Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
မထိအောင်သာ ရှောင်လို့ရခဲ့ရင် ခလုတ် လို့လဲ မမည်တော့ပါ
$
0
0
 Yekkha Ye Jee's photo.
( YANGON HEALTH GUIDE , 2014 ) ပါ ဆောင်းပါး ......
. . . . . 'ခလုတ်ထိမှ အမိတ'လို့ ကြားဘူးမှာပါ။ အမိကိုလည်း မတရအောင် ၊ လဲလို့လည်း မကျရအောင် ရှောင်လို့ရတဲ့ ခလုတ်များစွာရှိကြောင်းကိုရော သိကြပါရဲ့လား။
. . . . . ရှောင်လို့ရခဲ့လို့ ရှောင်တတ်ခဲ့ရင် ရှောင်နိုင်ခဲ့ရင် ဒါဟာသင့်အတွက် ခလုတ် မဖြစ်တော့ဘူး မဟုတ်လားဗျာ။ ရှောင်ဖို့မေ့နေခဲ့ရင် ၊ သို့မဟုတ်လည်း ရှောင်လို့ရကြောင်းကို မသိနိုင်ခဲ့ရင်တော့ ထိနိုင်တဲ့ ခလုတ် တွေက ကျွန်တော်တို့ဘ၀ထဲမှာ အနန္တပါပဲ။
. . . . . လူတစ်ဦးရဲ့ဖြစ်တည်ရှင်သန်မှုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကျန်းမာခြင်းရဲ့ခလုတ် တွေကို ရှောင်တတ်ပါရဲ့လားခင်ဗျာ။ ရှောင်လို့ရတဲ့ ခလုတ် များကိုရော သတိမူမိပါရဲ့လား။ မိတ်ဆွေအတွက် အရေးအကြီးဆုံးလို့ထင်တဲ့ အရာတစ်ခုကို စဉ်းစားလိုက်ပါ။ အဲဒါကို လုပ်ဖို့ ၊ ဖြစ်နိုင်ဖို့အတွက် သင် အသက်ရှိနေဖို့ဟာ ပထမဆုံးအခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ အဲဒီဟာ ပြီးဆုံးဖို့ ၊ အောင်မြင်ဖို့ သင်ကျန်းမာစွာ အသက်ရှင်နေရန်လည်း ဆက်လိုအပ်နေသေးတယ် မဟုတ်လား။
. . . . . တိုတိုနဲ့ရှင်းရှင်း ပြောချင်နေတာက "ကာကွယ်ခြင်းဟာ ကုသခြင်းထက် အမြဲ ပိုကောင်းတယ်"ဆိုတာပါ။ ဒါကိုပြောချင်သူကျွန်တော်က ဆရာဝန်တစ်ဦးဖြစ်ကြောင်းကိုတော့ ပြောပြရန်လိုလိမ့်မယ်ထင်မိလို့ ဖော်ပြရကြောင်းပါ။ ဆရာဝန်တိုင်းဟာ လူတွေကို နေကောင်းစေချင်တာ မသေချာပေမယ့် ၊ ကျွန်တော်ကတော့ လူတွေကိုနေကောင်းစေလိုစိတ်ရှိသော ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီစာကိုရေးပြီး ၊ ဒီစာကိုဖတ်နေသူကိုလည်း ကျန်းမာနေကောင်းပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
. . . . . ကျန်းမာစေဖို့ ဟိုဟာလုပ်စို့၊ ဒီဟာလုပ်စို့ ဆိုတာထက် ပိုအရေးပါပြီး ပိုအကျိုးပြုနိုင်တဲ့ သော့ချက်ကိစ္စ ( Key Point ) ကို စာဖတ်သူသတိပြုမိအောင် ထောက်ပြချင်တာဟာ ဒီစာရဲ့လိုရင်းပါပဲ။ ဟုတ်တယ်ခင်ဗျ။ အဲဒီသော့ချက်ဟာ သိပ်လွယ်ကူရိုးရှင်းလွန်းနေလို့ သူသူငါငါအမြဲ မေ့လျော့ မျက်စိလျှမ်းနေကျ မို့ပါ။
. . . . . အဲဒါက 'ကာကွယ်ခြင်း'ပါပဲ။ သင့်ရဲ့ကျန်းမာရေးကို ထိခိုက် ပါးလျား ဖြိုဖျက် ပစ်မယ့် ဘယ်အရာကိုမဆို ကြိုတင်ကာကွယ်တဲ့ 'ကာကွယ်ခြင်း'ကို ပြောလိုခြင်း ဖြစ်ပါတယ်။
. . . . . ကျွန်တော်တို့သိပ်ကြောက်ရသော ရောဂါဘယများမှအစ အပရိက နာမကျန်းခြင်းလေးများအထိ အားလုံးနီးပါးသော အနာရောဂါများဟာ ကြိုတင်ကာကွယ်လို့ရကြပါတယ်။ ကြိုတင်ကာကွယ်နိုင်ပါတယ်။ ကာကွယ်နိုင်စွမ်း ရာခိုင်နှုန်း အနည်းနှင့်အများ သာ ကွာခြားပါလိမ့်မယ်။ . . . ယနေ့ခေတ်ရဲ့နည်းပညာအဆင့်အတန်းအရ မျိုးရိုးဗီဇလိုက်သောရောဂါများကို ရာခိုင်နှုန်းများစွာမကာကွယ်နိုင်သေးပေမယ့် အချို့သောကြောက်မက်စဖွယ် ကူးစက်ရောဂါဆိုးကြီးများကို ကာကွယ်ဆေးထိုးခြင်း စသည်ဖြင့် ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်နေပြီဖြစ်ပါတယ်။ ဒါကို ကောင်းစွာသိခြင်း ၊ တနည်း မမေ့လျော့ခြင်းဟာ သင့်ရဲ့အသက်ကို သင့်ရဲ့ဥာဏ်ကစောင့်ခြင်းမည်နိုင်ပါတယ်။
. . . . . ကာကွယ်ဆေးထိုးဖို့ ငွေလိုပါတယ်ဗျာ။ ဒါကြောင့် အသက်ကိုစောင့်ဖို့ ငွေလည်းလိုပါတယ် ဆိုရင်လည်း မငြင်းလိုပါ။ သို့သော်လည်း ငွေမလိုသော ကာကွယ်ခြင်းများစွာရှိနေတာကို လက်တို့ပါရစေ။
. . . . . ဖန်တစ်ရာတေ ကြားနေကျဖြစ်ကောင်းဖြစ်နိုင်တဲ့ လက်ကိုစင်အောင်ဆေးဖို့ ၊ အစားအသောက်တွေ သန့်ရှင်းဖို့ ဆိုတာကို ကောင်းစွာ(ကောင်းစွာ) လိုက်နာသူအလွန်ရှားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကောင်းစွာမလိုက်နာပါ။ ဒါပေမယ့် . . ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အသက်ထိအောင်ကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ၊ အစုလိုက်အပြုံလိုက်ကိုပါ သေစေနိုင်စွမ်းရှိတဲ့ ၀မ်းရောဂါဆိုးကြီးတွေကို အဲဒီအပြုအမူလေးတစ်ခုထဲနဲ့ အပြီးအပိုင်တားဆီးနိုင်တာကိုတော့ မေ့မပစ်ပါနဲ့။ ဒါဟာ အမှန်မို့လို့ပါပဲ။ အဲဒီအမှန်တရားမှာ ငွေကြေးကုန်ကျမှုလည်း မရှိပါ။
. . . . . နှစ်စဉ် ထောင်ဂဏန်းကြီးကြီးအရေအတွက်နဲ့ ဆုံးပါးကြွေလွင့်သွားမြဲ တိုင်းပြည်ရဲ့ကလေးငယ်တွေအတွက် သွေးလွန်တုပ်ကွေး ၊ ထောင်ဂဏန်းနဲ့ပဲ ယုတ်လျော့သွားမြဲဖြစ်တဲ့ လူကြီးများအတွက် ငှက်ဖျား . . . ခင်ဗျားနဲ့ ကျွန်တော်လည်း တစ်နေ့မှာဖြစ်နိုင်ပါရဲ့ ၊ ခင်ဗျားနဲ့ကျွန်တော်တို့ရဲ့ ရင်သွေးလေးတွေလည်း ပါနိုင်ကောင်းပါရဲ့။ မဖြစ်အောင် ၁၀၀ ရာခိုင်နှုန်းကာကွယ်နိုင်တာ သတိရပါ။ ခြင်ကိုကာကွယ်ခြင်း ဆိုတဲ့ အသိပညာ ၊ ခရီးဝေးမှာ ခြင်ထောင်နဲ့ စနစ်တကျအိပ်တတ်တဲ့ ကောင်းသောအလေ့အထ ၊ ကာကွယ်ဆေးကြိုသောက်ဖို့ဆိုတဲ့ မမေ့လျော့သောသတိ . . ပေါင်းစပ်နိုင်ခဲ့ရင် ကြေးငွေမကုန်ကျတဲ့ ကျန်းမာခြင်းသုခ တစ်ပိုင်းမှာ သင်ပါဝင်နိုင်ပါပြီ။
. . . . . ကျွန်တော်တို့ရဲ့မျိုးဆက်တွေကို ကာကွယ်ဆေးအမျိုးအမည် တော်တော်များများနဲ့ ရောဂါတော်တော်များများ ကာကွယ်နိုင်ခွင့်ရလာတာဟာ ၀မ်းသာစရာပါ။ မေးခိုင်ရောဂါကို ကုလို့မရပါ။ မေးခိုင်ရောဂါဖြစ်နေပြီလို့သတ်မှတ်ရင် သေလူလို့ဆိုရမှာပါပဲ။ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် . . အလွယ်ကူဆုံး ၊ ဈေးအပေါဆုံး ကာကွယ်ဆေးတစ်လုံးနဲ့ သင်ကိုယ်တိုင်ရော သင့်ရင်သွေးပါ လုံခြုံစေနိုင်တယ် မဟုတ်ပါလား။ တခြားသော ကြက်ညှာ ၊ ဆုံဆို့ ၊ ၀က်သက် စတာတွေကိုလည်း မွေးကင်းစကတည်းက ကာကွယ်နိုင်နေတာ တကယ်ဝမ်းသာဖို့ကောင်းပါတယ်။ အယူအမှားနဲ့ ကာကွယ်ဆေးကိုရှောင်ရှားခြင်းကသာ ယူကျုံးမရ ၀မ်းနည်းဖွယ်အတိပါ။ ကျွန်တော်တို့ရဲ့ပညာရေချိန်နဲ့ ကျွန်တော်တို့ရဲ့ သက်တမ်း ၊ အသက်ရှင်နေထိုင်ခွင့် ဟာ အချိုးကျနေပါသတဲ့ ဗျာ။ ဒါကြောင့်လည်း 'အသက်ကိုဥာဏ်စောင့်'လို့ ဆိုစကားရှိခဲ့တာပေါ့ဗျာ။
. . . . . ကျမ်းတစ်စောင်လိုရှည်ရှည်ကြီးရေးဖို့ ရည်ရွယ်ရင်းမရှိလို့မို့ မြင်သာအောင်ပြောပါရစေ။ အသည်းရောင်'ဘီ'ရောဂါ ကာကွယ်ဆေးရှိပါတယ်။ သောင်းဂဏန်းနဲ့ပြည့်စုံအောင်ထိုးလို့ရပြီး ကာကွယ်နိုင်တယ်။ ကုသမယ်ဆိုရင် သိန်း ရာဂဏန်း ကုန်ကျကောင်းကုန်ကျနိုင်တယ်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ရှိပါတယ်။ သိန်းဂဏန်းနဲ့ ပြည့်စုံအောင်ထိုးနိုင်ပြီး ၊ ရောဂါဖြစ်ခဲ့ရင် အသက်ဆုံးရှုံးနိုင်တယ်။ ခွေးရူးရောဂါကာကွယ်ဆေး ရှိပါတယ်။ သောင်းဂဏန်းပါပဲ။ ခွေးရူးပြန်ရောဂါဖြစ်ရင် ကုမရပါ။ မုချ သေရမှာဖြစ်တယ်။ ရောဂါကာကွယ်ဆေးများအကြောင်း ပြောပြခြင်းသာဖြစ်ပါတယ်။ ကာကွယ်ဆေးကသာ ကာကွယ်ခြင်းအစစ်အမှန် လို့တော့ အဓိပ္ဖာယ်မထွက်စေရပါ။
. . . . . ကာကွယ်ဆေးမဟုတ်တဲ့ အသိဥာဏ်ပညာ ၊ အလေ့အထ ၊ အပြုအမူ နဲ့ သတိ ( awareness ) များဟာလည်း ကာကွယ်ခြင်းပါပဲ။
. . . . . မြွေကိုက်ခံရပြီးတဲ့လူနာကို မြွေဆိပ်ဖြေဆေးနဲ့ ကုသရတာထက် မြွေမကိုက်အောင် ရှောင်ကြဉ်နေထိုင်နိုင်ခြင်းက အဆများစွာ ၊ ဘက်များများစွာမှာ သာလွန်ကောင်းမွန်ပြီး အကျိုးရှိတာကို မြင်နိုင်ပါစေ။
. . . . . အလျှင်းပျောက်အောင် မကုသနိုင်သေးတဲ့ HIV / AIDS ရောဂါအတွက် အသိ ၊ သတိနဲ့ ရှောင်ရှား ပြုမူ ကာကွယ် နေထိုင် ခြင်းဟာ အမှန်ကန်ဆုံး ဘ၀လမ်းကြောင်းဖြစ်ပါတယ်။
. . . . . မွေးကင်းစကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း မြင့်မားတဲ့ ကျွန်တော်တို့နိုင်ငံအတွက် သားဆက်ခြားခြင်း ၊ ကိုယ်ဝန်တားခြင်း များက ကျန်းမာရေးသက်သက်ထက် ပိုနက်ရှိုင်းတဲ့ ကဏ္ဍ ( sectors ) များအထိ သက်ရောက်စေပါတယ်။ လူမှုရေး ၊ စီးပွားရေး မျက်နှာစာများအထိ ရိုက်ခတ်ဆဲဖြစ်တဲ့ သန္စေဖျက်ချခြင်းများအတွက် အဖြေက ကာကွယ်ခြင်း တစ်မျိုးသာရှိနေပါတယ်။ ငွေကုန်ကြေးကျ အလွန်မတန်နည်းပါးလှတဲ့ သန္စေတားခြင်း ကာကွယ်ပစ္စည်း ဆေးဝါးများကို ကျွန်တော်တို့ဘာကြောင့် မေ့လျော့ကြရတာလဲ။ လက်လှမ်းမမှီ ဖြစ်ရတာလဲ။ ဘာတွေကခုခံတားဆီး နေခဲ့ပါသလဲ။ သန္စေတားခြင်းဆိုင်ရာ အသိ နဲ့ သတိ နှစ်ခုတည်းက နောက်ဆက်တွဲ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး အခန်းများစွာကို ပုံပြောင်းပေးနိုင်စွမ်းရှိတာ သတိမူပါ။
. . . . . သွေးတိုးရောဂါမဖြစ်အောင် အနေအထိုင် အစားအသောက်လေး သတိချပ်ရုံမျှနဲ့ ကာကွယ်နိုင်ကြောင်းသိပေမယ့် ကျွန်တော်တို့ လုံ့လစိုက်ကြပါရဲ့လား။ သွေးကြော ၊ နှလုံး ၊ အဆုတ် များစွာကို လွယ်လွယ်လေးထိခိုက်စေနိုင်ပါတယ်လို့ တွင်တွင်ပြောပြနေတဲ့ ဆေးလိပ်ကိုရော ကျွန်တော်တို့က ဘယ်လိုသဘောထားခဲ့ပါသလဲ။ သင်ရော ဘီယာမကြိုက်ဘူးလား မိတ်ဆွေ။ ယမကာကလေးရော။ ခံတွင်းကင်ဆာက အစပြုလို့ သွားကျန်းမာရေးအထိ . . ကွမ်းစားတာ မကောင်းမှန်းသိပေမယ့် ဒီစာကို ကွမ်းသွေးလေး တစ်ပျစ်နှစ်ပျစ်နဲ့ ဖတ်နေမိမလား။
Yekkha Ye Jee's photo. 
 . . . . . ကျွန်တော်တို့ သိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အမြဲပဲ မေ့လျော့ခဲ့ကြတယ်။ ကျွန်တော်တို့ ပြန်သတိရတဲ့အချိန်ဟာ "အခါနှောင်း"ဖြစ်ခဲ့ရင်တော့ မကောင်းဘူးမဟုတ်လား။ အခါမနှောင်းပါစေနဲ့ မိတ်ဆွေ။ မီးမပျက်မချင်း ကျွန်တော်တို့ အမှောင်ကို သတိမရကြဘူး။ မီးပျက်နိုင်တာကိုလည်း သတိမရကြဘူးလေ။
. . . . . နေ့စဉ် ကိုယ်လက်လှုပ်ရှားခြင်း ၊ သင့်လျော်သော ဆေးဝါးဓါတ်စာ စသည်ပုံမှန်မှီဝဲခြင်းမှအစ နေ့စဉ်ဘ၀ရဲ့ အပြုအမူ ၊ အနေအထိုင် ၊ အကျင့် တစ်စုံတစ်ရာ ပြောင်းလဲပေးရုံနဲ့ ကာကွယ်ပြီးသားဖြစ်သွားတဲ့ ရောဂါတွေ သင်ထင်တာထက်များစွာ ရှိနေကြောင်းပါ။
. . . . . ဓါတုပစ္စည်းများ ( ဥပမာ - ပိုးသတ်ဆေး ၊ ဓါတ်မြေသြဇာ ၊ သင်္ဘောဆေး စသည်ဖြင့် ) ဟာ မမြင်နိုင်တဲ့ အနာရောဂါတွေကို ပေးပါတယ်။ လက်အိတ်များ ၊ မျက်နှာဖုံး ၊ နှာခေါင်းစည်း စသည်များဟာ ဆရာဝန် ၊ သူနာပြုများသာ တပ်ဆင်အသုံးပြုဖို့ ထုတ်လုပ်ထားတာမဟုတ်ပါ။ သွေးမှတဆင့် ၊ လေထဲမှတဆင့် ၊ အထိအတွေ့မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အပြင် အထက်ပါ လူကိုအန္တရာယ်ပြုသော ဓါတ်ပစ္စည်းများမှ ကာကွယ်ရန်လည်း ရည်ရွယ်ထုတ်လုပ်ခဲ့ကြတာပါ။ ဒါကြောင့် ခင်ဗျားရော ကျွန်တော်ရော ဒါတွေကိုသုံးနိုင်ကြပါတယ်။ သုံးရန်သတိရဖို့နဲ့ သုံးရမယ်ဆိုတာကိုသိတဲ့ အသိ ပဲ လိုအပ်ပါတယ်။
. . . . . ဂဟေဆော်တဲ့ အလုပ်သမားဟာ မျက်စိကာမတပ်ရင် မျက်စိထိခိုက်မှာပါပဲ။ အခန့်မသင့်ရင် ကွယ်သွားနိုင်ပါတယ်။ သူ့မျက်စိကိုကာကွယ်ပေးမှာဟာ မျက်စိကာတစ်ခုတည်း မဟုတ်ပါဘူး။ မျက်စိကာတပ်ရမယ်ဆိုတာကို သိတဲ့ အသိ ၊ မျက်စိကာလေးလှမ်းယူဖို့ သတိ ၊ မျက်စိကာတပ်ရမှာကို မပျင်းတဲ့ ၀ိရိယ တွေက သူ့မျက်စိကို ကာကွယ်ပေးသွားမှာဖြစ်တယ် မဟုတ်လား။
. . . . . ရေချိုးတုန်းလေးမှာ ချေးတွန်းရမှာကို မပျင်းတာကအစ ၊ ဆပ်ပြာလေး သေချာနှံ့စပ် တိုက်တတ်တာကအလယ် ၊ သွားကိုမှန်မှန်ဂရုစိုက်တတ်တာအဆုံး ကျွန်တော်တို့ရဲ့ သာမာန် အပရိက ကျန်းမာရေးဝေယျာဝိစ္စလေးတွေဖြစ်တာ သတိရနိုင်ပါစေ။ ပွေးတွေ ၊ ညှင်းတွေနဲ့ ဘယ်သူမှ မနေချင်ကြဘူးမဟုတ်လား။ သွားကိုက်မှာကိုလည်း လူတိုင်းကြောက်ကြတာချည်းပါပဲ။
. . . . . သိပ်ကျယ်ပြန့်လွန်းတဲ့ အကြောင်းအရာကို ခေါင်းစဉ်တစ်ခုအောက်မှာ ပြည့်စုံအောင်ရေးရတာ ခက်ပါတယ်။ ကျွန်တော်ပေးလိုတဲ့ အသိအချက်အလက် ( message ) ကို ဖမ်းမိနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ "ကာကွယ်ခြင်း"ဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်က အဓိပ္ဖာယ်တွေက ခင်ဗျားတွေးနိုင်ရင်တွေးနိုင်သလောက် ဆန့်ထွက်ပါတယ်။ ဒီစာကို ခင်ဗျား ဘယ်လိုအလင်းရောင်အောက်မှာ ၊ ဘယ်လိုအနေအထိုင် အပြုအမူမှာ ၊ မျက်လုံးနဲ့ဘယ်လောက်ဝေးဝေးမှာ ထားပြီးဖတ်နေသလဲ ဆိုတာအထိရောက်ပါတယ်။
. . . . . ပိုက်ဆံတစ်ပြားမှ မကုန်တဲ့ ရောဂါဝေဒနာကာကွယ်ခြင်းများက အပုံအပင်ဖြစ်ကြောင်းပါ။ ကုန်ကျခဲ့လျှင်လည်း အမြဲပဲ အမှတ်ထားပါ။ ကာကွယ်ခြင်းရဲ့ကုန်ကျငွေဟာ ကုသခြင်းထက် အဆပေါင်းများစွာ များစွာ အမြဲသက်သာလေ့ရှိတယ် ဆိုတာကိုပါ။
. . . . . ကောင်းသော အပြုအမူ အနေအထိုင်များနဲ့ သင့်ရဲ့ကျန်းမာရေးကို သင်ကိုယ်တိုင်ကာကွယ်စောင့်ရှောက်သွားပါ။ ဘယ်လိုလဲ ၊ ဘယ်ကလဲ ၊ ဘယ်မှာလဲ . . . မေးခွန်းတွေ အများကြီးရှိနေခဲ့ရင် မိသားစုဆရာဝန် ( family doctor ) နဲ့ တိုင်ပင်ပါ။ ဒါက နိုင်ငံတကာစကားနဲ့ ဒီလိုပဲပြောရတာပေါ့ ခင်ဗျာ။ မြန်မာပြည်ထဲက မြန်မာတစ်ယောက်အတွက် ကျွန်တော့်အကြံဥာဏ်စကားကတော့ "ခင်ဗျားကို နေကောင်းနေစေချင်တဲ့ ဆရာဝန်တွေ မရှားလှသေးဘူး "ဆိုတာပဲ ခင်ဗျာ။
. . . . . စာဖတ်ပြီးတဲ့နောက်နေ့မှာ သင် Medical Check-up (ဆေးစစ်ဆေးမှုခံယူခြင်း) သွားလုပ်ဖို့ မဟုတ်ပါ။ အလွန်အမင်းကြောက်ရွံ့ခြောက်ခြားခြင်းက ကာကွယ်ခြင်းလို့ မမည်ပါ။ ဒီစာကို ချလိုက်ပြီးတဲ့နောက် ရှူထုတ်လိုက်တဲ့လေနဲ့အတူ အလုံးစုံကွယ်ပျောက်သွားခဲ့ခြင်းကလည်း အစွန်းတစ်ဖက်ပါ။
. . . . . နားလည်ခံစားနိုင်ကြပါစေဗျာ။ အသက်ကိုစောင့်ဖို့ လုံလောက်အောင်ရင့်ကျက်တဲ့ ဥာဏ် လည်းရှိနိုင်ကြပါစေ။ ကျွန်တော်က ခင်ဗျားတို့အားလုံးကို နေကောင်းစေလိုသူပါ။ အစွန်းနှစ်ဖက်မှ လွတ်ကင်းစွာနဲ့ပဲ ပညာ၊ သတိ အစဉ်ရှိနိုင်ကြပါစေ။ . . . မေ့မပစ်ခဲ့ပါနဲ့။ ခင်ဗျားသာ ရှောင်နိုင်ခဲ့ရင် ဒါတွေဟာ 'ခလုတ်'မဟုတ်တော့ဘူး ဆိုတာကိုပေါ့။ ။
(ယက္ခ) ရဲကြီး ။ ၂၃-၂၄ .၁၂ .၁၃ ။
( YANGON HEALTH GUIDE , 2014 )
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
စွဲလမ်းမှုတို့ခေါ်ဆောင်ရာ
$
0
0
Maung Paing's photo.
(၁)
"ဇမ္ဗူဒီ စိုးအုပ်၍ ၊ မင်းလုပ်သည့် အိုဘယ့်လူ
ထီးဖြူနှင့် တလျှပ်လျှပ်၊ မြွေကြောရှည်၊ စပါးကြီးမှာ
အမြီးနှင့် တခတ်ခတ်…
ဥဒံ္ဓယာဝ ဘ၀ဂ္ဂါစ၊ အဓောယာဝ အ၀ီစိတော
တရိခေတ်လုံး၊ ဗရုန်းဗရင်း၊ ဆင်းသူဆင်း
တက်သူတက်၊ လူဖြစ်ချည်၊ နတ်ဖြစ်ချည်
အတည်မဲ့မျိုး၊ အစိုးမရ…
ဂေါဏ ကုက္ကူရ ဥဏ္ဏနာဘီ သရဗူ၊
တက်တူအိမ်မြှောင်၊ အတောင်ပေါက် အမြီးရောက်
အမောက်နှင့် ဆောင်းဆောင်း…
ခြေနှစ်ချောင်း၊ ခြေလေးချောင်း
သောင်းပြောင်းရောရော၊ ခြေမရှိပဲ အခါခါ
ခြေများစွာနှင့် အကြိမ်ကြိမ်…
တာဝတိံဘုံဖျားမှာ၊ သိကြားဖြစ်၍ သူ့ထက်ကဲ
အောက်ငရဲမှာ သေနာနာ၊
ဗြဟ္မာဖြစ်လို့ ပြောင်ပြောင်ဝင်း
ဝက်စားကျင်းမှာ တရှုပ်ရှုပ် …"
(ဒုတိယမုံရွေးဆရာတော်)
(၂)
"ဟင်း…"
သက်ပြင်းရှည် ကျွန်တော်ချလိုက်မိသည်။
ယူဆောင်လာသည့် ဖုန်းဖြင့် ဓာတ်ပုံများ ရိုက်ယူ လိုက်သည်။
ထိုမှတဆင့် ဖုန်ထူ၊ လူဆူသော ပွဲခင်းထဲသို့ တိုးဝင်ခဲ့တော့သည်။
ကျွန်တော်တို့ မိသားစု ဘုရားပွဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ပွဲလန်းသဘင်နှင့် မကြုံကြိုက်သည်မှာ ကြာပြီဖြစ်သဖြင့် လူစည်သည်၊
ဈေးဆိုင်ပေါသည်ဆိုသော ဘုရားပွဲသို့ လာရောက်ခဲ့ကြခြင်းပင်။
တကယ်လည်း စည်ကားလှ၏။ ပရိဘောဂ၊ ၀ါး၊ ထရံ၊ လယ်သမား၊
ယာသမားတို့အတွက် အသုံးဝင်သည့် ပစ္စည်းများ၊
အိမ်ရှင်မတို့အတွက် အသုံးတည့်သည့်ပစ္စည်များ၊
အလှကုန်များ စသည့်စသည့် ရောင်းချနေသည့် ဆိုင်များအပြင်
စားသောက်ဆိုင်များ၊ ကလေးကစားကွင်းများဖြင့် ဘုရားပွဲကြီးသည်ကား
စည်ကားနေပါပေ၏။
နေပူ၊ ဖုန်ထူသည့် အရပ်ဒေသဖြစ်သော်ငြားလည်း ပွဲခင်းတစ်ခုလုံးနီးပါး
ဝယ်သူ၊ စားသောက်သူတို့နှင့် ပြည့်နှက်လို့နေသည်။
ဘုရားပုရ၀ဏ်အတွင်းသို့ ကျွန်တော်တို့အရင် ၀င်ခဲ့ကြသည်။
စေတီတော်မြတ်ကြီးအား ဖူးမျှော် ကန်တော့သည်။ စေတီတော်မြတ်ကြီးမှာ
သမိုင်းအစဉ်အလာကြီးမားသည့် စေတီတော်ကြီးဖြစ်သည်။
အနော် ရထာမင်းကြီး၏ အဓိဌာန်ပင်ဝါးရုံတို့လည်း ဘုရားပရ၀ဏ်အတွင်း တည်ရှိသည်။
စေတီတော်မြတ်ကြီး၏ ရင်ပြင်အတိုင်း ကျွန်တော်တို့
လှည့်ပတ်ဖူးမျှော်နေသည့်အခိုက် စေတီတော်၏ အောက်ခြေ
(ပန်းတင်ခုံ)ပေါ်သို့ ပစ္စည်းများကြဲပက်ခြင်း၊ ပစ်သွင်းခြင်းတို့
ပြုလုပ်နေသည်ကို မြင်တွေ့လိုက်ရ သည်။
အဘယ်အရာကိုပြုလုပ်နေကြပါသနည်း။
မည်သည့်ပစ္စည်းပစ္စယတွေနည်း။ သိချင်သောစိတ်ဖြင့် ကြည့်ရှုလိုက်သည်။
ပန်းတင်ခုံပေါ်တွင် ဆန်စေ့များ၊ ပဲစေ့များ၊ ပုဆိုး(အသစ်)များ၊
အ၀တ်အထည်များ၊ ကြက် သွန်ဥများ၊ ခရမ်းချဉ်သီးများ၊ ငရုပ်သီးခြောက်များ
စသည် စသည့်တို့ကို မြင်တွေ့ရသည်။ ကျွတ်ကျွတ်အိတ်တို့ သည်လည်း ပလူပျံလို့နေသည်။
စေတီတော်မြတ်ကြီး၏ အောက်ခြေတော်သည် အမှိုက်ပုံကြီးသဖွယ်ဖြစ်နေသည်ဟု
ကျွန်တော် တွေးထင်မိသည်။
ယခင်က ကြားဖူးခဲ့သော်လည်း ယခုမျက်မြင်တွေ့မြင်ရလိုက်သည့်အခါ
စိတ်ထဲတွင် နှောက်ကျိသွား တော့သည်။ ထိုစေတီတော်မြတ်ကြီးတွင် ဆန်၊
ပဲများ၊ ကြက်သွန်၊ ငရုပ်သီများ၊ အ၀တ်အထည်များကို စွန့်ပစ်ခြင်း
(လှူဒါန်းသည့်ပုံစံမဟုတ်ပဲ စေတီတော်တွင် လာ၍စွန့်ပစ်သလို
ဖြစ်နေခြင်းကြောင့်)ဖြင့် မိမိတို့၏ စီးပွားရေး ကောင်းမွန်
ကြသည်ဟု ဆိုကြသည်။ ဆန်စွန့်ပစ်/လှူဒါန်းခြင်းကြောင့်
ဆန်အထွက်တိုးသည်၊ ဈေးကောင်းရ သည်၊ မိမိတို့၏
အ၀တ်အထည်များ စွန့်ပစ်/လှူဒါန်းခြင်းကြောင့် ယက္ကန်းလုပ်ငန်းများ
အဆင်ပြေသည်ဟုသော အယူအဆများ၊ ယုံကြည်ချက်များကြောင့်
ဤသို့ ဘုရားတွင် ပြုလုပ်ကြခြင်းပင်။
"သြော် ယုံကြည်ချက်တွေ အစွဲတွေက တစ်ဖက်စွန်းကို
ရောက်ရှိသွားလျင်ဖြင့် အဘယ်မှာ ကောင်းနိုင် ပါတော့မည်လဲ "
Maung Paing's photo. 
 (၃)
မြန်မာနိုင်ငံတစ်နိုင်လုံးနီးပါးတွင် စေတီပုထိုးပေါင်းများစွာရှိသည်။
ထိုစေတီပုထိုးတိုင်းလိုလိုတွင် နတ် နန်း၊ နတ်ကွန်းများရှိနေတတ်ကြပါသည်။
အတုမဲ့ရှင်တော်ဖြစ်သည့် မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို ရည်မှန်းရာ၊
ရည်ညွှန်းရာ၊ ဗုဒ္ဓဘာသာအတွက် အထွဋ်အမြတ်ထားရာဖြစ်သည့်
ဘုရား၊ စေတီတို့တွင် နတ်ကွန်းများရှိ နေသည်မှာ မည်သို့မျှ
တင့်တယ်မှုမရှိလှ။ မသက်ဆိုင်လှဟု ယုံကြည်မိသည်။
အကြောင်းနှင့်အကျိုးကို ယုံကြည်သက်ဝင်ကြသော ဗုဒ္ဓဘာသာဝင်တို့သည်
တဖြည်းဖြည်း အကြောင်း အကျိုးတို့ကို စွန့််ပယ်ကာ ဖန်တီးပေးရာ၊ ကယ်မပေးရာ၊
စွမ်းဆောင်ပေးရာသို့ ယိမ်းပါးလာနေကြသည်။ အကြောင်းအကျိုးတရားတို့ကို
ယုံကြည်မှုတစ်ဖက်စွန်းတို့က ကွယ်ထားစ၊ ပစ်ပယ်စပြုနေသည်ကို သတိမမှုနိုင်
ဖြစ်နေကြပါသည်။
လှူဒါန်းခြင်းနှင့် ပသခြင်းတို့ ရောထွေးလာကြသည်။
အများအကျိုးအတွက် ပေးလှူလိုသည့် စိတ် စေတနာတို့ထက်
ညောင်စေ့လောက်ပေး၍ ညောင်ပင်ကြီးလောက်ရချင်သည့်
လောဘတို့က ပိုမိုလာခဲ့သည်။ ပဲရွေးမျှလောက်သော လှူဒါန်းမှုတွင်
လှူဒါန်းလိုသည့် သဒ္ဓါထက်ကဲ၍ ပေးလှူခြင်းကြောင့်
ဒါန၏ အကျိုးဆက် သည် ရရှိမည်မှာ ဧကန်မလွဲဖြစ်သည်။
ဆုတောင်းနေစရာမလို။ ရေလှူ၍ ဤရေကဲ့သို့ သတ္တ၀ါတို့
အေးငြိမ်း ကြပါစေ၊ ကြည်လင်ကြပါစေဟူသော မေတ္တာဖြင့်
လှူသည့်အခါ ရေအကျိုးဆယ်ပါး တောင်းနေစရာမလိုပါ။
သို့သော် အစွဲဓာတ်ခံ၊ လောဘဓာတ်ခံ၊ မောဟဓာတ်ခံတို့ဖြင့်
ပေးကမ်းလှူဒါန်းမှုတို့သည့် ဒါနဖြစ်သင့် သလောက် ဖြစ်မည်ဖြစ်သော်လည်း
ရရှိသည့် အဖို့ဘာဂတို့က နည်းပါးသွားကြပါသည်။
တချို့လှူဒါန်းသည့် ကုသိုလ်စိတ်တို့မှ အကုသိုလ်စိတ်အဖြစ်သို့
ပြောင်းလဲသွားကြပါသည်။
အယူအဆ၊ အစွဲတို့သည် ကြောက်စရာကောင်းမှန်းမသိ
ကြောက်စရာကောင်းလာကြသည်။ ဤရုပ်ထု၏ ၀မ်းဗိုက်ကို
ပွတ်တိုက်ခြင်းဖြင့် ၀မ်းနှင့်ပတ်သက်သည့် ရောဂါများပျောက်သည်
ဟူသောအယူအဆ၊ ယုံကြည်မှု၊ မျက်မှန်ကပ်လှူခြင်းဖြင့်
မျက်လုံးနှင့်ပတ်သက်သည့် ရောဂါဘယများကင်းသည်ဟူသော
အယူအဆ၊ ယုံကြည်မှု၊ မင်းမြှောက်တန်ဆာများ လှူဒန်းခြင်းဖြင့်
အများအုပ်ချုပ်မည့် မင်းဖြစ်သည်ဟူသော အယူအဆ၊
ယုံကြည်မှုတို့ကို နာမည်ကျော်ကြားလှသော စေတီတော်ကြီးများ၊
ဘုရားများတွင် တွေ့မြင့်နေရပါ သည်။
ပွတ်တိုက်မှုတို့ကြောင့် ၀မ်းဗိုက်ပေါက်၊ မျက်လုံးပေါက်နေသည်
ရုပ်ထုတွေ၊ မြတ်စွာဘုရားရှင်နှင့် မည်သို့မျှ တင့်တယ်ခြင်းမရှိလှသည့်
မျက်မှန်ကြီးတွေ၊ မင်းစလွယ်တို့ကို တော်တော်များများတွေ့မြင်ရ ပေသည်။
(၄)
ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင် အဦးဆုံး ကျောင်းဒကာကြီးဖြစ်၏။
ဘုရားနှင့်လည်း အရင်းနှီးဆုံး ဖြစ်သည်။ ထို့ပြင် သောတာပန်ပုဂ္ဂိုလ်ကြီးလည်း
ဖြစ်ပါပေသည်။ ဘုရားမဖြစ်ခင် အလောင်းတော်ဘ၀ကပင် တွေ့ခဲ့ရ၍လည်း
ဘုရားအပေါ် ကြည်ညိုရင်းစွဲရှိသူဖြစ်၏။
ထိုမင်းကြီး ကွယ်လွန်သည့်အခါ စတုမဟာရာဇ်ဘုံ၌သာ ဖြစ်ရ၏။
နတ် ၆ ဘုံတွင် အနိမ့်ဆုံးဘုံ ဖြစ်သည်။ အဘယ့်ကြောင့်နည်း။
ဤပုဂ္ဂိုလ်ကြီး၏ သဒ္ဓါတရား၊ အသိအလိမ္မာဥာဏ်ပညာ၊ အရည်အချင်း၊
သီလသမာဓိ၊ သာသနာကို ကြည်ညိုမှုတို့အရဆိုလျှင် တာဝတိံသာ၊ ယာမာ
စသော အထက်နတ်ဘုံတို့၌ မော်မော်ကြွားကြွား ဖြစ်နိုင်စွမ်းရှိပါ၏။
သို့ပါလျက် အဘယ့်ကြောင့် အနိမ့်စား အောက်နတ်ဘုံမှာ ဖြစ်နေရပါသနည်း။
ထို ဗိမ္ဗိသာရမင်းကြီးကိုယ်တိုင်ကပင်လျှင် ထိုဘုံ၌ ဖြစ်ချင်သောကြောင့်
ဖြစ်ရသည်။ အဘယ်ကြောင့် ဖြစ်ချင်ရသနည်း။ ရှေးတုန်းက
ထိုစတုမဟာရာဇ်ဘုံ၌ (၇)ကြိမ်တိတိ ဖြစ်ခဲ့ဖူး၊ နေခဲ့ဖူး၍ စွဲလမ်းသော
စိတ်တို့ ကြောင့်ပင် ဖြစ်သည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တို့အဖို့ အမြင့်ဆုံးသော ရည်မှန်းချက်မှာ
အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန်သို့ ရောက်ရှိရေးဖြစ်သည်။
တကယ်ကြိုးစားအားထုတ်ပါလျှင်လည်း ရောက်ရှိနိုင်သော
လမ်းကောင်း၊ လမ်းမှန်များကို မြတ်စွာဘုရားရှင်က ညွှန်ကြားပြသခဲ့ပြီးဖြစ်သည်။
သို့သော် မှားယွင်းသောယုံကြည်မှုနှင့် မှားယွင်းသောစွဲလမ်းမှုတို့သည်
တဖြည်းဖြည်း လမ်းကြောင်းမှန် ပေါ်မှ သွေဖယ်အောင်စွမ်းဆောင်နေကြသည်။
ခေါ်ငင်နေကြပေသည်။ ထိုခေါ်ငင်နေရာသို့လည်း အများသူငါ သတ္တ၀ါတို့ကို
ပိုင်းခြားဆင်ခြင်နိုင်မှု နည်းပါးစွာ လိုက်ပါနေကြပါသည်။
(၅)
ထီးဖြူနှင့်တလျှပ်လျှပ်နေရသော မင်း၊ အမြီးရှည်နှင့်
တခတ်ခတ်နေရသော မြွေ၊ ခြေနှစ်ချောင်း၊ ခြေလေးချောင်းရှိသော
တိရစ္ဆာန်အမျိုးမျိုး၊ ပြိတ္တာအမျိုးမျိုးတို့ဖြင့် လူပြည်၊ နတ်ပြည်၊
ငရဲပြည်တို့သို့ တက်ချည်၊ ဆင်းချည် လူးလာခေါက်တုံ့သွားလာကြသည်။
သားသမီးအစွဲ၊ ပစ္စည်းဥစ္စာအစွဲ၊ တဏှာအစွဲတို့၏ ခေါ်ငင်ရာ
ဘ၀အသီးသီးသို့ ပျော်တပြုံးပြုံးလိုက်ပါ နေကြသည်။ ကျရာဘ၀တွင်
နေပျော်နေကြပေသည်။
သြော် ဤအစွဲတွေကို မှန်ကန်စွာ တည့်မတ်မှသာလျှင်၊
တစ်ဖက်ကမ်းခေတ်အစွဲတွေ၊ ယုံကြည်မှုတွေ၊ မှားယွင်းနေသော
အစွဲတွေ ယုံကြည်မှုတွေင်ကို မှန်ကန်သောလမ်းကြောင်းပေါ်၊
မှန်ကန်သော ယုံကြည်မှုတို့၏ ခေါ်ငင်ရာသို့ လိုက်ပါမှသာလျှင်..သို့မဟုတ်က..
"ငါးဆူရှင် ပါရမီတော်ရင့်သည် ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ၊
ဗုဒ္ဓုပ္ပါ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ လွဲလျှင်မှန်စွာ၊
ရှည်လျားတဲ့ သုညကမ္ဘာတွေမှာ၊ ဓမ္မာသွေခွာ အပါယေမှာ
ပျော်ဖို့ တရားမသိလို့ အမြဲမိစ္ဆာ၊ အမှားအတိ အလွဲစိတ်မှာ ငရဲတိရစ္ဆာ၊
တကတဲ မဆိတ်စွာ၊ အသည်းထိတ်စရာ စည်ပင်ကြတော့မှာ "
**************
မောင်ပိုင်
၎-၄-၂၀၁၄
— with Khin Soe Lwin and 25 others.
ခင်ဗျားတို့ ပြောတဲ့ ၂၀၁၅
$
0
0
==================
စဉ်းစားကြည့်တော့ …..
၂၀၁၅ နောက်ပိုင်းကျရင် …..
အစိုးရအဖွဲ့ ပဲ ချိန်းမှာမဟုတ်ဘဲ
ဖေ့ဘုတ်ကြီးပေါ်မှာလဲ နေရာချိန်း ကြမယ်ခင်ဗျ …
အနော်တို့ စစ်ခွေးလေး တွေက ….
ခင်ဗျားတို့ စာတတ်ပေတတ်ကြီးတွေ
ဒီမိုကရေစီ ပြည့်ဝစွာနဲ့ 
တိုင်းပြည်ကို စီမံခန့် ခွဲတော့မှာကို ……
ပါးစပ် အဟောင်းသား.....
ကြည့်နေကြရ တော့မှာပေါ့ခင်ဗျာ…
အရင်ဆုံး စပြောရင်တော့ ….
အစိုးရအဖွဲ့ နဲ့ စကြတာပေါ့ခင်ဗျ…....
တိုင်းပြည်အတွက် သေချင်သေပါလေ့စေ ဆိုပြီး
ဝန်ကြီး လုပ်မယ့်သူတွေ ကတော့ …
ကျွန်တော်တို့ နိုင်ငံမှာ ပေါတယ်ခင်ဗျ...
ဘယ်သူတွေ ဖြစ်ပြီး ….
ဘယ်သူတွေ ကျန်မလဲ …..
ကျန်ခဲ့တဲ့သူတွေက ထပြီး ပြသနာ မရှာကြဖို့  ....
အတွင်းရေးတွေ ဖွင့်မချဖို့ လဲ…
အဖွဲ့ တွင်း ကြိုကြိုတင်တင် ….
စဉ်းစား ထားစေချင်တယ် ခင်ဗျ…..
ကိုယ့်ဆီမှာ လောက်လောက်လားလား မရှိလို့ …..
အပြင်က ၀န်ကြီး ခေါ်ခန့် မယ်ဆိုရင်လဲ …..
ပညာရှင်တွေများများ ပါစေချင် ပါတယ်ခင်ဗျ ...
ဒါမှ ဆိတ်ဖွားကော်မရှင် အပြင် …..
ဂုတ်ကျားကော်မရှင်တို့  ဘာတို့ လဲ ….
မြင်ရတာပေါ့ခင်ဗျာ…….
ဒီမိုကရေစီ အရပ်သား အစိုးရစစ်စစ် ဆိုတော့ …..
ဝန်ကြီးတွေ လဲ …..
လာဘ် မစားလောက်တော့ဘူး ခင်ဗျ…….
သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ …..
နိုင်ငံခြား ကုမ္ပဏီတွေ ……
စီးပွားရေး ခရိုနီ ခရိုနက်တွေကတော့ …..
ဗိုလ်ချုပ်တွေ ၀န်ကြီးဖြစ်လို့ သာ လာဘ်ပေးရဲတာကိုးဗျ……
အရပ်သား ၀န်ကြီးဆိုရင်တော့ ….
ဘယ် ပေးရဲ ပါတော့မလဲဗျာ……..
ဝန်ကြီးတောင် မယူမှတော့ ……
အောက်က ၀န်ထမ်းတွေလဲ ….
ဘယ်ယူရဲမလဲ ပေါ့ဗျာ……နော့…..
အဓိကရုဏ်းတွေမှာ လူစုခွဲဖို့ …
ရေပူဖောင်းကိုပဲ သုံးပါ ....
သနပ်ခါး လိမ်းပြီး ပန်းပန်သွားပါ လို့  ….
ညွှန်ကြားထားမယ် ဆိုတာလဲ …..
သံသယ မရှိပါဘူးခင်ဗျ ….
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော့
အတွေ့ အကြုံ အများကြီးရှိနေတဲ့  အတွက် …
ဗိုလ်ချုပ်တောင် အများကြီး ညှိနိုင်းခဲ့ရတဲ့  …..
ညီညွတ်ရေး ဆိုတာကြီးကို…….
တပ်မတော် မပါဘဲ ....
ကိုင်တွယ် ညှိနိုင်း ဖြေရှင်း သွားနိုင်လိမ့်မယ်လို့ လဲ ….
ကျွန်တော်တို့ ယုံပါတယ်ခင်ဗျ….
ပြည်နယ်တောင်းတဲ့ အရေးနဲ့  ….
သယံဇာတ ခွဲခြမ်းတဲ့ ကိစ္စ ကတော့ ….
သူတို့ တွင်းထွက်တွေ သူတို့ ယူ ….
ကျွန်တော်တို့ စပါးတွေ ကျွန်တော်တို့ စား….
ဒါဆို ဘာမှလဲ အငြင်းပွားစရာ မရှိတော့ဘူးပေါ့ဗျာ….
ဝ ပြည်နယ် အပြင် ...
ပလောင်ပြည်နယ်…ပအို့ ပြည်နယ် …..
လားဟူပြည်နယ် ... အခါပြည်နယ် တို့ ပါပေးရင်
ပိုတောင် ကောင်းပါသေးတယ်…ခင်ဗျ….
ရခိုင်အရေးကတော့ ....
အားလုံးအကြိုက် ...
ဘင်္ဂါလီတွေ နဲ့ ညှိနိုင်းပြီး …
သူတို့ တောင်းဆိုတာတွေ ……
ပြေလည်အောင် လုပ်ပေးလိုက်ကြတာပေါ့ ခင်ဗျာ...
တပ် နဲ့ ရဲ ကတော့ ……
တက်လာတဲ့ အစိုးရ မူဝါဒ အတိုင်း
လုပ်ကြရမှာပဲ ခင်ဗျ …..…
ပေါက်ဖော်ကြီးကိုတော့ ….
သူ့ နိုင်ငံထဲ …….
ဒီက လက်နက်ကိုင်တွေကို စခန်းဖွင့်ခွင့်မပေးဖို့ …..
လက်နက် ...ငွေ ... နည်းပညာ မထောက်ပံ့ ဖို့ …..
ဗကပ ကို အသက်ပြန်မသွင်းဖို့  ….....
ကျွန်တော်တို့ အားလုံး စုပြီး ...
ယတြာ ချေကြမယ်……ခင်ဗျ….
အမေရိကန်ကြီးကို လဲ …
သူ နှစ်ဖက်ချွန် မြှောက်ပေးမယ့် .......
ပြည်တွင်း ပြည်ပ လက်နက်ကိုင်တွေနဲ့ ချကြတဲ့ အခါ ...
ပြည်သူတွေကို မထိခိုက်မယ့် တောင်ထိပ်တွေမှာပဲ…
တက်ချခွင့်ရမယ် လို့  ...
ကျွန်တော်တို့ ယုံကြည်ပါတယ် ခင်ဗျ…..
အတိုက်အခံ တော်လှန်ရေးသမား ဆိုသူတွေကတော့….
ဘယ်သူ့ ကို တော်လှန်ရမှန်း မသိတော့လို့ …
ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး ….
တော်လှန် နေကြရတော့မှာပေါ့ ခင်ဗျာ….
ခိ…ခိ…ခိ……
အားလုံးမဟုတ်ဘဲ …..
တစ်ချို့ တစ်ဝက် တွေးရုံနဲ့ တင်…….
အနော်တို့  …စစ်ခွေးလေးတွေကတော့ ……
ဒီမိုကရေစီ အစိုးရ ခိုင်းတာလုပ်ဖို့  ...
ကျောပိုးအိတ် ပြင်ပြီး …..
သေနတ် တိုက်ထားနှင့်ပါပြီ……ခင်ဗျာ …...
( သေနတ်တိုက်နေတဲ့  ရဲမိုး )
feeling tired.
မျိုးချစ်စိတ်နှင့် လူမျိုးခြား မုန်းတီးမှု
$
0
0
***           အများစုပြောနေကြသည့် မျိုးချစ်နှင့်မျိုးစောင့် ကိစ္စများနှင့်ပက်သက်ပြီး မိမိကိုယ်ကို မေးခွန်းထုတ်မိပါသည်။ မိမိသည်လည်း မြန်မာနိုင်ငံသားပီပီ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်ပါသည်။ မိမိကိုးကွယ်သည့် ဗုဒ္ဓဘာသာ နေလို၊ လလို ထွန်းကား စည်ပင်လိုသည်။ ထို့အတွက် မိမိသည်လည်း အများတန်းတူ အမျိုးကိုချစ်သူ၊ အမျိုးဘာသာသာသနာကို
စောင့်ရှောက်လိုသူဖြစ်သည်ဟု ဘ၀င်ကျမိပါသည်။
သို့သော် . . . .
***             . . . အရေးအခင်းတစ်ခုစသည်နှင့် နှစ်ဘက်အုပ်စုများ၏ ပစ်မှတ်သည် ဆိုင်ကြီး၊ ကန္နားကြီးများအား အရင်ဆုံးဖျက်ဆီး ကြသည်ကို ထောက်ခြင်းအားဖြင့် စီးပွားရေးကွာဟမှုကို အရင်းခံသည့် လွဲမှားသောလက်စားခြေမှုတစ်ခု
ဖြစ်လေသလောဟု တွေးစရာရှိသည်။ ထိုကဲ့သို့သော လူစုများသည် မိမိလူမျိုးအကျိုးစီးပွားအတွက်၊ ဘာသာကိုကာကွယ်ချင်သော စိတ်ဖြင့် ပြုလုပ်သည်ဟု ဆင်ခြေပေးသော်လည်း လက်ခံရန် ခံယဉ်းလှသည်။
***             မြွေသည် အန္တရာယ်ရှိသည်မှန်သော်လည်း တကူးတကရှာဖွေပြီး သုတ်သင်သတ်ဖြတ်ပစ်ရန်မဟုတ်။ အရှေ့အလယ်ပိုင်း၏ ဆိုးရွားသော လူမျိုးတုန်းသတ်ဖြတ်မှုများ၊ သတင်းစကားများ၊ အနောက်နိုင်ငံကြီးများနှင့် အာရပ်ကမ္ဘာတို့ အပြန်အလှန်မုန်းတီးလက်စားခြေနေသည့် ရုပ်၊သံများကို မြင်ရ၊ ကြားရရုံဖြင့် ကိုယ့်အိမ်နီးချင်း၏ အိမ်ကို မီးသွားရှို့စရာလည်း မလိုပေ။
***              ကျွန်ုပ်၏ အမျိုးကိုချစ်ပုံချစ်နည်းသည် ကိုယ့်အမျိုးသား အကျိုးစီးပွား တောင့်တင်းပြီး အေးအေးချမ်းချမ်းနေသည်ကို
မြင်လိုခြင်းဖြစ်သည်။ ထို့အတွက် မည်သည့်ဘာသာခြား၊ လူမျိုးခြားကိုမှ ရန်လုပ်နေစရာမလိုဟု ယူဆထားသူဖြစ်သည်။ မိမိတို့ အမျိုးသားအကျိုးစီးပွားခိုင်မာတောင့်တင်းရန်အတွက် အမျိုးသားရေးကိုအခြေခံသည့် အားကိုးလောက်စရာ ဥပဒေတရပ် အတိုင်း ပြည်သူက ယုံကြည်ထိုက်သည့် သမ္မတက မှန်မှန်ကန်ကန်ဦးဆောင်ပေးရေးကိုသာ အလိုရှိပါသည်။
***              ထို့အတွက် အိမ်နားတွင် လဘက်ရည်ဆိုင်လာဖွင့်သည့် မာမူကြီးအား လေးဂွဖြင့်ချောင်းပစ်ရန်လည်းအလိုမရှိ၊ သူတို့ဆိုင်များတွင် မ၀ယ်ရန်သပိတ်မှောက်သည့်နည်းလမ်းကိုလည်းအောင်မြင်လိမ့်မည်ဟုမထင်။
***             ဘာသာခြားများဘက်မှ နယ်မြေနှင့်စီးပွားရေးလွှမ်းမိုးမှု၊ မျိုးဆက်ပြန့်ပွားမှု ဗျူဟာများကို စက်ဆုပ်ရွံရှာသလို အနီးအနားတွင် လူမျိုးခြား၊ ဘာသာခြားများ မရှိတော့သကဲ့သို့ အလေးထားရကောင်းမှန်းမသိပဲ လက်ရုံးဆန့် တရားပွဲများ အသံကုန်ဟစ်၍ကျင်းပနေသည့် လုပ်ရပ်များအတွက် စိတ်မသက်မသာဖြစ်မိကြောင်းကို ၀န်ခံပါသည်။
***              ရေလိုချင်လျှင်ရေတွင်းကို လုံလအပြည့်ဖြင့်တူးရမည်ဖြစ်သော်လည်း သဲကျင်း၊ ကျောက်စရစ်ကုန်း
ဖြစ်နေလျှင် ရေရမည်မဟုတ်ပါ။ ထို့အတူ ကျွန်ုပ်တို့၏ အမျိုးဘာသာသာသနာချစ်စိတ်ကို မမှန်ကန်သည့်ဘက်၌ အသုံးချမိနေပါက သဲကျင်း၊ ကုန်းကြည်းမှ ရေမထွက်သကဲ့သို့ အချိန်ကုန်လူပမ်းပြီး အကျိုးမရှိမှာ စိုးရိမ်ပါသည်။
***********
***********
((အထူးစိုးရိမ်သည်မှာ လူမျိုးခြား၊ ဘာသာခြားများအား မုန်းတီးမှုကို မိမိအမျိုးဘာသာသာသနာအားချစ်သည်ဟု အထင်ရောက်နေပါက သတ်ပွဲ၊ဖြတ်ပွဲ၊ အဓိကရုဏ်းများ ဖြစ်လာရန်သာအကြောင်းရှိပြီး
နှစ်ဘက်အုပ်စုပျက်စီးရုံသာရှိတော့သည်။))
***             မိမိ၏အမျိုးဘာသာ၊ သာသနာကိုတကယ်ချစ်ရိုးမှန်လျှင် လူမျိုးနှင့်ဘာသာ ထွန်းကားရန်အတွက်
ရေတို၊ ရေရှည်စီမံကိန်းများကို ညီညီညွှတ်ညွှတ်အကောင်အထည်ဖော်ရုံနည်းလမ်းမှတစ်ပါး တစ်ဘက်နှင့်တဘက် အံတကြိတ်ကြိတ်ဖြစ်နေခြင်းသည် မည်သို့မျှ အသုံးကျမည်မဟုတ်။
***             အမျိုးချစ်သည်ဟု ထင်နေသောစိတ်သည် လူမျိုးခြားမုန်းတီးမှု သက်သက်ဖြစ်နေတတ်ပါသည်။ လူမျိုးခြား၊ ဘာသာခြားများကို မျက်စောင်းတထိုးထိုး၊ လက်သီးတဆုပ်ဆုပ်ဖြစ်နေသူများကိုလည်း မျိုးချစ်စိတ်ရှိသူဟု အမည်တပ်ရန်အကြောင်းမရှိပါ။ နာမည်ပေးရမည်ဆိုလျှင် ရန်လိုသူများသာဖြစ်ပါသည်။
***             လိုရင်းပြောလိုသည်မှာ သင်ကိုယ်တိုင်အမျိုးဘာသာ၊သာသနာကို ချစ်မြတ်နိုးရိုးမှန်လျှင် မိမိလူမျိုး အကျိုးစီးပွားအတွက် လုံလ၊ ၀ီရိယ၊ အကြံဥာဏ်များကိုအားကိုးပြီး ကြိုးစားရန်သာဖြစ်သည်။
=======================================
@ Kogyimind Mind ရေးသားသော Status မှ အကျဉ်းချုပ်ကောက်နှုတ်ကာ ပြန့်ပွားသင့်သော ဖြောင့်မတ်သည့် အယူအဆဖြစ်၍ ခွင့်တောင်းပြီး Note အဖြစ်တင်ပါသည်။
(စာရေးသူ ရေးသားသော အကြောင်းအရာ၏ ဆိုလိုရင်းကို သေချာစွာဖတ်ရှု၍ စာရေးသူအား မျိုးချစ်စိတ်၊ ဘာသာချစ်စိတ် နည်းပါးသူတစ်ယောက်ဖြစ်သည်ဟု မည်သည့်နည်းနှင့်မျှ စွတ်စွဲခြင်းငှာ မထိုက်ကြောင်း လေးစားမှုဖြင့် နားလည်ရပါသည်။)
Nanda Htun Htet
ပန်းချဉ်ပေါင် နှင့် ချဉ်ပေါင်ပန်း
$
0
0
ချဉ်ပေါင်ပန်း
ချဉ်ပေါင်ပန်းမနေ့ က ဖေ့စ်ဘုတ်မှာ ချဉ်ပေါင်သီး ပုံလေးတွေ တွေ့ လို့ နက်ထဲမှာ လျှောက်ရှာမိတယ် ။ ချဉ်ပေါင်ရဲ့ မျိုးရင်းတွေ ချဉ်ပေါင်မှာ ပါဝင်တဲ့ ဓာတ်သတ္တိတွေ အပြင် အသုံးပြုပုံတွေကို တွေ့ရတယ်။ အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့ မြန်မာဝီ ကီ ကနေ ချဉ်ပေါင်မှာ ဘိလပ်ချဉ်ပေါင် ၊ ချဉ်ပေါင်လက်ခြား ၊ ဗမာချဉ်ပေါင် ၊ ပန်းချဉ်ပေါင် ဆိုပြီးရှိတာမှာ ပန်းချဉ်ပေါင်ဟာ မစားရဘူးလို့ ပြောထားတာတွေ့လိုက်ရတယ် ။ သိပ္ပံ အခေါ် တွေ မျိုးရင်းတွေအရ Hibiscus sabdariffa ထဲမှာ အတူတူ ဆိုပေမဲ့ ကျွန်တော်တို့ အညာဘက်မှာတော့ ချဉ်ပေါင်တွေက အမျိုးမျိုးရှိတယ် ၊ အခေါ်လည်းကွဲတယ် ။ ဘိလပ်ချဉ်ပေါင် ၊ ရွှေချဉ်ပေါင် ၊ ပန်းချဉ်ပေါင် ၊ ဗမာချဉ်ပေါင် ဆိုပြီးတော့ပေါ့ ။
ဘိလပ်ချဉ်ပေါင် က မျိုးစိတ် အများဆုံးထင်တယ် ။ အလက် ၃ လက် ၊ ထောင့် ၃ ထောင့်ပါတဲ့ ချဉ်ပေါင် ရှိသလို ။ လက်ကြား တွေလည်း ရှိတယ် ။ အနီ ၊ အဖြူ ဆိုပြီး လည်း ၂ မျိုး ကွဲသေးတယ် ။ တချို့ ကတော့ အဲဒီ ဘိလပ်ချဉ်ပေါင် ကိုပဲ ချဉ်ပေါင်ဖြူ ချဉ်ပေါင်နီ ဆိုပြီး ခွဲ ခေါ်ကြတယ် ။ အဖြူ ဆိုပေမဲ့ သူ့ အရိုးတွေ ၊အပွင့်တွေ ၊ အသီးတွေ က အစိမ်းရောင်သန်းသန်းလေးပဲရှိတာ ။ အရွက်ထူတယ် ၊ အစိမ်းရင့်တယ် ၊ အချဉ်ကဲတယ် ၊ ရာသီဥတုဒဏ် ကိုပို ခံနိုင်တယ် ။ အညာဒေသ ရေသိပ်မရ တဲ့ ကုန်းခေါင်ခေါင်တွေက အစ ရှင်သန်နိုင်စွမ်းရှိတယ် ။ အညာဘက် ယာတွေ ထဲမှာ အစိုက်များတယ် ။ ဘိလပ် ချဉ်ပေါင်ကို အများအားဖြင့် စားတဲ့ခါ အရွက်ရင့် ကို ပဲ ခူးပြီး စားလေ့ရှိတယ် ။ အရွက်နုရင် ချွဲကျိကျိနိုင်လို့ ။ နောက် ချဉ်ပေါင် တွေထဲမှာ အသီး ပါ စားလို့ရတာ က ဘိလပ်ချဉ်ပေါင်ပဲရှိတယ် ။
ဘိလပ်ချဉ်ပေါင်
ဘိလပ်ချဉ်ပေါင်
ဘိလပ်ချဉ်ပေါင်ခင်း
ဘိလပ်ချဉ်ပေါင်ခင်း
ဘိလပ်ချဉ်ပေါင်အဖြူ
ဘိလပ်ချဉ်ပေါင်အဖြူ
ဘိလပ်ချဉ်ပေါင်အနီ
ဘိလပ်ချဉ်ပေါင်အနီ
နောက် ရွှေချဉ်ပေါင် ။ ရွှေချဉ်ပေါင် က ဘိလပ်ချဉ်ပေါင်လို  ရုံ လိုက် မပေါက်ဘူး ။ ရှည်မျှောမျှော ပဲ ။ ဘိလပ်ချဉ်ပေါင်ထက် အရပ်ပိုရှည်တတ်တယ် ။ သူ့ အရွက်က ဘိလပ်ချဉ်ပေါင်ထက်ပါးတယ် ။ အစိမ်းဖျော့တယ် ။ သိပ်မချဉ်ဘူး ။ ဟင်းရည် ချက်သောက်ရင် ဘိလပ်ရွက် ချဉ်ရည် လို ချဉ်စုပ် မနေပဲ ပြေပြေလေး အရမ်းသောက်လို့ ကောင်းတယ် ။ အဲဒါကြောင့် ရွှေချဉ်ပေါင် လက်ကြား ဝက်သားနဲ့တောင် မလဲ ဘူး လို့ ပြောတာ ။
ရွှေချဉ်ပေါင်လက်ကြား
ရွှေချဉ်ပေါင်လက်ကြား
နောက်တစ်မျိုးက ဗမာချဉ်ပေါင် ။ ချဉ်ပေါင်ခါး (သို့) ချဉ်ပေါင် ဝိုင်း လို့ လည်းခေါ်တယ် ။ သူလည်း ပဲ ဘိလပ်ချဉ်ပေါင်လို အဖြူ အနီ ၂ မျိုးရှိတယ် ။ ကျွန်တော် ထင်တယ် အညာဒေသ က လွဲလို့ အတော်များများ မှာ ဗမာချဉ်ပေါင်ကိုမြင်ဖူးကြမထင်ဘူး ။ နက်ထဲ ရှာကြည့်တယ် ။ အင်္ဂလိပ်လိုရော ၊ ဗမာလိုရော ။ ဘိလပ်ချဉ်ပေါင် နံတခြားချဉ်ပေါင် ပုံပဲ တွေ့တယ် ။ ဗမာချဉ်ပေါင်ရွက် ပုံ မတွေ့ ဘူး ။ ဗမာချဉ်ပေါင်က အရွက်ဝိုင်းလေးတွေ ။ သူက ရေ ကြိုက်တတ်တယ် ။ အညာဒေသ လယ်တွေ ၊ ကြက်သွန် ခင်းတွေ ထဲမှာ အများဆုံး စိုက်ကြတယ် ။ သူက အသီးစားလို့ မရဘူး ။ အရွက်ကတော့ ချဉ်ပေါင်တွေ ထဲမှာပထမတန်း စားလို့ ပြောလို့ရတယ် ။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ နယ်ဘက်မှာ ဘိလပ် ချဉ်ပေါင် တို့ ၊ ရွှေချဉ်ပေါင်တို့ ၊ ပန်းချဉ်ပေါင် တို့ ဆိုတာ ဝယ်မချက်ရဘူး ။ အလကားရတာ ။ ဒါပေမဲ့ ဗမာချဉ်ပေါင်ကတော့ ဈေးတွေထဲမှာ လူကြိုက်များတယ် ။ သူ အရသာကချဉ်ခါးလေး ။ အဲဒါကြောင့် ချဉ်ပေါင်ခါးလို့ ခေါ်ကြတာ ။ ချဉ်ပေါင်ရွက်ကိုရေဆေး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူလေးဆီသပ် ၊ ခရမ်းချဉ်သီးနဲ့ငါးပိလေး ထည့် ။ ပြီးရင် ချဉ်ပေါင်ရွက်လေးတွေ ထည့် အဖုံးလေး အုပ်ထား ။ ပြီးကာမှ စားချဉ်သလောက် ရေနွေးလေး လိုက် ။ အဲလို ချက်စားရင် ဗမာချဉ်ပေါင် က ကောင်းမှ ကောင်း ။ ခုလို ချိန်ဆိုရွာမှာ အပေါဆုံးပဲ ။ ရောင်းမကုန်လို့ အပင်ကို တံဇဉ်နဲ့ရိတ် အဖျားလေးတွေ ၊ အရွက်လေးတွေ ကို ဓားနဲ့ စဉ်းပြီး နွားကျွေးလည်း နွားတွေက ကြိုက်တယ် ။ ဆန်ကွဲလေးနဲ့ ရောပြုတ်ပြီး ဝက်တွေကျွေးလည်း ဝက်က ကြိုက်တယ် ။
နောက် တစ်မျိုးက ပန်းချဉ်ပေါင် ။ သူလည်းရွှေချဉ်ပေါင်လိုပဲ ။ အရွက်ပါးတယ် ။ အရွက်ရဲ့ အ အရောင်က နုတယ် ။ အရွက်ရဲ့ အနားလေးတွေက ဘိလပ်ချဉ်ပေါင်လို အချောမဟုတ်ဘူး ။ လှိုင်းတွန့် ကလေးတွေ နဲ့ ။ ပန်းပွင့် လှတယ် ။ အရပ်ရှည်တယ် ။ သူလည်း အသီးစားလို့မရဘူး ။ ဒါပေမဲ့ အရွက် က စားလို့ရတယ် ။ ဒါပေမဲ့ မြန်မာဝီကီ ထဲ ဖတ်ကြည့်တော့ ပန်းချဉ်ပေါင်ကို စားလို့ မရဘူးလို့ ရေးထားတယ် ။
ကျွန်တော့် အထင်တော့ ချဉ်ပေါင်ပန်း နဲ့ ပန်းချဉ်ပေါင် ကို လွဲ နေတာထင်တာပဲ ။ ကျွန်တော် တို့ အညာဘက် က လူတွေ ကတော့ ခွဲ ခေါ်တယ် ။ မြန်မာစကား က တခြား ဘာသာစကားတွေ နဲ့ မတူတာလေးရှိတယ် ။ ဘာလဲ ဆိုတော့ နာမဝိသေသန က ရှေ့မှာ မဟုတ်ပဲ နောက် ကနေ အထူးပြုတာလေးတွေရှိတယ် ။ ဥပမာ လူကောင်း (ကောင်းသော + လူ) ။ ရွာပျက် (ပျက်ဆီးနေသော + ရွာ) ။  "သခွားမွှေး" (မွှေးသော +သခွါးသီး )အဲလိုမျိုးပေါ့ ။ ဒါပေမဲ့ ( နာမ် + နာမ် ) နာမ် ခု တွဲထားတဲ့ အခေါ်တွေမှာ တော့ နောက် နာမ် က သာ နာမ် အဖြစ် အဓိပ္ပါယ်သက်ရောက်စေပြီးတော့ ၊ ရှေ့ နာမ်က နာမဝိသေသန အဖြစ်သာ အဓိပ္ပါယ်သက်ရောက် စေပါ တယ် ။ ဥပမာ  "ပန်းသစ်တော် " (ပန်း+သစ်တော်) ဆိုပါစို့ ။ ရှေ့ က ပန်းသည် "ပန်းသီးနှင့်တူသော"ဆိုတဲ့ နာမဝိသေသန အဖြစ်အဓိပ္ပါယ်ရပြီး တော့ "သစ်တော်သီး"ဆိုတာ ကမှ သူ့ ရဲ့ ဆိုလိုရင်း နာမ် ဖြစ်ပါတယ် ။ ဆိုတော့ "ပန်းသစ်တော် "လို့ ပြော လိုက် ရင် ပန်းသီးနဲ့ တူသော သစ်တော်သီး ကို ပြောချင်တာဖြစ်ပါတယ် ။ ပန်းသီး ကို ပြောချင်တာ မဟုတ်ပါဘူး။ နောက် "ဗူးသဘောင်္"ဆိုရင် ဗူးသီး နဲ့ တူသော ၊ ဗူးသီး လောက်ရှိသော သဘောင်္သီး ကို ဆိုလိုတာပါ ။
"ပန်းနှမ်း"ဆိုရင်လည်း အဲဒါက ပန်းမဟုတ်ပါဘူး ။ ပန်း နှင့် တူသော နှမ်းပင် ဖြစ်ပါတယ် ။ သူ့ရဲ့အသုံးဝင် မှု သည် နှမ်း တွေလို အစေ့ရမယ် ။ အဲဒီ အစေ့ ကို ကြိတ် ရင် ဆီရမယ် လို့ အဓိပ္ပါယ်သက်ရောက်ပါတယ် ။
ပန်းချဉ်ပေါင်
ပန်းချဉ်ပေါင်
ပန်းချဉ်ပေါင်
ပန်းချဉ်ပေါင်
အခုလည်း "ပန်းချဉ်ပေါင်"သည် "ပန်း နှင့် တူသော ချဉ်ပေါင်ပင်"လို့သာ နားလည်ကြ ပါတယ် ။ သူရဲ့ မူလ နာမ် သည် ချဉ်ပေါင် ပင် ဖြစ်တာကြောင့် ချဉ်ပေါင်ရွက်ရဲ့ ဂုဏ်သတ္တိ ၊ အရည်ချင်းတိုင်း ချဉ်သော အရသာရှိသလို ၊ စားလို့လည်းရပါတယ် ။ "ချဉ်ပေါင် ပန်း"ကတော့ စားလို့ မရဘူး ။ ဘာလို့ လဲဆိုတော့ သူက ချဉ်ပေါင်ပင် နဲ့ အသွင် သဏ္ဍန် သာတူနေပေမဲ့ သူ့ရဲ့ မူလ ဗီဇ သည် ပန်း ဖြစ်နေလို့ပါ ။ ဒါ က မှန်တာ ၊ မှားတာ ကို ပြောလိုတာ မဟုတ်ပါဘူး ။
မြန်မာတွေ နာမည်ခေါ် တဲ့ ဓလေ့ နဲ့ ဒေသိယ စကား ကို ဗဟုသုတ ဖြစ်ရုံ ပြောချင်တာပါ ။
ချဉ်ပေါင် ကတော့ ကျွန်တော်တို့ အညာဒေသအတွက် စွယ်စုံ အစားစာ ဖြစ်သလို ၊ အခြေခံ အစားစားလည်းဖြစ်ပါတယ်။ လက်လုပ်လက်စား အတော်များများ အိမ်တွေကို ဘာချက်တုန်း လို့ မေးကြည့်ရင် ။ ချဉ်ရေ ၊ ငြုပ်သီးထောင်း ဆိုတဲ့ အဖြေ က ၁၀ ခါမှ ၇ ခါလောက်ကြားရမယ်ထင်ပါတယ် ။ ချဉ်ပေါင်ရွက် ကို အများအားဖြင့် ချဉ်ရည် ချက်စားကြပေမဲ့ တချို့ ကျတော့လည်း ငါးပိကောင်းကောင်းလေး နဲ့ ဟင်းချို လုပ်သောက်တာလည်းရှိတယ် ။ ဘိလက်ချဉ်ပေါင်သီးတွေ ပေါ် ချိန်ဆိုရင် ... ချဉ်ပေါင် ရွက်ရယ် ၊ ချဉ်ပေါင်သီး ခွံ ရယ် ရောပြီး ... ပဲ ပြုတ် ရည် နဲ့ ချက်စားရတာ အတော်အရသာရှိတယ် ။
ပဲပြုတ် ရည်ဆိုတာ  က ပဲပြားကြီးတို့ ၊ပဲနီလေးတို့ ၊ ထော့ပတ် ပဲ တို့ ကို ပြုတ်ထားတဲ့ အရည် ကို ပြောတာ ။ ချောင်း ငါးလေးတွေ နဲ့ ချက်စားတာ ရှိသလို ၊ ဝက်သား နဲ့ ချက်တာလည်းရှိတယ် ။ ချဉ်ပေါင်ကြော် ကတော့ မျှစ် ၊ ငါးပိ ၊ ပုဇွန်ဆိတ် တို့ နဲ့ ရောကြော်ကြ တယ် ။ ကြိုက်တတ်တဲ့သူတွေကတော့ ချဉ်ပေါင် ရွက်လေး လတ်လတ် ကို ရေဆေး ၊ ဆားလေးနည်းနည်းခပ်ပြီးရောကျိတ် သတ္တုရည် လေး လုပ်သောက်ရင် ရင်အေးတယ်လို့ဆိုတယ် ။ ချဉ်ပေါင်သီး အခွံ ကို မြေပဲ ၊ ငရုတ်သီး စိမ်းမီးဖုတ် ၊ ကြက်သွန်ဖြူလေးတွေ နဲ့ ရောထောင်းပီး စားရတာလည်း အရသာတစ်မျိုးပဲ ။ ထူးထူးခြားခြား ရခိုင်တွေကတော့ ချဉ်ပေါင်သီးကို ချဉ်ရေချက်ပြီး အဖတ် မစားပဲ အရည်ပဲသောက်လေ့ရှိတယ် ။ ချဉ်ပေါင်ရွက် ၊ ချဉ်ပေါင်သီး ကို အခြောက်လှန်း ပြီး ကြာကြာ အထားခံအောင်လုပ်ကြတယ် ။ ခြောက်ပြီးသား ကို ထောင်း ပြီး အမှုန့် လေးတွေ အဖြစ်လည်း သိမ်းထားကြတယ် ။ အချဉ် သုပ်လေး ဘာလေး လုပ်ချင် တဲ့ခါ ကြက်သွန်နီလေး ၊ မြေပဲဆံ လေးနဲ့ အဲဒီ အမှုန့်လေး ကို ရေနွေးစိမ်ပြီး သုပ်စားကြတယ် ။  ချဉ်ပေါင် ချဉ်ပေါင်သီးအခြောက်ကို  ထန်းညက်မဖြစ်ခင် .. သနဲရည် (တင်လဲရည်)  နဲ့ ကြိုပြီး ယိုထိုးစားတာတွေလည်းရှိတယ် ။ တချို့ နိုင်ငံ တွေ မှာတော့ ဝိတ် ကျဖို့ ဖျော်ရည် ၊ လ္ဖက်ရည် အနေနဲ့ လုပ်သောက်ကြတာတွေလည်းရှိ တယ်လို့ ဆိုတယ် ။ ကျွန်တော်တို့ နယ်မှာတော့ ချဉ်ပေါင်စေ့ ပေါတော့ ချဉ်ပေါင်စေ့ ကို ဆားရည်လေးစိမ်ပြီး အပျင်းပြေ လှော်စား ကြတာ ရှိသလို ၊ ဝါစေ့ ပင်ပေါက်လို အပင်ပေါက်လေးတွေ လုပ်ပြီး ချက်စားကြတာလည်းရှိတယ် ။
(ရုပ်ဆိုး)
ချဉ်ပေါင်သီးခူးပြီး အခွံရစ်ထားတာ
ချဉ်ပေါင်သီးခူးပြီး အခွံရစ်ထားတာ
ချဉ်ပေါင်စေ့
ချဉ်ပေါင်စေ့
ချဉ်ပေါင်သီးလက်ဖက်ရည်
ချဉ်ပေါင်သီးလက်ဖက်ရည်
ချဉ်ပေါင်သီးဖျော်ရည်
ချဉ်ပေါင်သီးဖျော်ရည်
ချဉ်ပေါင်ယို
ချဉ်ပေါင်ယို
Photos Credit to >> Original Photographers
ခရိုင်းမီးယား အရေးနဲ့ အင်စတီကျူးရှင်း သန်စွမ်းရေး
$
0
0
ယူကရိန်းနိုင်ငံမှာ ၂၀၀၄ ခုနှစ်က နာမည်ကျော် ‘လိမ္မော်ရောင်တော်လှန်ရေး’ နဲ့ ဗစ်တာ  ယန်နူကိုဗစ် သမ္မတ ဖြစ်မလာအောင် လူထုက ဟန့်တားနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ရုရှားထောက်ပံ့ငွေနဲ့  ယန်နူကိုဗစ် ၂၀၁၀ မှာ သမ္မတ ဖြစ်လာပြီး၊ ၂၀၁၄ ဖေဖော်ဝါရီမှာတော့ သန်းချီတဲ့ လူထုက ‘ဖေဖော်ဝါရီတော်လှန်ရေး’ နဲ့ သူ့ကို အပြီးတိုင် မောင်းထုတ် ဖြုတ်ချနိုင်ခဲ့ပါတယ်။
ယူကရိန်း ဆန္ဒပြသူတွေမှာ  ပြင်းပြတဲ့ ရည်မှန်းချက်  အာသီသတွေနဲ့ပါ။  ခြစားတဲ့ သမ္မတကို ဖြုတ်ချပြီး သန့်ရှင်းတဲ့ အုပ်ချုပ်ရေးစနစ် အစားထိုးချင်ကြတယ်။ ဥပဒေစိုးမိုးမှုအပေါ်  အခြေခံတဲ့  ဒီမိုကရေစီစနစ်တစ်ရပ် အလိုရှိနေတယ်။ ရုရှားရဲ့ နိုင်ငံရေး   ၀င်ရောက်စွက်ဖက်မှုကို ဆုံးခန်းတိုင်ချင်တယ်။ ဒီမိုကရေစီနိုင်ငံတွေဟာ ဒီမိုကရေစီမဟုတ်တဲ့  နိုင်ငံတွေထက် အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်နို်င်ပြီး၊ စစ်ပွဲတွေ ပိုရှောင်ရှားနိုင်မယ်ဆိုတာ သူတို့ သိထားတယ်။ သူ့တို့ စိတ်ထဲရှိတာ လွတ်လပ်စွာပြောဆိုနိုင်ပြီး သူတို့ ကလေးတွေအတွက်  ကောင်းမွန်တဲ့အနာဂတ ဖန်တီးပေးမယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါပေမဲ့ သမ္မတ ယန်နူကိုဗစ် ထွက်ပြေးသွားပြီးနောက် ပျော်ရွှင်အားတက်နေတဲ့  ယူကရိန်းဆန္ဒပြသမားတွေဆီ စိုးရိမ်စရာတွေ မသေချာမရေရာမှုတွေ  ထပ်ဆောင့်တက်လာခဲ့တယ်။ အစိုးရတစ်ခု ပြုတ်ကျသွားရုံနဲ့ ဒီမိုကရေစီ ခရီးလမ်း အရာရာ မဖြောင့်ဖြူးတာကို ပက်ပင်းတွေ့ကြရတယ်။ အစိုးရသစ်ဟာ အုပ်ချုပ်ရေးနဲ့ စီးပွားရေးမှာ စမ်းတ၀ါးဝါးဖြစ်နေတယ်။ မြို့တော် ကိယက်ဗ် ကစပြီး တစ်မြို့ပြီးတစ်မြို့ မငြိမ်သက်မှုတွေ  ထွက်ပေါ်လာတယ်။ ဒီမိုကရက်တစ် အစိုးရတစ်ခု ထူထောင်နိုင်ဖို့ထက် အာရပ်နွေဦးမှာ  ဖြစ်ခဲ့တဲ့အတိုင်း ဒီမိုကရက်တစ်မဟုတ်တဲ့ အစိုးရတစ်ခု  ပြန်ကြော့ဝင်လာဖို့  အခြေအနေတွေက ပိုလွယ်ကူနေပါတယ်။
အဆိုးဆုံးကတော့ အိမ်နီးချင်း ရုရှားနိုင်ငံရဲ့ ၀င်နှောက်ဒုက္ခပေးမှုပါ။  ရုရှားက  သူတို့ ထောက်ခံမှုပေးထားတဲ့ သမ္မတကို စီအိုင်အေက သပ်လျှို ဖြုတ်ချတယ်လို့  ယူဆပြီး၊ လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို မတ်လ အစောပိုင်းမှာ ၀င်ထိန်းချုပ်လိုက်တယ်။ မတ် ၁၆  ရက်မှာ ခရိုင်းမီးယားကို  ရုရှားနဲ့ ပေါင်းဖို့ လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေးတယ်။ ရုရှားလူမျိုးအများစု နေထိုင်တဲ့ ခရိုင်းမီးယားဒေသခံ မဲပေးသူ ၉၃  ရာခိုင်နှုန်းက ရုရှားနဲ့  ပူးပေါင်းဖို့ ထောက်ခံမဲ ပေးလိုက်ကြတယ်။ ချက်ချင်းဆိုသလိုပဲ  ရုရှားသမ္မတပူတင် က  ခရိုင်းမီးယားဟာ ရုရှားရဲ့ အစိတ်အပိုင်းဖြစ်သွားပြီလို့ ကြေငြာချလိုက်ပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂကတောာ့ ယူကရိန်းနိုင်ငံ အချုပ်အခြာပိုင်နက်အတွင်း  ရုရှား ၀င်ရောက်ကျူးကျော်မှုကို  ပြင်းပြင်းထန်ထန်ကန့်ကွတ်ကြောင်း၊ ရုရှားသမ္မတပူတင်နဲ့  သူ့အပေါင်းတစ်စုအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု လုပ်နေကြောင်း၊ ခရိုင်းမီးယား  လူထုဆန္ဒခံယူပွဲဟာ ရုရှားတပ်တွေ ထိန်းချုပ်မှုအောက်မှာ  လုပ်ခဲ့တာမို့ တရားမ၀င်ကြောင်း ကြေညာချက်တွေထုတ် ပြစ်တင်ရှုတ်ချပါတယ်။ ဒီထက် ပိုပြီး မလုပ်နိုင်သေးပါ။ စစ်ရေးကို စဉ်းစားရင်တော့ ပြဿနာပါ။ သမ္မတပူတင် ကတော့  လက်ရဲဇက်ရဲနဲ့ ခရိုင်းမီးယားဒေသကို ကိုင်တွယ်ထားတုန်းပါ။
ဒီနေရာမှာ ယူကရိန်းရဲ့ လတ်တလော ဖြစ်ရပ်က ဒီမိုကရေစီအသွင်ကူးပြောင်းဆဲ နိုင်ငံတွေ (အထူးသဖြင့် ဆိုးသွမ်းတဲ့  အိမ်နီးချင်းနိုင်ငံကြီးကြီး အနီးနားရှိတဲ့ နိုင်ငံတွေ) အတွက်  သင်ခန်းစာ  တစ်ပုံတပင် ပေးနေပါတယ်။ လူထုရဲ့  ဆန္ဒပြမှုက ခြစားတဲ့  အာဏာာရှင်ဆန်တဲ့ အုပ်ချုပ်သူကို  ဖြုတ်ချနိုင်ခဲ့သော်လည်း၊  တစ်ဖက်မှာ ခရိုင်းမီးယား  ကျွန်းဆွယ်ဒေသ ပေးဆပ်ရမယ့်အရေး ကြုံရပါတယ်။ နိုင်ငံ  ဖရိုဖရဲဖြစ်နေခိုက်မှာ  အိမ်နီးချင်း  နိုင်ငံကြီးရဲ့ မရိုးသားမှု အကွက်ချောင်းနေမှုကို  ချက်ချင်းမြင်တွေ့ကြရတယ်။ နောက် ခရိုင်းမီးယားဒေသမှာ  နေထိုင်ကြတဲ့  ရုရှားတွေက  ယူကရိန်းနိုင်ငံအပေါ်  သစ္စာမခံဘဲ၊ ယခင် အင်ပါယာဟောင်း ရုရှားအောက်ကိုပဲ  ပြန်နေချင်ကြတဲ့  ချင်ခြင်းကို တွေ့ကြရတယ်။
ခရိုင်းမီးယား ပြဿနာက လူမျိုးစုများပြားတဲ့ မြန်မာနိုင်ငံအတွက်လည်း စဉ်းစားစရာတွေ  ပေးနေပါတယ်။ ဥပမာ၊ ဘင်္ဂါလီ လူမျိုးတွေကို  နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ရင် တစ်ချိန်ချိန် နိုင်ငံဖရိုဖရဲဖြစ်ခိုက်မှာ  ဘင်္ဂါလားဒေ့ရှ်နဲ့ ပေါင်းစည်းမသွားနိုင်ဘူးလား၊ ၀ ဒေသကို  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ရင်  တရုတ်ရဲ့ ဩဇာခံ အစောင့်ရှောက်ခံ  ဖြစ်မသွားနိုင်ဘူးလား၊ ရှမ်းတွေကကော  ဆွေမျိုးတော်တဲ့ ထိုင်းတွေနဲ့ ပေါင်းစည်းဖို့  အိပ်မက်တွေများ  တစ်ချိန်ချိန် ရှိမလာနို်င်ဘူးလား ဆိုတာတွေပါ။
အပြစ်အနာဆာပါတဲ့ ဒီမိုကရေစီ
 အထက်က  မေးခွန်းအတွက် အဖြေမရှာခင်  ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေဟာ သူတို့ခရီးလမ်းကို ဘာကြောင့် ချောချောမွေ့မွေ့  မရောက်နိုင်ကြသလဲဆိုတာကိုလည်း  ဆက်စပ်စဉ်းစားဖို့လိုအပ်မယ်  ထင်ပါတယ်။
ဒီမိုကရေစီလှိုင်းတွေ ဖြစ်ပေါ်ပြီးတိုင်း  နောက်ပြန်လှိုင်းတွေ ကပ်ပါလာတတ်တယ်ဆိုတာကိုလည်း ပညာရှင်တွေ ပြောတတ်ကြတယ်။ ဒီမိုကရေစီလမ်းဟာ ခရီးကြမ်းပြီး စိန်ခေါ်မှုတွေ  များလွန်းလှပါတယ်။ အာဏာရှင်ကို ဖြုတ်ချပြီးတိုင်း အတိုက်အခံအများစုဟာ အားကောင်းတဲ့ ဒီမိုကရက်တစ်အစိုးရတစ်ခုကို ဖန်တီးနိုင်စွမ်းမရှိ ဖြစ်နေတတ်တယ်။ အထူးသဖြင့်  အနောက်နိုင်ငံမဟုတ်တဲ့ အာရပ်၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့ဥရောပ၊ အာရှ တိုင်းပြည်တွေမှာ တော်လှန်ရေးဆင်နွှဲပြီး ဒီမိုကရေစီထူထောင်လိုက်တိုင်း နောက်ကြောင်းပြန်တာ မကြာခဏ ကြုံရတတ်ပါတယ်။
ဒါကို  နိုင်ငံရေးသိပံပညာရှင် ရှမစ်ထာ (Schmitter) က အဲဒီနိုင်ငံတွေ ထူထောင်တဲ့ ဒီမိုကရေစီစနစ်မှာ မွေးရာပါ အပြစ်အနာဆာတွေ (birth defects) ရှိနေတာကြောင့်လို့ ဆိုပါတယ်။ သူ့ကို  ထောက်ခံတဲ့အနေနဲ့  ပါမောက္ခ လာရီ ဒိုင်းမွန်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ မွေးရာပါ  အပြစ်အနာဆာပါနေတယ်၊ စည်းကမ်းပြည့်ဝသော  ဒီမိုကရေစီဟာ တပ်ပါသော  ဒီမိုကရေစီသာဖြစ်ပြီး၊ ၂၀၀၈ အခြေခံဥပဒေကို  မပြင်နိုင်ရင်  မြန်မာနိုင်ငံဟာ  ဒီမိုကရေစီ မရနိုင်ဘူးလို့ ဥပမာပေး  ပြောဆိုထားပါတယ်။
ယူကရိန်းကို ကြည့်ရင်လည်း ၂၀၀၄ ခုနှစ် လိမ္မော်ရောင်  တော်လှန်ရေးကတည်းက  မွေးရာပါ အပြစ်အနာဆာနဲ့ပါ။ အတိုက်ခံတွေက အားကောင်းတဲ့ ဒီမိုကရက်တစ်ပါတီနဲ့ အစိုးရအဖွဲ့ကို အဲဒီအချိန်က မထူထောင်ခဲ့နိုင်တာကြောင့် ဆယ်နှစ်နီးပါးအကြာ ၂၀၁၄ မှာ ယာနူကိုဗစ်ကို ဖြုတ်ချဖို့ ထပ်မံကြိုးစားခဲ့ရပြန်ပါတယ်။ ဒီအခါမှာ အနောက်နဲ့  ရုရှား အားပြိုင်မှုတွေကြား ခရိုင်းမီးယားကိုပါ  လက်လွှတ်ဆုံးရှုံးရမယ့်  အခြေအနေ ကြုံလာရပါတော့တယ်။
နောက်ခံ လိုအပ်ချက်များ
အခုနောက်ပိုင်း ပညာရှင်တွေက ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ  အတိုက်အခံတွေအနေနဲ့ အာဏာရှင် အစိုးရတစ်ခုကို ဆွဲဖြုတ်ချရုံနဲ့ မလုံလောက်ဘဲ၊ ဒီမိုကရေစီအတွက်  မရှိမဖြစ်လိုအပ်တဲ့ တရားဥပဒေစိုးမိုးမှု၊ တာဝန်ယူမှု၊ အဂတိလိုက်စားမှု၊ ဗျူရိုကရေစီ၊ ဗဟုဝါဒယဉ်ကျေးမှု စတဲ့ လူမှုနောက်ခံအခြေအနေတွေ  (social requisites) ဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားဖို့ ပြောဆိုလာပါတယ်။ ဖရန်စစ်  ဖူကူးယားမား ကဆိုရင် အတိုက်အခံတွေအနေနဲ့ သက်ဦးဆံပိုင် အာဏာရှင်ကို ဖြုတ်ချတာထက်  ‘ဒီမိုကရေစီဆိုင်ရာ အင်စတီကျူးရှင်းမူဘောင်သွင်းခြင်း’  (institutionalization  of democracy) ကို  ပိုမိုအာရုံစိုက်သင့်ကြောင်း ပြောလာပါတယ်။ ဒီမိုကရေစီကို အင်စတီကျူးရှင်း ဘောင်မသွင်းနိုင်ရင်  အာဏာရှင်တွေဘက်ကပဲ အမြဲအသာရနေဦးမယ်၊ ဒီမိုကရက်တွေအနေနဲ့ နိုင်ငံရေးပါတီတွေကို  အရင်ဆုံး  အင်စတီကျူးရှင်းဆန်စွာ လေ့ကျင့်လုပ်ကိုင်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။
၂၀၁၄ မတ်လထုတ် အီကောနောမစ် မဂဇင်းကလည်း ဒီမိုကရေစီ ဖြစ်ထွန်းစ နိုင်ငံတွေ ပြန်လဲကျရတဲ့ အဓိက အကြောင်းတစ်ခုက အဲဒီနိုင်ငံတွေဟာ ရွေးကောက်ပွဲ  လုပ်ငန်းတွေအပေါ်ပဲ  အာရုံစိုက်လွန်းပြီး၊ ဒီမိုကရေစီအတွက် အဓိက  မရှိမဖြစ်လိုအပ်တဲ့ သွင်ပြင်လက္ခဏာတွေ (essential  features of  democracy) ဖြစ်တဲ့ အပြန်အလှန် ထိန်းကျောင်းမှုစနစ်၊ တစ်ဦးချင်းအခွင့်အရေး၊ တရားရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ လုပ်ထုံးနည်းနာတွေကို  အလေးမထားတာကြောင့်လို့  ဆိုပါတယ်။
နောက်ပြီး  အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံတိုင်းဟာ  မဲအများစုရသူတွေ ကြီးစိုးတဲ့ လူမျိုးကြီးဝါဒ (majoritarianism) ကို ရှောင်ရှားနိုင်ကြတယ်လို့ ဆိုပါတယ်။ ဥပမာ၊ အိန္ဒိယဟာ ၁၉၄၇ ခုနှစ်ကတည်းက ဒီိမိုကရေစီ ရှင်သန်နေခဲ့ပြီး၊ ဘရာဇီးက ၁၉၈၀ ပြည့်နှစ် တွေက  စပြီး  ဒီမိုကရေစီ အရှိန်ရလာခဲ့တယ်။ အဓိကအကြောင်းက အဲဒီနှစ်နိုင်ငံဟာ အစိုးရရဲ့  အာဏာအပေါ်  ကန့်သတ်နိုင်ခြင်းနဲ့ လူနည်းစုအခွင့်အရေးကို  အာမခံနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
တစ်ဖက်က  ချိနည့်တဲ့  ဒီိမိုကရေစီနိုင်ငံတွေမှာတော့ လူများစုအတွက် (for majority rule) ဟစ်ကြွေးတက်လာတဲ့ ရွေးကောက်ခံ ပေါ်ပြူလာ ခေါင်းဆောင်တွေဟာ အခြေခံဥပဒေ ဘောင်ကျော်ပြီး အာဏာကို  အသုံးပြုလာပါတယ်။ အီဂျစ်က  မော်စီ၊ ယူကရိန်းက ယန်နူကိုဗစ်၊ ရုရှားက ပူတင် တို့ဟာ လူအများစု ထောက်ခံမှုနဲ့ တက်လာပြီး  လစ်ဘရယ်မဲ့  ဒီမိုကရေစီ (illiberal democracy) ကို ဦးတည်သွားကြသူတွေပါ။ သူတို့ဟာ ခေတ်နောက်ကျတဲ့ လူ့အဖွဲ့အစည်းရဲ့ ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေး တို့ကို  အသုံးချ ကြွေးကြော်ထောက်ခံမှုယူပြီး ဒီမိုကရေစီကို  ဖျက်ဆီးပစ်သူတွေ  ဖြစ်ပါတယ်။
အင်စီတီကျူးရှင်း  သန်စွမ်းရေး
ယနေ့ ယူကရိန်း၊ မြန်မာ၊ အီဂျစ် စတဲ့ ဒီမိုကရေစီလျှောက်လှမ်းနေတဲ့ နိုင်ငံတွေမှာ အဓိက လိုအပ်ချက်က ဒီမိုကရက်တစ်  အင်စတီကျူးရှင်းဆိုင်ရာ မစွမ်းနိုင်မှု ဖြစ်ပါတယ်။ အုပ်စိုးသူမှာရော  အတိုက်အခံပါတီတွေမှာပါ အင်စတီကျူးရှင်းဆိုင်ရာ မတည်ဆောက်နိုင်မှု ဖြစ်ပါတယ်။
ခရိုင်းမီးယား က ရုရှားလူမျိုးစုတွေရဲ့ ရုရှားနိုင်ငံနဲ့  ပူးပေါင်းနေထိုင်လိုစိတ်ဟာ ယူကရိန်းနိုင်ငံရဲ့ ဒီမိုကရေစီ မရေရာ မသေချာမှု၊ လူများစု  ကြီးစိုးမှု တို့နဲ့ ပတ်သက်နေပါတယ်။ အင်စတီကျူးရှင်းဆိုင်ရာ  လက်တံတွေ မကောင်းတဲ့အခါ  ကိုယ့်လူမျိုးစုရဲ့ဝိသေသ (identity)  ကို  ရှေ့တန်းပြန်တင်လာကြပါတယ်။ မတူကွဲပြားတဲ့ လူမျိုးစုတွေ စုပေါင်းနိုင်ထိုင်နိုင်မယ့်  လစ်ဘရယ်ဒီမိုကရေစီကို မျှော်လင့်ချက်တွေကုန်သွားကြတယ်။ ရွေးကောက်ပွဲကတစ်ဆင့် ဖြစ်လာမယ့် လူအများကြီးစိုးမှု (majority rule) ကို  စိုးရိမ်လာတယ်။ မြန်မာနိုင်ငံက ဘင်္ဂါလီ၊  ၀ နဲ့ အခြားလူမျိုးစု  ပြဿနာတွေဟာလည်း  လက်ရှိ အုပ်ချုပ်ရေးစနစ်ရဲ့ အင်စတီကျူးရှင်းဆိုင်ရာ တိုးတက်မှုအပေါ် အများကြီး  တည်မှီလာနေပါတယ်။
အတုယူစရာကတော့ အင်္ဂလန် လက်အောက်က  ကျွန်းစုနိုင်ငံတွေပါ။ သူတို့ဟာ ယနေ့ထိ  ခွဲထွက်ခွင့်၊ ဖက်ဒရယ်နဲ့ လွတ်လပ်ရေးစကား မပြောကြပါ။ ဒါဟာ  အင်္ဂလိပ်တွေရဲ့  အင်စတီကျူးရှင်းစနစ် အားကောင်းမှုကြောင့်ပါ။ ဗဟိုရဲ့ အင်စတီကျူးရှင်းတွေက အောက်ခြေအထိ တပြေးညီအားကောင်း အကျိုးပြုနေတဲ့အခါ၊ ခွဲထွက်ဖို့စကား လုံးဝမဟကြပါ။ မိမိဖာသာ နိုင်ငံခွဲထောင်ရပ်တည်တာထက် ဗြိတိသျှအင်စတီကျူးရှင်းကနေ  ပိုမိုအကျိုးရရှိတာကို  ဒေသခံလူထု  သိရှိနေလို့ပါ။
ဒီမိုကရက်တစ် အင်စတီကျူးရှင်း အားမကောင်းတဲ့ နိုင်ငံတွေမှာတော့ အစွန်အဖျားဒေသလူမျိုးစုတွေဟာ  ခွဲထွက်ခွင့်နဲ့ အိမ်နီးချင်းမှ အခြားတူရာလူမျိုးစုတွေနဲ့  ပေါင်းစည်းခွင့်ကို အမြဲကြံစည်  တောင်းဆိုနေကြမှာပါပဲ။ အဲဒီနိုင်ငံ မတည်မငြိမ်နဲ့ ဘေးကျပ်နံကျပ် ရောက်မယ့်အချိန်ကနေ  အမြတ်ထုတ်ဖို့ အိမ်နီးချင်းနိုင်ငံကြီးတွေကလည်း သမ္မတပူတင်လို  ချောင်းမြောင်းနေမှာ ဖြစ်တယ်။ ဒါဟာ ယူကရိန်းရဲ့  ဖေဖော်ဝါရီတော်လှန်ရေးနဲ့ ခရိုင်းမီးယား အကျပ်အတည်းက အခြား ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေကို ပေးလိုက်တဲ့  ပူပူနွေးနွေး သင်ခန်းစာပါပဲ။
ရဲမြင့်ကျော်
မတ်၊ ၂၀၁၄
ယနေ့ခေတ်
"Scholarship"
$
0
0
"Scholarship"
scholarship လို့ ဆိုလိုက်ရင် များသောအားဖြင့်နားလည်လိုက်ကြတာက ပညာသင်ဆု ဆိုတဲ့ အဓိပ္ပါယ်ပေါ့...။.ကိုယ်လို ဘုန်းကြီးကျောင်းသားတစ်ယောက်အတွက် နိုင်ငံခြားပညာတော်သင်ဆု ဆိုတာမျိုးက နိုဘယ်ဆုရသလိုမို့ ... စကောလားရှစ်အခွင့်အရေးတွေကို နီးစပ်ရာ နောက်လူတွေကို ပြောပြ အကြံပေးဖြစ်လေ့ရှိစမြဲ…။ ခက်တာက..မြန်မာလူငယ်တွေတော်တော်များများဟာ ….ပညာသင်ဆု လျှောက်ဖို့ ကိစ္စနဲ့ ပတ်သက်လာရင် “ဖြစ်မှာမဟုတ်ပါဘူး..ရမှာမဟုတ်ပါဘူး” ဆိုတဲ့ သိမ်ငယ်စိတ် (inferiority complex) ကအရင်လာကြလေ့ရှိတယ်…။ ၂ နှစ်လောက် ပြင်းပြင်းထန်ထန်လုပ်ရင် ရနိုင်တဲ့ အင်္ဂလိပ်စာ ဆိုတဲ့ ဘာသာစကား တောင်ကြီးကို မကျော်လွားနိုင်တာ၊ ဇွဲမရှိတာနဲ့ ပဲ လက်လန်ကုန်ကြတာ များတယ်..။ ဒီအထဲမှာ တက္ကသိုလ်ဆရာ၊ ဆရာမတွေပါ ပါနေတာ…။
ဒါပေမယ့်…ညံ့ဖျင်းတဲ့ ပညာရေးစံနစ်ရယ်…ဘွဲ့ ဝတ်စုံတွေနဲ့ ဆန္ဒပြကြတဲ့ ကျောင်းသားတွေရယ်နဲ့ ပတ်သက်ပြီး ပြောကြဆိုကြ တောတွေ ဖတ်မိတော့ scholarship ရဲ့  နောက်အဓိပ္ပါယ်တစ်ခုကို မနေနိုင်မထိုင်နိုင် ပြောချင်ဆိုချင်လာပြန်ရော။ scholarship ဆိုတာ “ လေ့လာသင်ယူခြင်းဖြင့် ရရှိရမယ့် အသိပညာ” ဆိုတဲ့ အဓိပ္ပါယ်လည်းရတာကိုး..….။ ပုဂ္ဂိုလ်ရေးအမြင်အရ..ဘွဲ့ ဝတ်စုံတွေနဲ့ ဆန္ဒပြတဲ့ ကျောင်းသားတွေရဲ့ လုပ်ရပ်ကို အားပေးတယ်…။ ရန်ကုန်ရောက်ရင် ရွှေတိဂုံ သာမတက်ဘဲ နေချင်နေမယ်.. မိန်းထဲရောက်အောင်မသွားရမနေနိုင်၊ လှည်းတန်းအ၀ိုင်းက ဘ၀ရဲ့ အစိတ်အပိုင်း ဖြစ်နေတဲ့ သူမို့ မြန်မာပြည်မှာသာရှိနေခဲ့ရင် ကိုယ်ကိုယ်တိုင်တောင် ၀င်ပြီး ဆန္ဒပြမိဦးမှာအမှန်ပဲ…..။ ကျောင်းသားဟာ ကိုယ့်ဆန္ဒ၊ ကိုယ့်အမြင်ကို ထုတ်ဖေါ်ပြသတာဟာ ပညာရေးရဲ့ လိုအပ်ချက်တစ်ခုပဲ…။ RIGHT TO PARTICIPATION…ပဲ။ သင်ယူခြင်း သင်ကြားခြင်း ရဲ့ အစိတ်အပိုင်းတစ်ခုပဲ လို့ မြင်တယ်..။
စံနစ်လို့ ပြောလိုက်တာနဲ့ လူ့ အဖွဲ့ အစည်းနဲ့ ချီတဲ့ ….မူဝါဒ နဲ့ ဆိုင်သွားပြီ။ ဒီတော့ …ပညာရေးစံနစ်တစ်ခုကိုဖျက်ဆီးသူဟာ အစိုးရမှအပ အခြားမရှိပါဘူး..။ ပညာရေးစံနစ် ညံ့ဖျင်းပျက်စီးရခြင်းမှာ ပေါ်လစီချမှတ်သူ၊ အကောင်အထည်ဖေါ်သူ နိုင်ငံတော်အဆင့်မှာ လုံးလုံးတာဝန်ရှိနေတာပဲ..။ အထူးသဖြင့် အရှေ့ တောင်အာရှရဲ့ အောက်စဖို့ လို့ တောင်ပညတ်ရတဲ့ မြန်မာ့ပညာရေးကို ဖျက်ဆီးသွားတဲ့…အဆက်ဆက်သော ဘောင်းဘီဝတ် ဘောင်းဘီချွတ်အစိုးရတွေကို ဆန္ဒပြရုံတင်မက အပစ်ပေးသင့်သေးတာ....။ ပညာရေးဗရုတ်ဗရက်ခေတ်မှာ ကုတ်ကပ်တွယ်တက်ခဲ့ရသူမို့ လို့ …ဒီ စစ်အစိုးရ အဆက်ဆက်ကို ရာဇ၀တ်သား ကားစင်တင်သလို..ဂီလိုတင်ဓါးစက်နဲ့ အပစ်ပေးသလို လုပ်ချင်မိလောက်အောင် ပေါက်ကွဲမိတာတော့ အမှန်ပဲ..။
ဒါပေမယ့်….ဆန္ဒပြကျောင်းသားတွေအနေနဲ့ လွဲမှားသွားတာက ပါဖောမင့်ပြကွက်က ပေးချင်တဲ့ သတင်းစကားပဲ။ ဒါဟာလည်းကနေ့ ခေတ် မြန်မာတို့ ရဲ့ လွဲမှားနေတဲ့ ပညာရေးအပေါ် သိမြင်တဲ့အမြင် (PERCEPTION) ကြောင့်လို့ ထင်မိတယ်....။ ပညာရေးစံနစ်ဟာ ပျက်ဆီးချို့ ယွင်းနေတာမှန်တယ်..။ ဒါပေမယ့် ပဲပြုတ်ရောင်းတာ၊ ဂျာနယ်ရောင်းတာဟာ အောက်ကျနောက်ကျ အလုပ်လို့ မြင်တဲ့သဘော ဖြစ်နေတယ်..။ အင်္ဂလန်လို နိုင်ငံမှာ တက္ကစီမောင်းသမားတစ်ယောက်ဟာ သာမန်ဆရာဝန်လောက် ၀င်ငွေရှိတယ်…။ အမှန်တကယ်သာ ကျွမ်းကျင်ပါစေ…လက်သမား..ပန်းရံ စသဖြင့် မြန်မာတွေ အထင်မြင်သေးတတ်ကြတဲ့ အလုပ်တွေဟာ လည်းပဲ သူ့ ဂုဏ်နဲ့ သူတင့်တယ် မှုရှိတယ်ဆိုတာကို မမြင်နိုင်သေးတဲ့သဘော..။
တဖက်ကကြည့်ရင်လည်း အမှန်ပညာလိုလားသူ (Scholar) တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ပဲပြုတ်တောင်းထဲမှာ သင်ယူစရာ အသိပညာတွေ scholarship တွေတပုံတပင်ပါ..။ ဂျာနယ်လက်ပွေ့ ရောင်းတဲ့ လုပ်ငန်းမှာ သင်ယူရရှိစရာ scholarship တွေအများကြီးပါ..…။ ဒါကို လည်းနားလည်ရမယ်..။
အသက်မွေးဝမ်းကြောင်းပညာ (vocation) နဲ့ တက္ကသိုလ်ပညာရေး (academic) ကို ခွဲမြင်တတ်ဖို့ ...။ မြန်မာ့ယဉ်ကျေးမှုမှာ vocational education ကို အထင်မြင်သေးချင်တဲ့ သဘောရှိတယ်လို့ မြင်မိတယ်..။ တလောက ဆြာတစ်ယောက်ရေးသလိုပေါ့…တရုပ်ကုလား လူမျိုးခြားတွေက အတန်းပညာကို သေစာရှင်စာလောက်ပဲသင် အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုနဲ့ ငွေရှာစီးပွားလုပ်နေကြချိန်မှာ မြန်မာအများစုက သုံးစားမရတဲ့ ပညာရေးစံနစ်ကပေးတဲ့ ဘွဲ့ လက်မှတ်အတွက် အချိန်ဖြုန်းသလိုဖြစ်နေကြတယ်..။
ဒီနေရာမှာ တက္ကသိုလ်ပညာဆိုတာ အတွေးအခေါ်ကို (WAY OF THINKING) လေ့ကျင့်ပေးတာ ဆိုတဲ့ သဘောကို ပြောကြတာပေါ့လေ..။ “တက္က = ကြံစည်ခြင်း၊ သီလ =အလေ့အကျင့်” ဆိုတဲ့ ၀န်ဆောင်မှုလုပ်ငန်းကို မြန်မာ့ တက္ကသိုလ် တွေဟာ အမှန်တကယ် လေ့ကျင့်ပေးနိုင်ရဲ့ လား ..။ အချက်အလက်တွေကို “၏ ၊သည် မရွေး” မလွဲအောင် ပြန်အန်ထုတ်နိုင်မှ အမှတ်များများပေးတဲ့ assessment စံနစ်အားကောင်းတဲ့ ပညာရေးစံနစ်မှာ ဝေဖန်သုံးသပ်နိုင်စွမ်း (critical thinking) ကို ကျောင်းသားတစ်ယောက်က ဘယ်လိုဖွံ့ ဖြိုးအောင်လုပ်နိုင်မှာလဲ…။ ဒါနဲ့ ပတ်သက်လို့  မကြာသေးခင်က.. “ဘာသာရေးက မြန်မာ့ပညာရေးစံနစ်ကို ဖျက်ဆီးတယ်” ဆိုတဲ့သဘောမျိုး ဂျာနယ်တစ်ခုက ဖွတာကို သွားအမှတ်ရမိတယ်..။.... ပြောတဲ့သူကလွဲမှားတဲ့ မြန်မာ့ပညာရေးဓလေ့နဲ့ အမြင်ကိုပြောချင်တာလို့ ပဲ အပြုသဘောနားလည်ပေးလိုက်မိတယ်….။
တကယ်က…ဘာသာရေးဆိုတာဟာ ပညာရေးမှာ ထဲထဲဝင်ဝင်ပါတ်သက်နေတာပဲ..။ ကိန်းဘရစ်ခ်ျ၊ အီတန်၊ အာက်စဖို့ အစရှိတဲ့..ကမ္ဘာ့ထိပ်သီး တက္ကသိုလ်ကြီးတွေဟာ ဘာသာရေးကိုအကြောင်းပြု ပြီး ပေါ်ပေါက်လာကြတာပဲ..။ …မြန်မာပြည်အရပ်ရပ်မှာ စာဝါလိုက်ကြတဲ့ ဦးဇင်းတွေနဲ့ စာချကျောင်းကြီးတွေလိုပဲ. ဒီတက္ကသိုလ်ကြီးတွေမှာ ခရစ်ယန်ဘုရားရှိခိုးကျောင်း (chapel) တွဲလျှက်ရှိနေတာပဲ..။ ဆောက်ထားတဲ့ အဆောက်အဦးတွေရဲ့ ပုံစံကို ပြောရာမှာပဲဖြစ်ဖြစ်…လေ့လာသင်ကြားကြတဲ့ပုံစံကိုပြောဆိုရာမှာပဲဖြစ်ဖြစ် “monastic community” နေထိုင်မှုပုံစံတွေပါဘဲ…။ ဒီလို အတူတကွဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ အသိအမြင်ဖလှယ်ကြ၊ ညစာအတူစားကြတဲ့… လူ့ ရပ်ရွာနဲ့  သီးခြားဖြစ်နေတဲ့အဖွဲ့ အစည်းကို ဘုရင်တွေ၊ သူကောင်းမျိုးတွေ၊
သူဋ္ဋေးသူကြွယ်တွေက ထောက်ပံ့ရင်းနဲ့ ကနေ့ တက္ကသိုလ်ကြီးတွေအဖြစ်ဖွံ့ ဖြိုးလာတာပဲ..။
သတိပြုဖို့ က ဒီလို ၀ါသနာတူရာစုပြီး လေ့လာကြတဲ့ သူတွေဟာ အသက်မွေးဝမ်းကြောင်းအတွက် အကျိုးတစုံတရာ မျှော်လင့်ပြီး ဆည်းပူးခဲ့ကြတာမဟုတ်ဘူး..။ …သမိုင်းကို ပြန်ကြည့်ရင်… ပညာကို အသက်မွေးဝမ်းကြောင်းအတွက်အသုံးချဖို့ အလျင်းမရည်ရွယ်ဘဲ… လေ့လာဆည်ပူးတဲ့ ဓလေ့ (Academic) ဟာ…ပိုက်သဂိုးရပ်စ် ဂိုဏ်းသားတွေက စီးဆင်းလာတာ...။ “Academy” ဆိုတဲ့စကားလုံးကိုယ်တိုင်က ဂရိတောအုပ်ကလေးတစ်ခုရဲ့ နာမည်..။ ဒီပိုက်သဂိုးရပ် ဂိုဏ်းသားတွေ နဲ့ ဂရိတွေ ဟာ ကနေ့ ခေတ်ပညာရေးရဲ့ နယ်ပယ်အားလုံးနီးပါးလောက်နဲ့ သင်ယူခြင်းဆိုင်ရာ နည်းနာတွေရဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာချပေးခဲ့ကြတဲ့သူတွေ....။ အင်ဂျင်နီယာအတတ်၊ ဗိသုကာ၊ လူမှုရေးသိပ္ပံ၊ နက္ခတ္တဗေဒ၊ သချာင်္ စသဖြင့်..သိပ္ပံရဲ့ ဘုရားတစ်ဆူအဖြစ် ပိုက်သဂိုးရပ်စ် ကို အသိအမှတ်ပြုရလောက်အောင်ပါပဲ..။
ဒီ ပိုက်သဂိုးရပ်လူ့ အဖွဲ့ အစည်းရဲ့ စည်းမျဉ်းတချို့ ဟာ ကွန်မြူနစ်ဝါဒရဲ့ သဘောတရားတွေကို အဦးဆုံး ကျင့်သုံးခဲ့ကြတာလို့ တောင်ဆိုနိုင်တယ်....။ ပုဂ္ဂလိက ပိုင်ဆိုင်မှုအနည်းငယ်ပဲရှိရပြီး အများပိုင် ဘုံပိုင် သံဃိက အဖြစ် သုံးစွဲကြတာ…အချင်းအချင်းကြားမှာ ထက်အောက် ဆက်ဆံရေးမရှိ…တန်းတူ မိတ်ဆွေအနေနဲ့ ဆက်ဆံကြတာ…စသဖြင့်..။ ဗုဒ္ဓရဲ့ သံ ဃာ့ အဖွဲ့ အစည်းလိုပေါ့..။ ကနေ့ ခေတ်ကလေးတွေရဲ့ ဂျော်မက်ထရီ (geometry) ဆိုတာဟာ ပိုက်သဂိုးရပ်ဂိုဏ်းသားတွေအတွက် က ပိဋ္ဋကတ်ကျမ်းစာပဲ..။ ပြီးတော့..ဒီဂိုဏ်းသားတွေဟာ တင်းကျပ်တဲ့ သက်သက်လွတ်သမားတွေဖြစ်ကြပြီးတော့..ခပ်ကြောင်ကြောင်စည်းမျဉ်းတွေလည်းရှိကြတယ်လို့ ဆိုတယ်…။ ဥပမာ ပဲစေ့ (bean) ကိုမစားရဆိုတာမျိုး..။ ဗုဒ္ဓရဲ့ ဝိနည်း၂၂၇ သွယ်ထဲက သစ်ပင်သစ်ခက် ကို ချိုးဖြတ်မိတဲ့ ရဟန်း အာပတ်သင့်တဲ့ သိက္ခာပုဒ်ကို သွားအမှတ်ရစရာပေါ့..။ Very Purist တွေပေါ့လေ…။
..ဒါပေမယ့်… ပိုက်သဂိုးရပ် ဂိုဏ်းသားတွေရဲ့ အပြင်းထန်ဆုံးပါရာဇိက သိက္ခာပုဒ်က သူတို့ အဖွဲ့  လေ့လာဆည်းပူးရင်းရရှိလာတဲ့ အသိပညာကို လောကီကြောင်းမှာ အသုံးမချရ (no application) ပါတဲ့..။ အသိပညာအတွက် အသိပညာသက်သက် လေ့လာဆည်းပူးခြင်း (knowledge for knowledge sake)။ အသိပညာကို ချစ်မြတ်နိုးသူ ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ …ဂရိစကားလုံး ၂ လုံးကို ပေါင်းထားတဲ့ …philosopher ဆိုတာကိုပါထွင်ခဲ့တာ..။ ဒါကိုပဲ Academician အကဲဒမစ်သမားလို့ ကနေ့ ခေတ်မှာ ခေါ်ဝေါ်ကြတာပဲ..။
ဒီစည်းမျဉ်းကို ပထမဆုံး ချိုးဖေါက်သူ အလဇ္ဇီကတော့ အာဒီမီဒီးစ် ပေါ့..။ ဆွေမျိုးရင်းကြီး ရှင်ဘုရင်ရဲ့ သရဖူ ရွှေစစ်မစစ်ကိုဖေါ်ထုတ်တဲ့ သူ၊ တိုင်းပြည်ကို လာတိုက်ခိုက်သိမ်းပိုက်တဲ့ ပါသျှန်းတွေကို ပြန်ခုခံဖို့ မှန်ဘီလူးတွေ၊ စက်သီး တွေကို တီထွင်တပ်ဆင်ခဲ့တဲ့ အင်ဂျင်နီယာ။ ကနေ့ ခေတ်လို ရိုးရှင်းတဲ့ ဆယ်လီစိပ် ဂဏန်းစံနစ် (Number system) သာ ရှိခဲ့ရင် ကဲကုလ သချာင်္ကို အိုင်ဆက် နယူတန်ထက် အရင် ဖေါ်ထုတ်နိုင်ခဲ့မယ့် သချာ်ပညာရှင်..။ ဒီတော့ အာခိမီဒီးစ်ဟာ အဦးဆုံးသော အသုံးချ သိပ္ပံပညာရှင် ကြီးပေါ့..။ ဒီကနေ ဆက်စဉ်းစားကြည့်ရင် ..ကနေ့ ခေတ် ပညာရပ်တွေရဲ့ နတ်ဘုရားတစ်ဆူ ပိုက်သဂိုးရပ်စ်သာ ရှိနေသေးရင်တော့ ဒီလို R&D (Research & Development) ကို စီးပွားရေးတိုးတက်မှုအတွက် အသုံးချတဲ့သူတွေကို ရှုံ့ ချမှာအမှန်ပဲဆိုတာ....။
ဒါကကြတော့ တကယ့် ပညာရှင်အစွန်း..
ဒါပေမယ့်…ဒီလို တကယ့်အကဲဒမစ်ပညာဆည်းပူးဖို့ က အထောက်အပံ့ကောင်းကောင်းပေးတဲ့ ပတ်ဝန်းကျင်ရှိရတယ်. Enabling Environment။ ဒီ့အတွက် ရာစုနှစ်တွေနဲ့ ချီစုဆောင်းထားရတဲ့ အသိပညာဆိုင်ရာမှတ်တမ်းမှတ်ရာတွေ ရှိရတယ် (Knowledge Bank)…။ ဒီအသိပညာကို ကောင်းကောင်းဆည်းပူးထားတဲ့ ပုရောဟိတ်တွေရှိရတယ်..။ ဒါကြောင့်ပဲ ကမ္ဘာ့တက္ကသိုလ်ကြီးတွေရဲ့ အဆင့်အတန်းကို စာကြည့်တိုက်၊ သင်ထောက်ကူ၊ သင်ကြားတဲ့ဆရာရဲ့ အရည်အသွေး စသဖြင့် အကဲဖြတ်ကြတာပဲ..။.ဒါပေမယ့်လည်း…ဒီလို သင်ယူမှုအခွင့်အလမ်းတွေ learning opportunities တွေ ဘယ်လောက်ပဲများနေပါစေ တကယ်သင်ယူတတ်မြောက်မှုဟာ အဆုံးမှာ သင်ယူသူ ကျောင်းသားရဲ့ အပေါ်မှာ လုံးလုံးမူတည်နေတာ self-study..။ ဆရာ (သို့ ) ပါမောက္ခ ဆိုတာ စာကြည့်တိုက်မှူးသာသာပဲ..။ လက်ချာဆိုတာ မတက်မနေရမဟုတ်။ ဒါပေမယ့် အတန်းသားတွေနဲ့ ဆရာ ဆွေးနွေးမှု (ကျူတိုရီယယ်ပေါ့) ကိုတော့ မဖြစ်မနေ လုပ်ကြရတာပဲ.. (Compulsory)။
အမေရိကန်ပညာရေးမှာတော့ Seminar class လို့ ခေါ်တဲ့ စာမေးပွဲမရှိတဲ့ အတန်းတွေရှိတယ်..။ တပါတ်စာ ဖတ်ရမယ့်စာတွေကို ကြိုဖတ်ပြီး ကျောင်းသားတွေဟာ ခေါင်းစဉ်တစ်ခုကို ၀ိုင်းဆွေးနွေးကြရ…အက်ဆေးတစ်ပုဒ်ကို အပတ်စဉ် ရေးကြရတယ်..။ စာသင်နှစ်အဆုံးမှာ စာတမ်းတစ်စောင်ကိုရေးကြရတာပဲ..။ အင်္ဂလန်ပညာရေးမှာတော့ စကားလုံးရေ ၃၀၀၀ လောက်ရှိတဲ့ အက်ဆေးတစ်ပုဒ်ကို အပတ်စဉ်လိုက်ရေးကြရတယ်..။ ပြီးရင် စာမေးပွဲစစ်..ကျမ်းတစ်စောင်ပြုစု စသဖြင့်..။ ဒါက ဘွဲ့ လွန်ပညာရေးပေါ့လေ..။ ဘွဲ့ ကြိုတန်းတွေမှာတော့ ဒီလောက်တော့ မလုပ်ရဘူးပေါ့..။ ဒီလိုရေးရတဲ့ အက်ဆေးဆိုတာတွေကလည်း ငြင်းခုန်ချက်တစ်ခု အစ်ရှူးတစ်ခုကို ဆုပ်ကိုင်ပြီး ဖတ်ထားတဲ့ အချက်အလက် အကိုးအကားတွေနဲ့ ကိုယ့်အမြင် ကိုယ့်ရပ်တည်ချက်ကို ခိုင်လုံအောင် ခုခံချေပ ရေးကြရတာ..။ အမှားအမှန်မရှိသော ဆွေးနွေးမှု။
ဒီတော့..ပြန်ချုပ်ရရင် စံနစ်ကောင်းပင်ရှိလင့်ကစား ကိုယ်က အသုံးမကျရင် မထွန်းပေါက်နိုင်ဘူး..။ စံနစ်မကောင်းဦးတော့ ရှိနေတဲ့ ပေးထားချက်ကနေ အကောင်းဆုံးအဖြေထွက်အောင် လုပ်နိုင်ရင် လည်း တဆင့်ချင်းသွားလို့ ရတာပဲလေ..။ အဆုံးမတော့ “ငါကျန်းမာဖို့ ၊ ငါ့တာဝန်၊ ငါကုသိုလ်ရဖို့ ငါ့တာဝန်၊ ငါစိတ်ချမ်းသာဖို့ ငါ့တာဝန် ဆိုသလိုပဲ…ငါပညာတတ်ဖို့ ငါ့တာဝန်လို့ ” ခံယူထားရင် အောင်မြင်မှု တစ်စုံတစ်ရာတော့ ရမှာပဲ..။ ပညာကို ချစ်တတ်ရင် စကေလားရှစ်တစ်ခုကိုတော့ သိမ်းပိုက်မိမှာပဲ..။ ၀မ်းရေးဆိုတာဟာလည်း ကျွဲကူးရေပါဖြစ်လာမှာပါ...။ ချမ်းသာဖို့တော့ မမျော်လင့်နဲ့ပေါ့..။ကနေ့ ခေတ်လို နည်းပညာတွေပေါက်ကွဲနေတဲ့... ကမ္ဘာဟာ ရွာကြီးဖြစ်လာတဲ့ ...အင်တာနက်ခေတ်ကြီးမှာ ပတိရူပဒေသ၀ါသောစ (Enabling Environment) ဆိုတာ အခွင့်အရေးကို ကိုယ်ဘယ်လိုမြင်သလဲဆိုတာအပေါ်မှာ အများကြီးမူတည်ဆယ်ဆိုတာလည်း မေ့လို့ မရဘူးပေါ့….
 Athenian Ahnyarthar
ပါတီ အင်စတီကျူးရှင်းဆိုင်ရာ အခြေခံများ
$
0
0
(၁) ခေတ်မီလူ့အဖွဲ့အစည်းဆိုတာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံနဲ့ စုဖွဲ့စည်းထားတဲ့ ဗဟုလူ့အဖွဲ့အစည်း (plural society) မျိုးဖြစ်ပြီး၊ နိုင်ငံရေးပါတီကောင်းတစ်ခုက အဲဒီလူတန်းစားအလွှာအသီးသီးတွေကိုမိမိပါတီရဲ့ စိတ်ကူးအမြှော်အမြင်နဲ့ ဦးတည်ချက်လုပ်ငန်းတွေ (Vision and Missions) အောက်မှာ ရေရှည်မြဲမြံအောင်  စည်းရုံးသိမ်းသွင်းထားရမှာ  ဖြစ်တယ်။
(၂) တည်ငြိမ်မှုရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာလည်း လူထုနိုင်ငံရေးပူးပေါင်းပါဝင်မှု (political participation) မြင့်မားမှုအပေါ်မှာ တည်ပါတယ်။ တော်လှန်ရေး၊ အမျိုးသားရေးတို့နဲ့ စုဖွဲ့ထားတဲ့ သမားရိုးကျ နိုင်ငံရေးအစုအဖွဲ့တွေဟာ ခေတ်မီ နိုင်ငံရေးပါတီ အင်စတီကျူးရှင်းပုံစံကို ကျင့်သုံးခြင်းအားဖြင့်သာ လူထုရဲ့ နိုင်ငံရေး ထောက်ခံမှုနဲ့ ပူးပေါင်းပါဝင်မှုကို အမြဲမြှင့်ယူသွားနိုင်မှာ  ဖြစ်ပါတယ်။
(၃) ပါမောက္ခ ဟန်တင်တန်က သူ့ရဲ့ Political Order in Changing Societies စာအုပ်မှာ “နိုင်ငံတည်ဆောက်ရေးဆိုတာ လူ့အဖွဲ့အစည်းအတွင်း ထိရောက်စွမ်းဆောင်ရည်မြင့်တဲ့ ဗျူရိုကရေစီစနစ်ကို လူ့အဖွဲ့အစည်းအတွင်းမှာ ဖန်တီးရခြင်း၊ တစ်နည်းအားဖြင့် နိုင်ငံရေးလုပ်ငန်းမှာ လူသစ်တွေ အုပ်စုသစ်တွေ ပူးပေါင်းပါဝင်လာအောင် စွမ်းဆောင်ရည်မြင့် ပါတီစနစ်တစ်ခုကို ထူထောင်ခြင်း  ဖြစ်တယ်” လို့ ရေးထားတယ်။ ဒါကြောင့်  ပါတီတွေဟာ လူထုရဲ့ နိုင်ငံရေးပါဝင်မှု မြင့်တက်လာအောင် အမြဲစည်းရုံးလှုပ်ရှားနေရပါမယ်။
(၄)ပါတီအင်စတီကျူးရှင်း  အားကောင်းအောင် တည်ဆောက်နေခြင်းဟာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေခြင်း ဖြစ်တယ်။ ပါတီရဲ့ မူဝါဒနဲ့ စနစ်တွေက လူထုနိုင်ငံရေးပါဝင်မှုနှုန်း မြင့်လာအောင် တိုးချဲ့လုပ်ယူနိုင်စွမ်း ရှိရမယ်။ ပါတီမူဝါဒနဲ့ စနစ် တည်ငြိမ်မှုရှိမှ ပါတီအင်စတီကျူးရှင်း အားကောင်းလာနိုင်ပြီး လူထုယုံကြည်ကိုးစားမှု တာရှည်ခံပါလိမ့်မယ်။
(၅) သို့သော် ပါတီတစ်ခုဟာ လူထုရဲ့ နိုင်ငံရေးပါဝင်မှုနှုန်း မြင့်မားပေမဲ့လည်း ပါတီအင်စတီကျူးရှင်းဆိုင်ရာ ညံ့ဖျင်းခြင်းက ပါတီတွင်း ဖရိုဖရဲဖြစ်မှု၊ အုပ်စုဂိုဏ်းဖွဲ့မှု၊ ပုဂ္ဂိုလ်ရေးထူထောင်မှု၊ အကြမ်းဖက်မှု တို့အထိ ဦးတည်သွားစေနိုင်ပါတယ်။ ရန်ဘက်ပါတီ သို့မဟုတ် အာဏာရအစိုးရတွေရဲ့ ထောင်ချောက်ထဲ အလွယ်တကူ ကျရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အားကောင်းတဲ့ပါတီ ဖြစ်ဖို့ဆိုရင် နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းဖွဲ့စည်းဆောင်ရွက်မှု (political institutionalization) ကို အလေးထား လုပ်ဆောင်ကြရမှာ  ဖြစ်ပါတယ်။
(၆) တစ်ဖက်မှာ လူထုထောက်ခံမှု အတော်အတန်ရထားတဲ့ တော်လှန်ရေးအုပ်စုတွေကလည်း ပါတီရယ် အဖွဲ့အစည်းရယ် သတ်သတ်မှတ်မှတ်မရှိဘဲ လှုပ်ရှားဆောင်ရွက်ခြင်းက လမ်းပေါ်လှုပ်ရှားမှုတွေနဲ့ ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှုတွေကိုပဲ ဦးတည်စေတတ်တယ်။ ဒါကြောင့် ခေတ်မီနိုင်ငံရေးစနစ်ကို လျှောက်လှမ်းလိုတဲ့ ခေါင်းဆောင်တွေဟာ ပါတီစနစ်က တစ်ဆင့်သာ လူ့အဖွဲ့အစည်းတွင်း နိုင်ငံရေးဖွံ့ဖြိုးမှု ရှိလာအောင် တည်ဆောက်ယူရပါမယ်။ ရပြီးသား လူထု ထောက်ခံမှု၊ လူထုလှုပ်ရှားပါဝင်မှုတွေ အချည်းအနှီးမဖြစ်အောင် အဖွဲ့အစည်းဆိုင်ရာ မစ်ရှင် ဗစ်ရှင်များနဲ့ ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။
(၇) ဒီမိုကရေစီ စံနှုန်းတွေအရကြည့်ရင် ဒီမိုကရက်တစ်ပါတီနိုင်ငံရေးကို အထင်သေးသူမည်သူမဆို အာဏာရှင်စရိုက် ရှိသူ ဖြစ်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်များက ဆိုတယ်။ ဒါကြောင့် ပါတီနိုင်ငံရေးဟာ ဒီမိုကရေစီရဲ့  အသက်ဝိညာဉ်ဖြစ်လို့ ဒီမိုကရေစီ လိုလားတဲ့နိုင်ငံရေးသမားတိုင်း ပါတီတည်ဆောက်သူ  ဖြစ်နေရမယ်။
(၈) ရွေးကောက်ပွဲနဲ့ လွှတ်တော်ဟာ ပြန်လည်တင်ပြပြောဆိုနိုင်ရေးအတွက် နည်းကိရိယာတွေ (Election and parliament are instruments of representation.) လို့ဆိုရင်၊ ပါတီတွေကတော့ စည်းရုံးလှုပ်ရှားမှုရဲ့ နည်းကရိယာ ဖြစ်တယ် (Parties are instruments of mobilization)။ ပါတီတွေ ပါဝင်မှုမရှိတဲ့ ရွေးကောက်ပွဲဟာ အသက်မရှိသလို၊ အရွေ့ မဖြစ်စေနိုင်ဘူး။ ပါတီတွေ ပါဝင်တဲ့ ရွေးကောက်ပွဲကသာ နိုင်ငံရေးနိုးကြားလှုပ်ရှားမှုတွေ ဖြစ်လာစေတယ်၊ ရွေးကောက်ပွဲ မသမာမှုကိုလည်း ဖော်ထုတ်ပြီး လူထုထောက်ခံမှုပိုရအောင် လုပ်နိုင်တယ်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့ ပါဝင်မှု ပိုအားကောင်း လေလေ၊ လူထုရဲ့ မဲပေးမှုနှုန်းနဲ့ နိုင်ငံရေးစိတ်ဝင်စားမှုနှုန်း ပိုမြင့်မားလေလေဖြစ်တာကြောင့် ပါတီတိုင်းဟာ ရွေးကောက်ပွဲကို ဖြစ်နိုင်ရင် လက်မရှောင်သင့်ဘူး။
(၉) ခေတ်နောက်ကျတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ အခွင့်ထူးခံလူစုတွေက နိုင်ငံရေးပါတီတွေ ပေါ်ထွက်မလာအောင် ဟန့်တား ထားလေ့ရှိတယ်။ ပါတီသာမက အခြား သမဂ္ဂအဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့အသင်းအဖွဲ့တွေ ပေါ်ထွက်မလာအောင်လည်း ပိတ်ဆို့တားမြစ်ကြတယ်။ သို့သော် အာဏာရအစိုးရတွေက နိုင်ငံရေးပါတီတွေနဲ့ သမဂ္ဂတွေကို ပိုဖိနှိပ်လေလေ၊ လူ့အဖွဲ့အစည်း ပိုမတည်ငြိမ်လေလေပါပဲ။ နိုင်ငံတကာအတွေ့အကြုံတွေအရ လွတ်လပ်တဲ့ နိုင်ငံရေးပါတီတွေ မရှိတဲ့ နိုင်ငံတွေမှာ အာဏာသိမ်းမှုတွေ ပိုကြိမ်ဖန်များပါတယ်။
(၁၀) လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးစနစ် တည်ငြိမ်မှုရှိရေးဟာ နိုင်ငံရေးပါတီတွေရဲ့ ကြံ့ခိုင်အားကောင်းခြင်းအပေါ် တည်မှီပါတယ်။ နိုင်ငံရေးပါတီတွေ အားကောင်းလာတာနဲ့အမျှ နိုင်ငံရေးအတွင်း စစ်ဘက်ရဲ့ ၀င်ရောက်စွက်ဖက်မှုကို လျှော့ချနိုင်မယ်။ နိုင်ငံရေးပါတီတွေ အားမကောင်းခြင်း၊ ခေါင်းဆောင်မှု အစည်းပြေခြင်း၊ လူထုထောက်ခံမှု ကျဆင်းခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ဆောင်ရွက်နိုင်မှုမရှိဘဲ ပုဂ္ဂိုလ်ရေးကိုယ်ကွယ်မှု မြင့်နေခြင်းတို့ဟာ စစ်ဗိုလ်ချုပ်တွေကို အာဏာသိမ်းဖို့ လက်ကမ်းနေသလိုပါပဲ။
(၁၁) အားနည်းတဲ့ ပါတီတစ်ဖွဲ့ဟာ တည်ထောင်သူ ခေါင်းဆောင်ပုဂ္ဂိုလ်အပေါ် အလွန်အမင်း အားကိုးလွန်းပြီး၊ အဲဒီပါတီဟာ ထိုပုဂိုလ်  မရှိတဲ့နောက် ပျက်စီး သွားတတ်တယ်။ ပါကစ္စတန်က ဂျင်းနား၊ သိရိလင်္ကာက ဆီနာနာယာကီ၊ မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းတို့ ကွယ်လွန်ပြီးတဲ့နောက် သူတို့ရဲ့ ပါတီတွေဟာ ကြာရှည်မခံဘဲ ပျက်စီးသွားခဲ့ပါတယ်။ အိန္ဒိယက ကွန်ဂရက်ပါတီကတော့ ဂန္ဒီကြီးသေဆုံးခဲ့ပေမဲ့၊ နေရူးရဲ့ ပုဂ္ဂိုလ်ရေးမဆန်မှု၊ အင်စတီကျူးရှင်းဆိုင်ရာ ဖွဲ့စည်းနိုင်ခဲ့မှုကြောင့် ယနေ့ထိ အောင်မြင် ရှင်သန်နေဆဲဖြစ်တယ်။
(၁၂) နိုင်ငံရေးပါတီကောင်းဟာ အခြားမိတ်ဖက်ပါတီတွေနဲ့ တူညီတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အလုပ်သမား သမဂ္ဂလို အဖွဲ့တွေကို အားပေးဆောင်ရွက်မှု မပြတ်ရှိရပါမယ်။ မိမိပါတီကို ထောက်ခံတဲ့ လူထုတွေနဲ့ သမဂ္ဂတွေကို ပါတီရဲ့ အင်စတီကျူးရှင်းဆိုင်ရာ မူဘောင်အောက်မှာ စည်းရုံးပြီး အားလုံး တိုးတက်ဖွံ့ဖြိုးမှုရှိအောင် ကူညီနေရပါမယ်။ ပါတီရဲ့ အင်စတီကျူးရှင်းဆိုင်ရာ ဖွဲ့စည်းနိုင်မှုကသာ  ပုဂိုလ်ရေးဆန်မှုနဲ့ အတွင်းပဋိပက္ခတွေကို လျော့ချပေးနိုင်ပါလိမ့်မယ်။
(၁၃) ပါတီတစ်ဖွဲ့ဟာ မိမိပါတီရဲ့ အတွေးအခေါ်၊ မူဝါဒနဲ့ စနစ်ကို လူထု သဘောပေါက်နားလည်အောင် ရှင်းရှင်းလင်းလင်း တင်ပြထားနိုင်ရမယ်။ မပြတ်မသား ရှုပ်ရှုပ်ထွေးထွေး ပြောဆိုမှုတွေ၊ ကြေငြာချက်တွေနဲ့  ရှေ့နောက်မညီမှုတွေက လူထုကို ကြာရှည် ဖမ်းစားနိုင်ဖို့ ခက်တယ်။ နိုင်ငံတကာပါတီကြီးတွေရဲ့ မူဝါဒတွေကိုလည်း ခွဲခြမ်းစိတ်ဖြာ မိတ်ဆက်ပေးနိုင်ရပါမယ်။
(၁၄) နိုင်ငံရေးပါတီကောင်းတစ်ခုဟာ အလုပ်သမား၊ လယ်သမား၊ ပညာတတ် လူလတ်တန်းစား၊ ကြေးရတတ်များနဲ့ မြို့ပြနေထိုင်သူများ စတဲ့ လူတန်းစားပေါင်းစုံအတွက် ပျော်ဝင်အိုးကြီး (melting pot) ဖြစ်နေရမယ်။ မြို့ပြနဲ့ ကျေးလက်ရဲ့ အသိပညာနဲ့ နေထိုင်မှုဘ၀ ကွာဟချက်တွေကို ဆွဲစေ့ပေးနိုင်မယ့် လမ်းကြောင်းတွေ ရှာဖွေပေးရမယ်။ ကနေ့ နိုင်ငံတိုင်းမှာ နိုင်ငံရေးပါတီတွေအပေါ် လူထုတွေ စိတ်ပျက်မှုရှိလာချိန်မှာ၊ လူမှုရေးလုပ်ငန်းတွေ ပရိဟိတ္တလုပ်ငန်းတွေ၊ လူ့အခွင့်အရေး အကာအကွယ်ပေးမှု၊ မြေယာ စတဲ့ လူထုလိုအပ်ချက်တွေကို ပါတီတွေက တစိုက်မတ်မတ် ကူညီဆောင်ရွက်သင့်ပါတယ်။
(၁၅) ပါတီဝင်စုဆောင်းခြင်း၊ လူထုဆက်ဆံရေးသင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများ၊ နိုင်ငံရေးသိပံ္ပ၊ နိုင်ငံရေးဘောဂဗေဒနဲ့ ဥပဒေသင်တန်းများ ပုံမှန်ပေးရမယ်။ အရည်အချင်းရှိ အမတ်တွေ ၀န်ကြီးတွေ မွေးထုတ်ဖို့ ပြင်ဆင်လေ့ကျင်နေရပါမယ်။ အစိုးရ၀န်ကြီးအဖွဲ့တာဝန် လွှဲပြောင်းယူဖို့၊ ဗျူရိုကရေစီယန္တရားကို ထိထိရောက်စွာ ကိုင်တွယ်နိုင်ဖို့ အသင့်ပြင်ဆင်ပြီးသား ဖြစ်နေရမယ်။ အစိုးရအဖွဲ့အစည်းအတွင်း တာဝန်ယူနိုင်မယ့် ခေါင်းဆောင်များ၊ နိုင်ငံတာကာနဲ့ ဆက်ဆံနိုင်မယ့်သူတွေကို ပါတီက မွေးထုတ်လေ့ကျင့်ပေးထားရမယ်။ နိုင်ငံရေး စီးပွားရေး ဖွံ့ဖြိုးရေး  ရွေးချယ်စရာ မူဝါဒသစ်တွေကို ချပြထားရမယ်။ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ အပြန်အလှန် ထိန်းကျောင်းနိုင်တဲ့ မဏ္ဍိုင်သုံးရပ်ထဲ ကျင်လည်စွာ ၀င်ဆန့်နိုင်မယ့် ခေါင်းဆောင်လောင်းတွေ ပျိုးထောင်ထားရမယ်။ ရန်ပုံငွေ ရှာဖွေရေး နည်းလမ်းများအတွက် ရှင်းလင်းပြတ်သားတဲ့ မူဝါဒရှိရပါမယ်။
(၁၄) ပါတီတွင်း ဒီမိုကရေစီကို ပါတီခေါင်းဆောင်တွေ ကိုယ်တိုင်က လိုက်နာ အကောင်အထည်ဖော်ရပါမယ်။ ပွင့်လင်း မြင်သာမှု ရှိရမယ်။ ပါတီ အယူအဆ အာဘော်နဲ့ပတ်သက်ပြီး တစ်ယောက်တစ်ပေါက်ဖြစ်နေခြင်းက ရန်သူနဲ့ လူထုရဲ့ အထင်သေးမှု ဖြစ်စေတယ်။ ပါတီဝင်အားလုံး ပါတီတွင်း ဆန္ဒထုတ်ဖော် ပြောဆိုခွင့် ရှိရမယ်။ တစ်ဦးချင်းအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ အမျိုးသမီးများ အခွင့်အရေးတွေကို တန်ဖိုးထားရမယ်။ လူသစ်စုဆောင်းရာမှာ ဆရာမွေး တပည့်မွေး  အုပ်စုဖွဲ့တာမဖြစ်အောင်  သတိထားရမယ်။
(၁၅) ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများ၊ ပါတီအခြေခံဖွဲ့စည်းပုံ၊ ပါတီခေါင်းဆောင်သစ် ရွေးချယ်မှု၊ အစိုးရအဖွဲ့အတွက် ခေါင်းဆောင်ရွေးချယ်မှု နည်းလမ်းတွေ ချမှတ်ထားရမယ်။ ပါတီဖွဲ့စည်းပုံဇယားနဲ့ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ပုံ၊ အစီရင်ခံပုံတွေ ရှိထားရမယ်။ ပါတီတွင်း အင်စတီကျူးရှင်းဆိုင်ရာ ပုံဖော်လုပ်ပ်ကိုင်မှုဖြင့်သာ ပုဂ္ဂိုလ်ရေးထူထောင်သူ၊ ဖျာခင်းသူ၊ ရေပေါ်စီ အချောင်သမားနဲ့  အာဏာငမ်းဖမ်းသူတွေကို လျှော့ချသွားပြီး၊ ပါတီ ရည်မှန်းချက် ပန်းတိုင်နဲ့ မဟာဗျူဟာတွေအတွက် ဖော်ဆောင်ပေးမယ့် အရည်အချင်းမြင့် ဒီမိုကရက်တွေ မွေးထုတ်နိုင်မှာ ဖြစ်ပါတယ်။
(၁၇)  အနောက်ဒီမိုကရေစီရဲ့  အားသာချက်က အရည်အချင်းတော်သူကို  နေရာမှန် ရွေးချယ်တင်မြှောက်နိုင်ခြင်း  ဖြစ်ပြီး၊ အားးနည်းချက်က  ပုဂိုလ်ရေးထင်ပေါ်ကျော်ဇောမှုနောက် လိုက်လွန်းခြင်း  ဖြစ်တယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံရေးသမားတွေက အရည်အချင်း (ဥပဒေ၊ အုပ်ချုပ်ရေး၊ သမိုင်း၊ ဒဿနနဲ့  စီးပွားရေးပညာ) တို့အတွက်  အချိန်ယူမြှုပ်နှံဖို့ထက် ဒီမိုကရေစီရဲ့ အားနည်းချက်  ဆယ်လစ်ဘရယ်တီနောက်  အရမ်းလိုက်လွန်းမှုကို သတိထားသင့်ပါတယ်။ (လက်ဝဲသန်သူ နိုင်ငံရေးသမားတွေကလည်း လူထုအတွက် ယူဂျီဆန်ဆန် နေထိုင်မှုကို  မေ့ပစ်ပြီး ပွဲတက်  မိုက်ကိုင်လွန်းမှုကို အားသန်လာကြတယ်။)
အထက်ပါ အချက်တွေဟာ ပါတီဆိုင်ရာ စာအုပ်အချို့မှ မှတ်စုများ ဖြစ်ပါတယ်။ ထပ်ဖြည့် ပြင်ဆင်နိုင်ပါတယ်။ မြန်မာ နိုင်ငံရေးသမားတိုင်း စိန်ခေါ်မှုတွေကြားကပဲ အဆင့်မြင့် ဒီမိုကရက်တစ်ပါတီ တည်ဆောက်ရေးကို အာရုံစိုက်သင့်ပါတယ်။ ဒီမိုကရက်တစ်ပါတီကောင်းနဲ့  ဒီမိုကရက်တွေ မရှိရင် ဒီမိုကရေစီ အမှန်တကယ်  မပေါ်ထွန်းနိုင်ပါဘူး။ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် အရည်အချင်းပြည့်တဲ့ ဒီမိုကရက်တွေနဲ့ အင်စတီကျူးရှင်း အားကောင်းတဲ့ ဒီမိုကရက်တစ်ပါတီတွေ လိုအပ်နေပါတယ်။ နိုင်ငံရေးသမားတွေ စူပါဒီမိုကရက် ဖြစ်လာမှ စစ်ဘက်ရဲ့ အရပ်ဘက် ၀င်ရောက်စွက်ဖက်မှုကို လျှော့ချသွားနိုင်မှာ ဖြစ်တယ်။
ဒါကြောင့်  မြန်မာနိုင်ငံမှာ  အင်စတီကျူးရှင်းဆိုင်ရာ အားကောင်းတဲ့ ပါတီတွေ ထွက်ပေါ်ရေးဟာ ယနေ့  သမိုင်း လိုအပ်ချက်ပါ။ ရာစုချီ  တည်တံ့ခိုင်မြဲမယ့််  ဒီမိုကရက်တစ်ပါတီကြီး တစ်ခု နှစ်ခုကို အမွေချန်ပေးနိုင်ခဲ့တဲ့  နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်တွေကိုသာ နှောင်းမျိုးဆက်တွေက  ကျေးဇူးတင် အမြဲအမှတ်ရနေကြမှာ  ဖြစ်ပါတယ်။
ရဲမြင့်ကျော်
မတ် ၂၀၁၄
မဇ္ဈိမ သတင်းစာ
ရေငုပ်ရှိန်းခိုသီး အမှုတွဲ
$
0
0
"အကို..အကို"
"အေး..ဝင်ခဲ့လဟ"
"ဟုတ်ဘူး ဧည့်သည်က တွေ့ချင်လို့တဲ့"
"အေး လွှတ်လိုက်လကွ ရပ်ရှားလား၊ မလေးလား"
"ဟုတ်ဘူး ဗမာ..အထီး"
"ငွင်....."
စာမေးပွဲရှိ၍ စာကြည့်နေသော (ဖေ့စဘုတ်) မှ ခွာကာ ထိုင်ခုံကို နောက်ပြန်လှည့်လိုက်သည်။ ဆုံလည်ကုလားထိုင် မဟုတ်သဖြင့် မ၍လှည့်ရ၏။
"ကိုမောင်ဟန်လား"
"ဟင် အိုက်အိုဒင်း ကိုကိုကြီး"
"ကျနော် အိုင်းရစ်စ်စ်စ်စ်စ် ပါ။ ခင်ဗျားတို့ရဲ့ မြောင်းထဲက စာတိုပေစလေးတွေကို အရောင်တင်ပြီး စာနယ်ဇင်း လစ်လပ်နေရာလေးတွေမှာ ဖြည့်ပေးနေတာ ကျနော်ပေါ့။ ခုလဲ ခင်ဗျားတို့ရဲ့ နုံချာလှတဲ့ အသိဥာဏ်တွေ ဖွင့်ပေးဖို့ လာခဲ့တာ...ဦးညွှတ်လိုက်ပါ ကိုမောင်ဟန် ကျနော် အိုင်းရစ်စ်စ်စ်စ်ပါ"
ဟင် ငါရဲ့ ကျနော်မောင်ဟန်ပါ ဆိုတာလေးတောင် သူလေသံနဲ့မှ စောက်မြင်ကပ်စရာ အတည်ကြီးဖြစ်သွားတော့တယ်။ လူကိုလဲကြည့်ဦး အကြည်တော်ရေးတဲ့ အိုက်အိုဒင်းကိုကိုကြီးရုပ် တစ်ထေရာတည်း။ ခုခေတ်စားနေတဲ့ သရီးဒီပရင့်နဲ့များ ထုတ်လိုက်သလား ထင်ရတယ်။ ယူရိုပီယန်စုကို အော်တာဆန်ဆန် အောက်ရှူးဘောင်းဘီ အကြပ်၊ ကုတ်အကျီင်္ခါးကြပ် အပြာဝမ်းဆက်၊ အောက်က ပန်းပွင့်အသေးလေးတွေ အများကြီးပါပြီး အနားတွေကို ကနုတ်ခြယ်ထားသည့် အော်တာရှပ်ကို နက်ကတိုင် အစင်းကြားဖြင့်။ အခန်းထဲ ဖိနပ်ချွတ်ဝင်ရတော့ ခြေအိတ်က အပြာနုကို ပန်းပွင့်ကလေးတွေ ခြေမျက်စိနားမှာပါသည့် ခြေအိတ်ကို ခြေမလေး ကုတ်ကာကုတ်ကာ ဒူးနန့်နေ၏။ မျက်လုံးကလဲ အငြိမ်မနေ၊ လက်ကလဲ အငြိမ်မနေ စားပွဲပေါ်မှာ ကြွေမြေအိုးကို လှပ်ကြည့်သည်။ ကော်ဖီဖျော်သောက်သည့် သကြားတစ်ခဲ ကောက်ဝါး၏။ ပတောက်ပတောက်နှင့် ဝါးနေစဉ် ရေစစ်ဘူးကို ဖွင့်ကြည့်သည်။ အပေါ်ဆင့်ကိုဖြုတ်၍ အောက်ထဲက ရေထဲ လက်ညိုးဖြင့် မွှေ၏။ ကုန်ပါပြီ သောက်ရေတွေတော့။ လက်ညိုးကို ငုံကြည့်သည်။ ထပ်နှစ်၏။ ထပ်ငုံကြည့်သည်။
"သောက်ရေပဲဗျ။ ရေစစ်လိုက်တော့ အတော်သန့်သားပဲ။"
ပြောပြောဆိုဆို ရေစစ်ဘူးကို ပါးစပ်တွင်တော့ကာ မော့ချ အဲလေ...နုတ်ခမ်းအစုံဖြင့် တေ့ကာ တပြွတ်ပြွတ်နှင့် စုပ်နေလေ၏။ သွားပါပြီ ငါ့သောက်ရေစစ်တဲ့ဘူးကလေးတော့...။
"အေးဗျာ... ခင်ဗျားတို့လို ရေသန့်ဝယ်မသောက်နိုင်တဲ့ နေရာရောက်တော့လဲ ခင်ဗျားတို့ သောက်သလိုပဲ သောက်ရတာပေါ့။ ကျနော်တို့က သတင်းထောက်လေ ခင်ဗျားတို့ ထင်တာထက် အများကြီး ကြမ်းတမ်းတဲ့ ဘွတွေ ဖြတ်သန်းလာတာပါ ဒါတွေ ခင်ဗျား ဘယ်နားမလဲ"
"ဟုတ်"
ထို့နောက် ဘီယာ ဘူးခွံတွေကို လိုက်လှုပ်ကြည့်၏။ ဆော့ချဉ်ဘူးကို လှည့်ပတ်ကြည့်၏။ တံဆိပ်ကို ဖတ်ကြည့်သော်လည်း သူမဖတ်တတ်၍ အဖုံးဖွင့်ကာ ရှူကြည့်သည်။ ပြန်ချ၏။ သွားကြားထိုးတံ တစ်ချောင်း ထုတ်ကာ ကိုက်၏။ အခန်းပတ်လည် မျက်လုံးဝေ့၏ ကိုယ်လဲ မလှုပ်ရဲ။ တွတ်ပီစွပ်ကျယ် အစုတ်၊ ပုဆိုးအပေါက်ဖြင့် နေမိလေတော့ သူ့ရဲ့ စတိုင် အလန်းကြီးအောက်ဝယ် နဲနဲမှ မလှုပ်ရဲ။ သူကလဲ တော်ရုံတန်ရုံမဟုတ် မီဒီယာသမား မြန်မာပြည်ရဲ့ မဏ္ဍိုင် သတင်းထောက်ကြီး အိုင်းရစ်ဆိုတော့ လည်ပင်းအစ်နေအောင် ကြောက်၏။
"ဘုရားစင်လဲ ရှိသားပဲ"
ဘုရားစင်သို့ မျက်စိရောက်သွားပြီ....
"ဟုတ်...ကျနော် ဗုဒ္ဓဘာသာပါ"
"ဆွမ်းတော် စွန့်တော့လေဗျာ..."
"ဟင်.....ဟုတ်..."
ကပ်ထားသော ငှက်ပျောသီးပန်းကန်ကို ဆွမ်းတော်စွန့်ကာ စားပွဲပေါ် ချပေးလိုက်တော့ ၂လုံး တစ်ပြိုင်တည်းဖြုတ်ကာ စား၏။ ပလုပ်ပလောင်းနှင့်ပင်...
"ကျုပ်က ဆင်တွယ်မှ ကျတာ"
ဟင်..အတော် ဖင်ခေါင်းကျယ်တဲ့ကောင်။ အဲဟုတ်ပေါင် ဆင်စွယ် ငှက်ပျောသီးမှ ကြိုက်တာကို ပလုပ်ပလောင်း ပြောတာပါ။ ဟုတ်မှာ။ဟုတ်မှာ။
"ခင်ဗျားတို့ စာတိုပေစလေးတွေ ကျုပ်ယူပြီး ဂျာနယ်ထဲထည့်ပေးလို့ ရတဲ့စာမူခဆိုတာ ကျုပ် တစ်လတစ်လ လိပ်ပတ်လည်အောင် ငှက်ပျော်သီး ဝယ်စားလို့မရဘူး သိလား"
ပြောပြောဆိုဆို နောက်ထပ် ၂လုံးထပ်ဖြုတ်၏။
အင်း သည်မှာ ငှက်ပျော်သီးဈေးက ခေါင်ခိုက်နေပါတယ်ဆိုမှပဲ အေးလေ သည်လို စားနုန်းနဲ့ ဆင်တွယ်မှ သဘောကျတာဆိုတော့ ဘယ်ဝအောင် စားရရှာမလဲ သနားပါတယ်။ ပိန်နေတာသာ ကြည့်တော့။
"ခု ခင်ဗျား ဘာလုပ်နေတုန်း"
ပြောပြောဆိုဆိုဖြင့် ကျောပေးထားသော ကွန်ပြူတာကို ကြည့်၏။ မောက်စ်ကို ဟိုရွှေ့သည် ရွှေ့ကြည့်၏။ စလိုက်ရှိုးတင်ထားသော ပုံတွေကို တွေ့သွား၏။
"အောင်မယ် ခင်ဗျားက ဘိုင်အော် လော်ဂျီကယ် ဝက်ပွန်တွေ လာသင်နေတဲ့လူပဲ"
ငင်.....ငယ်ထိပ် မြွေပေါက်ပြီ KGB ရော CIA ရော အင်တာပိုမှာပါ ဝရမ်းပြေးဖြစ်ရမယ့် ဘဝ တွန်းပို့နေပါကရောလား။
"မဟုတ်ပါဘူးဗျာ မနက်ဖြန် စာမေးပွဲရှိလို့ စာကြည့်နေတာပါ အဲတာ ရိုးရိုး ပိုးကောင်တွေပါ"
"ဟုတ်လား မှန်း...ဒါဘာကောင်တုန်း"
"ဆစ်ဖလစ်ဖြစ်တဲ့ကောင်"
"သည်ကောင်ကရော"
"ပလိပ်ဖြစ်တဲ့ကောင်"
"သည်ကောင်ကရော"
"ဒေါင့်သန်းပိုး နရူးရောဂါဖြစ်တယ်"
အံမယ် မဆိုးဘူး မနက်ဖြန် သည်ပုံတွေ မေးရင်တော့ ငါတော့ အောင်ပြီဟ။
"ရောဂါအသစ်တွေလား"
"ငွင့်....နွား..နွား..နွားတွေရူးတာပြောတာ"
"ကဲကြည့် ခင်ဗျား သည်ပိုးတွေနဲ့ လက်နှက်လုပ်ဖို့ ကြံနေတာ မို့လား"
"ငွင်...မဟုတ်..မဟုတ်ရပါဘူး ဆရာရယ်....ကျူုပ်ဒါတွေကို ခုလိုပုံတွေပဲ မြင်ဘူးတာပါ"
"မှန်း....ရေးလက်စတဲ့ ဘာဖိုင်လဲ အဲတာ..အံမယ် ခင်ဗျား...အတော်စုံသားပဲ အဲသည် ဖိုင်ကျုပ်ပေးလိုက်"
ဟင် ဘယ်လိုကြီးတုန်း...ဒက်စတော့ပေါ်က ဖိုင်ကို အိပ်ထဲ ကောက်ထည့်တာ ပါသွားသည်။
"အံမယ် ရေငုပ်သင်္ဘော ပုံတွေပါ့လား ပေး အဲတာလဲ"
"ငွင်...."
"ကျုပ်က သနားလို့ ခင်ဗျားတို့ ရေးပြီးသားမှပဲ ဂျာနယ်ထဲ ယူသုံးပေးတာ။ ခုတော့ ခင်ဗျားတို့ကို သည်လို လွှတ်ပေးလို့မရတော့ဘူး မရေးရသေးတာတွေပါ သုံးမယ်။ မကျေနပ်ဘူးလား ခင်ဗျားဟာ ဘိုင်အိုဝက်ပွန်တွေ လုပ်နေပါတယ်လို့ ရေးလိုက်မယ်။ သည်မယ်တွေ့လား"
ဘယ်ညာ လက်ညိုး၂ချောင်း ထောင်လာပြသည်။
"လက်ညိုး....ဟင်...အာ့ ဘာလဲငင်"
"သည်လက်ညိုး ၂ချောင်းနဲ့ စာစီစာရိုက်လုပ်နေတာ ရိုက်ပြီး ဂျာနယ်ထဲ ထည့်လိုက်ရင် ဘာဖြစ်သွားမယ် ထင်လဲ ဟမ်"
"ဟုတ်....ကြောက်ပါတယ် ဆာအိုင်းရစ်ရယ်"
ဒါပဲ..ခင်ဗျား အခန်း ၄ဘက်လေးတန်မှာ အဆင့်မြင့် ဆန်စာတွေ တပ်ထားခဲ့မယ်။ ခင်ဗျားတွေးလိုက် ကြံလိုက် ဖတ်လိုက်တဲ့ ကိစ္စတွေ ကျုပ်ဆီ ချက်ခြင်းရောက်မယ်။ ကျုပ်ရေးမယ်။ ဂျာနယ်ထဲ ထည့်မယ်။ ခဗျား မကျေနပ်ဘူးနော် ကြိုက်သလို ရှင်းလို့ရတယ်။ မှတ်ထား ကျုပ်နာမည် အိုင်းရစ် ငှက်ပျောသီးကျန်သေးလား"
"ဟုတ် ရေခဲသေတ္တာထဲမှာ ကျန်သေးတယ်။ ဒါပေမယ့် ဘုရား ဆွမ်းတော် မကပ်ရသေး.."
"မလိုချင်ဘူး ကျုပ်စားသွားမယ်။ နောက် ငှက်ပျောသီးကို ကျုပ် အတွက် သပ်သပ် ဖယ်ထားပေး ဒါပဲ။ မင်းက မောင်ဟန်၊ ငါက အိုင်းရစ် ဟေ့ရောင် ဂျာနယ်လစ်ကွ ဝါးနုက ဝါးရင့်လာပတ်မနေနဲ့ ရှင်းတယ်နော် ဒါပဲ ဝှစ်"
"အောင်မလေး ကုန်ပါပြီဗျ"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အကို...အကို...အကို.....နိုးပြီလား..စာမေးပွဲရှိလို့ဆို လာနိုးတာ နိုးလိုက်ရတာဗျာ
သြော် အေးအေး.....အိုင်းရစ် အဲလေ ညီလေး....ဖူး....တော်ပါသေးရဲ့ အိပ်မက်ဖြစ်လို့ ၉ပြစ်ရှိလဲကျေ ၁၀ပြစ်ရှိလဲ ကျေပါ ဂျာနယ်ကျော် အိုင်းရစ်ရယ် ဦးတော် ဦးတော်လို့....ဘုရားဘုရား။
ကျန်းမာချမ်းသာကြပါစေ။ ကျနော် မောင်ဟန်ပါ။ ။
Mg Han
"ရထား"
$
0
0
Ye Kyaw Thura's photo.
ရထားတဲ့….
စုန်ချည် ဆန်ချည်နဲ့
သတ်မှတ်လမ်းကြောင်း ဦးတည်သွား
နေ့ရထား၊ ညရထား
ကျောက်မီးသွေး၊ ဒီဇယ်
လော်ကယ်၊ စာပို့
အထူးအမြန်
ပိုးနသန်ကောင်လို တရွေ့ရွေ့ခုတ်မောင်း…။
တချို့ကလက်မှတ်နဲ့၊ တချို့ကလက်မှတ်မဲ့
တချို့က ထိုင်ခုံနဲ့၊ တချို့ကထိုင်ခုံမဲ့
အထက်တန်း၊ ရိုးရိုးတန်း
လူသွားလမ်းမှာလည်း စီးကြရဲ့…။
တစ်ခါက.....
စာပို့ရထားဆိုတာ
ငါတို့နင်းပြားတွေ အားထားရာ
အချိန်မှန် ပိုးနသန်ကောင်ကြီးပေါ့
အထက်ကုန်၊ အောက်ကုန်
အညာ၊ အကြေ ရှမ်းပြေကုန်လည်းပါရဲ့…..။
Ye Kyaw Thura's photo. 
 တစ်ယောက်ပေါ် တစ်ယောက်ထပ်
တစ်ယောက်ရပ်၊ တစ်ယောက်ထိုင်
မှိုင်သူ၊ ငိုင်သူ၊ ကြိုင်သူ၊ လှိုင်သူ
"နင့်ပစ္စည်း အကုန်ပါရဲ့လား
ငါ့ပစ္စည်းတွေက ဘယ်နားမှာလဲ"
တိုးဝှေ့ ပူးကပ် မေးခွန်းတွေလို
ဘဝတွေက ကျပ်လိုက်တာ…..။
"အမရေ ကန်တော့ကန်တော့နော်
အစ်ကိုရေ ကန်တော့
ကျွန်တော့်ပစ္စည်းလေးတစ်ထုပ်လောက်ထိုးထည့်ထားပါရစေ"
ရဲလာဦးမှာလား
လက်မှတ်စစ်ထပ်တက်ဦးမလား
တရုတ်မဘောင်းဘီရှည်ဝတ်လာရင်တောင်
စိုးရိမ်စိတ်နဲ့ ကြည့်နေရတဲ့ဘဝ
ခင်ဗျာ…ဂေါ်ဖီထုပ်တွေပါ
ဆရာစားချင်ရင် လိုသလောက်ယူသွားလေ
ဟုတ်ကဲ့…ဟုတ်ကဲ့ သိပါတယ်ဆရာ
နောင် မဖြစ်စေရပါဘူး
တိုးလျှိုးတောင်းပန်
ရထားပေါ်က နင်းပြားတွေရဲ့အသံ…..။
ခြေတစ်ဖဝါးစာ အနိုင်နိုင်ရပ်နေရတဲ့ကြား
"ထမင်းရမယ် ထမင်း
ထမင်းဆီဆမ်း ကြက်ကြော်မွှေးမွှေးလေးတို့
စမူဆာ၊ ဘယာကြော်၊ ခါဂျာ၊ အီကြာကွေးတို့
ဖြောင်း…ဖြောင်း…ဖြောင်း
တစ်နည်းအားဖြင့် မီးရထားနဲ့
ခရီးသွားတဲ့ လုပ်သားပြည်သူအပေါင်းတို့ ခင်ဗျား
ကျွန်တော့်ဖေဖေ တပ်ကြပ်ကြီး ဘရန်ရှောင်
ကချင်ပြည်နယ် ရေခဲတောင်တစ်နေရာက တူးလာခဲ့တဲ့
ကင်းကောင်မြစ်တို့
စာကလေးကြော် ဆီထမင်းတို့
ကောက်ညှင်းပေါင်း ပဲပြုတ် နှမ်းထောင်း ဆီပါတယ်တို့"
ဘဝတူ နင်းပြားတွေရဲ့
ခုန်ပျံကျော်လွှား
တရုတ်သိုင်းကားလည်းပါရဲ့…..။
တဂျုံးဂျုံး တဂျက်ဂျက်
တဝုန်းဝုန်း တဂျိမ်းဂျိမ်း
တစ်ချက် တစ်ချက် ဒိန်းခနဲဆောင့်
ဘယ်လူး ညာလူး
လေတဟူးဟူး တိုက်နေတာတောင်
သောကအပူလှိုင်းတွေနဲ့
မောဟမြူ ဆိုင်းနေသမို့
ကိုယ့်ကိုယ်ကိုယ် ချွေးမသိပ်
တမှေးလောက်မှ မအိပ်နိုင်တဲ့ည….။
တချို့ကလည်း
ကိုယ့်တစ်နေရာ ဝပ်ကျင်းရတာနဲ့
ဗြုန်းခနဲ တံခါးဆွဲပိတ်
ငါးပိသိပ် ငါးချဉ်သိပ်လား
အဆိပ်ငွေ့ အကျဉ်းစခန်းသွားရမယ့် ဂျူးတွေလား
သေချာတာက
နက်ဖြန်မလှသူတွေအတွက်
ကြက်ပျံမကျ စည်ကားတာတော့ မဖြစ်နိုင်…..။
Ye Kyaw Thura's photo. 
 ဦးသုခရဲ့ ဘဝသံသရာ ရထား
သန်းနိုင်ရဲ့ ရထား
ထူးအိမ်သင်ရဲ့ အိပ်မက်ထဲက ရထားကြီး
သော်ဒီဝေနဲ့ လေးဖြူရဲ့ အိပ်မက် မီးရထား
ရထား….ရထား
ရထားတွေခုတ်မောင်း
ဘဝပေါင်းများစွာကို သယ်ဆောင်သွားရဲ့….။
ဝေါခနဲ ရန်ကုန်ဘူတာကြီးထိုးဆိုက်
ဈေးကောင်းပေးတဲ့ ပွဲစားနဲ့ကြုံကြိုက်ခဲ့ရင်
တစ်ညလုံးပျက်ထားတဲ့ အိပ်ရေးတောင်
ဘယ်ပြေးသွားမှန်းမသိ
ဘာ…
ခရမ်းသီး၊ ဂေါ်ဖီဈေးတွေကျလို့
တမြန်နေ့ကပဲ တက်သတဲ့ဆို
ဟုတ်တယ်….ဗြုန်းစားကြီးကျသွားတာတဲ့…
ပွဲစားရဲ့စကား
ငါ့ မျှော်လင့်ချက်တွေကို ကောက်စားသွားခဲ့…
သူကျတဲ့ဈေးထက် ငါကျတဲ့ စိတ်ဓာတ်ကပိုသာ
ဘဝအကြောင်းမင်းမသိသေးပါဘူးလို့ ပြောတတ်တဲ့
တပ်ထဲက သူငယ်ချင်းကိုသာ သတိရနေမိရဲ့…..။
လူတွေ
လူတွေ
နင်းပြားတွေလေ….
မကြို့ချင်ဘဲကြို့ရ
မယို့ချင်ဘဲ ယို့ရ
ဘယ်တော့မှ
အိပ်မက် ကောင်းကောင်းမက်ခွင့်မရသူတွေ
ဘဝဆိုတာ သူတို့အတွက်တော့
ဆေးခါးကြီးတစ်ခွက်များဖြစ်နေမလား…..။
အမြဲခုတ်မောင်း
အမြဲတမ်း ဥသြသံညံ
အမြဲ မရေရာ
အမြဲ လမ်းကြောင်းပေါ်က မရွှေ့
တကယ်တော့
သူတို့ကိုယ်တိုင်
ဘူတာမတွေ့နိုင်သေးတဲ့
ရထားတွေ…………………………………..။ ။
ရဲကျော်သူရ
(စစ်တပ်ထဲက ထွက်ထွက်ချင်း မီးရထားနဲ့ ကုန်ကူးခဲ့ဖူးသောကာလတစ်ခုသို့…)
အရိုင်းပန်းပေမဲ့ မွှေးရနံ့မပြယ်
$
0
0
Ye Kyaw Thura's photo.
လွန်ခဲ့တဲ့ လေးငါးလလောက်က ဂျာနယ်တစ်စောင်မှာထင်ရဲ့ ဆောင်းပါးလေးတစ်ခုမှာ ဖတ်လိုက်ရတယ်။ အဖြစ် အပျက်ကတော့ အတော့်ကိုကြာခဲ့ပါပြီ။
ဆရာဗန်းမော်ညိုနွဲ့ရဲ့ တပည့်ဟောင်းတချို့က KIA ထဲမှာရှိနေကြတယ်။ တစ်ရက် တပည့်တစ်ယောက်ဆီကနေ လူကြုံနဲ့ စာပါးလိုက်သတဲ့။
ဘာကြောင့်မှန်းမသိပေမဲ့ အထက်အမိန့်အရ ဆရာဗန်းမော်ညိုနွဲ့ကို KIA က သေဒါဏ်ပေးထားတဲ့အကြောင်း၊ သူ့အနေနဲ့ အထက်အမိန့်ကို မလွန်ဆန်နိုင်ကြောင်း၊ ဒါ့ကြောင့် ဆရာဗန်းမော်ညိုနွဲ့ကို ကြိုတင်ရှောင်ရှားထားစေ လိုကြောင်း စသဖြင့် ကိုယ့်ဆရာကိုယ်ပြန်မသတ်ချင်လို့ တောထဲက တပည့်တစ်ယောက် စာရေးအသိပေးတဲ့ အကြောင်း ရေးထားတာပါ။
ဆရာကတော့ ဘာမှသိပ်စိုးရိမ်တကြီးသိပ်မရှိပါဘူး။ ဒါပေမဲ့ တပည့်ဟောင်းဖြစ်သူက ရှောင်ဆိုတော့လည်း ရှောင် နေလိုက်တာပေါ့။ သေခြင်း မသေခြင်းထက် ကျောင်းဆရာတစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ရဲ့ သံယောဇဉ် နဲ့ ဂါရဝတရားက ဆရာ့ရင်ကို နွေးထွေးသွားစေတာဖြစ်မှာပါ။
ဒီဆောင်းပါးလေးဖတ်မိရင်း နယ်စပ်မြို့ကလေးမှာ ခင်မင်ရင်းနှီးခဲ့ တဲ့ တောင်တွင်းကြီး က ကျောင်းဆရာဟောင်း လက်ဖက်ရည်ပိုင်ရှင်ကို သတိရမိတယ်။ သူက ကျွန်တော့်ဆရာမဟုတ်ပေမဲ့ ခင်မင်လေးစားရင်းစွဲရှိတာနဲ့ သူ့ကို ဆရာလို့ပဲခေါ်ပါတယ်။
တစ်ရက် မြန်မာပြည်မှာ ဆရာဖြစ်ရတာ ငွေကြေးမချမ်းသာပေမဲ့ ပီတိစားရတဲ့အကြောင်း စကားစပ်မိတော့ ဆရာက သူ့အဖြစ်အပျက်လေးပြောပြတယ်။
အရေးအခင်းကာလပြီးခါစ တပ်မတော်က အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့အချိန်ပေါ့။ တစ်ရက် သား ဆရာဦးကျော်ဝင်းတစ်ယောက် တောင်တွင်းကြီး ကနေ ရန်ကုန်ကို ဆင်းလာခဲ့တယ်။ တောင်တွင်းကြီးကနေ ပြည်မှာ ညအိပ်ပြီး လုပ်စရာရှိတာလုပ် ပြီးတော့မှ ပြည်ကနေ ရန်ကုန်ကို ဆက်ဆင်းတာဆိုပါတော့။
အရေးအခင်းပြီးခါစအချိန်ဆိုတော့ ဘယ်မြို့မှာ ဖြစ်ဖြစ် စားသုတ်သုတ်၊ လာသုတ်သုတ်၊ သွားသုတ်သုတ်ပေါ့။
ဒီလိုနဲ့ ဆရာဦးကျော်ဝင်းလည်း တစ်လမ်းလုံးအိပ်ငိုက်ပြီး လိုက်ပါလာပါတယ်။ လက်ပံတန်း အထွက်လည်းကျရော ခရာမှုတ်သံစူစူးရဲရဲ ကြားလိုက်ရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကားကလမ်းဘေးကို ကပ်နေတာ သတိထားမိ လိုက်တယ်။
ကာလမ်းဘေးမလှမ်းမကမ်းက အပင်တွေအောက်မှာတော့ သံလွင်စိမ်းရောင် ဝတ်စုံတွေနဲ့ စစ်သားတွေ ဟိုတစ်စု ဒီတစ်စု၊ ကားထဲက အသံထွက်လာ တယ်…"ပေါ်တာဆွဲတာ…"တဲ့။
ကားပေါ်က ယောက်ကျားတွေ အကုန်ဆင်းပြီး တစ်နေရာထဲမှာ စုရပ်နေကြရတယ်။ တအောင့်ကြတော့ စစ်သား နှစ်ယောက်က လူစုထားတဲ့နေရာကိုရောက်လာပြီး တစ်ယောက်ပြီးတစ်ယောက်ခွဲထုတ်ကြတယ်။ ပါးစပ်ကလည်း တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် စသဖြင့်ရေရွတ်နေတာကြားနေရတယ်။
ရှေ့က တစ်ယောက်ပြီး တစ်ယောက်ရေသွားလိုက်တာ အမှတ်စဉ် တစ်ဆယ့်ငါး လည်းရောက်လာရော ဆရာ ဦး ကျော်ဝင်းအလှည့်ဆိုပါတော့..။ ဒါနဲ့ ဆရာဦးကျော်ဝင်း က သူ့အမှတ်စဉ် တစ်ဆယ့်ခြောက် အော်မယ့်အသံကို နားစွင့်ရင်း လက်ထဲက အိတ်ကလေးကို ပိုက်ပြီးစောင့်နေတယ်။
အနားက ရဲဘော်လေးက "ဆယ့်ခြောက်"လို့အော်ပြီး ဆရာဦးကျော်ဝင်းကို လက်မောင်းကနေကိုင်ပြီး တစ်ဖက်က အမှတ်စဉ်ရေပြီးသား အုပ်စုထဲ ထည့်မလို့အလုပ်မှာ "ဟိုး…ရပ်"ဆိုတဲ့ အသံတစ်သံထွက်လာတယ်။
ရပ်ဆိုတော့ ရဲဘော်လေးက ရပ်ထားလိုက်တယ်။ အသံကြားတဲ့ဆီကိုကြည့်လိုက်တော့ မလှမ်းမကမ်း သစ်ပင် အောက်ကနေ တပ်ကြပ်ကြီးတစ်ယောက် သူတို့အုပ်စုရှိရာ ကို လျှောက်လာတာတွေ့လိုက်ရတယ်။
တပ်ကြပ်ကြီးက လူစုပြီးဆွဲထားတဲ့ ၁၅ ယောက်ကို မလှမ်းမကမ်းမှာရှိတဲ့ သစ်ပင်အောက်ကို သွားခိုင်းလိုက်တယ်။ ပြီးမှ ဆရာဦးကျော်ဝင်းနားကပ်လာပြီး "ဆရာ"လို့ခေါ်လိုက်တယ်။ ဆရာဦးကျော်ဝင်းကလည်း ယောင်တောင် ပေါင် တောင်နဲ့ "ဟေ"လို့ ပြန်ထူးလိုက်တယ်။
"ဆရာ ကျွန်တော့်ကို မမှတ်မိဘူးလား.."လို့ တပ်ကြပ်ကြီးကမေးတယ်။ ဆရာ ဦးကျော်ဝင်းကလည်း တပည့်ဟောင်း တစ်ယောက်ယောက် ထင်ပါရဲ့လို့ တွေး လိုက်မိပေမဲ့ မမှတ်မိတာကြောင့် "ဟေ့အေး.. မမှတ်မိဘူးကွ"ပြန်ပြောလိုက် ပါတယ်။
တပ်ကြပ်ကြီးက "သေသေ ချာချာ ကြည့်ပါဦး ဆရာရယ်၊ ဆရာ့တပည့်ပါပဲ၊ မမှတ်မိဘူးလား…"လို့ ထပ်မေး ပါတယ်။ ဆရာဦးကျော်ဝင်းကလည်း မမှတ်မိကြောင်းသာ ပြန်ပြောပါတယ်။
ဒါနဲ့ တပ်ကြပ်ကြီးက "ဆရာရယ်…လူကိုမမှတ်မိရင်လည်း နားရွက်ကလေးတော့ မှတ်မိမှာပါ…"လို့ပြောပြီး သူ့ လက်ဝဲဘက်က နားရွက်လေးကို ကိုင်ပြတယ်။
နားရွက်ကလေးက သုံးပုံတစ်ပုံလောက် ပြတ်နေတဲ့ နားရွက် ကလေးပါ။
Ye Kyaw Thura's photo. 
 ဒီတော့မှ ဆရာဦးကျော်ဝင်းက "ဟာ…သောင်းစိန်."လို့ အသံထွက်သွားတယ်။ "မင်း…မင်း..သောင်းစိန်နော်…"လို့ ပြောရင်းတပည့်ဖြစ်သူရဲ့ ငယ်ရုပ်ကို မနည်းဖမ်းကြည့်လိုက်ရတယ်။ ဆရာဦးကျော်ဝင်းမှတ်မိသွားပါပြီ။
"အေးကွာ…မင်းထွက်သွားတာလည်း အတော်ကြာပြီဆိုတော့ ရုတ်တရက် ဘယ်လိုမှ မမှတ်မိဘူးကွ…"လို့ပြော လိုက်တယ်။ တပည့် တပ်ကြပ်ကြီးက "ဆရာကသာ မမှတ်မိတာ၊ ကျွန်တော်က ဆရာကားပေါ်က ဆင်းလာက တည်းက မှတ်မိပါတယ်။ ဒါ့ကြောင့်ဆရာ့အလှည့်ရောက်ခါနီးမှာ ရပ် လို့အော်လိုက်တာပေါ့…"လို့ ပြော လိုက် တယ်။
သောင်းစိန်ဟာ ၁၀ တန်းကျောင်းသားဘဝက ဆရာဦးကျော်ဝင်း တပည့်ပါ။ ဆရာဦးကျော်ဝင်းက အတန်းပိုင်ဆရာ ပေါ့။ ဆရာဦးကျော်ဝင်းကလည်း စိတ်ဆတ်၊ သောင်းစိန်ကလည်း စာလုပ်ရမှာပျင်းနဲ့ တစ်နေ့ကျတော့ ပေးလိုက်တဲ့ အိမ်စာကို သောင်းစိန်ကလွဲလို့ တစ်တန်းလုံးလုပ်လာပါတယ်။
အိမ်စာမလုပ်လာတဲ့အပြင် ဆရာ့ကို မထီမဲ့မြင်ပုံစံမျိုးလုပ်တော့ စိတ်တိုတိုနဲ့ လှမ်းရိုက် လိုက်တာ သောင်းစိန်နားရွက် ပြတ်ထွက်သွားပြီး သွေးတွေဖြာခနဲကျလာတယ်။
ဒါနဲ့ ဆရာဦးကျော်ဝင်းကိုယ်တိုင်သောင်းစိန်ကို ဆေးခန်းပြ ဆေးထည့်ပေးပြီး သူ့မိဘအိမ်ကို ကိုယ်တိုင်လိုက်ပို့ ပါတယ်။ သောင်းစိန်မိဘတွေအိမ်ရောက်တော့ ဆရာဦးကျော်ဝင်းက သောင်းစိန်မိဘတွေကိုတောင်းပန်ရင်း သူမှားသွားကြောင်း တိုင်မယ်ဆိုရင်လည်း တိုင်နိုင်တဲ့အကြောင်း၊ အရေးယူမယ်ဆိုရင်လည်း အရေးယူခံမှာ ဖြစ်တဲ့ အကြောင်းပြောပါတယ်။
သောင်းစိန်မိဘတွေကလည်း ဆရာဦးကျော်ဝင်းကို ခွင့်လွှတ်ပါတယ်။ ဒါပေမဲ့ သောင်းစိန်ကတော့ အဲဒီနေ့က စပြီး ကျောင်းမတက်တော့ပါဘူး။
မှားမှန်းသိပေမဲ့ ဒေါသမထိန်းနိုင်လို့ ကျောင်းသားလေးတစ်ယောက်ရှက်ပြီး ကျောင်းဆက်မတက်ဖြစ်တော့ပါဘူး။ နောက်ပိုင်း သောင်းစိန် စစ်ထဲဝင်သွားတာ ဆရာဦးကျော်ဝင်း မသိလိုက်ဘူး။ အခု လက်ပံတန်းမှာ ပေါ်တာဆွဲမှ ပြန်တွေ့ဖြစ်တာပါ။ ပြန်တွေ့တဲ့အချိန် မှာ သောင်းစိန်က တပ်ကြပ်ကြီးဖြစ်နေပါပြီ။
သူ့ကို သေရွာပါနားရွက်အပြတ်ကြီးနဲ့ဖြစ်သွားအောင် ရက်ရက်စက်စက် ရိုက်ခဲ့တဲ့ ဆရာကို ကျောင်းမှာတုန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ တပ်ကြပ်ကြီးသောင်းစိန် တစ်ယောက် ပေါ်တာဖမ်းပြီးမထည့်ခဲ့ပါဘူး။ သူ့ဆရာမှန်း သိတာနဲ့ ရပ်လို့လှမ်းအော်ပြီး တားခဲ့တာပါ။
မြန်မာနိုင်ငံက ဒေသမတူတဲ့ ဆရာနှစ်ယောက်ရဲ့ တပည့်ဟောင်းတွေပါ။ တစ်ယောက် က KIA ရဲဘော်ပါ။ တစ်ယောက်က တပ်မတော်သားပါ။
Ye Kyaw Thura's photo. 
 KIA ရဲဘော်က ဆရာ့အသက်ကို ကယ်ခဲ့ပြီး တပ်မတော်သား တပ်ကြပ်ကြီး ကတော့ ပေါ်တာဖမ်းတဲ့အထဲက သူ့ ဆရာကို ဆွဲထုတ်ခဲ့ပါတယ်။
ကမ္ဘာ့ဆရာများနေ့ရယ်လို့တော့ရှိပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုစာသင်ပေးခဲ့တဲ့ ဆရာတွေကိုစုပေါင်းပြီး ဂါရဝပြု ရှိခိုး ကန်တော့တဲ့ အာစရိယပူဇော်ပွဲမျိုးဆိုတာ ကျွန်တော်တို့မြန်မာတစ်နိုင်ငံမှာပဲ ရှိမယ်ထင်ပါတယ်။
ပညာရေးစနစ်၊ ဆရာတွေရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး ကျွန်တော်ဝေဖန်လေ့ရှိ ပါတယ်။ တိုင်းပြည်အတွက်ပါ။
ဒါပေမဲ့ ငယ်စဉ်တောင်ကျေးကလေးဘဝက ကန့်ကူလက်လှည့်ဆရာများကစလို့ မေမြို့ အမှတ် ၂ လေ့ကျင့်ရေးတပ် ရှိ စစ်ပညာသင်ကြားပေခဲ့တဲ့ ဆရာများ၊ အသက်ကြီးမှ ၁၀ တန်းအောင်အောင်သင်ပေးခဲ့တဲ့ ဆရာများအလယ် တက္ကသိုလ်ဆရာများအဆုံး အားလုံးသော ဆရာ၊ ဆရာမများ ကို ဒီနေရာကနေ လက်ဆယ်ဖြာထိပ်မှာမိုးလို့ ရှိခိုး ကန်တော့လိုက်ပါတယ်။
သောင်းစိန်ဇာတ်လမ်းလေး ပြောပြတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
(နာမည်များလွှဲထားပါတယ်။)
ရဲကျော်သူရ
ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်၍
$
0
0
ကျနော် ၁၀ တန်းအောင်တဲ့နှစ်မှာ အင်္ဂလိပ်စာသင်တန်းတခု တက်ဖြစ်တယ်။ ကျနော်တို့ကို စာသင်ပေးတဲ့ ဆရာကြီး အင်္ဂလိပ်-မွန် ကပြား။ သူ့အဖေက အင်္ဂလိပ်စစ် ရှေ့နေကြီး၊ သူ့အမေက မွန်တိုင်းရင်းသူ။
ပြီးတော့ ဆရာကြီးဟာ ဒုတိယကမ္ဘာစစ် စစ်ပြန်ကြီး ဖြစ်နေပြန်တယ်။ တနေ့မှာ သူနဲ့ကျနော် စကားပြောကြရင်း သူ့စစ်မှုထမ်းအတွေ့အကြုံကို ပြောပြတယ်။ အဲဒီမှာ သူပြောတဲ့ စကားတခွန်းကြောင့် ကျနော့်စိတ်ထဲမှာ ခိုးလို့ခုလု ဖြစ်သွားရတယ်။ သူပြောတာက “ဒုတိယကမ္ဘာစစ် အတွင်း မြန်မာပြည်ထဲက ဖက်ဆစ်ဂျပန်တွေကို တိုက်ခိုက် မောင်းထုတ်ရာမှာ မဟာမိတ်တပ်တွေကသာ ပင်မကျောရိုးဖြစ်တဲ့ သဘောမျိုးပြောတာ။
ဒီတော့ မြန်မာလူမျိုးဖြစ်တဲ့ကျနော် ဘယ်ခံနိုင်ပါ့မလဲ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးဆိုတာ ကျနော်တို့တိုင်းသူ ပြည်သားတွေရဲ့ မျိုးချစ်ပြည်သူ့လွတ်မြောက်ရေး တိုက်ပွဲကြီးအဖြစ် အမြဲတမ်းဂုဏ်ယူဝင့်ကြွားနေတာ။ သမိုင်းမှာ သင်ခဲ့ရတုန်းက ဗိုလ်ချုပ်တို့မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ သိပေမဲ့ မဟာမိတ်တပ်တွေရဲ့ အခန်းကဏ္ဍကို သိပ်အလေး အနက်မထားခဲ့တာ အမှန်ပါ။
ဆရာနဲ့ကျနော် အခြေအတင် မဖြစ်ခဲ့ပါဘူး။ ခံစားမှုချင်းလည်း ထပ်တူမကျခဲ့ ဘူးပေါ့ဗျာ …။
  • Nanda Htun Htetခံစားမှုကိုခွာပြီး သမိုင်းဆိုတာကြီးကို ကြည့်ပြန်လည်း ကိုယ်ကြည့်တဲ့ မျက်နှာစာပဲ ကိုယ်မြင်ရတာမို့ အမြင်ချင်းက မတူပြန်ပါဘူး။ ဆိုတော့ 3D သမိုင်းဆိုတာ မရှိပါဘူး။ 1D သမိုင်းပဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့် 1D ကို ကိုယ်လက်ခံရုံပါပဲခင်ဗျ
  • Daw Nuအမြင်နဲ့ခံစားမှုဆိုတာတူတူလမ်းလျှောက်လာရင်တောင် မြင်ကွင်းတူတာတောင် ကိုယ်မြင်တာနဲ့ခံစားရတာ ဘေးလူနဲ့မတူနိုင်ဘူး။ ကိုယ်ကိုယ်တိုင်မပါဝင်တာကို ဘယ်တော့မှမငြင်းနဲ့။ အခင်မင်ပျက်တယ်။
  • ဝင်းဇော် မိုးဖက်ဆစ်တော်လှန်ရေးက စစ်ရေးတန်ဖိုးထက် နိုင်ငံရေးတန်ဖိုး ပိုရှိတယ်လို့ ထင်မိတာပဲ
  • Tin LattThe timing of the Allied victory is important. If Meiktila and Mandalay had not fallen in March 1945 and if the war had ended with part of Burma still under the Japanese, the British would likely not have supported the Burma National Army's revolt against the Japanese and the BNA's leadership including General Aung San may well have been hanged for treason. By Thant Myint-U
  • Tin LattI believe one of the main reasons was due to the Allies deciding to advance "Operation Dracula" to re occuppy Rangoon BEFORE the monsoon due to success at Meikhtila. I remember our Burma gunboat flotilla being refitted with new Bofors in South India Base. We are asked to drop everything and speed back to Arakan and join the invasion fleetl That was in early May 1945. By KT Lwin
  • Tin LattYes, the twin victories at Meiktila and Mandalay made the Allies decide that they could reoccupy Rangoon between the rains. Originally they had not thought this was possible via an overland invasion from India. Once Rangoon became a target, the BNA were seen as possibly helpful and Lord Mountbatten as Supreme Allied Commander SEAC decided to accept their decision to turn sides. From Rangoon the plan was to retake Malaya ("Operation Zipper" but then the war ended after Hiroshima and Nagasaki. By Thant Myint-U
  • Seaman Nayminthuဗီယက်နမ်စစ်ပွဲမှာ အမေရိကန်က စစ်ရေးအရထက် နိုင်ငံရေးရှုံးနိမ့်မှုကိုရင်ဆိုင်ခဲ့ရတယ်လို့ ကျနော် ကြားဖ
  • Seaman Nayminthuသုံးသပ်တာကို ကြားခဲ့ဖူးပါတယ်
  • Seaman Nayminthuမြန်မာပြည်က ဖက်ဆစ်တော်လှန်ရေးမှာ အဂ်လိပ်တွေဝင်တိုက်ခဲ့တာဟာ မြန်မာပြည်သူတွေ လွတ်မြောက်စေလိုတဲ့ဆန်ဒထက် သူတို့ရဲ့ကိုလိုနီအကျိုးစီးကိုကာကွယ်ဖို့ ပြိုင်ဘက်ရန်သူကိုချေမှုန်းဖို့ ရည်ရွယ်ချက်က များမှာ သေချာပါတယ်... မဟာမိတ်တွေနဲ့ကျနော်တို့တော်ရေးသမားတွေရဲ့ စစ်ပွဲအပေါ်ထားတဲ့ အမြင်နဲ့ခံယူချက်ချင်း ဘယ်လိုမှမတူနိုင်ပါ
    ...
  • Seaman Nayminthuသို့သော်လည်း စစ်ပွဲရဲ့ပကတိအနေအထားကို သုံးသပ်ရာမှာတော့ မဟာမိတ်တပ်တွေရဲ့အရေးပါမှုကိုလည်း အသိအမှတ်ပြုဖို့လိုမယ် .. ထင်ပါတယ် ... ဒါကိုမြင်လို့ ဗိုလမချုပ်ကိုယ်တိုင် မဟာမိတ် ဗိုလ်ချုပ်ကြီး ရှိရာကို သက်စွန့်ဆံဖျားသွားတွေ့ပြီး မဟာမိတ်ပြုခဲ့တာ နေမှာပါ...
  • Tin Lattဗီယက်နမ်မှာ အမေရိကန်က စစ်မရှူံးပါဘူး ... ဒါပေမဲ့ မြောက်ဗီယက်နမ်က စစ်သား ၅သိန်းအထက်နဲ့ ပြည်သူ ၁သန်းနီးပါး သေပြီးတဲ့နောက်မှာ ဆက်တိုက်ဖို့ အားအင် ရှိသေးတယ် ... သူ့မြေကိုး ... အမေရိကန်က အသေအပျောက် ၅သောင်းကျော်လာတဲ့အခါ သူ့ ပြည်တွင်းက ဆန့်ကျင်မှုတွေကို ဘယ်လိုမှ တောင့် မခံနိုင်တော့ဘူး ... သူ့မြေ မဟုတ်ဘူးကိုး ...
  • Tin Lattဗိုလ်ချူပ်ရဲ့ ဆုံးဖြတ်ချက်တချို့ကိုတော့ ကျနော် မြင်တာနဲ့ အမြင် တူချင်မှ တူကောင်းမှ တူမယ် ထင်မိတယ် ... BIA အင်အား ၂သောင်းကျော်ကို ဖျက်ပြီး BDA ၂ထောင်ကျော် ပြန်ဖွဲ့ပေးတာကို ဗိုလ်ချူပ် လက်ခံခဲ့တယ် ... BIA က အင်အားသာ များတာ ... တကယ် တိုက်ရည်ခိုက်ရည် ရှိတာမှ မဟုတ်တာ ...BDA ကို ဗိုလ်ချူပ်က ဒင် ဒင်ခြင်း ဆောင့်လို့ ရအောင် ပြင်ခဲ့တယ်လို့ မြင်တယ် ... စိတ်လိုက်မာန်ပါ နဲ့ အဖျက်မခံဘူး ထ တော်လှန်မယ် လုပ်ရင် နေမ၀င်အင်ပါယာအရှင်သခင်ကို လောလောလတ်လတ် တိုက်ထုတ်ထားတဲ့ ဂျပန်ဘုရင့်တပ်မတော်က ပုရွက်ဆိတ် ခြေသလို ခြေလိုက်မှာပေါ့ ... တခါ ဂျပန်တွေ နှိပ်စက်တာကို ပြည်သူတွေ မချိမဆန့် ခံနေရတာ သိရက်နဲ့ စောစော ထ မတော်လှန်တာကို ဗိုလ်ချူပ်ကို အပြစ်တင်သူက တင်ကြတယ် ... ဗိုလ်ချူပ်က ဗိုလ်ချူပ် စလင်းနဲ့ အမှတ် ၁၄တပ်တော် ချင်းတောင်ပေါ်က ဆင်းလာပြီး ဂျပန်စစ်ရှူံးတာ သေချာလောက်မှ စ တော်လှန်ခဲ့တယ်ဘဲ ထင်မိတယ် ... စော စစ်ထွက်ရင် မဟာမိတ်တပ်တွေကို မတိုက်မဖြစ် တိုက်ရမှာ ဖြစ်ပြီး နောက်ပိုင်းမှာ မဟာမိတ်တပ်တွေနဲ့ မိတ်ဆွေ ဖွဲ့ဖို့ ခက်မှာ ဖြစ်တယ် ... နောက်ကျ စစ်ထွက်ရင် မြန်မာနိုင်ငံအလယ်ပို်င်းမှာ မဟာမိတ်တွေနဲ့ သူတင်ကိုယ်တင် တိုက်နေသေးတဲ့ ဂျပန်က BDA ကို လက်နက်ဖြုတ်သိမ်းမဲ့ အန်တရယ် ရှိတယ် မြင်မိတယ် ... အချိန်ကိုက် စစ်ထွက်နိုင်လို့ သူ့ BDA အင်အား မပြုန်းတီးရအောင် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ မြင်မိပါတယ် ... တခါ ဂျပန်စစ်ရှူံးတာ သေချာတဲ့အချိန်မှာ မဟာမိတ် အရာရှိ တချို့က BTA Burmese Trairtors Army လို့ အခေါ်ခံနေရတဲ့ သူ့တပ်ကို PBF Partotic Burmese Forces လို့ မဟာမိတ်တပ်က အသိအမှတ်ပြုခံရဖို့ ဗိုလ်ချူပ်စလင်းနဲ့ သွားတွေ့ခဲ့တယ်လို့ဘဲ မြင်ပါတယ် ... ကမ်ဘာစစ် ပြီးတဲ့အချိန်မှာ ဆက်တိုက်ရမဲ့ လွတ်လပ်ရေး တိုက်ပွဲအတွက် သူ့အမာခံ အင်အားကို လိမ်မာပါးနပ်စွာ မွေးလာခဲ့တယ်လို့ဘဲ ယူဆပါတယ် ...
  • KT LwinI can only recall from personal experience, three days after Yangon was reoccupied, our three Fairmile gunboats ML 391,436 and 437 of 59th. Burma RNVR flotilla were sent out on patrol north of Insein and Tantabin to Kokowa situated on the river route to Yandon to block the Japanese Army units from Henzada trying to escape eastwards to Pegu Yomas. We had very close collaboration from BDA guerilla fighters who kept us fully informed of the Japanese craft movements, and we were able to surprise the three Japanese armed landing crafts full of troops and sank them during a hotly fought night action. It was a typical example of collaboration between our British trained Myanmar Navy and the Japanese trained Tatmadaw units in the Delta before the war ended. I would say everyone who participated then contributed towards the fight for our freedom, by the role they actually played.
  • Seaman NayminthuI agree with your comments Bro, Ko Tin Latt . Thanks.
တခါက တဘဝ
$
0
0
Photo: တခါက   တဘဝ  အ ခါ တ ပါး ၌ ကျ နော် သည် ထား ဝယ် မြို့ နှင့် မနီး မ  ဝေး တော တွင်း တ နေ ရာ ရှိ ဌာ န ချုပ် အ သစ် သို့ ဦး စီး တ ( စစ် ထောက် ) တာ ဝန် ဖြင့် ပြောင်း ရွှေ့ ရ လေ တော့ သည်။  မူ လ စစ် ထောက် တာ ဝန် များ အ ပြင် ဌာ န ချုပ် ဝန်း ကျင် ရှိ အ လေ့ ကျ ပေါက် နေ သော  လွန် စွာ ပေါ များ လှ သည့် ဓညင်း ပင် များ မှ အ သီး များ ခူး ကာ ထား ဝယ် သို့ တက် ရောင်း ပြီး ရံ ပုံ ငွေ ရှာ ခြင်း၊  မည် သည့် အ ကြောင်း ပြ ချက် နှင့် မျှ လွန် ဆန် ၍ မ ရ သော ရန် ကုန် ရုံး ချုပ် မှ  ညွှန် ကြား သည့်  အ မိန့် အ တိုင်း အ ရိပ် ရ လေ ကာ ပင် များ စိုက် ပ်ျုး နိုင် ရန် အ တွက်  ရုံး ဘေး ကိုက်(၁၀၀ )ပတ် လည် ရှိ နေ ပြောက် မ ထိုး သော သစ် ဆိမ့်၊ အင် ကြင်း၊ ဓ ညင်း၊ ရှော် ဝါ စ သော အ ပင် ကြီး မျိုး စုံ အား ဘူ ဒို ဇာ နှင့်  အ ပြောင် ထိုး ၍ ရှင်း လင်း ခြင်း၊ ထပ် ဆင့် ညွှန် ကြား ချက် ပါ အ တိုင်း သစ် တော ဌာ န မှ လက် ခံ ရ ရှိ သော တ ထွာ သာ သာ ကျွန်း ပင် ပေါက် များ အား အ ရိပ် ရ လေ ကာ ပင် အ ဖြစ် ပြန် လည် စိုက် ပျိုး ခြင်း တို့ လုပ် ဆောင် ရ ပါ တယ်။  တ ခါ တ ရံ အ ရာ ရှိ ရိပ် သာ အ တွက် လို အပ် နေ သော အ သား ဓါတ် အ တွက် ဒေ သ ခံ မု ဆိုး များ နဲ့ အ တူ လိုက် ပြီး တော ဝက် သား၊ ဂျီသား၊ သင်း ခွေ ချပ် သား၊ ကုန်း လိပ် သား များ လဲ ရှာ ဖြွေ ပေး ရ ပါ တယ်။    ဒီ လို နဲ့ တ ရက် မှာ တော့ ရန် ကုန် အ ထက် ရုံး မှ  လျှို့ ဝှက် ရွေ ပေ လွှာ တ စောင် ရောက် ရှိ လာ ပါ တော့ တယ်။   စာ ပါ အ ကြောင်း အ ရာ က တော့ (......ကြီး) သည် မိ မိ တို့ ဌာ န ချုပ် အ သစ် တွင် စိုက် ပျိုး နိုင် ရန် အ တွက် ၄င်း ကိုယ် တိုင်.(...နိုင် ငံ )ှ  မှ သယ် ဆောင် လာ သော(...ညောင် ပင်) အား (....နေ့ ရက်) တွင် ရေ ယာဉ် ကြုံ ဖြင့် ထဲ့ ပေ ကြောင်း။ သို့ ပါ ၍ ဖော် ပြ ပါ ညောင် ပင် အား အောင် မြင် ရှင် သန် စွာ စိုက် ပျိုး နိုင် ရေး စီ မံ ဆောင် ရွက် ရန် ပေါ့။    ကျ နော် တို့ လက် အောက် ခံ တပ် အ နေ နဲ့ က တော့ ညောင် ပင် စိုက် ခိုင်း တာ ကို လျို့    ဝှက် ဆို တော့ အ ထူး အ ဆန်း ပေါ့။     ဘာ ဘဲ ဖြစ် ဖြစ် အ ထက် အ မိန့် ဆို တော့ ဌာ န ချုပ် မှူး အ ဘ  ဗိုလ် ချုပ် အိမ် နဲ့ ဓ မ္မာ ရုံ  ကြား မှာ မြေ နေ ရာ ရှာ၊ တော ရှင်း၊ ၈ ပေ ပတ် လည် ၄ ပေ အ မြင့် အုတ် ဘောင် လုပ် ပေါ့။   နောက် ၃ ရက် မြောက် ည ၁၁ နာ ရီ ဝန်း ကျင် မှာ တော့ ရေ ယာဉ် ရောက် ကြောင်း သ တင်း ပို့ လာ လို့ ညောင် ပင် သယ် ဆောင် ရေး ခေါင်း ဆောင် ကျ နော် ကိုယ် တိုင် ဘဲ Jetty ကို ဆင်း ကြည့် လိုက် ပါ တယ်။ ဟို ရောက် မှကြည့် လိုက် တော့ သူ့ ညောင် ပင် က ၄ ပေ လောက် မြင့် ပြီး သာ မန် မြေ ထုပ် လေး နဲ့ ဘဲ ဆို တော့ ကျ နော့ dream ဆိုင် ကယ် ခွ ကြား မှာ တင် သယ် ခဲ့ ပြီး သတ် မှတ် ထား တဲ့ အုတ် ဘောင် ထဲ မှာ ထဲ ထာ့း လိုက် ပါ တယ်။ အ ဘ ကို တော့ မိုး သိပ် ချုပ် နေ လို့ မ နက် မှ သ တင်း ပို့ မယ် လို့ ဆုံး ဖြတ် လိုက် ပါ တယ်။      ဒါ ပေ မဲ့ ဒီ ကိ စ္စ က အ ဘ လဲ စိတ် ဝင် စား တဲ့ ကိစ္စ ဆို တော့ မ နက် ၅နာ ရီ လောက် ထ uniform တ ခါ ထဲ ဝတ် ပြီး ညောင် ပင် ကို လင်း လင်း ရှင်း ရှင်း ကြည့် ဖို့ ထွက် ခဲ့ ပါ တယ်။    နံ နက် စော စော ကျေး ဌက် သံ မျိုး စုံ နဲ့ သာ ယာ ပါ ဘိ။ အ ဘ အိမ် က ခွေး သား အုပ် မ က လဲ ညောင် ပင် အုတ် ဘောင် နား မှာ မြူး တူး ဆော့ က စား နေ တာ ကိုယ် တောင် လေး ဘက် ထောက် ပြီး ဝင် ဆော့ ချင် စိတ် ပေါက် သွာံးတယ်။   အ နား ရောက် လို့ အုတ် ဘောင် ထဲ ငုံ့ ကြည့် လိုက် တော့......သေ ပြီ ဆ ရာ.....တ ကယ် ကြီး ကို သေ တာ။    သယ် လာ တုန်း က ၄ ပေ လောက် ရှိ တဲ့ ညောင် ပင် က အ ခု ၄ လက် မ တောင် မ ရှိ တော့ ။ ဘေး မှာ လဲ ညောင် ရွက် တွေ ခွေး ခြေ ရာ တွေ ပ ရ ပွ။    စော စော က ချစ် စ ဖွယ် ခွေး သား အုပ် ကို ဒေါ သ တွေ စု ပြုံ ကျ ကုန် သည်။  သို့ သော် ဘာ မှ လုပ် မ ရ။ အ ဘ ရဲ့ အ ချစ် တော် ခွေး တွေ။   ကျ နော် ဘဝ တွင် အင် မ တုန် လှုပ် နာ ကျင် ကြောက် မက် ဖွယ် အ ချိန် ကို ဖြတ် သန်း နေ ရ ပြီ။ ရည်း စား လူ လု ၊ အူ နု ကျွဲ ခတ် အ လွန် ခံ ရ ခက် သည် ဆို သော် လဲ ကျ နော် မ ကြုံ ဘူး ၍ မ သိ။ သို့ သော် ကြ ခဲုံ့ ဖူး သော အ ဝှာ ထိပ် ဇစ် ညပ် သ ကဲ့ သို့ အင် မ တန် ခက် ခဲ ကြမ်း တမ်း သည့် ရှေ့ မ တိုး သာ နောက် မ ဆုတ် သာ သော အ ခြေ အ နေ ဖြစ် ပါ တယ်။    သို့ သော် ကိစ္စ မ ရှိ၊ စိတ် ကို အ တည် ငြိမ် ဆုံး ထား ပြီး အ ခြေ အ နေ ကြည့် စစ် ရေး သုံး သပ် ပြီး.......က မ္ဘာ့ အ မြန် ဆုံး စီ မံ ချက် ကို ရေး ဆွဲ ရ လေ ပြီ။ ၅ မိ နစ် ပင် ကြာ မည် မ ထင်။ အ ကောင် အ ထည် စ ဖော် ရ လေ တော့ သည်။   ဒီ နေ ရာ တွင် မ ဟော် သ ဓါ ဖြတ် ထုံး နှလုံး မူ ၍ လှို့ ဝှက် အပ် သော အ ရာ အား မည် သူ့ ကို မှမ ပြော ဘဲ တ ဦး တည်း ဆောင် ရွက် ရ လေ ၏။ ပင် ပန်း ပေ စွ။ အ ခု မှ လျို့ ဝှက် ညောင် ပင်  တ ကယ် ဖြစ် လေ ပြီ။   ကျ နော် ရိပ် သာ သို့ အ မြန် ပြေး တ ရွင်း တ လက် အား ကြိတ် ၍ ရှာ ရ တော့ သည်။ ဘယ် လို မှ ရှာ မ ရ။ နောက် ဆုံး တွေ့ ရာ ဓား မ တို တ ချောင်း ကို ခါ ကြား ထိုး ဆိုင် ကယ် ပေါ် ခွ တက် ပြီး ဌာ န ချုပ် အ နီး ရှိ တော ခို  လိုက် တော့ သည်။  ဤ နေ ရာ တွင် တပ် မ တော် အ ရာ ရှိ တ ဦး uniform အ ပြည့် အ စုံ နှင့် လက် နက်  (ဓား မ တို )နှင့် အ တူ စီး ခွင့် မ ရှိ သော ဆိုင် ကယ် စီး ၍ တော ခို သွား ခြင်း သည် သေ ဒဏ် ထိုက် သော ပြစ် မှု မ်ျုး ဖြစ် ပါ တယ်။   ဒါ ပေ မဲ့ ခု ချိန် မှာ သေ ဒဏ် ထက် ဆဲ ဒဏ် ဆူ ဒဏ် ကို ပို ကြောက် သည်။  တော ထဲ ရောက် တော့ ညောင် ပင် ပေါက် ရှာ ရ ပြီ ပေါ့။ န ဂို ၄ ပေ ရှိ ပေ မဲ့ အ ခု ၂ ပေ ဝန်း ကျင် လေး တွေ ရှာ ရ သည်။ ညောင် မြစ် က ရှည် သ ဖြင့် အ ပင် ကြီး ကြီး မ တူး ရဲ။ စိတ် ကြိုက် အပင် တွေ့ တော့ ဓား မ တို အား ကိုး နဲ့ တူး ရ တော့ တာ ပေါ့။ အ ချိန် ဘယ် လောက် ကုန် သွား သည် မ သိ အ ပင် လဲ ရ ရော ကျ နော့ တ ကိုယ်  လုံး ချွေး တွေ ရွှဲ ၊မြေ နီ တွေ ဖုံး ပြီး  ရ တ နာ ပုံ ခေတ် က မြေ တူး မင်း သား ဖြစ် လေ ပြီ။   အ ပင် ရ တာ နဲ့ ချက် ချင်း ဘဲ  ဓါး မ ခါး ကြား ထိုး ၊ ညောင် ပင် ကို ထုံး စံ အ တိုင်း ဆိုင် ကယ် ခွ ကြား တင် ပြီး တပ် ကို ပြန်... အ လင်း ဝင် ရ တာ ပေါ့။     ရောက် တာ နဲ့ မူ လ ညောင် ပင် ခြေ ရာ လက် ရာ ဖျက် ပြီး တူး လာ တဲ့ ညောင် ပင် ကို အ စား ထိုး ရ တာ ပေါ။ ကိုယ့် အာ ရုံ နဲ့ ကိုယ် လုပ် နေ တုန်း "" ဗိုလ် ကြီး နိုင် ဇာ မြင့် အား ထဲ့ လှ ချည် လား ကွ  ""လို့  မေး သံ ကြား လို့ လန့် ပြီး မော့ ကြည့် လိုက် တော့.........""အဘ   အဘ     အဘ""  ကျ နော် လဲ လန့် ဖြန့် ပြီး က မန်း က တန်း ရပ် လက် တင် အ လေး ပြု ပြီး ည က မိုး ချုပ် နေ လို့ အ ဘ အိပ် ရေး ပျက် မှာ စိုး ပြီး သ တင်း မ ပို့ မိ ကြောင်း၊ အ ခု မ နက် စော စော ထ ပြီး လို အပ် သ လို ပြင် ဆင် ပြီး မှ အ ဘ ထံ သ တင်း ပို့ ရန် ရည် ရွယ် ထား ပါ ကြောင်း သ နား စ ဖွယ် လျောက် တင် ရ တာ ပေါ့။     အ ဘ လဲ ကျ နော့ ပြော ပုံ နဲ့ ချွေး သံ ရဲ ရဲ ရူ ပ ကာ ကို ကြည်ြ ပြီး ကျေ နပ် သွား ပုံ ရ ပါ တယ်။ပြုံး ကြည့် ပြီး ရ ပါ တယ် ကွာ အဲဒီ လောက် လဲ အ ပင် ပန်း မ ခံ ပါ နဲ့ ကွာ တဲ့။    အ ဘ ရဲ့ မျက် ဝန်း ထဲ မှာ တော့ တာ ဝန် ကျေ တဲ့ ကျန် စစ် သား ကို ကြည့် ပြီး ကျေ နပ် နေ တဲ့ အ နော် ရ ထာ ရဲ့ ကျေ နပ် ပြုံး တွေ နဲ့ ပေါ့။ တ ကယ် လို့ ကျ နော် ညောင် ပင် အ စား ထိုး တာ များ သူ သိ သွား ခဲ့ ရင် သူ့ ဂွ ကြား က  အ ရိ န္န မာ လှံ နဲ့ များ ထိုး မ လား မ သိ ဘူး လို့ ရှာ ကြံ တွေး မိ သေး တယ်။          နောက် တော့ နေ့ ကောင်း ရက် သာ ရွေး ထား ဝယ် မြို့ ပေါ် က သံ ဃာ တော် တွေ ပင့် ဖိတ် ပြီး ရွတ် ဖတ် သ ရ ဇယ် ကာ ညောင် ပင် စိုက် ပွဲ ကျင်း ပ လိုက် ပါ တယ်။    ဒီ ကြား ထဲ သံ ဃာ တ ပါး က မိန့် သွား ပါ သေး တယ်  ""ဒ ကာ တို့(.... ကြီး )က လည်း  နိုင် ငံ ခြား က ညောင် ပင် ပင့် တာ ကြီး ကြီး လေး ပင့် လာ တာ မ ဟုတ် ဘူး။ သူ လဲ ထမ်း လာ ရ  မ ဟုတ် ဘဲ နဲ့။ ခု တော့ ညောင် ပင် က ချည် ပေါင် ပင် နဲ့ တောင် ခွဲ မ ရ ဘူး"" တဲ့။    အဲ နောက် ပိုင်း တော့ ကျ နော့ ကျိုး စား  အား ထုတ် မှု တွေ ကို အ ဘ အ သိ အ မှတ် ပြု တာ ဘဲ လား (ဒါ မှ မ ဟုတ်) တော တွင်း အ လေ့ ကျ ပေါက် နေ သော ညောင် ပင် ကို တူး ၍ သူ ကောင်း ပြု ခဲ့ လို့ ညောင် ပင် စောင့် ရု က္ခ စိုး က မ တာ လား မ သိ ပ ညာ တော် သင် ၁ နှစ် သွား လိုက် ရ ပါ တယ်။ အဲ့ နောက် လဲ တပ် ပြောင်း တပ် ထွက် ကိစ္စ တွေ ကြောင့် ညောင် ပင် အ ကြောင်း မေ့ သ လောက် ဖြစ် သွား ရော။  တ လော က တော့ Dagon Center မှာ လက် ရှိ အဲ ဌာ န ချုပ် မှာ တာ ဝန် ထမ်း ဆောင် နေ တဲ့  ညီ ငယ် ဗိုလ် မှူး တ ယောက် နဲ့ တွေ့ လို့ စ ကား ပြော ရင်း ဓ မ္မာ ရုံ ဘေး က ညောင် ပင် လေး ကို သ တိ ရ ပြီး မေး လိုက် မိ ပါ တယ်။   သူ လဲ အား တက် သ ရော ပြန် ဖြေ ရှာ ပါ တယ်..........""ညောင် ပင် လေး မ ဟုတ် တော့ ဘူး အ ကို ကြီး ရ။ ညောင် ပင် ကြီး ဖြစ် နေ ပြီ။ ပတ် ဝန်း ကျင် က လူ တွေ က လဲ (.....နိုင် ငံ )က ပင့် လာ တဲ့ ညောင် ပင် ကြီး ဆို ပြီး အ ယုံ အ ကြည် အ ရမ်း ရှိ တာ။ ညောင် ရေ သွန်း ပွဲ ဆို ထား ဝယ် က လူ တွေ တောင် လာ တယ် တဲ့။   ကျ နော် အ တွေး လေး တ ခု ရ လိုက် ပါ တယ်.............လူ မ ပြော နဲ့ တော ထဲ က သစ် ပင် ချင်း အ တူ တူ တောင် ရှင် သန် ကျ ရောက် ခွင့် ရ ရာ ဝန်း ကျင် ကွာ ဟ မှု နဲ့ ပတ် ဝန်း ကျင် ရဲ့ အ လေး ထား မှု ပေါ် မူ တည် ပြီး အ ကျိုး ပေး ကွာ သွား နိုင် တယ် ဆို တာ.........  မှတ် ချက်။   ။ အ ရင် က တော့ ကျ နော် ဘယ် သူ့ ကို မှ မ ပြော ရဲ ခဲ့ ပါ။  ခု တော့ မ ကြောက် တော့။ အား ကိုး စ ရာ ၂၀၀၈ ခြေ/ဥ က ရှိ နေ ပြီ။ တပ် မ တော် အ စိုး ရ လက် ထက် ကိ စ္စ ရပ် များ အား နောက် ကြောင်း ပြန် အ ရေး ယူ လို့ မ ရ ဘူး ဆို တဲ့ အ ချက် တ ခု ထဲ နဲ့ ဘယ် သူ ကြိုက် ကြိုက် မ ကြိုက် ကြိုက်  ၂၀၀၈ ခြေ /ဥ ကို ကျ နော် ကြိုက် တယ်။  ကိုယ့် အ တွက် အ န္တ ရယ် ကင်း တာ ကိုး။ ;-) နှစ် သစ် မှာ ပျော် ရွှင် နိုင် ကြ ပါ စေ။်
အ ခါ တ ပါး ၌ ကျ နော် သည် ထား ဝယ် မြို့ နှင့် မနီး မ ဝေး တော တွင်း တ နေ ရာ ရှိ ဌာ န ချုပ် အ သစ် သို့ ဦး စီး တ ( စစ် ထောက် ) တာ ဝန် ဖြင့် ပြောင်း ရွှေ့ ရ လေ တော့ သည်။
မူ လ စစ် ထောက် တာ ဝန် များ အ ပြင် ဌာ န ချုပ် ဝန်း ကျင် ရှိ အလေ့ ကျ ပေါက် နေ သော လွန် စွာ ပေါ များ လှ သည့် ဓညင်း ပင် များ မှ အ သီး များ ခူး ကာ ထား ဝယ် သို့ တက် ရောင်း ပြီး ရံ ပုံ ငွေ ရှာ ခြင်း၊ မည် သည့် အ ကြောင်း ပြ ချက် နှင့် မျှ လွန် ဆန် ၍ မ ရ သော ရန် ကုန် ရုံး ချုပ် မှ ညွှန် ကြား သည့် အ မိန့် အ တိုင်း အ ရိပ် ရ လေ ကာ ပင် များ စိုက် ပ်ျုး နိုင် ရန် အ တွက် ရုံး ဘေး ကိုက်(၁၀၀ )ပတ် လည် ရှိ နေ ပြောက် မ ထိုး သော သစ် ဆိမ့်၊ အင် ကြင်း၊ ဓ ညင်း၊ ရှော် ဝါ စ သော အ ပင် ကြီး မျိုး စုံ အား ဘူ ဒို ဇာ နှင့် အ ပြောင် ထိုး ၍ ရှင်း လင်း ခြင်း၊ ထပ် ဆင့် ညွှန် ကြား ချက် ပါ အ တိုင်း သစ် တော ဌာ န မှ လက် ခံ ရ ရှိ သော တ ထွာ သာ သာ ကျွန်း ပင် ပေါက် များ အား အ ရိပ် ရ လေ ကာ ပင် အ ဖြစ် ပြန် လည် စိုက် ပျိုး ခြင်း တို့ လုပ် ဆောင် ရ ပါ တယ်။
တ ခါ တ ရံ အ ရာ ရှိ ရိပ် သာ အ တွက် လို အပ် နေ သော အ သား ဓါတ် အ တွက် ဒေ သ ခံ မု ဆိုး များ နဲ့ အ တူ လိုက် ပြီး တော ဝက် သား၊ ဂျီသား၊ သင်း ခွေ ချပ် သား၊ ကုန်း လိပ် သား များ လဲ ရှာ ဖြွေ ပေး ရ ပါ တယ်။
ဒီ လို နဲ့ တ ရက် မှာ တော့ ရန် ကုန် အ ထက် ရုံး မှ လျှို့ ဝှက် ရွေ ပေ လွှာ တ စောင် ရောက် ရှိ လာ ပါ တော့ တယ်။
စာ ပါ အ ကြောင်း အ ရာ က တော့ (......ကြီး) သည် မိ မိ တို့ ဌာ န ချုပ် အ သစ် တွင် စိုက် ပျိုး နိုင် ရန် အ တွက် ၄င်း ကိုယ် တိုင်.(...နိုင် ငံ )ှ မှ သယ် ဆောင် လာ သော(...ညောင် ပင်) အား (....နေ့ ရက်) တွင် ရေ ယာဉ် ကြုံ ဖြင့် ထဲ့ ပေ ကြောင်း။ သို့ ပါ ၍ ဖော် ပြ ပါ ညောင် ပင် အား အောင် မြင် ရှင် သန် စွာ စိုက် ပျိုး နိုင် ရေး စီ မံ ဆောင် ရွက် ရန် ပေါ့။
ကျ နော် တို့ လက် အောက် ခံ တပ် အ နေ နဲ့ က တော့ ညောင် ပင် စိုက် ခိုင်း တာ ကို လျို့ ဝှက် ဆို တော့ အ ထူး အ ဆန်း ပေါ့။
ဘာ ဘဲ ဖြစ် ဖြစ် အ ထက် အ မိန့် ဆို တော့ ဌာ န ချုပ် မှူး အ ဘ ဗိုလ် ချုပ် အိမ် နဲ့ ဓ မ္မာ ရုံ ကြား မှာ မြေ နေ ရာ ရှာ၊ တော ရှင်း၊ ၈ ပေ ပတ် လည် ၄ ပေ အ မြင့် အုတ် ဘောင် လုပ် ပေါ့။
နောက် ၃ ရက် မြောက် ည ၁၁ နာ ရီ ဝန်း ကျင် မှာ တော့ ရေ ယာဉ် ရောက် ကြောင်း သ တင်း ပို့ လာ လို့ ညောင် ပင် သယ် ဆောင် ရေး ခေါင်း ဆောင် ကျ နော် ကိုယ် တိုင် ဘဲ Jetty ကို ဆင်း ကြည့် လိုက် ပါ တယ်။ ဟို ရောက် မှကြည့် လိုက် တော့ သူ့ ညောင် ပင် က ၄ ပေ လောက် မြင့် ပြီး သာ မန် မြေ ထုပ် လေး နဲ့ ဘဲ ဆို တော့ ကျ နော့ dream ဆိုင် ကယ် ခွ ကြား မှာ တင် သယ် ခဲ့ ပြီး သတ် မှတ် ထား တဲ့ အုတ် ဘောင် ထဲ မှာ ထဲ ထာ့း လိုက် ပါ တယ်။ အ ဘ ကို တော့ မိုး သိပ် ချုပ် နေ လို့ မ နက် မှ သ တင်း ပို့ မယ် လို့ ဆုံး ဖြတ် လိုက် ပါ တယ်။
ဒါ ပေ မဲ့ ဒီ ကိ စ္စ က အ ဘ လဲ စိတ် ဝင် စား တဲ့ ကိစ္စ ဆို တော့ မ နက် ၅နာ ရီ လောက် ထ uniform တ ခါ ထဲ ဝတ် ပြီး ညောင် ပင် ကို လင်း လင်း ရှင်း ရှင်း ကြည့် ဖို့ ထွက် ခဲ့ ပါ တယ်။
နံ နက် စော စော ကျေး ဌက် သံ မျိုး စုံ နဲ့ သာ ယာ ပါ ဘိ။ အ ဘ အိမ် က ခွေး သား အုပ် မ က လဲ ညောင် ပင် အုတ် ဘောင် နား မှာ မြူး တူး ဆော့ က စား နေ တာ ကိုယ် တောင် လေး ဘက် ထောက် ပြီး ဝင် ဆော့ ချင် စိတ် ပေါက် သွာံးတယ်။
အ နား ရောက် လို့ အုတ် ဘောင် ထဲ ငုံ့ ကြည့် လိုက် တော့......သေ ပြီ ဆ ရာ.....တ ကယ် ကြီး ကို သေ တာ။
သယ် လာ တုန်း က ၄ ပေ လောက် ရှိ တဲ့ ညောင် ပင် က အ ခု ၄ လက် မ တောင် မ ရှိ တော့ ။ ဘေး မှာ လဲ ညောင် ရွက် တွေ ခွေး ခြေ ရာ တွေ ပ ရ ပွ။
စော စော က ချစ် စ ဖွယ် ခွေး သား အုပ် ကို ဒေါ သ တွေ စု ပြုံ ကျ ကုန် သည်။ သို့ သော် ဘာ မှ လုပ် မ ရ။ အ ဘ ရဲ့ အ ချစ် တော် ခွေး တွေ။
ကျ နော် ဘဝ တွင် အင် မ တုန် လှုပ် နာ ကျင် ကြောက် မက် ဖွယ် အ ချိန် ကို ဖြတ် သန်း နေ ရ ပြီ။ ရည်း စား လူ လု ၊ အူ နု ကျွဲ ခတ် အ လွန် ခံ ရ ခက် သည် ဆို သော် လဲ ကျ နော် မ ကြုံ ဘူး ၍ မ သိ။ သို့ သော် ကြ ခဲုံ့ ဖူး သော အ ဝှာ ထိပ် ဇစ် ညပ် သ ကဲ့ သို့ အင် မ တန် ခက် ခဲ ကြမ်း တမ်း သည့် ရှေ့ မ တိုး သာ နောက် မ ဆုတ် သာ သော အ ခြေ အ နေ ဖြစ် ပါ တယ်။
သို့ သော် ကိစ္စ မ ရှိ၊ စိတ် ကို အ တည် ငြိမ် ဆုံး ထား ပြီး အ ခြေ အ နေ ကြည့် စစ် ရေး သုံး သပ် ပြီး.......က မ္ဘာ့ အ မြန် ဆုံး စီ မံ ချက် ကို ရေး ဆွဲ ရ လေ ပြီ။ ၅ မိ နစ် ပင် ကြာ မည် မ ထင်။ အ ကောင် အ ထည် စ ဖော် ရ လေ တော့ သည်။
ဒီ နေ ရာ တွင် မ ဟော် သ ဓါ ဖြတ် ထုံး နှလုံး မူ ၍ လှို့ ဝှက် အပ် သော အ ရာ အား မည် သူ့ ကို မှမ ပြော ဘဲ တ ဦး တည်း ဆောင် ရွက် ရ လေ ၏။ ပင် ပန်း ပေ စွ။ အ ခု မှ လျို့ ဝှက် ညောင် ပင် တ ကယ် ဖြစ် လေ ပြီ။
ကျ နော် ရိပ် သာ သို့ အ မြန် ပြေး တ ရွင်း တ လက် အား ကြိတ် ၍ ရှာ ရ တော့ သည်။ ဘယ် လို မှ ရှာ မ ရ။ နောက် ဆုံး တွေ့ ရာ ဓား မ တို တ ချောင်း ကို ခါ ကြား ထိုး ဆိုင် ကယ် ပေါ် ခွ တက် ပြီး ဌာ န ချုပ် အ နီး ရှိ တော ခို လိုက် တော့ သည်။ ဤ နေ ရာ တွင် တပ် မ တော် အ ရာ ရှိ တ ဦး uniform အ ပြည့် အ စုံ နှင့် လက် နက် (ဓား မ တို )နှင့် အ တူ စီး ခွင့် မ ရှိ သော ဆိုင် ကယ် စီး ၍ တော ခို သွား ခြင်း သည် သေ ဒဏ် ထိုက် သော ပြစ် မှု မ်ျုး ဖြစ် ပါ တယ်။
ဒါ ပေ မဲ့ ခု ချိန် မှာ သေ ဒဏ် ထက် ဆဲ ဒဏ် ဆူ ဒဏ် ကို ပို ကြောက် သည်။
တော ထဲ ရောက် တော့ ညောင် ပင် ပေါက် ရှာ ရ ပြီ ပေါ့။ န ဂို ၄ ပေ ရှိ ပေ မဲ့ အ ခု ၂ ပေ ဝန်း ကျင် လေး တွေ ရှာ ရ သည်။ ညောင် မြစ် က ရှည် သ ဖြင့် အ ပင် ကြီး ကြီး မ တူး ရဲ။ စိတ် ကြိုက် အပင် တွေ့ တော့ ဓား မ တို အား ကိုး နဲ့ တူး ရ တော့ တာ ပေါ့။ အ ချိန် ဘယ် လောက် ကုန် သွား သည် မ သိ အ ပင် လဲ ရ ရော ကျ နော့ တ ကိုယ် လုံး ချွေး တွေ ရွှဲ ၊မြေ နီ တွေ ဖုံး ပြီး ရ တ နာ ပုံ ခေတ် က မြေ တူး မင်း သား ဖြစ် လေ ပြီ။
အ ပင် ရ တာ နဲ့ ချက် ချင်း ဘဲ ဓါး မ ခါး ကြား ထိုး ၊ ညောင် ပင် ကို ထုံး စံ အ တိုင်း ဆိုင် ကယ် ခွ ကြား တင် ပြီး တပ် ကို ပြန်... အ လင်း ဝင် ရ တာ ပေါ့။
ရောက် တာ နဲ့ မူ လ ညောင် ပင် ခြေ ရာ လက် ရာ ဖျက် ပြီး တူး လာ တဲ့ ညောင် ပင် ကို အ စား ထိုး ရ တာ ပေါ။ ကိုယ့် အာ ရုံ နဲ့ ကိုယ် လုပ် နေ တုန်း ""ဗိုလ် ကြီး နိုင် ဇာ မြင့် အား ထဲ့ လှ ချည် လား ကွ ""လို့ မေး သံ ကြား လို့ လန့် ပြီး မော့ ကြည့် လိုက် တော့.........""အဘ အဘ အဘ""
ကျ နော် လဲ လန့် ဖြန့် ပြီး က မန်း က တန်း ရပ် လက် တင် အ လေး ပြု ပြီး ည က မိုး ချုပ် နေ လို့ အ ဘ အိပ် ရေး ပျက် မှာ စိုး ပြီး သ တင်း မ ပို့ မိ ကြောင်း၊ အ ခု မ နက် စော စော ထ ပြီး လို အပ် သ လို ပြင် ဆင် ပြီး မှ အ ဘ ထံ သ တင်း ပို့ ရန် ရည် ရွယ် ထား ပါ ကြောင်း သ နား စ ဖွယ် လျောက် တင် ရ တာ ပေါ့။
အ ဘ လဲ ကျ နော့ ပြော ပုံ နဲ့ ချွေး သံ ရဲ ရဲ ရူ ပ ကာ ကို ကြည်ြ ပြီး ကျေ နပ် သွား ပုံ ရ ပါ တယ်။ပြုံး ကြည့် ပြီး ရ ပါ တယ် ကွာ အဲဒီ လောက် လဲ အ ပင် ပန်း မ ခံ ပါ နဲ့ ကွာ တဲ့။
အ ဘ ရဲ့ မျက် ဝန်း ထဲ မှာ တော့ တာ ဝန် ကျေ တဲ့ ကျန် စစ် သား ကို ကြည့် ပြီး ကျေ နပ် နေ တဲ့ အ နော် ရ ထာ ရဲ့ ကျေ နပ် ပြုံး တွေ နဲ့ ပေါ့။ တ ကယ် လို့ ကျ နော် ညောင် ပင် အ စား ထိုး တာ များ သူ သိ သွား ခဲ့ ရင် သူ့ ဂွ ကြား က အ ရိ န္န မာ လှံ နဲ့ များ ထိုး မ လား မ သိ ဘူး လို့ ရှာ ကြံ တွေး မိ သေး တယ်။
နောက် တော့ နေ့ ကောင်း ရက် သာ ရွေး ထား ဝယ် မြို့ ပေါ် က သံ ဃာ တော် တွေ ပင့် ဖိတ် ပြီး ရွတ် ဖတ် သ ရ ဇယ် ကာ ညောင် ပင် စိုက် ပွဲ ကျင်း ပ လိုက် ပါ တယ်။
ဒီ ကြား ထဲ သံ ဃာ တ ပါး က မိန့် သွား ပါ သေး တယ် ""ဒ ကာ တို့(.... ကြီး )က လည်း နိုင် ငံ ခြား က ညောင် ပင် ပင့် တာ ကြီး ကြီး လေး ပင့် လာ တာ မ ဟုတ် ဘူး။ သူ လဲ ထမ်း လာ ရ မ ဟုတ် ဘဲ နဲ့။ ခု တော့ ညောင် ပင် က ချည် ပေါင် ပင် နဲ့ တောင် ခွဲ မ ရ ဘူး""တဲ့။
အဲ နောက် ပိုင်း တော့ ကျ နော့ ကျိုး စား အား ထုတ် မှု တွေ ကို အ ဘ အ သိ အ မှတ် ပြု တာ ဘဲ လား (ဒါ မှ မ ဟုတ်) တော တွင်း အ လေ့ ကျ ပေါက် နေ သော ညောင် ပင် ကို တူး ၍ သူ ကောင်း ပြု ခဲ့ လို့ ညောင် ပင် စောင့် ရု က္ခ စိုး က မ တာ လား မ သိ ပ ညာ တော် သင် ၁ နှစ် သွား လိုက် ရ ပါ တယ်။ အဲ့ နောက် လဲ တပ် ပြောင်း တပ် ထွက် ကိစ္စ တွေ ကြောင့် ညောင် ပင် အ ကြောင်း မေ့ သ လောက် ဖြစ် သွား ရော။
တ လော က တော့ Dagon Center မှာ လက် ရှိ အဲ ဌာ န ချုပ် မှာ တာ ဝန် ထမ်း ဆောင် နေ တဲ့ ညီ ငယ် ဗိုလ် မှူး တ ယောက် နဲ့ တွေ့ လို့ စ ကား ပြော ရင်း ဓ မ္မာ ရုံ ဘေး က ညောင် ပင် လေး ကို သ တိ ရ ပြီး မေး လိုက် မိ ပါ တယ်။
သူ လဲ အား တက် သ ရော ပြန် ဖြေ ရှာ ပါ တယ်..........""ညောင် ပင် လေး မ ဟုတ် တော့ ဘူး အ ကို ကြီး ရ။ ညောင် ပင် ကြီး ဖြစ် နေ ပြီ။ ပတ် ဝန်း ကျင် က လူ တွေ က လဲ (.....နိုင် ငံ )က ပင့် လာ တဲ့ ညောင် ပင် ကြီး ဆို ပြီး အ ယုံ အ ကြည် အ ရမ်း ရှိ တာ။ ညောင် ရေ သွန်း ပွဲ ဆို ထား ဝယ် က လူ တွေ တောင် လာ တယ် တဲ့။
ကျ နော် အ တွေး လေး တ ခု ရ လိုက် ပါ တယ်.............လူ မ ပြော နဲ့ တော ထဲ က သစ် ပင် ချင်း အ တူ တူ တောင် ရှင် သန် ကျ ရောက် ခွင့် ရ ရာ ဝန်း ကျင် ကွာ ဟ မှု နဲ့ ပတ် ဝန်း ကျင် ရဲ့ အ လေး ထား မှု ပေါ် မူ တည် ပြီး အ ကျိုး ပေး ကွာ သွား နိုင် တယ် ဆို တာ.........
မှတ် ချက်။ ။ အ ရင် က တော့ ကျ နော် ဘယ် သူ့ ကို မှ မ ပြော ရဲ ခဲ့ ပါ။ ခု တော့ မ ကြောက် တော့။ အား ကိုး စ ရာ ၂၀၀၈ ခြေ/ဥ က ရှိ နေ ပြီ။ တပ် မ တော် အ စိုး ရ လက် ထက် ကိ စ္စ ရပ် များ အား နောက် ကြောင်း ပြန် အ ရေး ယူ လို့ မ ရ ဘူး ဆို တဲ့ အ ချက် တ ခု ထဲ နဲ့ ဘယ် သူ ကြိုက် ကြိုက် မ ကြိုက် ကြိုက် ၂၀၀၈ ခြေ /ဥ ကို ကျ နော် ကြိုက် တယ်။ ကိုယ့် အ တွက် အ န္တ ရယ် ကင်း တာ ကိုး။
နှစ် သစ် မှာ ပျော် ရွှင် နိုင် ကြ ပါ စေ။
Naingzar Myint
နတ်မျက်စိပုလင်းကွဲနဲ့ အတင်းဖြဲ တွေးကြည့်ခြင်း
$
0
0
 Ye Kyaw Thura's photo.
ကျွန်တော်တွေးနေမိတယ်…။ ဦးနှောက်ကို အလကားမထားဘဲ ကျွန်တော်တွေးမိတယ်။ အမေရိကန်သမ္မတ အိုဘားမား လာဦးမယ်တဲ့။
ကျွန်တော်တွေးနေမိတယ်…။ ဘေဂျင်းအိုလံပစ်ပွဲမှာ ကွင်းထဲကနေ လကမ္ဘာကို တိုက်ရိုက်ဆွဲပြီး တီဗီရိုက်ပြသွားတဲ့ တရုတ်ရဲ့ နည်းပညာတိုးတက်မှု ဘယ်အခြေအနေထိတောင်ရောက်နေပြီလဲလို့တွေးမိတယ်။ ဘယ်လောက် ကောင်း တဲ့ ကင်မရာလည်းဆိုတော့ ကြော်ငြာဝင်တယ်လို့တောင်ထင်နေတာ။ ပြီးမှကြည့်လိုက်တော့ ကွင်းထဲကနေ တိုက်ရိုက်ရိုက်ပြနေတာ။ ကျွန်တော်တွေးနေမိတယ်…။
Ye Kyaw Thura's photo. 
 ကျွန်တော်တွေးမိတယ်…။ အမေရိကန်နဲ့ သိပ်မဝေးတဲ့ ကာရစ်ဘီယန်ကျွန်းဆွယ်နား က နိုင်ငံတွေအထိ ခြေဦး လှည့်ပြီး အကူအညီသွားပေးတဲ့ တရုတ်ရဲ့ ခြေလှမ်းတွေကို ကျွန်တော်လှမ်းကြည့်မိတယ်။ ကျွန်တော်တွေးနေ မိတယ်…။
ကျွန်တော်တွေးနေမိတယ်…။ အာရှ၊ ပစိဖိတ်ဒေသမှာ တဖြည်းဖြည်းကြီးထွားလာတဲ့ တရုတ်ရဲ့ အင်အားဆိုတာကို တွေးကြည့်မိတယ်။ ကျွန်တော်တွေးနေမိတယ်…။
ကျွန်တော်တွေးနေမိတယ်…။ ၂၀၀၈-၂၀၀၉ ဝန်းကျင် စစ်တပ်အုပ်ချုပ်နေတဲ့ အချိန်မှာ ဗဟန်းမြို့နယ်ထဲက INGO တချို့မှာ အလုပ်သွားလျှောက်ပြီး တွေ့တဲ့လမ်း အတိုင်းလျှောက်လာလိုက်တာ တက္ကသိုလ်ရိပ်သာလမ်းလည်းရောက် ရော ဘွားခနဲ တွေ့လိုက်ရတဲ့ အဲဒီအချိန်က ဆောက်လက်စ အမေရိကန်သံရုံးအသစ်ကြီး ကို ငေးကြည့်ရင်း ကျွန်တော် တွေးနေမိတယ်။ ကမ္ဘာ့သတင်းမျက်နှာစာမှာ မြန်မာ အစိုးရနဲ့ ဆံပင်ဆွဲလိုက်၊ ပါးချလိုက်၊ ပါးစပ်က အမနာပ မျိုးစုံပြောပြီး တစောင်းနဲ့ မျက်ချေးဖြစ်နေတဲ့ နိုင်ငံက သံရုံးကို ဘာဖြစ်လို့ ဒီလောက်မြေ အကျယ်ကြီး ပေးထား ရတာလဲ။ ခြေလျင်တပ်ရင်းတစ်ဝက်စာနီးပါးလောက် မြေအကျယ်ရှိတယ်။ ကျွန်တော်တွေးနေမိတယ်…။
Ye Kyaw Thura's photo. 
 ကျွန်တော်တွေးနေမိတယ်…။ (……………………………………) မှာ အမေရိကန်လက်နက်တွေရှိတယ်တဲ့။ ကျွန်တော် တွေးနေမိတယ်…။
ကျွန်တော်တွေးနေမိတယ်…။ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ဂျွန်ယတ်တောကြီးဝင်လာတုန်းက ရေကူးပြီး ဝင်လာ တာလို့ ဘယ်သူပြောသလဲတဲ့။ ကျွန်တော်တွေးနေမိတယ်…။
ကျွန်တော်တွေးနေမိတယ်…။ မြန်မာတိုင်းမ်မှာ နိုင်ငံခြားသားဆောင်းပါးရှင်တစ်ယောက်ကရေးဖူးတယ်။ ကမ္ဘာပေါ်မှာ အမေရိကန် Drone တွေ မလာနိုင်တဲ့နေရာဆိုတာ မရှိဘူး တဲ့ ။ ထိုင်းက ပတ္ထနီကိုလာနိုင်သလို လိုအပ်ရင် မြန်မာ နိုင်ငံက ရခိုင် ပြည်နယ်ကိုလည်း အချိန်မရွေးလာနိုင်တယ်တဲ့။ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အမေရိကန် အစိုးရ ဟာ ဘာမဆိုလုပ်နိုင်ပါသတဲ့။ ကျွန်တော်တွေးနေမိတယ်…။
Ye Kyaw Thura's photo. 
 ကျွန်တော်တွေးနေမိတယ်…။ အင်မတန်ခေါင်းမာတဲ့ KNU က ငြိမ်းချမ်းရေး စကားတွေပြောပြီး တချို့ကိစ္စတွေမှာ အစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အချိန်မှာ တစ်ချိန်က ကျွန်တော်ထင်ကြီးခဲ့သလိုလိုရှိခဲ့တဲ့ KIA က ဘာဖြစ်လို့ ဒီလောက် ကဖျက်ယဖျက် စကားတွေပြောနေရတာလဲဆိုတာ…။ ကျွန်တော်တွေးနေမိတယ်…။
ကျွန်တော်တွေးနေမိတယ်…။ မြန်မာစစ်အစိုးရဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်နွယ်မှု ရှိတယ် ဆိုပြီး မြန်မာ့ကျောက်စိမ်း မှန်သမျှ မဝယ်ဖို့ ပြီးခဲ့တဲ့နှစ်က အမေရိကန်အစိုးရက ဆုံးဖြတ် ချက် ချလိုက်တယ်။ ကျွန်တော်တွေးနေမိတယ်…။ ကျွန်တော်တွေးနေမိတယ်…။
ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် မြန်မာ့ကမ်းရိုးတန်းတွေကို လာပြီး လေ့လာတဲ့ အဖွဲ့မှာ ဘာဖြစ်လို့ အမေရိကန် Navy က အရာရှိတွေပါလာရသလဲလို့ တွေးမိတယ်။ ကျွန်တော် တွေးနေမိတယ်…။
Ye Kyaw Thura's photo. 
 ကျွန်တော်တွေးနေမိတယ်…။ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်၊ "ကမ္ဘာကြီး ဟာ ရွာတစ်ရွာဖြစ်သွားပြီ Globalization Age ရောက်သွားပြီလို့ လူတွေက ပြောကြ တယ်၊ တကယ်လို့ ကမ္ဘာကြီးဟာ ရွာတစ်ရွာဆိုရင် မြန်မာ စစ်ခေါင်းဆောင်တွေဟာ အဲဒီရွာမှာ ဘယ်သူ သူကြီးလဲဆိုတာ ကောင်းကောင်းသိတယ်"တဲ့။ ကျွန်တော်တွေးနေ မိတယ်…။
ကျွန်တော်တွေးနေမိတယ်…။ ၂၀၀၄ ခုနှစ်လောက်က နယ်စပ်မြို့လေးမှာ ဆိုင်ကယ် တက္ကစီမောင်းရင်း တွေ့ခဲ့တဲ့ အမေရိကန် တစ်ယောက်က ပြောဖူးတယ်။ "မင်းတို့နိုင်ငံ လည်း နောက် ၅ နှစ်ကျော်လောက်ဆို ပြောင်းမှာပါကွာ"တဲ့။ "ဘာ့ကြောင့် ဒီလိုပြောရ တာလဲလို့ သူ့ကို ကျွန်တော်မေးတော့"ဘာမှပြန်မဖြေဘဲ ပြုံးနေတယ်။ ကျွန်တော် တွေးနေမိတယ်…။
ကျွန်တော်တွေးနေမိတယ်…။
ကျွန်တော်တွေးနေမိတယ်…။
ကျွန်တော်တွေးနေမိတယ်…။
ဘာတွေမှန်း ရေရေရာရာ မသိဘဲနဲ့ ကျွန်တော်တွေးနေမိတယ်…။
ဒါပေမဲ့ ကျွန်တော့်အတွေးဟာ မြေကြီးကသာ မိုးရွာရင် ထီးဘယ်လို ပြန် ဆောင်း ရမလဲဆိုတဲ့ အတွေးမျိုးတော့မဟုတ်တာ သေချာပါတယ်။
ဟဲဟဲ….ကျွန်တော် စနိုးဒင်လည်းမဟုတ်ဘူး၊ မိတ်ကပ်ဒင်လည်း မဟုတ်ဘူးနော်။
အလကား အအားမနေဘဲ တွေးနေရမှ ကျေနပ်လို့ပါ။
ရဲကျော်သူရ
သိကြားမင်းနှင့် အင်တာဗျူး
$
0
0
Photo: " သိကြားမင်းနှင့် အင်တာဗျူး " ……………   သင်္ကြန်ကာလ ဦးဦးဖျားဖျားသတင်းရယူဖို့ ထွက်လာခဲ့သည်။  လမ်းမတစ်လျှောက် မဏ္ဍပ်များက အပြိုင် အဆိုင်လှပနေသည်။  တစ်နေရာအရောက် မဏ္ဍပ်တစ်ခု၏ ထောင့်တစ်နေရာတွင် ကောင်လေးနှင့် ကောင်မလေး တစ်ယောက် ကုပ်ချောင်းချောင်းနှင့် တွေ့လိုက်ရသည်။ အတွဲတွေလားမသိ။  ဒါမျိုးဆို စိတ်ဝင်စား သည်။  နှစ်ယောက်လုံးအတော်ချောသည်ဟု စိတ်ကတွေးမိသည်။  ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပ လို့နေသည်။   " အဟမ်း..အဟမ်း.." ကျွန်တော် ချောင်းဟပ်သံပေးလိုက်တော့ နှစ်ဦးသား လှည့်ကြည့်သည်။  ဗျူးချင်သည့် ၀ါသနာကပေါ်လာပြီး မေးလိုက်သည်။  " ညီလေးတို့ ဘာလုပ်နေတာလဲကွ"  ကောင်မလေးက နှုတ်ခမ်းစူလိုက်သည်။ ကောင်လေးက ဘုကြည့်ကြည့်သည်။  အေးပေါ့ ဒါမျိုးက ဘာလုပ်နေပါတယ်လို့ ပြောလို့ကောင်းသည့် အရာမှ မဟုတ်တာလေ။  " ဘာလုပ်လုပ်ပေါ့ နေပါဦး ခင်ဗျားက ကျုပ်ကိုများ ညီလေးဘာလေးနဲ့ ကျုပ်ကိုများ ဘာထင်နေလဲ "  " ဟုတ်ပါ့ သမီးတို့ကို ဘာထင်နေလဲမသိဘူးနော် ချစ်ကြားကိုကို "  အလိုလို ဘာတုန်းဟ။ ချစ်ကြားကိုကိုတဲ့။  ဒီအခေါ်အဝေါ်ကြားဘူးပေါင်။ ပို့စ်မော်ဒန်အခေါ်ဖြစ်မည် ထင်ပါရဲ့။  " ဟို ဘာမှ မထင်ပါဘူး။ ကိုယ့်ထက် ငယ်တယ်ထင်လို့ ညီလေးလို့ခေါ်တာပါကွယ် " လေပြေလေးသွေး လိုက်ရသည်။ သတင်းထူးလိုချင်တာကိုး။  သူတို့ကိုကြည့်တော့ သင်္ကြန်ကာလကြီးမှာ ဟန်းဖုန်းနဲ့၊ လက်တော့ပ် ကွန်ပျူတာနှင့်ဆိုတော့ အထူးအဆန်းဖြစ်လို့နေသည်။ ရေစိုလို့ ပျက်သွားမှာ မကြောက်ဘူးထင်ပါရဲ့။  " ခင်ဗျားတို့တွေ ဘယ်လောက်တောင် အကုသိုလ်တွေ များနေလဲမသိဘူး။  သိကြားမင်းကို သိကြားမင်း မှန်း မသိဘူး "  " ဒါဆို ညီလေးက..အဲ…အသင်က သိကြားမင်းပေါ့ "  " ဟုတ်တယ် မင်းတို့ တောင်းတလွန်းလို့ ကိုယ်ထင်ပြရတာကွ "  " ဒါဆို အိမ်သာ ဆောက်ခိုင်းဖို့လား "  " တယ်..ငါ့ကိုများ နောက်တီးနောက်တောက်လာလုပ်နေတယ် "  ကျွန်တော်က ဘေးကကောင်မလေးကို လက်ညှိုးညွှန်ရင်း ပြောသည်။  " သင်က သိကြားမင်းဆိုတော့ သူလေးကရော" သိကြားမင်းက ဘုကြည့်ကြည့် ပြန်သည်။  " ငါ့ကို မေးဖို့လာတာလား သူ့ကိုမေးမှာလား "  " ကျွန်တော် မေးမှာကို ဘယ်လိုလုပ်သိသလဲ "  " ငါ့ကို စော်ကားတာများပြီနော် သိကြားမင်းပါဆိုနေ "  " ဟီး မေ့သွား လို့ပါ"  သိကြားမင်းက ဟိုကြည့်ဒီကြည့်လုပ်နေသည်။ ကျွန်တော်လည်း သူကြည့်နေသည့် နေရာကိုကြည့်တော့လူတွေရုတ်ရုတ်နှင့် များလာသည်။ ဒီနေရာမှာ ဗျူးနေလို့မဖြစ်။  တော်ကြာလူတွေ ၀ိုင်းလာ လိမ့်မည်။  ကျွန်တော်တွေးနေတုန်းရှိသေး သိကြားမင်းက ပြောသည်။  " ဒီနေရာမှာ တအားရှုပ်လာလိမ့်မယ်။  တစ်ဆိုင်ဆိုင်သွားရအောင် "  " သိကြားမင်းက ဘယ်ဆိုင်သွားချင်လို့တုန်း ဘီယာလောက်ပဲ ကောင်းမယ်ထင်တယ် "  " ဒီကောင်များပြီ ချစ် နန္ဒာသဇင်သက်မွန်ရွှန်းလဲ့မှုန်ရေ ..မောလိုက်တာ ဒီကောင်ကို မမှတ်နဲ့ စက်လေးလို့ "  နတ်သမီးလေးက စက်ကိုပိတ်လိုက်သည်။ ဆံပင်ကို သပ်တင်လိုက်ရင်း ပြောသည်။  " ချစ်ကြား သွားရအောင် တော်ကြာ မူးမူးရူးရူးနဲ့ သမီးကိုလာဆွဲနေဦးမယ် "  သွားရအောင်ဆိုတော့ ကျွန်တော်ဦးဆောင်ပြီး လူရှင်းရာ ဆိုင်တစ်ဆိုင်သို့ ဦးဆောင်ခေါ်လာခဲ့သည်။ ဆိုင်၌ထိုင်လိုက်ပြီး စားစရာသောက်စရာများကို မှာလိုက်သည်။  " ငါတို့က မစားဘူးနော်"  " ၀မ်းသာပါတယ်ဗျာ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်လဲ တစ်ယောက်စာပဲပါတာဗျ။  ဒီလို အလိုက် သိပြီး မစားမသောက်ဘဲ နေနိုင်တဲ့ နတ်လို လူကြီးတွေ အဲလေ လူတွေနဲ့ များများတွေ့ပါစေဗျာ "  " ကဲ မောင်ရင် စကားများမနေနဲ့ ဗျူးစရာရှိတာ မြန်မြန်ဗျူး ကျုပ်တို့ အလုပ်တွေအများကြီး ရှိသေးတယ်"  သူပြောမှပင် အသံဖမ်းစက်ကို ထုတ်ပြီး သေချာစစ်ရသည်။ အသံဖမ်းခလုတ်ကို နှိပ်ပြီး ဗျူးခြင်းကို စတင် လိုက်သည်။  " သိကြားမင်းအနေနဲ့ လူ့ပြည်ကို ဆင်းသက်လာတာ ပျော်ပါသလားခင်ဗျာ "  " ဟ အပျော်လာတာ မဟုတ်ဘူးကွ ကောင်းတဲ့သူတွေ မှတ်သားဖို့ မကောင်းတဲ့သူတွေကို ဘယ်လို ဆုံးမမယ်ဆိုတဲ့ Plan ကိုသိစေချင်လို့ ဆင်းလာတာကွ "  ကျွန်တော် အံ့သြသွားသည်။  " ခင်ဗျာ ဘယ်လို ကျွန်တော်ကြားဖူးတာက မကောင်းတဲ့သူတွေကို ခွေးပုရပိုက်နဲ့ မှတ်တာမဟုတ်ဘူးလား ခင်ဗျ"  " အေး ဟိုးယခင် သိကြားမင်းလက်ထက်က ခွေးပုရပိုက်နဲ့ပေါ့။  ဒါပေမဲ့ မင်းတို့လူသားတွေ မကောင်းတာ လုပ်တိုင်း ရေးမှတ်နေရရင် ခွေတွေအားလုံးသေတောင်လောက်မှာ မဟုတ်ဘူး "  " ဒါဆို ဘယ်လိုလုပ်မှာတုန်း" ကျွန်တော် ကြားဖြတ်ပြောလိုက်သည်။  " ရှင်ကလဲ ရှည်သကိုး။ အဲ စကားပြောတာ စကားကို ဆုံးအောင်နားထောင်ဦးပေါ့ "  အိုး ချိုလိုက်သည့် အသံလေး။ စိတ်ထဲတွေးပြီး ငေးကြည့်မိသည်။ သိကြားမင်းကတော့ တယ်ပြီး ပါးနပ် လှသည်။  " ကဲ ကဲ ဒီကိုအာရုံစိုက် လူ့ပြည်မှာ လူတွေက အားအားရှိတိုင်း မွေးပြီး သန်းပေါင်းများစွာဖြစ်လာတယ်။ ဒီထဲမှာ မကောင်းတဲ့လူတွေကများတော့ ကောင်းတဲ့သူတွေ မှတ်လိုက်ရင် ပြီးတာပဲ။  မကောင်းတဲ့သူတွေ မှတ် နေရင် အချိန်ကုန်တယ်။ ဒါတောင် ဟိုမှာတွေ့လား ကွန်ပျူတာနဲ့ စာရင်းဇယားလုပ် မှတ်သားထားလို့ နောက်ပြီး ငါ့ အတွင်းရေးမှူးမလေးရှိနေလို့ ငါသက်သာတာ "  " သြော် သူက သိကြားမင်းရဲ့ အတွင်းရေးမှူးမလေးလား လှတယ်နော် ခုလိုတွေ့ရတာ ၀မ်းသာပါတယ် နောက်နှစ်တွေမှာလဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ် "  ပြောပြောဆိုဆို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်း ပေးလိုက်သည်။  သိကြားမင်းက ကျွန်တော့် လက်ကိုဖြတ်ခနဲ ရိုက်လိုက်ပြီး" များနေပြီနော် ထပြန်သွားလိုက်မယ် "  " ဒီလိုတော့ မလုပ်ပါနဲ့ မေးပါ့မယ်။ သိကြားမင်းတို့ဆီ ကွန်ပျူတာက ဘယ်လိုရောက်နေတာလဲ "  " ခေတ်နဲ့အညီ ငါတို့လဲ ပြောင်းလဲရတာပေါ့ကွ လူ့ပြည်တောင်တိုးတက်သေးတာ ငါ့တို့ဆီလည်း ဒီထက် အဆပေါင်းများစွာ တိုးတက်အောင်လုပ်ရတာပေါ့ "  " ဒါဆို ဘိလိယက်ခုံတွေ၊ ဂေါက်ကလပ်တွေ ရှိလား၊ ကိုရီးယားကားရော ကြည့်လားဟင် "  " ကြည့်မလား ရှိမလားကွ၊ မင်းတို့ဆီက ချောတယ်ဆိုတာ ငါ့တို့ဆီက အနိမ့်ဆုံးသူလောက်တောင် ရှိတာ မဟုတ်ဘူး။  ဟုတ်တယ်မလား ချစ် နန္ဒာသဇင်သက်မွန်ရွှန်းလဲ့မှုန်ရေ ..ရေ "  " ဟုတ်တာပေါ့ ချစ်ကြားကိုကိုရဲ့ "  သူ့ဟာနှင့်သူတော့  အဟုတ်သားဟ။   ဟိုရောက်ဒီရောက်နှင့် စကားလမ်းကြောင်းလွှဲသွားသည်။ အချိန် ကုန်နေလို့မဖြစ် ဂျာနယ်တိုက်သို့ အမြန်သွားရဦးမည်။  ဒီတော့ ခပ်မြန်မြန်လေး မေးခွန်းတွေ မေးမှဖြစ်မည်။ ကျွန်တော်မေးဖို့ ပြင်လိုက်စဉ် သိကြားမင်းက စပြောသည်။  " မင်းတို့ကြားဖူးတယ်မဟုတ်လား ကောင်းတဲ့သူတွေ အခက်အခဲတွေ့ရင်ဖြစ်ဖြစ်၊ ကျင့်ကြံမှုပြင်းထန်ရင် ဖြစ်ဖြစ် သိကြားမင်းထိုင်တဲ့ ကျောက်ဖျာတင်းတယ်ဆိုတာလေ "  " ကြားဖူးပါတယ် ခပ်ငယ်ငယ်က လူကြီးသူမတွေ ပြောပြတာလေ "  " အေးကွာ ငါလဲ ကျောက်ဖျာပေါ်ထိုင်တာကြာတော့ မထိုင်ချင်တော့ဘူး။ ဒါနဲ့ အကောင်းဆုံးမွေ့ယာ တွေမှာပြီး လဲလှယ်လိုက်တယ်ကွ "  " ဒါဆို " မေးမလို့ပြင်တုန်း သိကြားမင်းက လက်ကာပြရင်း  " မမေးနဲ့ သိတယ်။ ကောင်းတဲ့သူတွေ ကယ်တင်ဖို့ခက်လိမ့်မယ် မဟုတ်လား။ ဒါကြောင့် တစ်ခုခုဖြစ်ရင် အချက်ပေးနိုင်နိုင်တဲ့ ဒီအဆင့်မြင့် ဖူဂျီဆပ်ပြာ အဲ..ယောင်လို့ System တွေ တပ်ဆင်ထားတယ်။ ဒါ့အပြင် မင်းတို့ လူ့ပြည်ကို ငါသိကြားမင်း ဒေါ့ကွန်းကနေ အမြဲကြည့်ပြီး Information တွေ ယူနေတာ၊ မင်းလဲ ကြည့်နေ ပေါ့ကွာ "  သူပြောလိုက်မှ သတိရမိသည်။ စကားရပ်ပြောစဉ်က သူ့အတွင်းရေးမှူးမလေးကို သိကြားမင်း ပြော လိုက်သည့် စကားဖြစ်သည်။  " ဟိုလေ ခုနတုန်းက ကျွန်တော့်ကို မမှတ်နဲ့ဆိုတော့ ကျွန်တော်က မကောင်းတဲ့ အထဲမှာ ပါနေပြီပေါ့နော် "  " အေးပေါ့ကွ မင်းက လူကြီးကို လာနောက် အဲ..သိကြားမင်းကိုမှ လာနောက်နေ၊ စောကားနေတာကိုးကွ "  " ဟဲ အဲဒီလိုတော့ မလုပ်ပါနဲ့ "  ကျွန်တော် ပြောစဉ်ဝယ် သိကြားမင်းခါးတွင် ချိတ်ထားသည့် ဖုန်းက မည်လာသည်။  " ချစ်ကြားရေ ဖုန်းလာနေ..ချစ်ကြားရေ..ဖုန်းလာနေတယ် "  ဖုန်းသံတော့ မိုက်သဟ။ သိကြားမင်းကို ဖွင့်လိုက်ပြီး နောင်းထောင်သည်။  " ပြော မာတလိ ပြော၊ အေး..အေး..အေး အဲဒီအတိုင်းပဲလုပ်၊ …ကောင်းပြီ အရေးကြီးရင် ထပ်ဆက်.. ဒါပဲ " ဖုန်းပိတ်ပြီး ခါးကြားပြန်ထည့်သည်။  ကျွန်တော်လည်း ၀သီအတိုင်း နောက်မိပြန်သည်။ " သိကြားမင်းလဲ ဖုန်းမဲပေါက်ပြီးပြီပဲ "  " တယ်..ဒီကောင်တော့ စိတ်မော၊ လူမော အဲ နတ်မောရတဲ့အထဲ "  " စပ်စုတယ် မထင်ပါနဲ့ ဗျူးတာပေါ့နော်။ ဘာကိစ္စတွေကြောင့် ဒီလောက်မောနေရတာလဲ "  " ဒီလိုကွ ငါ့တို့ဆီကို ရောက်လာတဲ့သူတွေက နည်းတယ်လေ။ အဲဒီတော့ လူတွေလည်း ကောင်းကောင်း နေထိုင်အောင်၊ နတ်ပြည်လည်း အင်အားများလာအောင်လို့ သိကြားမင်းဒေါ့ကွန်းနဲ့ သိကြားမင်း facebook ကနေ ကြော်ငြာမယ်၊ နတ်ပြည်ကို လာရင် လုံးချင်းအိမ်ရာတွေပေးမယ်၊ ရေမီးအစုံပေါ့၊ နတ်သမီး အချောလေးတွေနဲ့လဲ ပျော်ခွင့်ရမယ်ပေါ့ကွာ "  ကျွန်တော်လည်း စိတ်ဝင်စားသွားပြီး " ကံစမ်းမဲရော မပါဘူးလားဟင် "   " တယ် "  သိကြားမင်းရွယ်လိုက်သဖြင့် ကျွန်တော် ဇက်ပုလိုက်မိသည်။  အချိန်အတော်လေးလင့်လာသည်မို့ မေးခွန်းတွေကို ခပ်သွက်သွက်လေး မေးလိုက်သည်။  " သိကြားမင်းအနေနဲ့ ဒီလို အကြမ်းဖက်မှုတွေ၊ ဆိုးသွမ်းမှုတွေ ပြည့်နှက်နေတဲ့ လူ့ပြည်ကြီးကို ဘယ်လို ဆုံးမပြီး ကောင်းတဲ့လူတွေကို ဘယ်လိုမြှင့်တင် ပါမလဲခင်ဗျာ"  " အေး ငါလဲ အဲဒါပြောမလို့ပဲ။ ခု ပြောမယ့် အစီအစဉ်တွေက အရေးကြီးတယ်ကွ။ မင်းက တခြားသူတွေ ကို ပြောလည်ပြောပြ လက်ဆင့်ကမ်းပေါ့ကွာ "  " ဟုတ်ကဲ့ပါဗျာ"  " ချစ်ရေ ..ငါ့တို့ရဲ့ ပရိုဂရမ်တွေကို ဖွင့်လိုက်ဦး "  အတွင်းရေးမှူးမလေးက ကွန်ပျူတာကို ဟိုနှိပ်ဒီနှိပ်လုပ်ပြီး ကွန်ပျူတာကို ရွှေ့ပေးလိုက်သည်။ သိကြား မင်းက ခဏကြည့်ပြီး ကျွန်တော့်ဘက်ကို ကွန်ပျူတာ လှည့်ပြသည်။  " ကဲ ကြည့် ဒီပုံတွေက တို့စီမှာ ဆောက်နေတဲ့ လက်နက်ထုတ်စက်ရုံတွေပဲ။ အဲဒီလက်နက်ကို ၀ရဇိန် မိုးကြိုးလက်နက်လို့ ခေါ်တယ်။ မင်းတို့စီမှာရှိတဲ့ အနုမြူလက်နက်ထက် အဆများစွာ ပြင်းတယ်။ အသံထက် အဆပေါင်းများစွာ မြန်တယ်။ ရေဒါဖမ်းလို့မမိဘူး။  ဒါပေမယ့် လူအများစုမသေဘူး။  ပစ်ခတ်ခံရတဲ့သူပဲ သေတယ်။  ထိတဲ့သူဟာ လုံးဝပြာအဖြစ် ပြောင်းလဲသွားမယ်။ ငရဲလည်း ခံရမယ်။ တော်ရုံနဲ့ မကျွတ်တော့ဘူး "  ကျွန်တော် ကြက်သီးမွေးညှင်းများပင် ထသွားမိသည်။  " ဒီလက်နက်တွေကို ကြိုတင်ထုတ်လုပ်နေပြီ။ ဒါက မကောင်းတဲ့သူတွေကို ဒဏ်ခတ်ဖို့ပေါ့ကွာ။ ကောင်း တဲ့သူတွေကတော့ ဒီဘ၀မှာ ပစ္စည်းဥစ္စာချမ်းချင်လည်း ချမ်းသာမယ်။ ချမ်းသာချင်မှလည်း ချမ်းသာမယ်။ ဒါပေမဲ့ စိတ်ချမ်းသာနေပြီး အနာရောဂါကင်းမယ်။ နောက်နောင်ဘ၀တွေအထိ ပစ္စည်းဥစ္စာရော၊ စိတ်ရော ကိုယ်ပါ ချမ်းချမ်းသာသာနေရမယ်။ ကဲဘာများ မေးချင်သေးလဲ "  " ဟုတ်ကဲ့ မကောင်းတာတွေကို ဘယ်လို ရှောင်ကျဉ်ရမလဲ"  " ဟ ဒါက ဗုဒ္ဓတရားတော်တွေမှာ ဟောကြားထားတာတွေရှိနေတာပဲ။  ရိုသေထိုက်သူကို ရိုသေ၊ သောက်စားမူးယစ် ရမ်းကားမှုကင်းရမယ်၊ လိမ်လည်လှည့်ဖျားတာ၊ သူများဥစ္စာခိုးတာ၊ မတရားအနိုင်ကျင့်ယူတာ၊ သူများသားမယား၊ သမီးပျိုကို စော်ကားဖျက်စီးတာ စတဲ့ အကုသိုလ်တွေကို ဖယ်ရှားပြီး ဘုရားတရားတော်နဲ့ အညီ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားပေါ့ကွာ "   " ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် သိကြားမင်းနဲ့ အတွင်းရေးမှူးမလေးကို အထူး ကျေးဇူးတင်ပါတယ် "  " ဟေ ငါကတော့ ထားပါတော့ကွာ ငါ့အတွင်းရေးမှူးလေးက ဘာမှလဲ မမေး၊ မပြောရဘဲ ကျေးဇူးတင် ရတာတုန်း"  " အဲ ဟိုဒင်း..ဟို..နားထောင်ပေးတဲ့အတွက်ပါ "  နတ်သမီးလေးက လှပစွာပြုံးလိုက်သည်။  " သိကြားမင်းအနေနဲ့ နောက်ဆုံး ဘာများပြောချင်ပါသေးလဲ"  " အေးကွာ နောက်ဆုံးပြောချင်တာကတော့ အပူမီးတွေ တောက်လောင်နေတဲ့ လူ့ပြည်မှာ နေရတာ အားမရလို့ ထပ်ပြီး မီးတွေရဲ့အပူကို ခံချင်တယ်၊ ဒုက္ခမျိုးစုံခံချင်တယ်၊ ဒါ့အပြင် ဆွေတွေမျိုးတွေ အများကြီးရှိတဲ့ နေရာမှာမှ ပျော်ချင်တယ်ဆိုရင်တော့ ငရဲပြည်သွား၊ ဇိမ်ကျကျနဲ့ နတ်သမီးလေးတွေနဲ့ နေချင်တယ်ဆိုရင်တော့ ဒီကိုလာဖို့ ကောင်းမှုကုသိုလ်တွေ လုပ်ပါလို့ ပြောခဲ့ချင်ပါတယ် "  " ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "  အသံဖမ်းစက်ကို ပိတ်ပြီး အိတ်ထဲထည့်သည်။ စားပွဲထိုးလေးကို ခေါ်ပြီး ငွေရှင်းလိုက်သည်။  " ကဲ တို့လဲ သွားတော့မယ် " ပြောပြောဆိုဆို နှစ်ယောက်သား လက်တွဲပြီး ထွက်သွားသည်။ တော်တော်လှမ်းလှမ်းရောက်မှ ကျွန်တော်ပြေးလိုက်သွားသည်။" ခဏ ..ခဏ နေပါဦးဗျ " သိကြားမင်းက လှည့်ကြည့်ရင်း မေးသည်။  " ဟ ဘာဖြစ်လို့လဲကွ"  " ခုန စကားစပြတ်သွားလို့လေ။ ကျွန်တော့် နာမည်ကို မှတ်မမှတ် သိချင်လို့ပါ"  " ပြောပြီးပြီပဲ မင်းကောင်းရင်မှတ်မယ်၊ မကောင်းရင် မမှတ်ဘူးပေါ့ကွာ"  " ကဲပါကွာ..မင်းက မင်းသိသမျှကို ပြန်ဝေငှမယ်။ လူတွေကို ကောင်းမှုလုပ်ဖို့ တိုက်တွန်းမယ်ဆိုတော့ မင်းကို မှတ်သွားပါ့မယ်ကွာ "  သိကြားမင်း စကားလည်းဆုံးရော   " ဟေး…" လို့ အော်ပြီး ၀မ်းသာအားရ ပြေးထွက်လာခဲ့သည်မှာ သူတို့ကိုပင် လှည့်မကြည့်ဖြစ်တော့ပါ။  ********* မောင်ပိုင် ၁၅-၂-၂၀၀၃(စနေ)နေ့၊ သံတောင်မြို့တွင် ရေးသားခဲ့သောစာအား ၁၀-၄-၂၀၁၄ ရက်နေ့တွင် ပြန်လည် ပြုပြင်ရေးသားခဲ့ခြင်းဖြစ်ပါသည်။  ** မြန်မာ့နှစ်သစ်မှာ ကောင်းမှုများ တိုးပွားနိုင်ပါစေ **
သင်္ကြန်ကာလ ဦးဦးဖျားဖျားသတင်းရယူဖို့ ထွက်လာခဲ့သည်။ လမ်းမတစ်လျှောက် မဏ္ဍပ်များက အပြိုင် အဆိုင်လှပနေသည်။ တစ်နေရာအရောက် မဏ္ဍပ်တစ်ခု၏ ထောင့်တစ်နေရာတွင် ကောင်လေးနှင့် ကောင်မလေး တစ်ယောက် ကုပ်ချောင်းချောင်းနှင့်တွေ့လိုက်ရသည်။ အတွဲတွေလားမသိ။ ဒါမျိုးဆို စိတ်ဝင်စား သည်။
နှစ်ယောက်လုံးအတော်ချောသည်ဟု စိတ်ကတွေးမိသည်။ ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပ လို့နေသည်။
"အဟမ်း..အဟမ်း.."ကျွန်တော် ချောင်းဟပ်သံပေးလိုက်တော့ နှစ်ဦးသား လှည့်ကြည့်သည်။
ဗျူးချင်သည့် ၀ါသနာကပေါ်လာပြီး မေးလိုက်သည်။
"ညီလေးတို့ ဘာလုပ်နေတာလဲကွ"
ကောင်မလေးက နှုတ်ခမ်းစူလိုက်သည်။ ကောင်လေးက ဘုကြည့်ကြည့်သည်။ အေးပေါ့ ဒါမျိုးက ဘာလုပ်နေပါတယ်လို့ ပြောလို့ကောင်းသည့် အရာမှ မဟုတ်တာလေ။
"ဘာလုပ်လုပ်ပေါ့ နေပါဦး ခင်ဗျားက ကျုပ်ကိုများ ညီလေးဘာလေးနဲ့ ကျုပ်ကိုများ ဘာထင်နေလဲ "
"ဟုတ်ပါ့ သမီးတို့ကို ဘာထင်နေလဲမသိဘူးနော် ချစ်ကြားကိုကို "
အလိုလို ဘာတုန်းဟ။ ချစ်ကြားကိုကိုတဲ့။ ဒီအခေါ်အဝေါ်ကြားဘူးပေါင်။ ပို့စ်မော်ဒန်အခေါ်ဖြစ်မည် ထင်ပါရဲ့။
"ဟို ဘာမှ မထင်ပါဘူး။ ကိုယ့်ထက် ငယ်တယ်ထင်လို့ ညီလေးလို့ခေါ်တာပါကွယ် "လေပြေလေးသွေး လိုက်ရသည်။ သတင်းထူးလိုချင်တာကိုး။ သူတို့ကိုကြည့်တော့ သင်္ကြန်ကာလကြီးမှာ ဟန်းဖုန်းနဲ့၊ လက်တော့ပ် ကွန်ပျူတာနှင့်ဆိုတော့ အထူးအဆန်းဖြစ်လို့နေသည်။ ရေစိုလို့ ပျက်သွားမှာ မကြောက်ဘူးထင်ပါရဲ့။
"ခင်ဗျားတို့တွေ ဘယ်လောက်တောင် အကုသိုလ်တွေ များနေလဲမသိဘူး။ သိကြားမင်းကို သိကြားမင်း မှန်း မသိဘူး "
"ဒါဆို ညီလေးက..အဲ…အသင်က သိကြားမင်းပေါ့ "
"ဟုတ်တယ် မင်းတို့ တောင်းတလွန်းလို့ ကိုယ်ထင်ပြရတာကွ "
"ဒါဆို အိမ်သာ ဆောက်ခိုင်းဖို့လား "
"တယ်..ငါ့ကိုများ နောက်တီးနောက်တောက်လာလုပ်နေတယ် "
ကျွန်တော်က ဘေးကကောင်မလေးကို လက်ညှိုးညွှန်ရင်း ပြောသည်။
"သင်က သိကြားမင်းဆိုတော့ သူလေးကရော"သိကြားမင်းက ဘုကြည့်ကြည့် ပြန်သည်။
"ငါ့ကို မေးဖို့လာတာလား သူ့ကိုမေးမှာလား "
"ကျွန်တော် မေးမှာကို ဘယ်လိုလုပ်သိသလဲ "
"ငါ့ကို စော်ကားတာများပြီနော် သိကြားမင်းပါဆိုနေ "
"ဟီး မေ့သွား လို့ပါ"
သိကြားမင်းက ဟိုကြည့်ဒီကြည့်လုပ်နေသည်။ ကျွန်တော်လည်း သူကြည့်နေသည့် နေရာကိုကြည့်တော့လူတွေရုတ်ရုတ်နှင့် များလာသည်။ ဒီနေရာမှာ ဗျူးနေလို့မဖြစ်။ တော်ကြာလူတွေ ၀ိုင်းလာ လိမ့်မည်။ ကျွန်တော်တွေးနေတုန်းရှိသေး သိကြားမင်းက ပြောသည်။
"ဒီနေရာမှာ တအားရှုပ်လာလိမ့်မယ်။ တစ်ဆိုင်ဆိုင်သွားရအောင် "
"သိကြားမင်းက ဘယ်ဆိုင်သွားချင်လို့တုန်း ဘီယာလောက်ပဲ ကောင်းမယ်ထင်တယ် "
"ဒီကောင်များပြီ ချစ် နန္ဒာသဇင်သက်မွန်ရွှန်းလဲ့မှုန်ရေ ..မောလိုက်တာ ဒီကောင်ကို မမှတ်နဲ့ စက်လေးလို့ "
နတ်သမီးလေးက စက်ကိုပိတ်လိုက်သည်။ ဆံပင်ကို သပ်တင်လိုက်ရင်း ပြောသည်။
"ချစ်ကြား သွားရအောင် တော်ကြာ မူးမူးရူးရူးနဲ့ သမီးကိုလာဆွဲနေဦးမယ် "
သွားရအောင်ဆိုတော့ ကျွန်တော်ဦးဆောင်ပြီး လူရှင်းရာ ဆိုင်တစ်ဆိုင်သို့ ဦးဆောင်ခေါ်လာခဲ့သည်။ ဆိုင်၌ထိုင်လိုက်ပြီး စားစရာသောက်စရာများကို မှာလိုက်သည်။
"ငါတို့က မစားဘူးနော်"
"၀မ်းသာပါတယ်ဗျာ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်လဲ တစ်ယောက်စာပဲပါတာဗျ။ ဒီလို အလိုက် သိပြီး မစားမသောက်ဘဲ နေနိုင်တဲ့ နတ်လို လူကြီးတွေ အဲလေ လူတွေနဲ့ များများတွေ့ပါစေဗျာ "
"ကဲ မောင်ရင် စကားများမနေနဲ့ ဗျူးစရာရှိတာ မြန်မြန်ဗျူး ကျုပ်တို့ အလုပ်တွေအများကြီး ရှိသေးတယ်"
သူပြောမှပင် အသံဖမ်းစက်ကို ထုတ်ပြီး သေချာစစ်ရသည်။ အသံဖမ်းခလုတ်ကို နှိပ်ပြီး ဗျူးခြင်းကို စတင် လိုက်သည်။
"သိကြားမင်းအနေနဲ့ လူ့ပြည်ကို ဆင်းသက်လာတာ ပျော်ပါသလားခင်ဗျာ "
"ဟ အပျော်လာတာ မဟုတ်ဘူးကွ ကောင်းတဲ့သူတွေ မှတ်သားဖို့ မကောင်းတဲ့သူတွေကို ဘယ်လို ဆုံးမမယ်ဆိုတဲ့ Plan ကိုသိစေချင်လို့ ဆင်းလာတာကွ "
ကျွန်တော် အံ့သြသွားသည်။
"ခင်ဗျာ ဘယ်လို ကျွန်တော်ကြားဖူးတာက မကောင်းတဲ့သူတွေကို ခွေးပုရပိုက်နဲ့ မှတ်တာမဟုတ်ဘူးလား ခင်ဗျ"
"အေး ဟိုးယခင် သိကြားမင်းလက်ထက်က ခွေးပုရပိုက်နဲ့ပေါ့။ ဒါပေမဲ့ မင်းတို့လူသားတွေ မကောင်းတာ လုပ်တိုင်း ရေးမှတ်နေရရင် ခွေတွေအားလုံးသေတောင်လောက်မှာ မဟုတ်ဘူး "
"ဒါဆို ဘယ်လိုလုပ်မှာတုန်း"ကျွန်တော် ကြားဖြတ်ပြောလိုက်သည်။
"ရှင်ကလဲ ရှည်သကိုး။ အဲ စကားပြောတာ စကားကို ဆုံးအောင်နားထောင်ဦးပေါ့ "
အိုး ချိုလိုက်သည့် အသံလေး။ စိတ်ထဲတွေးပြီး ငေးကြည့်မိသည်။ သိကြားမင်းကတော့ တယ်ပြီး ပါးနပ် လှသည်။
"ကဲ ကဲ ဒီကိုအာရုံစိုက် လူ့ပြည်မှာ လူတွေက အားအားရှိတိုင်း မွေးပြီး သန်းပေါင်းများစွာဖြစ်လာတယ်။ ဒီထဲမှာ မကောင်းတဲ့လူတွေကများတော့ ကောင်းတဲ့သူတွေ မှတ်လိုက်ရင် ပြီးတာပဲ။ မကောင်းတဲ့သူတွေ မှတ် နေရင် အချိန်ကုန်တယ်။ ဒါတောင် ဟိုမှာတွေ့လား ကွန်ပျူတာနဲ့ စာရင်းဇယားလုပ် မှတ်သားထားလို့ နောက်ပြီး ငါ့ အတွင်းရေးမှူးမလေးရှိနေလို့ ငါသက်သာတာ "
"သြော် သူက သိကြားမင်းရဲ့ အတွင်းရေးမှူးမလေးလား လှတယ်နော် ခုလိုတွေ့ရတာ ၀မ်းသာပါတယ် နောက်နှစ်တွေမှာလဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ် "
ပြောပြောဆိုဆို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်း ပေးလိုက်သည်။ သိကြားမင်းက ကျွန်တော့် လက်ကိုဖြတ်ခနဲ ရိုက်လိုက်ပြီး "များနေပြီနော် ထပြန်သွားလိုက်မယ် "
"ဒီလိုတော့ မလုပ်ပါနဲ့ မေးပါ့မယ်။ သိကြားမင်းတို့ဆီ ကွန်ပျူတာက ဘယ်လိုရောက်နေတာလဲ "
"ခေတ်နဲ့အညီ ငါတို့လဲ ပြောင်းလဲရတာပေါ့ကွ လူ့ပြည်တောင်တိုးတက်သေးတာ ငါ့တို့ဆီလည်း ဒီထက် အဆပေါင်းများစွာ တိုးတက်အောင်လုပ်ရတာပေါ့ "
"ဒါဆို ဘိလိယက်ခုံတွေ၊ ဂေါက်ကလပ်တွေ ရှိလား၊ ကိုရီးယားကားရော ကြည့်လားဟင် "
"ကြည့်မလား ရှိမလားကွ၊ မင်းတို့ဆီက ချောတယ်ဆိုတာ ငါ့တို့ဆီက အနိမ့်ဆုံးသူလောက်တောင် ရှိတာ မဟုတ်ဘူး။ ဟုတ်တယ်မလား ချစ် နန္ဒာသဇင်သက်မွန်ရွှန်းလဲ့မှုန်ရေ ..ရေ "
"ဟုတ်တာပေါ့ ချစ်ကြားကိုကိုရဲ့ "
သူ့ဟာနှင့်သူတော့ အဟုတ်သားဟ။ ဟိုရောက်ဒီရောက်နှင့် စကားလမ်းကြောင်းလွှဲသွားသည်။ အချိန် ကုန်နေလို့မဖြစ် ဂျာနယ်တိုက်သို့ အမြန်သွားရဦးမည်။ ဒီတော့ ခပ်မြန်မြန်လေး မေးခွန်းတွေ မေးမှဖြစ်မည်။ ကျွန်တော်မေးဖို့ ပြင်လိုက်စဉ် သိကြားမင်းက စပြောသည်။
"မင်းတို့ကြားဖူးတယ်မဟုတ်လား ကောင်းတဲ့သူတွေ အခက်အခဲတွေ့ရင်ဖြစ်ဖြစ်၊ ကျင့်ကြံမှုပြင်းထန်ရင် ဖြစ်ဖြစ် သိကြားမင်းထိုင်တဲ့ ကျောက်ဖျာတင်းတယ်ဆိုတာလေ "
"ကြားဖူးပါတယ် ခပ်ငယ်ငယ်က လူကြီးသူမတွေ ပြောပြတာလေ "
"အေးကွာ ငါလဲ ကျောက်ဖျာပေါ်ထိုင်တာကြာတော့ မထိုင်ချင်တော့ဘူး။ ဒါနဲ့ အကောင်းဆုံးမွေ့ယာ တွေမှာပြီး လဲလှယ်လိုက်တယ်ကွ "
"ဒါဆို "မေးမလို့ပြင်တုန်း သိကြားမင်းက လက်ကာပြရင်း
"မမေးနဲ့ သိတယ်။ ကောင်းတဲ့သူတွေ ကယ်တင်ဖို့ခက်လိမ့်မယ် မဟုတ်လား။ ဒါကြောင့် တစ်ခုခုဖြစ်ရင် အချက်ပေးနိုင်နိုင်တဲ့ ဒီအဆင့်မြင့် ဖူဂျီဆပ်ပြာ အဲ..ယောင်လို့ System တွေ တပ်ဆင်ထားတယ်။ ဒါ့အပြင် မင်းတို့ လူ့ပြည်ကို ငါသိကြားမင်း ဒေါ့ကွန်းကနေ အမြဲကြည့်ပြီး Information တွေ ယူနေတာ၊ မင်းလဲ ကြည့်နေ ပေါ့ကွာ "
သူပြောလိုက်မှ သတိရမိသည်။ စကားရပ်ပြောစဉ်က သူ့အတွင်းရေးမှူးမလေးကို သိကြားမင်း ပြော လိုက်သည့် စကားဖြစ်သည်။
"ဟိုလေ ခုနတုန်းက ကျွန်တော့်ကို မမှတ်နဲ့ဆိုတော့ ကျွန်တော်က မကောင်းတဲ့ အထဲမှာ ပါနေပြီပေါ့နော် "
"အေးပေါ့ကွ မင်းက လူကြီးကို လာနောက် အဲ..သိကြားမင်းကိုမှ လာနောက်နေ၊ စောကားနေတာကိုးကွ "
"ဟဲ အဲဒီလိုတော့ မလုပ်ပါနဲ့ "
ကျွန်တော် ပြောစဉ်ဝယ် သိကြားမင်းခါးတွင် ချိတ်ထားသည့် ဖုန်းက မည်လာသည်။
"ချစ်ကြားရေ ဖုန်းလာနေ..ချစ်ကြားရေ..ဖုန်းလာနေတယ် "
ဖုန်းသံတော့ မိုက်သဟ။ သိကြားမင်းကို ဖွင့်လိုက်ပြီး နောင်းထောင်သည်။
"ပြော မာတလိ ပြော၊ အေး..အေး..အေး အဲဒီအတိုင်းပဲလုပ်၊ …ကောင်းပြီ အရေးကြီးရင် ထပ်ဆက်.. ဒါပဲ "ဖုန်းပိတ်ပြီး ခါးကြားပြန်ထည့်သည်။
ကျွန်တော်လည်း ၀သီအတိုင်း နောက်မိပြန်သည်။ "သိကြားမင်းလဲ ဖုန်းမဲပေါက်ပြီးပြီပဲ "
"တယ်..ဒီကောင်တော့ စိတ်မော၊ လူမော အဲ နတ်မောရတဲ့အထဲ "
"စပ်စုတယ် မထင်ပါနဲ့ ဗျူးတာပေါ့နော်။ ဘာကိစ္စတွေကြောင့် ဒီလောက်မောနေရတာလဲ "
"ဒီလိုကွ ငါ့တို့ဆီကို ရောက်လာတဲ့သူတွေက နည်းတယ်လေ။ အဲဒီတော့ လူတွေလည်း ကောင်းကောင်း နေထိုင်အောင်၊ နတ်ပြည်လည်း အင်အားများလာအောင်လို့ သိကြားမင်းဒေါ့ကွန်းနဲ့ သိကြားမင်း facebook ကနေ ကြော်ငြာမယ်၊ နတ်ပြည်ကို လာရင် လုံးချင်းအိမ်ရာတွေပေးမယ်၊ ရေမီးအစုံပေါ့၊ နတ်သမီး အချောလေးတွေနဲ့လဲ ပျော်ခွင့်ရမယ်ပေါ့ကွာ "
ကျွန်တော်လည်း စိတ်ဝင်စားသွားပြီး "ကံစမ်းမဲရော မပါဘူးလားဟင် "
"တယ် "သိကြားမင်းရွယ်လိုက်သဖြင့် ကျွန်တော် ဇက်ပုလိုက်မိသည်။
အချိန်အတော်လေးလင့်လာသည်မို့ မေးခွန်းတွေကို ခပ်သွက်သွက်လေး မေးလိုက်သည်။
"သိကြားမင်းအနေနဲ့ ဒီလို အကြမ်းဖက်မှုတွေ၊ ဆိုးသွမ်းမှုတွေ ပြည့်နှက်နေတဲ့ လူ့ပြည်ကြီးကို ဘယ်လို ဆုံးမပြီး ကောင်းတဲ့လူတွေကို ဘယ်လိုမြှင့်တင် ပါမလဲခင်ဗျာ"
"အေး ငါလဲ အဲဒါပြောမလို့ပဲ။ ခု ပြောမယ့် အစီအစဉ်တွေက အရေးကြီးတယ်ကွ။ မင်းက တခြားသူတွေ ကို ပြောလည်ပြောပြ လက်ဆင့်ကမ်းပေါ့ကွာ "
"ဟုတ်ကဲ့ပါဗျာ"
"ချစ်ရေ ..ငါ့တို့ရဲ့ ပရိုဂရမ်တွေကို ဖွင့်လိုက်ဦး "
အတွင်းရေးမှူးမလေးက ကွန်ပျူတာကို ဟိုနှိပ်ဒီနှိပ်လုပ်ပြီး ကွန်ပျူတာကို ရွှေ့ပေးလိုက်သည်။ သိကြား မင်းက ခဏကြည့်ပြီး ကျွန်တော့်ဘက်ကို ကွန်ပျူတာ လှည့်ပြသည်။
"ကဲ ကြည့် ဒီပုံတွေက တို့စီမှာ ဆောက်နေတဲ့ လက်နက်ထုတ်စက်ရုံတွေပဲ။ အဲဒီလက်နက်ကို ၀ရဇိန် မိုးကြိုးလက်နက်လို့ ခေါ်တယ်။ မင်းတို့စီမှာရှိတဲ့ အနုမြူလက်နက်ထက် အဆများစွာ ပြင်းတယ်။ အသံထက် အဆပေါင်းများစွာ မြန်တယ်။ ရေဒါဖမ်းလို့မမိဘူး။ ဒါပေမယ့် လူအများစုမသေဘူး။ ပစ်ခတ်ခံရတဲ့သူပဲ သေတယ်။ ထိတဲ့သူဟာ လုံးဝပြာအဖြစ် ပြောင်းလဲသွားမယ်။ ငရဲလည်း ခံရမယ်။ တော်ရုံနဲ့ မကျွတ်တော့ဘူး "
ကျွန်တော် ကြက်သီးမွေးညှင်းများပင် ထသွားမိသည်။
"ဒီလက်နက်တွေကို ကြိုတင်ထုတ်လုပ်နေပြီ။ ဒါက မကောင်းတဲ့သူတွေကို ဒဏ်ခတ်ဖို့ပေါ့ကွာ။ ကောင်း တဲ့သူတွေကတော့ ဒီဘ၀မှာ ပစ္စည်းဥစ္စာချမ်းချင်လည်း ချမ်းသာမယ်။ ချမ်းသာချင်မှလည်း ချမ်းသာမယ်။ ဒါပေမဲ့ စိတ်ချမ်းသာနေပြီး အနာရောဂါကင်းမယ်။ နောက်နောင်ဘ၀တွေအထိ ပစ္စည်းဥစ္စာရော၊ စိတ်ရော ကိုယ်ပါ ချမ်းချမ်းသာသာနေရမယ်။ ကဲဘာများ မေးချင်သေးလဲ "
"ဟုတ်ကဲ့ မကောင်းတာတွေကို ဘယ်လို ရှောင်ကျဉ်ရမလဲ"
"ဟ ဒါက ဗုဒ္ဓတရားတော်တွေမှာ ဟောကြားထားတာတွေရှိနေတာပဲ။ ရိုသေထိုက်သူကို ရိုသေ၊ သောက်စားမူးယစ် ရမ်းကားမှုကင်းရမယ်၊ လိမ်လည်လှည့်ဖျားတာ၊ သူများဥစ္စာခိုးတာ၊ မတရားအနိုင်ကျင့်ယူတာ၊ သူများသားမယား၊ သမီးပျိုကို စော်ကားဖျက်စီးတာ စတဲ့ အကုသိုလ်တွေကို ဖယ်ရှားပြီး ဘုရားတရားတော်နဲ့ အညီ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားပေါ့ကွာ "
"ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် သိကြားမင်းနဲ့ အတွင်းရေးမှူးမလေးကို အထူး ကျေးဇူးတင်ပါတယ် "
"ဟေ ငါကတော့ ထားပါတော့ကွာ ငါ့အတွင်းရေးမှူးလေးက ဘာမှလဲ မမေး၊ မပြောရဘဲ ကျေးဇူးတင် ရတာတုန်း"
"အဲ ဟိုဒင်း..ဟို..နားထောင်ပေးတဲ့အတွက်ပါ "
နတ်သမီးလေးက လှပစွာပြုံးလိုက်သည်။
"သိကြားမင်းအနေနဲ့ နောက်ဆုံး ဘာများပြောချင်ပါသေးလဲ"
"အေးကွာ နောက်ဆုံးပြောချင်တာကတော့ အပူမီးတွေ တောက်လောင်နေတဲ့ လူ့ပြည်မှာ နေရတာ အားမရလို့ ထပ်ပြီး မီးတွေရဲ့အပူကို ခံချင်တယ်၊ ဒုက္ခမျိုးစုံခံချင်တယ်၊ ဒါ့အပြင် ဆွေတွေမျိုးတွေ အများကြီးရှိတဲ့ နေရာမှာမှ ပျော်ချင်တယ်ဆိုရင်တော့ ငရဲပြည်သွား၊ ဇိမ်ကျကျနဲ့ နတ်သမီးလေးတွေနဲ့ နေချင်တယ်ဆိုရင်တော့ ဒီကိုလာဖို့ ကောင်းမှုကုသိုလ်တွေ လုပ်ပါလို့ ပြောခဲ့ချင်ပါတယ် "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
အသံဖမ်းစက်ကို ပိတ်ပြီး အိတ်ထဲထည့်သည်။ စားပွဲထိုးလေးကို ခေါ်ပြီး ငွေရှင်းလိုက်သည်။
"ကဲ တို့လဲ သွားတော့မယ် "ပြောပြောဆိုဆို နှစ်ယောက်သား လက်တွဲပြီး ထွက်သွားသည်။ တော်တော်လှမ်းလှမ်းရောက်မှ ကျွန်တော်ပြေးလိုက်သွားသည်။
"ခဏ ..ခဏ နေပါဦးဗျ "သိကြားမင်းက လှည့်ကြည့်ရင်း မေးသည်။
"ဟ ဘာဖြစ်လို့လဲကွ"
"ခုန စကားစပြတ်သွားလို့လေ။ ကျွန်တော့် နာမည်ကို မှတ်မမှတ် သိချင်လို့ပါ"
"ပြောပြီးပြီပဲ မင်းကောင်းရင်မှတ်မယ်၊ မကောင်းရင် မမှတ်ဘူးပေါ့ကွာ"
"ကဲပါကွာ..မင်းက မင်းသိသမျှကို ပြန်ဝေငှမယ်။ လူတွေကို ကောင်းမှုလုပ်ဖို့ တိုက်တွန်းမယ်ဆိုတော့ မင်းကို မှတ်သွားပါ့မယ်ကွာ "
သိကြားမင်း စကားလည်းဆုံးရော
"ဟေး…"လို့ အော်ပြီး ၀မ်းသာအားရ ပြေးထွက်လာခဲ့သည်မှာ သူတို့ကိုပင် လှည့်မကြည့်ဖြစ်တော့ပါ။
*********
မောင်ပိုင်
၁၅-၂-၂၀၀၃(စနေ)နေ့၊ သံတောင်မြို့တွင် ရေးသားခဲ့သောစာအား
၁၀-၄-၂၀၁၄ ရက်နေ့တွင် ပြန်လည် ပြုပြင်ရေးသားခဲ့ခြင်းဖြစ်ပါသည်။
** မြန်မာ့နှစ်သစ်မှာ ကောင်းမှုများ တိုးပွားနိုင်ပါစေ **
အရေးကြီးတဲ့ ကိစ္စ.....
$
0
0
Photo: အရေးကြီးတဲ. ကိစ္စ.....  ဒီနေ. ကျွန်တော် ဘာလုပ်ဖို. ကမ်းစပ်တစ်ခုကို သွားနေရမှန်း မသိပါဘူး....။ကျွန်တော်. ပါးစပ်ထဲမှာလည်း သရေစာ တစ်ခုခု(ဒါမှမဟုတ်) သစ်သီး တစ်ခုခု စားနေရ သလိုပါပဲ....။ကျွန်တော်. ဘေးမှာလည်း ကျွန်တော်နဲ. ဘ၀တူ... လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတစ်ယောက်ပါတယ်။ သူ.နဲ. ကျွန်တော် တော်တော်ရင်းနှီးကြပေမယ်. သူ.ရဲ.နာမည်နဲ. နေရပ်လိပ်စာကို အတိအကျ မသိပါဘူး။ဒါပေမယ်. ဒါတွေဟာ ဒီလောက် အရေးမကြီးဘူးလို. ထင်ပါတယ်။ကျွန်တော်နဲ.သူ ခင်မင်ရင်းနှီးကြတယ် ဒီလောက်ဆို ရပါပြီ။သူ.မှာ စားစရာပါမလာတော. တစ်ခုခု စားစေချင်ပါတယ်။အဲဒီ စေတနာ စိတ်နဲ.ပဲ ပတ်ဝန်းကျင်ကိုကြည်.လိုက်တော. စားစရာ သီးပင်တွေ အစုံ - အလင် တွေ.ရပါတယ်။သူ.ကို ကျွန်တော်က ဆီးသီးမှည်.တွေ ရဲပတောင်းခတ် သီးနေတဲ. ဆီး(ဇီး)ပင်တစ်ပင်ကို ညွှန်ပြလိုက်တယ်ဆိုရင်ပဲ သူကော ကျွန်တော်ရော ဘာလုပ်ရမယ် ဖွင်.ဟ ပြောနေစရာမလိုပဲ ဆီးပင် အောက်ကိုေ၇ာက်ခဲ.ကြတယ်။အဲဒီမှ တဆင်. သူနဲ.ကျွန်တော် တောတွေထဲကို လျှောက်သွားကြတယ်။သစ်တော - ကြီးကလည်း အောက်ခြေတွေရှင်းပြီး အရိပ်အာဝသ ကောင်းလွန်းတော. နေပြောက်တောင် မြေပြင်ပေါ် ထိုးကျလာခွင်. မရကြပါဘူး။ကျွန်တော်တို.ရောက်နေတဲ.နေရာက လမုတောတွေ ပေါက်ရောက်တဲ. မြေနိမ်.လိုနေရာမျိုး(ဒါမှမဟုတ်)အေးစိမ်.စိုစွတ်တဲ. ချိုင်.၀ှမ်းတစ်ခုတည်း ရောက်နေသလိုမျိုး ခံစားရပါတယ်။သစ်ပင်တွေကို မော.ကြည်.လိုက်တော.လည်း သစ်သီးတွေ အပြွတ်လိုက် ၊ အခိုင်လိုက် အလျှံပယ်သီးနေတယ်။ အဲဒီ အထဲကမှ ကျွန်တော် သိတဲ. အသီး အမည်တွေကတော. ဆီးဖြူသီးတွေနဲ.အစိမ်းနုရောင် သင်္ဘောဆီးဖြူသီးတွေပါပဲ... ကျန်တဲ. များပြားလှတဲ.. အသီးတွေနာမည်ကိုတော. ကျွန်တော် နာမည်မပြောပြတတ်ပါဘူး။အသီးတွေကို အရမ်းစားချင်ပေမယ်. မခူးဖြစ်ဘူး။ခူးဆွတ်ဖို.လည်း စိတ်က မစေ.ဆော်ဘူး။ခူးဖို.လည်း မလိုဘူး လို.ခံစားရတယ်။ဒါနဲ.ပဲ မခူးဖြစ်ဘူး..။ကျွန်တော်တို. နှစ်ယောက် ဆက်လျှောက်ရင်းနဲ. ဘယ်တွေရောက်ကုန်မှန်း မသိတော.ဘူး။ကျွန်တော် သိနေတာကတော. မြို.အစွန် အဖျားလိုလို ၊ကျူးကျော်ရပ်ကွက် လိုလို... နေရာမျိုးမှာ ကလေးတွေကို ကျွန်တော်က တာဝန်အရလိုက်ဖမ်းနေရတယ်။ကျွန်တော်.၇ဲ.တစ်နေ.တာအလုပ်ကဒါပဲ...လေ။ ကျွန်တော် .ကိုမြင်တာနဲ. လမ်းဘေးဈေးသည် တွေလိုပဲ ကလေးတွေက ကြောက်လန်.ပြီး ထွက်ပြေးကုန်တယ်။ကျွန်တော် စိတ်မကောင်းသလို ခံစားရပေမယ်. ထွက်ပြေးတဲ. ကလေးတွေကို လိုက်ဖမ်းနေမိတယ်။တစ်ယောက်မှတော. မမိပါဘူး။ကျွန်တော်. ကိုယ်မှာလည်း မြိုတော်စည်ပင် ရဲတွေလို ယူနီဖောင်း အပြည်.အစုံဝတ်ထားတယ်။ ကျွန်တော်. အလုပ်က ၇ဲလို.တော. သိရတယ်။ကလေးတွေ လိုက်ဖမ်းတဲ.အခါ ခေါင်းမှာဆောင်းထားတဲ.ယူနီဖောင်းဦထုပ်ကိုချွတ်ပြီးမှဖမ်းဖို. ဘေးမှရဲ တစ်ယောက်က အော်ပြောသွားတယ်။ထိုရဲသား ပြောကာမှ ဒါ ...အထက်က ချမှတ်ထားတဲ. အမိန်.ပဲလို. ကျွန်တော် သတိရမိတော.တယ်။လမ်းဘေးမှ အကြော်သည် အဒေါ်ကြီးကလည်း ကလေးတွေ လာတတ်တဲ. အချိန်နဲ. ကလေးတွေ ထွက်ပြေးသွားတဲ.အခါ ခိုအောင်းလေ.ရှိတဲ.နေရာတွေကို အသေးစိပ် ကျွန်တော် တို.ကို ရှင်းပြပြီး သတင်းပေးပါတယ်။ကျွန်တော်တို.ကလည်း ကလေးတွေ လှုပ်ရှားပြုမူ တတ်တဲ.အလေ.အထတွေကို မှတ်သားထားပြီး အနားယူဖို. ပြင်ဆင်ရပါတယ်။ ကျွန်တော်လည်း ချောင်းရိုးတစ်ခုခု ရဲ.ဖြူလွှလွှ သဲမြေပေါ်လမ်းလျှောက်လာရင်း ဒီ ...လမ်း...၊ဒီ...ခရီးနဲ. ဒီ..ပတ်ဝန်းကျင်ကို ရင်းနှီးခဲ.ဖူး သလိုမျိုး ခံစားနေရပါတယ်။ ဘယ်တုန်းကရောက်ဖူး ခဲ.တာပါလိမ်.။ကျွန်တော်.အတွေးထဲ ယင်းချောင်၏ရေကျချိန် နွေဦးပေါက်ရာသီမှာ ယင်းချောင်ထဲက အာလူး၊ခရမ်းချဉ် စိုက်ခင်းများနဲ. ယာစောင်.တဲ များဝင်လာပါတယ်။ကျွန်တော် ယာစောင်.တဲကလေးထဲ ၀င်သွားတော. ကျောင်းနေဘက် သူငယ်ချင်းများဖြစ်သော ရခိုင်မှ ခိုင်မာနှင်. ကျောက်ဆည်(မန္တလေး)မှ ဆုမွန်ကိုကို ကိုတွေ.လိုက်ရလို. အရမ်းအံ.သြပြီး ၀မ်းသာသွားပါတယ်။မတွေ.ရတာ နှစ်တွေကြာတော.ကျွန်တော်အရမ်း ပျော်ပါတယ်။ဆုမွန် ကိုမေးကြည်.တော. သူလည်းရဲလုပ်နေတယ်တဲ. ။ခိုင်မာ ကတော.ကိုယ်ပိုင် ယာစောင်တဲနဲ. တောကြွက်တွေထောင်ပြီး နတ်မောက်မြို.ဈေး -တက် ရောင်းနေတယ်လို. ဖြေပါတယ်။အဲဒီ ယာစောင်.တဲလေးထဲမှာ...ကျွန်တော်တို. သူငယ်ချင်းတွေ ဘ၀ကြောင်းတွေ ပြောဖြစ်ခဲ.ကြတယ်ထင်တယ်။ ကျွန်တော်လည်း ရဲဖြစ်နေကြောင်းနဲ. တစ်နေ. ..... ဒီလို ကလေးတွေ လိုက်ဖမ်းရတဲ. ဘ၀မျိုး ဖြစ်လာမယ်လို. ဘယ်လိုမှမျှော်လင်.မထားကြောင်းနဲ. အိမ်မက် -တောင်...မမက်ဖူးခဲ.ကြောင်း...။ဘ၀တွေက ပြဌာန်းလာတော.လည်း ဘာမှမတတ်နိင်ကြောင်း ၊ရောက်ရာ ကြုံရာ...ဘ၀များမှာပဲ အကောင်းဆုံးဖြတ်သန်းသွားရ -မှာဖြစ်ကြောင်း..၊ယခု အဆင်မပြေတာကို ကြောက်ရွံ.နေဖို.မလိုကြောင်းနဲ.လာမယ်. (၂၀၁၅)နှစ်ထောင်ဆယ်.ငါး မှာ ဒီထက်.... ပိုဆိုးလာနိင်ကြောင်း၊အကောင်းဆုံး အခြေအနေကို မျှော်လင်.မထားတောင် အဆိုးဆုံးအခြေနေမှာ ရပ်နေထိုင်နိင်ဖို. ပိုလိုကြောင်း....ပြောဆိုပြီး ကလေးဖမ်းဖို.ရာ...ကျွန်တော် ဆက်ပြီးထွက်လာခဲ. တယ်။ကျွန်တော် ဘာတွေ စဉ်းစား လာမှန်းမသိတော.ပါ...။နွားမကြီး၏နှာမှုတ်သံကြားမှ ပတ်ဝန်းကျင်ကို ဂရုစိုက်မိတယ်။ကြည်.လိုက်တော. မွေးကင်စ နွားပေါက် - ကလေးနဲ. နွားဖြူမကြီး(ဆတ်မ)တစ်ကောင် ။ သူ.ကလေးကို ရန်ပြုမယ်ထင်လို. ထင်တယ်...ကျွန်တော်.ကို ခွေ.(ဝှေ.)မလို. နှာတွေမှုတ်ပြီး ဟန်ရေးပြနေတယ်။ ကျွန်တော်လည်း နွားမကြီးရဲ.ဝေးရာ ချောင်းစပ်ကို ထွက်ပြေးလာခဲ.တယ်။နောက်ပြန်လှည်.ကြည်.တော. နွားမကြီး လိုက်မလာပါ။အင်္ကျီ တီရှပ်အနီရောင်နဲ. ကလေးတစ်ယောက် ပြေးလိုက်လာသည်။အင်္ကျီအနီရောင်နဲ. ကလေးကို တွေ.မှ နွားမကြီးက ဝှေ.ရန် ကလေးနောက်မှ တဟုန်ထိုး... ပြေးလိုက်လာသည်။မြင်ကွင်းက ကြောက်မက်ဖွယ်ရာ...။ကလေးကလည်း ကျွန်တော်ရှိရာသို. အားကိုးတကြီးဖြင်. ပြေးလာသည်။နွားမကြီးကလည်း မုန်ယိုနေတဲ. ဆင်ပြောင်ကြီး အတိုင်း ဒေါသတကြီး လိုက်လာပြီ။ ““ ဟေ. ကောင်... မင်း အင်္ကျီ အနီကြီးကို ချွတ်လိုက်...”” ကျွန်တော် ဘယ်လောက် အော် -ပြောပြော သူ.အင်္ကျီ အနီ ကြီးကို ချွတ် မပစ်ဘူး..။ချွတ်ဖို. အချိန်လည်းမရဘူးးး နွားမကြီးကလည်းမီ ခံနီးနေပြီ... သေတော.မှာပဲ...။ကျွန်တော် ဘာလုပ်ရမှန်းမသိ ...။ကလေး ကိုကြည်လိုက်တော.လည်း မြင်ဖူးသလိုလို...(ရွာတောင်ပိုင်းက ဦးကျောက်ဒိုး မြေးလေးထင်ပါတယ်)ကလေးကို နွားမကြီး မီခါနီးမှာပဲ တစ်ထောင်ကျပ် - ဖိုး လေးခွေရသော ခိုးကူးခွေလို ထစ်သွား၍ မြင်နေတဲ. ပုံ၇ိပ်တွေဟာ တဖျပ်ဖျပ် ရပ်သါားတယ်။အဲဒီ အချိန်မှာပဲ ကျွန်တော် လန်.နိုးသွားလို. ကျွန်တော်. အိပ်မက်တွေ အဆုံးသတ်သွားတယ်။ ဒီ .. အိပ်မက်သာ...ဆက်မက်နေရင် ကလေးပဲ သေမလား..၊ ကျွန်တော်ပဲ သေမလား ၊ ကလေးရော... ကျွန်တော်ကော... နှစ်ယောက် စလုံး သေကြမလား မသိ...။နာရီ ကြည်.လိုက်တော. ည (၁)နာရီကျော်လွန် နေပြီ။ဆက် အိပ်လို.မရတာနဲ. အပေါ.အပါးသွား ထသွားဖြစ်တယ်။ အဆောင်ရဲ. အပြင်ဘက်မှာတော. မိုးတွေ တစိမ်.စိမ်. ရွာနေတယ်။ဘာကို သတိရမှန်း မသိဘူး။၇န်ကုန်မိုးကလည်း ရွာလိုက်တာ တစ်ပတ် ရှိနေပြီ။တစ်ရက်မှ.. မနားသေးဘူး..။ညသန်းခေါင် ကျော်မှပဲ ကားသံ၊ လူသံတွေ တိတ်ဆိတ်နေတယ်။မိုးပေါက်သံ တဖျောက်ဖျောက် နဲ.ရေတံလျှောက်မှ ရေကျသံကလွဲလို. ဘာသံမှ မကြားရဘူး။ဒါ.ကြောင်. ညဟာ .... ညတစ်ညနဲ. တူနေတယ်။ညနဲ. မတူတာ ဆိုလို. ကျွန်တော်.အခန်းထဲမှာ မီးလင်းနေတာ တစ်ခုပဲ..။အခန်းထဲ ရောက်တော. ထပ်ပြီး စဉ်းစားဖြစ်တယ်...။လူတွေနဲ. ဒီလောက်ထိ ပတ်သက်ရလိမ်.မယ်လို. ထင်မထားတဲ. ကိစ္စ..။ကျွန်တော် ထင်ထားတာက ဘ၀တကွေ.မှာ တွေ.ကြပြီး ဘ၀ တကွေ.မှာပဲ မေ.သွားကြမယ် ထင်နေတာ ။ခုတော. နှောင်ဖွဲ.မှန်း မသိ နှောင်ဖွဲ.နေကြပြီ...။ခိုင်မာ ကတော. ရန်ကုန်မှာ နေလို. တွေ.ဖြစ်သေးတယ်။ ဆုမွန် ကတော. ကျောက်ဆည်မှာ မလို. မတွေ.ဖြစ်...။စောစောက ကျွန်တော်မက်တဲ. အိပ်မက်ထဲမှာ ဆုမွန်နဲ. ခိုင်မာ ပါဝင်ကြောင်း စာတိုက်မှ တဆင်. စာရေး အကြောင်းကြားရင် ကောင်းမလားလို. စိတ်ကူးမိတယ်။ ဒါပေမယ်. ဒါတွေဟာ.... အရေးမကြီးပါဖူးလို. ကျွန်တော်.ကိုယ် ကျွန်တော် ရေရွတ်မိပြန်တယ်။  ““ ဒါဆို... အရေးအကြီးဆုံး ဘာများပါလိမ်. ””                                                                  Mg Myanmar
ဒီနေ. ကျွန်တော် ဘာလုပ်ဖို. ကမ်းစပ်တစ်ခုကို သွားနေရမှန်း မသိပါဘူး....။ကျွန်တော်. ပါးစပ်ထဲမှာလည်း သရေစာ တစ်ခုခု(ဒါမှမဟုတ်) သစ်သီး တစ်ခုခု စားနေရ သလိုပါပဲ....။ကျွန်တော်. ဘေးမှာလည်း ကျွန်တော်နဲ. ဘ၀တူ... လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတစ်ယောက်ပါတယ်။ သူ.နဲ. ကျွန်တော် တော်တော်ရင်းနှီးကြပေမယ်.
သူ.ရဲ.နာမည်နဲ. နေရပ်လိပ်စာကို အတိအကျ မသိပါဘူး။ဒါပေမယ်. ဒါတွေဟာ ဒီလောက် အရေးမကြီးဘူးလို. ထင်ပါတယ်။ကျွန်တော်နဲ.သူ ခင်မင်ရင်းနှီးကြတယ်
ဒီလောက်ဆို ရပါပြီ။သူ.မှာ စားစရာပါမလာတော. တစ်ခုခု စားစေချင်ပါတယ်။အဲဒီ စေတနာ စိတ်နဲ.ပဲ ပတ်ဝန်းကျင်ကိုကြည်.လိုက်တော. စားစရာ သီးပင်တွေ အစုံ
- အလင် တွေ.ရပါတယ်။သူ.ကို ကျွန်တော်က ဆီးသီးမှည်.တွေ ရဲပတောင်းခတ် သီးနေတဲ. ဆီး(ဇီး)ပင်တစ်ပင်ကို ညွှန်ပြလိုက်တယ်ဆိုရင်ပဲ သူကော ကျွန်တော်ရော
ဘာလုပ်ရမယ် ဖွင်.ဟ ပြောနေစရာမလိုပဲ ဆီးပင် အောက်ကိုေ၇ာက်ခဲ.ကြတယ်။အဲဒီမှ တဆင်. သူနဲ.ကျွန်တော် တောတွေထဲကို လျှောက်သွားကြတယ်။သစ်တော
- ကြီးကလည်း အောက်ခြေတွေရှင်းပြီး အရိပ်အာဝသ ကောင်းလွန်းတော. နေပြောက်တောင် မြေပြင်ပေါ် ထိုးကျလာခွင်. မရကြပါဘူး။ကျွန်တော်တို.ရောက်နေတဲ.နေရာက လမုတောတွေ ပေါက်ရောက်တဲ. မြေနိမ်.လိုနေရာမျိုး(ဒါမှမဟုတ်)အေးစိမ်.စိုစွတ်တဲ. ချိုင်.၀ှမ်းတစ်ခုတည်း ရောက်နေသလိုမျိုး ခံစားရပါတယ်။သစ်ပင်တွေကို မော.ကြည်.လိုက်တော.လည်း သစ်သီးတွေ အပြွတ်လိုက် ၊ အခိုင်လိုက် အလျှံပယ်သီးနေတယ်။ အဲဒီ အထဲကမှ ကျွန်တော် သိတဲ.
အသီး အမည်တွေကတော. ဆီးဖြူသီးတွေနဲ.အစိမ်းနုရောင် သင်္ဘောဆီးဖြူသီးတွေပါပဲ... ကျန်တဲ. များပြားလှတဲ.. အသီးတွေနာမည်ကိုတော. ကျွန်တော် နာမည်မပြောပြတတ်ပါဘူး။အသီးတွေကို အရမ်းစားချင်ပေမယ်. မခူးဖြစ်ဘူး။ခူးဆွတ်ဖို.လည်း စိတ်က မစေ.ဆော်ဘူး။ခူးဖို.လည်း မလိုဘူး လို.ခံစားရတယ်။ဒါနဲ.ပဲ မခူးဖြစ်ဘူး..။ကျွန်တော်တို. နှစ်ယောက် ဆက်လျှောက်ရင်းနဲ. ဘယ်တွေရောက်ကုန်မှန်း မသိတော.ဘူး။ကျွန်တော် သိနေတာကတော. မြို.အစွန် အဖျားလိုလို ၊ကျူးကျော်ရပ်ကွက် လိုလို... နေရာမျိုးမှာ ကလေးတွေကို ကျွန်တော်က တာဝန်အရလိုက်ဖမ်းနေရတယ်။ကျွန်တော်.၇ဲ.တစ်နေ.တာအလုပ်ကဒါပဲ...လေ။
ကျွန်တော်.ကိုမြင်တာနဲ. လမ်းဘေးဈေးသည် တွေလိုပဲ ကလေးတွေက ကြောက်လန်.ပြီး ထွက်ပြေးကုန်တယ်။ကျွန်တော် စိတ်မကောင်းသလို ခံစားရပေမယ်. ထွက်ပြေးတဲ.
ကလေးတွေကို လိုက်ဖမ်းနေမိတယ်။တစ်ယောက်မှတော. မမိပါဘူး။ကျွန်တော်. ကိုယ်မှာလည်း မြိုတော်စည်ပင် ရဲတွေလို ယူနီဖောင်း အပြည်.အစုံဝတ်ထားတယ်။
ကျွန်တော်. အလုပ်က ၇ဲလို.တော. သိရတယ်။ကလေးတွေ လိုက်ဖမ်းတဲ.အခါ ခေါင်းမှာဆောင်းထားတဲ.ယူနီဖောင်းဦထုပ်ကိုချွတ်ပြီးမှဖမ်းဖို.
ဘေးမှရဲတစ်ယောက်က အော်ပြောသွားတယ်။ထိုရဲသား ပြောကာမှ ဒါ ...အထက်က ချမှတ်ထားတဲ. အမိန်.ပဲလို. ကျွန်တော် သတိရမိတော.တယ်။လမ်းဘေးမှ အကြော်သည် အဒေါ်ကြီးကလည်း ကလေးတွေ လာတတ်တဲ. အချိန်နဲ. ကလေးတွေ ထွက်ပြေးသွားတဲ.အခါ ခိုအောင်းလေ.ရှိတဲ.နေရာတွေကို အသေးစိပ် ကျွန်တော်တို.ကို ရှင်းပြပြီး သတင်းပေးပါတယ်။ကျွန်တော်တို.ကလည်း ကလေးတွေ လှုပ်ရှားပြုမူ တတ်တဲ.အလေ.အထတွေကို မှတ်သားထားပြီး အနားယူဖို. ပြင်ဆင်ရပါတယ်။
ကျွန်တော်လည်း ချောင်းရိုးတစ်ခုခု ရဲ.ဖြူလွှလွှ သဲမြေပေါ်လမ်းလျှောက်လာရင်း ဒီ ...လမ်း...၊ဒီ...ခရီးနဲ. ဒီ..ပတ်ဝန်းကျင်ကို ရင်းနှီးခဲ.ဖူး သလိုမျိုး ခံစားနေရပါတယ်။
ဘယ်တုန်းကရောက်ဖူး ခဲ.တာပါလိမ်.။ကျွန်တော်.အတွေးထဲ ယင်းချောင်၏ရေကျချိန် နွေဦးပေါက်ရာသီမှာ ယင်းချောင်ထဲက အာလူး၊ခရမ်းချဉ် စိုက်ခင်းများနဲ.
ယာစောင်.တဲ များဝင်လာပါတယ်။ကျွန်တော် ယာစောင်.တဲကလေးထဲ ၀င်သွားတော. ကျောင်းနေဘက် သူငယ်ချင်းများဖြစ်သော ရခိုင်မှ ခိုင်မာနှင်. ကျောက်ဆည်(မန္တလေး)မှ ဆုမွန်ကိုကို ကိုတွေ.လိုက်ရလို. အရမ်းအံ.သြပြီး ၀မ်းသာသွားပါတယ်။မတွေ.ရတာ နှစ်တွေကြာတော.ကျွန်တော်အရမ်း
ပျော်ပါတယ်။ဆုမွန် ကိုမေးကြည်.တော. သူလည်းရဲလုပ်နေတယ်တဲ. ။ခိုင်မာ ကတော.ကိုယ်ပိုင် ယာစောင်တဲနဲ. တောကြွက်တွေထောင်ပြီး နတ်မောက်မြို.ဈေး
-တက် ရောင်းနေတယ်လို. ဖြေပါတယ်။အဲဒီ ယာစောင်.တဲလေးထဲမှာ...ကျွန်တော်တို. သူငယ်ချင်းတွေ ဘ၀ကြောင်းတွေ ပြောဖြစ်ခဲ.ကြတယ်ထင်တယ်။
ကျွန်တော်လည်း ရဲဖြစ်နေကြောင်းနဲ. တစ်နေ. ..... ဒီလို ကလေးတွေ လိုက်ဖမ်းရတဲ. ဘ၀မျိုး ဖြစ်လာမယ်လို. ဘယ်လိုမှမျှော်လင်.မထားကြောင်းနဲ. အိမ်မက်
-တောင်...မမက်ဖူးခဲ.ကြောင်း...။ဘ၀တွေက ပြဌာန်းလာတော.လည်း ဘာမှမတတ်နိင်ကြောင်း ၊ရောက်ရာ ကြုံရာ...ဘ၀များမှာပဲ အကောင်းဆုံးဖြတ်သန်းသွားရ
-မှာဖြစ်ကြောင်း..၊ယခု အဆင်မပြေတာကို ကြောက်ရွံ.နေဖို.မလိုကြောင်းနဲ.လာမယ်. (၂၀၁၅)နှစ်ထောင်ဆယ်.ငါး မှာ ဒီထက်.... ပိုဆိုးလာနိင်ကြောင်း၊အကောင်းဆုံး
အခြေအနေကို မျှော်လင်.မထားတောင် အဆိုးဆုံးအခြေနေမှာ ရပ်နေထိုင်နိင်ဖို. ပိုလိုကြောင်း....ပြောဆိုပြီး ကလေးဖမ်းဖို.ရာ...ကျွန်တော် ဆက်ပြီးထွက်လာခဲ.
တယ်။ကျွန်တော် ဘာတွေ စဉ်းစား လာမှန်းမသိတော.ပါ...။နွားမကြီး၏နှာမှုတ်သံကြားမှ ပတ်ဝန်းကျင်ကို ဂရုစိုက်မိတယ်။ကြည်.လိုက်တော. မွေးကင်စ နွားပေါက်
- ကလေးနဲ. နွားဖြူမကြီး(ဆတ်မ)တစ်ကောင် ။ သူ.ကလေးကို ရန်ပြုမယ်ထင်လို. ထင်တယ်...ကျွန်တော်.ကို ခွေ.(ဝှေ.)မလို. နှာတွေမှုတ်ပြီး ဟန်ရေးပြနေတယ်။
ကျွန်တော်လည်း နွားမကြီးရဲ.ဝေးရာ ချောင်းစပ်ကို ထွက်ပြေးလာခဲ.တယ်။နောက်ပြန် လှည်.ကြည်.တော. နွားမကြီး လိုက်မလာပါ။အင်္ကျီ တီရှပ်အနီရောင်နဲ. ကလေးတစ်ယောက် ပြေးလိုက်လာသည်။အင်္ကျီအနီရောင်နဲ. ကလေးကို တွေ.မှ နွားမကြီးက ဝှေ.ရန် ကလေးနောက်မှ တဟုန်ထိုး... ပြေးလိုက်လာသည်။မြင်ကွင်းက ကြောက်မက်ဖွယ်ရာ...။ကလေးကလည်း ကျွန်တော်ရှိရာသို. အားကိုးတကြီးဖြင်. ပြေးလာသည်။နွားမကြီးကလည်း
မုန်ယိုနေတဲ. ဆင်ပြောင်ကြီး အတိုင်း ဒေါသတကြီး လိုက်လာပြီ။ ““ ဟေ. ကောင်... မင်း အင်္ကျီ အနီကြီးကို ချွတ်လိုက်...”” ကျွန်တော် ဘယ်လောက် အော်
-ပြောပြော သူ.အင်္ကျီ အနီ ကြီးကို ချွတ် မပစ်ဘူး..။ချွတ်ဖို. အချိန်လည်းမရဘူးးး နွားမကြီးကလည်းမီ ခံနီးနေပြီ... သေတော.မှာပဲ...။ကျွန်တော် ဘာလုပ်ရမှန်းမသိ
...။
ကလေး ကိုကြည်လိုက်တော.လည်း မြင်ဖူးသလိုလို...(ရွာတောင်ပိုင်းက ဦးကျောက်ဒိုး မြေးလေးထင်ပါတယ်)ကလေးကို နွားမကြီး မီခါနီးမှာပဲ တစ်ထောင်ကျပ် - ဖိုး လေးခွေရသော ခိုးကူးခွေလို ထစ်သွား၍ မြင်နေတဲ. ပုံ၇ိပ်တွေဟာ တဖျပ်ဖျပ် ရပ်သါားတယ်။အဲဒီ အချိန်မှာပဲ ကျွန်တော် လန်.နိုးသွားလို. ကျွန်တော်.
အိပ်မက်တွေ အဆုံးသတ်သွားတယ်။
 ဒီ .. အိပ်မက်သာ...ဆက်မက်နေရင် ကလေးပဲ သေမလား..၊ ကျွန်တော်ပဲ သေမလား ၊ ကလေးရော... ကျွန်တော်ကော...
နှစ်ယောက် စလုံး သေကြမလား မသိ...။နာရီ ကြည်.လိုက်တော. ည (၁)နာရီကျော်လွန် နေပြီ။ဆက် အိပ်လို.မရတာနဲ. အပေါ.အပါးသွား ထသွားဖြစ်တယ်။
အဆောင်ရဲ. အပြင်ဘက်မှာတော. မိုးတွေ တစိမ်.စိမ်. ရွာနေတယ်။ဘာကို သတိရမှန်း မသိဘူး။၇န်ကုန်မိုးကလည်း ရွာလိုက်တာ တစ်ပတ် ရှိနေပြီ။တစ်ရက်မှ..
မနားသေးဘူး..။ညသန်းခေါင် ကျော်မှပဲ ကားသံ၊ လူသံတွေ တိတ်ဆိတ်နေတယ်။မိုးပေါက်သံ တဖျောက်ဖျောက် နဲ.ရေတံလျှောက်မှ ရေကျသံကလွဲလို. ဘာသံမှ
မကြားရဘူး။ဒါ.ကြောင်. ညဟာ .... ညတစ်ညနဲ. တူနေတယ်။ညနဲ. မတူတာ ဆိုလို. ကျွန်တော်.အခန်းထဲမှာ မီးလင်းနေတာ တစ်ခုပဲ..။
အခန်းထဲ ရောက်တော.ထပ်ပြီး စဉ်းစားဖြစ်တယ်...။လူတွေနဲ. ဒီလောက်ထိ ပတ်သက်ရလိမ်.မယ်လို. ထင်မထားတဲ. ကိစ္စ..။ကျွန်တော် ထင်ထားတာက ဘ၀တကွေ.မှာ တွေ.ကြပြီး
ဘ၀ တကွေ.မှာပဲ မေ.သွားကြမယ် ထင်နေတာ ။ခုတော. နှောင်ဖွဲ.မှန်း မသိ နှောင်ဖွဲ.နေကြပြီ...။ခိုင်မာ ကတော. ရန်ကုန်မှာ နေလို. တွေ.ဖြစ်သေးတယ်။
ဆုမွန် ကတော. ကျောက်ဆည်မှာ မလို. မတွေ.ဖြစ်...။စောစောက ကျွန်တော်မက်တဲ. အိပ်မက်ထဲမှာ ဆုမွန်နဲ. ခိုင်မာ ပါဝင်ကြောင်း စာတိုက်မှ တဆင်. စာရေး
အကြောင်းကြားရင် ကောင်းမလားလို. စိတ်ကူးမိတယ်။ ဒါပေမယ်. ဒါတွေဟာ.... အရေးမကြီးပါဖူးလို. ကျွန်တော်.ကိုယ် ကျွန်တော် ရေရွတ်မိပြန်တယ်။
““ ဒါဆို... အရေးအကြီးဆုံး ဘာများပါလိမ်. ””
Mg Myanmar
တိုင်းရင်းသား လူမျိုး အချင်းချင်း အခေါ်အဝေါ်နှင့် ပက်သက်၍
$
0
0
တိုင်းရင်းသား လူမျိုး အချင်းချင်း တစ်ဦးပေါ် တစ်ဦး အခေါ်အဝေါ်နှင့် ပက်သက်၍
July 30, 2011 at 3:26am
ကျွန်တော် တိုင်းရင်းသားကိစ္စတွေ တော်ရုံတန်ရုံ ပြောလေ့မရှိပါဘူး၊ အကဲဆတ်တဲ့ ကိစ္စ၊ ထိရှလွယ်တဲ့ ကိစ္စ၊ ကိုယ်အပြော မတတ်ရင် နားလည်မှု လွဲနိုင်တဲ့ ကိစ္စမို့ ပြောလေ့မရှိဘဲ တတ်နိုင်သမျှ ရှောင်ပါတယ်။ ဒါပေမယ့် နားလည်မှုလွဲတာမျိုး သိပ်မဖြစ်နိုင်တဲ့ အပြုသဘော ဆောင်မယ်ထင်တဲ့ အကြောင်းအရာ တစ်ခုကို အခု ပြောချင်ပါတယ်။ တိုင်းရင်းသားလူမျိုး အချင်းချင်း ကြားမှာ လူမျိုး နာမည် ခေါ်တဲ့ အခါမှာ မကြိုက်တဲ့ နာမည် မခေါ်မိစေဖို့ပါ။
(၁) မွန်လူမျိုးတွေကို တလိုင်းလို့ မခေါ်ကြစေချင်ပါ၊ တလိုင်း ဆိုတာ ကပြား လို့ အဓိပ္ပါယ်ရလို့ မွန်လူမျိုး စစ်စစ်တွေက မကြိုက်ပါ။
(၂) တအောင်း လူမျိုးတွေကလည်း ပလောင် လို့ခေါ်ခံရတာကို မနှစ်သက်ပါ။ ဒါပေမယ့် တအောင်း ဆိုတဲ့ နာမည် သိပ်ပြီး မတွင်ကျယ်သေးတဲ့ အတွက် မသိမှာစိုးလို့ တအောင်း(ပလောင်) လို့ သုံးကြရပါတယ်။ တတ်နိုင်သမျှ သူတို့နှစ်သက်တဲ့ အမည်ကို သာ တွင်ကျယ်အောင် ခေါ်စေချင်တယ်။
(၃) ကယန်း လူမျိုးတွေလည်း ပဒေါင် လို့ ခေါ်တာ မကြိုက်ပါ။ ကယန်း လူမျိုးမှာ လူမျိုးစု လေးခု ရှိပါတယ်၊ အဲဒီ့ထဲက ကယန်းလဟွီတွေကို ရှမ်းလူမျိုးတွေက လည်းပင်းမှာ ကြေးကွင်းတွေ ပတ်တဲ့အတွက် ပဒေါင် (ပတ်တောင်း= ကြေးပတ်သောသူ) လို့ ခေါ်ခဲ့တာပါ။ သူတို့နာမည် မဟုတ်တဲ့အတွက် အခေါ်ခံရတဲ့ ကယန်းတွေက မကြိုက်ပါ။ မတွင်ကျယ်သေးတဲ့ အတွက် ကယန်း(ပဒေါင်) လို့ သုံးကြရတာ ရှိပေမယ့် ကယန်းလို့သာ ခေါ်စေချင်တယ်။
(၄) ရင်ဘတ်မှာ ငွေးပြားတွေ ဆင်မြန်းလေ့ရှေ့တဲ့ ကယန်းကငံ တွေကိုလည်း ယင်းဗော် လို့ခေါ်ကြပေမယ့် သူတို့ကလည်း ကယန်းလို့ပဲ ခေါ်မှ ကြိုက်ပါတယ်။
(၅) ကယန်းလထာ လူမျိုးတွေကိုလည်း သူတို့ ဆံပင်ပုံစံကို ကြည့်ပြီး ဇယိမ်း (ဇယိန်) လို့ ခေါ်ကြပေမယ့် သူတို့ကတော့ လထာ(လာ့တ) လို့ ခေါ်မှ ကြိုက်ပါတယ်။
(၆) ကယားလူမျိုး ရဲ့ အမည်ကတော့ အငြင်းပွားမှု အနည်းငယ်ရှိပါတယ်၊ အချို့က ယခု ကယားပြည်နယ်မှာ နေထိုင်တဲ့ လူမျိုးစု(၁၀)ခု စလုံးရဲ့ စုပေါင်း အမည်ဟာ ကရင်နီ ဖြစ်တယ်၊ အဲဒီ့ထဲကမှ လူမျိုးစုတစ်ခုရဲ့ နာမည်ဟာ ကယားဖြစ်တယ်၊ ဒါကြောင့် အားလုံးကို ခြုံပြီး ခေါ်ရင် ကရင်နီ လို့ ခေါ်ရမယ်လို့ဆိုတယ်။ တချို့ကလည်း ကရင်နီနဲ့ ကယား ဆိုတာတူတူပဲ လူမျိုးကြီးတစ်ခုတည်းကို ခေါ်တာလို့ ဆိုကြတယ် (မြန်မာ ၊ ဗမာ ပြဿနာ လိုပါပဲ)။ ကယားပြည်နယ်က မိတ်ဆွေတွေနဲ့ စကားပြောကြည့်တော့ သူတို့ကတော့ ကယားလို့ ခေါ်မယ်ဆိုလည်း ကြိုက်တယ်၊ ဒီနေ့ ဒီအချိန်မှာ ကယားလို့ ခေါ်လိုက်ရင် သူတို့ကို ရည်ညွှန်းကြောင်း သိနေတာပဲလို့ဆိုတယ်၊ ဒါပေမယ့် သံလွင် အရှေ့ရှမ်း က လူငယ်တွေကတော့ ကရင်နီ လို့ ခေါ်မှ ကြိုက်လိမ့်မယ်လို့ သတိပေးပါတယ်။ ဒါကြောင့် ကရင်နီ လို့ ခေါ်မှ ကြိုက်တဲ့ လူတွေ ရှိသလို၊ ကယားလို့ ခေါ်ရင်လည်း ကြိုက်တဲ့ လူတွေ ရှိနေပါတယ်။ နောင်တစ်ချိန်တော့ အများဆန္ဒနဲ့ သူတို့နှစ်သက်ရာ နာမည်ကို သူတို့ကိုယ်တိုင် ရွေးချယ်သတ်မှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
(၇) ပအိုဝ်း လူမျိုးတွေလည်း တောင်သူလို့ ခေါ်ရင် မကြိုက်ပါ။ အခုတော့ တောင်သူ ဆိုတဲ့နာမည်တောင် သိပ်မသိကြတော့ပဲ ပအိုဝ်းလို့ ပဲ ကျယ်ကျယ်ပြန့်ပြန့် ခေါ်နေကြပါပြီ၊ ကောင်းပါတယ်။
(၈) အာခါ (အခါ) လူမျိုးတွေလည်း အာခါ နဲ့ အီကော(ကော်) ဆိုတဲ့အမည်တွေမှာ ဘယ်လိုခေါ်တာပိုကြိုက်သလဲဆိုတာ အငြင်းပွားမှု ရှိပါတယ်။ သူတို့တွေရဲ့ ဆန္ဒကို သေချာစုံစမ်းပြီး နှစ်သက်တဲ့ အမည်သာ ခေါ်သင့်ပါတယ်။
 (၉) မနေ့ကမှ သိရတာ တစ်ခုက ရခိုင်လူမျိုးတွေကို တခါတလေ နောက်ပြောင်ပီး ရခီး လို့ခေါ်တာ (ရခီး=ရခိုင်စုတ်) လို့ အဓိပ္ပါယ်ရလို့ လုံးဝ မခေါ်ဘဲ ရှောင်ရှားကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့တွေ သူငယ်ချင်း အချင်းချင်း ပြောမနာ ဆိုမနာ ရင်းနှီးကြပီဆိုရင် လူတစ်ဦးချင်းစီကို ဘယ်လောက်ပဲ နစ်နစ်နာနာပြောပြော၊ နာမည်ပြောင် ပေးပေး ပြဿနာ မရှိပါဘူး၊ ဒါပေမယ့် လူမျိုးကို ထိခိုက်တဲ့ နာမည်မျိုး မဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။
အခြားတိုင်းရင်းသားတွေနဲ့ သူတို့မနှစ်သက်တဲ့ အမည်တွေ ထပ်မံဖြည့်စွက်ပေးကြပါ။ လွဲမှားနေရင်လည်း ထောက်ပြပေးကြ စေချင်ပါတယ်။
facebook ပေါ်မှာ ဒီကိစ္စလေးကို စတင်ရတာက မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးစုံ facebook ပေါ်မှာတွေ့နေရပါတယ်၊ ကျွန်တော်သိသလောက်နဲ့ ရေးသားထားတဲ့ အချက်အလက်တွေ လွဲမှားနေရင် သူတို့ က ပြင်ပေးနိုင်ပါလိမ့်မယ်။ သူတို့အမြင်တွေ ခံစားချက်တွေကိုလည်း ကြားရနိုင်တဲ့ အတွက် ညီအစ်ကို မောင်နှမတွေကြားမှာ နားလည်မှု တွေတိုးပွား လာဖို့ပါ။ သိထားသမျှ အကြောင်းအရာ တွေ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
ခင်မင်လေးစားလျက်
 Comrade Eagle  
 https://www.facebook.com/notes/comrade-eagle/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%9C%E1%80%B0%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8-%E1%80%A1%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%85%E1%80%B9%E1%80%A6%E1%80%B8%E1%80%B1%E1%80%95%E1%81%9A-%E1%80%90%E1%80%85%E1%80%B9%E1%80%A6%E1%80%B8-%E1%80%A1%E1%80%B1%E1%80%81%E1%81%9A%E1%80%A1%E1%80%B1%E1%80%9D%E1%81%9A%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%95%E1%80%80%E1%80%B9%E1%80%9E%E1%80%80%E1%80%B9/117007731729380 မှ ကူးယူဖော်ပြပါသည်။ 
(တပ်မတော် အရာရှိတစ်ဦးရေးခဲ့တဲ့  ဆောင်းပါးအဟောင်းလေးကို ပြန်တင်ပေးတာပါ)
ဘုတ်ရိုသေ၊ ကျီးရိုသေ
$
0
0
August 3, 2011 at 4:10am
ဒီအကြောင်းလေးကို ရေးဖြစ်တာက ခုတလော ဖေ့ဘွတ်ပေါ်မှာ ပြည်ထောင်စုအရေး၊ အတူယှဉ်တွဲနေထိုင်ရေးတွေနဲ့ ပက်သက်ပြီး ဆွေးနွေးမှုလေးတွေ၊ ငြင်းခုံမှုလေးတွေကို ဖတ်မိရာက ကျွန်တော့် ဆန္ဒကိုလည်း တင်ပြချင်လို့ ရေးဖြစ်တာပါ။ တကယ်တော့ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသား လူမျိုး အားလုံးဟာ ချစ်စရာ ကောင်းတဲ့ ဓလေ့စရိုက်တွေ ယဉ်ကျေးမှုတွေ ကိုယ်စီရှိကြတဲ့ လူမျိုးချည်းပါ။
ဒါပေမယ့် တခါတရံ ကတောက်ကဆ ဖြစ်တာတွေ၊ သူနိုင်ကိုယ်နိုင် စကားနိုင်လုရာကနေ အခြေအတင် ဖြစ်တာတွေ အိမ်တစ်အိမ်ထဲက မိသားစုဝင် အချင်းချင်း ကြားမှာ ဖြစ်တတ်သလိုပါပဲ အဆင်မပြေတာလေးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ညီအစ်ကို မောင်နှမရင်းတွေပဲမို့ ချစ်သောမျက်စိနှင့်သာ ကြည့်ဖို့ လိုအပ်နေတာပါ။ ချစ်သော မျက်စိနဲ့သာ ကြည့်ကြမယ်ဆိုရင် အရာအားလုံး လူပုဂ္ဂိုလ်အားလုံးဟာ မုန်းစရာမရှိ၊ ချစ်စရာချည်းပဲ မဟုတ်လား။ ကျီးငှက်ကလည်း ဘုတ်ငှက်ရဲ့ အမောက်အရောင်ကို ထုတ်ဖေါ်ချီးကျူးတယ်၊ ဘုတ်ငှက်ကလည်း ကျီးငှက်ရဲ့ အမွှေး အရောင်ကို ထုတ်ဖေါ်ချီးကျူးတယ်။ ချစ်စရာတွေကိုပဲ ကောင်းတဲ့စိတ်နဲ့ ထုတ်ဖေါ်ကြ ပြောဆိုကြမယ်ဆိုရင် ဘယ်သူမှ အကျိုးမယုတ်ပါဘူး။ အားလုံးမှာလည်း ချီးကျူးစရာ ဓလေ့ နဲ့ အစဉ်အလာတွေ ကိုယ်စီ ရှိပြီးသားပါ။
ကျွန်တော်အနေနဲ့ ဆောင်ပုဒ်တွေ စိုက်ထူပြီး ကြွေးကြော်တာမျိုးကို သဘောမကျပေမယ့် ကြားဖူးတဲ့ထဲက သဘောကျမိတဲ့ ဆောင်ပုဒ်လေး တစ်ခုတော့ ရှိတယ်။ "တွေ့ဖန်များတော့ ရင်းနှီး၊ မြင်ဖန်များတော့ ချစ်ခင် ” ဆိုတာလေးပါ။ ဆောင်ပုဒ်ထဲမှာ ပါတဲ့ အတိုင်း အမှန်ပဲဆိုတာလည်း ကိုယ်တိုင်ကြုံမှ ခံစားနားလည်ခဲ့ဖူးပါတယ်။ တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံးဟာ အရိုးခံ နှလုံးသားနဲ့ သိပ်ကို ခင်မင်စရာ ကောင်းတဲ့ လူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေ အချင်းချင်း လူမျိုး တစ်မျိုးနဲ့ တစ်မျိုး အထိအတွေ့ အဆက်အဆံ နည်းခဲ့ကြတယ်။ ကိုယ့်ဒေသတွင်းမှာ ရှိတဲ့ တိုင်းရင်းသား အချင်းချင်းသာ အပြောအဆို အဆက်အဆံ ရှိကြပေမယ့်၊ ရပ်ဝေး တနေရာကို သွားရောက်လည်ပတ်ပြီး လေ့လာကြတာ အားနည်းနေဆဲပါ။ ကိုယ့်နိုင်ငံတနံတလျား ခရီးသွားတာမျိုးတွေလည်း အားနည်းပါတယ်။ ပြည်တွင်းမှာ ခရီးထွက်တယ် ဆိုရင် ဘုရားဖူးခရီး နဲ့ ပင်လယ် ကမ်းခြေ တွေလောက်သာ အသွားများကြတယ်။ လူတွေ၊ ဘဝတွေ၊ သဘာဝ အလှတွေကို လေ့လာဖို့ သွားတာ နည်းပါတယ်။ ခရီးထွက်တာ ကုန်ကျစရိတ်များပြီး လူလည်း ပင်ပန်းတဲ့ အလုပ်တစ်ခုပါ၊ ဝါသနာပါပြီး ဆန္ဒရှိပေမယ့် ငွေကြေး မတတ်နိုင်လို့ မသွားနိုင်တဲ့ သူတွေလည်းရှိတယ်။ ဒါပေမယ့် တတ်နိုင်သူများ ကျတော့လည်း နိုင်ငံခြားကို ခရီးထွက်ဖို့သာ ပိုအားသန်ကြတယ်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ သဘာဝအလှတွေကို ကိုယ်တိုင် တွေ့ဖူးမြင်ဖူးတာကလည်း နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုစိတ်ကို အားပေးပါတယ်။ ဟိုးတောင်ပေါ်ဒေသတွေက ညီအစ်ကို မောင်နှမတွေကို မြေပြန့်ဒေသတွေ ဖြစ်တဲ့ အထက်အညာ ကျေးလက်တွေ၊ အောက်ပြည်အောက်ရွာ ဒေသတွေ အထိ လူငယ်တွေစုပြီး အဖွဲ့လိုက် လာရောက်လည်ပတ် စေချင်တယ်။ မြေပြန့်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေလည်း တောင်ပေါ်ဒေသအစုံအနှံ့ ရောက်အောင် သွားစေချင်ပါတယ်။
ခုရက်ပိုင်း ဖေ့ဘွတ်ပေါ်မှာ အားတက်စရာ တစ်ခုလည်း တွေ့မိတယ်။ လူမှုကွန်ယက် တွေပေါ်ကနေ ချိတ်ဆက်မိပြီး လူငယ် ပရဟိတ အသင်းလေးတွေ အများကြီး ပေါ်ပေါက်လာကြတာပါ။ ပရဟိတ အသင်းများ ကွန်ယက် ဆိုတဲ့ အဖွဲ့လေးမှာ စိတ်ဝင်စား စရာ ဘာတွေ့မိသလဲ ဆိုတော့ ...”donation groups တွေ၊ charity groups တွေကနေ development organization ဖြစ်တဲ့ အထိ ထူထောင်သွားမယ်” ဆိုတာပါ။ သိပ်ကောင်းတဲ့ စိတ်ကူးပါ၊ ဖြစ်မြောက်အောင် လုပ်နိုင်လိမ့်မယ်ဆိုတာလည်း ယုံကြည်မိတယ်။ လူငယ်တွေ စုပေါင်းပြီး အတူတူ အလုပ်လုပ်တတ်၊ စီမံခန့်ခွဲတတ်လာကနေ development organization မျိုးဖွဲ့စည်း လုပ်ဆောင်လာနိုင်တာဟာ community base organizations တွေ၊ civil society organizations တွေ ဖွံ့ဖြိုးလာမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လို့ အင်မတန်ကြိုဆိုအပ်ပါတယ်၊ ဒါဟာ ကျွန်တော်တို့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခုကို ဦးတည်နေတာပါပဲ။ တဆက်တည်း စဉ်းစားမိတာက ဒီ လူငယ်တွေ ဦးဆောင်တဲ့ ဖွံဖြိုးရေး အဖွဲ့လေးတွေရဲ့ ပြည်ထောင်စု စိတ်ဓါတ်ပေါ် အကျိုးသက်ရောက်မှုပါ။ အခုတော့ အဖွဲ့လေးတွေ စတင်ထူထောင်စ၊ လုပ်ကိုင်စ ဖြစ်တဲ့ အတွက် နီးစပ်ရာ လိုအပ်တဲ့ နေရာတွေမှာ တတ်နိုင်သလောက် အကူအညီ ပေးမှုတွေ လုပ်ဆောင်နေကြတယ်။ development organizations မျိုး ဖြစ်လာရင်တော့ ပိုပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ လိုအပ်ချက်တွေကို အခြေခံကနေစပြီး ကူညီပေးလာ နိုင်ပါလိမ့်မယ်။ ပြည်ထောင်စုတွင်းမှာ ပိုပြီးဖွံ့ဖြိုးနေတဲ့ ဒေသ တစ်ခုက လူငယ်အဖွဲ့တွေဟာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသတွေကို သွားရောက်ကူညီပေးခြင်းဟာ ပြည်ထောင်စု စိတ်ဓါတ်ပါပဲ။ ဒေသတစ်ခုမှာ သဘာဝဘေးအန္တရာယ်ခံလိုက်ရတယ် ဆိုရင်လည်း တနိုင်ငံလုံး ဒေသအသီးသီးက လူငယ်အဖွဲ့အစည်းတွေဟာ လာရောက်ကူညီနိုင်ကြပါလိမ့်မယ်။ လာရောက်ကူညီသူတွေနဲ့ ဒေသခံတွေကြားမှာ အပြန်အလှန်နားလည်မှုတွေ ချစ်ခင်မှုတွေ၊ ယုံကြည်အားမှုတွေဟာ ထင်းစည်းကြီးနဲ့ ပုံနှိုင်းပြလေ့ရှိတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးကို ခိုင်မြဲအောင် တုပ်နှောင်ပေးမယ့် မေတ္တာကြိုး၊ သံယောဇဉ်ကြိုး တွေပါပဲ။
တကယ်တော့ ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းတွေ ဆိုတာလည်း  ပြည်သူထဲက ပြည်သူတွေပဲမို့ ကိုယ့်ရင်ထဲက ဆန္ဒတွေကို ထုတ်ဖေါ်ရေးသားတာမျိုးပဲ တတ်နိုင်တာပါ။ အစိုးရတာဝန် ရှိသူလည်း မဟုတ်၊ နိုင်ငံရေး ခေါင်းဆောင်လည်း မဟုတ်တဲ့ အတွက် နိုင်ငံကို ဘယ်လိုကောင်းအောင် လုပ်မယ်၊ ဘယ်အချိန် အတွင်း ဘယ်လိုပြောင်းလဲအောင် လုပ်မယ် ဆိုတာမျိုး ရည်မှန်းချက်ချမှတ်ပြီး၊ လုပ်ရမယ့် နည်းဗျူဟာတွေလည်း ချမပြတတ်ပါဘူး။ ယေဘုယျဆန်တဲ့ မေတ္တာကို အခြေခံပြီး ဆက်ဆံကြပါ၊ ချစ်သောမျက်စိဖြင့် ကြည့်ကြပါ၊ ကောင်းကွက်ကိုပဲ ရှာဖွေ ချီးကျူးကြပါ ဆိုတာမျိုးပဲ ပြောတတ်ပါတယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့ လူငယ်တွေ အုပ်စုလိုက် အဖွဲ့လိုက် နိုင်ငံ တနံတလျား ခရီးသွားကြပါ၊ ဒေသ အသီးသီးက တိုင်းရင်းသား ညီအစ်ကို မောင်နှမ အသီးသီးနဲ့ ထိတွေ့ဆက်ဆံကြပါလို့သာ အားပေးချင်ပါတယ်။
ဖြည့်စွက် ဆွေးနွေးပေးကြစေချင်ပါတယ်၊ ကျွန်တော် တယောက်တည်း အမြင်ဟာ ဘယ်တော့မှ မပြည့်စုံနိုင်ပါဘူး။
လေးစားလျက်
Comrade
(တပ်မတော် အရာရှိတစ်ဦးရေးခဲ့တဲ့  ဆောင်းပါးအဟောင်းလေးကို ပြန်တင်ပေးတာပါ)
"Tragedy of the Commons"
$
0
0
  1. tragedy ဆိုတာ ကြေကွဲဖွယ်ရာ ဇတ်လမ်း၊ commons ဆိုတာက အယုတ်အလတ်အမြတ်မရွေး အားလုံးနဲ့ ဆိုင်တဲ့ အရာ အများဆိုင်၊ဘုံပိုင် ပေါ့။ တနည်း.. ပုဂ္ဂလိုကပိုင်မဟုတ်တဲ့ အရာတွေပေါ့..။ ဒီ ၂ ခုပေါင်းလိုက်တော့ “Tragedy of Commons” ဆိုတာ အများပိုင်ပစ္စည်းတွေရဲ့ ကြေကွဲဖွယ်ဇတ်လမ်း။ ဒီစကားစုဟာ သဘာဝပတ်ဝန်းကျင် စီမံခန့် ခွဲမှု (Environmental Management) ကို လေ့လာရင် မသိမဖြစ် သိရတာပဲ..။ သဘာဝပတ်ဝန်းကျင်ဆိုတာ တီရှပ်၊ ဂျင်းဘောင်းဘီတို့ လို ကိုယ်ပိုင်သီးသန့် သုံးစွဲလို့ ရတဲ့ အရာမှမဟုတ်တာကိုး…။ Commons တစ်ခုကိုး။ ဘောဂဗေဒ ပညာရပ်ဆိုင်ရာဝေါဟာရ နဲ့ ဆိုရင် အများပြည်သူကုန်စည် (public utility) လို့ ခေါ်တာပေါ့..။
    တနည်းအားဖြင့် အများပိုင်ဖြစ်နေရင် ပျက်ဆီးတာပဲလို့ အလွယ်နားလည်အောင် ပြောရမှာပေါ့လေ..။ ပုဂ္ဂိလကပိုင် (private ownership) ဖြစ်တာ၊ ပုဂ္ဂိလိက ပိုင်ဆိုင်မှုကို ကာကွယ်ပေးတာ (property right) ဟာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုရဲ့ မရှိမဖြစ်လို့ ဆိုလိုချင်တာပေါ့..။ နို့ မဟုတ်ရင် ဆင်းရဲမှုထောင်ချောက်ဆိုတဲ့ ကြေကွဲဖွယ်ဇတ်လမ်းကို ကပြ နေရမယ်ဆိုတဲ့သဘော..။ အထူးသဖြင့် အရင်းရှင်စီးပွားရေးစံနစ်ဆိုတာ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး လူစွမ်းကောင်းကို မွေးထုတ်။ ပြီးမှ သူ့ ရဲ့ လုပ်အားက အသီးအပွင့်ကို လူ့ အဖွဲ့ အစည်းတစ်ခုလုံးက ဝေစားမျှစားလုပ်ကြတာကိုး..။ ဖွံ့ ဖြိုးပြီး နိုင်ငံတွေမှာ ဒီ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးထာတဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ အားကောင်းကြပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ဒါတွေက လျော့ရဲ၊ ပျက်ဆီးနေတာတွေ့ ရတာပဲ..။ ဈေးကွက်စီးပွားရေးစံနစ်မှာ ပြိုင်ဆိုင်မှုအားကောင်းဖို့ ဆိုတာ ဒီ property right အကာအကွယ်မရှိဘဲ ဖြစ်ကိုမဖြစ်နိုင်ဘူး…။ ကိုယ့်လုပ်အားရဲ့ အသီးအပွင့်ကို အပြည့်အ၀ ခံစားသုံးဆောင်နိုင်ခွင့်ရှိခြင်းဆိုတဲ့ မက်လုံး (incentive) မရှိပဲ ဖန်တီးထုတ်လုပ်ခြင်းဆိုတာ တိုးတက်ဖြစ်ထွန်းလာမှာမဟုတ်ဘူးကိုး။
    ဒါပေမယ့် အရာရာတိုင်းက ပုဂ္ဂလိက ပိုင်ပြုလို့ ရတာမှမဟုတ်တာ…။ အထူးသဖြင့် အထက်က ဆိုခဲ့တဲ့ အများပိုင်ပစ္စည်း (public utility) တွေမှာပေါ့..။ ဒီနေရာမှာ အများပိုင်ပစ္စည်းကို ဘယ်လို အဓိပ္ပါယ်သတ်မှတ်လဲက အရေးကြီးတယ်..။ အများပိုင်ပစ္စည်းတွေမှာ… ပြိုင်ဖက်မရှိတာ (non-rivalry)၊ ဘယ်သူ့ ကိုမှဖယ်ထုတ်လို့ မဖြစ်နိုင်တာ (non-exclusion)၊ တဆင့်ခံသိုလှောင် လို့ မရတာ (non-transitory) ဘာ..ညာ..ဆိုတဲ့ လက္ခဏာတွေတော့ရှိတာပေါ့လေ....။ အကောင်းဆုံးဥပမာပေးရရင်တော့ သဘာဝပန်းဝင်ကျင်က လေထုသန့် ရှင်းမှု ပေါ့…။ ဒီ သန့် ရှင်းတဲ့လေကို သူ့ ထက်ငါ အပြိုင်အဆိုင် ဈေးပိုပေးပြီးဝယ် ရှုလို့ မရဘူး။ အဲလိုပဲ…အခြားသူတွေကို အခွန်မဆောင်လို့  ဒုစရိုက်မှုကျူးလွန်သူမို့ ဆိုပြီး ဒီလေထုထဲကနေ ဖယ်ထုတ်ထားလို့ မရဘူး..။ သန့် ရှင်းတဲ့လေထုကို ကောက်ပဲသီးနှံသိုလှောင်သလို ဈေးကောင်းမှ ထုတ်ရောင်းလုပ်လို့ ရတာမျိုးလည်းမဟုတ်ဘူး ကိုး..။ ဒါက …ပညာရပ်ဆိုင်ရာ ပညတ်ကြည့်တာပေါ့..။
    ဒီ commons တွေရဲ့ ပြဿနာ tragedy ဆိုတာ ဒီလက္ခဏာတွေကြောင့်ထွက်လာတာပဲ..။ထင်ရှားစေဖို့  ပေးကြတဲ့ ဥပမာက တော့ ရွာ စားကျက်မြေ နဲ့ ရွာသားတွေပေါ့..။ စားကျက်မြေဆိုတာ စံနစ်တကျ သုံးစွဲမှ၊ ထိန်းသိမ်းစောင့်ရှောက်မှ ရေရှည်တည်တံ့တာကိုး..။ ရွာပိုင် အများပိုင်ပဲ ဆိုပြီး သဘောထားရင် ဘယ်သူမှ ကိုယ့်ဥစ္စာလို တန်ဖိုးမထားကြတော့….”အလကားရ၊ ရေအသေသောက်” ဆိုတာလို အလွန်အကျွံ အသုံးပြုကြတဲ့အခါမှာ…ရွာစားကျက်မြေဟာ မကြာခင်ပျက်ဆီးတော့တာပဲ…tragedy of commons ဖြစ်လာတာပဲ...။ ဒါကို…ရွာက အိမ်ထောင်စုတိုင်းအတွက် သီးသန့် ကိုယ်ပိုင်အကွက်လေးတွေ ရိုက်ပေးလိုက်ရင် ကိုယ့်စားကျက်မြေဖြစ်လာတော့ မပျက်ဆီးအောင် ကောင်းသထက်ကောင်းအောင် စောင့်ရှောက်လာတယ်ဆိုတဲ့ သဘောတရား..။ စုပေါင်းအားနဲ့ လုပ်ယူမှရတဲ့ (collective activities) အချက်က ဒီ အများပိုင် commons တွေရဲ့ အဓိက အားနည်းချက်ပေါ့..။ သဘာဝ ပတ်ဝန်းကျင်ပျက်ဆီးတယ်ဆိုတာလည်းဒီသဘောပဲ..။
    ဒါပေမယ့် ဆိုခဲ့သလို property right ပုဂ္ဂလိကပိုင်ဆိုင်မှုကို အကာအကွယ်ပေးတာကလည်း ထင်သလောက် လွယ်တဲ့ကိစ္စမဟုတ်..။ ရေရှည်စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့ ဆိုရင် ဒီ PR က လိုအပ်တယ်..။ ဒါပေမယ့် ..ဒါကို ရေတိုမှာအကောင်အထည်ဖေါ်ဖို့ ဆိုတာ မြန်မာလို ဆင်းရဲတဲ့နိုင်ငံတွေအတွက်က ငွေတပဲနဲ့ ငါးကြင်းခေါင်းကိုင်သလို မတန်မရာ။ အကောင်းအဆုံးဥပမာက… ရခိုင်ပြည်က ထွက်သွားရတဲ့ MSF နဲ့ နိုဘယ်ဆု ပေါ့..။ HIV ဆေးကို ဆေးဝါးကုမ္ပဏီက ထုတ်ရာမှာ မူပိုင်ခွင့်ကို ကိုင်ထားတော့ ဆင်းရဲသားရောဂါသည်တွေ အတွက် ဈေးက အဆမတန်ဖြစ်နေရော။ ဆေးဖိုးမရှိ၊ သေဖို့ ပဲ ရှိ နေတဲ့အချိန်မှာ MSF က မူပိုင်ခွင့်ကို ဆန့် ကျင်လှုပ်ရှားတာ ကြောင့် အနိုင်ရပြီး နိုဘယ်ဆု ရခဲ့တာတဲ့..။ ဒါကကြတော့ မူပိုင်ခွင့်ကြောင့် ဆင်းရဲသူတွေ ထိခိုက်နစ်နာနိုင်ချေပေါ့..။ တဖက်ကကြည့်ရင်လည်း မူပိုင်ခွင့်မရှိရင် မက်လုံးကို ဖျက်ဆီးလိုက်တဲ့အတွက် ထုတ်လုပ်မှု productivity ကလျော့ကျလာတာပဲ..။ ဒီအခါမှာ လူ့ အဖွဲ့ အစည်းတစ်ခုလုံးရဲ့ စီးပွားရေးစွမ်းဆောင်ရည် economic efficiency ကိုထိခိုက်လာရောပေါ့..။ ခိုးကူးခွေတွေ ပေါနေသမျှ မြန်မာပြည်ရဲ့ ဂီတ၊ ရုပ်ရှင်လောက တိုးတက်ဖို့ ဝေးနေဦးမှာဖြစ်သလိုပေါ့..
    သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမှာကကြတော့ property right မရှိလို့ ...ကိုယ့်ကိုယ်ပိုင်မဟုတ်တဲ့အခါ ရှေ့ နောက်မဆင်ခြင်ထင်သလို ထုတ်ယူသုံးစွဲကြတော့တာပဲ...။ ဒါဖြင့်ရင်…စီးပွားရေးစွမ်းတိုးတက်မှုကို မထိခိုက်ဘဲ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်လို့ ရနိုင်မလား…မေးစရာဖြစ်လာတယ်…။ လူသားဟာ အသက်ရှင်ရပ်တည်နိုင်ဖို့  သဘာဝရင်းမြစ်တွေကပဲ ထုတ်ယူသုံးစွဲနေရတာဆိုတော့ စားဝတ်နေရေးကိစ္စ မှန်သမျှဟာ သဘာဝပတ်ဝန်းကျင်ကို တနည်းမဟုတ်တနည်း..ထိခိုက်နေတာပဲလေ..။ အနည်းနဲ့ အများပဲ ကွာတာ..။ ဒီလို စီးပွားရေးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအဆက်အစပ်ကို U shape သို့  “ပ” ဆောက် ပုံ ဂရပ်နဲ့ ဖေါ်ပြတာပဲ..။ Environmental Kuznets Curve လို့ ခေါ်ကြတယ်..။ ဒီဂရပ်ကပြောတာက စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်မှာ သဘာဝပတ်ဝန်းကျင်ဟာ အစပိုင်းမှာ ထိခိုက်တာရှိမယ်၊ ဒါပေမယ့် …ဒီလိုနစ်နာဆုံးရှုံးမှုဟာ ဂရပ်ရဲ့ အောက်ဆုံးအမှတ်ကို ကျော်လွန်သွားပြီဆိုရင် စီးပွားရေးတိုးတက်လာလို့ ဝင်ငွေမြင့်လာတာနဲ့ အမျှ ပျက်ဆီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ဖာထေးပြီး ကောင်းမွန်အောင်လုပ်နိုင်တယ်ဆိုတဲ့သဘော။ ဒီအယူအဆနဲ့ သဘာဝရင်းမြစ်တွေကို လက်ကုန်နှုက် ထုတ်ယူသုံးစွဲကြတယ်..race to the bottom ။ ကံဆိုးချင်တော့ …နောက်ပိုင်းတွေ့ ရှိချက်တွေမှာ Kuznets Curve ဟာ ထင်ခဲ့သလို မဟုတ်ပဲ အောက်ခြေပြားနေတဲ့ ဂရပ်ပုံဖြစ်နေတယ်တဲ့..။ ဆိုလိုတာက သဘာဝပတ်ဝန်းကျင်ဆိုတာ မျိုးဟာ ပျက်ဆီးသွားရင် ငွေနဲ့ ပြန်ဖာလို့ ရတဲ့အရာမဟုတ်ဘူးပေါ့..။
    ဒီလိုဆိုရင်…စီးပွားရေးအပြုအမူတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကြား ဘယ်လို အကောင်းဆုံးဖြစ်အောင် စီမံခန့် ခွဲနိုင်မလဲ..။ ခက်တာက…ဒီလို သဘာဝပတ်ဝန်းကျင်စီမံခန့် ခွဲမှုနဲ့ ပတ်သက်ရင် Pareto Optimum လို့ ခေါ်တဲ့ ၂ ဘက်ကောင်းအဖြေ ဆိုတာ မရှိသလောက်ရှားနေပြန်ရော..။ အဆိုးထဲက အကောင်း ဆုံး better-off ကို အလျော့အတင်းလုပ်ယူ (compromise) ကြရတာပဲ..။ ဥပမာ…မြစ်ကြောင်းတစ်ခုပေါ်မှာ စက္ကူစက်ရုံတည်တယ်ဆိုပါဆို့ ။ ဒီစက်ရုံက ထွက်တဲ့ စက္ကူတိုင်းအတွက် ကုန်ကျစားရိတ် တွေရှိမှာ အသေအချာ… စီးပွားရေးကုန်ကျစားရိတ် economic cost ပေါ့..။ ဒါပေမယ့် …ဒီ စက်ရုံက စွန့် ထုတ်လိုက်တဲ့ အညစ်အကြေးတွေကြောင့် မြစ်ရေညစ်ညမ်းသွားတာ၊ မြစ်ရေသောက်သုံးသူတွေ ကျန်းမာရေးထိခိုက်ကုန်တာ၊ ငါးတွေ သေကုန်လို့ ဒီမြစ်ကို အမှီပြု အသက်မွေးနေတဲ့ တံငါတွေ ဘ၀ပျက်ကုန်တာ စသဖြင့် ထိခိုက်နစ်နာမှုတွေကိုကြတော့ ဘာပြောမလဲ..။ ဒါကိုကြတော့…စက်ရုံပိုင်ရှင်ရဲ့ ပြင်ပ လူ့ အဖွဲ့ အစည်းက ပေးလိုက်ရတဲ့ စားရိတ် Social Cost ပေါ့..။ ဒီစရိတ်ကြတော့… စက်ရုံပိုင်ရှင်ရဲ့ အရှုံးအမြတ်နဲ့  ၀ယ်လိုအား ရောင်းလိုအား တွက်ရေးနယ်ပယ် ထဲမှာ အစလက်ဦးကတည်းက မပါခဲ့လို့ ပြင်ပ သက်ရောက်မှုများ externalities ခေါ်တယ်..။ တိတိကျကျဆိုရရင်.. သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးတဲ့ ပြင်ပ သက်ရောက်မှုတွေမို့ Negative Externalities ..။
    ဒီအခါမှာ…ဒီ Negative Externalities တွေကို စက်ရုံပိုင်ရှင်ရဲ့ အတွက်အချက်ထဲမှာ ပါအောင်ထဲ့ပေးဖို့ လိုတယ်..တနည်း... ဒီ ထိခိုက်နစ်နာမှုတွေကို စက်ရုံပိုင်ရှင်က ပေးလျော်ဖို့ သင့်တယ်ပေါ့…။ ဒါကို ညစ်ညမ်းအောင်လုပ်သူပေးစေ ဆိုတဲ့ Polluter Pays Principle ခေါ်ကြတာပဲ..။ တနည်းအားဖြင့် ဒီစည်းမျဉ်းဟာ ပြင်ပထိခိုက်နစ်နာမှုတွေကို စက်ရုံပိုင်ရှင်ရဲ့ အရှုံးအမြတ် နဲ့  ၀ယ်လိုအား၊ ရောင်းလိုအား တွက်ရေးထဲမှာ ထဲ့သွင်းစေခြင်း Internalizing the externailities ပဲ….။ CSR (Coporate Social Responsibility) ဆိုတာ ဒါပဲ။
    ဒါပေမယ့်…အကြောင်းအရာဟာ ဒီတင် ရပ်နေလို့ မရ…တဆင့်တက် စဉ်းစားကြည့်မယ်ဆိုရင် ဒီစက္ကူစက်ရုံပိုင်ရှင်ဟာလည်းပဲ လူ့ အဖွဲ့ အစည်းထဲက ဖြစ်နေတော့ တက်လာတဲ့ စရိတ်တွေက သူ့ အပေါ်ထိခိုက်နစ်နာစေလေတော့…သူ့ စက္ကူတွေကို ဈေးတင်ရောင်းတော့တာပေါ့..။ ဒီအခါမှာ.. စားသုံးသူတွေဟာ ဈေးကြီးတဲ့ ကုန်စည်ကို ၀ယ်ယူရပြန်တော့တယ်…။ ဒါကြောင့်ပဲ သဘာဝပတ်ဝန်းကျင် အရည်အသွေး environmental quality ဆိုတာဟာ luxury good ဇိမ်ခံကုန်စည်လို့ သတ်မှတ်ကြတာ..။ အိုင်ဖုန်း၊ အိုင်ပက်တို့  လိုချမ်းသာတဲ့သူတွေသာ သုံးစွဲနိုင်၊တတ်နိုင်တဲ့ ကုန်စည်မျိုးဆိုတဲ့သဘော..။ လက်တွေ့ မှာလည်း ချမ်းသာတဲ့နိုင်ငံတွေသာ သဘာဝပတ်ဝန်းကျင်အရည်အသွေးမြင့်မားပြီးတော့ ဒီနိုင်ငံကြီးတွေကပဲ ဆင်းရဲတဲ့နိုင်ငံတွေဆီက အရင်းအမြစ်တွေကို စုပ်ယူစားသုံးနေကြတာကိုး…World System Theory.။ ဆိုခဲ့သလိုပဲ ညစ်ညမ်းအောင်လုပ်သူ ပေးစေ ဆိုတဲ့ သဘောတရားဆိုတာ ထုတ်လုပ်သူလုပ်ငန်းရှင်တွေအများကြီးထဲမှာ... စီးပွားရေး ကုန်ကျစရိန် နဲ့ လူမှုရေး စရိတ် ၂ ခုပေါင်း (Economic Cost + Social Cost) ထဲက နေ အမြတ်ပိုထွက်အောင် လုပ်နိုင်သူသာ.....တနည်းအားဖြင့် စီးပွားရေးကုန်ကျစရိတ် အတူတူဖြစ်ဦးတော့ လူမှုရေးကုန်ကျစရိတ် နည်းနိုင်သမျှ နည်းနိုင်အောင် ထုတ်လုပ်နိုင်စွမ်းရှိသူသည်သာ ဈေးကွက်ထဲမှာ ရှင်သန်ကျန်ရစ်စေဖို့ စီမံခန့် ခွဲခြင်းပေါ့..။
    ဒီအတွက်နဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာ ဖွံ့ ဖြိုးရေးအကြောင်းပြောရင် မပါမဖြစ်ပါလာတော့တာပဲ..။ Green Development, Sustainable Development, စသဖြင့် ...။ တနေ့ တခြားပဲ…သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ နိုင်ငံရေးနဲ့ လည်း ထဲထဲဝင်ဝင် ပတ်သက်လာတဲ့ အကြောင်းတရားဖြစ်လာပြန်တော့တယ်....။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ…နိုင်ငံရေးသမားတွေဟာ သူတို့ ရဲ့ ပြိုင်ဘက်နိုင်ငံရေးသမားတွေ၊ အထူးသဖြင့် အစိုးရတွေကို တိုက်ခိုက်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာလက်နက်ဖြစ်လာနေတော့တယ်…။ ဒီလို သဘာဝပတ်ဝန်းကျင်အရေးကို ကိုယ့်နိုင်ငံရေးရည်မှန်းချက်အကောင်အထည်ဖေါ်ရေးအတွက် နိုင်ငံရေးလက်နက်အဖြစ် သုံးစွဲလာတဲ့သူကို ရည်ညွှန်းပြီ Eco-facisism ဆိုတဲ့ဝေါဟာရလည်းပေါ်ထွက်လာခဲ့တယ်…။ နေမျိုးနွယ်တွေ သာအမြတ်ဆုံး၊ အာရိယန်တွေသာ အမြင့်ဆုံး ဆိုသလို သဘာဝပတ်ဝန်းကျင်ကို မထိမတို့ ရ လို့ ဆိုချင်ကြဟန်တူပါတယ်…။
    ဒီတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလို့ ဆိုလိုက်ရင် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ သိပ္ပံနဲ့ နည်းပညာ စသဖြင့် ဘက်ပေါင်းစုံက ထဲ့သွင်းစဉ်းစားဖို့ လိုလာတာအမှန်ပဲ…။ မြန်မာနိုင်ငံလို သယံဇာတကျိန်စာ (Dutch Disease) မိနေတဲ့ စုတ်ပြတ်နေတဲ့တိုင်းပြည် (failed state) မှာ ခြစားတဲ့အစိုးရယန္တရား ရယ်၊ ရသလောက် အချောင်နှိုက်နေတဲ့ အိမ်နီးခြင်းတွေရယ်၊ တိုးပွားများပြားလာတဲ့ ရည်မှန်းချက်အမျိုးမျိုးနဲ့  နိုင်ငံရေးလှုပ်ရှားသူတွေရယ်၊ ပညာရေးစံနစ်နောက်ကျကျန်ခဲ့တာရယ်စတဲ့အမျိုးစုံ ခြိမ်းခြောက်မှုတွေအပြင် အခြားသော လစ်ဟာချက်တွေကလည်း အနမတဂ္ဂ...။ ဒီအတွက်ကြောင့်…သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ ကြီးမားကျယ်ပြန့် လှတဲ့ နယ်ပယ်ကြီးနဲ့ ပတ်သက်ပြီး တွေးမိ၊ ဖတ်မိတဲ့ ရောက်တတ်ရာရာလေးတွေကို ဖေါက်သည်ချလိုက်တာ...။ သဘာဝ ပတ်ဝန်းကျင်နဲ့ ဖွံ့ ဖြိုးရေးပေါ့ Development with Environment ပေါ့..။
မောင်ရုပ်ဆိုးတို့အိမ်
$
0
0
June 7, 2011 at 10:45pm
        မောင်ရုပ်ဆိုးတို့နေထိုင်ရာ ရွာသာယာကလေးသည် ရှေးပဝေဏသီ ကတည်းက
တည်ရှိခဲ့သော ရွာကလေး ဖြစ်သည်။ မောင်ရုပ်ဆိုး၏ မိဘ ဘိုးဘေးများမှာ ချမ်းသာ
သောမျိုးရိုးမှ ဆင်းသက်လာကြသည့် ကျေးရွာမျက်နှာဖုံးများ ဖြစ်ကြ၏။ အိမ်ကြီးရခိုင်
နှင့်  သီးပင်စားပင်များမှ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ အလျှံပယ်ထွက်ရှိသော
ဥယျာဉ်ကျယ် ကြီးကိုလည်း ပိုင်ဆိုင်၏။ ရေချိုကလည်း ဘယ်နေရာတူးတူး အလျှံပယ်
ထွက်၏။ သောက်ရေကန်ကျယ်ကြီးလည်း ခြံဝန်းအတွင်းရှိ၏။ စမ်းချောင်းငယ် ကလေး
ကလည်း ခြံဝန်းအတွင်းဖြတ်သန်း စီးဆင်းလျှက်ရှိကာ ငါးကြီး ငါးငယ်အသွယ်သွယ်က
စမ်းချောင်းအတွင်း ပေါများလှပေ၏။
        ထို့ကြောင့် မောင်ရုပ်ဆိုးတို့၏ ဆွေစဉ်မျိုးဆက် အဆက်ဆက် သည် ရွာ၌ ဇာတိ
ပုည မာန်မာနနှင့် ခပ်ကြွားကြွား နေထိုင်လာခဲ့ကြ၏။ သယံဇာတကလည်းကြွယ်ဝ ၊ စီး
ပွားကလည်းကောင်း၊ အစဉ်အဆက် ချမ်းသာကြွယ်ဝသော မျိုးရိုးမှ ဆင်းသက်လာသ
ဖြင့် ထိုမိသားစုကို အိမ်နီးနားချင်းများ အပါအ၀င် ရွာမှ မိသားစုအများက လေးစားအား
ကျခဲ့ရပေသည်။
        သို့သော် ထိုမိသားစုသည် မောင်ရုပ်ဆိုး မွေးဖွားခဲ့ပြီးချိန်မှစ၍ မိဘများ၏စီမံခန့်ခွဲ
မှု ညံ့ဖျင်းခြင်းကြောင့် လည်းကောင်း၊ ကုသိုလ်ကံ အကျိုးပေး မှုန်ဝါးလာခြင်းကြောင့်
လည်းကောင်း တစ်စတစ်စ စီးပွားကျလာခဲ့ကြသည်။ မောင်ရုပ်ဆိုး သိတတ်စ အရွယ်
မိဘများဆုံးပါးသွားချိန်တွင်တော့ အခြေအနေအတော်ဆိုးဝါးလာခဲ့သည်။ ရုပ်ကလည်း
အကျည်းတန်၊ အသားအရည် ကလည်း မွဲခြောက်၊ ကာယဗလ ကလည်း ကြုံလှီ သေး
ကွေး မှုတို့က မောင်ရုပ်ဆိုး၏ဘ၀ကို ငယ်စဉ်ကပင် သိမ်ငယ်စိတ်တို့ဝင်ကာ လူတောမ
တိုးရဲအောင်ဖြစ်စေခဲ့သည်။ ထို့အပြင် ငယ်စဉ်တောင်ကျေး ကလေးဘ၀ကပင် ဖေါ်ပြပါ
အားနည်းချက်သုံးရပ်တို့ကြောင့် အိမ်နီးနားချင်းများအပါအ၀င် ရွာသားအများက မလေး
မစား နိုင်ထက်စီးနင်း ပြုချင်လာကြ၏။ ၀ိုင်းပယ်ထားခြင်းကိုလည်း ခံခဲ့ရ၏။ ထို့ကြောင့်
လည်း အရွယ်ရောက်ချိန်တွင် မိသားစုစီးပွားကိုလည်း မဦးစီးနိုင်၊ ခြံဝန်းနှင့်အိမ်ကိုလည်း
ယခင်ကလိုသာယာအောင် စီမံခန့်ခွဲမှု မပြုနိုင်ပဲ စိတ်ဓါတ်အကျကြီးကျကာ ပေပေတေ
တေနှင့်ပင်  အိမ်တွင်းအောင်း ဘ၀ဖြင့် အချိန်ဖြုန်းခဲ့ရလေ၏။
        ဒီလိုနှင့်................................... ခေတ်ကာလ အချိန်အခါတွေ ပြောင်းလဲ
လာခဲ့သည့်အလျှောက် မောင်ရုပ်ဆိုးတို့ရွာနှင့် ရွာသူရွာသားများလည်း အသိအမြင်၊ အ
တွေးအခေါ်များ ပြောင်းလဲ တိုးတက်လာခဲ့ကြသည်။ တစ်ရွာလုံးလိုလို နေအိမ်များကိုပြင်
ဆင် ၊ ပန်းအလှပင်များဖြင့် စိုက်ပျိုးအလှဆင် ၊ စီးပွားရေးကို အပတ်တကုတ် အားထုတ်
ကြသဖြင့် တစ်ရွာလုံး ဖွံ့ဖြိုးတိုးတက် စည်ပင်၊ သာယာဝပြောလာသည်မှာ အားတက်ဖွယ်
ရာပင်။ တစ်ရွာလုံးစုပေါင်း၍ အလှူအတန်းကြီးများပေးကာ သိုက်သိုက်ဝန်းဝန်း စုစုစည်း
စည်းဖြင့် ပျော်မဆုံးတစ်ပြုံးပြုံးဖြစ်နေကြချိန်တွင် မောင်ရုပ်ဆိုးတို့ မိသားစုခြံကြီးအတွင်း
မှာတော့ အဘက်ဘက်မှ ချွတ်ခြုံကျကာ ခြုံနွယ်ပိတ်ပေါင်းများနှင့် ဟောင်းနွမ်းဆွေးမြေ့
နေသော အိမ်အိုကြီးအတွင်း ဖုန်အလိမ်းလိမ်း၊ အမှိုက်တစီစီ ကြားတွင် မောင်ရုပ်ဆိုး၏
စိတ်ဓါတ်အခြေအနေမှာလည်း စိုးရိမ်ရေမှတ်အောက်၌ တုပ်တုပ်မျှမလှုပ်။
        မိဘများ တိမ်းပါးသွားကြပြီးနောက် အုပ်ထိန်းသူ အဖြစ် ဆက်ခံခဲ့သူ ဦးလေးမှာ
လည်း မောင်ရုပ်ဆိုး၏ အကျည်းတန်သော ရုပ်ရည်၊ မွဲခြောက်သော အသားအရည် နှင့်
ကြုံလှီချည့်နဲ့သော ကာယဗလ စသည့်အားနည်းချက် တို့ကိုလည်း ပြုပြင် မပေးနိုင်၊
မောင်ရုပ်ဆိုး၏ အောက်ခြေသို့ကျနေသော စိတ်ဓါတ်တို့ကိုလည်း မြှင့်တင်မပေးနိုင်၊ မြှင့်
တင်ရန်လည်း နည်းလမ်းရှာ အားထုတ်ကြိုးပမ်းမှုမပြုဘဲ မောင်ရုပ်ဆိုး၏ တစ်သက်နီးပါး
သော အချိန်ကာလများတွင် ယခင်ကချမ်းသာခဲ့သမျှ အရင်းအမြစ်များကို ထုတ်ရောင်း၍
တူဝရီးချို့တဲ့ ပျင်းရိစွာ နေထိုင်လာခဲ့ကြရရှာ၏။ ခေတ်ကာလ၏ ပြောင်းလဲတိုးတက်မှုကို
လည်း သတိမမူ၊ မျှော်၍မကြည့်ဘဲ ခပ်ပေပေ ခပ်စုတ်စုတ် နေလာကြရင်းဖြင့်............။
        အချို့ အိမ်နီးချင်းနှင့် ရွာသားများက ခြံဝန်းတွင်းရှိ သယံဇာတ အရင်းအမြစ်များကို
မျက်စေါင်းထိုးလာကြ၏။ တူဝရီးအတွက် အသပြာငွေစ အနည်းအကျဉ်း အချို့အ၀က်ဖြင့်
မတန်တဆနှိမ်၍ အရင်းအမြစ်များကို ထုတ်ယူလိုကြ၏။ အချို့ရွာသားများကမူ အုပ်ထိန်း
သူဦးလေးကို အပြစ်ဖို့ကြ၏။ အချို့ရွာသူများကအတင်းပြော ကဲ့ရဲ့ကြ၏။ အချို့ရွာသားများ
နှင့် အိမ်နီးချင်းအချို့က တိုးတက်ပြောင်းလဲ လာသော ရွာသာယာရွာကလေးတွင် မောင်
ရုပ်ဆိုးတို့အိမ်ကိုလည်း တိုးတက်ပြောင်းလဲစေလိုကြသည်။ ခေတ်နှင့်အညီ နေအိမ် အ
ဆောက်အအုံကို ပြုပြင်စေလိုကြသည်။ သန့်ရှင်းသပ်ယပ်စွာ နေထိုင်စေလိုကြသည်။ ဒါမှ
တစ်ရွာလုံး တစ်ညီတစ်ညွတ်တည်း တိုးတက်သာယာလာမှာ မဟုတ်ပါလား။
        ထို့ကြောင့် ဒီအိမ်နှင့်ဒီမိသားစုအား ဘယ်လိုကူညီရမည်ကို စဉ်းစားကြံဆ လာကြ
၏။ ရွာသူကြီးကိုယ်တိုင်ကလည်း နည်းလမ်းအမျိုးမျိုး ရှာကြံလျှက်ရှိပေ၏။ သူကြီး၏
ကိုယ်စားလှယ်များကိုလည်း အုပ်ထိန်းသူ ဦးလေးထံ အကြိမ်ကြိမ် စေလွှတ်ခဲ့ဖူး၏။ ထူး
ကားမထူးခဲ့။ ဘယ်လိုလုပ်ဆောင်ပေးလျှင် မောင်ရုပ်ဆိုး၏ စိတ်ဓါတ်များ ပြန်လည်တက်
ကြွမြင့်မားလာမည်၊ ခြံဝန်းနှင့်အိမ်ကြီး ပြန်လည်နိုးကြားစည်ပင်လာမည်ကို စဉ်းစားလာ
ကြသည်။ ဖြစ်နိုင်ဖွယ်ရှိသော နည်းလမ်းအချို့ကိုလည်း စဉ်းစားမိလာကြ၏။ ယင်းတို့အ
ထဲမှ အချို့မှာ..............
  (၁) အုပ်ထိန်းသူဦးလေးကို ဖိအားပေးပြီး မောင်ရုပ်ဆိုး၏ စိတ်ဓါတ်မြင့်တက်လာအောင်၊
        ခြံဝန်းအတွင်း ပြောင်းလဲ တိုးတက်လာသော ခေတ်နှင့်အညီ အမှန်တကယ် ပြုပြင်
        မှုများပြုလုပ်စေခြင်း။
  (၂) အုပ်ထိန်းသူဦးလေးကိုဘေးဖယ်ထားပြီး မောင်ရုပ်ဆိုးကိုပဲ စိတ်ဓါတ်မကျရန်၊ရုပ်မ
        လှခြင်းကိုလှအောင် မျက်နှာအနုစိတ်ခွဲစိတ်ကုသခြင်း ( Plastic Surgery ) နည်း
        ဖြင့်လည်းကောင်း၊ အသားအရည်မွဲခြောက်ခြင်းကို ချောမွေ့ဝင်းပလာအောင် ခေတ်
        ပေါ် အရေပြားလိမ်းဆေး ( Skin Lotion ) များလိမ်းခြင်းဖြင့် လည်းကောင်း၊ ခန္ဓာ
        ကိုယ်သေးကွေးချိနဲ့နေခြင်းကို ခြံဝန်းအတွင်းလေ့ကျင်ခန်းများပြုလုပ်ခြင်း၊ အားတိုး
        ဆေးများသောက်သုံးခြင်းဖြင့်လည်းကောင်း ကုသပြောင်းလဲနိုင်ကြောင်း သိအောင်
        ရှင်းပြပြီး စိတ်ဓါတ်မကျရန်၊ပြောင်းလဲလာရန် အားပေးကူညီခြင်း။
  (၃) အုပ်ထိန်းသူ ဦးလေးကို ၀ိုင်းဝန်းဖယ်ရှား မောင်းထုတ်ပြီး မကြာမီက မောင်ရုပ်ဆိုး
        အားကူညီစောင့်ရှောက်ရန် ရောက်ရှိလာသော အဒေါ်ဖြစ်သူကို အုပ်ထိန်းသူအဖြစ်
        အသိအမှတ်ပြု စောင့်ရှောက်စေခြင်း။
  (၄) ရွာသူကြီးနှင့်ရွာသားများပူးပေါင်း၍ ဦးလေးနှင့်အဒေါ်ကိုဖယ်ရှားပြီးမောင်ရုပ်ဆိုးမိမိ
        ကိုယ်မိမိ ထိန်းကျောင်း နိုင်သည်အထိ တာဝန်ယူ ကူညီပေးခြင်း။
 (၅) တစ်ဦးနှင့်တစ်ဦး ရန်စောင်တိုက်ခိုက်နေကြပြီး မောင်ရုပ်ဆိုးနှင့်အိမ်အိုကြီး၏အကျိုး
       သယ်ပိုးဆောင်ရွက်ရန် မေ့လျော့ နေကြသော အုပ်ထိန်းသူ ဦးလေးနှင့် အဒေါ်ဖြစ်
       သူတို့ကို ပူးပေါင်း ညီညွတ် စေပြီး မောင်ရုပ်ဆိုး၏ စိတ်ပိုင်းရုပ်ပိုင်းတိုးတက်လာစေ
       ရေး လက်တွဲဆောင်ရွက် စေခြင်း။
        ရွာသာယာရွာ၏ ရွာသူကြီးနှင့် ရွာသားများသည် လွယ်ကူရှင်းလင်းသော လုပ်ငန်း
စဉ်မဟုတ်မှန်းသိသော်လည်း မောင်ရုပ်ဆိုးနှင့် အိမ်အိုကြီးအကျိုးအတွက် မည်သည့်နည်း
လမ်းဖြင့် မြှင့်တင်ပေးရမည်ကို ၀ိုင်းဝန်း စဉ်းစား ကြံဆ အဖြေရှာ အားထုတ်လျှက် ရှိကြ
လေ၏။
        မောင်ရုပ်ဆိုးမှာကားထူးခြားမလာသေး၊ အခြေအနေ တိုးတက်မှု မရှိသေးချေ။
        မိတ်ဆွေထံမှာရော မောင်ရုပ်ဆိုးကိုကူညီနိုင်ရန် အကြံကောင်းဥာဏ်ကောင်း၊ နည်း
လမ်းကောင်းများရှိနေပါသလား။..........................................................
............................................................................................
............................................................................................
      အကယ်၍သာ.. ယခုဇာတ်လမ်းကလေး၌...........................................
ရွာသာယာရွာအဖြစ်-----------------------------------------      ကျွန်ုပ်တို့၏ ကမ္ဘာရွာကြီး
ရွာသူကြီးအဖြစ် ---------------------------------------------                ကမ္ဘာကုလသမဂ္ဂ
ခြံဝန်းနှင့်အိမ်အိုကြီးအဖြစ် --------------------------------                တိုင်းပြည်တစ်ပြည်
မောင်ရုပ်ဆိုး၏ စိတ်ဓါတ်အဖြစ် --------------------------             ပြည်သူ ပြည်သားများ
မောင်ရုပ်ဆိုး၏ရုပ်ရည်အဖြစ် -----------------------------              နိုင်ငံရေးအခြေအနေ
မောင်ရုပ်ဆိုး၏ အသားအရေအဖြစ် ---------------------        နိုင်ငံ့စီးပွားရေးအခြေအနေ
မောင်ရုပ်ဆိုး၏ ခန္ဓာကိုယ်အချိုးအစားအဖြစ် ---------       နိုင်ငံ့အုပ်ချုပ်ရေးအခြေအနေ
ဦးလေးနှင့်အဒေါ်အဖြစ် -------------------------------       ဆန့်ကျင်ဖက်အင်အားစု နှစ်ခု
တို့ကပါဝင်သရုပ်ဆောင်ကြမည်ဆိုပါလျှင်................................................
ဇာတ်သိမ်းပိုင်း၌ မည်သို့မည်ပုံ အဆုံးသတ်မည်ဟုယူဆကြပါသနည်း၊ မည်သို့မည်ပုံ အ
ဆုံးသတ်ကို တွေ့မြင်လိုကြပါသနည်း ....................................................။
တွေးကြည့်နိုင်ကြဖို့ပါ.....................................................................။
                                                                                         နေ လ မင်း
                                                                           (  ၂၀၁၁ ဇွန် ၈ ရက်  )
Viewing all 1811 articles
Browse latest View live