ ဖာများအတွက် မြူဆွယ်ရန် နေရာ သတ်မှတ်ပေးရပါမည်။ တွေ့ရာတွင် မြူဆွယ်၍ မရပါ။ ဇိမ်နန်းထောင်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထိုအရပ်ဒေသရှိ အမျိုးကောင်း သားသမီးများ အနှောက်အယှက် မဖြစ်စေရန် သီးသန့်နေရာ သတ်မှတ်ပေးရပါမည်။ ထို့အပြင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် လိင်အရောင်း အ၀ယ်လုပ်ခြင်း soliciting ကိုလည်း ထိန်းချုပ်ရပါမည်။ မည်သူသည် မိမိနေရပ်ကို တရားဝင် ဖာအရပ် အဖြစ် သတ်မှတ်ခံလိုပါမည်နည်း။ ပြည့်တန်ဆာ ဥပဒေကို လက်ခံလျှင် ထိုကိစ္စများကို ထည့်သွင်း ခွင်ပြုရမည်ဖြစ်သည်။ တံခါးပေါက်မှာ မြူဆွယ်ခွင့်၊ လမ်းပေါ်တွင် မြူဆွယ်ခွင့်၊ အိမ်သို့ အလုပ်သို့ ဖာခေါ်ခွင့်၊ ဇိမ်နန်းထောင်ခွင့် စသဖြင့် ပါဝင်လာပါမည်။ သားပျိုသမီးပျိုရှိသော အိမ်ရှေ့တွင် ပချုပ်ဆိုင်ထောင်သည်ကို မည်သည့်ဖခင်က လက်ခံလိုပါမည်နည်း။    ၁၁။ ထပ်မံစဉ်းစားစရာကိစ္စသည် ဥပဒေ အသက်ဝင်ခြင်း ကိစ္စ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်အရက်များကို ၁၈နှစ် မကျော်သူများအား မရောင်းရန် ဥပဒေရှိပါသည်။ အားလုံးလိုလို မလိုက်နာပါ။ ထိုသို့ ထိန်းညှိရန် အဖွဲ့ အစည်း အားကောင်းမှု မရှိပဲ တရားဝင် ခွင့်ပြုလိုက်လျှင် အာဏာဖြင့် ထိန်းချုပ်၍ ရသော ဘ၀မှ ထိန်းချုပ်ရန် အခွင့်အာဏာ ပင်ပျောက်သွားနိုင်ပါသည်။ ဘာနှင့်မှ ကိုင်တွယ်မရပဲ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာအမှုတို့ တရားဝင် ဖြစ်လာနိုင်ပါသည်။ ထိုသို့ တရားဝင်လာလျှင် မှောင်ခိုပြည့်တန်ဆာကိစ္စကို မည်သူကိုင်တွယ်မည်နည်း။ ရဲများကမူ ဖာကြေးကောက်ရသည့် အရသာကို သိပြီး ဖြစ်ပါသည်။    ၁၂။ ပြည့်တန်ဆာကိစ္စကို ဥပဒေဖြင့် ကန့်သတ်ခြင်းသည် လူထုအတွင်း လိင်မှုရောဂါများကူးစက်မှုကို ကန့်သတ်ရန်ဖြစ်ပါသည်။ လူထုကို ဦးတည်ပါသည်။  ပြည့်တန်ဆာကိစ္စကို ပြစ်မှုအဖြစ်မှ ဖယ်ရှားလိုက်ခြင်းသည် လူ့အခွင့်အရေးကို ဦးတည်ပါသည်။ လူ့အခွင့်အရေးထောင့်မှ ကြည့်သူများသည် ပြည့်တန်ဆာအမှုကို သာမန်အရောင်းအ၀ယ်ကိစ္စ အဖြစ် ဥပဒေလုပ်ရန်မလိုပဲ ရှိရင်းစွဲ တားမြစ်ဥပဒေကို ပယ်ဖျက်ရုံသာရှိပါသည်။ ထိုအထိ လုပ်ရဲပါမည်လား။ ဥပဒေဖြင့် ကန့်သတ်လျှင်လည်း ပြည့်တန်ဆာများကို အန္တရာယ်ရှိသော လိင်ကိစ္စများအကြောင်း သင်တန်းပေးခြင်း၊ ဆာတီဖီကိတ် လက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ရပါမည်။    ၁၃။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ပြည့်တန်ဆာကို ဥပဒေဖြင့် ခွင့်ပြုခြင်း၏ အကျိုးရလာဒ်ကို သိသာထင်ရှားစွာ မတွေ့ရကြောင်း သူရို့ ၀န်ခံကြပါသည်။ ၁) ရလာဒ်ကို သုတေသနပြုမှု၊ စောင့်ကြည့် အဆင့်မြှင့်ပေးမှု နည်းပါးခြင်းLittle evaluative research ၊ ၂) ဥပဒေဘောင်ဖြင့် ချဉ်းကပ်နည်းများ အတိုးအလျော့ လုပ်ရန်လွယ်ခြင်းVariations in legal frameworks within approaches ၊ ၃) အစီရင်ခံစားများ၏ ရလာဒ်ကို တိုင်းတာတွက်ချက်ရန် ခဲယဉ်းခြင်းValidity of reports ၊ ၄) အငြင်းပွားဖွယ်ရလာဒ်များရှိခြင်း Conflicting results (ဘာသာရေးသမားတို့က သိပ်များနေပြီထင်မည်၊ လူ့အခွင့်အရေးသမားက လိုသေးသည်ထင်မည်) တို့ကြောင့် ဖြစ်ပါသည်။    ၁၄။ အဆုံးသတ်ပြောရလျှင် ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်မှ အမှတ်ရမိသည်ကို ပြောပြလိုပါသည်။ ဒီမိုကရေစီဖေါ်ဆောင်ရာတွင် ယဉ်ကျေးမှုဖက်တာသည် ရွေ့ပြောင်းရ အလွန်ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ယဉ်ကျေးမှုဖက်တာပေါ်တင်ကြည့်စေချင်ပါသည်။ (ယဉ်ကျေးမှုကို အကြောင်းပြ၍ ငြင်းခြင်း မဟုတ်ပါ၊ ပြည့်တန်ဆာကိစ္စကို ပြည်သူတို့၏ ယဉ်ကျေးမှုအပေါ်လက်ခံသော သို့မဟုတ် ငြင်းပယ်သော ဓလေ့အပေါ်တင်ကြည့်စေရန် ဆိုလိုပါသည်။ ပြည်သူတို့ အလွယ်တကူ ခေါင်းငြိမ့်မည်လော၊ ငြင်းပယ်မည်လော ဆိုသည်ကို စဉ်းစားရန် ဖြစ်ပါသည်) ထိုအလုပ်ကို မဆိုထားနှင့်၊ ဖာဟူသောစကားကိုပင် နှုတ်က မထွက်ရဲသူများရှိကြောင်း သိစေလိုပါသည်။     ၁၅။ သူရို့ဆီမှာ၊ သူရို့ဆီမှာနှင့် လွယ်လင့်တကူ ဒီမိုကို ကရေစီပြသူများ စဉ်းစားစေချင်ပါသည်။ သူရို့ဆီမှာတိုင်း ပြည့်တန်ဆာဥပဒေကို လက်ခံကြသည်မဟုတ်ပါ။ တားမြစ်သောနိုင်ငံများစွာရှိပါသည်။ ကိုယ့်အခြေအနေကို မသုံးသပ်ပဲ လွယ်လင့်တကူ တင်သွင်းလို၍ မရပါ။ သူ့ရေမြေမှာပေါက်တိုင်း ကိုယ့်ရေမြေနှင့် အံမ၀င်ပါ။ (ယခုစာစုတွင် မြန်မာ့ယဉ်ကျေးမှုကို အကြောင်းပြ၍ မငြင်းခဲ့ပါ၊ ) ဆင်ခြင်တုံတရားကို သုံး၍ သုံးသပ်စေလိုပါသည်ခင်ဗျား။   ၁၆။ ထို့ထက်ပို၍ ဆိုရန် မရှိပါ။       နောက်ဆက်တွဲ    ဆရာဦးမောင်မောင်မြင့်မှ ဖုံးဆက်၍ ဆွေးနွေး အားပေးသဖြင့် ကျေးဇူးတင်ရပါသည်။ ဆရာပြောသော ဖြေရှင်းရန် နည်းလမ်းများကို (နားလည်သမျှ) တင်ပေးပါမည်။    (၁) ပြည့်တန်ဆာကိစ္စသည် ပပျောက်ရန် လုပ်မရပါ။ ပပျောက်ရန် လုပ်မရ၍ တရားဝင်လုပ်ရမည်ဟု မဆိုလိုပါ။ တိုးတိုးကြိတ်ကြိတ် ဖြေရှင်းခြင်းကိုသာ ကာယကံရှင်များက ပိုသဘောကျပါသည်။ တရားဝင်ဖာအဖြစ်ရပ်တည်ရန်သည် နောင်ရေးရှိပါသေးသည်။ အသက်ကြီးလာလျှင် မိသားစုနှင့် နေချင်ကြပါလိမ့်မည်။ မည်သူမှ ထာဝစဉ်ဖာလုပ်မရပါ။ ဖာမှတ်ပုံတင်ထားလျှင် အသက်ကြီးလျှင် ခေါင်းဖြစ်သွားပါမည်။ မှတ်ပုံမတင်လျှင် မသိလိုက် မသိဘာသာ စွန့်ခွာ၍ ရနိုင်ပါသည်။    (၂) ဆရာပြောပြသော ဥပမာလေး အလွန်ကောင်းပါသည်။ အမိန့်ရ အပေါင်ဆိုင်သည် အပေါင်ဆိုင် သတ်သတ်လုပ်ပါက မည်သူမှ မ၀င်လိုပါ။ (ဆိုင်ထဲဝင်လျှင် ပေါင်ရန်မှန်း လူတိုင်း သိပါသည်) အပေါင်ဆိုင်ကို စတိုးဆိုင်လေးနှင့် တွဲဖွင့်ပါမှ ပစ္စည်းလေး တစ်ခုခု ၀ယ်သလိုနှင့် ၀င်ပေါင်ပါသည်။ ကေတီဗီအဆိုတော်လုပ်ခြင်းသည် ထိုသို့ သဘောပါနေပါသည်။ ဖာများမှတ်ပုံတင်မည်မဟုတ်ပါ။ မတင်မည့်အတူတူ အခြားသော နည်းလမ်းများဖြင့် ဖာကိစ္စ ပပျောက်ရန် ကြိုးစားစေချင်ပါသည်။    (၃) ဖာထက် အရေးကြီးသည်မှာ ချုပ်ထားသော ခေါင်းများဖြစ်ပါသည်။ သူရို့က ဖာများကို ခေါင်းပုံဖြတ်ခြင်း၊ ဇိမ်ခန်းထောင်ခြင်း၊ ဖာဇာတ်သွင်းခြင်းများ လုပ်ပါသည်။ ဖာကိုဖမ်းသဖြင့် ပြဿနာ မပြေလည်ပါ။ အညှာက ခေါင်းများဖြစ်ပါသည်။ ဖာများကို ကယ်လိုလျှင် ခေါင်းကို အားပေးသော ဥပဒေပြုရေးထက် သူရို့ကို အရေးယူနိုင်ရန်သာ ကြိုးစားစေချင်ပါသည်။
(အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့်သည့် အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)
၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းမည်ဟု ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါသည်။ ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ ပြောပြချင်သည်များရှိလာသည်။
၂။ ပြည့်တန်ဆာဟု ခေါ်သည်ဖြစ်စေ၊ မိန်းမရွှင်ဟု ခေါ်သည်ဖြစ်စေ၊ လိင်လုပ်သားဟု ခေါ်သည်ဖြစ်စေ အမှန်စင်စစ် “ဖာ” ပင်ဖြစ်သည်။ (စကားရိုင်းလျှင်သည်းခံပါ၊ ဆက်ရှင်းပါမည်) အခေါ်အဝေါ်က စကားပြောပါသည်။ ဖာကို ဖာဟု မခေါ်ပဲ လိင်လုပ်သားဟု ခေါ်သောအခါ တမျိုးသော ဂုဏ်ရှိနေသယောင်ထင်နေရသည်။ (ဂုဏ်မရှိဟု ပြောခြင်းလည်း မဟုတ်ပါ၊ ပုဂ္ဂလအစွဲကြောင့် ခံစားချက်ပြောင်းသွားတတ်ကြောင်း ပြောလိုရင်း ဖြစ်သည်။) ကေတီဗီမှာ အဆိုတော်လုပ်သည်ဟု နာမည်တတ်ထားသော မိန်းကလေးများကို ဖာဟု ခေါ်သော အခါ ဆတ်ဆတ်ခါ နာပါလိမ့်မည်။ ထို အနာသည်လည်း ထိုဘ၀မှ ရုန်းထွက်ရန် တွန်းအား တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုအလုပ်ကို တရားဝင်ရေးမ၀င်ရေးထက် “ဖာ” ဟူသော စကားကိုပင် နှုတ်မှ မထွက်ရဲသော အမျိုးကောင်း သမီးငယ်များ ရှိနေကြောင်း ထင်ရှားစေရန် ဖြစ်သည်။ ယခုစာသည် ထိုဖာများကို တရားဝင်သင့် မ၀င်သင့်ထက် တွေးတောထိုက်ဖွယ်ရာများကို ပြောပြရန်သာ ဖြစ်ပါသည်။
၃။ လက်ခံလိုသူတို့ကမူ အကြောင်း အမျိုးမျိုးပြကြသည်။ ပြည့်တန်ဆာသည် ဘုရားရှင်လက်ထက်ကပင် ရှိခဲ့ကြောင်း (ဘုရားရှင်နှင့် လောကီရေး မဆိုင်ပါ၊ ဘုရားရှင်လက်ထက်တွင် သူခိုးလည်းရှိပါသည်၊ မည်သည့်လက်ထက်တွင်မဆို ပြည့်တန်ဆာရှိပါသည်၊ ရှိတိုင်း လက်ခံရန်မလိုပါ) တိုင်းပြည်ကို အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟုခေါ်ကြောင်း (မည်သို့နာမည်တတ်တတ်၊ ဖာသည်ဖာပင်ဖြစ်သည်) တရားဝင် သတ်မှတ်ခြင်းဖြင့် ရဲများကို လိုင်းကြေး ဆတ်ကြေးပေးရခြင်းမှ ကင်းလွတ်နိုင်ကြောင်း၊ ဆေးစစ်ချက်များ လုပ်နိုင်သဖြင့် စိတ်ချရကြောင်း များ ပြောပြကြပါသည်။ (ထိုကိစ္စများကိုလည်း ရှင်းရပါမည်၊ ခဏသည်းခံပါ)
၎။ ကလေးပြော ပြောလိုက်လျှင်မူ ကိစ္စပြတ်ပါသည်။ ပြည့်တန်ဆာ ကိစ္စ တရားဝင်ရေး သဘောတူသူများသည် မိမိမိတ်ဆွေများကို “ငါ့ညီမကတော့ လိုင်စင်ရဖာကွ” ဟု ပြောရဲပါမည်လား။ ကိုယ့်အမျိုးထဲတွင် တရားဝင် ဖာခန်းထောင်သူများရှိလျှင် သဘောတူမည်လား။ မိုက်ရိုင်းချင်၍ မဟုတ်ပါ။ လူဆိုသည်မှာ ကိုယ့်နှလုံးသားထဲတွင်ရှိသော ကြိုးကို ဆွဲလှုပ်မှ နာချင်သည်။ ဖာများကို မသနား၍ မဟုတ်ပါ။ သနားသည်နှင့် တရားဝင်လုပ်ကာ သူရဲကောင်းဘွဲ့ပေးရန်လည်း မလိုပါ။ ဖခင်နဖူးမှ ခြင်ကို ရဲတင်းနှင့် ထုသတ်သော စေတနာကို စေတနာဟု မသတ်မှတ်လိုပါ။ စေတနာကို ပညာတွဲမှ သာဓုခေါ်ရပါမည်။
၅။ ပြည့်တန်ဆာ ကိစ္စကို အစိုးရတစ်ရပ်အနေဖြင့် သုံးမျိုး ဆောင်ရွက်နိုင်ပါသည်။ ၁) ပြစ်မှု အဖြစ် သတ်မှတ်ခြင်း Criminalisation ၊ ၂) ဥပဒေဘောင်အတွင်း ကန့်သတ်ဆောင်ရွက်စေခြင်း Legalisation ၊ ၃) ပြစ်မှုအဖြစ် လုံးဝ မသတ်မှတ်တော့ခြင်း Decriminalisation တို့ ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရတိုင်း ပြည့်တန်ဆာကိစ္စကို တရားဝင် ခွင့်ပြုသည်မဟုတ်ပါ။ အထက်ပါ သုံးမျိုးကို နိုင်ငံအလိုက် ဆောင်ရွက်ကြသလို နိုင်ငံတစ်ခုအတွင်းရှိ ဒေသအလိုက်ဆောင်ရွက်ကြ၊ ငြင်းပယ်ကြ၊ လက်ခံကြသည်လည်း ရှိပါသည်။
၆။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုဘောင်အတွင်း သွတ်သွင်းရာတွင်လည်း နှစ်မျိုးရှိပါသည်။ အလုံးစုံသော လိင်အရောင်းအ၀ယ်ကိစ္စမှန်သမျှ တားမြစ်ခြင်း Prohibitionist နှင့် လိင်အရောင်းအ၀ယ်ကို ခွင့်ပြုပြီး ကျန်ဆက်စပ်သမျှတားမြစ်ခြင်း Abolitionist (ဥပမာ- အများပြည်သူနေရာလိင်ရောင်းဝယ်ခြင်း၊ မြူဆွယ်ခြင်း၊ ဇိမ်နန်းထောင်ခြင်း) တို့ ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင် ပြောနေကြသူများသည် ဥပဒေအတွင်းမှ ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ပြုခြင်းကို တောင်းဆိုနေသည်ဟု ယူဆသည့် အလျောက် ထိုကိစ္စကို အသေးစိတ်ပါမည်။
၇။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်သောအခါ တရားဝင်စေရန် လုပ်ရသော ကိစ္စများ ပါလာပါသည်။ မှတ်ပုံတင်ခြင်း၊ လိုင်စင်ချပေးခြင်း၊ မစစ်မနေရ ဆေးစစ်စေခြင်း စသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဖာများသည် များသောအားဖြင့် နယ်လှည့်လိင်လုပ်သားများ ဖြစ်ပါသည်။ တစ်နေရာတွင် ကြာရှည်နေလျှင် ဖောက်သည်ရသည်ဟု ယူဆနိုင်သော သာမန်အရောင်း အ၀ယ်ကိစ္စမဟုတ်ပါ။ နေရာသစ်မှ လူအသစ်ဟုထင်ကြပါသည်။ မှတ်ပုံတင်ဝယ် သက်တမ်းရင့်နေသော ပြည့်တန်ဆာကို မည်သူမှ ငှားရမ်းပျော်ပါးလိုမည် မဟုတ်ပါ။ ထိုပြည့်တန်ဆာများအား တရားဝင် မှတ်ပုံတင်လာမည်ဟု ထင်လျှင်ထိုင်စောင့်ပါ။ မလာပါ။ လိုင်စင်သက်တမ်းတိုးခြင်း၊ ဆေးစစ်ခြင်းကိုလည်း တစ်နေရာတည်းတွင် လုပ်ပါမည်လား။ သံသယရှိရပါသည်။ ဆေးမအောင်လျှင်လည်း “ကောင်းရောင်းကောင်းဝယ်” လုပ်စားမည်လား။ တရားဝင်ဖာမှာ တရားမ၀င်ဖာအဖြစ် ပြောင်းသွားခြင်းသာ ဖြစ်ပါမည်။ အသက်မပြည့်၍ မှတ်ပုံတင်မလုပ်ရသော ပြည့်တန်ဆာသည် ထိုအလုပ်ကို အသက်ပြည့်သည် အထိ စောင့်နေမည်လား။
၈။ နောက်တစ်ချက်သည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် သတ်မှတ်ခြင်းဖြင့် ရာဇ၀တ်မှု လျော့ကျနိုင်သည် ဆိုသော အကောက်အယူဖြစ်သည်။ ရာဇ၀တ်မှုတွင် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ရဲကြေးပေးရခြင်း၊ ကလေးပြည့်တန်ဆာ၊ လူကုန်ကူးမှု စသည်တို့ လျော့ကျမည်ဟု ဆြိုခင်းဖြစ်ပါသည်။ အရောင်းအ၀ယ်သဘောကို နားမလည်၍ ပြောခြင်း ဖြစ်ပါသည်။ ငယ်ငယ်ကိုမှ တပ်မက်သူ၊ အပျိုဘ၀ ၀ယ်လိုသူ (ကန်တော့ပါသည်၊ မရှင်းမည်စိုး၍ ရိုင်းရိုင်းဆိုပါမည်၊ ပါကင်ဖောက်လိုသူ) စသည်တို့ရှိနေလျှင် မှောင်ခိုဈေးကွက်ရှိနေမည်သာဖြစ်သည်။ ထိုသို့ရှိနေလျှင် ရဲအဂတိကိစ္စ ရှိနေဦးမည်သာဖြစ်သည်။ ရဲများ ရဲကြေးတောင်းသည်ကို ပပျောက်ရန် ပြည့်တန်ဆာ တရားဝင်ရေးလုပ်မည်လား၊ ရဲအဂတိလိုက်စားမှု ပပျောက်ရေးလုပ်ရမည်လား ရှင်းအောင်တွေးစေချင်ပါသည်။ ရဲကမူ ဖာကြေး မရလျှင် နှစ်လုံးသုံးလုံးသမားဆီမှတောင်းပါမည်။
၉။ လိင်အရောင်းအ၀ယ်ကိစ္စသည် ရောင်းသူဝယ်သူ နှစ်ဦးတည်းသာ ရှိသော ကိစ္စလို မရိုးရှင်းပါ။ တတိယလူ အမြဲလိုလိုရှိပါသည်။ ထို ပြည့်တန်ဆာများကို ကြိုးကိုင်ခြယ်လှယ်နေသော ဇိမ်ခေါင်းပင်ဖြစ်ပါသည်။ ထိုခေါင်းများသည် များသော အားဖြင့် လူဆိုးလူမိုက်များဖြစ်ကြပါသည်။ တရားဝင်ဖြစ်လာသော ပြည်တန်ဆာကိစ္စများတွင် ထို မန်နေဂျာများ တရားဝင် ပေါ်ပေါက်လာပြီး ရာဇ၀တ်မှုကို ကျူးလွန်နိုင်ခြေ ပိုများလာပါမည်။ ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်ခြင်း၊ ပချုပ်ဆိုင်ထောင်ခြင်း၊ အတင်းအကြပ် ဖာဇာတ်သွင်းခြင်းတို့ကို တရားဝင်လုပ်လာနိုင်ပါသည်။ ဖြစ်ပြီးလျှင် မျက်စေ့မှိတ်သည်က များပါသည်။ ပြည့်တန်ဆာနွံသည် ရုန်းထွက်ရန် ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ဥပဒေပြုလျှင် ထို ဖာခေါင်းများအတွက် ဥပဒေ ထပ်၍ ပြုရပါသည်။ နိုင်ငံတကာကို ကြည့်စေချင်ပါသည်။
၁၀။ နေရာကိစ္စသည်လည်း စဉ်းစားစရာ ကိစ္စ ဖြစ်လာပါမည်။ လမ်းပေါ်မှ ဖာများအတွက် မြူဆွယ်ရန် နေရာ သတ်မှတ်ပေးရပါမည်။ တွေ့ရာတွင် မြူဆွယ်၍ မရပါ။ ဇိမ်နန်းထောင်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထိုအရပ်ဒေသရှိ အမျိုးကောင်း သားသမီးများ အနှောက်အယှက် မဖြစ်စေရန် သီးသန့်နေရာ သတ်မှတ်ပေးရပါမည်။ ထို့အပြင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် လိင်အရောင်း အ၀ယ်လုပ်ခြင်း soliciting ကိုလည်း ထိန်းချုပ်ရပါမည်။ မည်သူသည် မိမိနေရပ်ကို တရားဝင် ဖာအရပ် အဖြစ် သတ်မှတ်ခံလိုပါမည်နည်း။ ပြည့်တန်ဆာ ဥပဒေကို လက်ခံလျှင် ထိုကိစ္စများကို ထည့်သွင်း ခွင်ပြုရမည်ဖြစ်သည်။ တံခါးပေါက်မှာ မြူဆွယ်ခွင့်၊ လမ်းပေါ်တွင် မြူဆွယ်ခွင့်၊ အိမ်သို့ အလုပ်သို့ ဖာခေါ်ခွင့်၊ ဇိမ်နန်းထောင်ခွင့် စသဖြင့် ပါဝင်လာပါမည်။ သားပျိုသမီးပျိုရှိသော အိမ်ရှေ့တွင် ပချုပ်ဆိုင်ထောင်သည်ကို မည်သည့်ဖခင်က လက်ခံလိုပါမည်နည်း။
၁၁။ ထပ်မံစဉ်းစားစရာကိစ္စသည် ဥပဒေ အသက်ဝင်ခြင်း ကိစ္စ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်အရက်များကို ၁၈နှစ် မကျော်သူများအား မရောင်းရန် ဥပဒေရှိပါသည်။ အားလုံးလိုလို မလိုက်နာပါ။ ထိုသို့ ထိန်းညှိရန် အဖွဲ့ အစည်း အားကောင်းမှု မရှိပဲ တရားဝင် ခွင့်ပြုလိုက်လျှင် အာဏာဖြင့် ထိန်းချုပ်၍ ရသော ဘ၀မှ ထိန်းချုပ်ရန် အခွင့်အာဏာ ပင်ပျောက်သွားနိုင်ပါသည်။ ဘာနှင့်မှ ကိုင်တွယ်မရပဲ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာအမှုတို့ တရားဝင် ဖြစ်လာနိုင်ပါသည်။ ထိုသို့ တရားဝင်လာလျှင် မှောင်ခိုပြည့်တန်ဆာကိစ္စကို မည်သူကိုင်တွယ်မည်နည်း။ ရဲများကမူ ဖာကြေးကောက်ရသည့် အရသာကို သိပြီး ဖြစ်ပါသည်။
၁၂။ ပြည့်တန်ဆာကိစ္စကို ဥပဒေဖြင့် ကန့်သတ်ခြင်းသည် လူထုအတွင်း လိင်မှုရောဂါများကူးစက်မှုကို ကန့်သတ်ရန်ဖြစ်ပါသည်။ လူထုကို ဦးတည်ပါသည်။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုအဖြစ်မှ ဖယ်ရှားလိုက်ခြင်းသည် လူ့အခွင့်အရေးကို ဦးတည်ပါသည်။ လူ့အခွင့်အရေးထောင့်မှ ကြည့်သူများသည် ပြည့်တန်ဆာအမှုကို သာမန်အရောင်းအ၀ယ်ကိစ္စ အဖြစ် ဥပဒေလုပ်ရန်မလိုပဲ ရှိရင်းစွဲ တားမြစ်ဥပဒေကို ပယ်ဖျက်ရုံသာရှိပါသည်။ ထိုအထိ လုပ်ရဲပါမည်လား။ ဥပဒေဖြင့် ကန့်သတ်လျှင်လည်း ပြည့်တန်ဆာများကို အန္တရာယ်ရှိသော လိင်ကိစ္စများအကြောင်း သင်တန်းပေးခြင်း၊ ဆာတီဖီကိတ် လက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ရပါမည်။
၁၃။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ပြည့်တန်ဆာကို ဥပဒေဖြင့် ခွင့်ပြုခြင်း၏ အကျိုးရလာဒ်ကို သိသာထင်ရှားစွာ မတွေ့ရကြောင်း သူရို့ ၀န်ခံကြပါသည်။ ၁) ရလာဒ်ကို သုတေသနပြုမှု၊ စောင့်ကြည့် အဆင့်မြှင့်ပေးမှု နည်းပါးခြင်းLittle evaluative research ၊ ၂) ဥပဒေဘောင်ဖြင့် ချဉ်းကပ်နည်းများ အတိုးအလျော့ လုပ်ရန်လွယ်ခြင်းVariations in legal frameworks within approaches ၊ ၃) အစီရင်ခံစားများ၏ ရလာဒ်ကို တိုင်းတာတွက်ချက်ရန် ခဲယဉ်းခြင်းValidity of reports ၊ ၄) အငြင်းပွားဖွယ်ရလာဒ်များရှိခြင်း Conflicting results (ဘာသာရေးသမားတို့က သိပ်များနေပြီထင်မည်၊ လူ့အခွင့်အရေးသမားက လိုသေးသည်ထင်မည်) တို့ကြောင့် ဖြစ်ပါသည်။
၁၄။ အဆုံးသတ်ပြောရလျှင် ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်မှ အမှတ်ရမိသည်ကို ပြောပြလိုပါသည်။ ဒီမိုကရေစီဖေါ်ဆောင်ရာတွင် ယဉ်ကျေးမှုဖက်တာသည် ရွေ့ပြောင်းရ အလွန်ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ယဉ်ကျေးမှုဖက်တာပေါ်တင်ကြည့်စေချင်ပါသည်။ (ယဉ်ကျေးမှုကို အကြောင်းပြ၍ ငြင်းခြင်း မဟုတ်ပါ၊ ပြည့်တန်ဆာကိစ္စကို ပြည်သူတို့၏ ယဉ်ကျေးမှုအပေါ်လက်ခံသော သို့မဟုတ် ငြင်းပယ်သော ဓလေ့အပေါ်တင်ကြည့်စေရန် ဆိုလိုပါသည်။ ပြည်သူတို့ အလွယ်တကူ ခေါင်းငြိမ့်မည်လော၊ ငြင်းပယ်မည်လော ဆိုသည်ကို စဉ်းစားရန် ဖြစ်ပါသည်) ထိုအလုပ်ကို မဆိုထားနှင့်၊ ဖာဟူသောစကားကိုပင် နှုတ်က မထွက်ရဲသူများရှိကြောင်း သိစေလိုပါသည်။
၁၅။ သူရို့ဆီမှာ၊ သူရို့ဆီမှာနှင့် လွယ်လင့်တကူ ဒီမိုကို ကရေစီပြသူများ စဉ်းစားစေချင်ပါသည်။ သူရို့ဆီမှာတိုင်း ပြည့်တန်ဆာဥပဒေကို လက်ခံကြသည်မဟုတ်ပါ။ တားမြစ်သောနိုင်ငံများစွာရှိပါသည်။ ကိုယ့်အခြေအနေကို မသုံးသပ်ပဲ လွယ်လင့်တကူ တင်သွင်းလို၍ မရပါ။ သူ့ရေမြေမှာပေါက်တိုင်း ကိုယ့်ရေမြေနှင့် အံမ၀င်ပါ။ (ယခုစာစုတွင် မြန်မာ့ယဉ်ကျေးမှုကို အကြောင်းပြ၍ မငြင်းခဲ့ပါ၊ ) ဆင်ခြင်တုံတရားကို သုံး၍ သုံးသပ်စေလိုပါသည်ခင်ဗျား။
၁၆။ ထို့ထက်ပို၍ ဆိုရန် မရှိပါ။
နောက်ဆက်တွဲ
ဆရာဦးမောင်မောင်မြင့်မှ ဖုံးဆက်၍ ဆွေးနွေး အားပေးသဖြင့် ကျေးဇူးတင်ရပါသည်။ ဆရာပြောသော ဖြေရှင်းရန် နည်းလမ်းများကို (နားလည်သမျှ) တင်ပေးပါမည်။
(၁) ပြည့်တန်ဆာကိစ္စသည် ပပျောက်ရန် လုပ်မရပါ။ ပပျောက်ရန် လုပ်မရ၍ တရားဝင်လုပ်ရမည်ဟု မဆိုလိုပါ။ တိုးတိုးကြိတ်ကြိတ် ဖြေရှင်းခြင်းကိုသာ ကာယကံရှင်များက ပိုသဘောကျပါသည်။ တရားဝင်ဖာအဖြစ်ရပ်တည်ရန်သည် နောင်ရေးရှိပါသေးသည်။ အသက်ကြီးလာလျှင် မိသားစုနှင့် နေချင်ကြပါလိမ့်မည်။ မည်သူမှ ထာဝစဉ်ဖာလုပ်မရပါ။ ဖာမှတ်ပုံတင်ထားလျှင် အသက်ကြီးလျှင် ခေါင်းဖြစ်သွားပါမည်။ မှတ်ပုံမတင်လျှင် မသိလိုက် မသိဘာသာ စွန့်ခွာ၍ ရနိုင်ပါသည်။
(၂) ဆရာပြောပြသော ဥပမာလေး အလွန်ကောင်းပါသည်။ အမိန့်ရ အပေါင်ဆိုင်သည် အပေါင်ဆိုင် သတ်သတ်လုပ်ပါက မည်သူမှ မ၀င်လိုပါ။ (ဆိုင်ထဲဝင်လျှင် ပေါင်ရန်မှန်း လူတိုင်း သိပါသည်) အပေါင်ဆိုင်ကို စတိုးဆိုင်လေးနှင့် တွဲဖွင့်ပါမှ ပစ္စည်းလေး တစ်ခုခု ၀ယ်သလိုနှင့် ၀င်ပေါင်ပါသည်။ ကေတီဗီအဆိုတော်လုပ်ခြင်းသည် ထိုသို့ သဘောပါနေပါသည်။ ဖာများမှတ်ပုံတင်မည်မဟုတ်ပါ။ မတင်မည့်အတူတူ အခြားသော နည်းလမ်းများဖြင့် ဖာကိစ္စ ပပျောက်ရန် ကြိုးစားစေချင်ပါသည်။
(၃) ဖာထက် အရေးကြီးသည်မှာ ချုပ်ထားသော ခေါင်းများဖြစ်ပါသည်။ သူရို့က ဖာများကို ခေါင်းပုံဖြတ်ခြင်း၊ ဇိမ်ခန်းထောင်ခြင်း၊ ဖာဇာတ်သွင်းခြင်းများ လုပ်ပါသည်။ ဖာကိုဖမ်းသဖြင့် ပြဿနာ မပြေလည်ပါ။ အညှာက ခေါင်းများဖြစ်ပါသည်။ ဖာများကို ကယ်လိုလျှင် ခေါင်းကို အားပေးသော ဥပဒေပြုရေးထက် သူရို့ကို အရေးယူနိုင်ရန်သာ ကြိုးစားစေချင်ပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌကြီးရှင်
$
0
0
 Photo: ပြည်သူ့လွှတ်တော်ဥက္ကဌကြီးရှင် ကျွန်မဒီနေ့မေးမြန်းမဲ့မေးခွန်းလေးကတော့ ၁၉၄၉ ခုနှစ် ပြည်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေနှင့်ပတ်သက်ပီး မေးမြန်းလိုခြင်းဖြစ်ပါတယ် ပြည့်တန်ဆာဆိုတာ ဗုဒ္စခေတ်ကတည်းက ရှိခဲ့တာပါ။ ကျမ်းဂန်တွေအရတော့ နာဂါဆိုဘီနီ nagar sobhini လို့ ခေါ်ဆိုကြပြီး မြို့တော်မှပိုင်ဆိုင်တဲ့အလှမယ်ဆိုတဲ့အဓိပါယ်ရပါတယ်။ နိုင်ငံပိုင်ပြည့်တန်ဆာ အဖြစ် အသက်မွေးရတဲ့ ရာထူးအဆင့်ကို အပ်နှင်းလိုက်ချင်းပါ။ ဆိုဘီနီခေါ်ပြည့်တန်ဆာဘွဲ့အပ်နှင်းခြင်းကို ဝဇီ(Vajji) ဘုရင်က စတင်အပ်နှင်းတယ်လို့လည်း ကျမ်းဂန်တွေအရသိရပါတယ်။ ရှေ့ဟောင်း ဗုဒ္စဘာသာ စာပေတွေမှာတော့ ပြည့်တန်ဆာတွေကို အဆိုးမြင်သဘောထားတွေနဲ့ ဖော်ပြထားတာမရှိပါဘူး။ ဗုဒ္စကိုယ်တိုင် ဒီလိုမျိုးအမျိုးသမီးတွေကို ဇာတ်နိမ့်ဇာတ်မြင့် ဒါမှမဟုတ် အယူဝါဒ မခွဲခြားဘဲ နိဗာန်ကို လျှောက်လှမ်းခွင့်ပေးခဲ့ပါတယ်။ ဝေသာလီပြည်က အမပါလီဆိုတဲ့ ပြည့်တန်ဆာဟာ ကသဖဘုရားရှင်လက်ထက်မှာ ဘီက္ခူနီဖြစ်ခဲ့ပြီး တာဝတီံသာနတ်ပြည်မှ စံစားခဲ့ရကာ ဆုတေပြီးနောက် နောက်ဆုံးဘဝအဖြစ် ဂေါတမ ဘုရားရှင်လက်ထက်မှာလည်း ပြည့်တန်ဆာ ထပ်ဖြစ်ခဲ့ပြီး ဗုဒ္စရဲ့တရားတော်တွေကြောင့် ရဟန်းနာဘဝကို ရောက်ခဲ့ပါတယ်။ သာလာဝတီ ဆိုတဲ့ ပြည့်တန်ဆာဟာလည်း ဘုရားရှင်နဲ့ သံဃာတွေကို ဆေးကုသပေးရတဲ့ သမားတော်ကြီး ဇီဝကရဲ့မယ်တော်ပါ။ ဆိုလိုခြင်တာက ပြည့်တန်ဆာတွေဟာ ဗုဒ္စလက်ထက်ကတည်းကရှိခဲ့ပြီး ကျွတ်တန်းဝင်သွားခဲ့တယ်ဆိုတာပါ။  လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်....  ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံတိုင်းမှာ ပြည့်တန်ဆာတွေရှိနေပါတယ်။ ဘာသာရေးအထိန်းအကွပ်ကြောင့် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးတဲ့နိုင်ငံနဲ့ မဖွံ့ဖြိုးတာပဲ ကွာပါတယ်။ ပြည့်တန်ဆာတွေနဲ့ ပက်သက်တဲ့ဥပဒေတွေကိုလည်းကမ္ဘာနိုင်ငံ့အများစုမှာ ပြထန်းထားပါတယ်။ အာရှဒေသက ဂျပန်၊ တရုတ် ၊ ထိုင်း ၊ စင်ကာပူ တွေမှာဆိုရင် တရားဝင်ဈေးကွက်အဖြစ်ကိုသက်မှတ်ပေးထားတာပါ။ ဒါဟာ လူဖြစ်နေလို့ မလွန်ဆန်နိုင်တဲ့လူတန်းစားတွေအတွက် သီးခြားသက်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို ပြည့်တန်ဆာက အနည်းနဲ့အများရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လည်း ပြည်တန်ဆာဆိုတာ ခေတ်အဆက်ဆက်တိုင်ရှိခဲ့ပီ ယနေ့အချိန်ထိလျော့နည်းပပြောက်သွားခြင်းမရှိသေးပါဘူး  လေးစားအပ်ပါသေား ဥက္ကဌကြီး .ရှင့်....  ၁၉၄၉ခုနှစ် အေပြီ ၂၁ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ပြည့်တန်ဆာ ပပျောက်ရေးဥပဒေဟာ တချို့နေရာတွေမှာ ဥပဒေကို လက်တစ်လုံးခြားကျင့်သုံးတဲ့ တာဝန်ရှိသူအချို့ကြောင့် ပြည့်တန်ဆာတွေအနေနဲ့ ပိုမိုနှစ်နာရပါတယ်။ ဘယ်သူမဆို ဒီဘဝကို ဝတ်ရှိလို့သာရောက်ခဲ့ရတာပါ။ ငွေကိုလွယ်လွယ်ရလိုမှု ၊ လုပ်စရာ အလုပ်အကိုင်မရှိလို့ လုပ်ရကာနေ နှစ်မွန်းသွားပြီး မထူးဇာတ်ခင်းကြတဲ့သူတွေလည်းအများကြီးပါ။ ရုန်းထွက်ခြင်ပေမဲ့ ကောင်းရာကောင်းကြောင်းလုပ်ရင် တစ်လ တစ်သိန်းလောက်တောင် မရဘဲ ၄၊၅ ရက်လောက်နဲ့ တစ်သိန်းရတယ်ဆိုပြီး နစ်မွန်းနေသူတွေလည်း အများကြီးပါ။ သူတို့အတွက် မထူးတော့တဲ့အခြေအနေမို့ ဆက်လုပ်နေရတဲ့သူတွေလည်း ရှိပါတယ်။ ဒီအခါမှာ ၁၉၄၁ ခုနှစ်ပြည့်တန်ဆာ ပပျောက်ရေးဥပဒေကို အလွဲသုံးသူတချို့ကိုလည်း ပြည့်တန်ဆာတွေရင်ဆိုင်နေကြရပါတယ်။ စီမံချက်ရှိရင် မကျေနပ်ရင် ကွန်ဒုံးဆောင်ထားတဲ့ သာမန်ရိုးရိုးမိန်ကလေးကိုတောင်မှ ပြည့်တန်ဆာအဖြစ်မြူဆွယ်လုပ်ကိုင်တယ်ဆိုပြီး ဖမ်းလို့ရပါတယ်။ ပြည့်တန်ဆာတွေအနေနဲ့လည်း သူတို့ရဲ့ကျန်းမာရေးအတွက် ကွန်ဒုံးကို ဆောင်ရမှာပါ။ ရဲတချို့ကတော့လူကိုမခင်ရင် ထောင်ထဲပို့ပြီး လူကိုခင်ရင် မူကိုပြင်ပြီး အိပ်ခန်းထဲခေါ်သွားကြတယ်လို့လည်း ပြည့်တန်ဆာလောက ကနေသိနေရပါတယ်။ ဒီအတွက် ပြည့်တန်ဆာတွေကို ဘယ်ထိန်းသိန်းမလည်းဆိုတာကျွန်မတို့စဉ်စားရတော့မယ် ၁။.....ဒီအလုပ် လုပ်တဲ့သူတွေကို ကျန်းမာရေးအရ ဆေးစစ်ပြီးသာဖြစ်လို့ လိင်နဲ့ပတ်သက်တဲ့ရောဂါတွေ ကူဆက်ပြန့်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။ ၂။ပြည့်တန်ဆာဆိုပေမယ့် နိုင်ငံသားတစ်ဦးဖြစ်လို့ နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိတဲ့ တရားဥပဒေနဲ့အခွင်းအရေးတွေကိုလည်း ပြည့်တန်ဆာတွေရရှိနိုင်မှာဖြစ်ပါတယ်။  ၃။မနေနိုင်တဲ့အမျိုးသားတွေအနေနဲ့လည်း ဒီလိုနေရာတွေကို တရားဝင် သွားရောက်နိုင်တဲ့အတွက် ကလေးသူငယ် အရွယ်လေးတွေ မုဒိန်းကျင့်ခံရခြင်း၊ မိကောင်းဖခင် အမျိုးသမီးလေးတွေအပေါ် ပစ်မှတ်ထားနိုင်တဲ့ အမျိုးသားတွေရဲ့ အန္တရာယ်ကနေ အတိုင်းအတာတစ်ခုထိ လျှော့ပါစေမှာဖြစ်ပြီး မဒိန်းမှုအန္တရာယ်ကိုလည်း အတိုင်းအတာတစ်ရပ်အထိလျှော့ချနိုင်မယ်လို့ ယူဆမိပါတယ်။   လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်..  ကျမ...မေးချင်တဲ့....မေးခွန်ူးတွေကတော့. ......ပြည်ထောင်စုသမ္မတ အစိုးရလက်ထက်မှာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်းအရေးအတွက် ဘယ်လောက်ရှိပါသလည်း အဆိုပါမှုခင်းများဖြစ်ပွာ်းရခြင်းမှာ နိုင်ငံ့ရဲ့ဆင်းရဲမွဲတေမှုပြသနာနဲ့ အလုပ်အကိုင်ရှားပါမှုပြသနာတို့ကြောင့်ပြည့်တန်ဆာမှုခင်းအများအပျားဖြစ်လာပြီးဖမ်းစည်းပြစ်ဒဏ်ပေးရုံနဲ့ ပြည့်တန်ဆာလုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်တွေများပျားလာခြင်းကို ဟန့်တားနိုင်မှာလား ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ အရေးယူခံရတဲ့အမျိုးသမီးများဟာ အကျဉ်းထောင်ထဲမှာ HIV/AIDS ရောဂါပပြောက်ရေးအတွက် လည်းကောင်း၊ ဘ၀သစ်ပြန်လည်ထူထောင်ရေးအတွက်လည်းကောင်း၊ကျမ်းမာရေး လူမှုရေးရှုထောင့်ကနေပြီးတော့ ထောင်ကထွက်လာတဲ့အခါမှာ ဘယ်ကဲ့သို့ကူညီထားပါသလည်း အကျဉ်းထောင်မှပြန်လည်လွှတ်မြောက်လာတဲ့အခါမှာ မူလပြည့်တန်ဆာလုပ်ငန်းကိုပြန်လည် မရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်မှမည်ကဲ့သို့ထားစီမံရှိပါသလည်း ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေဟာ ယနေ့ခောတ်ကာလနှင့်လိုက်လျောညီထွေးမှုမရှိတော့တဲ့အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲ့ရန် အစီအစဉ်ရှိပါသလားဆိုတဲ့မေးခွန်းကိုမေးမြန်းချင်ပါတယ်ရှင်အားလုံးကိုကြေးဇူးတင်ပါတယ်ရှင်---------  မူရင်း   NLD   9.7.2013 ပြန်လည်မျှဝေပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌကြီးရှင် ကျွန်မဒီနေ့မေးမြန်းမဲ့မေးခွန်းလေးကတော့ ၁၉၄၉ ခုနှစ်
ပြည်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေနှင့်ပတ်သက်ပီး မေးမြန်းလိုခြင်းဖြစ်ပါတယ်
ပြည့်တန်ဆာဆိုတာ ဗုဒ္စခေတ်ကတည်းက ရှိခဲ့တာပါ။
ကျမ်းဂန်တွေအရတော့ နာဂါဆိုဘီနီ nagar sobhini လို့ ခေါ်ဆိုကြပြီး မြို့တော်မှပိုင်ဆိုင်တဲ့အလှမယ်ဆိုတဲ့အဓိပါယ်ရပါတယ်။
နိုင်ငံပိုင်ပြည့်တန်ဆာ အဖြစ် အသက်မွေးရတဲ့ ရာထူးအဆင့်ကို အပ်နှင်းလိုက်ချင်းပါ။ ဆိုဘီနီခေါ်ပြည့်တန်ဆာဘွဲ့အပ်နှင်းခြင်းကို ဝဇီ(Vajji) ဘုရင်က စတင်အပ်နှင်းတယ်လို့လည်း ကျမ်းဂန်တွေအရသိရပါတယ်။
ရှေ့ဟောင်း ဗုဒ္စဘာသာ စာပေတွေမှာတော့ ပြည့်တန်ဆာတွေကို အဆိုးမြင်သဘောထားတွေနဲ့ ဖော်ပြထားတာမရှိပါဘူး။
ဗုဒ္စကိုယ်တိုင် ဒီလိုမျိုးအမျိုးသမီးတွေကို ဇာတ်နိမ့်ဇာတ်မြင့် ဒါမှမဟုတ် အယူဝါဒ မခွဲခြားဘဲ နိဗာန်ကို လျှောက်လှမ်းခွင့်ပေးခဲ့ပါတယ်။
ဝေသာလီပြည်က အမပါလီဆိုတဲ့ ပြည့်တန်ဆာဟာ
ကသဖဘုရားရှင်လက်ထက်မှာ ဘီက္ခူနီဖြစ်ခဲ့ပြီး တာဝတီံသာနတ်ပြည်မှ စံစားခဲ့ရကာ ဆုတေပြီးနောက် နောက်ဆုံးဘဝအဖြစ် ဂေါတမ ဘုရားရှင်လက်ထက်မှာလည်း ပြည့်တန်ဆာ ထပ်ဖြစ်ခဲ့ပြီး ဗုဒ္စရဲ့တရားတော်တွေကြောင့် ရဟန်းနာဘဝကို ရောက်ခဲ့ပါတယ်။
သာလာဝတီ ဆိုတဲ့ ပြည့်တန်ဆာဟာလည်း ဘုရားရှင်နဲ့ သံဃာတွေကို ဆေးကုသပေးရတဲ့ သမားတော်ကြီး ဇီဝကရဲ့မယ်တော်ပါ။ ဆိုလိုခြင်တာက ပြည့်တန်ဆာတွေဟာ ဗုဒ္စလက်ထက်ကတည်းကရှိခဲ့ပြီး ကျွတ်တန်းဝင်သွားခဲ့တယ်ဆိုတာပါ။
လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်....
ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံတိုင်းမှာ ပြည့်တန်ဆာတွေရှိနေပါတယ်။ ဘာသာရေးအထိန်းအကွပ်ကြောင့် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးတဲ့နိုင်ငံနဲ့ မဖွံ့ဖြိုးတာပဲ ကွာပါတယ်။ ပြည့်တန်ဆာတွေနဲ့ ပက်သက်တဲ့ဥပဒေတွေကိုလည်းကမ္ဘာနိုင်ငံ့အများစုမှာ ပြထန်းထားပါတယ်။ အာရှဒေသက ဂျပန်၊ တရုတ် ၊ ထိုင်း ၊ စင်ကာပူ တွေမှာဆိုရင် တရားဝင်ဈေးကွက်အဖြစ်ကိုသက်မှတ်ပေးထားတာပါ။ ဒါဟာ လူဖြစ်နေလို့ မလွန်ဆန်နိုင်တဲ့လူတန်းစားတွေအတွက် သီးခြားသက်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။
ဘယ်နိုင်ငံမဆို ပြည့်တန်ဆာက အနည်းနဲ့အများရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လည်း ပြည်တန်ဆာဆိုတာ ခေတ်အဆက်ဆက်တိုင်ရှိခဲ့ပီ ယနေ့အချိန်ထိလျော့နည်းပပြောက်သွားခြင်းမရှိသေးပါဘူး
လေးစားအပ်ပါသေား ဥက္ကဌကြီး .ရှင့်....
၁၉၄၉ခုနှစ် အေပြီ ၂၁ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ပြည့်တန်ဆာ ပပျောက်ရေးဥပဒေဟာ တချို့နေရာတွေမှာ ဥပဒေကို လက်တစ်လုံးခြားကျင့်သုံးတဲ့ တာဝန်ရှိသူအချို့ကြောင့် ပြည့်တန်ဆာတွေအနေနဲ့ ပိုမိုနှစ်နာရပါတယ်။ ဘယ်သူမဆို ဒီဘဝကို ဝတ်ရှိလို့သာရောက်ခဲ့ရတာပါ။ ငွေကိုလွယ်လွယ်ရလိုမှု ၊ လုပ်စရာ အလုပ်အကိုင်မရှိလို့ လုပ်ရကာနေ နှစ်မွန်းသွားပြီး မထူးဇာတ်ခင်းကြတဲ့သူတွေလည်းအများကြီးပါ။ ရုန်းထွက်ခြင်ပေမဲ့ ကောင်းရာကောင်းကြောင်းလုပ်ရင် တစ်လ တစ်သိန်းလောက်တောင် မရဘဲ ၄၊၅ ရက်လောက်နဲ့ တစ်သိန်းရတယ်ဆိုပြီး နစ်မွန်းနေသူတွေလည်း အများကြီးပါ။ သူတို့အတွက် မထူးတော့တဲ့အခြေအနေမို့ ဆက်လုပ်နေရတဲ့သူတွေလည်း ရှိပါတယ်။
ဒီအခါမှာ ၁၉၄၁ ခုနှစ်ပြည့်တန်ဆာ ပပျောက်ရေးဥပဒေကို အလွဲသုံးသူတချို့ကိုလည်း ပြည့်တန်ဆာတွေရင်ဆိုင်နေကြရပါတယ်။ စီမံချက်ရှိရင် မကျေနပ်ရင် ကွန်ဒုံးဆောင်ထားတဲ့ သာမန်ရိုးရိုးမိန်ကလေးကိုတောင်မှ ပြည့်တန်ဆာအဖြစ်မြူဆွယ်လုပ်ကိုင်တယ်ဆိုပြီး ဖမ်းလို့ရပါတယ်။ ပြည့်တန်ဆာတွေအနေနဲ့လည်း
သူတို့ရဲ့ကျန်းမာရေးအတွက် ကွန်ဒုံးကို ဆောင်ရမှာပါ။
ရဲတချို့ကတော့လူကိုမခင်ရင် ထောင်ထဲပို့ပြီး လူကိုခင်ရင် မူကိုပြင်ပြီး အိပ်ခန်းထဲခေါ်သွားကြတယ်လို့လည်း ပြည့်တန်ဆာလောက ကနေသိနေရပါတယ်။
ဒီအတွက် ပြည့်တန်ဆာတွေကို ဘယ်ထိန်းသိန်းမလည်းဆိုတာကျွန်မတို့စဉ်စားရတော့မယ်
၁။.....ဒီအလုပ် လုပ်တဲ့သူတွေကို ကျန်းမာရေးအရ ဆေးစစ်ပြီးသာဖြစ်လို့ လိင်နဲ့ပတ်သက်တဲ့ရောဂါတွေ ကူဆက်ပြန့်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။
၂။ပြည့်တန်ဆာဆိုပေမယ့် နိုင်ငံသားတစ်ဦးဖြစ်လို့ နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိတဲ့ တရားဥပဒေနဲ့အခွင်းအရေးတွေကိုလည်း ပြည့်တန်ဆာတွေရရှိနိုင်မှာဖြစ်ပါတယ်။
၃။မနေနိုင်တဲ့အမျိုးသားတွေအနေနဲ့လည်း ဒီလိုနေရာတွေကို တရားဝင် သွားရောက်နိုင်တဲ့အတွက် ကလေးသူငယ် အရွယ်လေးတွေ မုဒိန်းကျင့်ခံရခြင်း၊ မိကောင်းဖခင် အမျိုးသမီးလေးတွေအပေါ် ပစ်မှတ်ထားနိုင်တဲ့ အမျိုးသားတွေရဲ့ အန္တရာယ်ကနေ အတိုင်းအတာတစ်ခုထိ လျှော့ပါစေမှာဖြစ်ပြီး မဒိန်းမှုအန္တရာယ်ကိုလည်း အတိုင်းအတာတစ်ရပ်အထိလျှော့ချနိုင်မယ်လို့ ယူဆမိပါတယ်။
လေးစားအပ်ပါသေားဥက္ကဌကြီး ..ရှင့်..
ကျမ...မေးချင်တဲ့....မေးခွန်ူးတွေကတော့. ......ပြည်ထောင်စုသမ္မတ အစိုးရလက်ထက်မှာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်းအရေးအတွက် ဘယ်လောက်ရှိပါသလည်း အဆိုပါမှုခင်းများဖြစ်ပွာ်းရခြင်းမှာ နိုင်ငံ့ရဲ့ဆင်းရဲမွဲတေမှုပြသနာနဲ့ အလုပ်အကိုင်ရှားပါမှုပြသနာတို့ကြောင့်ပြည့်တန်ဆာမှုခင်းအများအပျားဖြစ်လာပြီးဖမ်းစည်းပြစ်ဒဏ်ပေးရုံနဲ့ ပြည့်တန်ဆာလုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်တွေများပျားလာခြင်းကို ဟန့်တားနိုင်မှာလား ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ အရ အရေးယူခံရတဲ့အမျိုးသမီးများဟာ အကျဉ်းထောင်ထဲမှာ HIV/AIDS ရောဂါပပြောက်ရေးအတွက် လည်းကောင်း၊ ဘ၀သစ်ပြန်လည်ထူထောင်ရေးအတွက်လည်းကောင်း၊ကျမ်းမာရေး လူမှုရေးရှုထောင့်ကနေပြီးတော့ ထောင်ကထွက်လာတဲ့အခါမှာ ဘယ်ကဲ့သို့ကူညီထားပါသလည်း အကျဉ်းထောင်မှပြန်လည်လွှတ်မြောက်လာတဲ့အခါမှာ မူလပြည့်တန်ဆာလုပ်ငန်းကိုပြန်လည် မရောက်ရှိနိုင်ရေးအတွက် နိုင်ငံတော်မှမည်ကဲ့သို့ထားစီမံရှိပါသလည်း ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေဟာ ယနေ့ခောတ်ကာလနှင့်လိုက်လျောညီထွေးမှုမရှိတော့တဲ့အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲ့ရန် အစီအစဉ်ရှိပါသလားဆိုတဲ့မေးခွန်းကိုမေးမြန်းချင်ပါတယ်ရှင်အားလုံးကိုကြေးဇူးတင်ပါတယ်ရှင်---------
မူရင်း NLD
9.7.2013
ပြန်လည်မျှဝေပါတယ်။
မြန်မာ့ ပညာရေးစနစ်ရောင်ခြည်သန်းလာပြီလား
$
0
0
July 11, 2013 at 6:56pm
မြန်မာနိုင်ငံရဲ့ အဆင့် မြင်ပညာရေးနဲ့ ပတ်သက်တဲ့ ပြု
ပြင်ပြောင်းလဲမှုကိုဖော်ဆောင်တဲ့အနေနဲ့ ရန်ကုန်တက္က
သိုလ် မန္တလေးတက္ကသိုလ်အပါအဝင်တက္ကသိုလ်များ
အားလုံးကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိတဲ့ အမျိုးသားပညာရေး
ဥပဒေကြမ်းကိုပညာရေးဝန်ကြီးဌာနကပြည်သူ့လွှတ်
တော်ကိုတင်သွင်းထားပြီးပါပြီ တက္ကသိုလ်တွေအနေနဲ့
ဘယ်လောက်ထိလွတ်လပ်စွာလုပ်နိုင်မယ်ဆိုတာက
တော့ ဥပဒေပြဌန်းပြီးမှသာအသေးစိတ်သိနိုင်မှာဖြစ်
တယ်လို့ အဆင့် မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူး
ချုပ်ဦးဇော်ဌေးကပြောပါတယ် " တက္ကသိုလ်တွေအနေ
နဲ့ ကိုယ်ပိုင်လွတ်လွတ်လပ်လပ်နဲ့ မြန်မြန်ဆန်ဆန်ဆုံး
ဖြတ်လို့ ရတဲ့ အနေအထားမျိုးရောက်အောင်လုပ်ပေး
ဖို့ စီစဉ်ထားပါတယ်လို့ လည်းဦးဇော်ဌေးကဆက်ပြော
ပါတယ် ဒီနေရာမှာကျွန်တော်ကြားဖြတ်ပြီးတစ်ခုပြော
ချင်ပါတယ် ဒါဟာဘာလဲဆိုရင်အဆင့် မြင့် ပညာရေး
နဲ့ ပတ်သက်ပြီး ဟိုးယခင်လပိုင်းတွေတုန်းကပညာရေး
ဝန်ကြီးဌာနကနေပြီးဥပဒေကြမ်းတင်ပါသေးတယ်အဲဒီ
ဥပဒေဟာဆိုရှယ်လစ်ခေတ်ကဥပဒေကိုအနည်းငယ်
ပြင်ဆင်ဖြည့်စွက်ပြီးဥပဒေအဖြစ်တင်တာမျိုးပါ ဒါကို
ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်လို့ ရက်အကန့်
အသတ်မရှိရွှေ့ ဆိုင်းလိုက်တာဖြစ်ပြီးယခုမှပြန်လည်
တင်သွင်းတာပါ။
ဝန်ကြီးဌာနပေါင်းများစွာရဲ့ အုပ်ချုပ်ညွှန်ကြားမှုအောက်
မှာရောက်ရှိနေတဲ့ တက္ကသိုလ်/ကောလိပ်ပေါင်း ၁၆၈
ခုအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖြစ်တော့ မယ်ဆိုရင်
နိုင်ငံတကာစံမီသင်ရိုးညွှန်တမ်းဖြစ်လာရေးကအစ စီမံ
ခန့် ခွဲမှုနဲ့ ဘဏ္ဍာရေးအဆုံးကိုယ့်ဘာသာကိုယ်စီမံကွပ်
ကဲရတော့ မှာဖြစ်ပါတယ် ဒီနေရာမှာမေးခွန်ထုတ်စရာ
ရှိတာကဝန်ကြီးဌာနအသီးသီးရဲ့ အောက်မှာကျရောက်
နေတဲ့ တက္ကသိုလ်အသီးသီးကဆရာ/မ တွေရဲ့သဘော
ထားခံယူချက်တွေပါ ဘာဖြစ်လို့ လဲဆိုရင်ကွဲပြားတဲ့
စီမံခန့် ခွဲမှုနဲ့ အတူ စိတ်ဓတ်နဲ့ ခံယူချက်တွေကလည်း
ကွဲပြားနေလို့ ပါပဲဒါဟာပညာရေးအဆင့် အတန်းခွဲခြား
မှုရဲ့ ဆိုးကျိုးတွေပါ ( ရမှတ်အပေါ်အခြေခံပြီးပညာရပ်
အမျိုးအစားခွဲခြားမှုကိုဆိုလိုတာဖြစ်ပါတယ် ) လက်ရှိ
အခြေအနေမှာ ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေဟာ
နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေစ
တင်နေပါပြီ ရန်ကုန်တက္ကသိုလ်ဟာ အမေရိကန်နိုင်ငံ
ကဂျွန်ဟောပ်ကင်းတက္ကသိုလ် ဂျာမနီနိုင်ငံကကိုလုံးတ
က္ကသိုလ် တောင်ကိုရီးယားနိုင်ငံက ချောင်ကန်း ဟန်
ရန်းစတဲ့ တက္ကသိုလ်ကြီးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေ
ပြီး ကျောင်းပရဝုဏ်အတွင်းမှာပြုပြင်ပြောင်းလဲမှုတွေ
လုပ်နေတာကိုတွေ့ ရပါတယ်။
ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်ကြီးတွေဟာနိုင်ငံတကာ
ရဲ့ အာရုံစိုက်စိတ်ဝင်စားခံရမှုကြောင့် ပြင်ပအကူအညီ
တွေရလာနိုင်ပေမယ့် အသစ်ဖွင့် လှစ်လိုက်တဲ့ တက္က
သိုလ်တွေအနေနဲ့ ကတော့ ဘဏ္ဍာရေးနဲ့ သုတေသန
အပိုင်းမှာအခက်အခဲတွေရှိလာနိုင်တယ်လို့ လည်းသိ
ရပါတယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကတော့ တက္ကသိုလ်
တိုင်းရလာမှာဖြစ်ပေမယ့် အကောင်အထည်ဖော်မှုအ
ပိုင်းမှာတော့ လက်ရှိအခြေအနေပေါ်မှုတည်းပြီးတက္က
သိုလ်တစ်ခုနဲ့ တစ်ခုကွာသွားနိုင်တယ်လို့ အဆင့်မြင့်
ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကဆို
ပါတယ် ဒီနေရာမှာလည်း ဝန်ကြီးဌာနအသီးသီးရဲ့ စီမံ
ခန့် ခွဲမှုနဲ့ ဖွင့် လှစ်ထားတဲ့ တက္ကသိုလ်အသီးသီးကို
ဘယ်လိုပူးပေါင်းမလဲဆိုတဲ့ မေးခွန်းရှိပါတယ် ရန်ကုန်
နဲ့ မန္တလေးတက္ကသိုလ် ကို မဟာဌာနကြီးတွေအစုံအ
လင်ပါရှိတဲ့ ( ဆေးပညာ အင်ဂျင်နီယာ စိုက်ပျိုးရေး စီး
ပွားရေး ဥပဒေ စတဲ့ ပညာရပ်အစုံပါဝင်တဲ့တက္ကသိုလ်)
တက္ကသိုလ်အဖြစ်ဖွဲ့ စည်းတည်ထောင်မယ်ဆိုရင်ဘယ်
လိုနည်းနဲ့ ပြန်လည်စုစည်းမှာလည်းဆိုတဲ့ မေးခွန်းက
လဲရှိပါတယ် အကွဲကွဲအပြားပြားဖြစ်နေတဲ့ အတွက်
စိတ်ဓတ်နဲ့ ခံယူချက်သဘောထားတွေမတူညီကြတဲ့
ဆရာ/မ တွေရဲ့ attitude တွေကလည်းအရေးပါတဲ့
အချက်တစ်ခုဖြစ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ လွတ်လပ်ခွင့် ၁၀၀% အပြည့်
ရမရကတော့ စဉ်းစားစရာတွေအများကြီးပဲ သူများနိုင်
ငံကတက္ကသိုလ်တွေနဲ့ မတူညီတာကတော့ အေးချမ်း
စွာပညာသင်ကြားနိုင်ရေးဆိုတဲ့ အချက်ကိုတော်တော်
လေးဂရုစိုက်နေရတယ်ဆိုတဲ့ အချက်ပါ တက္ကသိုလ်
တွေထဲမှာနိုင်ငံရေး ပယောဂ မဝင်ရေး ဝင်ပြီးကျောင်း
ပိတ်မသွားရေး ကိုစိုးရိမ်နေရဆဲ လို့ ဦးဇော်ဌေးကပြော
ဆိုပါတယ် ဒီအချက်ကအစိုးရအတွက်နောက်တွန့်စေ
တဲ့ အချက်လို့ ပြောရင်လည်းမမှားပါဘူး အထွေထွေ
မကျေနပ်မှုတွေနဲ့ ပြည့် နှက်နေတဲ့လမြန်မာနိုင်ငံလို
မျိုးနိုင်ငံတစ်ခုအတွက် ကျောင်းသား/သူတွေရဲ့ မကျေ
နပ်မှုဟာလည်းထည့် သွင်းစဉ်းစားစရာအခြေအနေဖြစ်
နေပေမယ့် အခြားတစ်ဘက်ကလည်းပဲ ဒီအချက်ကို
ထိမ်းသိမ်းဖို့ ဆရာ/မ တွေကို လုံခြုံရေးစောင့် ခိုင်းနေ
တဲ့ အတွက်မူလတာဝန်တွေကိုလစ်ဟင်းစေရုံမျှမက
သုတေသနနဲ့ ပညာရေးကဏ္ဍတွေအထိပါထိခိုက်စေ
နိုင်တာကိုလည်းဂရုပြုရမှာဖြစ်ပါတယ်။
အေးချမ်းစွာပညာသင်ကြားရေးကို မထိခိုက်အောင်ဦး
စားပေးဆောင်ရွက်နေရပေမယ့် ချုပ်ချယ်ကန့် သတ်မှု
မရှိတဲ့ လွတ်လပ်ခွင့် ( Academic Freedom ) ရရှိ
အောင်တော့ တတ်နိုင်သမျှလုပ်ပေးမယ် ကျောင်းသား
အရေးမပြေလည်မှုများဖြစ်ပေါ်လာခဲ့ ရင်လည်း ဆန္ဒပြ
စရာမလိုအောင်ကျောင်းသားရေးရာဌာနတွေသာမက
Student Servic Center တွေကိုလည်းအသစ်ထပ်မံ
ဖွင့် လှစ်ပေးသွားမယ်လို့ လည်းဦးဇော်ဌေးကဆက်ပြီး
ပြောဆိုပါတယ် ဒါဟာလျှော်ကန်သင့် မြတ်ပေမယ်လို့
ကျောင်းသား/သူနဲ့ ပညာရေးကို ချုပ်ကိုင်မယ့် အဖွဲ့
အစည်းဖြစ်မလာစေဖို့ တော့ အထူးဂရုပြုရပါမယ်။
ပညာရေးသုတေသနဥက္ကဌဟောင်းနဲ့ လက်ရှိမြန်မာနိုင်
ငံဝိဇ္ဇာနဲ့ သိပ္ပံပညာရှင်မျာူအဖွဲ့ ဥက္ကဌဦးသန်းဦးကတော့
ကျောင်းသားရောဆရာပါဘယ်သူကမှဖိနှိပ်ချုပ်ချယ်
တာမလုပ်ဖို့ ဘဲ ဒါမှတက္ကသိုလ်အင်္ဂါရပ်နဲ့ ညီမယ် နိုင်ငံ
ခြားတက္ကသိုလ်တွေလည်းဒီအတိုင်းပဲ Academic Fr-
eedom ရအောင်တော့ဗ အဓိကရှေးရှုဆောင်ရွက်ရမှာ
ဖြစ်တယ်လို့ပြောပါတယ်
လွန်ခဲ့ တဲ့ နှစ်ပေါင်းငါးဆယ်ကျော် ဖဆပလ အစိုးရ
လက်ထက် ရန်ကုန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္က
သိုလ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ မဟာဌာနကြီး
များနဲ့ ဖွဲ့ စည်းတည်ထောင်ခဲ့ တာဖြစ်ပါတယ် ကျွန်
တော့် အဖေဆိုရငိ မန္တလေးတက္ကသိုလ် စိုက်ပျိုးရေး
ပညာမဟာဌာနမှာကျောင်းတက်ခဲ့ သူတစ်ဦးပါ ဒါတွေ
ကိုအခုခေတ် ပညာသင်ကျောင်းသားကလေးငယ်တွေ
ကိုပြောရင်သိကြမှာမဟုတ်ပါဘူး ရါဟာလည်းအပြစ်
လို့ မဆိုသာပါဘူး သူတို့ တစ်တွေတက်ရောက်သင်
ကြားတဲ့ အချိန်မှာ ဝန်ကြီးဌာနအသီးသီးရဲ့ အောက်မှာ
အမည်ခံတက္ကသိုလ်တွေအဖြစ်နဲ့ ပညာသင်ကြားနေရ
လို့ ပဲဖြစ်ပါတယ် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းတော်လှန်
ရေးကောင်စီအာဏာသိမ်းပြီးကတည်းကတက္ကသိုလ်
တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ လွတ်လပ်ခွင့် တွေအ
ကုန်ဖျက်သိမ်းပြီး အစိုးရရဲ့ ဗျူရိုကရေစီအုပ်ချုပ်ရေး
ယန္တယားအောက်ထည့် သွင်းထားစေခဲ့ တာကစလို့
မြန်မာ့ ပညာရေးဟာ တဖြည်းဖြည်းနိမ့် ပါးပျက်စီးလာ
ခဲ့ ရတော့ တာပါပဲ ။
လက်ရှိအခြေအနေမှာတော့ ရန်ကုန်တက္ကသိုလ် မန္တ
လေးတက္ကသိုလ်နဲ့ မြန်မာနိုင်ငံအနှံ့ အပြားမှာရှိတဲ့
တက္ကသိုလ်အသီးသီးဟာ အမည်ခံတက္ကသိုလ်သာသာ
အဆင့် သာရှိပြီး ၁၉၂၀ ပြည့် နှစ်ကစတင်အကောင်အ
ထည်ဖော်ခဲ့ တဲ့ နိုင်ငံတကာတက္ကသိုလ်များနည်းတူ
မဟာဌာနအစုံအလင် ( ဝိဇ္ဇာပညာ သိပ္ပံပညာ စိုက်ပျိုး
ရေး ဆေးပညာ စီးပွားရေးပညာ အစရှိတဲ့ ပညာရပ်အ
စုံအလင် ပါရှိတဲ့ တက္ကသိုလ် ) နဲ့ ဖွဲ့ စည်းတည်ထောင်
တဲ့ တက္ကသိုလ် Comprehensive Univetsity အဆင့်
မှာတစ်ခုမှမရှိတော့ ပါဘူး ဝန်ကြီးဌာနအသီးသီးရဲ့ စီမံ
အုပ်ချုပ်မှုအောင်ရောက်နေတဲ့ တက္ကသိုလ်အသီးသီး
ကို ( ဒီနေရာမှာတက္ကသိုလ်လို့ သုံးစွဲပေမယ်တကယ်
တမ်းတက္ကသိုလ်အဆင့် မရှိပါဘူး ) ဘယ်လိုပြနါလည်
စုစည်းစေမလဲဆိုတဲ့ အချက်ကလည်းစိတ်ဝင်စားစရာ
အချက်တစ်ချက်မဖြစ်တည်ရှိနေပါသေးတယ်။
ဆွေးနွေးပေးကြဖို့ မိတ်ဆွေသူငယ်ချင်းနဲ့ ဆရာကြီးဆ
ရာမကြီးများကိုဖိတ်ခေါ်ပါတယ်
ဖြိုးမောင်မောင်ဝင်း
သရုပ်ပြ
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်
မန္တလေး ။
" တပ်မတော် .....ဘာလဲ...ဘယ်လဲ ...အပိုင်း ( ၂၁/က )
$
0
0
---------------------------------------------------------
အပိုင်း (က)
၂၀၀၉ သြဂုတ်လ၂၇ ရက်နေ့  နံနက်ပိုင်းဟာ….
ရှမ်းပြည်မြောက်ပိုင်း ….
လောက်ကိုင် အထူးဒေသ (၁) မှာ တာဝန်ကျနေတဲ့ ……
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ အတွက်တော့ …..
ကံဆိုးမိုးမှောင်ကျတဲ့ နေ့ တစ်နေ့ လို့ ဆိုနိုင်ပါတယ်…။
အဲဒါကတော့ ….
မကြာမီ နာရီပိုင်းအတွင်းမှာ …..
MNDAA ကိုးကန့် ငြိမ်းချမ်းရေးအဖွဲ့ က ……
ဖုန်ကြားရှင် ရဲ့ သစ္စာခံတပ်ဖွဲ့ ဝင် ၃၀၀ လောက်ဟာ …..
ဖမ်းဆီးခံထားရတဲ့  လောက်ကိုင်မြို့ နယ် ရဲတပ်ဖွဲ့ ဝင်တွေကို ......
ပြန်လွှတ်ပေးဖို့ လာရောက် စေ့စပ်ညှိနိုင်းတဲ့ ....
ခရိုင်ရဲတပ်ဖွဲ့ ဝင် အင်အား ၄၀ လောက်ကို ……
ထပ်မံ ဖမ်းဆီးလိုက်တာပဲ ဖြစ်ပါတယ်…..။
ဒါဟာ သြဂုတ်လ ၈ ရက်နေ့ က အစပြုခဲ့တဲ့ …..
ဖုန်ကြားရှင် နေအိမ်အနီးမှာ တွေ့ ရှိခဲ့ တဲ့  လက်နက်စက်ရုံနဲ့  …..
သူ့ ရဲ့ သား ဖုန်တာလီ့ နေအိမ် အတွင်းက ….
စိတ်ကြွဆေးပြား ထုတ်လုပ်တဲ့ အလုပ်ရုံကို …..
မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ၀ါးရမ်းနဲ့ တကွ …..
ဝင်ရောက်ရှာဖွေဖို့ ကြိုးစား ခဲ့ရာက နေ ….
အစပြုခဲ့တဲ့ တင်းမာမှုလို့ ဆိုနိုင်သလို ……
MNDAA ရဲ့ အခြား လက်နက်ကိုင် အဖွဲ့ များကို ပါ….
လက်နက်ရောင်းချဖို့ ကြိုးစားခဲ့ တဲ့ အကျိုးရဲ့ …….
တစ်စိတ်တစ်ဒေသ လို့ ဆိုရင်လဲ မှားမယ် မဟုတ်ပါဘူး….။
အဲဒီဖြစ်ရပ်ဟာ ၁၉၉၆ ခုနှစ် နောက်ပိုင်း ……
အထိုက်အလျောက်ငြိမ်းချမ်းလာခဲ့တဲ့  လောက်ကိုင်ဒေသရဲ့  .....
တိတ်ဆိတ်အေးချမ်းမှုကို နိဂုံးချုပ်လိုက်သလို ……
မျိုးဆက် နှစ်ဆက်လောက် …..
အပြင်းအထန် အငြင်းပွား ပြိုင်ဆိုင်လာကြတဲ့ ……
ဖုန်-ရန် အရေးအခင်းက ဖုန် မျိုးနွယ်စုတွေရဲ့ ……
ဇာတ်သိမ်းခန်းလို့ လဲ ဆိုနိုင်ပါတယ်…….။
တကယ်တော့လဲ ……
မြန်မာနိုင်ငံရဲ့ ပြည်နယ် အများအပြားထဲကမှ ....
ရှမ်းပြည်နယ်ဟာ …….
အင်မတန်မှ ရှုပ်ထွေးပွေလီပြီး …..
အမြဲတန်း မငြိမ်းချမ်းခဲ့တဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်….
အင်္ဂလိပ်တို့  မြန်မာပြည်ကို သိမ်းပိုက်ပြီးတဲ့ နောက် ……
တောင်တန်း မြေပြန့် ခွဲခြားအုပ်ချုပ်ရေး စနစ်အရ ……
မြေပြန့် ဒေသများက ဗမာလူမျိုး တွေဟာ …….
ဘုရင်စနစ် ဖျက်သိမ်းခံရပြီး …..
အင်္ဂလိပ်တို့ ရဲ့ အပြင်းအထန် .....
ဖိနှိပ်အုပ်ချုပ်ခြင်းကို ခံခဲ့ရပေမယ့်လည်း …….
တောင်တန်းဒေသ တွေမှာတော့ …..
အင်္ဂလိပ်တို့ ဝင်ရောက်လာတာသည် …….
ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတယ်လို့ မဆိုနိုင်ပါဘူး …….။
ပဒေသရာဇ် စနစ်ကို မြေပြန့် မှာဖျက်သိမ်းခဲ့ ပေမယ့်လည်း …….
တောင်တန်းဒေသတစ်ချို့ မှာ ဆက်လက်ထားရှိခဲ့တာကြောင့် ……
ရှမ်းစော်ဘွား အများအပြားဟာ …….
အင်္ဂလိပ်ကို သိပ်ဆန့် ကျင်လှတယ်လည်း မဟုတ်ပဲ ……
နဂိုအတိုင်း ခပ်အေးအေးပဲ ……
ဆက်လက်တည်ရှိနေခဲ့ပါတယ်…….
လွတ်လပ်ရေးရပြီးခါစ ၁၉၅၀ ပြည့်လွန် နှစ်တွေမှာတော့ ……
ရှမ်းစော်ဘွားအများအပြားနဲ့ သူတို့ ရဲ့ မျိုးဆက်တွေဟာ ……
အင်္ဂလိပ် သာသနာပြုကျောင်းဆင်းတွေပဲဖြစ်နေလေ့ရှိပြီး …….
၁၉၄၉ ခုနှစ် နှောင်းပိုင်း……
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကို စစ်ရှုံးလာတဲ့  …….
တရုတ်ဖြူ အမှတ် ၉၃ တပ်မ ဟာ ……
ရှမ်းပြည်ထဲကို ၀င်ရောက်လာတဲ့ အခါမှာတော့ …….
ရှမ်းစော်ဘွားအချို့ နဲ့ အတော့်ကိုအလွမ်းသင့်ခဲ့ကြပါတယ်…..။
ဒါဟာ တရုတ်ဖြူတပ်တွေကို ……
အဆမတန် အင်အားကြီးထွားလာစေတဲ့ ……
အကြောင်းအရင်းတစ်ချက်လဲဖြစ်သလို ……
၁၉၅၂က စပြီး မြန်မာ့တပ်မတော်က အဲဒီဒေသတွေကို ……
စစ်ဆင်ရေးကြီးများ ပြုလုပ် တိုက်ထုတ်တော့မယ့် …..
အကြောင်းချင်းရာတစ်ချက်လဲ ဖြစ်စေခဲ့ပါတယ်…..
ဒီလိုတိုက်ထုတ်နေတဲ့ ကာလအတွင်းမှာ ……
အဲဒီဒေသများဟာ …..
စစ်အုပ်ချုပ်ရေးသဖွယ် အုပ်ချုပ်ခံရတော့မှာဖြစ်ပြီး ……
ဒါဟာ နယ်ခံစော်ဘွားတို့ ရဲ့ မကျေနပ်မှုကို အကြီးအကျယ် …….
ဖြစ်ပေါ်စေခဲ့ တဲ့ အကြောင်း တစ်ချက်လဲ ဖြစ်ပါတယ်…… ။
တစ်ဆက်တည်းမှာပဲ ……
ရှမ်းစော်ဘွားအချို့ ရင်ဆိုင်လာ ရတာကတော့ …..
တိုးတက်တဲ့ အမြင်ရှိလာတဲ့ ရှမ်းလူငယ်အချို့ ရဲ့ ……
အာဏာစွန့် ဖို့ တောင်းဆိုမှုတွေပါပဲ…….
ဒီတောင်းဆိုမှု တွေဟာ …..
ရှမ်းပြည်နယ်ရဲ့ ဒေသ အလိုက် …..
ဘုရင်သဖွယ် ဖြစ်နေတဲ့ စော်ဘွားတွေ အတွက်တော့ ……
မခံချိမခံသာ ကိစ္စတွေဖြစ်ပြီး ……
ပြည်ထောင်စုအစိုးရကို အတော် မျက်မုန်းကျိုးစေခဲ့ တဲ့  …..
အကြောင်းအချက် တစ်ခုလည်းဖြစ်ပါတယ်…….။
၁၉၅၇ ခုနှစ် ပြည်ထောင်စု လွှတ်တော်မှာ ….
စပ်ခွန်ချို ဦးစီးတဲ့ (ရတစညဖ)အဖွဲ့ ဟာ …..
ပြည်ထောင်စုက ခွဲထွက်ဖို့ တောင်းဆိုခဲ့ ပြီး ……
ဦးထွန်းအေးခေါင်းဆောင်တဲ့ (ရပလ) အဖွဲ့ ဟာ …..
ခွဲထွက်ရေးကို ကန့် ကွက်ခဲ့ ပါတယ်……..။
နောက်ဆက်တွဲ ဂယက်တွေ အဖြစ်…….
၁၉၅၇ ဧပြီ ၂၀ရက်နေ့  မိုင်းရယ်မြို့ မှာ ပြုလုပ်တဲ့  …..
သီပေါစော်ဘွားနဲ့ မိုင်းရယ်စော်ဘွားတို့ ဦးစီးတဲ့  ရပညဖ ညီလာခံက ……
စော်ဘွားတွေ အာဏာစွန့် ဖို့ အချိန်မကျသေးလို့ မစွန့် ရေး ……..
သီးခြားရှမ်းပြည်နယ် တည်ဆောက်ရေး နှင့် …….
ပင်လုံစာချုပ်အရ ၁၀ နှစ်ပြည့် လျှင် .....
ပြည်ထောင်စုမှခွဲထွက်ရေးတို့ ကို ဆုံးဖြတ်ခဲ့ ပြီး …….
တစ်ဆက်တည်းမှာပဲ …….
သီပေါစော်ဘွား ၊ မိုင်းရယ်စော်ဘွား ၊ မိုင်းရူးစော်ဘွား…..
တောင်ပိုင်စော်ဘွား ၊ ကျေးသီးမန်စံ စော်ဘွား ၊ မိုင်းလင်းစော်ဘွား …..
ညောင်ရွှေစော်ဘွားရဲ့ မဟာဒေ၀ီ စ၀်နန်းဟိန်းခန်း …….
သိန္နီစော်ဘွားရဲ့ ကိုယ်စားလှယ် မဟာဝှမ်း ……
အခြား ရပညဖ အမှုဆောင် ၁၅ ဦးတို့ ပါဝင်တဲ့  အဖွဲ့ ဟာ …….
လက်နက်ကိုင်တော်လှန်ရေးကို ......
အထောက်အပံ့ ပေးဖို့ ဆုံးဖြတ်ခဲ့ ပါတယ်…….။
ဒီဆုံးဖြတ်ချက်အရ …….
ကျိုင်းတုံစော်ဘွားရဲ့ ဦးလေးတော်စပ်သူ .....
စ၀်ခွန်ဆိပ်နဲ့ စိုင်းနွဲ့ တို့ ဦးစီးပြီး ……
လူ လက်နက်စုဆောင်းခြင်းများ စတင်ပြုလုပ်လာတဲ့ အတွက် ……
ပြည်ထဲရေးဝန်ကြီးဌာနဟာ ပုဒ်မ ၅ အရ ဖမ်းဆီးခဲ့ရာမှာ….…….
စ၀်ခွန်ဆိပ်ကို ဖမ်းဆီးရမိခဲ့ ပြီး …….
စိုင်းနွဲ့ ကတော့ …..
ထိုင်းမြန်မာနယ်စပ် ကိုထွက်ပြေးတိမ်းရှောင်ကာ …….
၁၉၅၈ မေ ၂၁ ရက်နေ့ ဟွေပုဟော (မပည -LT ၀၅၅၆ ) မှာ …….
နွံစစ်ဟန် (NSH - ရဲရင့်သော ရှမ်းလူငယ်များအဖွဲ့ ) ကို ……..
အင်အား ၄၀၀ ခန့် နဲ့ စတင်ဖွဲ့ စည်းခဲ့ ပြီး…….
ပြည်ထောင်စုအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ပါတယ်….
ဒါဟာ ရှမ်း လက်နက်ကိုင် အဖွဲ့ တွေထဲမှာ ……..
ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့  လက်နက်ကိုင်အဖွဲ့ ဖြစ်သလို့  …….
၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ ပဲ……
နွံစစ်ဟန် အဖွဲ့ ဟာ …..
တပ်မတော် ရဲ့ ပုံပါကျင်စခန်းကို ၀င်ရောက်တိုက်ခိုက်ခြင်းနဲ့  …….
စစ်ရေးလှုပ်ရှားမှုကို စတင်ခဲ့ပါပြီ……..
အဲဒီနှစ် မတ်လ ၂ရက် နေ့ မှာပဲ ပြည်ထောင်စု အစိုးရက ……..
ရှမ်းစော်ဘွားတွေကို အာဏာစွန့် စေခဲ့တဲ့ အတွက် …….
ရှမ်းလူငယ်အများအပြားဟာ ……..
နွံစစ်ဟန် အဖွဲ့ ကို သွားရောက်ပူးပေါင်းခဲ့ပါတယ်……။
၁၉၆၄ ခုနှစ် အကုန်မှာတော့ ……
မူလ နွံစစ်ဟန် အဖွဲ့ ကြီးအပြင် ……
အဲဒီအဖွဲ့ ကခွဲထွက်ကြတဲ့ …..
လွတ်ကျောက်ဆောက် (ရှမ်းပြည်လွတ်မြောက်ရေးတပ်)(SSIA) …..
စ၀်ဟန်စ၀်တိုင်း (ရှမ်းတပ်မတော်အဖွဲ့ ) (SNA) ……
မိုးဟိန်းအဖွဲ့  (SURA) ဆိုပြီး အဖွဲ့ ကြီးလေးဖွဲ့ အဖြစ် တည်ရှိလာပါတယ်…။
၁၉၆၄ ဧပြီလ မှာတော့ …..
မဟာဒေ၀ီ စ၀်နန်းဟိန်းခန်း ကို နာယကတင်ကာ ……..
မိုးဟိန်းအဖွဲ့ နဲ့ SSIA တို့ ပူးပေါင်းပြီး ……
ရှမ်းပြည်တပ်မတော် (SSA –Shan State Army ) ကို ……
စတင်ဖွဲ့ စည်းခဲ့ပါတယ်….
မကြာမီကာလ အတွင်းမှာ ပဲ SSA ဟာ ……
တပ်ရင်း ၁၂ ရင်းပါဝင်တဲ့ တပ်မဟာ လေးခု အဖြစ်ဖွဲ့ စည်းခဲ့ ပြီး ……
အင်အား ၁၆၀၀ ခန့် အထိ များပြားလာခဲ့တဲ့ အတွက် …….
နောင် အနှစ် ၃၀ ကျော် လုံးလုံး ….…
ယမ်းငွေ့ တလူလူ ဖုံးလွှမ်းတော့မယ့်….…
ရှမ်းပြည်နယ်ကြီးရဲ့ သမိုင်းအစ စာမျက်နှာတွေဆိုလဲ ……
မှားမယ်မဟုတ်ပါဘူး………။
ရှမ်းပြည်မြောက်ပိုင်း တစ်ကြော….
ဖူးသစ်စ သူပုန်တပ်များနဲ့ မဝေစည်ခင် ကာလအထိမှာတော့ ……
တရုတ်ယူနန်နယ်စပ်က ကိုးကန့် ဒေသဟာ ……
၁၇ရာစုလောက်ကတည်းက …..
အဲဒီဒေသကို ၀င်ရောက်အခြေချခဲ့ တဲ့ …..
တရုတ်နွယ်ဖွား ယန်းမိသားစုရဲ့ လက်အောက်မှာ…
တိတ်ဆိတ်အေးချမ်းစွာရှိနေပါတယ်…..
စစ်ဖက်မျိုးရိုးဖြစ်ပြီး ကျေးရွာအများစုကို …
သူခိုးဓားပြတို့ ရန်က ကာကွယ်ပေးနိုင်ခဲ့တဲ့ ယန်း မိသားစုဟာ…..
ယခင်က သိန္နီစော်ဘွားရဲ့ လက်အောက်ခံ ဖြစ်ခဲ့ ပေမယ့်…..
ဒုတိယကမ္ဘာစစ်အတွင်း……
မဟာမိတ်တို့ ဘက်က ၀င်ရောက်တိုက်ခိုက်ပေးခဲ့ တဲ့ ဆုလာဘ်အဖြစ်….
မြန်မာပြည်လွတ်လပ်ရေး မကြေငြာမီ တစ်ရက်အလိုမှာ….
ကိုးကန့် ဒေသကို …သီးခြားစော်ဘွားနယ်မြေတစ်ခုအဖြစ်…..
သတ်မှတ်ပေးလိုက်ပါတော့တယ်…….
ကိုးကန့် စော်ဘွား အက်ဒွပ်ယန်း နဲ့ …..
သူ့ ရဲ့ နာမည်ကျော် ညီ နဲ့  ညီမ ….
ဂျင်မီယန်းနဲ့ အော်လစ်ယန်းတို့ ဟာ …..
၁၉၆၀ ပြည့်လွန် နှစ်တွေ မှာတော့ …..
ဝေေ၀ဆာဆာ ပွင့်ဖူးလာတဲ့  ……
ရှမ်း လက်နက်ကိုင် အဖွဲ့ တွေနဲ့ ပူးပေါင်းပြီး……
ပြည်ထောင်စု က အစိုးရ အသစ်ကို တော်လှန်ဖို့ ….
စတင်ပြင်ဆင်နေပြီလဲ ဖြစ်ပါတယ်……။
ဝါဒရေးရာပြင်းထန်လွန်းပြီး …..
စည်းရုံးရေးအားကောင်းလွန်းတဲ့  .....
ဗမာပြည်ကွန်မြူနစ်ပါတီကို…….
နိုင်ငံရဲ့  နေရာအနှံအပြားမှာ ရင်ဆိုင်နေရတဲ့  တပ်မတော်ဟာ…..
တကယ်တော့လဲ ……
ဝန် နဲ့  အား က ……..
မျှတလှတယ်လို့ မဆိုနိုင်တော့ပါဘူး……
တိုက်ပွဲတွေ မရပ်မနား တစ်ဂျိမ်းဂျိမ်း တိုက်နေရတဲ့ အပြင်…..
နိုင်ငံရေးအကွဲအပြဲတွေကိုလဲ …..
တတ်နိုင်သလောက် ကြားဝင်စေ့စပ်ပေးနေရတဲ့ ကြားထဲ …
ဒီတိုင်းရင်းသား လက်နက်ကိုင်တွေ အရေးဟာလဲ …..
တပ်မတော်အဖို့ တော့ ဗူးလေးရာ ဖရုံဆင့် ဆိုသလိုပါပဲ …..
နောက်ဆုံးမှာတော့ တပ်မတော်ဟာ….
ဗကပနဲ့ ရင်ဆိုင်ထားတဲ့  သူရဲ့ စစ်အင်အား အများစုထဲက …….
တပ်တစ်ချို့ ကို မရမက ထုတ်နူတ်ပြီး ……
ဒေသခံများပူးပေါင်းပါဝင်တဲ့  ပြည်သူ့ စစ်မဟာဗျူဟာနဲ့ …….
ရှမ်းပြည်နယ် လက်နက်ကိုင်များ အရေးကို …….
ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်……
အဲဒီအကျိုးဆက်ရဲ့ နောက်ဆက်တွဲ အဖြစ် …….
ဒေသခံပြည်သူ့ စစ်အဖွဲ့ များ အများအပြား .....
အင်အား ကြီးထွားလာပြီး ……
လော်စစ်ဟန် ၊ခွန်ဆာ၊ ဖုန်ကြားရှင် တို့ လို ……
ဌာနေ ပြည်သူ့ စစ်ခေါင်းဆောင်များဟာ ……
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ …….
အရေးပါတဲ့  အခန်းက ပါဝင်လာ ရပါတော့တယ်…..…..။
အမှန်တကယ်တော့ ……
ကိုးကန့် ဒေသက လော်စစ်ဟန်…..ဖုန်ကြားရှင်တို့ ဟာ ….
ယခင်ကတော့ ယန်း မိသားစုရဲ့  …….
လက်အောက်ခံ တပ်မှူး ငယ်များသာ ဖြစ်ကြပေမယ့်….
နောက်ပိုင်းမှာတော့ တဖြည်းဖြည်း အင်အားကြီးထွားလာပြီး …..
ပြိုင်ဘက် အုပ်စုများ အသွင်ဖြစ်လာပါတယ်……..
တစ်ဖက်နဲ့ တစ်ဖက် ဟာ .....
နယ်မြေနဲ့ စီးပွားရေး ဈေးကွက်လုရာကနေ
မကြာခဏပြသနာများ ဖြစ်ပွားလေ့ရှိကြပြီး …….
အချင်းချင်းလဲ ….
သိပ်တည့်လှတယ်တော့ မဟုတ်လှပါဘူး …..
ဒါပေမယ့်လဲ ….ဒီအခြေအနေတွေကို …..
အားလုံး ကပြောင်းကပြန်ဖြစ်စေတော့မယ့် အရိပ်မည်းကြီးဟာ…..
မကြာခင်ပဲ ရှမ်းပြည်နယ်အပေါ်ကို ……
ချည်းနင်း ၀င်ရောက်လို့ လာနေပါပြီ…….။
၁၉၆၀ ပြည့်လွန် နှစ်တစ်ခုရဲ့ နွေဦးကာလမှာ …..
မြန်မာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံကြီးတစ်ခုမှာ ……
ယဉ်ကျေးမှုတော်လှန်ရေး လို့  ကမ္ဘာက သမုတ်မယ့် ……
တော်လှန်ရေးကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်……
ဒီတော်လှန်ရေးကို …….
၀၀ဖိုင့်ဖိုင့်နဲ့ မျက်နှာခပ်ဝိုင်းဝိုင်းရှိတဲ့ 
ဥက္ကဌကြီး မော် ကဦးဆောင်ခဲ့ ပြီး …..
တော်လှန်ရေးကာလ အတွင်း ဖြုတ်ထုတ်သတ် လမ်းစဉ်ကြောင့် ……
လူထောင်ပေါင်းများစွာဟာ …..
အကျဉ်းစခန်းတွေမှာ အသက်ဆုံးရှုံးခဲ့ ရပါတယ်…..
အဲဒီ တော်လှန်ရေး ရဲ့ အထွတ်အထိပ်ကာလ အတွင်းမှာတော့ …..
တရုတ်ပြည်ရဲ့ ပြောင်းလဲလာတဲ့  နိုင်ငံခြားရေးမူဝါဒဟာ…..
မြန်မာပြည်အတွက်တော့ …….
တိုက်ပွဲခေါ်သံဖြစ်လို့ လာတော့မှာလဲ ဖြစ်ပါတယ်………။
၁၉၆၇ ခုနှစ် ဇွန်လ ၁၆ရက်နေ့ နံနက်ပိုင်း မှာ ….
ရန်ကုန်မြို့ ရဲ့ တင်းမာနေတဲ့ အခြေအနေဟာ ….
ရုတ်တရက် ပေါက်ကွဲလို့ သွားပါတယ်……
ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက…..
တရုတ်ပြည် ယဉ်ကျေးမှု တော်လှန်ရေးဂယက်အဖြစ်……
မော်စီတုံး ပုံ ရင်ထိုးလေးများကို တပ်ဆင်ပြီး …..
လက်တစ်ဝါးလောက်ရှိတဲ့ မော်စီတုံးမိန့် ခွန်းစာအုပ် အနီလေးတွေနဲ့ 
ကျောင်းတက်လေ့ရှိတဲ့ တရုတ်ကျောင်းသားများဟာ…..
ပညာရေး ၀န်ကြီးဌာနရဲ့  အသစ်ထုတ်ပြန်လိုက်တဲ့ …..
ပညာရေးနဲ့ မပတ်သက်တဲ့ …..
ဘယ်တံဆိပ်မှ ကျောင်းကိုတပ်မလာရဘူးဆိုတဲ့ အမိန့် ကို ….
သိပ်ပြီးကျေနပ်လှတယ်တော့ မဟုတ်ပါဘူး …..
ပေကပ်ကပ် နိုင်လှတဲ့  ကျောင်းသားအချို့ ရဲ့ ရင်ဘတ်က တံဆိပ်ကို ……
မြန်မာ ဆရာတွေက ဖြုတ်သိမ်းချိန်မှာတော့……
ဒီပြသနာဟာ ရုန်းရင်းဆန်ခတ် အဆင့်ကို စတင်ပြီး ကူးပြောင်းခဲ့ပါပြီ……။
မကြာခင်ပဲ ဒီပြသနာဟာ မြို့ တွင်းကို ကူးစက်သွားပြီး …..
နံနက် ၁၁ နာရီ ၀န်းကျင်လောက်မှာတော့ ….
မောင်ခိုင်လမ်းထိပ်က တရုတ်နဲ့ မြန်မာ လူငယ် အဖွဲ့ တွေဟာ ….
တစ်ဘက်နဲ့ တစ်ဘက် စတင်ပြီး…….
အပြန်အလှန် ရိုက်နှက် တိုက်ခိုက် ကုန်ကြပါတယ်………
နောက်ရက်တွေမှာတော့……
ရန်ကုန်မြို့ ဆင်ခြေဖုံး အရပ်တွေ ဖြစ်တဲ့ …….
အင်းစိန် သာကေတ ဥက္ကလာပ စတဲ့ အရပ်တွေက ……
ဗမာ လူအုပ်စုကြီးတွေဟာ…..
မြို့ တွင်းကို ဒလဟော စီးဝင်လို့ လာခဲ့ပြီ ဖြစ်ပါတယ်……
တရုတ်လူမျိုးပိုင် ဆိုင်အများအပြား မီးရှို့ ဖျက်ဆီးခံရပြီး ……
တရုတ်သံရုံးကို ၀ိုင်းဝန်းဆန္ဒပြ ချိန်မှာတော့ …..
သံရုံးခေါင်မိုးပေါ်က တရုတ်အမျိုးသားတစ်ဦးဟာ…..
မြန်မာနိုင်ငံတော် အလံကို ခြေထောက်မှာ ပတ်ပြလိုက်တဲ့ အတွက် ……
တရုတ်သံရုံးဟာ ပျက်စီးလုနီးပါး ဖြစ်သည်အထိ …..
လူအုပ်ကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်……။
အဓိကရုဏ်းကို .....
ရဲတပ်ဖွဲ့ နဲ့ တပ်မတော်တို့ က နှိမ်နှင်းပြီးချိန်မှာတော့ ….
အသေအပျောက်ဟာ …..
ဆယ်ဂဏန်း အတော်များများရှိခဲ့ပါပြီ……
သေဆုံးသွားတဲ့ တရုတ် လူမျိုး ရုပ်အလောင်းတွေကို …
တရုတ်ပြည်က အထူးလေယာဉ်နဲ့ လာရောက်သယ်ယူခဲ့ ပြီး …
တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဇာနည် အဖြစ် ……
ဂုဏ်ပြု အခမ်းအနားနဲ့ ကြိုဆို င်္သဂြိုလ် ခဲ့ပါတယ်….
ဒါဟာ …တရုတ်ပြည်ရဲ့  ဒေါသတကြီး စွပ်စွဲချက်တွေ …..
အများအပြား ပေါ်ထွက်ခဲ့ စေခဲ့ပြီး…..
ဗမာပြည် ကွန်မြူနစ်ပါတီကို နဂိုကတည်းက …..
အကြီးအကျယ် ထောက်ပံ့ နေတဲ့  တရုတ်အဖို့ ကတော့ …..
သူတို့ ရဲ့ မဟာစီမံချက်ကြီးကို စတင်ဖို့ 
အချိန်ဆိုက်ရောက်လာခဲ့ပြီ လို့ လဲ ဆိုနိုင်ပါတယ်…….။
၁၉၆၇ခုနှစ် ဇူလိုင်လမှာ ….
တရုတ်ပြည်ဟာ သူ့ ရဲ့ ပထမဆုံး အနုမြူဗုံးကို …..
ကိုတာရင်မ် ချိုင့်ဝှမ်းရဲ့ စိမ့်တောများအတွင်းမှာ….
ကမ္ဘာကို စမ်းသပ်ဖောက်ခွဲပြလိုက်ပါတယ်…..
ရက်ပိုင်းအတွင်းမှာပဲ ပီကင်းရေဒီယိုကနေ …..
နေ၀င်း စန်းယု အစိုးရရဲ့ ……
စစ်ခွေးတပ်တွေကို တွန်းလှန်ဖို့ လှုံ့ ဆော်သံကို …….
မြန်မာဘာသာနဲ့ ….
စတင်ထုတ်လွှင့်လို့ နေနေပါပြီ……။
၁၉၆၈ခုနှစ် ဇန်န၀ါရီလ တစ်ရက်နေ့ မှာ ……
ထောင်နဲ့ ချီတဲ့ တရုတ်တပ်ဖွဲ့ ဝင်တွေဟာ ……
နယ်စပ်မျဉ်းကို ကျော်ဖြတ် ၀င်ရောက်လာပြီး….
မြူခိုးအတိ ဖုံးလွှမ်းနေတဲ့  မုံးကိုးရွာငယ်လေးက …..
တပ်မတော်စခန်းကို ၀င်ရောက်တိုက်ခိုက်လိုက်ပါတယ်…..
ဒီတိုက်ခိုက်မှုဟာ မကြာမီ ရက်ပိုင်းအတွင်း ……
ထပ်မံရောက်ရှိ လာတော့မယ့်  တပ်ဖွဲ့ များနဲ့ ပူးပေါင်းကာ ……
ဒေသတွင်း တပ်မတော်ရဲ့ ခံစစ်စခန်းများအားလုံးကို ချေမှုန်းလိုက်ပြီး
ကိုးကန့် ဒေသတစ်ခုလုံး နဲ့ .....
ဂျင်မီယန်းရဲ ကိုးကန့် ကာကွယ်ရေးတပ်ကိုပါ
ဗကပ အရှေ့ မြောက် စစ်ဒေသရဲ့  တပ်မဟာတွေ အဖြစ် …..
အသွင်ပြောင်းဖွဲ့ စည်းပေးလိုက်တာလဲ ဖြစ်ပါတယ်….
တိုက်ပွဲများဟာ ……
မုံးကိုး ဖောင်းဆိုင် လုံထန် ကုန်းကြမ်း ပန်ဝိုင် တာရွှေထန် စတဲ့ ……
နေရာအနှံ့ အပြား အကြီးအကျယ်ဖြစ်ပွားနေခဲ့ ပြီး …..
စစ်ကူလိုက်လာတဲ့ မြန်မာ့တပ်မတော် တပ်ရင်းများဟာ
အဆမတန် များပြားလှတဲ့ ရန်သူနဲ့ ……
အပြင်းအထန် ရင်ဆိုင် တိုက်ခိုက် ရပါတော့တယ်…..
တပ်မတော်ရဲ့ အကြီးကျယ်ဆုံး စိုးရိမ်ပူပန်မှု ကတော့ ….
ပဲခူးရိုးမက ရန်သူတွေ နဲ့ အရှေ့ မြောက် ဒေသက ရန်သူတွေ……
တစ်ဆက် တစ်စပ်တည်း ဆက်စပ် ပူးပေါင်း မိသွားကြမှာကိုပါပဲ ……..။
၁၉၇၀ ခုနှစ် နှစ်ကုန်ပိုင်း မှာတော့ …...
ရန်သူဟာ ၀ ကုန်းမြင့်ဒေသကိုပါ သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပြီး …….
ရှမ်းပြည်နယ်ရဲ့ မြို့ တော် လားရှိုးနဲ့ …..
၁၀ မိုင်အကွာမှာ ရှိတဲ့  ပန်ကျုံ မှာကို …..
တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတဲ့  အခြေအနေကို ….
ဆိုက်ရောက်လို့ နေ နေပါတယ်……
ဒါပေမယ့်လဲ ….
အခြေအနေဟာ တပ်မတော်ဘက်ကို…
စတင်ပြီး ယိမ်းယိုင်လာပါတော့မယ်….
ဗမာပြည်ကွန်မြူနစ်ပါတီ ကြိုတင်မျှော်လင့်မထားမိတဲ့  ……
စစ်နတ်ဆိုးတစ်ပါးဟာ…..
ပဲခူးရိုးမ တောနက်တွေထဲကနေ …..
မြန်မြန်ဆန်ဆန် ပြန်ထွက်လာပြီး
တီအီး အလဲဗင်း စစ်ကားကြီးတွေစီးလို့ ….
အရှေ့ မြောက်ဒေသကို အပြင်းချီတက်လို့ လာနေပါပြီ……
အဲဒါကတော့…..
မြန်မာ့တပ်မတော်မှာ ထိပ်ပြောင်ပြီး …..
နပိုလီယန် လို့ နာမည်ပြောင်ပေးခံရတဲ့ 
ရပခ လှုပ်ရှားစစ်ဗျူဟာ အမှတ် (၁) ဗျူဟာမှူး …..
ဗိုလ်မှူးကြီး ထွန်းရီ နဲ့ 
တပ်မတော်ရဲ့ နာမည်ကျော် …….
အမှတ်( ၇၇ ) ခြေမြန် တပ်မ တို့ ပဲ ဖြစ်ပါတယ်….။
၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့  ည ၈ နာရီ ခန့် မှာ
ပီအာစီ ၁၀ တပ်မတော် ဆက်သွယ်ရေးစက်က ပေါ်ထွက်လာတဲ့  ……..
" ကောင်းတုံ" …. " ကောင်းတုံ " …. " ကောင်းတုံ " …..
ကြားလား….…ဒါပဲ…..ဆိုတဲ့ စကားသံဟာ……
တိုက်ပွဲဝင် ရှေ့ တန်းတပ်တွေကို ……
ကွမ်းလုံမှာ အခြေပြုကွပ်ကဲနေတဲ့  ကွပ်ကဲမှုရုံးက …..
နည်းဗျူဟာမှူးနဲ့ အမြောက်တပ်ခွဲမှူး ရဲ့ မျက်နှာကို …..
ကွက်ကနဲ ပျက်သွားစေပါတယ်……..
ဒါဟာ ၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ……
ဖုန်ကြားရှင်ကိုယ်တိုင် တပ်မဟာမှူး အဖြစ်ပါဝင်တဲ့ …...
ဗကပ အရှေ့ မြောက်စစ်ဒေသဟာ….
အင်အား ၄၀၀၀ နီးပါးနဲ့ ချီတက်လာပြီး
ကွမ်းလုံမြို့ မြောက်ဘက် ၇မိုင်အကွာ …….
တာမြင်ရှန် တောင်ထိပ်မှာ တပ်စွဲထားတဲ့ ….
လော်စစ်ဟန် ရဲ့ အင်အား ၈၀ လောက်ရှိတဲ့ …
ကိုးကန့် ကာကွယ်ရေး ပြည်သူ့ စစ်စခန်းကို စတင်တိုက်ခိုက်ပြီး ….
ကွမ်းလုံဒေသ တိုက်ပွဲစဉ်များကို စတင်ခဲ့လိုက်တဲ့ ……
နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သလို
ဒီ ဆက်သွယ်ရေး စကားဝှက်ရဲ့ အဓိပ္ပာယ် ဟာ ……
ကွမ်းလုံမြို့ ရဲ့  နောက်ဆုံးခံစစ် ဟိုက်ကမ်းပါး စခန်းက….
အမှတ် ၁၀၅ ခြေမြန်တပ်ရင်း တပ်ခွဲမှူးရဲ့  …..
နောက်ဆုံးအဆင့် အနေနဲ့ …..
စခန်း အသက်ကယ် အမြောက်ပစ်ကူပေးဖို့  ……
စကားဝှက်နဲ့ တောင်းဆိုလိုက်တာပါ ……။
ဒီစကားဝှက် ရဲ့ အဓိပ္ပာယ်အရ..……
ခမရ ၁၀၅ နဲ့  ကချင် ၃ က တိုက်ပွဲဝင် စစ်သည်တွေဟာ
ကတုတ်ကျင်းတွေရှေ့ မှာပဲ …..
ရန်သူနဲ့ လုံးထွေးသတ်ပုတ် နေကုန်ပြီဖြစ်ပြီး …..
တပ်ခွဲရဲ့ ခံစစ်စည်းဟာလဲ ……
လုံးဝ ကျိုးပေါက်သွားပြီလို့  အဓိပ္ပာယ်ရပါတယ်……
ဒီစခန်းကျဆုံးသွားရင်တော့ …
ကွမ်းလုံမြို့ ရဲ့ အနာဂတ်ဟာ …
အတော့်ကို ဆိုးဆိုးရွားရွားနဲ့  ရင်ဆိုင်ရပါတော့မယ်….
နောက်ဆုံးမှာတော့ …..တပ်ခွဲမှူးဟာ…
စကားဝှက် " ကောင်းတုံ " နဲ့ …..
ရန်သူနဲ့ လုံးထွေးနေတဲ့ သူ့ တပ်ခွဲ အပေါ်ကိုပဲ ……
၁၀၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက် လေးလက်ရဲ့ 
လေကွဲ အမြောက်ကျည်တွေနဲ့ ပစ်ခတ်ပေးဖို့ …..
ပြတ်ပြတ်သားသား တောင်းဆိုလိုက်ပါပြီ…….။
ကွမ်းလုံဒေသ တိုက်ပွဲစဉ်များဟာ…..
ရက်ပေါင်း ၄၀ ခန့် ကြာမြင့်ခဲ့ပြီး ….
တပ်မတော်နဲ့ တစ်ဖက်နိုင်ငံ ကျောထောက်နောက်ခံပြု
ဗမာပြည် ကွန်မြူနစ်ပါတီ တို့ 
အသေအကြေ တိုက်ခိုက်ကြတဲ့ ……
တိုက်ပွဲစဉ်များလည်းဖြစ်ပါတယ်……
နှစ်ဖက်စလုံးမှာ ....
စစ်သည် ထောင် နဲ့ ချီ ပါဝင်တိုက်ခိုက်ခဲ့ ကြပြီး …..
တပ်မတော်ဘက်ကတော့ …
လော်စစ်ဟန် ခေါင်းဆောင်တဲ့ …..
ကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့  အင်အား ၈၀၀ ခန့် က
ပါဝင်တိုက်ခိုက်ပေးခဲ့ ပါတယ်….
ကွမ်းလုံ တံတားကြီးမှာပါ မိုင်းများတပ်ဆင်ထားခဲ့ ပြီး……
တန်ပြန်တိုက်စစ်ဆင်တဲ့ တပ်များဟာ ….
သတ်မှတ်ချိန်အတွင်း စခန်းများကို မသိမ်းနိုင်ခဲ့ ရင်…….
လားရှိုးမြို့ မကျရေးအတွက်….
တံတားကြီးကိုပါ ဖောက်ခွဲပြစ်ဖို့  …..
စီစဉ်ခဲ့ ရတဲ့ အနေအထားကို ဆိုက်ရောက်ခဲ့ပါတယ်…….
ကွမ်းလုံတိုက်ပွဲစဉ်များအပြီးမှာတော့…..
ဗကပ ထိုးစစ်ဟာ …
အတော်ကို ဦးကျိုးလို့ သွားခဲ့ ပါပြီ……။
( အပိုင်း (၂၁ -ခ ) ကို မနက်ဖြန်ဆက်တင်ပါမည်)
— with ရုပ် ဆိုး and 93 others.
National Security and Law Society
$
0
0
 ဘစည် စင် ကာပူ's photo. .
အားလုံးသိကြဖို့ က အခုချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန်တစ်ခုပါ....။
ဘယ်သူ ဘယ်ဝါ သမ္မတဖြစ်ဖို့ အရေး အားထုတ်နေရမယ့် အချိန်မဟုတ်ပါဘူး.....။
အုပ်ချုပ်သူ အစိုးရအနေနဲ့ ဝါးတားတာ လုပ်နေရမယ့် အချိန်လဲ မဟုတ်ပါဘူး....။
NLD ၊ ကြံ့ဖွံ့  စသဖြင့် အချင်းချင်း တိုက်ခိုက် နေရမယ့် အချိန်လဲမဟုတ်ပါဘူး..။
၉၆၉ ကို နှိမ်နှင်းဖို့  အချိန်လဲ မဟုတ်ပါဘူး....။
ဒေါက်တာ ဆိတ်ဖွားကိုဖော်ထုတ်ဖို့ အချိန်လဲ မဟုတ်ပါဘူး...။
ဘုန်းဘုန်း ၀ီရသူအနေနဲ့  လဲ ဒီအချိန်မှာ မျိုးစောင့် ဥပဒေအောင်မြင်ဖို့  ကြိုးစားအားထုတ်ရမယ့် အချိန် မဟုတ်တော့ပါဘူး...။ရပ်ထားပေးသင့်ပါတယ်..။
၈၈ နဲ့  အခြား နိုင်ငံရေး အသင်းအဖွဲ့  တွေ အနေနဲ့ လဲ လူ့ အခွင့်အရေးစကားလုံးတွေကို ရေပက်မ၀င်အောင် ပြောနေရမယ့် အချိန် မဟုတ်တော့ ပါဘူး.....။
မြန်မာတပ်မတော်အနေ နဲ့  လဲ ၀ တပ်မတော်ကို ဇောင်းပေးနေရမယ့် အချိန် မဟုတ်ပါဘူး...။
ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်း ပို့ချပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ ဒီကနေ့ဖော်ပြထားပါတယ်။
သေချာတာကတော့ မြန်မာပြည်ကို အဖျက်လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ အတွက် ရှေ့ ပြေးဝင်ရောက် အတိအလင်း ကြော်ငြာခြင်းပဲဖြစ်ပါတယ်..။
မြန်မာနိုင်ငံသားတွေ အကုန်လုံး အချင်းချင်း စည်းလုံးပြီး အန္တရာယ်ကို ရင်ဆိုင် တိုက်ခိုက်ဖို့  သတိဝီရီယ နဲ့  ပြင်ဆင်ထားသင့်ကြောင်းကိုပဲ အလေးပေးစေချင်ပါတယ်....။
အဲတော့ အစိုးရရော ပြည်သူအားလုံးပါ ပူးပေါင်းပါဝင် ဖော်ထုတ်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်..။
ပြည်သူများမှ လဲ မသင်္ကာတာကို တွေ့ တာနဲ့  ချက်ခြင်း ၁၉၉ ကို သတင်းပေးကြဖို့  မမေ့ပါနဲ့ ။
အဲတော့ ဒီ အယောက် ၃၀၀ ရဲ့ နောက်မှာ ဘယ်သူတွေ ရှိနိုင်မလဲ...ဘယ်သူတွေသူတို့ နဲ့  အတူ ၀င်ရောက်ပူးပေါင်းနိုင်မလဲ.ဘင်္ဂလီ အမတ်တွေကို လဲ လျော့တွက်လို့ မရသလို ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ဘင်္ဂလီ လူဦးရေကိုလဲ မေ့ထားလို့ မရပါဘူး..။ဘင်္ဂလီတွေဟာ အချိန်မရွေး ရိုဟင်ဂျာ စစ်တပ် ဖြစ်သွားနိုင်တဲ့ အတွက်ပါ..။
ဒီကောင်တွေ ဘယ်လမ်းကြောင်းကနေ ၀င်လာဖို့  Possibility တွေကို တွက်ရတော့မယ်.။
မြန်မာတပ်မတော်အနေနဲ့ လဲ ဒီအချိန်ဟာ National Security အတွက် Plan A, Plan B, Plan C စသဖြင့် အရေးကြီးတဲ့ နေရာတွေကို လက်ဦးမှု့ ရယူ ထားဖို့  သတင်းထောက်ဖို့  ၊ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ခိုက်ရေးအားကောင်းတဲ့ တပ်တွေကို အပြောင်းအရွေ့ လုပ်ဖို့  နဲ့  လူအင်အားပြင်ဆင် ဖြည့်တင်းခြင်း နောက်ဆက်တွဲ အခြေအနေတွေ အတွက်ပါ အသင့်အနေထား ရှိနေစေဖို့ ပါပြင်ဆင်ထားသင့်ပါတယ်...။
နယ်ခြားစောင့် တပ်တွေရဲ့  အခန်းကဏကလဲ အရေးကြီးပါတယ်..။ကိုယ့်တာကို ကိုယ် အကောင်းဆုံး ပိတ်ဖို့  လိုပါတယ်..။
မြန်မာနိုင်ငံ ရေပိုင်နက် အတွင်းမှလဲ အရေးကြီးသော ရေကြောင်းဝ ထိန်းချုပ် ကင်းလှည့်ခြင်း ၊ နယ်စပ် ထိန်းချုပ် ပိတ်ဆို့ ထားခြင်းများကိုလဲ ၂၄ နာရီ အချိန်ပြည့် ကင်းထောက် ပိတ်ဆို့  ထောက်လှမ်းသင့်ပါတယ်..။
ပြည်တွင်း ပြည်ပ အ၀င်အထွက်ဂိတ်များကိုလဲ တင်းကြပ်စွာ နိုင်ငံတော် လုံခြုံရေးအဆင့် စစ်ဆေးခြင်းများ လို အပ်လျှင် နိုင်ငံတကာ အဖွဲ့ အစည်းတွေကိုပါ အသုံးပြုသင့်ကြောင်း..။
ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယား ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ဘင်္ဂလားဒေရှ် အစရှိသော အခြားနိုင်ငံများနှင့် နယ်နိမိတ်ခြင်းထိစပ်နေသော တိုင်းဒေသများ ၊ ၀င်နိုင် ထွက်နိုင်ခြေရှိသော နေရာများတွင်လဲ နယ်ခြားစောင့် တပ်များ ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ များ မှ ပိတ်ဆို့  စစ်ဆေးခြင်း ၂၄ နာရီ ကင်းလှည့်ထောက်လှမ်းခြင်း များ..။
ဆက်သွယ်ရေးကွန်ယက်များမှလဲ သံသယရှိသူများရဲ့ ဖုန်းအ၀င်အထွက် များကို မှတ်တမ်းယူခြင်းများ ..စစ်ဆေး ထိန်းချုပ်ခြင်းများ..လုပ်ဆောင်သင့်ပါတယ်..။
နိုင်ငံခြားရေး ၀န်ကြီးဌာနများမှလဲ အာရပ်နိုင်ငံ နဲ့  RSO အဖွဲ့ အစည်းများ အဆက်အသွယ်ရှိနိုင်သော နိုင်ငံများအား ပြည်ဝင်ခွင့် ဗီဇာ ထိန်းချုပ်ခြင်းကို အလေးပေးဆောင်ရွက်သင့်ပါတယ်..။
ရန်ကုန် ၊မန္တလေး ၊နေပြည်တော် ၊ ရခိုင် ၊ချင်း ၊ရှမ်းပြည် ၊ ပုဂံ ၊ ကရင် ၊တနင်္သာရီ အောက်ပိုင်း အစရှိသော နေရာများတွင် လုံခြုံမှု့ ကို အထူး တပ်လှန့် လုပ်ဆောင်သင့်ပါတယ်.။
ရခိုင်ပြည်နယ်မှာ ပြည်သူ့ စစ်ကို ဖွဲ့ ထားခြင်းဖြင့်လဲ ရခိုင်ပြည်နယ်နဲ့  ရခိုင်သားတွေရဲ့  လုံခြုံရေးကိုလဲ တာဝန်ယူရာရောက်သလို ရခိုင်သားတွေ ကိုယ်တိုင်လဲ ရခိုင်ပြည်ကို ကိုယ်တိုင် ကာကွယ်ခွင့်ရလာမှာ ဖြစ်ပါတယ်..။
မြို့ ဝင် မြို့ ထွက်များတွင် ခရီးသည်များကို မှတ်ပုံတင်ဖြင့် ယာဉ်စစ်ဆေးခြင်းများ ၊ ရပ်ကွက် မြို့ ရွာ အတွင်း လူဝင် လူထွက်များကို သကိဆိုင်ရာမှ စစ်ဆေးခြင်းများ...၊ ကျောင်းများ ၊ တက္ကသိုလ်များ ၊ ဘုန်းကြီးကျောင်းများ ၊ သာသနာ့အဆောက်အဦးများ တွင်လဲ လုံခြုံရေးကို အဆက်မပြတ်စောင့်ကြည့်သင့်ပါတယ်..။
မြန်မာနိုင်ငံရဲ တပ်ဖွဲ့  အနေနှင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို အမြင့်ဆုံးအဆင့်သို့  လုပ်ကိုင်ဆောင်ရွက်ကြစေလိုပါတယ်..။
ဒီအချိန်ဟာ ဆိုရင်ဖြင့် ပြည်တွင်းမှာ ရှိကြတဲ့ နိုင်ငံအဖွဲ့ အစည်းအသီးသီး ၊နိုင်ငံရေး အသင်းအဖွဲ့ အသီးသီး ကျောင်းသား ၊ပြည်သူ ၊ တပ်မတော် ၊ရဟန်း သံဃာ အားလုံးရဲ့  အင်အားတွေကို ကျစ်လစ်သိပ်သည်းတောင့်တင်းနေဖို့လိုပါတယ်..။
ဒါမှသာ အန္တရာယ် ရန်စွယ် အဖျက်သမားတွေကို တွန်းလှန် ဖော်ထုတ်နိုင်ပါ ဖြစ်ပါတယ် လို့  တိုက်တွန်းရေးသားရင်း...။
ဒါတို့ ပြေ ဒါတို့ မြေ တို့  ပိုင်တဲ့မြေ...။ အရေးကြီးပြီ ငါတို့ တွေ သွေးနီးကြပါစို့ မောင်နှမတို့ ..!!!!
Watch out !!!
ဘစည်(စင်ကာပူ)
12.7.2013
နှလုံးသားအ၇င်းအနှီး
$
0
0
 နှလုံးသားအ၇င်းအနှီး  Lyrics: အလွမ်းအဆွေးနဲ့အသည်းနင့်အောင်ချစ်တတ်သော မိန်းခလေးတစ်ဦးရဲ့ ရင်ဖွင့်ပုံလိုအမျိုးအစားလို့တွေ့ရပါတယ်။ ချစ်သောသူက ရင်တွင်းက အချစ်တွေကို ထွင်းဖောက်မမြင်ဘဲ လျစ်လျူရှုခံရသူမိန်းခလေးတစ်ဦးရဲ့ခံစားချက်တွေပါ။ ချစ်သူက သူမကို ချစ်တယ်လို့ ထင်တယ်လို့ ထင်နေမိရာကနေ အပြစ်မြင်ခံရလာပြီဆိုတဲ့ ခံစားချက်ကိုဆွဲထုတ်ထားတာကိုတွေ့ရပါတယ်။ အဝေးကိုထွက်ပြီးနာကျင်ဝမ်းနည်းနေတဲ့မိန်းခလေးတစ်ဦးကိုမြင်ယောင်လာ၇အောင် ရေးဖွဲ့ထားပါတယ်။ သိမ်မွေ့တဲ့မိန်းခလေးတစ်ဦး ဝမ်းနည်းလွယ်တတ်တဲ့မိန်းကလေးတစ်ဦးဟာ အံ့အားသင့်ဖွယ်သည်းခံနိုင်မှုနဲ့ ပေးဆပ်နိုင်စွမ်းကို ဖော်ကျူးထားပါတယ်။ တစ်ချိန်တည်းမှာပဲ ချစ်သူကို ပြစ်တင်သံလေးစွက်ပေမယ့် အပြစ်ဆိုလိုမှုထက် အချစ်ပိုတဲ့ဟန်ကို တွေ့မိပါတယ်။   Music and Melody: မယ်လိုဒီလိုင်းကတော့ မေဂျာကော့ဒ် Progression ကိုလိုက်ထားတယ်လို့ ယူဆမိပါတယ်။ အသံရဲ့တောက်ပမှုက မေဂျာကီးသံကိုဖော်ကျူးနေပါတယ်။ မိုင်နာကီးရဲ့ ဝမ်းနည်းလေးလံမှုတွေထက် မေဂျာကီးရဲ့တောက်ပမှုက ချစ်ခြင်းမေတ္တာရသမှာ ဝမ်းနည်းမှုစွက်ဖက်နေတဲ့ဟန်ပေါ်စေပါတယ်။ သီချင်း Tempo ခပ်လေးလေး ဖြစ်တာကလဲ သီချင်းရဲ့ ရုပ်ပုံလွှာကို ဆွေးရိပ်သမ်းစေဖို့ ပိုမို အားပြုပေးနေပါတယ်။ Arrangement ပိုင်းမှာ စင်ကြယ်တောက်ပတဲ့ စန္ဒယားတေးသွားကို အားပြုထားပြီး ချယ်လိုတယောကြီးအသံနဲ့ အားဖြည့်ထားပါတယ်။ နောက်ဖက်မှာတော့ String သံများကို ပါးပါးလှပ်လှပ်နဲ့အားဖြည့်ပေးထားပါတယ်။ String သံများနဲ့အတူ Choir အသံပါးပါးကလေးကိုလဲထည့်သုံးထားပါတယ်။ Solo နေရာမှာ ကြံ့ခိုင်တဲစန္ဒယားသံနဲ့ နွဲ့ပျောင်းတဲ့တယောကို လိုက်ဖက်စွာ တီးသွားပါတယ်။   Vocal: အဆိုရှင်ကတော့ မိန်းခလေးတစ်ဦးဖြစ်ပါတယ်။ အသံကာလာကတော့ ချိုမြတဲ့အသံထက် ခံစားချက်ပြင်းတဲ့ Tone မျိုးပေါက်ပါတယ်။ ဒီလို အနှေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ဟန်ကိုမြင်တွေ့ရပြီး အဆိုနည်းပညာ(Vocal Techniques) တွေကို ပိုင်ပိုင်နိုင်နိုင်သူ့နေရာနဲ့သူ ဆိုသွားတာကိုတွေ့ရပါတယ်။ အထူးသဖြင့် အချပိုဒ်(အဆုံးသတ်)နေရာတွေမှာ အသံထိန်းတာ အလွန်သပ်ယပ်တာကိုတွေ့ရပြီး  ဖိပြီးဆိုရမယ့် မယ်လိုဒီနုတ်နေရာမှာ Expression ဝါ ခံစားချက်ကို ပေါ်အောင် ဖော်သွားနိုင်တာကို သိတွေ့ရပါတယ်။ ငိုသံ၊ Vibrato တုန်ခါသံ၊ Falsetto ချိုမြသံ၊ ရင်ခေါင်းသံ Jurundo အသံတွေကို အတွဲညီညီ လိုက်ဖက်စွာသုံးစွဲသွားတာကို သတိပြုမိပါတယ်။   တေးေ၇းဖွဲ့မှုဟာ အပြစ်ပြောစရာမရှိအောင်လှပချိုမြိန်တဲ့ ဝိုင်တစ်ခွက်နဲ့ပန်းတစ်ပွင့်ကို တွဲဖက်ထားသလို လှပဆန်းကြယ်လှပါတယ်။ အဆိုတော်ရဲ့ နူးညံ့သလို အားပါတဲ့ အသံနဲ့ခံစားချက်ကိုဖော်ကျူးလိုက်တဲ့အခါမှာ သောတရှင်ရဲ့ နားကတစ်ဆင့် နှလုံးသားကို ထိခတ်စေပါတယ်။ ကြံ့ခိုင်အားပါတဲ့ စန္ဒယားသံနဲ့ နူးညံ့နွဲ့ချိုတဲ့ တယောသံကြားမှာ လူးလွန့်ကစားသွားတဲ့ အဆိုရှင်အမျိုးသမီးအသံဟာ အချစ်ဦးနဲ့ကွဲဖူးသူတွေရဲ့ နလုံးသားကလို လာလှုပ်နှိုးဦးမယ်ဆိုတာ အမှန်ပါပဲ။
Lyrics: အလွမ်းအဆွေးနဲ့အသည်းနင့်အောင်ချစ်တတ်သော မိန်းခလေးတစ်ဦးရဲ့ ရင်ဖွင့်ပုံလိုအမျိုးအစားလို့တွေ့ရပါတယ်။ ချစ်သောသူက ရင်တွင်းက အချစ်တွေကို ထွင်းဖောက်မမြင်ဘဲ လျစ်လျူရှုခံရသူမိန်းခလေးတစ်ဦးရဲ့ခံစားချက်တွေပါ။ ချစ်သူက သူမကို ချစ်တယ်လို့ ထင်တယ်လို့ ထင်နေမိရာကနေ အပြစ်မြင်ခံရလာပြီဆိုတဲ့ ခံစားချက်ကိုဆွဲထုတ်ထားတာကိုတွေ့ရပါတယ်။ အဝေးကိုထွက်ပြီးနာကျင်ဝမ်းနည်းနေတဲ့မိန်းခလေးတစ်ဦးကိုမြင်ယောင်လာ၇အောင် ရေးဖွဲ့ထားပါတယ်။ သိမ်မွေ့တဲ့မိန်းခလေးတစ်ဦး ဝမ်းနည်းလွယ်တတ်တဲ့မိန်းကလေးတစ်ဦးဟာ အံ့အားသင့်ဖွယ်သည်းခံနိုင်မှုနဲ့ပေးဆပ်နိုင်စွမ်းကို ဖော်ကျူးထားပါတယ်။ တစ်ချိန်တည်းမှာပဲ ချစ်သူကို ပြစ်တင်သံလေးစွက်ပေမယ့် အပြစ်ဆိုလိုမှုထက် အချစ်ပိုတဲ့ဟန်ကို တွေ့မိပါတယ်။
Music and Melody: မယ်လိုဒီလိုင်းကတော့ မေဂျာကော့ဒ် Progression ကိုလိုက်ထားတယ်လို့ ယူဆမိပါတယ်။ အသံရဲ့တောက်ပမှုက မေဂျာကီးသံကိုဖော်ကျူးနေပါတယ်။ မိုင်နာကီးရဲ့ ဝမ်းနည်းလေးလံမှုတွေထက် မေဂျာကီးရဲ့တောက်ပမှုက ချစ်ခြင်းမေတ္တာရသမှာ ဝမ်းနည်းမှုစွက်ဖက်နေတဲ့ဟန်ပေါ်စေပါတယ်။ သီချင်း Tempo ခပ်လေးလေး ဖြစ်တာကလဲ သီချင်းရဲ့ ရုပ်ပုံလွှာကို ဆွေးရိပ်သမ်းစေဖို့ ပိုမို အားပြုပေးနေပါတယ်။ Arrangement ပိုင်းမှာ စင်ကြယ်တောက်ပတဲ့ စန္ဒယားတေးသွားကို အားပြုထားပြီး ချယ်လိုတယောကြီးအသံနဲ့ အားဖြည့်ထားပါတယ်။ နောက်ဖက်မှာတော့ String သံများကို ပါးပါးလှပ်လှပ်နဲ့အားဖြည့်ပေးထားပါတယ်။ String သံများနဲ့အတူ Choir အသံပါးပါးကလေးကိုလဲထည့်သုံးထားပါတယ်။ Solo နေရာမှာ ကြံ့ခိုင်တဲစန္ဒယားသံနဲ့ နွဲ့ပျောင်းတဲ့တယောကို လိုက်ဖက်စွာ တီးသွားပါတယ်။
Vocal: အဆိုရှင်ကတော့ မိန်းခလေးတစ်ဦးဖြစ်ပါတယ်။ အသံကာလာကတော့ ချိုမြတဲ့အသံထက် ခံစားချက်ပြင်းတဲ့ Tone မျိုးပေါက်ပါတယ်။ ဒီလို အနှေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ဟန်ကိုမြင်တွေ့ရပြီး အဆိုနည်းပညာ(Vocal Techniques) တွေကို ပိုင်ပိုင်နိုင်နိုင်သူ့နေရာနဲ့သူ ဆိုသွားတာကိုတွေ့ရပါတယ်။ အထူးသဖြင့် အချပိုဒ်(အဆုံးသတ်)နေရာတွေမှာ အသံထိန်းတာ အလွန်သပ်ယပ်တာကိုတွေ့ရပြီး ဖိပြီးဆိုရမယ့် မယ်လိုဒီနုတ်နေရာမှာ Expression ဝါ ခံစားချက်ကို ပေါ်အောင် ဖော်သွားနိုင်တာကို သိတွေ့ရပါတယ်။ ငိုသံ၊ Vibrato တုန်ခါသံ၊ Falsetto ချိုမြသံ၊ ရင်ခေါင်းသံ Jurundo အသံတွေကို အတွဲညီညီ လိုက်ဖက်စွာသုံးစွဲသွားတာကို သတိပြုမိပါတယ်။
တေးေ၇းဖွဲ့မှုဟာ အပြစ်ပြောစရာမရှိအောင်လှပချိုမြိန်တဲ့ ဝိုင်တစ်ခွက်နဲ့ပန်းတစ်ပွင့်ကိုတွဲဖက်ထားသလို လှပဆန်းကြယ်လှပါတယ်။ အဆိုတော်ရဲ့ နူးညံ့သလို အားပါတဲ့ အသံနဲ့ခံစားချက်ကိုဖော်ကျူးလိုက်တဲ့အခါမှာ သောတရှင်ရဲ့ နားကတစ်ဆင့် နှလုံးသားကို ထိခတ်စေပါတယ်။ ကြံ့ခိုင်အားပါတဲ့ စန္ဒယားသံနဲ့ နူးညံ့နွဲ့ချိုတဲ့ တယောသံကြားမှာ လူးလွန့်ကစားသွားတဲ့ အဆိုရှင်အမျိုးသမီးအသံဟာ အချစ်ဦးနဲ့ကွဲဖူးသူတွေရဲ့ နလုံးသားကလို လာလှုပ်နှိုးဦးမယ်ဆိုတာ အမှန်ပါပဲ။
ပို၍အရေးကြီးသော အရှေ့မြောက်တံခါး.....
$
0
0
ပို၍အရေးကြီးသော အရှေ့မြောက်တံခါး..... ========================== ရေးသားသူ= ပြည်သွေးနိုင်  ၂၀၁၃ ခု ဇွန်လလယ်က နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် “မန္တလေးတွင်တရုတ်ဘာသာဖြင့် ကြော်ငြာလုပ်ငန်းသုံး ဆိုင်းဘုတ်များရေးသားတပ်ဆင်ချိတ်ဆွဲခွင့်မပြု” ဟူသောခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ မန္တလေးတွင် တရုတ်လူမျိုး များစုနေထိုင်သည့်အတွက် လုပ်ငန်းကြော်ငြာဆိုင်းဘုတ်များတွင် တရုတ်ဘာသာစကားအသုံးပြုပြီး ကြော်ငြာသည့်ဆိုင်းဘုတ်များ များပြားနေကြောင်း အဆိုပါဆိုင်းဘုတ်များကို ဖြုတ်ပေးရန် မြို့တော်စည်ပင်က မေတ္တာရပ်ခံထားကြောင်း ဖော်ပြထားသည် ကိုတွေ့ရပါသည်။  မှန်ပါသည်။ မန္တလေး၏ အချက်အခြာကျသော နေရာအားလုံးလိုလို၊ စီးပွားရေးလုပ်ငန်းအားလုံးလိုလိုသည် တရုတ် အမျိုးသားတို့လက်တွင်း သို့ကျရောက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ရွာနေပြည်ထိုင် မန္တလေးသားတို့မှာ မြို့စွန်၊ မြို့ဖျား ရေမရ၊ မီးမလာသော ဆင်ခြေဖုံးရပ် ကွက်များသို့ လွင့်ပါးသွားခဲ့ကြရသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထိုအတွေ့အကြုံ အဖြစ်အပျက်များကို အခြေခံ၍ ရေးဖွဲ့တင်ပြခဲ့ကြသော ကဗျာ၊ ဆောင်းပါး၊ ၀တ်္ထုများကိုလည်း မဂ်္ဂဇင်းစာမျက်နှာအချို့တွင် ဖတ်ရှုပြီး မချိတင်ကဲခံစားခဲ့ရပါသည်။ တရုတ်အမျိုးသားတို့များ လာ၍ တရုတ်ယဉ်ကျေးမှုလွှမ်းလာသည်မှာ မဆန်းပါ။ ထို့အတူ တရုတ်လုပ်ငန်းရှင်တို့ ကြီးစိုးလာ၍ တရုတ်ဘာသာစကားဖြင့် ဖော်ပြသော ဆိုင်းဘုတ်များ များလာသည်မှာလည်း အဆန်းမဟုတ်ပါ။ ဆန်းသည်က အဆိုပါ တရုတ်အမျိုးသားတို့သည် မန္တလေးကို ဘယ်လိုဘယ်ပုံ ရောက်ခဲ့ကြသနည်း။ ဘယ်လိုပုံစံဖြင့်ဝင်ရောက် လာကြသနည်းဆိုသည်က ဆန်းနေခြင်းဖြစ်သည်။  ကျွန်တော်တို့ မြန်မာနိုင်ငံသည် လူဦးရေ အဆမတန်များပြားသော လူဦးရေ အင်းအားကြီးမားသည့် နိုင်ငံများကြားတွင် တည်ရှိနေပါသည်။ အရှေ့မြောက်အရပ်တွင် လူဦးရေသန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ။ အနောက်ဘက်တွင်ကား လူဦးရေ သန်းတစ်ထောင်ကျော်ရှိသည့် အိန်္ဒိယနိုင်ငံနှင့် လူဦးရေသန်း (၂၀၀) နီးပါးရှိသည့် ဘင်္ဂလားဒေ့နိုင်ငံတို့ရှိနေသည်။ ထိုလူဦးရေ လွန်နိုင်ငံများကြားတွင် မြေဆီသြဇာကောင်းသော၊ သဘာဝသံယံဇာတကြွယ်ဝသော မြန်မာနိုင်ငံကြားညှပ်နေသည်။ ပထ၀ီအနေ အထားအရ တည်ရှိနေခြင်းဖြစ်သည့်အတွက် ဘာမျှမတတ်နိုင်။ ဘ၀ပေးကုသိုလ်ဟုသာဆိုရပေတော့မည်။  ခက်နေသည်က ကျွန်တော်တို့ရွှေမြန်မာတွေ၏ တွေးပုံခေါ်ပုံဖြစ်နေသည်။ အရှေ့မြောက်တံခါးထက် အနောက်ဘက်တံခါး။ ကျိုးပျက် သည်ကို ပို၍စိုးရိမ်နေကြသည်။ အဖြူရောင်လှိုင်းထက် အမည်းရောင်လှိုင်းကိုပို၍ အာရုံစိုက်နေကြသည်။ အသား အရောင်နောက်ကိုလိုက်နေကြသည်။ ခက်သည်က မြန်မာတို့၏ ဓလေ့စရိုက်ဖြစ်သည်။ သားသမီးမွေးလာလျှင် ဖြူဖြူဖွေးဖွေး လေးဖြစ်ပါက ဟယ်...တရုတ်ကလေးကျနေတာပဲဟု လိုလားနှစ်သက်စွာ ချီးကျူးတတ်ကြသော်လည်း အသားညိုသည့် ကလေးဖြစ်ပါက ဟင်း...ကုလားလေးနှင့်တူလိုက်တာဟူ ၍ နှာခေါင်းရှုံ့တတ်ကြခြင်းဖြစ်သည်။ သို့ဖြင့်၍လည်း အနောက်တံခါး မှဝင်လာသူများအပေါ်တွင် ပို၍ အကဲဆတ်နေကြခြင်းဖြစ်တန်ရာသည်။ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေးကို အမှန် တကယ် ကုပ်ခွစီးထားသူကို မေ့လျော့နေကြသည်။ စီးပွားရေးနှင့်နိုင်ငံရေး အရ တဖြည်းဖြည်းချင်းလည်မျိုအထိ ၀ါးမျိုထားသူမှာ မည်သူနည်းဆိုသည်ကို အသေအချာလေ့လာဆန်းစစ်ရန်လိုပါသည်။ စိတ်ခံစားမှုအပေါ် အာရုံညွတ်ခြင်းထက် လက်တွေ့ကျကျ အမြင်ကျယ်ကျယ်တွေးခေါ်နိုင်ရန် အရေးကြီးသည်ဟု ဆိုချင်ပါသည်။ သို့မဟုတ်ပါက တံလျှပ်ကို ရေထင် ရွှေသမင်ရေလိုက်မှား ဖြစ်နိုင်သည်ကို သတိပြုရပါမည်။  မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရ အရေးပါသော အနေအထားသို့ ရောက်ရှိနေပြီဆိုသည့် အသံများ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ခါးလယ်မှဖြတ်လျက် ရေနံပိုက်လိုင်းတစ်ခုက နေရာယူထားပြီး ဖြစ်နေသည်။ မကြာမီ ထိုရေနံပိုက်လိုက် နံဘေးမှ မီးရထားလမ်တစ်ခု ဖောက်လုပ်ဦးမည်။ ထိုရေနံပိုက်လိုင်းနှင့် မီးရထားလိုင်း တို့သည် မြန်မာနိုင်ငံကို နှစ်ပိုင်း ပိုင်းထားသည့်နှယ် ဖြစ်နေတော့သည်။ မြန်မာနိုင်ငံအထက်ပိုင်းသည် အရှေ့မြောက်တံခါးမှ ၀င်လာသူတို့အတွက်လော။ စစ်အုပ်ချုပ်ရေး ၏အကျိုးဆက် အသွင်ကူးပြောင်းရေးခရီးတွင် ပဋိပက္ခများကြောင့် မငြိမ်သက်မှုများ ကရှိနေသည်။ ထိုမငြိမ်သက်မှုများကို အကြောင်းပြုလျက် ရေနံပိုက်လိုင်း လုံခြုံရေးအတွက် တိုင်းတစ်ပါးစစ်တပ်များ ၀င်ရောက်လာ ခဲ့သော် မည်သို့ရှိချေမည်နည်း။ မတွေးရဲစရာဖြစ်သည်။  အမျိုးသားအကျိုးစီးပွားတစ်ခုလုံးသည် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေးဟု ကြွေးကြော်ရုံသက်သက်ဖြင့်တော့ တစ်စုံတစ်ရာ အကျိုးထူးလာလိမ့်မည် မဟုတ်ပါ။ အမျိုးသားအကျိုးစီးပွားကို အမှန်တကယ်ကာကွယ်ပေးသော မူဝါဒများ လက်တွေ့ ချမှတ်ဆောင်ရွက်နိုင်ရန် အရေးတကြီးလိုအပ်နေသည်ကို အုပ်ချုပ်ရေးပိုင်းမှပုဂ်္ဂိုလ်များ အထူးသဘောပေါက်ရန် လိုအပ်လှပါသည်။ အမျိုးသားအကျိုးစီးပွားများအတွက် အနောက်ဘက်တံခါးရော အရှေ့မြောက်တံခါးပါ လုံခြုံရန်အရေးကြီးပါသည်။ မည်သည့်တံခါး မှ မကျိုးပျက်စေလိုပါ။ သို့သော် ကျိုးပျက်ခဲ့ပါပြီ။ ဘူးသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီက လူဦးရေ၏ ၉၆ ရာခိုင်နှုန်း၊ ဌာနေတိုင်းရင်းသားက ၄ ရာခိုင်နှုန်း။ မန်္တလေးမြို့ကြီးတွင် တရားဝင်စာရင်းအရ တရုတ်အမျိုးသား အိမ်ထောင်စု ငါးသောင်းကျော်ရှိ နေသည်ဟုသိရသည်။ ထိုကိန်းဂဏန်းတို့သည် အနှစ် ၂၀ ကျော်ကြာ စစ်အုပ်ချုပ်ရေး၏ စည်းစနစ်မဲ့မူ၊ လွဲမှားသောစီမံခန့်ခွဲမှု၊ အကျင့်ပျက်ခြစားမှုတို့၏ အကျိုးဆက်ဆိုသည်ကို ကောင်းစွာသဘောပေါက်နားလည်ကြရပါမည်။ အခုတစ်လော ခေတ်စား နေသောစကားဖြင့်ဆိုရသော် တရားဥပဒေစိုးမိုးရေး ကင်းမဲ့ခဲ့သောကြောင့် ဖြစ်ပါသည်။ မြန်မာတစ်ဦး၊ တိုင်းရင်းသားပြည်သူတစ်ဦး အမျိုးသားမှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံး၍ အသစ်ပြန်လည်ပြုလုပ်သည်ပင်လျှင် မည်မျှခက်ခဲကြောင်း ကြုံဖူးကြမည် ထင်ပါသည်။ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာများဖြင့် လ.၀.က ရုံးသို့ အခေါက်ခေါက်အခါခါသွားပြီးမှ ကိစ်္စပြီး မြောက်ပါသည်။ အနောက်တံခါးမှ ၀င်လာကြသော ၉၆ ရာခိုင်နှုန်းသောသူများ၊ မန်္တလေးမြို့ပေါ်သို့ အရှေ့မြောက်တံခါးမှ ၀င်ရောက်လာသူများမှာ လွယ်လွယ်ကူကူ မှတ်ပုံတင်ရကြ၊ နိုင်ငံသားဖြစ်ခဲ့ကြရသည်မှာ ထူးဆန်းအံ့သြဖွယ် ကိစ်္စဟုပင်ဆိုရ ပါတော့မည်။  မည်သို့ပင်ဖြစ်စေ အနှစ် ၂၀ ကာလလုံးလုံး နယ်စပ်ဒေသများတွင် တံခါးမရှိ၊ ဓားမရှိဖြစ်ခဲ့ခြင်းသည် လတ်တလော ကြုံတွေ့နေကြသော ပဋိပက်္ခများ၏ အခြေခံအကြောင်းရင်းများဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အနောက်ဘက်တံခါးသည် လူမျိုးရေး၊ ဘာသာရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု မြန်မာအများစုက ယူဆလျက်ရှိကြသည်။ သို့ဆိုလျှင် အရှေ့မြောက် တံခါးသည်ပို၍အရေးပါသော နိုင်ငံရေးနှင့် စီးပွားရေးကို လွှမ်းမိုးထားသည့် အန်္တရာယ်ရှိနေသည်ဆိုသည့်အချက်ကိုလည်း မမေ့လျော့သင့်သော ကိစ်္စတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။  7 DAY
Ponnya Swe's photo.
==========================
ရေးသားသူ= ပြည်သွေးနိုင်
၂၀၁၃ ခု ဇွန်လလယ်က နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် “မန္တလေးတွင်တရုတ်ဘာသာဖြင့် ကြော်ငြာလုပ်ငန်းသုံး ဆိုင်းဘုတ်များရေးသားတပ်ဆင်ချိတ်ဆွဲခွင့်မပြု” ဟူသောခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ မန္တလေးတွင် တရုတ်လူမျိုး များစုနေထိုင်သည့်အတွက် လုပ်ငန်းကြော်ငြာဆိုင်းဘုတ်များတွင် တရုတ်ဘာသာစကားအသုံးပြုပြီး ကြော်ငြာသည့်ဆိုင်းဘုတ်များ များပြားနေကြောင်း အဆိုပါဆိုင်းဘုတ်များကို ဖြုတ်ပေးရန် မြို့တော်စည်ပင်က မေတ္တာရပ်ခံထားကြောင်း ဖော်ပြထားသည် ကိုတွေ့ရပါသည်။
မှန်ပါသည်။ မန္တလေး၏ အချက်အခြာကျသော နေရာအားလုံးလိုလို၊ စီးပွားရေးလုပ်ငန်းအားလုံးလိုလိုသည် တရုတ် အမျိုးသားတို့လက်တွင်း သို့ကျရောက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ရွာနေပြည်ထိုင် မန္တလေးသားတို့မှာ မြို့စွန်၊ မြို့ဖျား ရေမရ၊ မီးမလာသော ဆင်ခြေဖုံးရပ် ကွက်များသို့ လွင့်ပါးသွားခဲ့ကြရသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ထိုအတွေ့အကြုံ အဖြစ်အပျက်များကို အခြေခံ၍ ရေးဖွဲ့တင်ပြခဲ့ကြသော ကဗျာ၊ ဆောင်းပါး၊ ၀တ်္ထုများကိုလည်း မဂ်္ဂဇင်းစာမျက်နှာအချို့တွင် ဖတ်ရှုပြီး မချိတင်ကဲခံစားခဲ့ရပါသည်။ တရုတ်အမျိုးသားတို့များ လာ၍ တရုတ်ယဉ်ကျေးမှုလွှမ်းလာသည်မှာ မဆန်းပါ။ ထို့အတူ တရုတ်လုပ်ငန်းရှင်တို့ ကြီးစိုးလာ၍ တရုတ်ဘာသာစကားဖြင့် ဖော်ပြသော ဆိုင်းဘုတ်များ များလာသည်မှာလည်း အဆန်းမဟုတ်ပါ။ ဆန်းသည်က အဆိုပါ တရုတ်အမျိုးသားတို့သည် မန္တလေးကို ဘယ်လိုဘယ်ပုံ ရောက်ခဲ့ကြသနည်း။ ဘယ်လိုပုံစံဖြင့်ဝင်ရောက် လာကြသနည်းဆိုသည်က ဆန်းနေခြင်းဖြစ်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် လူဦးရေ အဆမတန်များပြားသော လူဦးရေ အင်းအားကြီးမားသည့် နိုင်ငံများကြားတွင် တည်ရှိနေပါသည်။ အရှေ့မြောက်အရပ်တွင် လူဦးရေသန်း ၁၃၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံ။ အနောက်ဘက်တွင်ကား လူဦးရေ သန်းတစ်ထောင်ကျော်ရှိသည့် အိန်္ဒိယနိုင်ငံနှင့် လူဦးရေသန်း (၂၀၀) နီးပါးရှိသည့် ဘင်္ဂလားဒေ့နိုင်ငံတို့ရှိနေသည်။ ထိုလူဦးရေ လွန်နိုင်ငံများကြားတွင် မြေဆီသြဇာကောင်းသော၊ သဘာဝသံယံဇာတကြွယ်ဝသော မြန်မာနိုင်ငံကြားညှပ်နေသည်။ ပထ၀ီအနေ အထားအရ တည်ရှိနေခြင်းဖြစ်သည့်အတွက် ဘာမျှမတတ်နိုင်။ ဘ၀ပေးကုသိုလ်ဟုသာဆိုရပေတော့မည်။
ခက်နေသည်က ကျွန်တော်တို့ရွှေမြန်မာတွေ၏ တွေးပုံခေါ်ပုံဖြစ်နေသည်။ အရှေ့မြောက်တံခါးထက် အနောက်ဘက်တံခါး။ ကျိုးပျက် သည်ကို ပို၍စိုးရိမ်နေကြသည်။ အဖြူရောင်လှိုင်းထက် အမည်းရောင်လှိုင်းကိုပို၍ အာရုံစိုက်နေကြသည်။ အသား အရောင်နောက်ကိုလိုက်နေကြသည်။ ခက်သည်က မြန်မာတို့၏ ဓလေ့စရိုက်ဖြစ်သည်။ သားသမီးမွေးလာလျှင် ဖြူဖြူဖွေးဖွေး လေးဖြစ်ပါက ဟယ်...တရုတ်ကလေးကျနေတာပဲဟု လိုလားနှစ်သက်စွာ ချီးကျူးတတ်ကြသော်လည်း အသားညိုသည့် ကလေးဖြစ်ပါက ဟင်း...ကုလားလေးနှင့်တူလိုက်တာဟူ ၍ နှာခေါင်းရှုံ့တတ်ကြခြင်းဖြစ်သည်။ သို့ဖြင့်၍လည်း အနောက်တံခါး မှဝင်လာသူများအပေါ်တွင် ပို၍ အကဲဆတ်နေကြခြင်းဖြစ်တန်ရာသည်။ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေးကို အမှန် တကယ် ကုပ်ခွစီးထားသူကို မေ့လျော့နေကြသည်။ စီးပွားရေးနှင့်နိုင်ငံရေး အရ တဖြည်းဖြည်းချင်းလည်မျိုအထိ ၀ါးမျိုထားသူမှာ မည်သူနည်းဆိုသည်ကို အသေအချာလေ့လာဆန်းစစ်ရန်လိုပါသည်။ စိတ်ခံစားမှုအပေါ် အာရုံညွတ်ခြင်းထက် လက်တွေ့ကျကျ အမြင်ကျယ်ကျယ်တွေးခေါ်နိုင်ရန် အရေးကြီးသည်ဟု ဆိုချင်ပါသည်။ သို့မဟုတ်ပါက တံလျှပ်ကို ရေထင် ရွှေသမင်ရေလိုက်မှား ဖြစ်နိုင်သည်ကို သတိပြုရပါမည်။
မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရ အရေးပါသော အနေအထားသို့ ရောက်ရှိနေပြီဆိုသည့် အသံများ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာချိန်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ခါးလယ်မှဖြတ်လျက် ရေနံပိုက်လိုင်းတစ်ခုက နေရာယူထားပြီး ဖြစ်နေသည်။ မကြာမီ ထိုရေနံပိုက်လိုက် နံဘေးမှ မီးရထားလမ်တစ်ခု ဖောက်လုပ်ဦးမည်။ ထိုရေနံပိုက်လိုင်းနှင့် မီးရထားလိုင်း တို့သည် မြန်မာနိုင်ငံကို နှစ်ပိုင်း ပိုင်းထားသည့်နှယ် ဖြစ်နေတော့သည်။ မြန်မာနိုင်ငံအထက်ပိုင်းသည် အရှေ့မြောက်တံခါးမှ ၀င်လာသူတို့အတွက်လော။ စစ်အုပ်ချုပ်ရေး ၏အကျိုးဆက် အသွင်ကူးပြောင်းရေးခရီးတွင် ပဋိပက္ခများကြောင့် မငြိမ်သက်မှုများ ကရှိနေသည်။ ထိုမငြိမ်သက်မှုများကို အကြောင်းပြုလျက် ရေနံပိုက်လိုင်း လုံခြုံရေးအတွက် တိုင်းတစ်ပါးစစ်တပ်များ ၀င်ရောက်လာ ခဲ့သော် မည်သို့ရှိချေမည်နည်း။ မတွေးရဲစရာဖြစ်သည်။
အမျိုးသားအကျိုးစီးပွားတစ်ခုလုံးသည် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေးဟု ကြွေးကြော်ရုံသက်သက်ဖြင့်တော့ တစ်စုံတစ်ရာ အကျိုးထူးလာလိမ့်မည် မဟုတ်ပါ။ အမျိုးသားအကျိုးစီးပွားကို အမှန်တကယ်ကာကွယ်ပေးသော မူဝါဒများ လက်တွေ့ ချမှတ်ဆောင်ရွက်နိုင်ရန် အရေးတကြီးလိုအပ်နေသည်ကို အုပ်ချုပ်ရေးပိုင်းမှပုဂ်္ဂိုလ်များ အထူးသဘောပေါက်ရန် လိုအပ်လှပါသည်။ အမျိုးသားအကျိုးစီးပွားများအတွက် အနောက်ဘက်တံခါးရော အရှေ့မြောက်တံခါးပါ လုံခြုံရန်အရေးကြီးပါသည်။ မည်သည့်တံခါး မှ မကျိုးပျက်စေလိုပါ။ သို့သော် ကျိုးပျက်ခဲ့ပါပြီ။ ဘူးသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီက လူဦးရေ၏ ၉၆ ရာခိုင်နှုန်း၊ ဌာနေတိုင်းရင်းသားက ၄ ရာခိုင်နှုန်း။ မန်္တလေးမြို့ကြီးတွင် တရားဝင်စာရင်းအရ တရုတ်အမျိုးသား အိမ်ထောင်စု ငါးသောင်းကျော်ရှိ နေသည်ဟုသိရသည်။ ထိုကိန်းဂဏန်းတို့သည် အနှစ် ၂၀ ကျော်ကြာ စစ်အုပ်ချုပ်ရေး၏ စည်းစနစ်မဲ့မူ၊ လွဲမှားသောစီမံခန့်ခွဲမှု၊ အကျင့်ပျက်ခြစားမှုတို့၏ အကျိုးဆက်ဆိုသည်ကို ကောင်းစွာသဘောပေါက်နားလည်ကြရပါမည်။ အခုတစ်လော ခေတ်စား နေသောစကားဖြင့်ဆိုရသော် တရားဥပဒေစိုးမိုးရေး ကင်းမဲ့ခဲ့သောကြောင့် ဖြစ်ပါသည်။ မြန်မာတစ်ဦး၊ တိုင်းရင်းသားပြည်သူတစ်ဦး အမျိုးသားမှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံး၍ အသစ်ပြန်လည်ပြုလုပ်သည်ပင်လျှင် မည်မျှခက်ခဲကြောင်း ကြုံဖူးကြမည် ထင်ပါသည်။ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာများဖြင့် လ.၀.က ရုံးသို့ အခေါက်ခေါက်အခါခါသွားပြီးမှ ကိစ်္စပြီး မြောက်ပါသည်။ အနောက်တံခါးမှ ၀င်လာကြသော ၉၆ ရာခိုင်နှုန်းသောသူများ၊ မန်္တလေးမြို့ပေါ်သို့ အရှေ့မြောက်တံခါးမှ ၀င်ရောက်လာသူများမှာ လွယ်လွယ်ကူကူ မှတ်ပုံတင်ရကြ၊ နိုင်ငံသားဖြစ်ခဲ့ကြရသည်မှာ ထူးဆန်းအံ့သြဖွယ် ကိစ်္စဟုပင်ဆိုရ ပါတော့မည်။
မည်သို့ပင်ဖြစ်စေ အနှစ် ၂၀ ကာလလုံးလုံး နယ်စပ်ဒေသများတွင် တံခါးမရှိ၊ ဓားမရှိဖြစ်ခဲ့ခြင်းသည် လတ်တလော ကြုံတွေ့နေကြသော ပဋိပက်္ခများ၏ အခြေခံအကြောင်းရင်းများဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အနောက်ဘက်တံခါးသည် လူမျိုးရေး၊ ဘာသာရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု မြန်မာအများစုက ယူဆလျက်ရှိကြသည်။ သို့ဆိုလျှင် အရှေ့မြောက် တံခါးသည်ပို၍အရေးပါသော နိုင်ငံရေးနှင့် စီးပွားရေးကို လွှမ်းမိုးထားသည့် အန်္တရာယ်ရှိနေသည်ဆိုသည့်အချက်ကိုလည်း မမေ့လျော့သင့်သော ကိစ်္စတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
7 DAY
Viewing all 1811 articles
Browse latest View live