Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

နတ်ဆိုးတွေအားကောင်းချိန်လဲ ရှိခဲ့လေရဲ့‬

$
0
0

ကျနော့်ရင်ထဲကသူရဲကောင်းတစ်ဦးဖြစ်သူ…
အန်ကယ်ဒေးဗစ်တောရဲ့… နာရေးအခန်းအနား
ဓါတ်ပုံလေးတွေပြန်တွေ့တော့…
စိတ်ထဲပြန်ခံစားမိတာလေးတွေ…
ရေသားတင်ပြလိုက်ပါတယ်…


အစ်ကိုကြီး Tazar Jeep ကိုလည်းကြိုတင်တောင်းပန်ပါတယ်
ဇာတ်ရည်လည်အောင် ကိုယ့်ဟာကိုယ်ပြန်တည်ဆောက်ပြီး
နားလည်အောင်လုပ်နေရတဲ့အတွက် ညီလေးကိုခွင့်လွှတ်ပါ
တကယ်တော့ကျနော်က စိတ်ကူးပေါ်ရာပေါ့ပေါ့ပါးပါးလေးတွေ
လျောက်ရေးချင်သူပါခင်ဗျ …

အစ်ကိုကြီးကအမှန်အကန်စောင့်ဖတ်ပြီး …အားရနေလေတော့…
ကျနော့်မှာ… တာဝန်ကြီးလာပြီး ဂရုတစ်စိုက်နဲ့ အားထုတ်နေရပါတယ်
ထို့အတူပါဘဲ အခြားသော fb မိတ်ဆွေများလည်း…
နားလည်ခွင့်လွှတ်ပေးကြစေလိုပါတယ်ခင်ဗျာ…

ကျနော်က… အလုပ်ကိစ္စနဲ့ဘန်ကောက်ကိုရောက်တဲ့နေ့ညမှာဘဲ
အန်ကယ်ဒေးဗစ်တောမင်္ဂလာဒုံစစ်ဆေးရုံမှာကွယ်လွန်သွားပါတယ်
ကျနော့်လက်ရုံးဖြစ်တဲ့ ကိုရဲကနေတဆင့်…
အန်ကယ့်ဇနီး အမိုးဒေါ်ဂျင်ဂျာက …ဘယ်မှာမြေချရင်ကောင်းမလဲ…
အန်ကယ်သိပ်ပြန်ချင်တဲ့ …ရန်ကုန်မှာကောင်းမလား…
အန်ကယ်သိပ်ယုံကြည်တဲ့ …တော်လှန်ရေးနယ်မြေမှာကောင်းမလားပေါ့…

အဲ့အချိန်မှာထူခြားတဲ့အခြေနေက KNU ဗဟိုထဲမှာဖြစ်နေတယ်
ဒါကတော့…
အဘိုးမူတူးစေးဖိုးရယ်… အန်ကယ်ဒေးဗစ်တောရယ်ကို…
လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ… သတင်းမှားတွေနဲ့အထင်လွဲပြီး
ရာထူးတာဝန်ကဖြုတ်ပစ်လို့ …KNU ဗဟိုထဲမှာအကြီးအကျယ်ကို
ကွဲပြားခြားနားနေတဲ့အချိန်ဖြစ်နေတဲ့အချိန်ဆိုတော့…

အမိုးဒေါ်ဂျင်ဂျာအတွက်…
ကျနော့်အနေနဲ့အကြံမပေးရက်ဘူးဖြစ်နေပါတယ်…
အန်ကယ်ဒေးဗစ်တောဟာ… ကရင့်တော်လှန်ရေးကိုယုံကြည်လို့
ရန်ကုန်အင်းစိန်ကနေ… မိသားစုလိုက်
တော်လှန်ရေးနယ်မြေထဲ… ပြောင်းသွားခဲ့သူ…

ပြောင်းပြေးကာစတုန်းက…
ကျနော်အရမ်းခံစားရတယ် …
အထူးသဖြင့်အမိုးနဲ့ကလေးနှစ်ယောက်ဟာ …အတော့်ကို
သနားဘို့ကောင်းတယ်ဗျာ… သူတို့ဟာ ကြမ်းတမ်းဆင်းရဲမှုတွေနဲ့
နေသားကျဘို့ …သိပ်ကိုခက်ခဲကြတယ် … လို့အန်ကယ်ကိုယ်တိုင်
ကျနော့်ကို ပြောဘူးတာကိုး…

ခုတော့အန်ကယ့်ရုပ်အလောင်းကို… ဘယ်ကိုပို့ရမလဲ…
ပူပူနွေးနွေးအရေးယူခံထားရတဲ့ …တော်လှန်ရေးနယ်မြေထဲပြန်ပို့မလား
အန်ကယ်ပြန်ချင်တဲ့ အင်းစိန်နဲ့နီးရာမှာ… ထားရမလားဆိုတာ
ကျနော်လည်းအကြံမပေးရက်လို့…
အမိုးသဘော… မိသားစုသဘော… ဖြစ်ချင်တာသာ… ကူညီပေးပါလို့
ပြန်ပြောလိုက်ခဲ့ပါတယ်…

နောက်ဆုံးတော့ တော်လှန်ရေးနယ်မြေ သေ့ဘေးထ စခန်းထဲမှာ
ဂူသွင်းသဂြိင်္ုလ်ဖို့ဆုံးဖြတ်လိုက်တဲ့အတွက်…
ကျနော်တို့က… ဘန်ကောက်ကနေ မဲဆောက်မှာ
အဘိုးမူတူးစေးဖိုးကိုဝင်ခေါ်ပြီးအခန်းအနားကိုသွားခဲ့ပါတယ်…

ထိုင်းဘက်ကမ်းတစ်နေရာမှာကားရပ်…
သောင်ရင်းမြစ်ကို ကူးပြီး… ကမ်းနားကနေတက်တဲ့အချိန်မှာ
သူတို့ရဲ့စစ်ဦးစီးချုပ်အဘိုးမူတူးကို…
KNLA တပ်မဟာ ၇ ကင်းအဖွဲ့မှ… စနစ်တကျတန်းစီပြီး
အလေးပြုတဲ့အခါ… ကျနော်ကအဘိုးမူတူးဘေးမှာပေါ့…

ဒီရဲဘော်တွေ… ငါရာထူးပြုတ်နေပြီဆိုတာ… မသိသေးဘူးကွ…… လို့
ကျနော့်ကိုအေးအေးဆေးဆေးပြောရင်းနဲ့…
စနစ်တကျပြန်ပြီးအလေးပြုလိုက်တဲ့အဘိုးမူတူးကို
ကျနော်အရမ်းလေးစားသွားမိပါတယ်…

ဒီလိုနိမ့်မြင့်… တက်ကျဆိုတဲ့လောကဓံတွေဟာ
အဘိုးမူတူးလို… ဝါရင့်တော်လှန်ရေးရဲဘော်အတွက်…
လမ်း၌တွေ့သော… သစ်ပင်တစ်ပင်ထက်မပိုတာကိုလည်း
ကျနော်အတုယူလိုက်ပါတယ်…

အန်ကယ်ဒေးဗစ်တော သေဆုံးတာဟာ…
သူ့ရဲ့အဆုတ်ရောဂါကြောင့်ဆိုတာရယ်…
တပ်မတော်ဆေးရုံကြီးကဆရာဝန်တွေဟာ…
အန်ကယ့်ကို အထူးကိုဂရုစိုက်ကုသပေးခဲ့တယ်ဆိုတာရယ်ကို…
ဒေါက်တာဆိုင်မွန်သာနဲ့သူ့ကိုအနီးကပ်စောင့်ရှောက်နေတဲ့
ကရင်ဆရာဝန်လေးအပါအဝင် မိသားစုဝင်အားလုံးက
ကျေးဇူးတင်ကြ … ယုံကြည်ကြပေမဲ့လည်း…

KNU ဗဟိုမှဒုဥက္ကဋ္ဌဖြစ်သူ ဖဒိုဒေးဗစ်တာကပေါ အနေဖြင့်ကတော့
သွားကြဦးလေ ဆွေးနွေးချင်ကြဦးလေ…
ဒေးဗစ်တောတော့… ဗမာ့အဆိပ်မိပြီး… သေသွားပြီလို့ …ဝါဒဖြန့်ပါလေရော
ယုံတဲ့သူတွေကလဲ… မနဲလှဘူးဆိုတော့…
အောင်မြင်တယ်လို့ပြောရမှာပေါ့…
တစ်ခါတစ်ရံ နတ်ဆိုးတွေအသာစီးရတတ်ကြတာဘဲမဟုတ်လားဗျ ။

အန်ကယ်မဆုံးမီ…
ပြည်နယ်အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီးချိန်…
ရန်ကုန်မြို့ SEDONA HOTEL မှာKNU နဲ့အစိုးရကိုယ်စားလှယ်များ
ပထမဆုံးတွေ့ဆုံဆွေးနွေးနှိုင်ဘို့ကျနော့်company မှအစစအရာရာမှတာဝန်ယူပြီး
ရှိသမျှဝန်ထမ်းအားလုံးနဲ…့ သူငယ်ချင်းများပါမကျန်…
အားလုံးပန်လန်လက်… ပက်လက်လန်ကုန်သည်အထိ
အပင်ပန်းခံပြီး… အောင်မြင်အောင်လုပ်ပေးခဲ့ပါတယ် ။

အဲ့ဒိပွဲကို KNUဘက်မှထိုစဉ်က… အတွင်းရေးမှူးချုပ်ဆရာမကြီး
နော်စီဖိုးရာစိန်ဦးစီးတဲ့ …အဖွဲ့ဝင် ၂၄ယောက်တက်ခဲ့ကြရာမှာ…
KNLA အနေနဲ့ စစ်ဦးစီးချုပ်… အဘိုးမူတူးနဲ့အတူ…
ဗိုလ်မှူးကြီးစောမိုးဖြူတို့လည်းပါဝင်ပါတယ်…
ဗိုလ်မှူးကြီးမိုးဖြူရဲ့စကားအရဆိုပါရင်…
သူဟာ RASU ကျောင်းသားဘဝမှတော်လှန်ရေးထဲရောက်သွားဟန်တူပါတယ်
အစည်းအဝေးကြားကာလလေးများမှာ…
SEDONA HOTELကနေလစ်လစ်ပြီး… အပြင်သွားတတ်ပါတယ်…

အနှီသို့သော ချစ်ခင်စရာKNLA ဗိုလ်မှူးကြီးစောမိုးဖြူသည်လည်း…
ရန်ကုန်အစည်းအဝေးမှပြန်ပြီး ၃လခန့်အကြာတွင်…
သူ့ရဲ့မူလရောဂါကြီး ၃ပါးဖြစ်သည့် သွေးတိုး ဆီးချို နှလုံးရောဂါနဲ့
တော်လှန်ရေးနယ်မြေထဲမှာ… သေဆုံးသွားပြန်ပါတယ်…

KNU ဗဟိုဒုဥက္ကဋ္ဌကြီးဒေးဗစ်တာကပေါရဲ့… လက်ခုတ်သြဘာနဲ့အတူ
မဟုတ်တယုတ်… ဝါဒဖြန့်မှုကြီးကလဲ…
တစ်ကြော့ပြန်အား… ကောင်းလာသလို…
ယုံတဲ့သူတွေကလဲယုံကြတယ်ဆိုတာ…… သိရလို့…
ကျနော့်လိုကွင်းလယ်က လူတစ်ယောက်အဖို့ရာမှာတော့…
ရယ်ချင်ရဲ့ဖတ်ဖတ်မော…… ရင်ဘတ်နောက်ကကျော…
ဖြစ်ခဲ့ရပါသေးတယ်ခင်ဗျား ။



‪ရင်တမမ နေခဲ့ရသည့်ရက်များ‬

$
0
0

ရှေ့ပိုင်းကျနော်ရေးသားခဲ့သော statusများ၌…
KNUနှင့်အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက်
အောင်မြင်စေလိုသောစိတ်ကြောင့် …
ယခင်အတွေ့အကြုံရှိသူများနှင့်… လိုက်လံတွေ့ဆုံပြီး…
အတွေ့အကြုံများရယူခဲ့သည်ကို… မှတ်မိကြမည်လို့
ထင်မိပါတယ် ။

တစ်ကယ့်တစ်ကယ်မှာတော့…
တွေ့ဆုံမေးမြန်းသိရှိရသည်များထဲက…
အောင်မြင်ရေးအတွက် …လမ်းစနဲ့စိတ်ကူးတွေချည်းဘဲ
ရရှိခဲ့တာမဟုတ်ပါဘူး…
ဆိုးဝါးတဲ့အဖြစ်ဟောင်းတွေနဲ့ …အချိန်မရွေးပေါက်ကွဲနှိုင်တဲ့
ပင်ဖြုတ်ပြီးသား… ဗုံးအဟောင်းတွေကိုလဲ
ကိုယ့်ဟာကိုယ်… တူးဖော်ကိုင်ထားမိသလို
ဖြစ်နေတာတွေလဲရှိပါတယ်…
ဒီ့အတွက်… ဒါမျိုးသာဖြစ်လာခဲ့ရင်ဆိုပြီး…
ကိုယ့်ဟာကိုယ်ဖေါ်ထုတ်ထားတဲ့သင်ခန်းစာဟာ…
ကျနော့်ကိုရင်တမမ …ဘယ်လောက်ထိဖြစ်စေခဲ့သလဲဆိုတာ
ရေးသားတင်ပြချင်ပါတယ်…
ကျနော့်ရဲ့တွေ့ဆုံမေးမြန်းသည်များမှ…
ပညာရှာဖွေရာမှာ… ကျနော်ဟာ ငြိမ်းချမ်းရေးအကျိုးဆောင်များထံမှသာမက
KNU ဘက်မှတွေ့ဆုံဆွေးနွေးရေးအတွေ့အကြုံရှိသူများထံမှလည်း…
ရယူပါတယ်…
ကျနော်ကသိလိုသည်များကို …မေးယူ… တွေးယူသလို
ကျနော်သိလို… တည်ဆောက်လို …အဖြေထုတ်လိုသည်များရဲ့
အဖြေတော်တော်များများကို…
ကျနော့်လုပ်ဖေါ်ကိုင်ဘက်… ဦးကိုကိုမောင်က… သယ်လာပြီး
ဖေါက်သည်ချပေးတတ်လေတော့…
ကျနော့်မှာ… ပိုပြီးဥာဏ်ကွန်မြူးနှိုင်ခဲ့တယ်လို့… ဝန်ခံပါတယ်…
သူကအရပ်သားစစ်စစ်…
သူ့ရဲ့ပေါင်းသင်ဆက်ဆံတတ်မှု… စိတ်ရှည်သီးခံတတ်မှုတို့ကြောင့်
တစ်ကယ်အသုံးပြုရမဲ့ကြိုကြိုကြားကြားသတင်းတွေကို…
သူကအစဆွဲဆွဲလာတတ်ပါတယ်…
အဲ့ဒီအစကို… ဆက်ဆွဲရမလား… ဖြန့်ကြည့်ရမလား
ခေါက်ထားရမလာကိုကျတော့… ကျနော့်အတွေ့အကြုံက …နဲနဲသိပါတယ်
အဲဒီလို… Team-Work ကောင်းနေတယ်ပေါ့ဗျာ…

အဲဒီလိုမေးမြန်းသိရှိရသည်များထဲက…
အများသိခဲ့ပြီးသော… သတင်းvideo file တစ်ခုကို…
ကျနော်အထူးပြုပြီး… ပညာရှာခဲ့ပါတယ်…
အဲ့ဒါကတော့…
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့မွေးနေ့ Video file ကိစ္စဖြစ်ပါတယ်
အဲ့ဒီတုန်းက… သူကိုယ်တိုင်ရန်ကုန်အထိရောက်ခဲ့ပြီး…
တာဝန်ရှိသူများနဲ့……လာရောက်ဆွေးနွေးခဲ့တာဖြစ်ပါလျက်ကယ်နဲ့…
ဘယ်လိုဆွေးနွေးချက်တွေက… အဟန့်အတားဖြစ်ခဲ့တာလဲ
ဘာတွေကို… လက်မခံနှိုင်တာလဲ…
ဘယ်လောက်အထိတော့… ဘယ်ကိစ္စတွေမှာ… သဘောတူညီမှုရခဲ့ကြသလဲ
အဲဒီနေရာကို… နှစ်ဘက်စလုံးအလွယ်ပြန်ရောက်နှိုင်ရင်…
ခရီးမတွင်ပေဘူးလားလို့…
ကျနော်က …သေသေချာချာမေးမြန်းတည်ဆောက်… ကြည့်တဲ့အခါ
မိတ်ဆွေတို့ …မထင်မှတ်ထား …မမျှော်လင့်ထားတဲ့အဖြေကို…
ကျနော်ကမြင်လိုက်ရပါတယ်…
ဒီလိုထင်မြင်ယူဆချက်ဟာ… ပြီးပြည့်စုံတယ်လို့တော့
ကျနော်မပြောလိုပါ…
သို့သော်…
တစ်ကယ်လို့များ …တာဝန်ရှိခဲ့သူထောက်လှမ်းရေးတယ်ဖွဲ့ဝင်ဟောင်း
တစ်ဦးဦးကဖတ်မိပြီး …လုံခြုံမှုအဆင့်မလိုအပ်တော့ဘူးဆိုပြီး
ဒီအချက်ပေါ်မှာကွန့်မန့်လေးတစ်ခုရှိခဲ့ပါက… ဘက်သုံးဖက်
အမြင်ဖြစ်သွားပြီမို့……
တစ်ကယ်မှန်တယ်လို့…သတ်မှတ်လိုက်နှိုင်ပါပြီ…
အခုတော့ …ဘက်နှစ်ဖက်ကရတဲ့အချက်တွေရဲ့…
အဖြေတွေက…
ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ Video file ထွက်ခဲ့သည့်…
KNU နှင့်တွေ့ဆုံဆွေးနွေးရေး… ခရီးစဉ်သည်…
သူတို့အဖွဲ့အား… ထိုင်းနိုင်ငံသို့သွားရောက်ခေါ်ယူသော…
တပ်မတော်လေယာဉ်ပေါ်သို့… ထိုပုဂ္ဂိုလ်များ မတက်မီကပင်…
ပျက်ပြယ်သွားခဲ့ပြီး…
လာစရာကို …မလိုတော့သည့်အခြေအနေကို…
ရောက်သွားခဲ့ပြီးသား … ဖြစ်ပါတယ်… ဆိုတာပါဘဲ…
ထိုကိစ္စအပေါ် …ဘယ်လိုမှဘဝင်မကျနှိုင်သောကျနော့်ကို…
ထိုစဉ်က… ထိုင်းစစ်ဘက်ထောက်လှမ်းရေးတာဝန်ရှိခဲ့သော
ဗိုလ်ချုပ်တစ်ဦးမှ…… ချင်းမိုင်ရှိသူ့ရဲ့ခြံထွက်သရက်သီးများ
ခွဲကျွေးရင်း ……အေးဆေးပြောပြချိန်မှာတော့…
ကျနော်… အကြီးအကျယ်ခံစားတုန်လှုပ်မိပါတော့တယ် ။

ကျနော့်ရဲ့ …ဖော်ထုတ်ချက်ကို ပြောပြပါရစေ…
KNUနှင့်တွေ့ဆုံဆွေးနွေးရေးကိစ္စသည်…
ဘယ်လောက်အထိ… ကြိုးစားတည်ဆောက်ခဲ့ကြပါစေ…
မယုံကြည်ရဘူးဆိုတာ… တစ်ခုခုဖြစ်ခဲ့ရင်…
ဒါမှမဟုတ် … ဘာကြောင့်ဘဲဖြစ်စေ…
စတောင်မှမစရသေးဘဲ… အချိန်မရွေးပျက်သွားနှိုင်တယ်
ဆိုတာပါဘဲခင်ဗျား ။
ဟုတ်ကဲ့ပါဗျာ…
ကျနော့်ဟာကျနော်… ဖော်ထုတ်သိရှိထားသော… သင်ခန်းစာဟာ
ကျနော့်ကို… ရူးသွားချင်လောက်အောင်တော့
လာဖြစ်အောင်ကို… လာပါသေးတယ်…
ကျနော်ရင်တမမနေခဲ့ရတဲ့ရက်အကြောင်းဆက်ပါ့မယ်…
ဆရာမကြီးနော်စီဖိုးရာစိန်ဦးဆောင်တဲ့ KNU
အဆင့်မြင့်ကိုယ်စားလှယ်၂၄ဦးတို့ကို…
ရန်ကုန်မြို့သို့ဖိတ်ကြာ့းခေါ်ယူပြီး …အစည်အဝေးများ…
စတင်ကျင်းပရန်စီစဉ်နေချိန်ရောက်ပါပြီ…
ထိုအဖွဲ့ကြီးအားလုံးကို… ထိုင်နိုင်ငံဘက်သို့သွားကြိုရန်ကားစီစဉ်သည်မှအစ
ရန်ကုန်မြို့ရောက်ရှိ SEDONA HOTEL ၌ တည်းခိုနေထိုင်ပြီး…
အစည်းဝေးခန်းများစွာ… အခန်အနားများစွာအတွက်…
လိုအပ်သမျှအားလုံးကို… ကျနော်တို့ COMPANY မှတာဝန်ယူနေရတာဖြစ်လို့…
ဘယ်လောက်ထိ… ရှုတ်ထွေးပွေလီပြီးခေါင်ချောက်နေမည်လဲ…
စဉ်းစားသာကြည့်ပါတော့ဗျာ…
ကျနော့်သူငယ်ချင်းများဖြစ်ကြတဲ့
ကိုတိုနီ ကိုခင်မောင်ထွေး ကိုအေးထွန်းတို့သာ
ကျနော့်ကို မကူညီခဲ့ပါရင် ကျနော်ရူးသွားလောက်ပါတယ်
ဒီ့အတွက်
သူတို့အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ။

ဆိုပါစို့ဗျာ …ဒီလိုနဲ့ဘဲ…
ကားတန်းကြီးကိုဦးဆောင်ပြီး မဲဆောက်မြို့က ချိန်းဆိုထားသော
အိမ်ဝင်းတစ်ခုကို ကျနော်တို့ကရောက်ရှိစောင့်ဆိုင်းနေကြပါတယ်
ဦးအောင်မင်တို့က ကော့ကရိတ်မြို့မှစောင့်ကြိုနေကြမှာဖြစ်လို့
အပြန်အလှန်သတင်းလေးတွေလှမ်းဖလှယ်ရတာ…
ခုပြန်စဉ်းစားတော့လဲ… ကြည်နူးစရာတော့ကောင်းသားဗျ…
ချိန်းထားတဲ့ဆုံရပ်နေရာကို…
KNU ဘက်ကလဲ… တစ်ဖွဲဖွဲရောက်လာကြတဲ့အချိန်မှာ
ကျနော်တို့က …ခရီးဦးကြိုဆိုပြီး …ကားတွေပေါ်နေရာချထားပေး
ပစ္စည်းတွေရွှေ့ပြောင်းပေးနဲ့ … မင်္ဂလာရှိသောခရီးအတွက်…
ကျနော်တို့ကပျော်ရွှင်တက်ကြွနေသလောက်…
KNU ဘက်မှလူများက… တစ်ရေးမှမအိပ်ရသေးသည့်ပုံများနှင့်
သံပါတ်ပေးအရုပ်… သံပါတ်ကုန်ခါနီးပုံမျိုးဖြစ်နေကြပါတယ်…
အဖွဲ့ဝင်များထက်ဝက်ကျော်လောက်ရောက်မှ …
ဆရာမကြီးနော်စီဖိုးရာစိန်ရောက်လာပါတယ်…
ဆရာမကြီးပုံစံလည်း …အတော့်ကိုနွမ်းနေပြီး …
အိပ်ရေးလဲအတော်ပျက်ထားပုံပေါ်နေပါတယ်…
အရင်ချိန်တွေဆုံရင်…
Hi ……Good Morning ငါ့တူလေးလို့ … နှုတ်ဆက်လေ့ရှိသူကြီးကလဲ…
ဘောင်းဘီတိုကြီးနဲ့ရှူတည်တည်ဖြစ်နေတာမို့…
အန်ကယ်စောရော်ဂျာခင်ကို… ကွယ်တဲ့နေရာခေါ်ပြီး…
အန်ကယ်ရေ… တစ်ခုခုတော့ဖြစ်နေတယ်ထင်တယ်…
ကျနော်ထင်တာ… မှန်လားဗျ ……ဆိုတော့…
ဘောင်းဘီတိုနဲ့တစ်ယောက်ကိုမေးငေ့ပြရင်း…
မနေ့က meetingထဲမှာသူပြောတာဆိုတာ… အရမ်းကြမ်းသွားတယ်ဗျာ
စီဖိုးရာက… သူမသွားတော့ပါဘူး…
အဘိုးကြီး (အဘိုးမူတူးစေးဖိုးကိုသူတို့အခေါ်)ကြီးဘဲ… ဦးဆောင်ပြီးသွားပါလုပ်လို့
ကျနော်တို့တော်တော်အလုပ်များသွားတယ်ဗျာ… တဲ့…
ဒုက္ခနဲ့လှလှတော့တွေ့နေပြီလေဗျာ…
ဒါ့နဲ့ကျနော်လဲ… ဆရာမကြီးနားသွားပြီးရောက်တတ်ရာရာတွေပြောနေရတာပေါ့
အရေးထဲဗျာ …ကျနော်ကလျှာချော်မိသေးတယ်…
မနေ့ညတုန်းက… ဒီနေ့ခရီးစဉ်အတွက်စဉ်းစားရင်း… အိပ်မပျော်ဘူးအစ်မကြီး… လို့
ပြောမိတော့…
ကျမလဲခုထိမအိပ်ရသေးဘူး…
ကျမငိုထားတာသိပ်သိသာနေလား…… တဲ့…လေ
တကယ်လို့များ…
ထိုနေ့က…
KNU အတွင်းရေးမှူးချုပ်ဖြစ်သူ… ဆရာမကြီး နော်စီဖိုးရာစိန်ရောက်မလာခဲ့ရင်
ကျနော်ဘယ်လိုလုပ်ရပါ့မလဲ…
ပြီးတော့…
အထက်မှာကျနော်ရေးသားတင်ပြခဲ့တာတွေကို…
ဘာမှမသိထားရင်လဲကောင်းသား…… လေဗျာ
ဒါ့ကြောင့်ပြောတာပါ…
ကျနော်ရင်တမမဖြစ်ခဲ့ရပါတယ်……လို့ပြောတာအတွက်…
ပိုတယ်လို့မဆိုပါနဲ့ခင်ဗျား ။

(ထိုခရီးစဉ်အတွက်ကျနော်က မြဝတီမြို့ မှာကျနော်ဖြစ်ချင်.. လုပ်ချင်တာတွေ..
အမျိုးပေါင်းတစ်ရာမက တောင်းဆိုသမျှ… တစ်ခုမငြင်း …အားလုံးဖြစ်စေခဲ့သော
အစ်ကိုကြီးကိုမြင့်တင်နဲ့ညီလေး …သိန်းဇော်ကံတို့ကို… အထူးကျေးဇူးတင်ပါတယ်)

‎ငြိမ်းချမ်းအေးမြလေသောအခါ‬

$
0
0

ဒီနေ့ညနေ…
ညစာအတူစားဘို့ …အဘိုးမူတူးကို
သွားခေါ်တဲ့အခါ…
ယခင်က …တစ်ကြိမ်မျှမဆုံဘူးသည့်……
ရိုးရှင်းသောမျက်နှာပိုင်ရှင် …
အဘိုးအရွယ်တစ်ယောက်နှင့် ဆုံခွင့်ရခဲ့ပါတယ် ။

ရောက်သည်နှင့် ခရီးမဆိုက်…
အဘိုးမူတူးက မိတ်ဆက်ပေးသည်က…
ဗမာကြီးရေ…
ဒါ… တို့တွေရဲ့ ဖလူးစခန်းမှာ… ကျောင်းအုပ်ကြီးလုပ်ခဲ့တဲ့
ဆရာကြီး… စောအောင်မြတ်သိန်း… ဘဲ…
သူကတော့… ကိုငွေစိုး… တဲ့
KNU ရဲ့အခုလျှောက်နေတဲ့ …ငြိမ်းချမ်းရေးခရီးမှာ
စကတည်းကနေ… အခုထိပါဝင်ပေးနေတဲ့သူ…
ကိုယ်ကတော့ …
ဗမာကြီးလို့ဘဲခေါ်တယ်လို့ …
အပြန်အလှန် မိတ်ဆက်ပေးပါတယ် ။
ကျနော်က…မြန်မာပြည်ရဲ့ အဝေးမှာရောက်နေပေမဲ့
ကရင်တွေရဲ့…အရေးနဲ့ မဝေးပါဘူး…
ခင်ဗျားဓါတ်ပုံကို…
ကျနော်ခဏခဏမြင်ဘူးနေပါတယ်…
ကရင်တွေကြားထဲမှာ…
ထူးခြားနေတဲ့အသွင်ပြင်နဲ့မို့
ဘယ်သူလဲ … ဘာလုပ်နေတာလဲ… ဆိုတာ
မေးမြန်းထားလို့…
ကျနော့်ကိုသိနေပါတယ်ဆိုတော့…
ဘာရယ်မဟုတ်… ကျေနပ်မိနေတာတော့
အမှန်ဖြစ်ခဲ့ပါတယ်ခင်ဗျာ ။
၁၉၈၇ခုနှစ် တပ်မတော်ရဲ့ထိုးစစ်
ဖလူးစခမ်းကိုပြုလုပ်တဲ့အချိန်မှာ…
ကျောင်းဆရာဖြစ်သူ…
ဖထီးစောအောင်မြတ်သိန်းလဲ …
တပည့်တွေနဲ့အတူ နောက်ပိုင်းလုံခြုံရေးအတွက်
ကာကွယ်ရေးတာဝန်ယူခဲ့ရပါသတဲ့…
တပ်မတော်စစ်ကြောင်းက…
မထင်မှတ်ထားတဲ့ …အနောက်မျက်နှာစာက
ရုတ်တရက်ရောက်လာတော့…
ဆရာကြီးနဲ့တပည့်ကျောင်းသားတွေလဲ
ထိုင်းနိုင်ငံဘက်ခြမ်းကို…
ပြေးဝင်ကြရတာပေါ့…
ကံဆိုးလှစွာနဲ့ဘဲ…
တပ်မတော်ဘက်က …ပစ်တဲ့လက်နက်ကြီးကျည်
အနားမှာကျလေတော့…
ဘယ်ဖက်ခြေထောက်မှာ …အပြင်းအထန်ဒဏ်ရာရခဲ့ပြီး
ခြေတစ်ဘက် …ဆုံးရှုံးသွားခဲ့ပါတော့တယ်။

တပ်မတော်ဘက်က…
ဖလူးစခမ်းကို …အဲ့ဒီတစ်ကြိမ် တိုက်ခဲ့တုန်းက
တပ်စွဲမထားဘဲ …
ပြန်ဆုတ်သွားတာမို့…
ဆေးရုံကဆင်းတဲ့အခါ…
ဂျိုင်ထောက်တစ်ဘက်နဲ့ခြောက်နှစ်လောက်
မူလကျောင်းဆရာအလုပ်ကို
ဆက်လုပ်နေခဲ့ပါသတဲ့လေ…
နောက်ထပ်တစ်ကြိမ်…
တပ်မတော်က… ဖလူးစခမ်းကိုတိုက်ခိုက်ပြီး
တပ်စွဲနေလိုက်တဲ့အခါမှာတော့…
ဒုက္ခသည်စခမ်းထဲမှာ…
စာသင်ပြပေးရတဲ့ …့ကျောင်းဆရာဘဝ
ဖြစ်သွားရပြန်တယ်… တဲ့
ဒုက္ခသည်စခမ်းမှာ… ၅နှစ်ကျော်နေခဲ့ပြီး…
တစ်နေ့တခြားပြောင်းလဲလာနေတဲ့…
စိုးရိမ်ဘွယ်အခြေအနေတွေကြောင့်…
ဒုက္ခသည်စခမ်းကော်မတီက …ရွေးပို့လိုက်တာနဲ့
အခုတော့…
ကနေဒါနိုင်ငံမှာအခြေကျနေပါပြီ…… တဲ့ …လေ
လက်နက်ကြီးထိမှန်ြပီး…
သွေးအိုင်ထဲမှာ… လဲနေတဲ့အခိုက်
သူဟာ …သူ့ဘဝရဲ့…အရေးကြီးဆုံး
အသိအမြင်တစ်ခုကို… ရလိုက်ပါတယ်…
အသက်ကိုလုပြီး …ပြေးလွှားနေကြရတဲ့
ပါတ်ဝန်းကျင်ကလူတွေကို… မြင်နေပေမဲ့လဲ
မသိမမြင်တော့သလို…
နေလိုက်ပါတယ်…
ပထမဦးဆုံး…
သူ့မိသားစုကို… ဘုရားသခင်မှစောင့်ရှောက်ပါလို့
ဆုတောင်းမိတယ်…
ပြီးတော့မှ…
ဒါဏ်ရာများနဲ့သူ့ခန္ဓာကိုလည်း
ဘုရားသခင်ထံ ဆက်ကပ်လိုက်ပါသတဲ့…
နောက်ဆုံးအနေနဲ့ကတော့…
သူ့ကိုဒဏ်ရာရအောင်ပစ်လိုက်တဲ့
သူ့ရန်သူဖြစ်တဲ့… သေနတ်သမားဟာလဲ
သူ့ကိုမုန်းတီးလို့…
ရည်ရွယ်ပစ်တာမဟုတ်…
တာဝန်အရပစ်လိုက်တာမို့…
အပြစ်မယူပါဘူး ခွင့်လွှတ်ပါတယ်… လို့
နှစ်နှစ်ကာကာ
ဆုတောင်းလိုက်တဲ့ အခိုက်မှာ…
ရှူရှိုက်ရတဲ့ …အသက်တစ်ချက်ဟာ
တန်ဘိုးပိုရှိသလို…ခံစားရပြီး
လတ်တလော ငရဲကျသလိုဆူညံပွက်နေတဲ့
ပါတ်ဝန်းကျင်ကို
အားလုံးကိုမေ့ပျောက်ကာ…
ဘာကိုမျှ… မကြောက်လန့်တော့ဘဲ
အရာရာအေးငြိမ်းသွားပါလေရောတဲ့ ။

(ကုတင်ပေါ်က ထိုင်ကြည့်နေသူဟာ…… အဲ့ကာလတစ်လျှောက်
တိုက်ပွဲတွေမှာ တပ်ရင်းမှူးအဖြစ်ပါခဲ့သူ ဖထီးစောရွှေမောင်းပါဘဲ)

Ngwe Soe 

မုန်တိုင်းနောက်ကလာတဲ့ လေပြေညှင်းလေးပါကွယ်‬

$
0
0

ညီလာခံတစ်ခု …အရင်းပြုပြီး
ဒီရက်တွေထဲမှာ
အဘိုးမူတူးကို…
အပန်းဖြေနေရာတွေလို့
လူသိများတဲ့ နေရာတွေကို
လိုက်ပို့ဖြစ်ပါတယ်…


ဘားအံမြို့မှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးကနေ
ဆက်ဆွဲလိုက်တဲ့ခရီးဟာ
ထင်ထားတာထက်ပိုရှည်သွားပေမဲ့
ငယ်သူတွေသာ ပန်းတယ်
အဘိုးကတော့လန်းနေတာပါဘဲ ...

တကယ်တော့…
ညီလာခံအစနေ့မှာ နှုတ်ဆက်စကားပြောပြီး
ပြီးသည့်နေ့မှာမှ …အဖွဲ့တွေနဲ့ပြန်ဆုံရမှာမို့
ကြားရက်လေးတွေကို…
အပန်းလဲပြေ… ဗဟုသုတလဲရရလေအောင်
ကျနော်ကစီစဉ်ပေးခဲ့တာပါ…

fbပေါ်က …ကျနော်တို့ပုံလေးတွေကိုဘဲမြင်တဲ့
ရင်းရင်းချာချာလူအချို့က…
သိပ်သာယာနေတယ်ပေါ့…
အားကျတယ်ဗျာ…
အစိုးရစားရိတ် MPCစားရိတ်နဲ့
မြန်မာပြည်ပတ်နေတာလား… တို့
စတဲ့…
အောက်ကလိအာကျတာလေးတွေကိုလဲ
cb ကနေ … အခမဲ့ရရှိလိုက်လေတော့
ငိုချရမလား …ရယ်ပြရမလားတောင်
မပြောတတ်တော့ပါဘူးခင်ဗျာ ။

ဒါ့ကြောင့်မိုးထဲလေထဲ…
မုန်တိုင်းမစဲခင်က …အကြောင်းလေးကို
ပြန်ပြောပါရစေလား…

KNU ဗဟိုရဲ့ …ထိပ်သီး ၅ ဦးစလုံးဟာ
သဘောထားတင်းမာသူများဖြစ်ကြပေမဲ့လည်း
အဘိုးမူတူးနဲ့အန်ကယ်ဒေးဗစ်တောတို့က
ငြိမ်းချမ်းရေးဆွေးနွေးမှု …အစပိုင်းမှာတင်
ပြည်နယ်အဆင့် အပစ်ရပ်စာချုပ်ကို…
ဖြစ်မြောက်အောင် ပြုလုပ်လိုက်ပါတယ် ။

ထိုအချိန်အခါမှာ …အဘိုးမူတူးက
KNLA ရဲ့စစ်ဦးစီးချုပ် …တာဝန်ဖြစ်ပြီး
အန်ကယ်ဒေးဗစ်တောကတော့…
ဗဟိုတရားရေးတာဝန်ခံဖြစ်ပါတယ် ။

ပြည်နယ်အဆင့် အပစ်ရပ်စာချုပ်ကို…
တွေ့ဆုံဆွေးနွေးရေးရဲ့ …တကယ့်တံခါးပေါက်… ဖြစ်လို့
ပြန်ပိတ်မသွားအောင်ထိုးထားလိုက်တဲ့
ကန့်လန့်တစ်ခုလို့…
အန်ကယ်ဒေးဗစ်တောကတော့
တင်စားပြီးပြောလေ့ရှိပေမဲ့…
တကယ်တော့ ဒါဟာ အားကောင်းဖို့ပြင်နေတဲ့
မုန်တိုင်းရဲ့နိဒါန်းအစပျိုးခြင်းပါဘဲ …ဆိုတာ
နောက်မှ…သိရတာပါ…
ဒီလိုဆောင်ရွက်ချက်ကို
KNU ဗဟိုထိပ်သီး ၅ ဦးက
သဘောကျဟန်မတူဘူးခင်ဗျ…
ဒါပေမဲ့…
ကွန်ဂရက်စ်ရဲ့ …ဆုံးဖြတ်ချက်နဲ့ကလဲ
ကိုက်ညီနေပြန်လေတော့… စွပ်စွဲရခက်ပြီး
စောလွန်းတယ် … စောလွန်းတယ်ကိုဘဲ…
အသံကျယ်ကျယ် …အော်ပြနေရတာပေါ့ ။

အပစ်ရပ်ဘို့မလွဲမသွေလိုအပ်တဲ့
ဆက်ဆံရေးရုံးတွေကို …
ကျောက်ကြီး …ထားဝယ်နဲ့ …ဘုရားသုံးဆူတို့မှာ
ဆက်တိုက်ဖွင့်လှစ်လိုက်ပါတယ်…
ဒီလိုဆောင်ရွက်ချက်တွေဟာ…
မြန်လွန်းတယ် …သေချာတဲ့အာမခံချက်တွေမရှိဘူး
နိုင်ငံရေးအရ အစိုးရက… အမြတ်ထုတ်တယ်လို့
KNU ထိပ်သီးပိုင်းက …စိုးရိမ်နေပေမဲ့လဲ…
တစ်ရက်စောရင်တစ်ရက် …အကျိုးရှိတယ်
အပစ်ရပ်စာချုပ်ကို …စစ်ဘက်ကလိုက်နာတာ
ဘာဖြစ်လဲ …စစ်ဦးစီးချုပ်က
သူ့အလုပ်သူလုပ်တာ… အဆန်းတကြယ်မဟုတ်
လုပ်တယ်… ဆိုတဲ့
့အဘိုးမူတူးတို့ကလည်း…
တစ်ချက်လေးမှနောက်မတွန့်တာတွေက
မုန်တိုင်းကို အားကောင်းစေပါတော့တယ်…
ဘားအြံမို့မှာ ဆက်ဆံရေးရုံးမဖွင့်မှီတစ်ရက်အလို
ခရီးစဉ်ကိစ္စတွေ …အန်ကယ်ဒေးဗစ်တောနဲ့
ဖုန်းပြောတဲ့အခါမှာ…
ကျနော်အရေးအကြီးဆုံးတစ်ခုသိချင်တယ်
အဲ့ဒါပြီးမှ …ဆက်ပြောမယ်ဆိုတော့
ဘာသိချင်ပါသလဲခင်ဗျာပေါ့…
မနက်ဖန်ဖွင့်မဲ့ရုံး …ဆိုင်းဘုတ်ကို
ဘယ်လိုရေးထားသလဲ …တိတိကျကျပြောပေးပါတဲ့…

တကယ်တော့… ဒါတွေက…
သူနဲ့ကျနော် E mailထဲမှာပြောပြီးသားတွေပါ
ဒါပေမဲ့ သူကျေနပ်အောင်
ကျနော်ပြန်ရွတ်ပြလိုက်ပါတယ်…
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး
KNLA တပ်မဟာများ ဆက်ဆံရေးရုံး …ပါလို့ပြောလိုက်တော့
O.K …ကောင်းတယ် …ကျနော်တို့လာပြီ…
ဘယ်သူတွေပါမယ် …ဘာညာဘာညာပေါ့
တကယ်တော့ဒီဆိုင်းဘုတ်ဟာ…
စနက်တံတစ်ချောင်းဖြစ်နေမှန်း…
နောင်မှကျနော်က သိခဲ့ရတာပါ…
ဒီရုံးဖွင့်တာကို …KNU ဗဟိုထိပ်သီး ၅ ယောက်တို့က
KNU ဗဟိုရုံးကို …သူတို့မသိဘဲဖွင့်ဘို့လုပ်နေတယ်လို့
သတင်းမှားတွေရပြီး…
အေသင်ချိုဆွေဖြစ်နေ…
အဘိုးတို့ကလဲ… ဆက်ဆံရေးရုံးဖွင့်တာ… စစ်တပ်အလုပ်
တပ်အလုပ်တပ်လုပ်တာဘာဖြစ်လဲ…
ဘာမှလာရှုတ်မနေနဲ့ …ဖွင့်ချင်လို့ဖွင့်တယ်
နောက်လဲထပ်ဖွင့်ဦးမယ် …ဘာဖြစ်လဲဆိုတော့…
မုန်တိုင်းကရိုးရိုးမုန်တိုင်း …မဟုတ်တော့ဘဲ
ဆူနာမီလို ဖြစ်သွားတဲ့အခါ…
အဘိုးမူတူးစေးဖိုးနဲ့အန်ကယ်ဒေဗစ်တောတို့ကို
ရာထူးကနေထုတ်ပါယ်ကြောင်း KNU ဗဟိုက
အမိန့်ထုတ်ပြန်လိုက်ပါတော့တယ်…

အမိန့်စာအကြောင်း …တစ်လောကလုံးထင်ရာပြောနေကြချိန်မှာ
အဘိုးနဲ့အန်ကယ်ဒေးဗစ်တောတို့က …ရန်ကုန်မှာ
MPC ရဲ့တည်းခိုဆောင်မှာနေ…
ကျနော့်တပည့်တွေချိုင့်ဆွဲပေးတဲ့…
ရွှေဘနဲ့အောင်သုခကထမင်းကိုစားရင်း…
ဒုက္ခတွေနဲ့အစပျိုးတတ်တဲ့…့ရုပ်ရှင်ထဲက ရွှေဘ ဖြစ်နေကြတာပေါ့ဗျာ…
သတင်းဆိုးရဲ့…တစ်ရက်ကျော်တဲ့အခါ
တပ်မတော်ဘက်မှ… စစ်ဆင်ရေးအထူးအဖွဲ့မှူးရောက်လာပြီး
အားပေးစကားပြောပါတယ်…
ကျနော်နားလည်သလောက်ပြန်ပြောပြရမယ်ဆိုရင်…
အဘိုးမူတူးဆန္ဒက …ဘာဖြစ်ချင်ပါသလဲ…
သူတို့ကူညီဘို့အသင့်ရှိပါတယ်လို့…
လှလှပပလေး …လာအသိပေးတာပါဘဲခင်ဗျ…

ဦးအောင်မင်းရောက်လာချိန်မှာတော့
အဘိုးမူတူးက …လူကြီးနှစ်ယောက်စလုံးကို
အေးအေးဆေးဆေးလေးဘဲပြောပြတာက…
သမ္မတကြီးနဲ့တပ်ချုပ်ကြီးတို့ကို… စိတ်မပူဘို့ပြောပေးပါ
ကရင်တွေကြားမှာ …ဘာဖြစ်နေတယ်ဆိုတာ
ဒီကရင် …သိပါတယ်
ကျနော်အကောင်းဆုံးလုပ်သွားပါ့မယ် … တဲ့ ။

ပြောရင်းဆိုရင်း မိုးချုပ်သွားပြီ…
မနက်ဖန်… အစီစဉ်ဘယ်လိုလဲလို့
ဦးအောင်မင်းက… အဘိုးမူတူးကိုမေးတဲ့အခါ
ကျနော့်ကိုမေးငေါ့ပြပြီး…
ဒီဗမာကြီး …လုပ်တဲ့အစီစဉ်အတိုင်းပါဘဲတဲ့…

အတိုချုပ်ပြောရမယ်ဆိုရင်တော့…
တပ်မတော်ကအငြိမ်းစားယူပြီးတော့မှ
သေနတ်ကိုဘေးနားချထာပြီး
လျော်အိပ်နဲ့ထုတ်ထားတဲ့သေနတ်ဖွက်ကိုင်
အရပ်ဝတ်ရဲတပ်စိတ်တစ်စိတ်ကို ဦးဆောင်ကာ
ထကြွနေတဲ့ ဟိုအဖွဲ့ဒီအဖွဲ့တွေကြားကနေ
ဒေါနကိုကျော်ပြီး KNLA စစ်ဦးစီးချုပ်ဟောင်းပူပူနွေးနွေးကို
ဋ္ဌာနေပြန်ပို့ပေးခဲ့သူဟာလဲ… ကျနော်ပါဘဲမို့
ဒီလိုမုန်တိုင်းထန်တဲ့လမ်းတွေကို
အတူသွားခဲ့ကြတာကိုလည်း
သိစေချင်လိုက်တာဗျာ ။

Ngwe Soe 

ယတြာကောင်းလို့ ဖွင့်ခွင့်ရခဲ့တဲ့ရုံး‬

$
0
0

KNU နှင့်အစိုးရတို့အကြား …
အပစ်ရပ်စာချုပ်ကို …အခက်အခဲများကြားထဲက
လက်မှတ်ရေးထိုးပြီးတဲ့အခါမှာတော့…
KNU ရဲ့ဆက်ဆံရေးရုံးတွေ…
ဖွင့်ဘို့ကိစ္စ ဆက်လုပ်ကြရပါတယ်။


ပထမဆုံးအနေနဲ့…
KNLA တပ်မဟာ(၃)ရဲ့ကျောက်ကြီးမြို့နယ်ခွဲမှာ
စတင်ဖွင့်လှစ်တဲ့အခါ…
ထိုစဉ်ကအတွင်းရေးမှူးချုပ်…
ဆရာမကြီး နော်စီဖိုးရာစိန်ကိုယ်တိုင်
သွားရောက်ဖွင့်လှစ်ပေးခဲ့ပါတယ် ။

KNLAတပ်မဟာ(၄) ဆက်ဆံရေးရုံး…
ထားဝယ်မြို့မှာဖွင့်တော့… အဆင်သင့်ရှိနေတဲ့
ကျနော့်ကုမ္ပဏီရုံးခွဲတစ်ခုကို
ဆိုင်းဘုတ်ပြောင်းပြီး …
လူတွေပါဖယ်ပေးလိုက်တော့ …အိုကေသွားပါတယ် ။

ဆိုင်းဘုတ်ပြောင်းတဲ့ကိစ္စကလဲ
ရာဇဝင်ရှိခဲ့သေးတယ်ဗျ…
ကျောက်ကြီးဆက်ဆံရေးရုံးဖွင့်ပွဲအတွက်
အချိန်တိုအတွင်း… စီစဉ်ခဲ့ရလို့
အဆင်ပြေပါ့မလား …စိတ်ပူခဲ့ပါတယ်
တကယ်ဖွင့်ပွဲကို …သတင်းမှာကြည့်ရတာ…
သပ်သပ်ရပ်ရပ်လေးမို့ ပီတိဖြစ်ခဲ့ရသော်လည်း
ဆရာမကြီးနော်စီဖိုးရာစိန်ထံမှ
E mail ဖတ်ရတဲ့အခါ တော်တော်ကို စိတ်လေပြီး
ဘာပြန်ရေးရမှန်းမသိ… ဖြစ်ခဲ့ရပါတော့တယ်…

တကယ့်ရုံးအမှန်ကို… အချိန်မီမလုပ်နှိုင်တာ
ပွင့်ပွင်းလင်းလင်းမပြောဘဲ…
ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကို ဆိုင်းဘုတ်ခဏဖြုတ်ပြီး
ဆက်ဆံရေးရုံးအဖြစ်ဖွင့်တယ်ဆိုတော့
ဆရာမကြီးစိတ်ဆိုးတာ…
နဲတောင်နဲပါသေးတယ်ခင်ဗျား)-:)-:)

ဒီလိုအဖုအထစ်လေးတွေကြားကနေ
KNLA တပ်မဟာ(၆)ရဲ့ …ဘုရားသုံးဆူ
ဆက်ဆံရေးရုံကို ဖွင့်လှစ်ဘို့အချိန်ရောက်လာပါတယ်
မိုးရာသီထဲရောက်နေပြီမို့…
ပြည်နယ်အဖွဲ့တွေက… ကားနဲ့
ဦးအောင်မင်းဦးစီးအဖွဲ့တွေက…
ရန်ကုန်မှထားဝယ်ကံပေါက်သို့လေယာဉ်အသေးဖြင့်
ထိုမှတဆင့် …ဘုရားသုံးဆူသို့ရဟတ်ယာဉ်ဖြင့်
ချီတက်ရန်စီစဉ်ထားပါတယ်…

သွားမည့်မနက်…
မင်္ဂလာဒုံလေဆိပ် ရေနံရုံးစုရပ်၌ breakfastစားပြီး
လေယာဉ်နေရာအခက်အခဲကြောင့် PSO မပါသော
ဦးအောင်မင်းအတွက်ကျနော်က
တတ်သည့်ပညာမနေသာဖြင့်…
PSOလုပ်လိုက်ရပါတော့သည်…

petronas မှလေယာဉ်လေးပေါ်မတက်မီ
ဦးအောင်မင်းက …ကျနော်ဆွဲထားသော
သူ့လက်ဆွဲအိပ်ကိုလာဖွင့်ပြီး… လက်ကိုင်ပုဝါထုပ်လေးကိုဖြေကာ
သစ်ရွက်ညွန့်လေးတစ်ခုကိုသူ့အင်းဂျီအိပ်ထဲ
သေသေချာချာထည့်လိုက်ပါတယ်…

ကျန်တဲ့သူတွေကို… မင်းဝေပေးလိုက်ဆိုတော့
အခြားဝန်ကြီးနှစ်ယောက်နဲ့ကျန်သူများကို
သစ်ရွက်ညွန့်လေးတွေဝေရင်း…
ဘယ်လိုထည့်ထားဆောင်ထားပါလို့
ဝေပြောလေးပြောလိုက်ပါတယ်…

မုတ္တမပင်လယ်ကွေ့ပေါ်ရောက်တဲ့အခါ
မထင်မှတ်ဘဲ မိုးကြီးလေကြီးနဲ့တွေ့ပါလေတော့တယ်
လေယာဉ်လေးကသေးတော့…
ရှေ့မသွားဘဲ …ဘေးတိုက်ရွေ့နေသလိုဖြစ်ကာ…
ဝုန်းကနဲ… ဝုန်းကနဲ… ပြုတ်ကျပြီး …အရသာဆိုးနေတာပေါ့…

တစ်ခါပြုတ်ကျတိုင်း… တစ်ဟေး …ဟေးနဲ့ အားလုံး
အသံထွက်ပြီးအော်နေကြတာဟာ
ပျော်လို့မဟုတ်တာတော့…
အရမ်းကိုသေချာပါတယ်ဗျာ !!

ပိုင်းလော့အခန်းကတံခါးဟာလဲ…
ဖွင့်လိုက်ပိတ်လိုက်တဂျိုင်း ဂျိုင်းဖြစ်နေ …
မြင်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ကြားက ပိုင်းလော့တွေ
အခြေနေကောင်း မကောင်းကြည့်လိုက်တော့…
သူတို့လဲ အတော့်ကို ဂရုစိုက်နေရပုံပေါ်နေပေမဲ့
သိပ်ပြီးပျာယာခတ်မနေလို့ …စိတ်နဲနဲသက်သာမိပါတယ်…

လေယာဉ်ထဲမှာဆူညံနေတာကို ဘာနဲ့တူသလဲဆိုတာ
ဥပမာပေးရပါရင်…
ရေတိုင်ကီအလွတ်ထဲ… လူဝင်ခိုင်းပြီး…
အပြင်ကနေ …တုတ်နဲ့ဝိုင်းထုရိုက်နေသလိုပါဘဲလို့
အားမနာတမ်း… ပြန်ပြောပြချင်ပါတယ်…

ထိုအခိုက်အတန့် …၁၀မိနစ်ခန့်ဟာ
သွေးလေချောက်ခြားစေတာအမှန်ပါဘဲ
အတော်အတန်ဆိုခေါင်းမူးတတ်သူကျနော့်အတွက်တော့
အရသာတော်တော့ကို …ဆိုးနေခဲ့ပါတယ်ခင်ဗျ…

မိုးလေလွတ်သွားတော့လဲ…
ဒင်းလေးကအတော်စီးကောင်းပြီး
ပင်လယ်ကမ်းစပ်နဲ့…
တောအုပ်လေးတွေအပေါ်က
ဝေ့ကာဝဲကာနဲ့ …ကံပေါက်ကိုရောက်ပါလေရောလား ။

လေယာဉ်လေးပေါ်ကဆင်း…
၅မိနစ်လောက်နားပြီး… သန့်စင်ခန်းဝင်
ပြီးတာနဲ့ ရဟတ်ယာဉ်ပေါ်ပြန်တက်ဘို့အသွားမှာ
sky net တာဝန်ခံ ဆရာဒေါက်တာတင်အောင်ရွှေ(သုတေသီ)က
ဦးအောင်မင်းကို… ကိုယ်တိုင်ကိုယ်ကျ
လေးစားသည့်အသံနဲ့ပြောလိုက်တာက…

လေယာဉ်လေးက သေးတော့…
သွားပြီလို့ ကျနော်ကထင်လိုက်မိတာ
ဗိုလ်ချုပ် ပေးတဲ့ယတြာကောင်းလို့
အန္တရာယ်ကတော့လွတ်သွားပြီ
ကျေးဇူးတင်ပါတယ် … တဲ့ …

ဦးအောင်မင်းကတော့… ခပ်တည်တည်နဲ့
ဘာမှပြန်မပြောဘဲ ကုလားကွမ်းလေးမြုံ့ရင်း
လေယာဉ်ပေါ်တက်ဘို့ …
ဒေါက်တာကြီးကိုလက်လေးပြပေးလိုက်ပါတယ်…

သူအပေါ်ရောက်သွားတာသေချာတော့မှ…
ကျနော့်ကို ပြုံးပြုံးကြီးပြောပြတာကတော့…
ငါက KNU နဲ့အဆင်ပြေပါစေလို့ ယတြာလုပ်လာတာ
သူကလေယာဉ်မပျက်ကျတာ…
ယတြာကြောင့်လို့ မှတ်နေတော့လဲ
ပြီးရော…
ကောင်းတာပေါ့ကွာ… တဲ့လေ ။

( NCA ဆိုတာလွယ်လွယ်ဖြစ်လာတယ်ထင်လို့လား… စိတ်ဆန္ဒပြင်းပြသူတွေနဲ့အတူ
ဓါတ်တွေ …နတ်တွေ … ယတြာတွေပါ …ဝိုင်းရံခဲ့ကြရတာဗျ !! သိရဲ့လား )

ဟိုးအတိတ်ဆီသို့ ပြန်ရောက်သွားမိတယ်‬

$
0
0

KNU မြိတ် / ထားဝယ်ခရိုင်အမှုဆောင်တွေနဲ့
တွေ့ဆုံဆွေးနွေးရန် ကိစ္စလေးရှိနေလို့…
တနင်္သာရီတောထဲက… ကျနော်စခမ်းလေးကို
မကြာသေးမီကပြန်ရောက်ခဲ့ပါတယ်…
ဒီလမ်းဒီခရီးကို… အကြိမ်ကြိမ်သွားပြန်နေပေမဲ့
ဒီတစ်ခေါက်အပြန်မှာမှ…
ကျနော့်စိတ်တွေ …နောက်ကြောင်းကိုပြန်နေမိပါတယ်
ဒါနဲ့ဘဲ ကားခဏရပ်ပြီး ဓါတ်ပုံလေးရိုက်မိတာပါ…


တနင်္သာရီမြစ်ဆိုတာ…
မြောက်ဘက်ကနေတောင်ဘက်စီးလာတဲ့
ခမောင်းသွယ်ချောင်းရယ်…
တောင်ဘက်ကနေမြောက်ဘက်ကိုစီးတဲ့
ဘန်းချောင်းတို့ ဆုံဆည်းပြီးမှ…
‪#‎တနင်္သာရီ‬ …ရယ်လို့ ဖြစ်လာတာပါ…

ချောင်းနှစ်သွယ်… စတင်ပြီးပေါင်းမိတဲ့
နေရာလေးရဲ့ …နာမည်ကလဲ
‪#‎မေတ္တာ‬ ……တဲ့ဗျာ…
ဘယ်လောက်ထိလှပပြီး …
အဓိပ္ပါယ်ပြည့်စုံနေတယ်ဆိုတာလေ…

ဒါပေမဲ့…
လွန်ခဲ့တဲ့ (၉) နှစ်လောက်…
ကျနော် စရောက်ခဲ့ဘူ့းတဲ့ …မေတ္တာဟာ…
ခမ်းခြောက်နွမ်းလျနေပြီး…
စစ်ငွေ့တွေခြုံလွှမ်းနေတဲ့နေရာ…
ထားဝယ်သားများလုံးဝမသွားသောနေရာ
သေနတ်သံ… ဗုံသံတို့က…
ဒုံးယိမ်းအသံကို… ကြီးစိုးလွှမ်းမိုးထားတဲ့ အချိန်အခါပေါ့…

တနင်္သာရီမြစ်ထဲကိုလှေလေးတစ်စင်းနဲ့…
စုံဆင်းသွားတဲ့ကျနော့်ကို…
နားမလည်နှိုင်စွာနဲ့ကြည့်ပြီး…
အောင်မြင်ပါစေလို့ …ဆုတောင်းပေးခဲ့တဲ့
ဗျူဟာမှူးနောင်တော်ကြီးကိုကျော်သန့်နိုင်ရဲ့
မျက်နှာကိုကျနော်မမေ့နှိုင်ပါ…

သူ့မျက်စေ့တစ်မြင်ကကျော်သွားရင်…
ကျနော်ဟာ… KNU/ KNLA တို့ရဲ့…
အခြေအနေဖန်တီးနေတဲ့ ဧရိယာထဲရောက်သွားပြီဆိုတာ
သူသိသလို…
ကျနော်လဲသိပြီးဖြစ်လို့ပါဘဲ…

ကျနော့်လို… စစ်ဗိုလ်ဟောင်းတစ်ယောက်အတွက်
ဒီခရီးဟာ …မပြန်လမ်းဖြစ်ဘို့ရာ
အများကြီးမလိုအပ်လှပါဘူး…
ရန်သူ့သူလျှို ဆိုတဲ့စွပ်စွဲချက်လေး …တစ်ခုဘဲလိုတာလေ…

မြစ်ထဲမှာလှေစီးသွားတယ်ဆိုတာ…
တနင်္သာရီမှာတော့… ထူးတယ်ဗျ…
တစ်ခါထဲတက်စီး … လိုရာရောက်မဟုတ်ဘူး…
လမ်းဆင်းဆင်းလျှောက်ရသေးတယ်…
ရေတိမ်တဲ့နေရာ…
ရေတံခွန်လိုနေရာ(ဒရယ်လို့သူတို့အခေါ်)တွေမှာပေါ့…
လမ်းဆင်းလျှောက်တော့လဲ
ကိုယ့်ပစ္စည်းလေးထမ်းပိုးသွားရသေးတယ်
လေးတယ် ပျင်းတယ် မသယ်ချင်ဘူးလား
ရပါတယ် ရေကန်ထဲပစ်ချသလောက်တော့စိုမယ်
သေချာတယ်လေ

အတော်အတန်ကြောက်တတ်တယ်…
သွေးတိုးတတ်တယ် …နှလုံးရောဂါရှိတယ်ဆိုရင်တော့
ပထမ ဒရယ်နှစ်ခုလောက်မှာတင်… ကိစ္စပြီးမယ်ဗျာ
ရှေ့ကဝါးထိုးတဲ့သူနဲ့ …နောက်ကစက်မောင်းတဲ့သူ
အော်ဟစ် …ဆက်သွယ်
အပြန်အလှန်ဆဲဆို …အားပေးကြတာကလဲ
သွေးပျက်လောက်တယ်ဗျ…

ခရီးစဉ်တစ်ကြောင်းအတွက်…
စက်လှေပန်ကာကလဲ (၁၀)ခုလောက်ပါမှ…
ကျောက်နဲ့ထိပြုတ်ထွက်… ရေငုတ်ပြန်ဆယ်
ကောင်းရင်ပြန်တပ် …ကွဲရင်လွှင့်ပြစ်
အသစ်တပ် …ခရီးဆက်
အဲ့လို ……အဲ့လို
အတော်အလုပ်ရှုတ်ပါတယ်…

မနက်ကတည်းက… စီးလိုက်… လျှောက်လိုက်နဲ့
လာလိုက်တဲ့လှေ… နေမွန်းတည့်ချိန်အရောက်မှာ…
လှေမောင်းသူက …
မြစ်ကမ်းပါးက… ခြုံကွယ်တစ်နေရာကို
ရုတ်တရက်ထိုးဆိုက်လိုက်တဲ့အခါ…

မျှော်လင့်ထားပါသော်လည်း…
သိပြီးဖြစ်ပါသော်လည်း…
စစ်ဗိုလ်ဘဝ …ကိုယ်နှင့်ရင်ဆိုင်ဘက်ပြိုင်ခဲ့ဘူးတဲ့
KNLA စစ်သားရဲ့ …တိုက်ပွဲဝင်အသင့်ပုံကို
အရှင်လတ်လတ်ရုတ်ချည်းတွေ့ရတဲ့အခါမှာတော့
နားရွက်များထောင်သွားသလို…
ခံစားလိုက်ရပါတော့တယ်ခင်ဗျား )-:)-:)

ဟိုးအတိတ်ဆီသို့ အပိုင်းနှစ်‬

$
0
0

ပထမဆုံးအကြိမ်သေနတ်ကိုင်ထားသော…
တိုက်ပွဲဝင်အသင့်အနေထားဖြင့် …
KNLA ကင်းစောင့်ရဲဘော်ကို…
တွေ့ဆုံရပြီးနောက်…
အရာရှိကိုတွေ့ခွင့်ရဘို့ …နာရီဝက်ခန့်
သောင်ပြင်ပေါ်၌…
ရပ်စောင့်နေခဲ့ရပါသေးတယ်…


ပျောက်ကြားဝတ်စုံကို သေသပ်စွာဝတ်ထားပြီးမှ
ကျနော့်ကို …သူ့ဆီခေါ်ယူတွေ့ဆုံသူကတော့…
ချောင်းမကြီး(တနင်္သာရီမြစ်ကိုသူတို့အခေါ်)
အခြေခံဒေသ… အထူးတာဝန်နဲ့
တပ်မဟာ(၄) စစ်ထောက် ဗိုလ်မှူးပါတဲ့ …

ဟိုတလောကပြုလုပ်တဲ့…
အစည်းအဝေးမှတ်တမ်းဓါတ်ပုံထဲက…
စားပွဲထိပ်ထိုင်ပြီး …ငိုက်နေတဲ့သူဟာ
ထိုစဉ်ကကျနော်နဲ့ဆုံခဲ့သော…
ဗိုလ်မှူးဘချောဘဲ…ဖြစ်ပါတယ်ခင်ဗျား ။

ကျနော့်ကိုနှုတ်ဆက်စကားပြောရင်း…
သူက… ကော်ဖီမစ်ဖျော်တိုက်ပါတယ်…
ကော်ဖီမှုန့်အိပ်ခွန်ကိုခေါက်ပြီး …
ဇွန်းလိုလုပ်မွှေတာကို…
ကျနော့်ဘဝမှာပထမဆုံး …အဲ့မှာတွေ့ဘူးခြင်းပါဘဲ

တစ်နာရီလောက်…
သူလှည့်ပတ်မေးတာတွေ… ဖြေပြီးချိန်မှာ…
ဆင်ဖြူတိုင်ကိုနောက်ကျနေလိမ့်မယ်…
ဦးငွေစိုးစားဘို့အတွက်… ငါးထည့်ပေးလိုက်ပါတယ်တဲ့…

တကယ်တော့…
ကျနော်ကသတ်သတ်လွတ်စားသူပါ
ပြောလိုက်ပါလျှင်… ထပ်ရှင်းပြနေရပြီး
အချိန်ထပ်ကြာမှာစိုးလို့…
သူပေးတဲ့ငါးကို ကိုယ်တိုင်ဘဲ… ယူထားလိုက်ပါတယ်

ဗိုလ်မှူးရော… ဘာမှာဦးမလဲ …ဆိုတော့
လေးဖြူတို့အငဲတို့ သီချင်း CDလေးတွေလိုချင်ပါတယ်… တဲ့
ဒီတော်လှန်ရေးသမားရဲ့ …ချဉ်ခြင်းကလဲ… အဲ့လို… အဲ့လို
ကြံဖန်ပြီးဂုဏ်ဖေါ်စတမ်းဆိုရရင်…
I.C ရဲ့အမာခံပရိတ်သတ်ကို…
တနင်္သာရီမြစ်ဘေး …တော်လှန်ရေးနယ်မြေထဲမှာ…
ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့သူဟာ…
ကျနော်ဘဲဖြစ်မယ်ထင်ပါရဲ့ဗျာ…

ကျနော်တို့တပ်ထဲမှာ ပြောလေ့ရှိတယ်လေ…
စစ်သားမှာလဲအသဲနဲ့ပါတို့…
ပဲစားပေမဲ့အသဲစကားတော့ ပြောတတ်ပါတယ်တို့
ရုပ်ကြမ်းကြီးနဲ့နွဲ့နေပြန်ဘီ… စသည်ဖြင့်ပေါ့လေ
သူတို့ကိုကျဘယ်လိုပြောရလဲမသိ…

ဒီလိုနဲ့စက်လှေစီး …လမ်းလျှောက်ပြီးမြစ်ကိုစုံဆင်းရင်း…
ကရင်စစ်သားမေးဖြေ… တပ်မတော်ကမေးလဲဖြေပေါ့ဗျာ
ထူးဆန်းတဲ့တိုက်ဆိုင်မှုအဖြစ်…
နှစ်ဘက်စလုံးက… စမေးတဲ့မေးခွန်းကလဲတူနေတယ်
မမေးတဲ့မေးခွန်းကလဲ…တူနေတာကို သတိထားမိတယ်ဗျ…

ကိုယ်တွေကလဲ …
စစ်သားလူထွက်… စီးပွားရေးသမားဆိုတော့…
အဲ့ဒီတိုက်ဆိုင်မှုအတွက် အသဲလဲယားတယ်
နေရထိုင်ရတော့ သက်သာတယ်ပေါ့…

စမေးတဲ့မေးခွန်းက…
ဘာတွေပါသလဲ……? ဆေးလိပ်ပါသလား..? တူတယ်
မမေးတာခြင်း တူတာက…
ရန်သူ့သတင်းဘယ်တော့မှ မမေးကြတာပါဘဲခင်ဗျာ။

ညနေစောင်းလောက်မှာတော့…
ရာဇဝင်ထဲက နာမည်ကြီး ဆင်ဖြူတိုင်ရွာကိုရောက်ပါတယ်
ရှေတန်းစစ်ဆင်ရေးထွက်လာတဲ့…
နည်းဗျူဟာမှူးကြီးနဲ့ ထမင်းအတူစားကြတဲ့အခါ…
သူလှည့်ပတ်ပြီးမေးတာကိုဖြေရပြန်တယ်ဗျို့ …

အဲ့ဒီတစ်ရက်ထဲမှာဘဲကျနော့် company ရှေ့ရေးအတွက်
သင်ခန်းစာကို …ဖေါ်ထုတ်လိုက်တာကတော့
စီးပွားဖြစ်မလားရယ်လို့ …စွန့်စားလာတာ
အန္တရာယ်ဖြစ်မလာဘို့အရေး …ပိုစွန့်စားနေရတော့မယ်
မနေတတ်ရင်တော့ … လေမဖြတ်ဘူး
သေတတ်တယ် … ဆိုတာပါဘဲခင်ဗျား…)-:)-:)


အင်အားကြီးမားလာသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အပိုင်း (၁)

$
0
0


သီးခြားလွတ်လပ်သော တပ်မတော်တစ်ခု (သို့မဟုတ်) အင်အားကြီးမား လာသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အပိုင်း (၁)

မြန်မာနိုင်ငံမြောက်ပိုင်းတစ်လျှောက်တွင် ပဋိပက္ခတိုက်ပွဲများ အရှိန်မြှင့်ဖြစ်ပွားနေစဉ်မှာပင် တရုတ်နိုင်ငံ မှ ကျောထောက်နောက်ခံပြုထားသော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (United Wa State Army) အနေဖြင့် နိုင်ငံ၏ရှုပ်ထွေးလှသော လူမျိုးစုနိုင်ငံရေးပြဿနာများအကြားတွင် မိမိကိုယ်ကို အင်အားကြီး ပလေရာ တစ်ခုအဖြစ် ထင်ထင်ရှားရှားရပ်တည်လျက်ရှိသည်။


၂၀၁၅ခုနှစ် အောက်တိုဘာလအလယ်ပိုင်းကာလတွင် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ ၂၀ ကျော်ထဲမှ ၈ ဖွဲ့သည် ကာလကြာရှည့်စွာစောင့်ဆိုင်းခဲ့ရသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို
နေပြည်တော်တွင် အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် အဓိကအင်အားကြီး လက်နက်ကိုင်အဖွဲ့အများစုက လက်မှတ်မထိုးခဲ့သဖြင့်နိုင်ငံ၏ဧရိယာအချို့တွင် ပဋိပက္ခ တိုက်ပွဲများ အရှိန်မြှင့်ဖြစ်ပွားနေဦးမည်ဖြစ်သည်။ တရားဝင်မဟုတ်သည့်တိုင်အောင် အဆိုပါလက်မှတ်တွင် ပါဝင်ရေးထိုးခဲ့ခြင်းမရှိသော လက်နက်ကိုင်တပ်ဖွဲ့များကို ဦးဆောင်၍တောင့်ခံထားသည်မှာ ၀ တပ်မတော်ပင်ဖြစ်သည်။

ဝ တို့အနေဖြင့် မြန်မာ့တပ်မတော်တွင် အပစ်အခတ်ရပ်စဲရေးစာချုပ် ၂ ခုရေးထိုးထားပြီးဟူသော အကြောင်းပြချက်ဖြင့် ကာလကြာရှည်နေသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရန်ဆွေးနွေးမှုကို မသိကျိုးကျွံပြုခဲ့ သည်။ ၀ နှင့် မြန်မာတပ်မတော်တို့သည် ၁၉၈၉ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက် တွင်တစ်ကြိမ် အပစ်အခတ်ရပ်ဆဲရေးစာချုပ် ၂ ခုကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် အဆိုပါ စာချုပ်နှစ်ခု ကိုလက်ကိုင်ထားပြီးဖြစ်၍ တတိယစာချုပ်တစ်ခုလက်မှတ်ရေးထိုးရန် မလိုအပ်တော့ဟု ဆိုခဲ့သည်။

တရားဝင်ပြောဆိုစရာမရှိအောင် ရိုးရှင်းသောအချက်တစ်ခုမှာပြီးခဲ့သော ၂၀ ကျော်ကာလတွင် တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် ၀ တပ်ဖွဲ့သည် အီရန်နိုင်ငံမှ ထောက်ပံ့ပေးထားသောHezbollahနှင့် အာမေး နီးယားနိုင်ငံမှ ထောက်ပံ့ပေးထားသော Nagorno-Karabakh အဖွဲ့တို့ကဲ့သို့ပင် အရှေ့အာရှဒေသတွင် အင်အားအကြီးမားဆုံးသော နိုင်ငံမဟုတ်သည့် စစ်တပ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

၎င်းတို့အနေဖြင့် အစိုးရက မြောက်ပိုင်းရှမ်းပြည်နယ်အတွင်း အထူးဒေသအဖြစ် ဖွဲ့စည်းပေးထားသည့် အခြေအနေအား ပြည်နယ်တစ်ခုအဖြစ် တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။  သို့သော် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အ၀ပေးထားပြီးဖြစ်၍ ယခုကဲ့သို့ ဘောင်ကျော်တောင်းဆိုမှုကို ဆွေးနွေးမှုမပြုလုပ်ရန် အစိုးရက တုံ့ပြန်ခဲ့သည်။

ဥပမာအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ဒေသခေါင်းဆောင်ပိုင်းနှင့် စစ်အင်အားကြီးမားလာမှုက တပ်မတော်၏ ရေရှည်ရည်မှန်းချက်တစ်ခုဖြစ်သည့် နိုင်ငံ၏ပိုင်နက်နယ်မြေအား ဗဟိုအစိုးရ၏ကွပ်ကဲမှုအောက် သို့ ရောက်ရှိရေးကို အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်လျက်ရှိသည်။

ဝ အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးတွင်ငြင်းဆိုခဲ့သည့်အပြင် ပြီးခဲ့သော ၂ နှစ်တာကာလတွင်လည်း တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ နောက်တန်းအခြေစိုက်စခန်းတစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

၂၀၁၅ ခုနှစ် မေလထုတ် အစိုးရပိုင်Global New Light of Myanmar သတင်းစာတွင် ၀ သည် ခွဲထွက်ရေး လမ်းကြောင်းကို ဦးတည်နေသည့်ပုံစံဖြင့် ပြစ်တင်ရေးသားထားပြီး ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ အားစစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် စိန်ခေါ်မှုကို အဆုံးသတ်ရန်ရေးသားဖော်ပြခဲ့သည်။

တရုတ်နယ်စပ်အနီး ၀မြို့တော် ပန်ဆန်းတွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ရေး
ဆွဲရေးညီလာခံတစ်ခုတွင်မူ တပ်မတော်နှင့် ၀၏ မဟာမိတ်တပ်ဖွဲ့များ အကြား ပဋိပက္ခတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကို လွန်စွာစိုးရိမ် မိကြောင်း ၀ခေါင်းဆောင်ပိုင်းက ပြောကြားခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် တရုတ်အကူအညီဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အထောက်အပံ့များသည်လည်း ၀ ၊ ရှမ်း ၊ ကိုးကန့်တရုတ်နှင့် ကချင်အဖွဲ့ စသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းများကိုပါ ထောက်ပံ့ပေးခဲ့သည်။ ၀ခေါင်းဆောင်အနေဖြင့် ထိုစဉ်က မြန်မာနိုင်ငံ၏မြို့ကြီးများတွင် ဒီမိုကရေစီရရှိရေးလှုပ်ရှားသူများ၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်ရလျက်ရှိသော တပ်မတော်အစိုးရနှင့် အလျင်စလိုပင် အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။

တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆို ခဲ့ခြင်းကြောင့် အပြန်အလှန်အားဖြင့် ကွန်မြူနစ်ခေါင်းဆောင်ဟောင်းအဖွဲ့များနှင့် အခြားသောတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းင်းတို့၏ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့များကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို အထူးဒေသများ တရားဝင်ဖွင့်လှစ်ခြင်းနှင့်နိုင်ငံတ၀ှမ်းနေရာအနှံ့အပြား စီးပွားရေးလုပ်ကိုင်ခွင့်များကို ရရှိခဲ့သည်။

သို့သော် ဆယ်စုနှစ်များစွာအတွင်း ရှင်းပြည်အထူးဒေသ (၂) ရှိ UWSA  အဖွဲ့သာလျင် အပစ် အခတ်ရပ်စဲရေးအဖွဲ့များအကြားတွင် ၎င်းင်းတို့၏တပ်ဖွဲ့များနှင့် ထိန်းချုပ်သည့်ဧရိယာတို့ကို အမှန်တကယ် တိုးချဲ့ နိုင်ခဲ့သော အဖွဲ့ဖြစ်သည်။ ၁၉၈၉ခုနှစ်တွင် UWSA အဖွဲ့၏အင်အားမှာ ၁၀၀၀၀ နီးပါးသာရှိပြီး ကွန်မြူနစ် တပ်ဖွဲ့ဝင်အချို့နှင့် ပေါင်းပါက ၁၅၀၀၀ နီးပါးရှိသည်။ ယနေ့အချိန်တွင် UWSA ၌လေ့ကျင့်ပြီး အမြဲတမ်း တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ နီးပါးရှိသည်။
၁၉၈၉ခုနှစ်တွင် အတည်ပြုခဲ့သော UWSA အဖွဲ့၏ထိန်းချုပ်နယ်မြေမှာ သံလွင်အရှေ့ခြမ်းဒေသ၊ ပန်ဆန်းမြို့မြောက်ပိုင်းနှင့် တရုတ်နယ်စပ် အရှေ့တောင်ဒေသတစ်လျှောက်တို့ဖြစ်သည်။ သို့သော် ၁၉၉၀ ပြည့်လွန် နှစ်များတွင် ထိုင်းနယ်စပ်ပေါ်ရှိ ဘိန်းချုပ် ခွန်ဆာ၏ Shan Mong Tai Army နှင့် တိုက်ခိုက်မှုတွင် ၀ တပ်ဖွဲ့အား ကိုယ်စားပြု(Proxy Force) တပ်ဖွဲ့တစ်ခုအဖြစ် အသုံးပြုခဲ့သည်။

၁၉၉၆ခုနှစ် အစောပိုင်းကာလတွင် ခွန်ဆာမှ လက်နက်ချအညံ့ခံခဲ့ပြီးနောက် ၀ ခေါင်းဆောင် ပေါက်ယူချမ်းသည် တောင်ဘက်သို့ တပ်ဖွဲ့များရွှေ့ပြောင်း၍ နယ်မြေတိုးချဲ့မှုများပြုလုပ်ခဲ့သည်။

စပါးစိုက်ပျိုးရန် ခက်ခဲသော ၀ တောင်တန်းဒေသများတွင် ဘိန်းစိုက်ပျိုးမှုပြဿနာများကို ဖြေရှင်းရန်အတွက်ဟု အကြောင်းပြ ၍ထိုဒေသသို့ ပြည်သူ ၇၀၀၀၀ မှ ၁၀၀၀၀၀ နီးပါးကိုလည်း ရွှေ့ပြောင်းခဲ့သည်။
ရလဒ်အဖြစ် ထိုင်းနယ်စပ်တစ် လျှောက်တွင် ၀ တို့အနေဖြင့် မဟာဗျူဟာမြောက်စစ်အင်အားတိုးချဲ့လာနိုင်ခဲ့သည်။ ၎င်းင်းတို့ထုတ်လုပ်သော မူးယစ်ဆေးဝါးဈေးကွက်မှာလည်း လျင်မြန်စွာကြီးထွားလာစေခဲ့သည်။

တပ်မတော်အတွက် ၀ တပ်ဖွဲ့မှာ ရှမ်းသောင်းကျန်းသူ လွှမ်းမိုးသောဒေသများတွင် ကုန်ကျစရိတ်အနည်း ဆုံးတန်ပြန်နိုင်ရန် အထောက်အကူပြုခဲ့သည်။ သို့သော် ၂၀၀၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင်
ဝ နှင့် တပ်မတော်တို့အကြား ဆက်ဆံရေးမှာတင်းမာလာခဲ့ပြီး ၀ တို့၏အင်အားကို ကန့်သတ်ရန်ကြိုးပမ်းရာမှ နေပြည်တော်အစိုးရအား ခြိမ်းခြောက်သည့် အင်အားစုတစ်ခုဖြစ်လာခဲ့သည်။

ပန်ဆန်းမြို့တွင် အခြေစိုက်သော UWSA အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏အင်အားအကြီးမားဆုံးသော လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တစ်ခုသာမက ဖွဲ့စည်းပုံအကောင်းဆုံးသော အဖွဲ့လည်းဖြစ်သည်။ ပန်ဆန်းတွင် စစ်ဦးစီးသင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်ထားသလို မြောက်ပိုင်းနှင့်တောင်ပိုင်းဒေသ ၀ နယ်မြေများတွင် လည်း လေ့ကျင့်ရေးစခန်းများကိုလည်း တည်ဆောက်ထားသည်။ အခြေခံလေ့ကျင့်ရေးသင်တန်းမှာ ၆ လကြာ ပြီး တရုတ်မက်ဒရင်း ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုကြသည်။

၂၀၀၇ခုနှစ်တွင် အဓိကစစ်ဘက်ပြုပြင်ပြောင်းလဲမှုတစ်ခုပြုလုပ်ခဲ့ပြီး အစောပိုင်းတပ်မအခြေခံဖွဲ့စည်းပုံ အား တပ်မဟာဖွဲ့စည်းပုံသို့ပြောင်းလဲခဲ့သည်။  

UWSA တပ်မဟာ၏ အတည်ပြုဖွဲ့စည်းပုံမှာ စစ်သည်အင်အား ၂၅၀၀ မှ ၃၀၀၀ အကြားဖြစ်သည်။ ပန်ဆန်းရှိ ၀ စစ်ဌာနချုပ်အနေဖြင့် ပထ၀ီအနေအထားအရ နှစ်ပိုင်းကွဲပြား နေသော တရုတ်နယ်စပ်ရှိ ၀ ၏အဓိက နယ်မြေအခြေစိုက်မြောက်ပိုင်းဒေသတပ်ဖွဲ့များနှင့် ထိုင်းနယ်စပ်တစ်လျှောက်အခြေစိုက် တောင်ပိုင်းတပ်ဖွဲ့များကို ကွပ်ကဲအုပ်ချုပ်သည်။

ဆက်လက်ဖော်ပြပါမည်။
( မည်သည့်အဖွဲ့အစည်းမှမစော်ကားပါ JDR 1/2016 စာစောင်ပါ Army of autonomy ဆောင်းပါးကို ဗဟုသုတအနေနဲ့ဘာသာပြန်ဖော်ပြခြင်းသာဖြစ်သည်။ ))))
) 



အင်အားကြီးမားလာသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အပိုင်း (၂)

$
0
0

သီးခြားလွတ်လပ်သော တပ်မတော်တစ်ခု(သို့မဟုတ်) အင်အားကြီးမား လာသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အပိုင်း(2)

မြောက်ပိုင်းတပ်ဖွဲ့တွင် အမြဲတမ်းတပ်ဖွဲ့ဝင်အင်အား ၁၄၀၀၀ ခန့်ရှိပြီးခြေလျင်တပ်မဟာ ၄ ခု ဖွဲ့စည်း ထားပါသည်။ ကိုးကန့်ဒေသ(အထူးဒေသ-၁)နှင့်နယ်နိမိတ်ထိစပ်လျက်ရှိသော မြောက်ပိုင်း ၀ တောင်တန်း ဒေသရှိ
Namteuk တွင် အမှတ်(၃၁၈)တပ်မဟာ၊ သံလွင်မြစ်အနောက်ဘက်ကမ်းရှိ အစိုးရတပ်များရှိရာ Tangyan မြို့နှင့် မျက်နှာချင်းဆိုင်အထူးဒေသ(၂)တွင် အမှတ်(၄၁၈)တပ်မဟာ၊ ပန်ဆန်းအရှေ့တောင်ဘက် Mong Pawk အခြေစိုက် အမှတ်(၄၆၈)တပ်မဟာနှင့် သိပ်မကြာသေးမီကမှ ပန်ဆန်း၏အနောက်တောင်ဘက်တွင် အမှတ်(၄၁၉)
တပ်မဟာကိုလည်း ဖွင့်လှစ်ထားသည်ဟုယူဆရသည်။ ခြေလျင်တပ်မဟာများအား ပန်ဆန်းအခြေစိုက် အမြောက်တပ်ရင်းကြီးနှင့် Mong Hpenအရှေ့ဘက် အခြေစိုက်ဗဟိုအစောင့်တပ်ရင်းကြီးက 
အကူပေးသွားမည်ဖြစ်သည်။


၁၉၉၇ခုနှစ်တွင် ထိုင်းနယ်စပ်တွင်အခြေစိုက်သည့် အမှတ် (၁၇၁) စစ်ဒေသကို ဖွင့်လှစ်ခဲ့ပြီး ၎င်းင်းတောင်ပိုင်း တပ်ဖွဲ့တွင် အင်အား ၅၀၀၀ ကျော်ရှိပြီး ၀ါရင့် UWSA ခေါင်းဆောင်ဖြစ်သူ ဝေရှောက်ခန်က ကွပ်ကဲအုပ်ချုပ် သည်။ ကူမင် တန်တပ်များနှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းသို့ ၀င်ရောက်လာသည့် တရုတ်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး နောက် ခွန်ဆာ၏ MTAအဖွဲ့နှင့်ပူးပေါင်းခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုတွင် ကာလကြာရှည်ပါဝင်ခဲ့ သူဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် အမေရိကန်တရားရုံးတစ်ခုကလည်း ဝေရှောက်ခန်ကို မူးယစ်ဆေးဝါးရောင်းဝယ် မှုဖြင့် အဝေးရောက်စွဲချက်တင်တရားစွဲခဲ့သည်။ သူ့အနေဖြင့် UWSA အဖွဲ့၏ အဓိကအကျဆုံးသော ဘဏ္ဍာရေး
ရှာဖွေပေးသူအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ထိုင်းနယ်စပ်နှင့် ၂၀ ကီလိုမီတာအကွာ Mong Ton မြို့ Hwe Aw အခြေစိုက် အမှတ်(၁၇)စစ်ဒေသတွင် တပ်မဟာ ၃ ခုရှိပြီး အခါ၊ လားဟူနှင့် ၀ တောင်တန်းဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုများမှ စစ်သည်များစုဆောင်း၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းင်းတပ်မဟာ ၃ ခုမှာ Mong Jawd အခြေစိုက် အမှတ်(၇၇၂) တပ်မဟာ၊ Hwe Aw အခြေစိုက် အမှတ်(၇၇၅)တပ်မဟာနှင့် Khailong အခြေစိုက် အမှတ်(၇၇၈)တပ်မဟာတို့ဖြစ်သည်။

အခြားထင်ရှားသည့် ၀ လူမျိုးစုတပ်မဟာ ၂ ခုမှာ ၀ တောင်တန်းဒေသများမှ တောင်ဘက်သို့ ရွှေ့ပြောင်း ခဲ့သည့် အမှတ်(၅၁၈) နှင့် အမှတ် (၂၄၈) တပ်မဟာတို့ဖြစ်သည်။ အမှတ် (၂၄၈) တပ်မဟာသည် Hopang-Hoyawd ဒေသတွင် အခြေစိုက်ပြီး အမှတ် (၅၁၈) တပ်မဟာမှာမူ ၂၀၀၀ ပြည့်လွန်အစောပိုင်းကာလများမှ အသစ်တည် ဆောက်ခဲ့သည့်မိုင်းယောင်းမြို့တွင် အခြေစိုက်သည်။

အင်အားအရင်းအမြစ်များ UWSA  တပ်ဖွဲ့တိုက်စွမ်းရည်မြင့်မားလာခြင်း၏ အခြားသော အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် မတွေ့ရသည့် အဓိကအချက် များရှိပါသည်။

ပထမတစ်ချက်မှာ ၁၉၈၉ခုနှစ်တွင် အလုပ်မဖြစ်တော့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မော်ဝါဒီအတွေး အခေါ်အယူ
အဆကို ငြင်းပယ်ခဲ့သည့်တိုင် အထူးဒေသ(၂)အနေဖြင့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီက သာ တစ်ပါတီ စနစ်ဖြင့်အုပ်ချုပ်ခဲ့ပြီး လက်ရှိအသက်ရွယ်ကြီးမြင့်နေပြီဖြစ်သော ဥက္ကဌ ပေါက်ယူချန်က စစ်ဘက် အကြီးအကဲ အဖြစ်လည်းတာဝန်ယူထားသည်။ ထိုကဲ့သို့ စစ်ဘက်အုပ်ချုပ်ရေးစနစ်က ဆင်းရဲသော ပြည်သူလူထုအား တင်းကျပ်စွာအုပ်ချုပ်ရန်နှင့် တပ်သားသစ်စုဆောင်းရန်လွယ်ကူချောမွေ့စေခဲ့သည်။

ယောင်္ကျားလေး ၂ ဦးရှိ အိမ်ထောင်စုတစ်ခုတွင် တစ်ဦးမှာ အခြေခံစစ်သင်တန်းတက်၍စစ်ဘက်တွင် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ သားယောင်္ကျား ၃ ဦး သို့မဟုတ် ၎င်းင်းထက်ပိုပါက စစ်သား ၂ ယောက် ပေးရမည်ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်မှာပင် တပ်သားသစ်အဖြစ် စုဆောင်းပြီး UWSA အဖွဲ့က စားနပ်ရိက္ခာများထောက်ပေးကာ စစ်သင်တန်းများကို သင်ကြားပါသည်။

လယ်သမားစစ်သားများကို အခြေခံ၍ ပြည်သူ့စစ်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားပြီး ၎င်းင်းတွင်စစ်မှုထမ်းဟောင်းများ အများစုပါဝင်ကြသည်။ ၎င်းင်းတို့ကို အရန်အင်အားအဖြစ် လက်နက်တပ်ဆင်လေ့ ကျင့်ပေးထားပြီး စစ်ဖြစ်ပွားပါက အနည်းဆုံးအင်အား ၁၀၀၀၀ မှ ၁၅၀၀၀ နီးပါး အရန်တပ်ဖွဲ့ဝင်များက
အမြဲ တမ်းတပ်ဖွဲ့ဝင်များကို အင်အားဖြည့်အကူပေးနိုင်ရန်  စီစဉ်ထားသည်။

UWSA အဖွဲ့၏အင်အားကြီးမားလာခြင်း၏ ဒုတိယအချက်မှာ ၁၉၈၉ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ခြင်းမှ ၀င်ငွေအမြောက် အများရရှိခဲ့မှု ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ဝေရှောက်ခန့်၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါး အကြီးအကျယ်ထုတ်လုပ်ခဲ့ပြီး မှောင်ခို လမ်းကြောင်းမှ တစ်ဆင့်ရောင်းဝယ်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်မျးတွင် UWSA
ထိန်းချုပ်နယ်မြေ တွင် amphatamine အမျိုးအစားစိတ်ကြွဆွေးပြားများကို အဓိကထုတ်လုပ်ခဲ့ပြီး ထိုင်းနှင့်လာအိုတို့အပြင် ကမ္ဘော ဒီးယား၊ဗီယက်နမ်၊ တရုတ်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသသို့ တင်ပို့ခဲ့သည်။

၂၀၀၂ ခုနှစ် Time မဂ္ဂဇင်းတွင် ဖော်ပြချက်တစ်ခုအရ UWSA အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးရောင်းဝယ် ခြင်းမှ တစ်နှစ်လျှင် ဒေါ်လာသန်း ၅၅၀ အထိ ရရှိခဲ့ကြောင်းသိရသည်။ တစ်ချိန်တည်းမှာပင် UWSA
အဖွဲ့သည် တရားဝင်စီးပွားရေးလုပ်ငန်းမျိုးစုံမှလည်း ၀င်ငွေရရှိအောင်ကြိုးပမ်းခဲ့သည်။ အထူးဒေသ(၂)တွင် ရော်ဘာပင်များ စိုက်ပျိုးရေးနှင့် ရှားပါး rare သတ္တုတူးဖော်ရေးမိုင်းလုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှပ်နှံသူများကို ဖိတ်ခေါ်ခဲ့သလို ဝေရှောက်ခန်ဦးဆောင်သော Hong Ban ဆောက်လုပ်ရေးကုမ္ပဏီအုပ်စုကိုလည်း တည်ထောင်ခဲ့သည်။

စီးပွား ရေးတိုးတက်လာသည်နှင့်အမျှ လမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်မီးလင်းရေးဆောင်ရွက်ခြင်းနှင့် မြို့ပြဧရိယာတိုးချဲ့ ခြင်းတို့ကို တစ်ပြိုင်နက်ဆောင်ရွက်ခဲ့ရာ ၎င်းင်းတို့၏တိုးတက်မှု အဆင့်အတန်းမှာ မြန်မာနိုင်ငံအတွင်း မည်သည့် နေရာထက်မဆို သာလွန်ခဲ့သည်။ တရုတ်ယွမ်ငွေ၊ တရုတ် ဖုန်းကွန်ယက်တို့ကို အသုံးပြုသော အထူးဒေသ(၂)အနေဖြင့် တရုတ်မြို့ငယ်တစ်ခုအလား တိုးတက်ခဲ့သည်။

လက်နက်ဝယ်ယူမှုများ

UWSA အနေဖြင့် တရုတ်တို့နှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်လက်နက်ပစ္စည်းများစွာကို တိုးချဲ့ဝယ်ယူခဲ့သည်။ ဘေဂျင်းအစိုးရအနေဖြင့်လည်း အရေးကြီးသောနယ်စပ်ဒေသများတွင် စီးပွားရေးနှင့် မဟာဗျူဟာလုံခြုံရေးကို အာမခံပေးနိုင်သူအဖြစ် ရပ်တည်နေသော တပ်မတော်အား တန်ပြန်နိုင်ရန်
အင်အားစု တစ်ခုဟု ယူဆထားခဲ့သည်။

တရုတ်နှင့်မြန်မာနိုင်ငံတို့၏ ချော့ချည်တစ်ခါ၊ ရိုက်ချည်တစ်လှည့်ဆက်ဆံရေးပုံစံအရ လည်း ဘေဂျင်း
အစိုးရ၏ အရေးပါသော စီးပွားရေးလုပ်ငန်းများ၊ သံတမန်ရေးနှင့် မဟာဗျူဟာအကျိုးစီးပွားတို့ အတွက်UWSA အဖွဲ့၏တုတ်တစ်ချောင်းအဖြစ် အရေးပါမှုမှာ လျော့နည်းသွားဖွယ်မရှိပေ။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးအဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ များအဖြစ်အသွင်ပြောင်းရန် ဖိအားပေးမှုကလည်း ဆက်ဆံရေး အခြေအနေများ ဆိုးဝါးလာစေခဲ့သည်။ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်အသွင်ပြေင်းရန် ငြင်းဆန်လျက်ရှိသောအဖွဲ့များနှင့် တင်းမာမှုများဖြစ်ပွားနေစဉ်မှာပင် ၂၀၀၉ ခုနှစ် နှစ်လည်ပိုင်းတွင် တပ်မတော်တပ်ဖွဲ့များသည် ကိုးကန့်အထူးဒေသ (၂)ကို ၀င်ရောက်တိုက်ခိုက်ခဲ့ သည်။ ထိုအချက်က BGF အဖြစ်အသွင်ပြေင်းရန် ခေါင်းမာနေသော အခြားအဖွဲ့များကို သတိပေးမှုတစ်ခုလည်း ဖြစ်သည်။

နေပြည်တော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအကြား ထိပ်တိုက်ရင်ဆိုင်မှုများက ဘေဂျင်းအစိုးရကိုလည်း သွယ်ဝိုက်သောအားဖြင့် သက်ရောက်မှုရှိစေခဲ့သည်။ ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် မြန်မာအစိုးရသစ်သည် China Power Investment Corporation က အကြီးအကျယ်ရင်းနှီးမြှုပ်နှံ
ထားသော ကချင်ပြည်နယ်ရှိ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်းကို ရုတ်တရက် ဆိုင်းငံ့ခဲ့သည်။ တစ်ချိန်တည်းမှာပင်မြန်မာနိုင်ငံသည် အနောက်အုပ်စုနှင့် သံတမန်ရေးနှင့်စီးပွားရေးပူးပေါင်း
ဆောင်ရွက်မှုပိုမို တိုးချဲ့ရန် ကြိုးပမ်းလာခဲ့သည်။ မြစ်ဆုံဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ခြိမ်းခြောက်မှုဖြစ်စေသည့် မဟာဗျူဟာတိမ်းစောင်းမှုတစ်ခုလည်း ဖြစ်စေခဲ့သည်။

ဘေဂျင်းအစိုးရ၏စိုးရိမ်ပူပန်မှုများ မြင့်တက်လာလေလေ UWSA အဖွဲ့၏ အဆင့်မြှင့်တင်မှုနှင့် အင်အား တိုးချဲ့မှုသည်လည်း ယခင်ကထက် လျင်မြန်စွာ အရှိန်မြှင့်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၉၀ပြည့်လွန် နှစ်များ အစောပိုင်းကာလတကည်းကပင် UWSA တို့သည် တရုတ်နယ်စပ်မှတစ်ဆင့် စက်သုံးဆီနှင့် အင်ဂျင်ဝိုင် များအပါအ၀င် ခြေလျင်တပ်ဖွဲ့သုံးလက်နက်အမျိုးမျိုးကို ၀ယ်ယူနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလ တွင် ခေတ်ဟောင်းတရုတ်လုပ် ပုံစံ-၅၉ ၇.၆၂ မမ သေနတ်များကို မြောက်ပိုင်းတပ်ဖွဲ့များတွင် တပ်ဆင် အသုံးပြုခဲ့ပြီး ခေတ်မီ ပုံစံ-၈၁ ရိုင်ဖယ်များကိုလည်း အသုံးပြုခဲ့သည်။

ယခင်ကွန်မြူနစ်တပ်ဖွဲ့သုံး ခြေလျင်လက် နက်များကိုလည်း အစားထိုး၍ လက်နက်သစ်များကို အသုံးပြုလျက်ရှိသည်။ ၎င်းင်းတို့တွင် ပုံစံ-၆၉ အာရ်ပီဂျီ ၊ ၁၂.၇မမ နှင့် ၁၄.၅မမ စက်သေနတ်များ၊ ZU-23-2 လေယာဉ်ပစ်အမြောက်၊ ပုံစံ-၆၉ ၅၇မမ နှင့် ပုံစံ-၅၂ ၇၅ မမ နောက်ပွင့်ရိုင်ဖယ်နှင့် စိန်ပြောင်းမျိုးစုံမှသည် ၁၂၀မမ အမြောက်အထိပါဝင်သည်။

၂၀၁၄ခုနှစ်ထုတ် IHS Jane's စာစောင်တွင် UWSA တပ်ဖွဲ့ဝင်များသည် ပုံစံ-၉၆ ၁၂၂ ဟောင်ဝစ်ဇာ နှင့်လေ့ကျင့်နေသော ဓါတ်ပုံအထောက်အထားများကို ဖော်ပြခဲ့သည်။ ၎င်းင်းမှာ ဆိုဗီယက်ပုံစံဟောင်း D-30 အမြောက်ကို Norinco ကုမ္ပဏီက ကော်ပီယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ UWSA အနေဖြင့် ပုံစံ-၅၉ ၁၃၀မမ အမြောက်ကိုလည်း တပ်ဆင်အသုံးပြုနိုင်ခြင်း ရှိ^မရှိကိုတော့ အတည်ပြုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

အလားတူစွာပင် ထိုင်းစစ်ဘက်ထောက်လှမ်းရေးအဖွဲ့ကလည်း UWSA အဖွဲ့သည် တရုတ်လုပ် ပထမ မျိုးဆက် HN-5 စီးရီး ပုခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုလည်း စတင်အသုံးပြုလျက်ရှိသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ အမြောက်စနစ်နှင့် ပုခုံးထမ်းဒုံးပစ်လောင်ချာများ ပစ်ခတ်နိုင်ရန်အတွက် PLA မှ နည်းပြများမှ လာရောက်လေ့ကျင့်ပေး
ခဲ့ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ လွန်ခဲ့သော ၃ နှစ်မှ ၅ နှစ်တာကာလအတွင်း UWSA အဖွဲ့၏ အဆင့်မြှင့်တင် မှု
အထောက်အထားများမှာ အတော်လေးသိသာလာခဲ့ပြီဖြစ်သည်။ ၎င်းင်းတို့အနေဖြင့် အရည်အသွေးနှင့် အရေအတွက် နှစ်ခုစလုံးကို အဆင့်မြှင့်တင်လျက်ရှိသည်။ PLA မှ နည်းပြများက UWSA ဌာနချုပ်တွင် လာရောက် တွဲဖက်၍လေ့ကျင့်သင်ကြားပေးလျက်ရှိနေသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိသေးပေ။ သို့သော် သမိုင်း ကြောင်းဆိုင်ရာ ရင်းနှီးမှုများအရ ထိုကဲ့သို့ ဆောင်ရွက်ပေးပါကလည်း အံ့သြစရာအကြောင်းမရှိပေ။

လက်နက်ငယ်မျးအဆင့်တွင် UWSA အဖွဲ့သည် PLA စံပြုချေမှုန်းရေးရိုင်ဖယ် ၅.၈မမ Bull-pup ပုံစံ QBZ-95 နှင့် CS/LSO 6 9 စက်ကလေးနှင့် ယှဉ်တွဲအသုံးပြုနေပြီဖြစ်သည်။ အထက်ပါလက်နက်နှစ်မျိုးနှင့် RPG လက်နက်သစ်များအား ၂၀၁၅ခုနှစ် အစောပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည့် အမှတ်(၄၁၉)တပ်မမှ တပ်ဖွဲ့ဝင်များစစ်ရေးပြအခမ်းအနားဓါတ်ပုံတွင်မြင်တွေ့နိုင်ပါသည်။ အစောပိုင်းတွင် ပြောကြားခဲ့သည့် ပုံစံ-၈၁ ချေမှုန်းရေးရိုင်ဖယ်များကို ခေတ်ဟောင်း ပုံစံ-၅၉ များနေရာတွင် အစားထိုးနေခြင်းမှာ အဆင့်မြှင့်တင်မှုတစ်ခုကို စတင်နေသည့် အမှတ်အသားတစ်ခုဖြစ်ပြီး လာမည့်နှစ်များအတွင်းအခြားရှေ့တန်း တိုက်ခိုက်ရေးဖွဲ့စည်းပုံများကို တိုးချဲ့ဖွဲ့စည်းဖွယ်ရာလည်း ရှိနေပါသည်။

၎င်းင်းတို့၏ HN-5 ပုခုံးထမ်းဒုံးများကို တတိယမျိုးဆက် FN-6 စနစ်၏စွမ်းဆောင်ရည်နီးပါးအထိ ရောက် ရှိအောင် အဆင့်မြှင့်တင်ထားကြောင်း သိရသည်။ ဆီးရီးယားစစ်ပွဲအတွေ့အကြုံအရ FN-6 သည် Mil Mi-24 'Hind' Gunship၊ K8 Karakoram တိုက်လေယာဉ်နှင့် အနိမ့်ပျံသန်းလာသော MiG-29 Fulcrum တို့အတွက် သတိထားရမည့် လက်နက်တစ်ခု ဖြစ်သည်။ သံချပ်ကာချေမှုန်းရေးစွမ်းရည်အတွက်လည်း Type-69 RPG-7 နှင့် တရုတ်လုပ် HJ-8 မျက်မြင်ပဲ့ထိန်း စနစ်သုံး တင့်ဖျက်ပဲ့ထိန်းဒုံးတို့ကို ပိုင်ဆိုင်ထားပါသည်။ HJ-8 သည် အကွာအဝေး မီတာ ၃၀၀၀ မှ ၄၀၀၀ အထိ ပစ်ခတ်နိုင်ပါသည်။

ဆက်လက်ဖော်ပြပါမည်။( မည်သည့်အဖွဲ့အစည်းမှမစော်ကားပါ JDR1/2016 စာစောင်ပါ Army of autonomy ဆောင်းပါးကို ဗဟုသုတအနေနဲ့ဘာသာပြန်ဖော်ပြခြင်းသာဖြစ်သည်။ )


တပ်မတော်ဘက် စ ကစားလိုက်တဲ့ လွှတ်တော်ဇာတ်ခုံ အခင်းအကျင်း

$
0
0


ရန်ကုန်၊ ဇန်န၀ါရီ ၃၀
ဒုတိယကြိမ်မြောက်ပုံမှန်လွှတ်တော်အစည်းအဝေးအတွက် တပ်မတော်က အဆင်သင့်ဖြစ်နေပါပြီ။ လွှတ်တော်မှာ နေရာယူ ကြမယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၈၆ ဦးစာရင်းက ဇန်န၀ါရီလအတွင်းမှာ နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချို့ကတော့ အသစ်စက်စက်၊ တချို့ကတော့ ပထမအကြိမ်ပုံမှန်လွှတ်တော်အစည်းအဝေးမှာ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ပါဝင်ပါတယ်။

လွှတ်တော်ဇာတ်ခုံမှာ တပ်မတော်က အခြေခံဥပဒေအရ လေးပုံတစ်ပုံခွဲတမ်းက ရပြီးသားဖြစ်ပေမယ့်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာအများစု အနိုင်ရသွားလေတော့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က လာမယ့် ဒုတိယကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွေမှာ အားအကောင်းဆုံး အတိုက်အခံအုပ်စု ဖြစ်ဖွယ်ရှိတယ်။
အရင် အတိုက်အခံ အနည်းစု၊ အခုအချိန်မှာ အာဏာရပါတီတဖြစ်လဲ ထွန်းတောက်လာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မူဝါဒတွေစီးချင်းထိုးနိုင်ဖို့အတွက် တပ်မတော်က သူ့မှာရှိတဲ့ အတော်ဆုံး၊ အထက်မြက်ဆုံး အရာရှိကြီးတွေ၊ အရာရှိတွေ လွှတ်တော်ဇာတ်ခုံကို စေလွှတ်မှာတော့ ကျိန်းသေပဲ။
၂၀၁၁ခုနှစ်က ၂၀၁၆ခုနှစ်အထိ ကာလက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေအတွက် နိုင်ငံရေး စမ်းသပ်ကွင်း၊ အာဏာရပါတီနဲ့ အတိုက်အခံပါတီတို့အတွက် မျှခြေတစ်ခုထက် ဘာမှမပိုခဲ့ဘူး။
လွှတ်တော်ကိုနှုတ်မဆက်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ
----------------------------------------------------------------------------------
ဖေဖော်ဝါရီ ၁၈မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်လိုက်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စာရင်းတွေကိုကြည့်ရင် အမျိုးသားလွှတ်တော်မှာ ပထမအကြိမ်ပုံမှန် လွှတ်တော်သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိ ၄၄ ဦးပြန်ပါလာတယ်။ ဒီထဲမှာ ၁၁ ဦးက ၂၀၁၁ခုနှစ် လွှတ်တော် စတင်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေဖြစ်တယ်။ ပြည်သူ့လွှတ်တော်ထဲမှာဆိုရင် ဗိုလ်မှူးကြီးနဲ့ အထက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးမှာ ၈ ဦးက ၂၀၁၂ခုနှစ်ကတည်းက လွှတ်တော်ဇာတ်ခုံမှာ တာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်တယ်။ ဗိုလ်မှူးချုပ်တင့်စိုးတစ်ဦးသာ ၂၀၁၄ခုနှစ် မေလ ပိုင်းမှာ ပြည်သူ့လွှတ်တော်ကို ရောက်လာတာဖြစ်တယ်။
အတော်ဆုံးတွေ လွှတ်လိုက်တယ်
------------------------------------
ကနေ့လွှတ်တော်ဇာတ်ခုံမှာ ကပြအသုံးတော်ခံမယ့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေမှာ အဆင့်မြင့်အရာရှိကြီးတွေ ဒါဇင်နဲ့ချီ ပါဝင်လာတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နှစ်ရပ်မှာ ဗိုလ်ချုပ်သုံးဦးတောင် ပါဝင်လာတယ်။ ဒီသုံးဦးမှာ ဗိုလ်ချုပ်သန်းစိုး( DSA -23 ) တွဲဖက် စစ်ရေးချုပ် က new comer( ပြည်သူ့လွှတ်တော် ) ။ ကျန်တဲ့ ဗိုလ်ချုပ်တောက်ထွန်း (တေဇ -၁၀)က တပ်အင်အားဖြည့်တင်းရေး ညွန်ကြားရေးမှူးချုပ်၊ ဗိုလ်ချုပ် သန်းထွဋ်သိန်း (DSA -27 ) က ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်တို့ ဖြစ်တယ်။ ဗိုလ်ချုပ်တောက်ထွန်းနဲ့ ဗိုလ်ချုပ် သန်းထွဋ်နိုင်တို့က ပြည်သူ့လွှတ်တော်မှာ ဦးဆောင်မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်တောက်ထွန်းက ၂၀၁၂ခုနှစ် ဧပြီလ ၂၂ ကနေ စတင်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ အမျိုးသားကာကွယ်ရေးတက္ကသိုလ်ကျောင်းဆင်း အရာရှိကြီးလည်းဖြစ်တယ်။
ဦးသန်းရွှေရဲ့ အစီအမံ
------------------------
၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာ လွှတ်တော်ဇာတ်ခုံမှာ တပ်မတော်သားအစုအဖွဲ့တွေရဲ့ အခင်းအကျင်းက အရာရှိငယ်တွေအများစုဖြစ်ခဲ့တယ်။ ဒီလိုဖြစ်ခဲ့ရတာကလည်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)သန်းရွှေ ရဲ့
အစီအမံပဲဖြစ်တယ်။ အရာရှိငယ်တွေက တက်သစ်စမို့၊ ဘာအရောင်၊ ဘာအပြစ်မှ မရှိဘူး။ အရာရှိကြီးတွေကတော့ အနည်းနဲ့အများ အမည်းစက်တွေရှိတယ်ဆိုပြီး၊ တမင်သက်သက်ကို အရာရှိငယ်တွေကို ထည့်သွင်းနေရာချပေးခဲ့တာ ဖြစ်တယ်။ ဒါပေမယ့်၊ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အောင်နိုင်မှုအရ တပ်မတော် ဘက်က လွှတ်တော်ဇာတ်ခုံမှာ နေရာအခင်းအကျင်း၊ အထားအသိုတွေ ပြောင်းလဲလာခဲ့တယ်။ တပ်မတော်ဘက်က ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲပြီးတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၉ ဦးနေရာမှ ဗိုလ်မှူးချုပ် ရှစ်ဦး ပါဝင်တဲ့ အရာရှိကြီးတွေနဲ့ အစားထိုးမှုတွေလုပ်လာခဲ့တယ်။ ဒါက တပ်ဘက်က လွှတ်တော်ဇာတ်ခုံမှာ စတင်ပြောင်းလဲ လာတဲ့ အထားအသိုတစ်ခု။
လာမယ့် ဒုတိယအကြိမ်ပုံမှန် လွှတ်တော်အစည်းအဝေးအတွက် တပ်မတော်ဘက်က ခြေလှမ်းတစ်လှမ်း စရွေ့လိုက်ပြီလို့ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်သုံးဦး၊ ဗိုလ်မှူးချုပ် ၁၂ ဦး၊ ဗိုလ်မှူးကြီး ၁၁ ဦးအသီးသီးတို့က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာ တို့မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို ဦးဆောင်သွားကြမှာပါ။ ဒီအရာရှိကြီးတွေ ၂၆ ဦးမှာ အသစ်တွေဆိုလို့ ဗိုလ်ချုပ်သန်းစိုး ( DSA -23 ) ၊ ဗိုလ်မှူးချုပ် (OTC-6 )၊ ဗိုလ်မှူးချုပ်ကျော်ဆွေဦး ( DSA-21 )၊ ဗိုလ်မှူးချုပ် စိုးမြင့် ( OTC-6)၊ ဗိုလ်မှူးချုပ်ဝင်းဆွေ (DSA-24 )၊ ဗိုလ်မှူးချုပ်သန်းလွင် ( DSA-21) ၊ ဗိုလ်မှူးကြီး ထွန်းအုန်းသန်း ( OTC-13 )၊ ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေ (DSA -31 )၊ ဗိုလ်မှူးကြီး မင်းသန်း (DSA- 33 ) တို့ပဲဖြစ်ပါတယ်။
နေပြည်တော်ကွင်းမှာ ခြေစွမ်းသာနိုင်ပါ့မလား
-------------------------------------------------
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း အတွေ့အကြုံရှိတဲ့ ပထမအကြိမ်မြောက်လွှတ်တော်သက်တမ်းက ကိုယ်စားလှယ်တွေအတော်များများကို ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့တယ်။ ဒါက ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ လွှတ်တော်ဥက္ကဋ္ဌတွေ ဒါမှမဟုတ် ၀န်ကြီးချုပ်အဖြစ် လျာထားကစားချင်လို့ လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်၊ ဒီလို အတွေ့အကြုံရှိ၊ အရည်အချင်းမြင့်မားတဲ့ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဖြန့်ခွဲ ခင်းကျင်းလိုက်တဲ့အတွက် နေပြည်တော်မှာ ဒေါင်ဒေါင်မြည် လွှတ်တော်ကိုယ်စားလှယ်တွေ အရေအတွက်က အတိုင်းအတာတစ်ခုအထိ လစ်ဟာသွားစေပါတယ်။
ကြည်း၊ ရေ၊ လေ
--------------------
လွှတ်တော်နှစ်ရပ်စလုံးကို ဦးဆောင်နိုင်ဖွယ်ရှိတဲ့ အရာရှိကြီးတွေ အားလုံးက ၁၉၆၀အစောပိုင်းမှာ မွေးဖွားလာကြတဲ့ သူတွေဖြစ်ပြီး၊ ၁၉၈၀လယ်ပိုင်းမှာ အရာရှိတွေဖြစ်လာတာပါ။ အများစုက တပ်မတော်(ကြည်း) ကဖြစ်ပါတယ်။ တနသာင်္ရီတိုင်းဒေသကြီးလွှတ်တော်မှာတောင် တပ်မတော်(ရေ)က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မှ မပါဝင်ပေမယ့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ် အသီးသီးရဲ့ လွှတ်တော်တွေမှာတော့ တပ်မတော် (ရေ)ကလာတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပြန်တယ်။ ပြည်သူ့လွှတ်တော်မှာ ပါဝင်လာတဲ့ ဗိုလ်မှူးချုပ်သန်းလွင်နဲ့ အမျိုးသားလွှတ်တော်မှာ ပါဝင်လာတဲ့ ဗိုလ်မှူးချုပ်ကျော်ဆွေတို့ကတော့ တပ်မတော် (လေ)ကပါ။ တိုင်းဒေသကြီးလွှတ်တော်တွေမှာတော့ မကွေး၊ ဧရာဝတီ၊ ရန်ကုန်တို့မှာ တပ်မတော်(လေ)က အရာရှိတွေ ပါဝင်လာတာကို တွေ့ရပါတယ်။ တပ်မတော်(လေ) ဆိုလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေရဲ့ သမက်တော်စပ်သူ ဗိုလ်မှူးချုပ် သိန်းနိုင်ကလည်းတပ်မတော်(လေ)ကပါပဲ။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်နိုင်ဖွယ်ရှိတယ်လို့တောင် မှတ်ချက်ပြုပါတယ်။ ရန်ကုန်ကလွှဲလို့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ခုရဲ့ လွှတ်တော်အသီးသီးမှာ ဗိုလ်မှူးကြီးတစ်ဦးစီက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို ဦးဆောင်သွားဖွယ်ရှိပါတယ်။
ထိပ်တန်းဦးစားပေးများ
------------------------
လာမယ့် ဒုတိယပုံမှန်လွှတ်တော်အစည်းအဝေးတွေမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တွေက သာမန်ဥပဒေပြုရေးတွေထက် ခက်ခဲတဲ့ဥပဒေရပ်ကိစ္စတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တွေမှာ အဓိက အာရုံစိုက်ကြမှာပါ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကလွှဲလို့ အခြား ကိစ္စရပ်တွေမှာ ဗီတိုအာဏာကို အသုံးပြုဖွယ်မမြင်ပါဘူး။ ပြည်ထဲရေး၊ ကာကွယ်ရေး စတဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ပဲ တက်တက်ကြွကြွ ပါဝင်ဖို့များပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာလည်း ဥပဒေပြုရေးနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဥပဒေကြမ်းအနည်းငယ်ကိုသာ အဆိုတင်ခဲ့တာပဲရှိပါတယ်။
ဒါပေမယ့်၊ တပ်မတော်ဘက်က ပြည်ထောင်စုလွှတ်တော်တွေမှာ ခင်းကျင်းလာတဲ့ နေရာချပုံကို ကြည့်ရင် ယခင်က ပထမအကြိမ်ပုံမှန်လွှတ်တော်အစည်းအဝေးတွေထက် အဆုံးအဖြတ်၊ အတွန်းအတိုက်က ပြင်းထန်ပြီး အားပါလာနိုင်တယ်။ ဒီအခင်းအကျင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ လုံးဝလျှော့တွက်လို့ မရဘူး။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များရဲ့ ပညာအရည်အချင်း
-------------------------------------------------------------------------
လွှတ်တော်ဇာတ်ခုံမှာ ခင်းကျင်းကပြသမယ့် အရာရှိတိုင်းက အနည်းဆုံးတော့ ဘွဲ့ရပညာတတ်တွေချည်းပါပဲ။ အများစုက အင်ဂျင်ယာဘာသာရပ်၊ science တွေနယ်ပယ်တွေမှာ မဟာဘွဲ့ ၊ တစ်ချို့တလေဆို ပါရဂူအထိ ရှိနေတဲ့သူတွေဖြစ်ပါတယ်။ အရပ်ဘက်က လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ၂၄၀ကျော်လောက်က ခေသူမဟုတ် ( အတန်းပညာသိပ်မမြင့် ၊ ဘွဲရသူများ မဟုတ်) သူတွေလို့သိရတယ်။ ဒီအညွန်းကိန်းကလည်း ရင်လေးစရာပါပဲ။ ဒါ့အပြင်၊
အရပ်ဘက်နိုင်ငံရေးသမားတွေဘက် တက်လာမယ့် လွှတ်တော် ဒုတိယဥက္ကဋ္ဌတစ်ဦးဆိုရင် တက္ကသိုလ်ဝင်တန်း(ခ) ပါပဲ။
ပြည်ထောင်စုလွှတ်တော် တစ်နည်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာ ဦးစားမယ့် ဗိုလ်မှူးကြီးနဲ့ အထက်အရာရှိကြီးအားလုံးနီးပါးက အမျိုးသားလုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ စီးပွားရေးဘာသာရပ်တွေကို နောကျောအောင် သင်ကြားလေ့လာရတဲ့ အမျိုးသားကာကွယ်ရေးတက္ကသိုလ်ကျောင်း ဆင်းတွေဖြစ်ပါတယ်။
တပ်မတော်က တင်မယ့် ၀န်ကြီးသုံးဦး
-----------------------------------------
ဇန်န၀ါရီလကုန်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ တပ်ချုပ်၊ ဒုတပ်ချုပ်တို့အပြင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ( စစ်ဦးစီးအရာရှိချုပ်-ကြည်း )၊ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်ဦး (စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် )၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ( စစ်ဥပဒေချုပ်) တို့တက်ရောက်ခဲ့တယ်။ ဒီ ဒုတိယဗိုလ်ချုပ်ကြီး သုံးဦးက တပ်မတော်က ခန့်အပ်မယ့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးအဖြစ် တစ်ပြေးနေပါတယ်။
ဒီလပိုင်းမှာ လူဝင်ကြီးကြပ်ရေးဝန်ကြီးဌာနကို ပြည်ထဲရေးလက်အောက်ခံ ဦးစီးဌာနအဖြစ် သွတ်သွင်းဖို့က ကြိုးစားလာတာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်က ၀န်ကြီးဌာနကို လျှော့ချဖို့ အထောက်အကူဖြစ်တာကမှန်ပါတယ်။ ဒါ့အပြင်၊ ယခင်ကလည်း လူဝင်ကြီးကြပ်ရေးဝန်ကြီးဌာနဆိုတာကလည်း ပြည်ထဲရေးလက်အောက်ခံ ဦးစီးဌာနဖြစ်ခဲ့တာပါ။ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ အဓိကအားသာချက်က တစ်နိုင်ငံလုံးမှာရှိတဲ့လူတွေရဲ့အချက်အလက်က သူဆီမှာရှိတဲ့အပြင်၊ နိုင်ငံသားဖြစ်မှု အထောက်အထားတွေကလည်း သူဆီမှာပဲရှိပါတယ်။ အချက်အလက်ကို လက်ဝယ်ထားနိုင်သူက ဘယ်လို မဟာဗျူဟာတိုက်ပွဲမှာမဆို အားသာနိုင်တယ်ဆိုတဲ့ အချက်နဲ့ စဉ်းစားကြည့်မယ်ဆိုရင် ဒီလို့စီစဉ်မှုက တစ်ဘက်ကကြည့်ရင် တပ်မတော်က အမျိုးသားလုံခြုံရေးရှုထောင့်ကနေကြည့်ပြီး ပြည်ထဲရေးဘက် ဆွဲသွင်းတာလားလို့ လည်း ကောက်ချက်ဆွဲနိုင်သလို၊ နိုင်ငံရေးရှုထောင့်ကကြည့်ရင်တော့ ဒါက တပ်မတော်ဘက်က ပါဝါချဲ့လိုက်တာလို့ လည်းတစ်မျိုးတစ်ဘာသာ ကောက်ယူနိုင်ပြန်တယ်။
တပ်မတော်က တင်မယ့် သမ္မတလောင်း
--------------------------------------------
တပ်မတော်ဘက်က တင်မယ့် သမ္မတလောင်းတွေထဲမှာ ကြည်း၊ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်လို့ကြားရပါတယ်။ တပ်မတော်ဘက်က ဒုတိယသမ္မအဖြစ် တပ်မတော်(ကြည်း)ဘက် သီဟသူရတင်အောင်မြင့်ဦး၊ တပ်မတော်(ရေ) ဦးဥာဏ်ထွန်း၊ ခု တပ်မတော်(လေ)က ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကို အလှည့်ကျပေးနိုင်မလားဆိုတဲ့အချက်၊ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်က အရာရှိငယ်ဘ၀မှာ အမေရိကန်ပြည်ထောင်စုမှာ စစ်ပညာသင်ကြားလေ့လာခဲ့တာရယ်၊ မြန်မာ့တပ်မတော်က အနောက်နိုင်ငံကြီး တပ်မတော် တွေနဲ့ ချဉ်းကပ်ဆက်ဆံလာတဲ့ ပေါ်လစီအရွေ့အပြောင်းတွေကြောင့်၊ ဒါ့အပြင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ၀န်ကြီးတွေနေရာမှာဒုတိယဗိုလ်ချုပ်ကြီး အဆင့်အရာရှိကြီးတွေကို လျာထားတယ်ဆိုတဲ့အချက်တွေကို စုပေါင်းသုံးသပ်ရင် ဒီခန့်မှန်းချက်က ဖြစ်နိုင်ခြေရှိနိုင်ပါတယ်။

ရည်ညွန်း။ ။
၁ Renaud Egreteau , Myanmar military chief revamps his parliamentary team
၂။ Maung Aung Myoe, A quick to Myanmar’s Military MPs
၃။ သောင်းဝေဦး၊ ကျွန်တော်သိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
၎။ Discussion with Senior Analysis


ရိုသေစွာဖြင့်

ကိုဇန်

https://www.facebook.com/kozam.thang/posts/1021111687911720:0 မှ ကူးယူဖော်ပြပါသည်။ 

မှတ်မှတ်ရရ ငယ်ဘဝများ (၇)

$
0
0


ရေပေါ်လှုပ်ရှား စစ်ကစားသူများ မွေးရာမြေ  (အပိုင်း-ဂ)


ကျွန်တော်ဆိပ်ကြီးမှာနည်းပြ ဆရာပေါက်စဘဝနဲ့ တာဝန် ထမ်းဆောင်ရင်း မကြာခင်ကာလမှာပဲ ၁၉၈၈ အရေးအခင်းကြီး ဖြစ်ပွားပါတယ်။ အဲဒီတုန်းက ကျွန်တော်နဲ့ သူငယ်ချင်းသူရနိုင် (ကပ္ပတိန်သက်ထွန်းနိုင်Master F.G) တို့ နှစ်ယောက်က ရန်ကုန်နန်းသီ တာဆိပ်ကမ်းအနီးက ရေတပ်ပင်မတိုင်းတာရေးတပ်မှာ ဖွင့်လှစ်တဲ့အရာရှိ ဦး/ရေး/ထောက် မွမ်းမံသင်တန်းကို တက်ရပါတယ်။



မှတ်မှတ်ရရသင်တန်းဖွင့်တဲ့နေ့က ၁၉၈၈ ခုသြဂုတ်လ (၈) ရက်နေ့နံနက် (၈) နာရီ၊ သင်တန်းသားအရာရှိ(၈) ယောက်နဲ့ဖွင့်တာပါ။ သင်တန်းကို ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီးသန်းညွန့် လာရောက် ဖွင့်လှစ်ပေးပါတယ်။ သင်တန်းဖွင့်ပြီးနောက် နံနက်ပိုင်းမှာ တိုင်းတာရေးတပ်မှူးကြီးက သင်တန်း မိတ်ဆက်စကား လာရောက်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာပဲ သမိုင်းတွင်မဲ့ လူထုအုံကြွလှုပ်ရှား
မှုကြီးဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တမြို့လုံး လမ်းတွေပိတ်ဆို့၊ ဘတ်စ်ကားနဲ့ အခြားယာဉ်သွားလာမှုအားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ အခြေအနေ တစတစ ဆိုးရွားလာပြီး ကျွန်တော်တို့သင်တန်းလည်း (၁ဝ) ရက်နေ့နံနက်မှာ ရပ်ဆိုင်းပစ်လိုက်ပါတော့တယ်။


နယ်ကလာတက်တဲ့ သင်တန်းသားတွေကို  ဧရခအရာရှိရိပ်သာကို  တွဲဖက်လိုက်ပြီး ရန်ကုန်နဲ့ဆိပ်ကြီးက အရာရှိများကိုတော့ သက်ဆိုင်ရာ မိခင်တပ်တွေကို ပြန်စေလွှတ်လိုက်ပါတယ်။ ဆိပ်ကြီးကို ပြန်ရောက်ပြီး နောက်မှာတော့ သံလျင်မှာလည်း လူထုဆန္ဒပြပွဲတွေပြင်း ထန်လာတဲ့အတွက် ကျွန်တော်တို့    ရလခက အရာရှိတွေ သံလျင်တပ်နယ်မှာရှိတဲ့  စက်ရုံတွေကို အလှည့်ကျလုံခြုံရေးတာဝန် သွားရောက် ထမ်းဆောင်ကြရပါတယ်။


ရအကမှ ဗိုလ်မှူးအေးကျော်၊ ရလကမှ ဗိုလ်မှူးဝင်းလွင်(စတသ-၁ဝ)၊ ရစကမှ EO ဗိုလ်ကြီး ချစ်ဆန်းထွန်း၊ ဗိုလ်
ကြီး ဇော်ညွန့်၊ ရအတမှ ဗိုလ်ကြီးမျိုးအောင်၊ ရအကမှ ဗိုလ်ကြီးဥာဏ်ထွန်း၊ ရလကမှ ဗိုလ်ကြီးလွင်ဦးနဲ့ ကျွန်တော်တို့ သံလျင်ရေနံချက်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ထုပ်ပိုးစက်ရုံ၊ ဖန်ချက်စက်ရုံ။ ဖိနပ်စက်ရုံနဲ့ ဓာတ်ဘူးစက်ရုံတွေ ကို လုံခြုံရေး တပ်ခွဲများနဲ့အတူ သွားရောက်တာဝန်ထမ်းဆောင် ကြရပါတယ်။ တခါတလေ ဟိုက်ဒြိုဘတ်စ် ဖယ်ရီဘုတ်နဲ့
လည်း ဓနုတ်ချောင်းနဲ့ မှော်ဝန်းချောင်းဝတွေမှာ ညဘက်လုံခြုံရေး လှည့်ကင်းလှည့်ကြရပါတယ်။ 


ရန်ကုန်ဘက်ကမ်းကိုလည်း သွားလာခွင့်ပိတ်လိုက်တဲ့အတွက် ကျွန်တော်တို့တွေ လုံခြုံရေးတာဝန် မထမ်းဆောင်ရတဲ့ အခါတပ်မှာပဲ အသင့်နေကြရပါတယ်။ သင်တန်းတွေလည်း ရပ်ဆိုင်းထားတဲ့အတွက် ကျွန်တော်တို့ ကိုယ့်ကျောင်းအသီးသီးမှာ သင်ခန်းစာတွေ ပြင်ဆင်၊ စာဖတ်။ ညဘက်မှာတော့ တပ်တွင်းဆေးခန်း ဆရာဝန်ဗိုလ်ကြီးဒေါက်တာ ဝင်းဌေးအောင် (ယခုဗိုလ်မှူးကြီး) တို့ အိမ်မှာစုပြီး တီဗွီကြည့် သတင်း နားထောင်ကြပါ
တယ်။ ဆေးမှူးကြီးကတော် အမဒေါ်ဖြူဖြူ ကလည်း သူ့အိမ်မှာ တီဗွီလာကြည့်ကြတဲ့ ကျွန်တော်တို့အုပ်စုတွေကို ဗူးသီးကြော်၊ လ္ဘက်သုတ်၊ ရေနွေးကြမ်းနဲ့ ဧည့်ခံရှာပါတယ်။ ဒီလိုနဲ့ သူတော်ချင်း ချင်းသတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြပြီး ညဘက်ဆေးမှူးကြီးအိမ်မှာ တီဗွီကြည့်ရင်း အပျင်းပြေ ပိုကာဝိုင်းဖွဲ့ကြပါတယ်။ ရလခနဲ့ အိမ်နီးချင်း CNAD က တပ်မှူးကြီး (စတသ-၃) ကပါ ၊ဒုတပ်မှူး ဗိုလ်မှူး ခင်မောင်စိုး၊ ရအတက ဗိုလ်မှူးမြသန်း၊ စက်ကျောင်းက ကိုချစ်ဆန်းထွန်းနဲ့ ဇနီးမမူ၊ ကိုဇော်ညွန့်၊ ရအတက ဗိုလ်ကြီးမျိုးအောင် ၊ဗိုလ်မှူးခင်မောင်မောင်တို့  ညတိုင်းလိုလို ဆုံကြပါတယ်။ G3 ကိုစောနိုင်နဲ့ ကျွန်တော်ကတော့ အငယ်ဆုံးတွေဆိုတော့ အိမ်ဖြည့်လိုအပ်ရင် လိုအပ်သလိုဆေးမှူးကြီး အိမ်ကလှမ်းခေါ်ရင်သွားပြီးဝိုင်းကြရပါတယ်။


သူတို့ပိုကာဝိုင်းက အလယ်ပုံထည့်ပြီှး ကိုယ့်ဖဲမှာ ဂျိုကာတကောင်၊ စပိဒ်တစ် နဲ့ ဒိုင်းမွန်းဆဲဗင်းသုံးချပ်ပါရင် Tri Bonus ဆိုပြီး စားတာလည်းပါတယ်ဗျ။ ကျွန်တော်က မရိုက်တတ် ရိုက်တတ်၊ဖဲ (၁၃) ချပ်တောင် လက်ထဲက လွတ်မကျအောင် အချိုးပြေပြေမ ကိုင်တတ်တော့ ဘေးကအမြင်မတော်တဲ့ သူကဝင်ဝင်စီပေးရတယ်။ သူတို့ရဲ့ထရိုင်
ဘိုးနပ်စ်ကိုလည်း သိတ်မကျွမ်းကျင်တော့ ကျွန်တော့်မှာ ဂျိုကာတကောင်၊ စပိဒ်တစ်နဲ့ ဟတ်ဆဲဗင်းပါရင် စားလို့ရတယ်ဆိုပြီး ကျွန်တော်စားနေတာ သုံးခေါက်လောက်ရှိတော့ အီးအိုကြီးကတော် မမူက မသင်္ကာဖြစ်လာဟန် တူတယ်။ ကျွန်တော့် ထရိုင်ဖဲသုံးချပ်ယူကြည့်တော့ ဒိုင်းမွန်းဆဲဗင်းမပါ ပဲ ဟတ်ဆဲဗင်းနဲ့ ယူယူစားနေမှန်း သိသွားပြီး
ကျွန်တော့်ကိုလည်း မူရင်းနာမည်ကနေ ထရိုင်လျှမ်း လို့နာမည်ပေးခံလိုက်ရပါတယ်။ သိဘူးလေဗျာ၊ ဖဲရိုက်တတ်ခါစ အနီရောင် (၇) ပွင့်ပါရင် စားလို့ရတယ်ထင်တာကိုး။ ဒီလိုဆိုလို့ ကျွန်တော်တို့ကို အလုပ်မရှိဖဲ ပဲရိုက်နေတဲ့ ဖဲသမားတွေလို့ အထင်မမှားစေချင်ပါဘူး။ ရေတပ်သင်္ဘောတွေနဲ့  အပြည်ပြည်ဆိုင်ရာ သင်္ဘောတွေပေါ်က အသက်ကယ်ဖောင်တွေထဲမှာ အရေးပေါ်အချက်ပြမီး၊ ရေ အစားအစာများနဲ့ အတူ ငါးမျှားချိတ်၊ ဖဲထုပ်တွေကို သက်ဆိုင်ရာထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ထည့်သွင်းပေးထားပါတယ်။


တညမှာတော့ အဲဒီတုန်းက တယောက်ဆင်း တယောက်တက်နေတဲ့ အထဲက သမ္မတတစ်ဦး တာဝန်ထမ်းဆောင်ပြီး ရက်သတ္တသုံးပတ်လောက်အကြာမှာပဲ နှုတ်ထွက်ကြောင်း တီဗွီသတင်းက ကြေညာတော့ ဘယ်သူကစလိုက်လဲ မသိဘူး ဆေးမှူးကြီးအိမ်မှာ ဝိုင်းဖွဲ့နေတဲ့ အုပ်စုတခုလုံးလိုလို လက်ခုပ်တွေတီးပြီး ဝမ်းသာအားရ အားပေးပါတော့
တယ်။ ဆေးမှူးအိမ်နဲ့ ခဲတပစ်လောက်မှာတော့  ဒုဌာနချုပ်မှူးအိမ်ရှိတယ်ဗျ။ ဒုဌာနချုပ်မှူးက (စတသ-၄) ကပါ။ နောင်ဒုဝန်ကြီးနဲ့ အငြိမ်းစားယူပါတယ်။ နောက်နေ့မနက် ပုံမှန်ရုံးတက်ချိန်မှာ G2 ရုံးက ဆက်သားက မနေ့ညက ဆရာဝန်အိမ်မှာ ဖဲရိုက်ပြီးဆူညံလက်ခုပ်တီးကြတဲ့ အရာရှိအားလုံး ဒုဌာနချုပ်မှူးထံ တန်းအပ်ပြီး မနက် (၉) နာရီမှာ ဌာနချုပ်မှူးရုံး တက်ကြရမယ်လို့ လိုက်အကြောင်းကြားပါတယ်။


သိတ်မကြာခင် အစည်းအဝေးခန်းမှာ ရုံးတက်ရမဲ့ အရာရှိတွေ စုမိနေကြပါပြီ။ ပင်တိုင်ဝါသနာရှင် အုပ်ချုပ်ရေးတပ်
မှူးကြီး၊ နောက်ဆေးမှူး၊ အင်ဂျင်နီယာကိုချစ်ဆန်းထွန်း၊ ကိုစောနိုင်နဲ့ ကျွန်တော်တို့ပါ။ တအိမ်ပါခဲ့တဲ့ စီအိုခင်မောင်မောင်ကတော့ ဂျီတူးဖြစ်လို့ လူစုံအောင်စောင့်နေပါတယ်။


ဒုဌာနချုပ်မှူး ရောက်လာတဲ့အထိ စီအိုခင်မောင်မောင်က အစည်းအဝေးခန်း အပြင်ကို ဝင်လိုက်ထွက်လိုက် ကော်ရစ်ဒါကို မျှော်ကြည့်လိုက် လုပ်နေတာနဲ့ ဒုဌာနချုပ်မှူးက  “ဟေ့ ကိုခင်မောင်မောင်၊ လူ မစုံသေးဘူးလား” လို့မေးပါတယ်။ “ဟုတ်ကဲ့မ စုံသေးပါဘူး” လို့ဖြေတော့ “ဘယ်အချိန်ရှိနေပြီလဲ..ဘယ်သူကျန်နေတာလဲ” လို့ဆက်မေးပါတယ်။ ဗိုလ်မှူးခင်မောင်မောင်က “CNAD တပ်မှူးကြီးကျန်နေပါတယ်”  လို့ဖြေလိုက်ပါတယ်။
အဲဒီတော့မှ ဒုဌာနချုပ်မှူးက “မင်းတို့မဆိုင်တဲ့လူ ထည့်မနေနဲ့ ဒို့တပ်က လူပဲပြောတာ” လို့ပြန်ပြောပါတယ်။ ဗိုလ်မှူးခင်မောင်မောင်က “သူလည်းတအိမ်ပါတယ်ဗျ” လို့ပြန်ဖြေပါတယ်။ “နပိုလီယံလို့ခေါ်တဲ့ စီအင်အေဒီ တပ်မှူးကြီးက (စတသ-၃) ကဖြစ်လို့ ဒုဌာနချုပ်မှူးထက် တနှစ်စီနီယာကျသူဖြစ်ပါတယ်။


မကြာခင်မှာ ဌာနချုပ်မှူး ဗိုလ်မှူးကြီးစိန်လွင် ရောက်လာပြီး အေးဆေးငြင်သာတဲ့လေသံနဲ့ “ကျွန်တော်တို့တွေကို သင်တန်းတွေမဖွင့်သေးခင် သင်ခန်းစာသစ်တွေကို ကြိုတင်ပြင်ဆင်ထားကြဘို့နဲ့  ရန်ကုန်ဘက်မှာ မိသားစုရှိသူတွေ
အနေနဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံ့အခြေအနေအရ ခွဲခွါနေကြရတာဖြစ်လို့ ကိုယ်ချင်းစာကြောင်း ညဘက် တီဗွီစုကြည့်ရင်လည်း မဆူညံကြဘို့ ဆုံးမစကားပြောပြီး တန်းဖြုတ်ပေးခဲ့ပါတယ်။



အရေးအခင်းကာလ တပ်ပြင်ထွက်ခွင့် ပိတ်ထားချိန်မှာ ကျွန်တော်တို့တွေဟာ အကြောင်းကိစ္စရှိလို့ ရန်ကုန်ဘက်ကို ဆက်သွယ်ချင်ရင် ဂျီတူးအခန်းက ဖုံး (ဝ၅၆-၂၁၅ဝ၂) လေးကိုသုံးရပါတယ်။ ဖုံးက ဒီဂျစ်တယ်စနစ်မဖြစ်သေးပဲ အနာလော့ဂ်စနစ်ဖြစ် လို့နံပါတ်တခုကို အကြာကြီး လှည့်ရပါတယ်။ နေ့ခင်းဘက်ဆိုရင် ဂျီတူးကို ခွင့်တောင်းပြီး
ဆက်ရပါတယ်။ ညနေဘက်မှာတော့ G3 ကိုစောနိုင်က ရုံးစောင့်ပါတယ်။ ကိုစောနိုင်ပြန်ရင်တော့ အဲဒီဖုံးကို သော့ခတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးအရာရှိ သင်တန်းတက်တဲ့ အရာရှိတချို့ က အဲဒီဖုံးကိုသော့ မဖွင့်ပဲ ဖုံးတင်တဲ့ ပုခက်ဘားလေးကို လက်ညှိုးနဲ့ဖိရိုက်ပြီး ဆက်တတ်ပါတယ်။ တချို့ က မိသားစုဆီ ဆက်တာရှိသလို တချို့ လည်း ညလူချေတိတ်ချိန်ကို အခွင့်ကောင်းယူပြီး ရည်းစားဆီ ဆက်ကြတဲ့လူတွေလည်း ရှိပါတယ်။ တချို့ အရာရှိတွေလည်း တော်လှန်ရေး စစ်ရေးပြလျှောက်တုန်းက လူကြားပန်းကုံးဝင်စွပ်ပြီး ရင်ပတ်ထဲ 
အတင်း လိပ်စာနဲ့ ဖုံးနံပါတ် ထည့်ပေးတာရပြီး လူချင်းမမြင်ဘူးပေမဲ့ ဖုန်းထဲကပဲ ရည်းစားဖြစ်နေကြသူတွေလည်း ရှိပါတယ်။


အရေးအခင်းဖြစ်တာနဲ့  သင်တန်းသား အရာရှိတွေကို သက်ဆိုင်ရာ တပ်အသီးသီးကို ပြန်လွှတ်လိုက်ပေမဲ့ သူတို့အဆက်အသွယ် ကောင်မလေးတွေက နေ့စဉ်လှမ်းလှမ်းဆက်သမျှ ဖုံးတွေကို ဂျီသရီးဖြစ်တဲ့ ကိုစောနိုင်က အဆင်ပြေသလို ဖြေပေးရပါတယ်။ “ဗိုလ်ကြီးမဲမှောင်လာပါလားရှန်” တို့ “ဗိုလ်ကြီးဖြူဖွေးလားဟင်.. ငင်တို့” ပေါ့။ ကိုစောနိုင်ကလည်း အဆင်ပြေအောင် “ဗိုလ်ကြီးမဲမှောင် စစ်တွေပြန်သွားပါပြီခင်ဗျာ” တို့ “ဗိုလ်ကြီးဖြူဖွေး
မော်လမြိုင်ပြန်ပါပြီခင်ဗျ” တို့ အဆင်ပြေသလို ဖြေဖြေပေးနေတာ ကြားရပါတယ်။ တချို့ မိန်းကလေးတွေကလည်း “မဖြစ်နိုင်တာ သူပြောတော့ နောက်နှစ်လနေမှ သင်တန်းပြီးမှာဆို” စသဖြင့်ပြန် အထွန့်တက်ကြသလို တချို့ ကြတော့လည်း “အိုမဟုတ်တာ သူကျမကို ဖုံးပြန်ဆက်မယ်ပြောထားတယ်၊ ပြောလိုက်ပါ ခင်ငုကလျာဝင်းလဲ့ကြည်သာအေးစက်စက်ဝင်းသိမ့်သိမ့်သွဲ့ဆီ အမြန်ဖုံးပြန်ဆက်ပေးပါလို့” စတဲ့ အမှာစကားတွေထား
ခဲ့တတ်ပါတယ်။


တရက်မှာတော့ ရုံးချိန်မှာ ဌာနချုပ်မှူးကြီးက ဗိုလ်မှူးခင်မောင်မောင်ကို သူ့အခန်းကို လှမ်းခေါ်ပါတယ်။ ပြီးတော့ “ကိုခင်မောင်မောင်၊ ဖုံးကိုင်ကြည့်ပါဦးဗျာ။ ဘာတွေလာပြောနေလဲမသိဘူး” ဆိုလို့ ဗိုလ်မှူးခင်မောင်မောင်က ဖုံးကိုင်ပါတယ်။ ပြီးတော့ “ဟဲလိုဟဲလို ဘယ်သူပါလဲ”  လို့မေးတော့ တဖက်က ဖုံးပြောတဲ့မိန်းကလေးက “သူက
ကောဘယ်သူလဲ ဌာနချုပ်မှူးပဲလား” လို့မေးပါလေရော၊ ဂျီတူးက “ကိုယ်က ဂျီတူးပါ အခုပြောတာဘယ်သူပါလဲ” ဆိုတော့ တဖက်ကလည်း “လုပ်ပြန်ပြီ ခုတမျိုးတော်ကြာ တမျိုးနဲ့၊ ခုနာမည်က တမျိုြးုဖစ်သွားပြန်ပြီ။ သူမို့တတ်လဲ တတ်နိုင်တယ်။ များတို့ကတော့ သူ့အသံကြီး ဘယ်လိုဖျက်ပြောပြော ခွေးချီသွားတောင် မှတ်မိတယ်သိလား။ ဗိုလ်ကြီးမည်းမှောင်မှ  ဗိုလ်ကြီးမည်းမှောင်ပါရှင် ဟုတ်တယ်မို့လား  ဆက်ညာမနေပါနဲ့ နော်၊ကိုကိုနော်”  ဆိုပြီး၊ ဆက်ပြောနေတာနဲ့  “ ဟေ့ကလေးမ၊ ဒါ ဌာနချုပ်မှူး ဖုံးပါ။ ဗိုလ်ကြီးမည်းမှောင် မဟုတ်ဘူး၊ဖုံးချလိုက်ပါ ”ဆိုတော့ “အမလေး၊သိတ်လည်း ကြီးကျယ်မနေစမ်းပါနဲ့ရှင်။ ဒီတခါ ရှင်ညဘက်ဆက်ရဲဆက်ကြည့် သူများတို့အကြောင်းသိစေ
ရမယ်” လို့ပြောပြီး ဒေါသတကြီး ဖုံးချသွားလေရဲ့။


တကယ်ကတော့ ရလခ ဌာနချုပ်မှာ တစ်လုံးတည်းရှိတဲ့ ဖုံးကို ဌာနချုပ်မှူး အခန်းနဲ့ G2 အခန်းမှာ လိုင်းခွဲထားပြီး ဌာနချုပ်မှူးဖုံးလာရင် G2 စားပွဲမှာရှိတဲ့ Change over ခလုတ်ကလေး နဲ့လိုင်းပြောင်းပေးရပါတယ်။ အဲဒီနေ့က မနက်ပိုင်း ဌာနချုပ်မှူးဆီဖုံးလာလို့ လိုင်းပြောင်းပေးထားပြီး ဌာနချုပ်မှူးပြောပြီးရင် ခလုတ်ကို ပြန်ပြောင်း ထားရမှာဖြစ်ပေမယ့် G3 ဖြစ်တဲ့ ကိုစောနိုင်က ပြန်မပြောင်းမိလို့  ဗိုလ်ကြီးမည်းမှောင် ဆီဆက်တဲ့ဖုံးက
ဌာနချုပ်မှူးကြီးထံ တန်းတန်းမတ်မတ် ရောက်ရှိသွားခြင်းသာ ဖြစ်ပါကြောင်း။ ။


အားလုံးကျန်းမာရွှင်လန်းစွာဖြင့်ပြုံးပျော်ကြည်နူးနိုင်ကြပါစေ …


အောင်လျှမ်းဝေ (ခေတ္တ-ကယ်လီဖိုးနီးယား)



အင်အားကြီးမားလာသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (နိဂုံးပိုင်း)

$
0
0

သီးခြားလွတ်လပ်နေသော တပ်မတော်တစ်ခု (သို့မဟုတ်)
အင်အားကြီးမားလာသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (နိဂုံး)

တစ်ချိန်တည်းမှာပင် ၀ တို့သည် Faw Group ကော်ပိုရေးရှင်းထုတ် ၄×၄ အမျိုးအစား စစ်သုံးထရပ်ယာဉ်များကို ၀ယ်ယူ၍လှုပ်ရှားမှုကို ပိုမို ကောင်းမွန်စေရန်ဆောင်ရွက်ခဲ့သလို ZFB05 သံချပ်ကာ လူသယ်ယာဉ်များကို တပ်ဆင်ထားနိုင်သဖြင့် တိုက်စွမ်း ရည်ပိုမိုတိုးတက်လာခဲ့သည်။ Xingxing(New Star)ဟုလည်း အမည်ပေးထားသည့် ZFB05 Shaanxi Baoji Special Vehicle စက်ရုံက တီထွင်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် တိုက်ယာဉ်မှူးနှစ်ဦး အပါအ၀င် ယာဉ်နောက်ခန်းတွင် ခြေလျင်စစ်သည် ၉ ဦးကျော်လိုက်ပါနိုင်သည်။ ၀ တပ်ဖွဲ့က ထုတ်ဖော်ပြသခဲ့သော ၎င်းတိုက်ယာဉ်များတွင် ၁၂.၇မမ စက်သေနတ်တပ်ဆုံလည်ကို တပ်ဆင်ပေးထားသည်ကို တွေရသည်။


၂၀၁၂ ခုနှစ်ထုတ် IHS Jane's စာစောင်တစ်ခုတွင် UWSA အဖွဲ့၌ တရုတ်လုပ် ၁၀၀ မမ ပြောင်းချော အမြောက်တပ် PTL-02 ယာဉ်တင်အမြောက်တိုက်ယာဉ်ကိုလည်း ပိုင်ဆိုင်ထားကြောင်းဖော်ပြခဲ့သည်။ တိုက်ယာဉ်အဖွဲ့သား ၅ ဦးပါဝင်သည့် PTL-02 လှုပ်ရှားမှုကောင်းမွန်ပြီး ဘက်စုံအသုံးပြုနိုင်သော တိုက်ယာဉ်ဖြစ်ကာ သံချပ်ကာ လူသယ်ယာဉ်များကို တိုက်ခိုက်မှုတွင် ထိရောက်မှုရှိသည်။ ထို့အပြင် ပုံသေခံစစ်စခန်းများ နှင့်ဘန်ကာများကိုလည်း ထိရောက်စွာဖျက်ဆီးနိုင်သည်။ သို့သော် ၀ တပ်ဖွဲ့၏ စစ်ရေးပြများတွင် ZFB05 တိုက်ယာဉ်နှင့် PTL-02 တိုက်ယာဉ်များကို ယှဉ်တွဲထုတ်ဖော်ပြသခဲ့မှုတော့ မရှိပေ။

UWSA အဖွဲ့တွင် Mil Mi-171 "HIP"သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ရရှိထားပြီးဖြစ်ကြောင်း Jane မဂ္ဂဇင်းတွင် ဖော်ပြချက်အား UWSA နှင့် တရုတ်သံတမန်ရေးရာ အသိုက်အ၀န်း ၂ ခုစလုံးက ငြင်းဆန် ခဲ့သော်လည်း ၎င်းအနောက်အုပ်စုမှ စောင့်ကြည့်သူသများက ခိုင်မာစွာယုံကြည်ယူဆထားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Irrawaddy အင်္ဂလိပ်သတင်းစာကလည်း ဝလူမျိုး ရဟတ်ယာဉ်မှူးများအား တရုတ်နိုင်ငံ အတွင်းလေ့ကျင့်ပေးလျက်ရှိသည်ဟု
ဖော်ပြခဲ့သည်။

သုတေသီများကမူ UWSA အဖွဲ့တွင် လက်နက်တပ်တိုက်လေယာဉ်ထက် VIP သယ်ယူပို့ဆောင်ရေး သို့မဟုတ် ကယ်ဆယ်ရေးလုပ်ငန်းသုံး Mi-171 ရဟတ်ယာဉ်အနည်းဆုံး ၃ စီးကို ပိုင်ဆိုင်ထားပြီဟု ယူဆလျက် ရှိသည်။ အထူးဒေသ (၂) ရှိ UWSA အဖွဲ့၏ လက်နက်ဝယ်ယူမှုများနှင့်ပတ်သက်၍ သတင်းများရယူရန်မှာ ခက်ခဲသောအခြေအနေတွင် တည်ရှိနေဆဲဖြစ်သည်။ အချို့သော သီးခြားလွတ်လပ်သည့် သုတေသီများ၏ အဆိုအရ ၀ အဖွဲ့၏ လက်နက်ဝယ်ယူ
မှုများကို ယူနန်အခြေစိုက် PLA ၏ တပ်ရင်းများ သို့မဟုတ် ရဲတပ်ရင်းများမှ အကျင့်ပျက်ခြစားသောအဖွဲ့မှတစ်ဆင့် အဓိကထားလေ့ရှိပြီး ယင်းကိစ္စများကို ဘေဂျင်းမှဗဟိုအစိုးရအာဏာ ပိုင်များက သိရှိရန်ခက်ခဲသည် ဟုသုံးသပ်ခဲ့ကြသည်။ အလားတူစွာပင် ၂၀၀၉ ခုနှစ်အတွင်း တပ်မတော်၏ ထိုးစစ်ကြောင့် ထွက်ပြေးခဲ့ရသော ကိုးကန့်တပ်ဖွဲ့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အရှိန်အဟုန်ပြင်းစွာ သောင်းကျန်းတိုက်ခိုက်ခဲ့မှုတွင်လည်း အဆိုပါအကျင့်ပျက်ခြစားနေသော အဖွဲ့က ကူညီထောက်ပံ့ပေးခဲ့သည်။

တရုတ်လုံခြုံရေးတပ်ဖွဲ့အတွင်း အရာရှိအဆင့်ဆင့်အား အကျင့်ပျက်ခြစားမှုအတွက် ပြန်လည်စစ်ဆေး ခဲ့ရမှုက
အထက်ပါအချက်များမှာ မှန်ကန်ကြောင်း သိသာထင်ရှားခဲ့သည်။ ၁၉၈၉ ခုနှစ် နောက်ပိုင်းမှစ၍ တရုတ်လက်နက်မှောင်ခိုဈေးကွက်တစ်ခု ပေါ်ပေါက်ခဲ့ပြီး အလယ်အလတ်စီးပွားရေးလုပ်ငန်းရှင် အများအပြားသည် တရုတ်စစ်ဘက်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့များ၏ ကျောထောက်နောက်ခံဖြင့် နိုင်ငံပိုင် လက်နက်ထုတ်လုပ် ရေးစက်ရုံနှင့်ပူးပေါင်းကာ အဆိုပါဈေးကွက်အတွင်း ၀င်ရောက်လှုပ်ရှားခဲ့ကြသည်။ သို့သော် ပုခုံးထမ်းဒုံးများ၊ တင့်ဖျက်လက်နက်များ၊ သံချပ်ကာတိုက်ယာဉ်များနှင့် ရဟတ်ယာဉ်များကို ရောင်းချပေးနိုင်သည့် အကြီးစားစစ် လက်နက်ပစ္စည်းရောင်းဝယ်ရေး အုပ်စုကြီးတစ်ခု မြန်မာတရုတ်နယ်စပ်တွင် တည်ရှိနေမှုကို တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိများက တားဆီးခြင်းမရှိသည်မှာ စိုးရိမ်စရာအနေအထား တစ်ခုဖြစ်နေပါသည်။

အားနည်းချက်များ 

စစ်ဘက်စွမ်းဆောင်ရည်ပိုင်ဆိုင်ရာ သိသိသာသာတိုးတက်လာသော်လည်း UWSA အဖွဲ့အနေဖြင့် ၀န်ထုပ်ဝန်ပိုး ကန့်သတ်ချက်များကိုလည်း ရင်ဆိုင်ရလျက်ရှိသည်။ ၀ လူဦးရေမှာ ၈ သိန်းအောက်သာရှိရာ လူမှုရေးပထ၀ီဝင်အရ       (Demographic) အရ ရေရှည်တွင် စစ်သည်အင်အားနှင့်ပတ်သတ်၍ ကန့်သတ်ချက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ အခြားသော ပထ၀ီအနေအထားအရ ကန့်သတ်ချက်တစ်ခုမှာ ၎င်း၏ ပိုင်နက်နယ်မြေမှာ တောင်ပံ ၂ ဖက် သီးခြားစီဖြစ်နေမှုဖြစ်သည်။ ထိုကဲ့သို့ တပ်မတော်ရှေ့တန်းစခန်းနေရာများနှင့် တရုတ်နှင့် ထိုင်းနယ်စပ်တို့အကြား ကွဲပြားစွာတည်ရှိနေမှုက မဟာဗျူဟာအရ နက်ရှိုင်းစွာတိုက်ခိုက်ရန် ခက်ခဲစေမှု ရှိနေ ပါသည်။

အထူးသဖြင့် မြေအနေအထား အတော်အတန်ပြေပြစ်သော မြောက်ပိုင်းဒေသ၏ အခြေအနေမှာ အဆိုး
ဝါးဆုံးဖြစ်သည်။ တပ်မတော်အနေဖြင့် ပန်ဆန်းမြို့အား အမြောက်ပစ်ကူနှင့် လေကြောင်းပစ်ကူတို့ဖြင့် ယန္တရား တင်ခြေလျင်တပ်ဖွဲ့ဖြင့် စနစ်တကျထိုးစစ်ဆင်တိုက်ခိုက်ပါက မြောက်ပိုင်းတပ်ဖွဲ့မှာ ၂ ပိုင်းကွဲသွားမည်ဖြစ်ပြီး အမှတ်(၃၁၈) နှင့် အမှတ် (၄၁၈) တပ်မဟာတို့က မြောက်ပိုင်းတွင်တစ်စုနှင့် အထူးဒေသ(၂)တောင်ဘက်နှင့် အရှေ့ဘက်ဘေးနံတို့တွင် တပ်စွဲထားသည့် အမှတ် (၄၁၉) နှင့် အမှတ် (၄၆၈) တပ်မဟာတို့က တစ်စုကွဲထွက် သွားမည်ဖြစ်သည်။ ပို၍ ဆိုးဝါးသည့်ပြဿနာတစ်ခုမှာ ပြောက်ကျားတပ်ဖွဲ့ငယ်များကို ဖွဲ့စည်းရမည့်အစား ပိုင်နက် နယ်မြေများထိန်းချုပ်ရန်နှင့် လူဦးရေထူထပ်သောနေရာများကို ကာကွယ်ရန်အတွက် အမြောက်များတပ်ဆင် ပေးထားသည့်တိုင် အလှမ်းကျယ်ပြီးမပြည့်မစုံ ယာဉ်တင်ခြေလျင်တပ်များကို တိုးချဲ့ဖွဲ့စည်းနေမှုဖြစ်သည်။

UWSA  အဖွဲ့အနေဖြင့် ၎င်းတို့၏ ပထ၀ီဝင်အနေအထား ကန့်သတ်ချက်များကို ထေမိစေရန်အတွက် မဟာမိတ်၏ ကွန်ယက်တစ်ခုကို ဖန်တီးကာ တပ်မတော်နှင့် ရင်ဆိုင်ရန်လည်း စီစဉ်ထားခဲ့သည်။ ၀ အဖွဲ့၏ အဓိက အရေးပါဆုံး မဟာမိတ်တပ်ဖွဲ့တစ်ခုမှာ အထူးဒေသ (၂) အရှေ့ဘက် တရုတ်နယ်စပ်တစ်လျှောက် အထူးဒေသ (၄) ရှိ NDAA (Shan andAkha National Democratic Alliance Army) နှင့် မြောက်ဘက်တွင် MNDAA (Myanmar National Democratic Alliance Army) အဖွဲ့တို့ဖြစ်သည်။ ရှမ်းပြည်နယ် သံလွင်မြစ်အနောက် ဘက်တွင် အခြေပြုလှုပ်ရှားနေသော SSA-N(Shan State Army) အဖွဲ့နှင့်လည်း မဟာမိတ်အဖြစ် တိုးချဲ့ ထားခဲ့သည်။ UWSA အဖွဲ့၏ အနောက်ဘက်တွင် KIA(Kachin Independence Army) နှင့် ရှမ်းပြည် မြောက်ပိုင်းအခြေစိုက် TNLA( Ta'ang National Liberation Army) အဖွဲ့တို့နှင့်လည်း မဟာမိတ်ဖွဲ့စည်း ထားခဲ့သည်။

၂၀၀၉ ခုနှစ်မှစ၍ ၀ တို့၏ မဟာမိတ်အဖွဲ့အားလုံးနီးပါးမှာ တပ်မတော်၏ ဖိအားပေးမှုနှင့်ရင်ဆိုင်ခဲ့ ရသည်။ ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် တပ်မတော်၏ထိုးစစ်ကြောင့် အထူးဒေသ (၁) ရှိ ကိုးကန့်အဖွဲ့ ထွက်ပြေးခဲ့ ရသလို ၂၀၁၁ ခုနှစ်တွင် SSA-N အဖွဲ့ကိုလည်း တပ်မတော်က ထိုးစစ်ဆင်ခဲ့သည်။ ဇွန်လတွင် ၁၇ ခုနှစ်ကြာ အပစ်အခတ်ရပ်စဲထားခဲ့သော KIA အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားပြီး ၂၀၁၂ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ လိုင်ဇာ မြို့ကို ဦးတည်သော တပ်မတော်၏ အကြီးစားထိုးစစ်ဆင်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

ဝ ၏ မဟာမိတ်တပ်ဖွဲ့များတွင် အထူးဒေသ (၄) အခြေစိုက် NDAA တပ်ဖွဲ့သာလျင် စစ်ပွဲနှင့်လွတ် မြောက်ခဲ့ သည်။
မိုင်းလားနယ်စပ်မြို့တွင် အခြေစိုက်သော ၎င်းင်းတပ်ဖွဲ့တွင် ကောင်းစွာလေ့ကျင့်ပေးထားသည့်
တပ်ဖွဲ့ဝင် ၄၅၀၀ မှ ၅၀၀၀ ဦးအထိရှိပြီး အမှတ် (၈၉၆၊၃၆၉နှင့် ၉၁၁) ဟု၍ တပ်မဟာ ၃ ခုဖြင့် ဖွဲ့စည်းထားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်းဆိုင်ရာ အချက်များအရ အထူးဒေသ (၄) မှာ UWSA တို့အတွက် မဲခေါင်မြစ်နှင့် ဝ,ပိုင်နက်နယ်မြေအကြား မဟာဗျူဟာအရ အသက်တမျှအရေးပါသော နယ်မြေတစ်ခု၊ ထိုင်း၊ လာအိုတို့နှင့် အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုလည်းဖြစ်သည်။ တပ်မတော်ခေါင်များအနေဖြင့် လည်း အထူးဒေသ (၄) ကို ထိုးစစ်ဆင်ပါက အထူးဒေသ (၂) မှာ ခက်ခဲသော စစ်မြေပြင်စစ်ပွဲတစ်ခုအတွင်းသို့ အလိုအလျောက် ကျရောက်သွားမည်ကို သဘောပေါက်ပြီးသားဖြစ်သည်။

ဝ တို့အနေဖြင့် တပ်မတော်၏ ဖိအားပေးမှုများနှင့် ခံနေရသော မဟာမိတ်တပ်ဖွဲ့များအား ထောက်ပံ့မှု များကို သိသိသာသာ ပြုလုပ်ပေးလျက်ရှိသည်။ အထူးသဖြင့် သံလွင်မြစ် အနောက်ဘက်ကမ်းတွင် တပ်ဖွဲ့ဝင် ၃၀၀၀-၃၅၀၀ နီးပါးဖြင့် လှုပ်ရှားနေသော SSA-N အဖွဲ့ကို အကြီးအကျယ် ထောက်ပံ့ပေးခဲ့သည်။ Type-56 ချေမှုန်းရေးရိုင်ဖယ်နှင့် ခဲယမ်းများအပါဝအင် ခြေလျင်လက်နက်သစ်များကို ထောက်ပံ့ပေးခဲ့သည်။ အတည်မပြု နိုင်သော သတင်းများအရ ၂၀၁၄ ခုနှစ်တွင် ၀ ၏ အမှတ် (၄၁၈) တပ်မဟာမှ တပ်ဖွဲ့ဝင် ၅၀၀ ကျော်သည် SSA-N ယူနီဖောင်းများဝတ်ဆင်၍ သံလွင်မြစ်အနောက်ဘက်တွင် ၎င်းတို့မဟာမိတ်များကို ကူညီပေးခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် KIA နှင့် MNDAA အဖွဲ့တို့သည်လည်း ၀ တို့ထံမှ ရိက္ခာနှင့် လက်နက်ငယ် များထောက်ပံ့မှုများကို လက်ခံရရှိခဲ့သည်။ အထူးသဖြင့် M99 12.7 မမ စနိုက်ပါများကို လက်ခံရရှိခဲ့သည်။ ၎င်းကို သက်သာသောဈေးနှုန်းနှင့်
ရောင်းချပေးခဲ့သည်လား သို့မဟုတ် အလကားပေးခဲ့သည်လား ဆိုသည်ကို တော့ ရှင်းရှင်းလင်းလင်း မသိရပေ။ ၂၀၁၅ ခုနှစ်ကလည်း MNDAA တပ်ဖွဲ့များအတွက် ၀ တို့၏ ထောက်ပံ့ပေး မှုကို နေပြည်တော်အစိုးရက ဒေါသတကြီး ဝေဖန်ခဲ့သည်။

ဝ တို့အနေဖြင့် ၎င်းတို့ကိုယ်တိုင် ကန့်သတ်ချက်များနှင့် မဟာမိတ်များကို ထောက်ပံ့ပေးရခြင်းအတွက် ၀န်ထုပ်ဝန်ပိုးများ ဖြစ်နေစဉ်မှာပင် တပ်မတော်၏ စစ်ရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ထိုဝန်ထုပ်တစ်ခုကို သက်သောစေခဲ့သည်။ တပ်မတော်၏ ၂၀၁၂ ခုနှစ်အတွင်း လိုင်ဇာမြို့အား ထိုးစစ်ဆင်မှုနှင့် ၂၀၁၅ ခုနှစ်အတွင်း ကိုးကန့်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့မှုများတွင် အမြောက်နှင့်လေကြောင်း အနီးကပ်ပစ်ကူတို့နှင့် ယန္တရားတင် ခြေလျင်တပ်ဖွဲ့များဖြင့် တပ်မအဆင့်ပေါင်းစပ်လက်ရုံး (Combined - arms) တိုက်ခိုက်မှုပုံစံ တိုက်ခိုက်မှုမှာ အားနည်းချက်များ ရှိနေပါသေးသည်။ ကိုးကန့်တွင် ထိခိုက်ကျရှုံးမှုပုံစံထက် ၀တို့တွင် ရာပေါင်းများစွာပိုစေသော တိုက်ခိုက်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားပါသည်။

( မည်သည့် အဖွဲ့အစည်းမှ မစော်ကားပါ။ JDR 1/2016 စာစောင်ပါ Army of autonomy ဆောင်းပါးကို
ဗဟုသုတအနေနဲ့ ဘာသာပြန် ဖော်ပြခြင်းသာဖြစ်သည်။ )


မပျက်ခင် ပြင်ကြ

$
0
0


ကြားရဖတ်ရတာ နား..ရင် မသက်သာတော့လို့ ပြောမှဖြစ်တော့မယ်..ကိုယ့်လူတို့ ။
ထိုးလို့ရတယ်...
ခြေနဲ့ မကန်ရင်ပြီးရောတဲ့..
စစ်တပ်မှာ ဂျူနီယာဆိုတာ ဒီလိုပဲတဲ့..။


ခေတ်ပဲပြောင်းသွားတာလား
ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း
ကောင်းတာတွေရော မကောင်းတာတွေရော ပြောင်းကုန်ကြပြီလား..။

စစ်သားဘ၀ကို အမေ့မျက်ရေတွေကို ဥပက္ခာပြုပြီး
၁၆ နှစ်သား ဥမမယ် စာမမြောက်အချိန်ကစပြီး နှစ်ချိုက်စွာခံယူခဲ့ပါတယ်။
ဗိုလ်လောင်း ချာတိတ်ဘ၀မှာ
နာမည်ကြီးတပ်ခွဲက စီနီယာတွေနဲ့ စတွေ့ရပါတယ်
ဟုတ်ပါတယ် ရောက်ခါစ အရပ်သားစိတ်မပျောက်တဲ့ လူကို ပုံစံပေးမှ စစ်သားပုံအမြန်ထွက်မယ်ဆိုတာ
ပုံစံမျိုးစုံပေးပါတယ်။

အရပ်သားစိတ်မပျောက်သေးတဲ့ ဂျူနီယာ အတွက်တော့ အပြစ်တွေက များမှများ
အပြစ်တိုင်းမှာ ပြစ်ဒဏ်ပေးခံရပါတယ်။
ရီလို့ ..မျက်နှာပိုးမသေလို့...သက်ပြင်းခဏခဏချလို့
ဟုတ်/မဟုတ် တစ်လုံးထဲမပြောလို့
လက်သီးဆုပ်မထားလို့..လက် ၉၀ မလွှဲလို့...။ တိုက်ပုံကြယ်သီးအကုန်မတပ်လို့။
ရေမချိုးလို့ …
ယဥက ချုပ်ရိုးနဲ့မတဲ့လို့
ဖိနပ်ခွာ မတိုက်လို့ …အိပ်ချိန်မှာ ဖိနပ်ခိုးတိုက်လို့...အိပ်ချိန်မှာ ငိုနေလို့...။
မုန့်ခိုးစားလို့...။
ဂျုနီယာတစ်ယောက်အတွက် တစ်ခါတစ်လေ...အရာရှိတွေနဲ့ ကြိုးတန်းလန်းနဲ့ ပါလာတဲ့ အယ်ဇေးရှင်း ခွေးကတောင် ငါ့ထက် အဆင်ပြေသေးတယ် တွေးရလောက်အောင် …အပြစ်တွေချည်းပါပဲ....။

ဒါပေမဲ့
လက်ထောက်မှောက်..လေထီးခုန်..ခိုဆွဲခြင်း..နဲနဲဆိုးတဲ့ ဂျစ်တစ်တစ်ကောင်ဆို ဂျွမ်းထိုး။
ပိုဆိုးတဲ့ ငပွကောင်ဆို ဗိုလ်လောင်းအရာရှိရုံးတက် အီးဒီ...။
ခပ်စပ်စပ်လေး ပေးမှ ရမဲ့ကောင်ဆို ကျောပိုးအိပ်ထဲ အုတ်ခဲထဲ့ပြီး အက်စ်အီးဒီ..။
ကျုပ်တို့ခေတ် ၁၉၇၇-၁၉၈၁
ထိုးဖို့ ကန်ဖို့ မပြောနဲ့ လက်နဲ့တောင်မရွယ်ပါဘူးဗျား..။
သေချာအောင် ဂွင်းစဂွင်းပိတ်နဲ့ နောက်တစ်ခေါက် ထပ်ပြောပါမယ်..
(ထိုးဖို့ …ကန်ဖို့ မပြောနဲ့ လက်နဲ့တောင် မရွယ်ပါဘူး..။)

ဆဲဖို့လား...ဗိုလ်လောင်းဆဲခြင်း ဗိုလ်လောင်းအချင်းချင်း ရန်ဖြစ်ခြင်းဟာ အလွန်အပြစ်ကြီးပါတယ်..
ကိုယ့်အချင်းချင်းဆဲချင်ရင် အသံတိတ် စီနီယာ မကြားအောင် ပါးစပ်လှုပ်ပြီးဆဲရပါတယ်။
အချင်းချင်းရန်ဖြစ်ချင်ရင် အနောက်က နေကြာတောထဲ ပုခုံးဖက် သွားပြီး အားရပါးရ ရန်ဖြစ်ပြီး ပုခုံးဖက်ပြီးပြန်လာရပါတယ်။ ဒဏ်ရာရအောင် ရန်ဖြစ်လို့ မရပါဘူး အာတီယူပါပဲ။

ဒို့ခေတ်မှာ မင်းတော်တော် “ပဲ့ ” ပါလားဆိုတော အပြင်းထန်ဆုံးဆဲခြင်းပါပဲ...။
“Mind Honour is my life both grow in one, take honour from me my life is done.”
လို့ ကြွေးကြော်တဲ့ကျောင်းမှာ
” ပဲ့ “တယ်လို့အပြောခံရတဲ့လူဟာ တစ်ပါတ်လောက် စားမ၀င်အိပ်မပျော်ပါဘူး...။

စီနီယာအထိုးလား...ခံဘူးတာပေါ့ကွာ
ဒါပေမဲ့ အခုလို မဟုတ်မတရားတော့မဟုတ်ဖူး
လက်ဝှေ့ သင်တာ..
ကိုယ်က ပင်းဝိတ် သင်တဲ့လူက ၂၁ က ၁၈၇၇ ကိုတင်ယု အခု ရုရှားသံအမတ်ကြီး ဖယ်သာဝိတ်
Cadet နံပါတ်တောင်အလွတ်ရသေး..။
သူနဲ့ တွယ်ရတာ မူးနောက်နေအောင် အထိုးခံရတာ..ဒါပေမဲ့ ချစ်လိုက်ခင်လိုက်..လေးစားလိုက်သမှ..။
အခုအရွယ်ထိ နားရွက်ဆွဲ လက်သီးနဲ့ အရွယ်ခံရတုန်း။
ပြောရင်နာခံတုန်း။
ဟေ့…ဆို သတိဆွဲတုန်း “ဟုတ်” တုန်း။

နောက် ကျဆုံးသွားပြီ ဖြစ်တဲ့ ၂၁ က ကိုဌေးမြင့်..။ ၀ါးခယ်မ လားသမိုင်ရွာသား..လူမပြောနဲ့ ရွာပါမှတ်မိတယ်။
သူနဲ့ဆို ကင်းတွဲကျတဲ့ ဂျူနီယာတွေ မချောင်ဘူး..စာမေးပြီး မရရင်အပြစ်ပေးတတ်လို့ ။
ပွစီပွစိပြောတတ်တဲ့နာမည်ကျော်ကြီးဆိုတော့ ဂျုနီယာတွေက ဘွတ်ဖင်လို့ တောင်အမည်ပြောင်ပေးတယ်။
သူနဲ့ ကင်းကျတယ်..စာမေးတယ် မရဘူး..မြောင်းကိုခွပြီး လက်ထောက်မှောက် အပြစ်ပေးတယ်
၅၀ ကျော်လာတော့ မရတော့ဘူးလူကောင်သေးသေးဆိုတော့ မြောင်းထဲ ကျတယ်..
မောမောနဲ့ ပါးစပ်ထဲဝင်လာတဲ့ ရေတွေ သောက်ပစ်လိုက်တာကောင်းမှကောင်း
ဟေ့ကောင်..ဟေ့ကောင်ဆိုပြီးဆွဲမတယ်..
မင်းကွာဆိုပြီး သူမျက်ရည်ကျတယ်..။
နောက်သူနဲ့ ကင်းကျရင် စာတွေလဲရ ကုလားကြီးပေါင်မုန့်လဲအမြဲစားရတယ်။
အကိုတစ်ယောက်လိုပဲ စောင့်ရှောက်တယ်..။ သူဒဏ်ရာရတော့ သွားတွေ့တယ်..
နောက်သူကျသွားတော့ ကိုယ့် အကို ကျတုန်းကလိုပဲ မျက်ရည်ကျမိ တယ်..။

ပြောရရင် တစ်ထောင့် တစ်ညပုံနဲ့ များပါလိမ့်မယ်...။
ဒါပေမဲ့...ကိုယ့်လူတို့...ထိုးတာမပါဘူး...ကန်တာမပါဘူး..ဆဲတာမပါဘူး..။
ထပ်ပြောမယ်..
ထိုးတာမပါဘူး...ကန်တာမပါဘူး...ဆဲတာမပါဘူး ကိုယ့်လူတို့ ….။
မပျက်ခင်ပြင်ကြ။



ဗိုလ်ချုပ်ကြီး သူရသက်ဆွေ (အငြိမ်းစား) 

ကာကွယ်ရေးဦးစီးချုပ် (ရေ) 

စစ်တက္ကသိုလ်ဗိုလ်လောင်း လက်ဝှေ့ကြိုးဝိုင်းပေါ်မှလွဲ၍ မထိုးပါ

$
0
0

ကျွန်တော် စစ်တက္ကသိုလ်ကို ၁၈.၅.၈၁ ရက်နေ့မှ ၅.၄.၈၅ ရက်နေ့ထိ တက်ခဲ့သည်။ စီနီယာအပတ်စဥ်(၄) ခု၊ Final Year အပတ်စဉ် (၂) ခု (၂၂ နှင့် ၂၃)၊ Senior One  (အပတ်စဉ် ၂၄)၊ Second Year အပတ်စဉ်(၂၅) တို့ဖြစ်ပြီး ဂျူနီယာအပတ်စဉ် (၃) ခု (၂၇၊၂၈၊၂၉)  တို့နှင့် ဆုံခဲ့ရ သည်။ စီနီယာ ဗိုလ်လောင်းကို သော်၎င်း၊ ဂျူနီယာဗိုလ်လောင်းကိုသော်၎င်း လက်သီးချင်းယှဉ်ထိုးလို့မရ (လက်ဝှေ့ကြိုးဝိုင်းပေါ်မှလွဲ၍)။ လက်နဲ့ရွယ်လို့မရပါ။



စီနီယာတွေက ဂျူနီယာအပတ်စဉ်ကို အပစ်ပေးလျင်ပင် ကိုယ်လက်ကြံ့ခိုင်သန်မာမှုအတွက် လက်ထောက်မှောက်၊ လေထီးခုန်၊ ဖားခုန်၊ ထို့ထက်ပို၍ပြင်းထန်လျင် ဂျွမ်းထိုး၊ သည့်ထက်ပို၍ ဆိုးဆိုးရွားရွား အပစ်ပေးရလောက် အောင် စစ်စည်းကမ်းဖောက်ဖျက်ပါက Extra Drill ၊ Special Extra Drill အပြစ်တွေရှိသည်။ သည့်ထက်ပိုလို့ဆိုးလာလျင်
တော့ အရာရှိတပ်ခွဲမှူး၊ လုပ်သက်ရင့်နည်းပြ Senior Instructor ၊ နည်းပြမှူးချုပ် Chief Instructor ရုံးခန်းတွေ တက်ပြီး Line Quarter အချုပ်ချခံရသည်။


ဗိုလ်လောင်းအချင်းချင်း၊ ထက်အောက်နိုင့်ထက်စီးနင်း အနိုင်ကျင့်ဗိုလ်ကျ၍ လက်သီးနှင့်ထိုးခြင်း ၊ခြေဖြင့်ကန်ခြင်း၊ ဒူးနှင့် အရှိုက်ကိုတိုက်ခြင်းများ လုံးဝ မလုပ်ရပါ။ လုပ်လည်း မလုပ်ပါ။ (လုံးဝမလုပ်ပါ)။ အဲဒီလိုလုပ်လျင်လည်း စစ်တက္ကသိုလ်ဗိုလ်လောင်းအဖြစ် ကျွန်တော်လျှောက်ထားခဲ့မှာမဟုတ်ပါ။ ဘယ်သူမှမလျှောက်ပါ။ သို့သော်လည်း 
လက်သီးထိုး၊ ခြေကန်၊ ဒူးတိုက်လေ့ကျင့်ခန်းတွေကို ကျွန်တော်တို့ ကိုယ်လက်ကြံ့ခိုင်ရေးချိန်မှာ လေ့ကျင့်ခဲ့ရသည်။


ထိုစဉ်က ဗိုလ်ကြီးထင်ကျော်နှင့် ဆရာကြီးသန်းရွှေတို့ သင်ပေးခြင်းဖြစ်သည်။ Combat PT ဟုခေါ်သည်။ နိုင်ငံတကာ စစ်ကျောင်းကြီးများက အရာရှိနည်းပြကြီးများ နိုင်ငံတကာဧည့်သည်များ လာရောက်လေ့လာချိန်တွေမှာ ဗိုလ်လောင်းတပ်ရင်း တစ်ရင်းလုံး သရုပ်ပြရသည်။ ဧည့်သည်ကြီးတွေ သဘောကျစွာအားပေး ချီးကျူးကြသည်။



ဗိုလ်လောင်းတွေ စိတ်ဓာတ်ပိုင်းနဲ့ ကာယဥာဏပိုင်းတွေ ကြံ့ခိုင်ဖို့ နှစ်အလိုက် လေ့ကျင့်ရေးဌာနနှင့် စာပေဌာနတို့မှ သတ်မှတ်ထားသည့် သင်ရိုးညွှန်းတမ်းများ အတိုင်းလေ့ကျင့်ပေးနေပါသည်။ ရန်သူအဖမ်းခံရလို့ မျက်နှာကိုထိုးတာနဲ့ လျှို့ ဝှက်ချက်တွေ ထုတ်ပြောမှာစိုးလို့ အထိုးခံနိုင်အောင် ကျင့်သားရအောင် ဂျူနီယာတွေကိုထိုးသည်။ (အထိုးလေ့ကျင့်ပေးပါသည်) ဆိုသော စကားများသည် လုံးဝအဓိပ္ပါယ်မရှိ။ မိုးကြိုးပစ်ရာ ထန်းလက်ကာစကားများ
သာဖြစ်သည်။


ကျွန်တော်တို့တုန်းက ပထမနှစ်မှာ နယ်ကျော်ပြေးပွဲရှိသဖြင့် အလွန်ပင်ပန်းသောကြောင့် လူတိုင်းလက်ဝှေ့မထိုးရပါ။ လက်ရည်နှင့်ဇရှိသူကိုသာ  စီနီယာလက်ဝှေ့နည်းပြများက ရွေးချယ်လေ့ကျင့်ပေးပြီး ကျောင်းအုပ်ကြီးဒိုင်း လက်ဝှေ့ပြိုင်စေပါသည်။  ဒုတိယနှစ်၊ တတိယနှစ် ရောက်တာနဲ့ ဗိုလ်လောင်းအားလုံး လက်ဝှေ့လေ့ကျင့်ရသည်။ အမောခံနိုင်ဖို့ သက်လုံပြေးရပြီး အထိုးခံနိုင်ဖို့၊ ပြန်ထိုးနိုင်ဖို့ သန်မာမှုတွေ လေ့ကျင့်ရသည်။ ကြိုးဝိုင်းပေါ်မှာ အရှိုက်ကို အထိုးခံနိုင်ဘို့ ဗိုက်သားလေ့ကျင့်ခန်း  Belly exercise  ကို လေ့ကျင့်ရသည်။ မေးရိုးကို အထိုးခံနိုင်ဖို့ မေးရိုးနှင့်ရင်ပတ်ကို အံကြိတ်၍ ထိထားပြီး စက္ကန့် (၃ဝ)၊ တမိနစ်မှသည် သုံးမိနစ်ခန့်ထိ အကြိမ်များစွာ လေ့ကျင့်ရသည်။



မေးရိုး (Jaw) နှင့်အရှိုက် (Belly) နှစ်နေရာသည် ကြိုးဝိုင်းပေါ်မှာ ရုပ်ပျက်ဆင်းပျက် အလဲထိုးခံ ရှုံးနိမ့်ရခြင်း Knock out ၏ အဓိကအားနည်းချက် နှစ်ချက်ဖြစ်လို့ စနစ်တကျနှင့် ရက်ရှည်သန်မာအောင် လေ့ကျင့်ပေးရခြင်းဖြစ်သည်။ ပြီးမှ ဘယ်ညာဖြောင့် လက်သီး၊ ဝိုက်လက်သီး၊ ပင့်လက်သီး၊ ချိတ်လက်သီး၊ တံတောင်တိုက်ကွက်တွေကို စနစ်တကျ လေ့ကျင့်ပြီးမှ ပြိုင်ပွဲဝင်စေရသည်။ ပြီးတော့ အချင်းချင်း ဝိတ်တန်းအလိုက် လေ့ကျင့် Sparring
ထိုးသတ်စေပြီးမှ လက်ရွေးစင် ရွေးချယ်ပြီး ပြိုင်ပွဲဝင်စေသည်။ ပြိုင်ပွဲမှာတော့ မိမိနှင့်ပြိုင်ဘက်က စီနီယာဖြစ်စေ၊ ဂျူနီယာ ဖြစ်စေ ကျောင်းအုပ်ကြီးနှင့်နည်းပြဆရာ ဗိုလ်ပါပရိတ်သတ်ရှေ့ မှာ စည်းမျဉ်းစည်းကမ်းအတိုင်း အနိုင်ထိုးသတ်ကြပေတော့။



ယနေ့ အင်တာနက်စာမျက်နှာတွင် ပျံ့ နှံ့နေသော နီဖောင်းဝတ်များ တဖွဲ့ကိုတဖွဲ့ဂိုဏ်း
စတားတွေဆန်ဆန် လက်စွမ်းပြ အနိုင်ကျင့်ထိုးသတ် ကန်ကျောက် ဒူးနှင့်တိုက်နေသော ဗီဒီယိုမှာ စစ်တက္ကသိုလ် ဗိုလ်လောင်းများ လုံးဝ (လုံးဝ) မဟုတ်ပါ။ မည်သည့် စစ်သင်တန်းကျောင်းမှာဖြစ်စေ ရှေ့တန်းစစ်မြေပြင်တွင် ရန်သူနှင့် ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန် ကိုယ်လက်စိတ်ဓာတ်၊ ကာယ ဥာဏ ကြံ့ခိုင်သန်စွမ်းပြီး  အရည်အသွေးပြည့်ဝရန် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ စနစ်တကျ စမ်းသပ်ရေးဆွဲပြဌာန်းထားသော သင်ရိုးညွှန်းတမ်း၊ သင်ရိုး
ဇယားတွေ ရှိပြီးဖြစ်ပါသည်။ ဒါတွေကို သွေဖီပြီး လမ်းသရဲဆန်ဆန် လူမိုက်ဂိုဏ်းဆန်ဆန် လုပ်ပြနေတာကို ရန်သူနှင့် ရင်ဆိုင်တိုက်ပွဲဝင်နိုင်ဖို့  လေ့ကျင့်ပေးနေတာပါဟုဆိုလျင်၊ ဒါတွေကို ခွင့်လွှတ်ထားလျင် ပျက်စီးခြင်း ငါးပါး ဆိုက်ပေလိမ့်မည်။


စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်သည်။ ဘယ်သူတွေ၊ ဘယ်မှာ၊ ဘာ့ကြောင့်လုပ်သလဲ။ ဖော်ထုတ်
အရေးယူ သင့်ပါသည်။ သို့မဟုတ်ပါက ဘယ်မိဘကမှ သူတို့ချစ်သော သားသမီးတွေကို သည်လိုအနိုင်ကျင့် ရမ်းကားနေသည့် နေရာမျိုးကို စေလွှတ်မှာ မဟုတ်ပါ။



ကျွန်တော်သည် ၂ဝဝဝ  ခုနှစ်မှ ၂ဝဝ၄ ခုနှစ်ထိ မော်လမြိုင်မြို့ရှိ အမှတ် (၄၆) စစ်ရေယာဉ်စု အကူရေယာဉ်အုပ်၌ တာဝန်ထမ်းဆောင်ခဲ့စဉ် လစဉ် တပ်မတော် (ရေ) အတွက် တပ်သားသစ်(၂ဝ မှ ၂၅) ဦး ပုံမှန် စုဆောင်းပေး နိုင်ခဲ့ပါသည်။ အချို့ လများတွင် (၂၇)  ဦးထိစုဆောင်းပေးနိုင်ခဲ့သည်။ ထိုစဉ်က အရှေ့ တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းမှူးတစ်ဦးသည် တပ်သားသစ် (၅) ဦးစုဆောင်းရန် တိုင်းမှူးမှ ညွှန်ကြားသော်လည်း (၂) ယောက် (၃) ယောက်ခန့်သာ စုဆောင်းနိုင်သဖြင့် အပတ်စဉ်ပြုလုပ်သည့် တိုင်းအစည်းအဝေး၌ တပ်မှူးများက ကျွန်တော့်ကို လက်တို့၍ ကျုပ်တို့စုဖို့လည်း ချန်ထားပါဦး ဟုသြဘာပေးခဲ့ကြသည်။


ထိုသို့ စုဆောင်းရာ၌ လိုအပ်ပါက ကျွန်တော့်ထံမှ စုဆောင်းရေး အရာရှိစစ်သည်များသည် မြစ်ကြောင်းတလျှောက် ကျေးရွာများရှိ မိဘဆွေမျိုးညီအကို မောင်နှမများထံသို့ လိုက်ပါစည်းရုံးခဲ့သည်။ ထိုသို့ စုဆောင်းရရှိသည့် တပ်သားသစ်တွေကိုယခုကဲ့သို့ ကျောကုန်း၊ ဝမ်းပိုက်လို လက်သီးနှင့်ထိုး၊ ဒူးနဲ့တိုက်ခြေနဲ့ ကန်နေသောနေရာသို့ ကျွန်တော်မပို့ပေးခဲ့ဘူးပါ။



သင်တန်းပတ်စဉ်တူခြင်းကတော့ နိစ္စဓူဝသွားအတူလာအတူ ပြေးအတူ၊စာသင်အတူ၊ တောထဲတောင်ထဲ ခရီးသွားအတူ၊ လေ့ကျင့်အတူ လူငယ်လေးတွေဖြစ်လို့  စိတ်အခန့်မသင့်ဖြစ်ပြီး ရန်ဖြစ်တာရှိပါသည်။ သို့သော် ကြိတ်ဖြစ်ရသည်။ စီနီယာ သို့မဟုတ် အရာရှိသိသွားလို့ကတော့ ပြင်းထန်သည့် ပြစ်ဒဏ်၊ အခန့်မသင့်လျင် ကျောင်းမှ ထုတ်ပစ်ခြင်းခံရသည်အထိ အရေးယူခံရနိုင်သည်။ ကျွန်တော်ကိုယ်တိုင် ပထမနှစ်ဗိုလ်လောင်းဘဝက ရေချိုးခန်းထဲမှာ အပတ်စဉ်တူ သူငယ်ချင်းတယောက်နှင့် စကားများပြီး တိုးတိုးတိတ်တိတ် ကြိမ်းမောင်း ရန်ဖြစ်နေတာကို တဖက်ရေချိုးခန်းက ဖိုင်နယ်ရီးယားကြားသွားသဖြင့် နှစ်ဦးနှစ်ဖက် ဒုတိယနှစ်နှင့် တတိယနှစ် အုပ်ထိန်းသူ ဂါဒီယံများထံ ညအိပ်ချိန်ကြမှ သွားရောက်၍ (၇) ရက်တိုင်တိုင် Special Extra Drill ပြစ်ဒဏ်ခံယူရသဖြင့် နောင်ရန်မဖြစ်ရဲတော့။ ရန်ဖြစ်ဖို့ အကြောင်းဖန်လာလျင်တောင် နှစ်ဥိးနှစ်ဖက် ကြိတ်မှိတ်သီး
ခံကြသည်။



ကျွန်တော် ဒုစစ်ရေယာဉ်မှူးဘဝက  ကျွန်တော်၏ စစ်ရေယာဉ်မှူးဖြစ်သူက သူတို့ဗိုလ်လောင်းဘဝက  ဗိုလ်လောင်းအချင်းချင်း  ရန်ဖြစ်တာကို ပြောပြခဲ့ဘူးသည်။ ကျွန်တော့် စစ်ရေယာဉ်မှူးသည် စစ်တက္ကသိုလ် အပါတ်စဉ် (၁၉)  ကဖြစ်ပါသည်။ သူတို့ ဗိုလ်လောင်းဘဝက  အပတ်စဉ် (၁၉) ဗိုလ်လောင်းတစ်ဦးကို စီနီယာအပတ်စဉ်  (၁၈) မှ ဗိုလ်လောင်းက  အပစ်ပေးရာမှ နားလည်မှုလွဲပြီး  အချင်းချင်း ရန်ဖြစ်
ကုန်ကြသည်။ တယောက်ချင်းမဟုတ်တော့ပဲ  နီးရာဗိုလ်လောင်းတွေပါပါပြီး အုပ်စုလိုက် ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက်တွေ ဖြစ်ကြသည်။ အရာရှိများ ရောက်လာပြီး ဖြန်ဖြေရသည်။ ပြီးတော့ စစ်စည်းကမ်းအရ အရေးယူသည်။ သာမန်အရေးယူခြင်းမဟုတ်ပဲ  စီနီယာအပတ်စဉ်မှ  ရန်ဖြစ်ရာတွင်  ပါဝင်သောဗိုလ်လောင်းများကို
ကျောင်းဆင်းရန် ရက်အနည်းငယ်အလိုမှာ တပ်ထုတ်ပွဲ စစ်ရေးပြအခမ်းအနားဖြင့် အရေးယူခဲ့သည်။



တပ်ထုတ်ပွဲ နံနက်ခင်းမှာ ဦးဆောင်ရန်ဖြစ်ခဲ့သည့် စီနီယာဗိုလ်လောင်းများကို အောင်ဆန်းခန်းမရှေ့ တွင် ဗိုလ်လောင်းယူနီဖောင်းအပြည့်ဖြင့် တန်းစီခိုင်းထားသည်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးကိုယ်တိုင် တက်ရောက်၍ လေ့ကျင့်ရေးဌာနအရာရှိများက ဗိုလ်လောင်းတဦးချင်းရှေ့ မှာ မျက်နှာခြင်းဆိုင် နေရာယူသည်။ ဆရာဆရာမများ
အရာရှိစစ်သည်  ဗိုလ်လောင်း တပ်ရင်းအားလုံး  တက်ရောက်ကြည့်ရှုရသည်။ တပ်ထုတ်ချိန်မှာ စစ်တက္ကသိုလ် စစ်တီးဝိုင်းတပ်ဖွဲ့က ဝမ်းနည်းဖွယ် တီးလုံးကို ဖြည်းဖြည်းချင်း စတင်တီးမှုတ်ပေးသည်။ အရာရှိများက ပြစ်ဒဏ်ကျ ဗိုလ်လောင်းတဦးချင်းစီ၏  ဗိုလ်လောင်းအဆောင်အယောင် ဦးထုပ်၊ ပခုံးဒေါက်တံဆိပ်၊ အင်္ကျီ၊ စစ်ခါးပတ်၊ စစ်ဖိနပ်၊ ခြေအိပ်၊ ဖိနပ်၊ စစ်ဘောင်းဘီရှည်ကစ တခုချင်း တဖြည်းဖြည်းချင်း ချွတ်ချပစ်သည်။ ကြည့်ရှုနေသည့် ဆရာဆရာမများအပြင်  ဗိုလ်လောင်းအားလုံး မျက်ရည်လည်ကြသည်။ ထုတ်ခံရသည့် ဗိုလ်လောင်းများနှင့် ရန်ဖြစ်ခဲ့သည့် အပတ်စဉ် (၁၉) မှ ဗိုလ်လောင်းများပင် ဝမ်းနည်းငိုကျွေးခဲ့ကြသည်ဟု ဆိုပါသည်။ ပြီးမှ သူတို့ကို တန်းဖြုတ်ပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းအဖြစ်မှ၎င်း၊ တပ်မတော်မှ၎င်း အပြီးတိုင် ထုတ်ပယ်ပစ်ခဲ့ပါသည်။



ယခုထွက်ပေါ်လာသည့် ဗွီဒီယိုဖိုင်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်းများ မဟုတ်သော်လည်း တပ်နှင့် အကျွမ်းမဝင်သူတို့က စစ်တက္ကသိုလ်ကိုသာ ဦးတည်ဝေဖန်ထိုးနှက်လာကြတာကို တွေ့ရသည်။ ထို့ကြောင့် စစ်တက္ကသိုလ်အတွက်၎င်း၊ တပ်မတော်အတွက်၎င်း စိတ်မကောင်းစရာ ဖြစ်ရပါသည်။



ဤဗွီဒီယိုဖိုင်ကို မည်သူတင်ပါသနည်း။ ဘာရည်ရွယ်ချက်နှင့်လည်း။ ဘယ်တပ်ဖွဲ့မှာ ဘယ်အချိန်က ဘာ့ကြောင့်ဖြစ်ခဲ့ပါသလည်း။ ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာကအစ စုံစမ်းဖော်ထုတ်၍ စစ်တက္ကသိုလ်နှင့် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်နေသူများကို စစ်စည်းကမ်းအရ အရေးယူသင့်ပါသည်။ မီးလောင်ရာလေပင့် သံကောင်းဟစ်နေကြသူများလည်း ရပ်တန်းက ရပ်စေချင်ပါသည်။ ။



အောင်လျှမ်းဝေ



ဗိုလ်မှူး ကြိုင်လျှမ်း 
တပ်မတော် (ရေ) (အငြိမ်းစား) 

ဟိုး......အတိတ်!!!!!

$
0
0

ကြာခဲ့ပါပြီ...
တိတိကျကျပြောရင်
လွန်ခဲ့တဲ့(၁၀)နှစ်ကျော်ကာလ ၂၀၀၀ခုနှစ်....
မိဘရင်ခွင်ကခွဲခွာပြီး ရည်ရွယ်ချက်ရင်မှာပိုက်
အမိစစ်တက္ကသိုလ်ရင်ငွေ့ ခိုလှုံစဉ်ကာလကပေါ့.....။

ပထမနှစ်ဗိုလ်လောင်းဘဝ၊
မတူတဲ့ဝန်းကျင်ရဲ့ တင်းကြပ်တဲ့ စည်းကမ်း၊
များပြားလှတဲ့လေ့ကျင့်မှု၊
စက်ရုပ်တစ်ရုပ်လိုကျင်လည်နေရချိန်၊
လေ့ကျင့်ရေးနှင့်စာပေတွဲလုံးများရဲ့
အဆက်မပြတ်ထိုးနှက်မှု၊
စီနီယာများရဲ့
တင်းကျပ်တဲ့အနီးကပ်သွန်သင်ဆုံးမမှုများစွာကို
ကြံ့ကြံ့ခံတွန်းလှန်ကျော်ဖြတ်ချိန်.....
ရင်နာစရာ၊
ရင်နင့်စရာ၊
ပင်ပန်းဆင်းရဲမှုများစွာထဲမှာ
တစ်ခါတရံလည်း
မထင်မှတ်စရာအလွဲလေးတွေက
ဟာသလေးတွေဖြစ်ခဲ့ပြီး
ဘဝအမောတွေကို
တစ်ထောင့်တစ်နေရာက
ဖြေဖျောက်ပေးနိုင်ခဲ့ပါတယ်......
အဲ့ဒိထဲကမှ
ကျွန်တော်တို့ဖြစ်ခဲ့တဲ့ အလွဲလေးဟာ
ရီစရာလည်းကောင်း၊
သတိရစရာလည်းဖြစ်နဲ့
ခုထိမှတ်မှတ်ရရ ရှိနေခဲ့ပါတယ်......
ဖြစ်ပုံကဒီလိုပါ.....
စစ်တက္ကသိုလ်မှာထမင်းစားကြတဲ့အခါ
ထမင်းတစ်ဝိုင်းမှာ
intake အစုံစုပေါင်းစားသောက်ကြပါတယ်။
Final year(၂)ဦး၊
Second year(၄)ဦး၊
First yearက(၈)ဦး၊ပေါင်း(၁၄)ဦးပါ။
အဲ..ထမင်းတစ်ဝိုင်းလုံးကိုတော့
ပထမနှစ်ဗိုလ်လောင်းတွေကပဲ
ပြင်ပေးရပါတယ်။
ကြိုပြီးသွားပြင်လို့လည်းမရပါဘူး...
အချိန်ကိုက်ဆောင်ရွက်နိုင်အောင်
လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။
စာပေဌာနကအတူတူပြန်လာ၊
တန်းပေါင်းစီကွင်းထဲဝင်၊
တန်းဖြုတ်ဆိုတဲ့အမိန့်ရမှ
အပြေးအလွှား အလုအယက် သွားပြင်ရတာပါ.....
အဲ့ဒိတုန်းကတော့
စားရိပ်သာဆိုတာ
ဘာမှခင်းကျင်းမထားပါဘူး။
ထမင်းဆိုလည်းကန်တုံနဲ့ထည့်ထား။
ဟင်း၊ ပဲဟင်းအားလုံးက
ကန်တုံနှင့်ပဲထည့်ပေးထားတာ..
ဒီတော့ first year တွေက တာဝန်ခွဲပြီး
ဘယ်သူထွေး(ထမင်းစားပုံစံခွက်)ခင်း၊
ဘယ်သူကထမင်းထည့်
ဘယ်သူကဟင်းထည့်၊
ဘယ်သူကပဲဟင်းခပ်၊
ဘယ်သူကရေနွေးထည့်၊
ဘယ်သူကတော့လိုက်စစ်ပေါ့....။
ဒီလိုတာဝန်ခွဲပြီး
ပြာပြာသလဲ အချိန်လုလုပ်ကြရတာပေါ့ဗျာ...
ဝိုင်းအလိုက်ကိုယ့်ထမင်းဝိုင်းစီနီယာတွေက
အေးဆေးဆိုရင်တော့
အမှားရှိရင်လည်း
ခွင့်လွှတ်ပြီးသင်ပေးတတ်ကြပါတယ်..
အချို့ကြတော့
အမှားရှာအပြစ်ပေးပြီးမှ
သင်ပေးတဲ့စီနီယာတွေ၊
မှားပြီဆိုရင်
ဆတ်ဆတ်ထိမခံတတ်တဲ့ စီနီယာတွေလည်းရှိ၊
လူအမျိုးမျိုးစိတ်အထွေထွေပေါ့...။
ကျွန်တော်တို့ဝိုင်းကစီနီယာတွေကြတော့
ကံဆိုးစွာနဲ့ပဲ ဒုတိယနဲ့တတိယအမျိုးအစားတွေကြီးပဲဗျို့....
အဲ့လိုဆိုတော့စဉ်းစားသာကြည့်တော့ဗျာ......
ကျွန်တော်တို့ကလည်းနေ့တိုင်းမှား
သူတို့ကလည်းနေ့တိုင်းအုပ်နဲ့
ပွဲကိုစည်နေတော့တာပါပဲ....။
တနေ့တော့..
အင်မတန်ဂရုစိုက်ပြီး လုပ်နေတဲ့ကြားက
မဟာအလွဲကြီးလွဲပါလေရောဗျာ.............
အဲ့ဒိနေ့ကကျွန်တော်တို့အားလုံး
ခါတိုင်းနေ့တွေထက်ပိုအားထည့်ထားကြတယ်..။
သူငယ်ချင်းတစ်ယောက်ဆိုစာပေဌာနမသွားဘဲ
အမှတ်ဖြတ်ခံဆေးခန်းလိုက်ပြီး
စောစော သွားပြင်ထားတာပေါ့။
ကျွန်တော်တို့လည်း "တန်းဖြုတ်"
ဆိုတဲ့အသံကြားတာနဲ့
စားရိပ်သာကို အပြေးအလွှားသွား ဝိုင်းလုပ်ကြပါတယ်။
နေ့တိုင်းအစုံအလင်မရခဲ့တဲ့...
ပဲဟင်းခွက်၊ရေခွက်တွေဟာ
အရင်ရောက်တဲ့သူငယ်ချင်းရဲ့
ကြိုးစားအားထုတ်မှုကြောင့်
ဝိုင်းပေါ်မှာအစုံအလင်လူစုံတက်စုံ...။
ထမင်းလိုက်ပွဲအုပ်ကြီးကွက်တိ၊
ခူးပြီးခပ်ပြီးအဆင်သင့်....
အရာအားလုံးဟာ ပြီးပြည့်စုံနေသလို
ဝမ်းသာပီတိဂွမ်းဆီထိပေါ့...
မျက်နှာကောင်းရပြီပေါ့ဗျာ..
ဟင်းကလည်းကောင်းတဲ့ရက်....
မရှေးမနှောင်း နောက်ဆုံးနှစ်နဲ့
ဒုတိယနှစ် တွေရောက်လာ၊
သူတို့လည်းထမင်းဝိုင်းကြည့်ပီးတပြုံးပြုံး.......
အို....လောကကြီးဟာ
အရာရာ လှပနေပါတော့တယ်ဗျာ....။
အဲ့လိုနဲ့တုံးခေါက်၊ ထမင်းစားသစ္စာဆို..
ထမင်းဟင်းကလည်း
အငွေ့တထောင်းထောင်း..
အခြေအနေကလှနေပီ........။
ကလိုနဲ့.....
စ စားပြီဆိုတော့မှပွဲကစတာဗျို့။
ဝိုင်းထိပ်မှာထိုင်နေတဲ့
final year တစ်ယောက်က
အင်မတန်မှကို အသန့်ကြိုက်၊
လူကဖြူဖြူချောချော၊
ဆွေကြီးမျိုးကြီးထဲက၊
ဒီဝိုင်းကိုဘယ်သူမှမရဘူးတဲ့
အခွင့်အရေးပေးထားတာ၊
လက်သုတ်ပဝါကိုပေါင်ပေါ်ခင်း၊
ဇွန်းခရင်းဥရောပစတိုင်ပြောင်းပြန်ခပ်.....
အာ့လိုအင်မတန်အသန့်ကြိုက်၊
အင်မတန်စနစ်ရှိတဲ့သူ...
ဒေါသကလည်း
အင်မတန်ကြီးတတ်တာကလား.....
သူဒေါသထွက်ချိန်ဆို
ပထမနှစ်မပြောနဲ့
ဒုတိယနှစ်တောင်
နားရွက်မခတ်ရဲတဲ့သူ....။
အထက်ပါ..သူက...သူကြီးက....
သူ့ရှေ့မှာ ခပ်ပေးထားတဲ့
ပဲဟင်းခွက်ကို တစ်ဇွန်းခပ်မြည်းလိုက်ပါတယ်...
"ရှုး!!!!!"
"ဟ...ပဲဟင်းကချဉ်စုပ်စုပ်ပါလား first year"
"ဂွမ်"(ဇွန်းခရင်းပစ်ချပြီး အကုန်လုံးက ရှေ့ကြည့်)
ကျွန်တော်တို့လည်းဇွန်းခရင်းလေးတွေချ ရှေ့ကြည့်ပေါ့...
ဘာမှားသလဲ???
ဘာဖြစ်တာလည်း???
အဖြေကမထွက်.....
သူသိပ်မကျေနပ်
နောက်တစ်ဇွန်းထပ်မြည်းပြီး
ဘေးဝိုင်းကိုသူလှမ်းမေးတော့လည်း
သူတို့အပတ်စဉ်နောက်ဆုံးနှစ်က
ပလုပ်ပလောင်းစားရင်း ပြန်ဖြေတယ်.....
"ကောင်းပါတယ်ကွ"တဲ့....
ကျွန်တော်တို့ မသိမသာ သက်ပြင်းခိုးချမိသည်.....
ဒါပေမဲ့....
သူမသကာၤေသး...
"Second year တွေမြည်းကြည့်စမ်း"ဆိုပြီး
ဝိုင်းထဲက ဒုတိယနှစ်တွေကို ထပ်မြည်းခိုင်းပြန်ပါပြီ....
Second year တွေကလည်း
ပဲဟင်းစမ်းပြီးစတောင်ကြိတ်နေကြပြီ...
"ဟုတ်တယ်အစ်ကိုနည်းနည်းချဉ်နေတယ်တဲ့"
ဒီလိုနဲ့ သူ့ သံသယစိတ်
အထွဋ်အထိပ် ရောက်သွားပုံရပါတယ်....။
ဒါနဲ့.....
သူပဲဟင်းခွက်အောက်ထိ
ဇွန်းတမြုပ်မွှေခပ်လိုက်တဲ့ အခါမှာတော့......
လားလား!!!
ကျွတ်ကျွတ်အိတ်ဖတ်ကြီးဗျာ....
တွဲလောင်းလေးခိုလို့......
First Year တွေကို ပြောင်စပ်စပ်လုပ်ပြနေသလိုလို...
ထိုအချိန်.....
first year ကျွန်တော်တို့မျက်နှာ
မန်းကျည်းရွက် ထက်ပိုင်းကျိုးလောက်ပဲကျန်ပါတော့တယ်...
ဖြစ်နိုင်ရင် မြေလျိုးချုင်စိတ်၊အမှုန့်ဖြစ်ချင်စိတ်တွေပင်
ပေါက်နေကြပါပြီ....။
"First year!!!!!!!"
Final Year ရဲ့ ဒေါသစွက်နေတဲ့ အသံဟာ
မိုးကြိုးအစင်းတစ်ရာလောက်ပစ်လိုက်သလိုလားလို့တောင်
ထင်လိုက်မိတယ်။
"ဒီပဲဟင်းကဘယ်ကခပ်ထားတာလည်း"မေးပါလေရော..
အရင်လာပြင်တဲ့ First Year ခမျာ
တုန်နေတဲ့ ဒူးနှစ်ဘက်ကို အသာထိန်းပြီး
ကတုန်ကရင်နဲ့ထဖြေတယ်...
"ဒီဘက်ကန်တုံကပါတဲ့"
ဒီအချိန် ...
Final year အော်သံကြောင့်
အနားရောက်လာတဲ့
အရပ်သားထမင်းချက်လေးက
အထိတ်တလန့်နဲ့ ဝင်ဖြေတယ်....
"ဟာ.အဲ့ဒါဝက်စာဗုံးဗျ ...
ကျွန်တော်ညကတည်းမသိမ်းရသေးလို့"တဲ့ဗျာ..
သေရော....
Final Year မျက်နှာကြီးနီနေချက်ကတော့ဗျာ....
UPG အနီဗုံးမှောက်ကျထားလား ထင်ရတယ်.....။
"မင်းသေချာမကြည့်ဘူးလား
ဘာလို့အဲ့ဒိထဲကခပ်တာလည်း"ဆိုတော့
ဒင်းဖြေလိုက်ပုံကြည့်အုံး.....
"ဆီဝေ့နေတာနဲ့ အစ်ကိုတို့ကို
ပိုကောင်းတာစားစေချင်လို့ပါ"တဲ့ဗျာ..
"ကျွန်တော်တို့စားဖို့ကဆီမဝေ့တဲ့ဟာထဲကပါ"တဲ့...။
တစ်လလုံးမဲမဲမြင်တိုင်းအုပ်တာ
ဆေးခန်းတောင်လိုက်သူလိုက်ပေါ့...
အချင်းချင်းဝက်စာစားတဲ့ကောင်လို့စလည်း
မဲပြီးလာကိုင်တော့တာဗျို့....
လေးလုံးပတ်နဲ့ဆိုတာ
အေးအေးငြိမ်း အိအိငြိမ်းလားထင်ရတယ်....
အာ့လိုမချိမဆန့်လွဲခဲ့တာပါဗျာ......။

(စီနီယာတွေနဲ့အလွဲကောင်များသို့အမှတ်တရ)

၇၉၄၅ ဖိုးဥာဏ

(အဲ့ဒိ စီနီယာကြီးနဲ့ ကျိုင်းတုံဘက်မှာ တာဝန်အတူထမ်းဆောင်ရင်း တွေ့လို့ အဲ့ဒိအကြောင်းစတော့"များနေပြီ"ဟုဆိုရင်း တဟားဟားရယ်မောကာ
မုန့်ဖိုးပေးလိုက်ပါကြောင်း... )

အရပ်သားအစိုးရသစ်အတွက် ထောက်လှမ်းရေးဖတ်စာ

$
0
0

ရန်ကုန်၊ ဇန်န၀ါရီ ၂၄

နိဒါန်း
------
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနယ်ပယ်၏ ပင်မခက်ဖြာဟုဆိုနိုင်သော အရပ်ဘက်နိုင်ငံရေးအင်အားစုက လက်နက်ကိုင်တပ်ပေါင်းစုကို ထိန်းကျောင်းနိုင်မှုတွင် အခက်ခဲဆုံးနှင့် လက်အ၀င်ဆုံးအချက်ကို လက်ညှိုးပြရလျှင် အရပ်သားနိုင်ငံရေးသမားတို့က ထောက်လှမ်းရေးအေဂျင်စီများကို ထိန်းကျောင်းစီမံရေးပင်ဖြစ်သည်။ စစ်အာဏာရှင် အုပ်စိုးမှုအောက်တွင်လည်းကောင်း၊ တစ်ပါတီအာဏာရှင်စနစ်အောက်တွင် အသားကျကျ လည်ပတ်ဖြတ်သန်းလာခဲ့ သည့် ထောက်လှမ်းရေးအေဂျင်စီများသည် နိုင်ငံရေးလေထု အခင်းအကျင်းသစ်နှင့် ရင်ဆိုင်သည့်အခါ ပြောင်းလဲမှုရေစီးကြောင်း နှင့် လိုက်ပါနိုင်ရန်သည် အလွန်တရာအကဲဆတ်လှသည် အကြောင်းရင်းပင်ဖြစ်သည်။ နိုင်ငံရေးသမားများဘက်ကလည်း ၄င်းတို့ကို စောင့်ကြည့်ထောက်လှမ်းခဲ့သော၊ ဖမ်းဆီးစစ်ကြောခဲ့သော ထောက်လှမ်းရေးအေဂျင်စီများကို အုပ်စိုးသူ သို့မဟုတ် အာဏာရနိုင်ငံရေးအင်အားစု၏လက်ကိုင်ဒုတ်အဖြစ် ရှုမြင်သဘောထားခဲ့ကြသည်။ ပြောင်းလဲမှုရေစီးကြောင်း တွင် လိုက်ပါပြောင်းလဲနိုင်ရန် ခဲယဉ်းမှု၊ အစဉ်အဆက် အာဏာရအုပ်စု၏လက်ကိုင်ဒုတ်အဖြစ် ရှုမြင်ခံရမှုတို့သည် ထောက် လှမ်းရေးအေဂျင်စီများကို အရပ်ဘက် နိုင်ငံရေးသမားတို့အတွက် ထိန်းကျောင်းရန် ခက်ခဲစေသည့် အရင်းခံများပင်ဖြစ်သည်။


ဒီမိုကရေစီနိုင်ငံဖြစ်စေ၊ ဒီမိုကရေစီနိုင်ငံသို့ အသွင်ကူးပြောင်းရန် တတ်လှမ်းစနိုင်ငံတွင်ဖြစ်စေ ဒီမိုကရေစီနှင့် ထောက်လှမ်းရေးအေဂျင်စီအကြား မျိုးရိုးဗီဇ မတူညီခြင်းသည်လည်း အခြေခံပြဿနာရပ်အဖြစ် ရှိနေပါသည်။ ဒီမိုကရေစီဟူသည် တာဝန်ခံမှု၊ တာဝန်ယူမှုနှင့်အတူ ပွင့်လင်းမြင်သာမှုရှိရပါသည်။ ထောက်လှမ်းရေးအေဂျင်စီတို့က မူ ဒီမိုကရေစီတန်ဖိုး၊ နှုန်းစံတို့နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဟုဆိုနိုင်အောင် ထောက်လှမ်းရေး၏အသက်သွေးကြောသည် လျိုဝှက်ခြင်းအပေါ် မူတည်နေပါသည်။ လုပ်ငန်းစဉ်တို့သည်လည်း လျိုဝှက်နိုင်လေလေ၊ ဖုံးကွယ်နိုင်လေလေ၊ လှည့်စားနိုင် လေလေ ထိရောက်အောင်မြင်မှုရှိလေလေဖြစ်ပါသည်။ ဒီမိုကရေစီဝါစဉ်ကြီးမားရင့်သန်နေပြီဖြစ်သော နိုင်ငံကြီးများတွင်ပင် တစ်ခါတရံ ထောက်လှမ်းရေးလုပ်ငန်းစဉ်တို့၏လိုအပ်ချက်အရ ဒီမိုကရေစီနှုန်းစံ၊ တန်ဖိုးနှင့် ဖီလာ ဆန့်ကျင်သော လုပ်ရပ်များကို စနစ်တကျလုပ်ဆောင်ရပါသည်။
နိုင်ငံတကာတွင် ထောက်လှမ်းရေးအေဂျင်စီများ သို့မဟုတ် ထောက်လှမ်းရေးလုပ်ငန်းစဉ်များကို အရပ်ဘက်နိုင်ငံရေးသမားတို့ မည်သို့မည်ပုံထိန်းကျောင်းရမည်နည်းဟူသော အကြောင်းအရာခေါင်းစဉ်ကို ခေါင်းတည် ဆွေးနွေးအဖြေရှာတိုင်း အခက်အခဲများစွာကြုံတွေ့ရလေ့ရှိပါသည်။ ဗွေဆော်ဦးအခက်အခဲက ရိုးရိုးလေးဖြစ်ပါသည်။ ထောက်လှမ်းရေးဟူသည့်အတိုင်း လျိုဝှက်လွန်းရပါသည်။ ထောက်လှမ်းရေးဟူသည့် ဝေါဟာရအသုံးအနှုန်းကပင် ရှုပ်ထွေး ပွေလီသော အနက်ဆောင်ပါသည်။ ဒုတိယအခက်အခဲက ထောက်လှမ်းရေးအေဂျင်စီနှင့် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်အကြား အပြန်အလှန်ကူးလူးဆက်နွယ်နေမှုကို လေ့လာထားသည့် စာပေကျမ်းဂန်များ၊ သုတေသနများက အလွန်တရာရှားပါး၍ဖြစ်သည်။

ထောက်လှမ်းရေးနှင့်ဒီမိုကရေစီ 
----------------------------------------
နိုင်ငံတိုင်းတွင် သူ့အရပ်နှင့်သူ့ဇာတ်၊ သူ့အိုးနှင့်သူ့ဆန် ဆိုသကဲ့သို့ ထောက်လှမ်းရေးအေဂျင်စီများကို ဖွဲစည်း တည်ထောင်ရပါသည်။ ပွင့်သစ်စဒီမိုကရေစီနိုင်ငံများတွင် မည်ကဲ့သို့သော ထောက်လှမ်းရေးအေဂျင်စီများကို ဖွဲ့စည်းတည် ထောင်ရမည်နည်း သို့မဟုတ် ပြုပြင်ဖွဲ့စည်းရမည်နည်း what kind of intelligence structure do we need နှင့် မည်ကဲ့သို့ထိန်းကျောင်း လမ်းညွန်ကြီးကြပ်မည်နည်း how can intelligence agencies be controlled ဟူသော မေးခွန်း တို့သည် အလွန်တရာစဉ်းစားဖို့ကောင်းပါသည်။ ထောက်လှမ်းရေးအေဂျင်စီသို့မဟုတ် ထောက်လှမ်းရေးလုပ်ငန်းစဉ်တို့၏ သဘော၊ သဘာဝနှင့်ပတ်သက်ပြီး အထူးစဉ်းစားရမည့် သဘာဝ လေးရပ်ရှိပါသည်။ ဗွေဆော်ဦး သဘာဝက ထောက်လှမ်း ရေးလုပ်ငန်းစဉ် လျိုဝှက်စွာဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိ၊ ကင်းမဲ့ပါသည်။ ပွင့်လင်းမြင်သာမှု မရှိသော၊ ကင်းမဲ့သော လုပ်ငန်းတိုင်းသည် အလွဲသုံးစားလုပ်ရန် နီးစပ်သော၊ အလွဲသုံးစားလုပ်ရန် အခွင့်အလမ်းသာစေပါ သည်။

ထောက်လှမ်းရေးလုပ်ငန်းစဉ်ဟူသည် အချက်အလက်များကို စုဆောင်းရသည်။ သုံးသပ်မှု၊ သရုပ်ခွဲမှု၊ ကောက်ချက်ဆွဲမှုတို့ကို လုပ်ဆောင်ရသည်။ စင်စစ်၊ အချက်အလက်သည် ပါဝါအရင်းအမြစ်တစ်မျိုးပင်ဖြစ်သည်။ ထို့ကြောင့် အချက်အလက်အရင်းအမြစ်များကို ကိုင်ဆုပ်ခွင့်ရှိသည့် ထောက်လှမ်းရေးအေဂျင်စီတို့၏ ခေါင်းဆောင်များ၊ အရာရှိကြီးများသည် အစိုးရအဖွဲ့အစည်းအတွင်းရှိ မိမိနှင့်အလွမ်းသင့်သူများ၊ အုပ်စုများကို အချက်အလက်များ မျှဝေ ခြင်းဖြင့် မိမိကိုယ်ကျိုးအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း အမြတ်ထုတ်နိုင်ပါသည်။ ဤသို့ဖြစ်တတ်ပါသည်။ လှေကြီးလှေငယ်ဆောက်တတ်သည့်ဖြစ်စဉ်သည် အဆိုပါသဘာဝပင်ဖြစ်သည်။

တတိယမြောက်သဘာဝက ဥပဒေကိုချိုးဖောက်ရခြင်းဖြစ်သည်။ အေးဂျင့်များနှင့် ထောက်လှမ်းရေးအဖွဲ့အစည်း တို့သည် လုပ်ငန်းတာဝန်အရ နိုင်ငံရပ်ခြားတိုင်းပြည်များတွင် အဆိုပါတိုင်းပြည်များက ချမှတ်ထားသော ဥပဒေများ၊ ( အဆုံးစွန်ပြောရလျှင် ၄င်းနိုင်ငံ၏အချုပ်အချာအာဏာကိုပင် ဖောက်ဖျက်ကျူးလွန်ရပါသည် ) ချိုးဖောက်လုပ်ဆောင်ရပါ သည်။ စာရင်းအတိအကျမရှိသော ဘတ်ဂျက်၊ ရန်ပုံငွေတို့ဖြင့်လည်း စစ်ဆင်ရေးများ၊ စီမံကိန်းများ ဆောင်ရွက်ရပါသည်။ သတင်းပေးများကို မွေးရပါသည်။ သူ့လူကို ကိုယ်ဘက်သားဖြစ်အောင် ဆွဲဆောင်စည်းရုံးရပါသည်။ ထို့ကြောင့်၊ ထောက် လှမ်းရေးလုပ်ငန်းများသည် လုပ်ငန်းလိုအပ်ချက်အရ ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ဥပဒေများကို ချိုးဖောက်ကာ တာဝန်ထမ်းဆောင်ရပါသည်။

စတုတ္ထမြောက် သဘာဝက စစ်ဆင်ရေးလိုအပ်ချက်အရ စီရင်သတ်ဖြတ်ခြင်းကို လုပ်ရသည်။ ထောက်လှမ်းရေး လုပ်ငန်းစဉ်သည် ၂၄ နာရီတိုက်ပွဲဆင်နွဲရသည့် စစ်ပွဲနှင့်တူပါသည်။ တိုင်းပြည်၏ရန်စွယ်ဟူသတ်မှတ်ထားသည့် လူ၊ အဖွဲ့အစည်းများကို ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ လိုက်လံပြီး အဆုံးစီရင် သုတ်သင်ရှင်းလင်းရပါသည်။ ပြောရ လျှင် ထောက်လှမ်းရေးလုပ်ငန်းစဉ်ဟူသည် de facto license to operate outside society’ rules ဟုပင် ဖွင့်ဆိုကြရပါ သည်။ အထက်ဖော်ပြပါ ထောက်လှမ်းရေးလုပ်ငန်းစဉ်၏ သဘာဝလေးရပ်တို့သည် ဒီမိုကရေစီနှုန်းစံနှင့် မည်မျှ သွေဖီ နေ သနည်းဟူအချက်ကို သိသာစေပါသည်။ မည်မျှပင် ဒီမိုကရေစီနှုန်းစံနှင့် ဖီလာဆန့်ကျင်နေသည်ဖြစ်စေ၊ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများပင် အထက်ဖော်ပြပါ သဘာဝလေးရပ်ကို လိုလိုလားလား ခွင့်ပြုပေးရပါသည်။

ထိန်းကျောင်းရေး နည်းလမ်း သုံးသွယ်
----------------------------------------
ထောက်လှမ်းရေးအေဂျင်စီများကို ပြုပြင်ပြောင်းလဲရန်ဖြစ်စေ၊ ထိန်းကျောင်းရန်ကြိုးစားသည့် ပွင့်သစ်ဒီမိုကရေစီ နိုင်ငံတိုင်းသည် အခက်အခဲများ တင်းကျမ်း ရင်ဆိုင်တွေ့ရသည်သာဖြစ်သည်။ အာဏာရှင်စနစ်မှ ပွင့်သစ်စဒီမိုကရေစီနိုင်ငံ များသို့ ကူးပြောင်းရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေရသည့် နိုင်ငံများတွင် ထောက်လှမ်းရေးအေဂျင်စီများကို ထိန်းကျောင်း သည့်အခါ၊ သို့မဟုတ် ကြိုးစားသည့်အခါ အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံးက ထောက်လှမ်းရေးဆိုင်ရာ ဥပဒေမူဘောင်၊ နည်းဥပဒေများကို ရှင်းလင်းပြတ်သား ပြည့်စုံရေး ( A clear and comprehensive legal framework for intelligence structures ) ပင်ဖြစ်သည်။ နိုင်ငံတကာဖြစ်စဉ်များမှ သာဓကထုတ်ရလျှင် အာဂျင်းတီးနားနိုင်ငံဖြစ်သည်။ အာဂျင်းတီးနား နိုင်ငံသည် ၁၉၈၃ခုနှစ်တွင် စစ်အာဏာရှင်အုပ်စိုးမှုမှ လွတ်မြောက်လာခဲ့သော်လည်း ၂၀၀၀ပြည့်နှစ်မတိုင်ခင်အထိ ထောက်လှမ်းရေးအေဂျင်စီများကို ထိရောက်စွာ ထိန်းကျောင်း လမ်းညွန် ဦးဆောင်နိုင်မည့် legal framework ကို မပြဋ္ဌာန်းနိုင်ခဲ့ပေ။ ဘရားဇီးနိုင်ငံသည်လည်း ၁၉၈၅ခုနှစ်တွင် အရပ်သားအုပ်ချုပ်မှု စတင်နိုင်ခဲ့သည့်တိုင် ၁၉၉၉ခုနှစ် ( ၁၅နှစ်နီးပါးကြား)ရောက်မှ ထောက်လှမ်းရေးအေဂျင်စီနှင့်ပတ်သက်သည့် legal framework ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ အရပ်ဘက်နိုင်ငံရေးသမားများအတွက် ထောက်လှမ်းရေးအေဂျင်စီများကို ထိန်းကျောင်းနိုင်ရေးအတွက် ရွေးချယ်ဆုံးဖြတ် ရသည့် လမ်းကြောင်းသုံးခုရှိပါသည်။

ထောက်လှမ်းရေးအဖွဲ့အစည်းတို့သည် ၄င်းတို့လုပ်ငန်းစဉ်ဆောင်တာများ လည်ပတ်ဆောင်ရွက်ရန် လူအင်အား၊ ငွေအင်အားနှင့် လုပ်ပိုင်ခွင့်အာဏာများ လိုအပ်ပါသည်။ ပြောရလျှင် အရင်းအမြစ်များလိုပါသည်။ အာဏာရနိုင်ငံရေးသမား များက ထောက်လှမ်းရေးအေဂျင်စီများအတွက် လိုအပ်သည့် အရင်းအမြစ်များ အတိုးအလျော့ကို ဆုံးဖြတ်စီရင်ပိုင်ခွင့်ရှိ သည်။ ထိုဆုံးဖြတ်စီရင်ပိုင်ခွင့်အပေါ်မူတည်ပြီး ထောက်လှမ်းရေးအေဂျင်စီတို့၏လုပ်ငန်းစဉ်၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများကို ချိန်ညှိပြောင်းလဲပေးနိုင်သည်။ ထိုသို့ဆောင်ရွက်ခြင်းက လက်ရှိလုပ်ဆောင်နေသော ထောက်လှမ်းရေးစီမံကိန်း၊ စီမံချက်များသည် အမျိုးသားလုံခြုံရေးအတွက် မည်မျှ အထောက်အကူပေးနိုင်မည်နည်း၊ အမျိုးသား အကျိုးစီးပွားအတွက် မည်မျှ တာသွားစေသနည်းအပေါ် မူတည်ဆုံးဖြတ်ရပါသည်။

များစွာသေချာသည်မှာ မြန်မာ့ထောက်လှမ်းရေးအေဂျင်စီများအနေဖြင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်၊ ထိုင်းနိုင်ငံတို့တွင် စစ်ဘက် ဆိုင်ရာထောက်လှမ်းမှု စီမံကိန်းတွင် (မည်သည့်အစိုးရပင်တက်တက် ) ယခုထက် ပိုမိုအရင်းအမြစ်သုံးစွဲရန် လိုအပ်ပါသည်။ ထောက်လှမ်းရေးလုပ်ငန်းစဉ် လေးမျိုးတွင် collection ၊ analysis ၊ convert action နှင့် counterintelligence တွင် မည်သည့်အပိုင်းကို ငွေအား၊ လူအား ပိုမိုကျခံသုံးစွဲမည်ဟူသော အဆုံးအဖြတ်မျိုးဖြင့် ချဉ်းကပ် နိုင်သည်။ ထိုသို့ဆုံးဖြတ်ရန်အတွက် ကမ္ဘာ့နိုင်ငံရေး၊ ဒေသတွင်းနိုင်ငံရေး၊ူမဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးရာသီဥတု၊ သမိုင်းကြောင်းများကို ထည့်သွင်းတွက်ချက်ရပါမည်။ ဦးစားပေးလုပ်ငန်းစဉ်များကို ပြန်လည်သတ်မှတ်အကဲဖြတ်ကာ နိုင်ငံ အတွက် လက်ရှိဆောင်ရွက်နေသည့် ထောက်လှမ်းရေးလုပ်ငန်းစဉ်များ၊ စစ်ဆင်ရေးများ၊ စီမံချက်များကို တိုင်းပြည်အတွက် မည်မျှ အကျိုးရှိသနည်းဟူသောအချက်ကို ကြည့်ရှုပြီး ပယ်ဖျက်၊ ရွေ့ဆိုင်း၊ ဆက်လက်ဆောင်ရွက်ရန်၊ ကူညီပံပိုးရန် စသဖြင့် ဆုံးဖြတ်လုပ်ကိုင်ရပါမည်။

ပွင့်သစ်စဒီမိုကရေစီနိုင်ငံအများစုရှိ နိုင်ငံရေးသမားများသည် ထောက်လှမ်းရေးဌာနများတွင် စစ်ဘက်မှ လွှမ်းမိုးနေခြင်းကို မနှစ်ခြိုက်တတ်ကြပေ။ ထို့ကြောင့် ထောက်လှမ်းရေးအေဂျင်စီများတွင် အရပ်ဘက်ဝန်ထမ်းများနှင့် စစ်ဘက် ၀န်ထမ်းများကို မျှမျှတတ ပြန်လည်နေရာချထားမှု၊ ပြန်လည်ဖွဲ့စည်းမှုများ ဆောင်ရွက်လေ့ရှိပါသည်။ အာဏာပိုင် စနစ်၊ စစ်အာဏာရှင်စနစ်နိုင်ငံများတွင် ထောက်လှမ်းရေးအေဂျင်စီ၊ ဌာနအဖွဲ့အစည်းများတွင် စစ်တပ်ကသာ မောင်ပိုင်စီး ထားခြင်း၊ လွှမ်းမိုးနေရာယူထားလေ့ရှိပါသည်။ နိုင်ငံရေးခေါင်းဆောင်များသည် ဒီမိုကရေစီ ခိုင်မာအားကောင်းလာသည့် အခါ ထောက်လှမ်းရေးဌာနများတွင် စစ်ဘက်မှ လွှမ်းမိုးနေမှုကို လုံးဝဖယ်ရှားခြင်း သို့မဟုတ် တစ်စိတ်တပိုင်း ဖယ်ရှားခြင်း တို့ကို လုပ်ဆောင်လေ့ရှိပါသည်။ သို့သော်၊ ဖယ်ရှားလိုက်သော နေရာတွင် အစားထိုးခန့်အပ်တာဝန်ပေးမည့် အရပ်ဘက် ထောက်လှမ်းရေးဝန်ထမ်းတို့၏ အဆင်သင့်ရှိနေမှုကိုလည်း မဖြစ်မနေထည့်သွင်း စဉ်းစားရပါသည်။ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာသည့် ထိန်းကျောင်းရေးနည်းလမ်းတစ်ခုက စစ်ဘက်ဆိုင်ရာထောက်လှမ်းရေး ကို စစ်တပ်ကို လက်လွှဲပြီး၊ မဟာဗျူဟာမြောက်ထောက်လှမ်းရေးနှင့် တန်ပြန်ထောက်လှမ်းရေး၊ အမျိုးသားထောက်လှမ်းရေး စသည့် ဌာနအဖွဲ့အစည်းများကို အရပ်ဘက်ဌာနလက်သို့ ပြောင်းလဲဖွဲ့စည်းခြင်းပင်ဖြစ်သည်။
တတိယမြောက် ထိန်းကျောင်းရေးလမ်းသွယ်က ထောက်လှမ်းရေးလုပ်ငန်းစဉ်များကို အမျိုးသားအဆင့် မူဝါဒများ
နှင့် ချိတ်ဆက်ဆောင်ရွက်စေခြင်းဖြစ်သည်။ နိုင်ငံရေးသမားများ၏ လက်ကိုင်ဒုတ်ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်သည့် ထိန်းကျောင်းရေးနည်းစဉ်ဟု ပညာရှင်များက သတိပေးပါသည်။

ထိန်းကျောင်းရေး ယန္တရား နှစ်ခု
---------------------------------
နိုင်ငံတစ်ခုတွင် ထောက်လှမ်းရေးဌာနတစ်ခုကို ထားရှိခြင်း သို့မဟုတ် ဌာနတစ်ခုကို ပါဝါအရင်းအမြစ်များ ပုံအောပေးခြင်းတို့သည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် အလွန်အန္တရာယ်များလှပါသည်။ ထို့ကြောင့်၊ နိုင်ငံတော် တော်များများတွင် ထောက်လှမ်းရေဌာနများကို တစ်ခုထက်ပို၍ ထားရှိဖွဲ့စည်းကြပါသည်။ ထိုသို့ အေဂျင်စီများ၊ ဌာနများ ကွဲပြားထားရှိခြင်းက ထောက်လှမ်းရေးဌာန တစ်ခုက လိုအပ်သည်ထက် သြဇာလွှမ်းမိုးခြင်းကို ကာကွယ်နိုင်ပါသည်။ သို့သော်၊ ထိုသို့ အဖွဲ့များစွာထားရှိခြင်းက အေ၈ျင်စီတစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုအားနည်း ခြင်း များ ဖြစ်တတ်ပါသည်။ ပြည်တွင်းထောက်လှမ်းရေး၊ ပြည်ပထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေး၊ စစ်ထောက်လှမ်းရေး စသဖြင့် ထားရှိခြင်းသည် ထောက်လှမ်းရေးအေဂျင်စီများကို ထိန်းကျောင်းရေးလမ်းသွယ်တစ်ခုဖြစ်သည်။ ပြည်ထဲရေး ၀န်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရွေးချယ်ခွင့်ရှိခြင်းကလည်း မြန်မာ့နိုင်ငံရေးသမားတို့အတွက် အထူးစဉ်းစားရန် အချက်ဖြစ်သည်။

ဒုတိယထိန်းကျောင်းရေးယန္တရားက ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်မှ ထောက်လှမ်းရေးဆပ်ကော်မတီ များ ဖွဲ့စည်းပြီး ထောက်လှမ်းရေးလုပ်ငန်းစဉ်များ စောင့်ကြည့်ရေးပင်ဖြစ်သည်။ ပွင့်သစ်စဒီမိုကရေစီနိုင်ငံများတွင် မဆိုထားနှင့်၊ ဒီမိုကရေစီဘိုးဘေနိုင်ငံကြီးများတွင် ထောက်လှမ်းရေးဆပ်ကော်မတီဝင် နိုင်ငံရေးသမားများကို အထူးရွေးချယ်ရပါသည်။ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေး၊ စစ်ရေးအမြင်တွင် ထိုက်သင့်သလောက် နှံစပ်သည့် နိုင်ငံရေးသမားများဖြစ်ရန် လိုပါသည်။ ထို့အပြင်၊ လုံခြုံရေးအရမှတ်တမ်းကောင်းမွန်သူ ( ဆယ်နှစ်အတွင်း နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်နိုင်သည့် သံသယရှိစရာကင်းရှင်းသူဖြစ်ရန်လည်း လိုပါသည် ) များကိုသာ ထောက်လှမ်းရေးဆပ်ကော်မတီ ၀င်အဖြစ် တာဝန်ပေးအပ်ပါသည်။ မြန်မာနိုင်ငံတွင် လွှတ်တော်နှစ်ရပ်စလုံးတွင် ထောက်လှမ်းရေးဆပ်ကော်မတီထားရှိ မည်လား၊ လွှတ်တော်တစ်ရပ်တွင်သာ ထားရှိမည်လား ဆိုသည့်အချက်များက စဉ်းစားရမည်ဖြစ်ပါသည်။

ထောက်လှမ်းရေးယဉ်ကျေးမှုကို ပျိုးထောင်ခြင်း
------------------------------------------------
ထောက်လှမ်းရေးအေဂျင်စီများကို အရပ်ဘက်က ထိန်းကျောင်းနိုင်ရေးအတွက် အဆင့်ဆင့်သော လုပ်ငန်းတာဝန်များကို တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ရမည်ဟူသော အချက်သည် မငြင်းနိုင်သော အချက်ပင် ဖြစ်သည်။
ထောက်လှမ်းရေးဌာနများတွင် အရပ်ဘက်ဝန်ထမ်းများ တာဝန်ထမ်းဆောင်ချင်လာအောင် ဆောင်ရွက်စီမံရပါမည်။ အထူးသဖြင့်၊ ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ ဦးစီးဌာနရှိ ၀န်ထမ်းများကို ဖြစ်သည်။ ယခင်က ထောက်လှမ်းရေးဌာနများတွင် စစ်တပ်က monopoly လုပ်ဆောင်ခဲ့သည့် အစဉ်အလာသည် ပွင့်သစ်စဒီမိုကရေစီနိုင်ငံတိုင်းတွင်ဖြစ်သည်။ ထောက်လှမ်းရေးလုပ်ငန်းစဉ်ဟူသည် အရပ်ဘက်ဌာနနှင့်လားလားမျှ မဆိုင် သလိုရှိခဲ့သည်။ ( အရပ်သားသတင်းပေးများမွေးမြူခြင်းလောက်ကို စကားထဲတွင် ထည့်မပြောနိုင်ပါ။ )ထောက်လှမ်းရေး အေဂျင်စီများကို ထိန်းကျောင်းရန် အစီအမံရှိသော နိုင်ငံရေးခေါင်းဆောင်၊ ပါတီ၊ နိုင်ငံရေးသမားများအနေဖြင့် ထောက်လှမ်းရေးလုပ်ငန်းစဉ်၊ ထောက်လှမ်းရေးပညာရပ်များကို နောကျေအောင် လေ့လာထားသည့် အရပ်သား ပညာရှင်၊ ၀န်ထမ်းများကို မပျိုးထောင်နိုင်သမျှကာလပတ်လုံး ထောက်လှမ်းရေးအေဂျင်စီကို ကောင်းစွာ ထိန်းကျောင်းနိုင်မည် မထင်ပါ။ ထို့ကြောင့် ၊ အရပ်ဘက်ဝန်ထမ်းများ၊ အရပ်သားလူငယ်များကို ထောက်လှမ်းရေးလုပ်ငန်းစဉ်ကို စိတ်ဝင်စား အောင်၊ သင်ကြား သင်ယူခွင့်ရှိအောင် ဖန်တီးစီမံပေးရပါမည်။ ထောက်လှမ်းရေးအေဂျင်စီများ၊ ထောက်လှမ်းရေး ဌာန အစု အဖွဲ့တစ်ခုလုံးကို လွှမ်းခြုံသုံးသပ်ခြင်းမျိုး ပြုလုပ်ရပါမည်။ ထိုသို့ပြုလုပ်ခြင်းသည် formal ကျဖို့လိုပါသည်။

ထောက်လှမ်းရေးဌာနကို ထိန်းကျောင်းခြင်းသည် ထောက်လှမ်းရေးဌာန သို့မဟုတ် အေဂျင်စီကို နှိပ်ကွပ်ခြင်း၊ ပညာပေးခြင်းဟု မမှတ်ယူသင့်ပေ။ ထောက်လှမ်းရေးဌာနကို အားကောင်းမောင်းသန်ဖြစ်လာအောင် လုပ်ဆောင်ရခြင်း ဟု မှတ်ယူသင့်ပါသည်။ ဒီမိုကရေစီနိုင်ငံတွင် ထောက်လှမ်းရေးဌာနများ ၊ အေဂျင်စီများ၏ legitimate ဖြစ်မှု မြှင့်တင်ပေးရပါမည်။ လူထုအကြား ထောက်လှမ်းရေးဟုဆိုလျှင် အကြောက်တရားများဖြစ်ပေါ်နေခြင်းကို ဖြေလျှော့အောင် အရပ်သားနိုင်ငံရေးသမားများက ဆောင်ရွက်စီမံပေးဖို့ လိုပါသည်။ ထောက်လှမ်းရေးမူဝါဒဆိုင်ရာ ဒီဘိတ်များကိုလည်း ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး လုပ်ဆောင်ဖို့လိုအပ်ပါသည်။ 

ထောက်လှမ်းရေးဌာနဟူသည် အာဏာရအဖွဲ့အစည်း၏လက်ကိုင်ဒုတ်မဟုတ်၊ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အရေးပါဆုံးသော ဌာနများ ဖြစ်သည်ကို advocate လုပ်ဆောင်ရပါမည်။ ဤနေရာတွင် ဘရားဇီးနိုင်ငံ၏ လုပ်ဆောင်ချက်သည် လွန်စွာအတုယူဖွယ် ကောင်းသည်ဟုထင်သည်။ ၂၀၀၂ခုနှစ်တွင် အချုပ်အချာအာဏာနှင့် ဒီမိုကရေစီအပေါ် ဘရားဇီးထောက်လှမ်းရေး ၏ အရေးပါမှု ဆိုသည့် ညီလာခံကို နှစ်ရက်တိုင် နယ်ပယ်စုံ၊ နိုင်ငံစုံမှ ပညာရှင် သုံးရာခန့် တက်ရောက်ခဲ့ကြသည်။ ထောက်လှမ်းရေးဟုဆိုလျှင် shock ရှိတတ်ကြသည့် ပွင့်သစ်စဒီမိုကရေစီနိုင်ငံဟု ညွန်းဆိုနိုင်သော မြန်မာနိုင်ငံတွင် လည်း ၄င်းတို့ထက်မလျော့သော လုပ်ဆောင်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ထင်မြင်ပါသည်။

နိဂုံး
-------------
ထောက်လှမ်းရေးဌာနဟူသည် အကောင်သေးသလောက် အဆိပ်ပြင်းသည် အဖွဲ့အစည်းဖြစ်ပါသည်။ နိုင်ငံတော်၏ လုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အဆိပ်ပြင်းသည့် အဖွဲ့အစည်းကို မွေးမြူပျိုးထောင်ရပါသည်။ တက်လာမည့် အရပ်သားအစိုးရ၊ နိုင်ငံရေးသမားအနေဖြင့် ထောက်လှမ်းရေးဌာန၊ အေဂျင်စီများကို မဖြစ်မနေ ထိန်းကျောင်းရမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ ထို့အတွက် ထောက်လှမ်းရေးဆိုင်ရာ သိမြင်နှံစပ်မှုသည် မရှိမဖြစ် လိုအပ်ပါသည်။ ထောက်လှမ်းရေးဆိုင်ရာသိမြင်နှံစပ်မှုမရှိဘဲ ထောက်လှမ်းရေးအေဂျင်စီများကို ထိန်းကျောင်းရန်မှာ မလျော်ကန်လှသည့် လုပ်ရပ်ဟု သတိပေးလိုပါသည်။ ထို့အပြင်၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် စွမ်းရည် ထက်မြက်သော ထောက်လှမ်းရေးဌာနများ ဖြစ်ပေါ်၊ ပြောင်းလဲတိုးတက်မှုသည်လည်း အရပ်ဘက်နိုင်ငံရေးသမားများ၏ မဟာဗျူဟာ၊ ဥာဏ်အမြော်အမြင်ပေါ်တွင် များစွာတည်မှီနေကြောင်း ထောက်ပြလိုပါသည်။
ရည်ညွန်း။ ။ Reforming Intelligence: The Challenge of Control in New Deomcracies by Brunea, Thomas C.
2014-06-04

လူထုပုံရိပ်၊ အတွဲ ၄၊ အမှတ် ၂၀၊ ဖေဖော်ဝါရီ ၅၊ ၂၀၁၅ တွင် ဖော်ပြပြီးဖြစ်
သည်။

ရိုသေစွာဖြင့် 


ကိုဇန်

နောက်ကျည်မှန်ခြင်း

$
0
0

လုပ်ပိုင်ခွင့်အာဏာကို တလွဲအသုံးချမှုက နေရာတိုင်းမှာရှိတာပေါ့ဗျာ။မာန်ကြွ မာန်ထနေတဲ့ အရွယ် လူငယ်လူရွယ်တွေမှာဆို ဆိုပိုဆိုးတာပေါ့။ တစ်လွဲသုံးတဲ့ လူတွေ အလွန်အကျွံ့ သုံးတဲ့သူတွေ မရှိဘဲ နေပါ့မလားဗျာ..သိပ်ရှိတာပေါ့။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ DSA မှာတော့ ဒီလိုလူမျိုးတွေကို သောက်ပဲ့လို့ ခေါ်လေ့ရှိတယ်။ ကိုယ့်ဖာသာ စ လုံးနဲ့ ဖတ်ကြပါဗျာ။ ဒါမျိုးလူတွေသည်လည်း ဗိုလ်လောင်းစည်းကမ်းအရ အပြစ်ပေးအရေးယူတာ ခံရရင်မခံရ၊ ကံကောင်းထောက်မစွာ ဗိုလ်လောင်းဘဝမှာ အရေးယူမခံရဘဲ လက်တွေ့နယ်ပယ်ရောက်သွားတဲ့အခါမှာလည်း သောက်ပဲ့ဆိုတဲ့ နာမည်တစ်လုံးနဲ့ နောက်ကျည်မှန်တာများတယ်။


နောက်ကျည်မှန်တယ်ဆိုတာ ပဲ့လွန်းလို့ အာဏာပါဝါပြလွန်းလို့ တိုက်ပွဲဖြစ်တဲ့အခါ လက်အောက်က ပစ်တာ။ ကျည်ဆန်က ရန်သူပစ်တာမဟုတ်တော့ ရှေ့ကမဝင်ဘဲ ကျောနောက်က ဖောက်ဝင်တယ်။ ဒါကိုခေါ်တာ နောက်ကျည်မှန်တယ်ဆိုတာ။ သေနတ်ကိုင်ထားတဲ့ မတစ်ထောင်သားတွေကို အုပ်ချုပ်ရတဲ့အလုပ်သည် ခေါင်းဆောင်မှုမမှန်ရင် နားကားသွားမှာပေါ့။ မသာဘယ်ဈေးလည်းပဲ။ ကံကောင်းလွန်းလို့ နောက်ကျည်မမှန်ရင်လည်း တပ်ထဲမှာ သောက်ပဲ့ဆိုတဲ့ နာမည်နဲ့ ကျော်ဇောပြီး လူရာဝင်တယ်မရှိပါဘူး။ ကြီးကြီးငယ်ငယ် ဘယ်သူမှလေးစားတာမဟုတ်ဘူး။ လူမလေး ခွေးမခန့်။ ဒီလိုလေးတော့ရှိပါတယ်။

ကျနော်တို့ DSA မှာ အထက်အောက်အပြစ်ပေးတယ်ဆိုတာ အတိုင်းအတာရှိတယ်၊ အထူအပါးရှိတယ်၊ အဖိအဖော့ ရှိတယ်၊ အနုအရင့်ရှိတယ်။ ဗိုလ်လောင်းစည်းကမ်းရှိတယ်။ သိပ်ကောင်းတဲ့ Guardian System ဆိုတာရှိတယ်။ စီနီယာများသည် အငယ်တွေကို အမိအဘလို အကိုလို စောင့်ရှောက်တယ်။ ကျနော်တို့ အငယ်ဘဝကဆို မုန့်ဖိုးကို မကုန်ဘူး။ ဂါဒီယမ်တွေ၊ IP တွေ၊ နယ်သားတွေ တစ်ယောက်ပြီးတစ်ယောက် မုန့်ခေါ်ကျွေးကြလို့။ ဗိုလ်လောင်း ပထမနှစ်ဆိုတာ အမြဲဗိုက်ဆာနေတဲ့ကောင်တွေ။ ဘယ်လောက်စားစားဝတယ်ရယ်ကို မရှိဘူး။ ပင်ပန်းတာကိုး။

မနက် ဘရိတ်ဖက်စ် မှာ ကျနော့် ထွေးပန်းကန်ထဲမှာ အမြဲကြက်ဥ ၃ လုံး၊ စီကြော် ၃ ခုလောက်ရှိတယ်။ စီနီယာတွေက သူမစားဘဲ ပင်ပန်းလှတဲ့ အငယ်တွေကို ကျွေးတယ်။ တပ်စုစားပွဲ၊ တပ်ခွဲစားပွဲ၊ ဂါဒီယမ်ကျွေးပွဲ စုံလို့။ သင်္ကြန်ဆို စီနီယာတွေကို ရေချိုးကန်ထဲပစ်ချကြနဲ့ ဒီလိုပျော်စရာတွေလည်းရှိတယ်။ အဲ့..အပြစ်ရှိလို့ အပြစ်ပေးရင်လည်း နဖူးကချွေး ခြေမကျတယ်ဆိုတာ အသာလေး။ အပြင်းပြေ ကစားသလောက်ပဲရှိတယ်။ အဲ့သလို အထူအပါး၊ အဖိအဖော့၊ အထိန်းအကွပ်နဲ့ ပညာသားပါပါလေးသွားတယ်။ အထက်မှာပြောတဲ့ သောက်ပဲ့များအတွက်ကတော့ နေရာတိုင်းမှာ စည်းကမ်း ကလနားရှိသလို ဗိုလ်လောင်းမှာလည်း ဗိုလ်လောင်းစည်းကမ်းရှိတယ်။ ဖြစ်ရင်တော့ ထောင်ကျ၊ ထွက်ပဲ။ ဖြစ်စဉ်တွေလည်းရှိတယ်။ အရေးယူတာတွေမှ တပုံကြီး။ Senior Junior ထိန်းကျောင်းတဲ့ System ကို ကျင့်သုံးတဲ့ ဘယ်စစ်တက္ကသိုလ်မှာမဆို ဖြေရှင်းနေရတဲ့ ကိစ္စတွေဖြစ်တယ်။

ဒီလို ဒီလို သင်ကြားလေ့ကျင့်ပြီးတဲ့အခါမှာ ခန္ဓာကိုယ် စိတ်ဓာတ် မာကျောတဲ့နေရာမှာ ဒေါင်ဒေါင်မြည်တဲ့ Product တွေထွက်လာတယ်။ အဲ့ဒီ့ System က တစ်ခုလုံးမဟုတ်ဘဲ တစ်ဝက်တစ်ပျက်ပဲကွက်ပြီး ဗိုလ်လောင်းမဟုတ်တဲ့ သင်တန်းကျောင်းတစ်ခုကို ရောက်သွားပုံရတယ်။ အင်္ဂါမစုံဘူး။ Power Abuse တွေ ဖြစ်ကုန်တယ်။ အမှန်က စစ်သားအားလုံး စစ်တိုက်ဖို့ တာဝန်ရှိတာမှန်ပေမယ့် တိုက်ခိုက်ရေးအတွက် ရည်ရွယ်တာမဟုတ်တဲ့ သင်တန်းတစ်ခုမှာ မရှိသင့်တဲ့ System တစ်ခုက၊ အပြည့်အဝလည်းမဟုတ်ဘဲ တစ်ဝက်တစ်ပျက် ပဲ သွားရောက်နေတာပဲ။ ပြဿနာက အဲ့ဒီ့မှာစတာပဲ။ ဥပဒေအတိုင်း ဆက်သွားပါလိမ့်မယ်။ ဖြစ်စဉ်ကတော့ ဒါပါပဲ။ ဒါပေမယ့် ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေတာတွေက များတယ်။ ဒါအဆန်းမဟုတ်ဘူးလို့ ကာနေတာလည်း အဖြေမဟုတ်ပါဘူး။ ဇာတ်လမ်းတွေ အကုန်ရှုပ်ကုန်မှာပေါ့ဗျာ။

ဒါကို အခွင့်ကောင်းယူပြီး အရင်ထဲက ဖောင်းထုချင်နေတဲ့ သကောင့်သား၊သမီး များကလည်း မဆိုင်တာတွေ ဆွဲထည့်ပြီး ကောင်းကောင်းကြီးဖောင်းထုတယ်။ အဲ့လူတွေကို တစ်ခွန်းပဲမေးချင်တာက ခင်ဗျားတို့ ပြောသလိုဖြစ်ချင်တိုင်းဖြစ်နေတဲ့ တပ်မတော်က ဘာကြောင့်ခုချိန်ထိ မြန်မာနိုင်မှာ တစ်ခုတည်းသော အခိုင်မာဆုံး အင်အားအကောင်းဆုံး စည်းလုံးညီညွတ်မှုအရှိဆုံး အင်စတီကျူးရှင်းတစ်ခု ဖြစ်နေတာလဲ။ အဲ့ဒါက အဖြေပါပဲ။ ခင်ဗျားတို့ ပြောသလိုဖြစ်နေမှတော့ တပ်ပျက်သွားတာကြာပြီပေါ့ဗျာ။ သူပုန်ကို စစ်ရှုံးတာကြာပြီပေါ့ဗျာ။ စစ်တိုက်ဖို့ မတစ်ထောင်သား၊ ယောက်ျားတွေချည်း ဖွဲ့စည်းထားတဲ့ကျောင်းတွေမှာ ပန်တြာတော့သင်ပေးလိမ့်မယ်မဟုတ်ဘူး။ လူ့ သဘောသဘာဝအရ ကောင်းတဲ့သူများပါသလို အထက်မှာပြောသလို သောက်ပဲ့ များလည်းပါလာတာပဲ။ အဲ့လို လူမျိုးပေါင်းစုံအတွက် စစ်စည်းကမ်း၊ ဗိုလ်လောင်းစည်းကမ်းရှိပါတယ်။ ဥပဒေနဲ့ ကိုင်တွယ်ရတဲ့ အဆင့်မှာ ဥပဒေနဲ့ ကိုင်တွယ်ပါလိမ့်မယ်ဗျာ။ ရှေ့နေတွေဝိုင်းကာမှ ထောင်လုံးလုံးကျတယ် ဆိုတဲ့ အဖြစ်မျိုးတော့ မဖြစ်စေချင်ပါကြောင်းဗျာ။ ။

(သူငယ်ချင်းတွေလည်း လာမေးကြလွန်းလို့ ဒီစာကိုရေးပါတယ်၊ နားလည်မှုနဲ့ စဉ်းစားချင့်ချိန်နိုင်ကြပါစေဗျား။)

“ စစ်တို့ရဲ့ အနိဌာရုံ ”

$
0
0

၁၉၈၇ က ထုတ်လုပ်တဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေထဲ Full Metal Jacket ဆိုတဲ့ စစ်ကားက အတော်နာမည်ကြီးခဲ့ပါတယ်။ ဒါရိုက်တာ စတန်လီ-ကူးဗရစ်ခ်ပါ၊ ရုပ်ရှင်နာမည်ကြည့်ပြီး ဂျက်ကက်တစ်မျိုးလို့ထင်ရင် မှားမှာပါ၊ အတိုကောက် FMJ လို့ခေါ်တဲ့ ဒီအသုံးအနှုန်းက လက်နက်ငယ်တွေမှာသုံးတဲ့ အဓိကကျည်ဆန်အမျိုးအစား(ကျည်မ Ball)ကို ရည်ညွန်းတာပါ။


ရုပ်ရှင်ရိုက်တဲ့ မူရင်းဝတ္ထုနာမည်က The Short-Timers ဖြစ်ပြီး ကူးဗရစ်ခ်က ရုပ်ရှင်အတွက်နာမည်ရှာတုန်း သေနတ် ကက်တလောက်တစ်ခု ကြည့်မိရာက ကျည်မ Ball ကို Technical Description အရ ဒီလိုလည်းခေါ်ပါလားဆိုပြီး သဘောကျသွားတာနဲ့ ရုပ်ရှင်နာမည်လည်း Full Metal Jacket ဖြစ်သွားတော့တာပါပဲ။ ထိပ်ဖူးကို ကြေး(သို့)သံမဏိအုပ်ထားတဲ့ ကျည်ဆန်မျိုးလို့ အကြမ်းဖျင်း ပြောနိုင်ပြီး စစ်မြေပြင်မှာ အသုံးအများဆုံး ကျည်အမျိုးအစားပါပဲ။

ရုပ်ရှင်က တစ်ကားထဲမှာပဲ အပိုင်းနှစ်ပိုင်းလို ဖြစ်နေပါတယ်၊ ပထမပိုင်းက အရပ်သားတစ်စုကို အမေရိကန်စစ်တပ်တပ်သားသစ် လေ့ကျင့်ရေးကျောင်းမှာ စတင် ပုံသွင်းလေ့ကျင့်ပေးတာကိုပြပြီး ဒုတိယတစ်ပိုင်းကတော့ လက်တွေ့တိုက်ပွဲဝင်အတွေ့အကြုံ ဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာ အရပ်သားလူငယ်လေးတွေကို လေ့ကျင့်ရေးနည်းပြတပ်ကြပ်ကြီးတစ်ယောက်က ကမ်းတက်တပ်သားဖြစ်လာအောင် အခြေခံကစပြီး ပြင်းပြင်းထန်ထန်မောင်းတာကို အထူးအသားပေးတင်ပြပါတယ်၊ အဲဒီနည်းပြက အပြင်မှာလည်း တကယ်စစ်မှုထမ်းဖူးပါ တယ်၊ သရုပ်ဆောင်တာလည်း ပီပြင်လှပါရဲ့။

ဇာတ်လမ်းအရ စစ်မှုထမ်းသတင်းထောက်ဖြစ်လာမယ့် ဂျိုကာ ဆိုတဲ့ လူငယ်လေးတစ်ယောက်ကို အဓိကဇာတ်ကောင်ထားပြီး သူ့ရဲ့တပ်သားသစ်လေ့ကျင့်ရေးမှသည် စစ်မြေပြင်အတွေ့အကြုံတွေကို ဖန်တီးပြပါတယ်။ ဂျိုကာနဲ့အတူ သင်တန်းတက်ရတဲ့ တပ်သား သစ်တွေထဲမှာ ခပ်ဝဝဖက်တီးတစ်ယောက်လည်းပါပြီး သူက သင်တန်းမှာသိပ်မလိုက်နိုင်ပါဘူး၊ ဒီတော့ နည်းပြကြီးရဲ့ ပစ်မှတ်ဖြစ်လာပြီး သူ့အပေါ် ဖိအားတွေ အရမ်းများလာပါတယ်၊ ဂျိုကာက တစ်ဘက်တလမ်းက ကူညီပေးလို့ အတန်အသင့် အဆင်ပြေလာပေမယ့် ဖက်တီးက ဝိတ်ချဖို့ မကြိုးစားဘဲ အစားခိုးစားမြဲ ခိုးစားနေမှန်း သိလိုက်ရတော့ မကူညီတော့ပါဘူး၊ နည်းပြကြီးကလည်း ဖက်တီးအပေါ် အလွန်အမင်း ဖိအားပေးသလို ဖက်တီးအမှားကျူးလွန်တိုင်း သူအပါအဝင် တစ်ဆောင်လုံးကို အပြစ်ပေးတဲ့အခါမှာတော့ ဖက်တီးဟာ တစ်ဆောင်လုံးရဲ့ မကျေနပ်စရာ ပစ်မှတ်လည်း ဖြစ်လာပါတော့တယ်။

တစ်ညမှာတော့ ဖက်တီးအိပ်ပျော်နေတုန်း မျက်လုံးကိုပိတ်စည်းလို့ တကိုယ်လုံးချုပ်နှောင်ပြီး တစ်ဆောင်လုံးကရဲဘော်တွေ တစ်ယောက်မကျန် ဖက်တီးကို ဒဏ်ရာမပေါ်အောင် ပြင်းပြင်းထန်ထန် ဝိုင်းဆုံးမ ဒဏ်ခတ်လိုက်ပါတယ်။ ဖက်တီးအရမ်းခံစားလိုက်ရပြီး သူ့ဘက်က စာနာနားလည်တဲ့သူ တစ်ယောက်မှမရှိပါဘူး၊ အဲဒီညနောက်ပိုင်းမှာ ဖက်တီးဟာ စိတ်ပိုင်းဆိုင်ရာမှာ ပိုထိခိုက်ကျဆင်းသွား ပါတော့တယ်၊ ဘယ်သူနဲ့မှ စကားမပြောတော့ဘဲ လစ်ရင် သေနတ်နဲ့ဘဲ ခေါင်းချင်းဆိုင်နေတာ ဂျိုကာ သတိထားမိပေမယ့် သူလည်း ဝင်မစွက်မိပါဘူး။

ဒီလိုနဲ့ သင်တန်းနောက်ဆုံးညမှာတော့ ဖက်တီးကို ကျည်စစ်ကျည်မှန် Ball တွေ ထည့်ထားတဲ့သေနတ်တစ်လက်နဲ့ အိမ်သာခန်း ထဲ တွေ့လိုက်ရချိန်မှာ နည်းပြအကြပ်ကြီးနဲ့ ဂျိုကာတို့ ရောက်သွားပါတယ်၊ နည်းပြကြီးက လက်နက်ချဖို့ အမိန့်ပေးပေမယ့် ဒေါသ ပေါက်ကွဲနေတဲ့ဖက်တီးက နည်းပြကြီးကို Full Metal Jacket ပေးဝတ်လိုက်ပါတော့တယ်(ပစ်သတ်လိုက်တာပါ)၊ ဂျိုကာ့ကိုလည်း ဆက် ပစ်မယ်လုပ်ပြီးမှ အသိစိတ်ပြန်ဝင်လာတဲ့ ဖက်တီးဟာ သူ့ကိုယ်သူလည်း သတ်သေသွားပါတော့တယ်။

အဲဒီအဖြစ်နောက်ခံနဲ့ တပ်သားသစ်တွေကို စိတ်ပိုင်း/ရုပ်ပိုင်း အတင်းပုံစံပြောင်းလေ့ကျင့်ပေးတဲ့ ဇာတ်ဝင်ခန်းတွေဟာ FMJ ရုပ်ရှင်ရဲ့ ထင်ရှားတဲ့အခန်းတွေထဲ ထိပ်ဆုံးကပါဝင်ပါတယ်။ ဗီယက်နမ်စစ်ကာလနောက်ခံမို့ တပ်သားသစ်လေ့ကျင့်ရေးမှာ ကြွေးကြော်သံ ကအစ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းကို ဆဲဆိုကြိမ်းမောင်းပုံလည်း ပါဝင်တာ အမှတ်ရမိပါသေးတယ်။ လေ့ကျင့်ရေးတွေပြီးလို့ စစ်မြေပြင်ရောက်သွားပြီး ရင်ဆိုင်ရပုံတွေပြတော့လည်း ပရိသတ်အတွက် ဆင်ခြင်တွေးတောစရာတွေ အများကြီးပေးပါတယ်။

သင်တန်းဆင်းပြီး တစ်နှစ်အကြာမှာ ဂျိုကာဟာ စစ်မှုထမ်းသတင်းထောက်ဘဝနဲ့ တပ်ကြပ်အဆင့် ဖြစ်နေပေမယ့် လက်တွေ့ စစ်မြေပြင် အတွေ့အကြုံမရှိလှသေးပါဘူး။ စစ်ထဲရောက်လာပေမယ့် ပင်ကိုယ်အားဖြင့် စစ်မလိုလားသူမို့ ငြိမ်းချမ်းရေးသင်္ကေတ ဆောင်ထားသလို လေ့ကျင့်မှုရလာဒ်အနေနဲ့ ခေါင်းဆောင်းဟဲလ်မက်မှာတော့ Boon To Kill လို့ စာတန်းထိုးထားလျက်ပါ၊ သူနဲ့ ကင်မရာမင်းတစ်ယောက် တာဝန်အရ တောင်ဗီယက်နမ် ရောက်သွားချိန်မှပဲ မြောက်ဗီယက်နမ်တွေရဲ့ တက်ထိုးစစ်ကြီးနဲ့ ကြုံရပြီး သွေးပျက်စရာအဖြစ်တွေ ကိုယ်တွေ့ကြုံရပါတော့တယ်၊ ဒါ့အပြင် ဂျိုကာဟာ တပ်သားသစ်သင်တန်းတုန်းက သူငယ်ချင်းတစ်ယောက်ကို လည်း ဆာဂျင်အဖြစ်နဲ့ ပြန်တွေ့ရသလို ဟွေးမြို့တိုက်ပွဲမှာလည်း အတွေ့အကြုံတွေ ရခဲ့ပြန်ပါတယ်။

တစ်နေ့မှာတော့ အဲဒီ သူငယ်ချင်းဆာဂျင်ပါတဲ့ လှည့်ကင်းအဖွဲ့လေးတစ်ဖွဲ့နဲ့အတူ ကင်းလှည့်ရာမှာ ဂျိုကာတို့လည်း ပါသွားပါ တယ်၊ လမ်းမှာ ထောင်ချောက်ဆင်ပြီး ပစ်ခတ်နေတဲ့ ဗီယက်ကောင်းစနိုက်ပါတွေရဲ့သတ်ကွင်းထဲ တစ်ပြုံကြီး ပိတ်မိကုန်ပါတယ်၊ လှည့်ကင်းတပ်စုမှူးကိုယ်တိုင် ကျဆုံးသွားပြီး ဆာဂျင်က ခေါင်းဆောင်တာဝန်ယူလို့ ဆက်တိုက်ပါတယ်၊ ဒါပေမယ့် သူတို့ဘက်က တစ်ယောက်ပြီးတစ်ယောက် အမှည့်ခြွေ ဆက်ခြွေခံနေရပြီး တင့်ကားအကူအညီ မရနိုင်တဲ့အခြေအနေမို့ ဆာဂျင်က ဆုတ်မိန့်ပေးချိန်မှာ ဒဏ်ရာရရဲဘော်ကို မထားရစ်လိုသူတွေက ဆက်တိုက်ပါတယ်။

ဒါနဲ့ မဆုတ်နိုင်သေးဘဲရှိတုန်း ရန်သူ့စနိုက်ပါနေရာကို ခြေရာခံမိသလို အဲဒီစနိုက်ပါဟာ တစ်ယောက်ထဲသာဖြစ်ကြောင်း သိ လိုက်ရပါတယ်။ ဒါကြောင့် ချေမှုန်းဖို့ကြိုးစားရင်းနဲ့ ပါးနပ်သွေးဆာလွန်းတဲ့ စနိုက်ပါကြောင့် ထပ်ပြီးထိခိုက်ပြန်တော့ ဂျိုကာ့သူငယ်ချင်း ဆာဂျင်ကိုယ်တိုင် ကျဆုံးသွားရပါတယ်၊ ကျန်သမျှအဖွဲ့ဝင်တွေနဲ့ ဆက်တိုက်ကြရင်း နောက်ဆုံးတော့ စနိုက်ပါကို အရင်ဆုံး မျက်ဝါးထင်ထင် ရှာဖွေတွေ့ရှိ ပစ်ခတ်ခွင့်ရသူက ဂျိုကာပါ၊ သူတို့တစ်ဖွဲ့လုံးကို မျိုးဖြုတ်နေတဲ့ တစ်ဦးတည်းသော စနိုက်ပါဟာ ဗီယက်နမ် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသာဖြစ်ကြောင်း တွေ့လိုက်ရလို့ အံ့သြတုန်လှုပ်စွာနဲ့ ဂျိုကာမောင်းဖြုတ်လိုက်ပေမယ့် အရေးထဲ သူ့ သေနတ်က ဂျမ်းဖြစ်သွားပါတယ်။

ကံအားလျော်စွာ ဂျိုကာ့နောက်ကပါလာတဲ့ ကင်မရာမင်းက ပစ်လိုက်နိုင်လို့ ဗီယက်နမ်မလေး အပြင်းအထန် ဒဏ်ရာရသွား ပါတယ် ၊ ရှင်သန်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့ ဗီယက်နမ်မလေးက သူ့ကိုပစ်သတ်ပေးဖို့ တောင်းဆိုလာချိန်မှာ ဂျိုကာ့လူတွေက ဂျိုကာ့ သဘောပါတဲ့၊ ဒါနဲ့ ဂျိုကာလည်း တောင်းဆိုမှုကို ဖြည့်ဆည်းပေးလိုက်ပါတယ်(mercy killing လို့ ဆိုသတဲ့)၊ အဲဒီ့နောက်တော့ ဂျိုကာ လည်း ထုသားပေသားရသွားပြီး တိုက်ပွဲတွေကို မကြောက်တော့ပါဘူးတဲ့။

ဒီဇာတ်ကားကို ပထမဆုံးကြည့်ဖူးတဲ့အချိန်က ၁၉၈၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပါ၊ အဲဒီတုန်းက ဗွီဒီယိုတိပ်ခွေခေတ်ပါ၊ VHS စက်နဲ့ တီဗွီတစ်စုံငှားပြီးတန်အောင် တစ်ညလုံးမအိပ်ဘဲ တစ်ခွေပြီးတစ်ခွေ ထိုးကြည့်တဲ့ခေတ်ပေါ့၊ တခြားစစ်ကားတွေနဲ့မတူဘဲ ထူးခြားတဲ့ရသခံစားရလို့ မှတ်မိနေပါတယ်၊ ၈၈ အရေးအခင်းကြီးနောက်ပိုင်း ခံစားချက်တွေဗြောင်းဆန်ရပြန်ချိန်မှာ ကြုံလို့ ဒီကားကို ထပ်ကြည့်မိတော့ ပိုထူးကဲပါတယ်၊ အဲဒီအချိန်က RAMBO ကားတွေ ခေတ်စားနေချိန်ပါ၊ RAMBO က ဖျော်ဖြေရေးသက်သက်ဖြစ်ပြီး Full Metal Jacket ကမှ အစစ်အမှန်နဲ့ နီးစပ်တယ်ဆိုတာ ခံစားမိပါတယ်။

စစ်အနိဌာရုံကိုဇောင်းပေးတယ်ဆိုပေမယ့် စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းကို သက်သက်မဲ့အပုတ်ချ တိုက်ခိုက်ထားတာမျိုးလည်း မဟုတ်ပါ၊ ပထမပိုင်းမှာ စစ်သားသစ်အဖြစ် လေ့ကျင့်ပေးတယ်ဆိုတာ ဒီလိုပဲလုပ်လေ့ရှိတယ်၊ စိတ်အားတက်ကြွအောင် တိုက်ချင်ခိုက်ချင် စိတ်ရှိအောင် ဒီလိုပဲ မောင်းရတယ်၊ ဒါပေမယ့် လူ့သဘာဝကိုလျစ်လျူရှုလွန်းရင်တော့ မလိုလားအပ်တဲ့ အဖြစ်ဆိုးမျိုးလည်း ကြုံချင် ကြုံရတတ်တယ်လို့ ပြောသွားသလိုပါပဲ။

ဒုတိယပိုင်းမှာပေးသွားတဲ့ Theme က ပိုမြင့်ပါတယ်၊ စစ်သည်တွေအတွက် မိမိနိုင်ငံအတွက် ရန်သူလို့သတ်မှတ်သူတွေကို ချေမှုန်းသုတ်သင်ဖို့ အပြင်းအထန် လေ့ကျင့်ခဲ့ရတယ်၊ လေ့ကျင့်ရေးမှာ အမျိုးမျိုးပေးဆပ်ခဲ့ပြီးမှ ရှေ့တန်းစစ်မြေပြင်ရောက်သွားတော့ အဆများစွာ ပိုဆိုးတယ်၊ နေ့မြင်ညပျောက်ဆိုတာ လက်တွေ့ဖြစ်လာတယ်၊ ကိုယ်က ရန်သူကိုချေမှုန်းသလို ရန်သူကလည်း ကိုယ့်ကို သည်းကြီးမည်းကြီးသတ်ဖြတ်ဖို့ အချိန်တိုင်းကြိုးစားတာ ရင်ဆိုင်ရတယ်၊ ထိုးစစ်ဖြစ်စေ ခံစစ်ဖြစ်စေ အထက်ကပေးတဲ့တာဝန်တွေကြားမှာ ကိုယ့်အသက်ကိုယ်လုဖို့လည်း စိန်ခေါ်မှုလို ဖြစ်လာတယ်။ အကောင်းဆုံးအပြင်းထန်ဆုံး ဘက်စုံလေ့ကျင့်ထားတဲ့မိမိတို့ကို အမုန်းအညိုးနဲ့ တစ်ယောက်ချင်း ဇီဝိန်တွေခြွေပြီး အသက်ချင်းလဲ ခုခံရင်ဆိုင်တဲ့ရန်သူထဲမှာ အားနွဲ့ငယ်ရွယ်တဲ့မိန်းမသားတွေတောင် ပါနေတာ တွေ့လိုက်ရတော့လည်း ယောင်္ကျားရင့်မာကြီးတွေ ဘယ်လိုခံစားရလေမလဲ။

ပြီးတဲ့အချိန်မှာ ပြီးသွားပေမယ့် ကျန်တဲ့ဘဝတလျှောက်လုံး ဒီအတွေ့အကြုံမျိုးက ရိုက်ခတ်နေတော့မှာပေါ့၊ အခုတော့လည်း စစ်ပွဲပြီးခဲ့တာတောင် အတော်ကြာလို့ အခြေအနေတွေလည်းပြောင်းကုန်တဲ့အခါကျတော့ စစ်ရဲ့အမှတ်တရဆိုတာ ကမ္ဘာလှည့် ခရီးသွား ဆွဲဆောင်ရာ နေရာတွေတောင် ဖြစ်ကုန်ပြီ။ နာကျင်မှုတွေ မမေ့ပျောက်နိုင်ဘဲ အထင်ကရ သမိုင်းမှတ်တမ်းဖြစ်လာပေမယ့် အဲဒါကိုပဲ အဘက်ဘက်က အမြတ်ထုတ်နိုင်တဲ့ ဗီယက်နမ်တွေကို လေးစားစရာပါ။

အမေရိကန်စစ်တပ်တွေကို မြေအောက်လိုဏ်ခေါင်းတူးပြီး ခုခံချေမှုန်းခဲ့ကြတဲ့ တချို့သောနေရာတွေကို အခုအခါ အရင်ပုံစံ အတိုင်းပြပြီး ပိုက်ဆံယူပြသတဲ့၊ တိုက်ပွဲမှာသုံးခဲ့တဲ့လက်နက်ငယ်တွေပါ ပြထားသလို စက်ပစ်ကွင်းမှာ ကျည်တစ်တောင့် ဘယ်လောက်နှုန်းနဲ့ လက်တည့်စမ်းချင်သပဆိုလည်း စမ်းနိုင်သတဲ့။ အမ်-၁၆ ပဲပစ်မလား အေကေ-၄၇ ပဲစမ်းကြည့်မလား ကြိုက်ရာရွေး တဲ့။ မျိုးဆက်သစ် အမေရိကန်နဲ့ ဥရောပသားခရီးသွားလူငယ်တွေ အဲဒီနေရာရောက်ရင် အလုအယက်ပဲ၊ အတိတ်က သူတို့ဘကြီး/ ဦးလေးတွေကို ကောင်ဝါတွေလို့ခေါ်တဲ့ လူကောင်သေးသေးဗီယက်နမ်ပြောက်ကျားတွေ ဘယ်လိုချောင်းမြောင်းဇီဝိန်ခြွေခဲ့တယ်ဆိုတာ အေကေသေနတ်ချိန်သီးနောက်ကနေ ပြန်ခံစားကြည့်နိုင်တယ်။

နိုင်ငံရေးမှာ ထာဝရရန်သူမရှိ-ထာဝရမိတ်ဆွေမရှိဆိုတဲ့ စကားက တကယ်မှန်ပါတယ်၊ ၁၉၇၅ မှာ ဗီယက်နမ်က ဆုတ်ခွာပြေးခဲ့ ရတဲ့အမေရိကန်တွေ ဒီကနေ့ ဗီယက်နမ်ကို မိတ်ဆွေအဖြစ် ပြန်ရောက်နေကြပြီ၊ ပထမတော့ စီးပွားရေးမှာ ရင်းနှီးမြှပ်နှံတယ်၊ အခုတော့ တစ်နေ့တခြား အင်အားကြီးမားရန်စွာလာတဲ့ နဂါးကြီးကိုရင်ဆိုင်နိုင်ဖို့ အမေရိကန်လက်နက်တွေ ဗီယက်နမ်ဝယ်ဖို့ အတော်နီးစပ်တဲ့ အဆင့် ရောက်ကုန်ပြီ၊ အမေရိကန်ဆုတ်ပြေးတဲ့နောက်ပိုင်း ဗီယက်နမ်ထပ်ရင်ဆိုင်ခဲ့ရတာက ၁၉၇၉ တရုတ်ကျူးကျော်မှုကိုး၊ ဒီကနေ့ စပရတ်လီကျွန်းစုအရေး နဂါးကြီးနဲ့အပြိုင် အငြင်းပွားတဲ့အထဲမှာလည်း ဗီယက်နမ်ပါနေတော့ မလွှဲမရှောင်သာထိပ်တိုက်ထပ်တွေ့ရင် ခုသာခံသာရှိဖို့ ပြင်ဆင်နေတာ သိသာပါရဲ့။

အမေရိကန်တွေကို ဗီယက်ကောင်းမလေးက စနိုက်ပါရိုင်ဖယ်တစ်လက်နဲ့ အမှည့်ခြွေခြွေတဲ့အဖြစ်မျိုးကတော့ နှစ်ငါးဆယ် မပြည့်မီမှာပဲ အတိတ်မှာ မှုံဝါးကျန်ခဲ့ပါပြီ။ ဦးလေးဟိုကို ဆဲဆိုကြုံးဝါးရင်းရင်း အပြေးတက်နဲ့ လေ့ကျင့်ခဲ့ရတာမျိုးလည်း အမေရိကန် စစ်သားဟောင်းကြီးတွေအတွက် အမှတ်တရတစ်ခုထက် ပိုတော့မှာမဟုတ်။ အမေရိကန်စစ်သားတွေကို လေ့ကျင့်ပေးရာမှာ မုန်းတီးစရာ အဓိကဦးတည်ရန်သူအဖြစ် ပုံဖေါ်ပေးခဲ့ရာမှာလည်း ဟိုချီမင်းကနေ ကဒါဖီ၊ ဆဒမ်ဟူစိန်၊ ဘင်လာဒင်၊ အာဆတ်စသဖြင့် ပစ်မှတ်တွေ ပြောင်းလဲလာတာ သူ့ခေတ်နဲ့သူ သူ့အကြောင်းနဲ့သူ ဖြစ်ပေမှာပေါ့။

တကယ်လို့များ ဒီကနေ့ အမေရိကန်စစ်ဘက်နဲ့ နီးစပ်တဲ့လူငယ်လေးတစ်ယောက်ယောက်က ဟိုချီမင်းကို အညိုးတကြီးဆဲဆို ကြိမ်းမောင်းနေတုန်းပဲဆိုရင် အဲဒါဖြစ်သင့်ပါ့မလား၊ ခေတ်နဲ့အံမဝင်တော့တဲ့ အရူးအနှမ်း ဒိတ်လွန်ဘေးထွက်ပစ္စည်း အဟောင်းအမြင်းလို့ ပဲ သတ်မှတ်ရမယ်ထင်တယ်၊ မရှိနိုင်ဘူးမထင်နဲ့ FMJ လို ရုပ်ရှင်မျိုးကျ မကြည့်ဖူး ကြည့်မိရင်လည်း နားမလည်ဘဲ Rambo လိုရုပ်ရှင်မျိုးမှ စီးရီးလိုက်ကြည့်ပြီး အချောက်တိုက်သွေးကြွနေတဲ့ ဦးနှောက်မဲ့လူစားမျိုးလည်း နေရာတိုင်းမှာ ရှိနိုင်တာပဲ။ အပစ်အခတ်ဂိမ်းတွေဆော့ပြီး ကိုယ့်ကိုယ်ကို Born To Kill လို့ထင်တဲ့လူစားမျိုးဟာ အခွင့်သာရင် အကြမ်းဖက်သမားကလွဲရင် ပိုမဖြစ်နိုင်ပါဘူး။

တလောက မြန်မာဖေ့စ်ဘုတ်လောကမှာ ဖုန်ထသွားတဲ့ကိစ္စမျိုးကလည်း အလားတူ စစ်ပွဲတွေ စစ်ဝါဒတွေ Brain Wash တွေ ဂိမ်းတွေရဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါတယ်။ တကယ်တော့ ခေတ်ကပြောင်းနေပြီ၊ နှစ်ငါးဆယ်ကျော် တချိန်လုံး ဘေးချိတ်ထားခဲ့တဲ့ ပြည်သူ့ဆန္ဒ ပြည်သူ့ရွေးချယ်မှုဆိုတာကို အလေးထားရမယ့်ခေတ် ရောက်နေပြီ၊ ဒီလိုမှမဟုတ်ဘဲ တစ်ခါက မှိုင်းတိုက်ခဲ့တာမျိုးကို အရှိန်မသပ်နိုင်ဘဲ ခုထိ ကိုယ့်နိုင်ငံသားချင်းပေမယ့် အမြင်မတူတဲ့ဘက်က အဓိကကျတဲ့ ခေါင်းဆောင်ဆို ရှင်းပစ်လိုက် အေးတာပဲဆိုတဲ့ စိတ်ဓါတ်မျိုး မဖျောက်နိုင်လို့ကတော့ ဒီတိုင်းပြည် ကမ္ဘာတည်သရွေ့ မအေးချမ်း မတိုးတက်နိုင်ပါဘူး။ အချင်းချင်း မပြီးနိုင်မစီးနိုင် ချေမှုန်းသတ်ဖြတ်ပြီး ကြီးပွားတိုးတက်သွားတဲ့ တိုင်းနိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ မရှိပါဘူး။

အခုပြောတဲ့ ရုပ်ရှင်ခေါင်းစီးပါ Full Metal Jacket ကျည်ဆန်ဆိုတာ လက်တွေ့စစ်ပွဲမှာ အများဆုံးသုံးတာပါ၊ လေ့ကျင့်ရေးမှာ လည်း သုံးတတ်ပေမယ့် ကျည်စစ်ကျည်မှန်နဲ့ပစ်ဖို့လိုတဲ့ လေ့ကျင့်မှုမျိုးမှာပဲ သုံးတာဖြစ်ပါတယ်၊ လေ့ကျင့်ရေးအတွက်သုံးတဲ့ လေ့ကျင့် ရေးကျည်အမျိုးမျိုးလည်း ရှိပါသေးတယ်၊ လေ့ကျင့်ရေးကာလကလွဲရင် FMJ ကျည်တွေ ပိုသုံးရတာကတော့ စစ်မြေပြင်မှာပါပဲ၊ စစ်မြေပြင် မှာ သုံးရတဲ့ FMJ ကျည်အရေအတွက်က တိုက်ပွဲအခြေအနေပေါ်မူတည်ပါလိမ့်မယ်။ ငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုမှာ FMJ ကျည်တွေကို လေ့ကျင့်ရေးအတွက် သုံးစွဲမှုလောက်သာ ရှိမှာပါ၊ မငြိမ်းချမ်းတဲ့နိုင်ငံမှာတော့ FMJ ကျည်သုံးစွဲမှုက အတောမသတ် ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းစဉ်ကာလမှာ တစ်နှစ်လုံးလေ့ကျင့်ပစ်ခတ်ရတဲ့ FMJ ကျည်အရေအတွက်ကို စစ်တကယ်ဖြစ်ရင် ရက်ပိုင်းလောက်နဲ့ သုံးစွဲပစ်ခတ် ရလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ နှစ် ၆၀ လုံး စစ်ပွဲတွေ ဖွဲမီးလို တငွေ့ငွေ့တောက်လောင်ခဲ့ပြီး အများစုက အချင်းချင်းတိုက်ကြတာပါ၊ ပြည်ပစနက် ပါတဲ့ စစ်ပွဲတွေမှာလည်း တိုင်းရင်းသားတွေ အသုံးချခံရတာမို့ ပြည်တွင်းစစ်လို့ သတ်မှတ်ရတာပါပဲ၊ အသက်လုရတဲ့ တကယ့်စစ်ပွဲတွေမို့ ဗလာကျည်တွေမသုံးဘဲ FMJ ကျည်တွေပဲ မရေတွက်နိုင်လောက်အောင် အများဆုံး သုံးခဲ့ကြပါလိမ့်မယ်။ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရတာလည်း အနဂ္ဂတက္ကမပေါ့။ စတန်လီ-ကူးဗရစ်ခ်သာ မြန်မာ့နိုင်ငံရေး/စစ်ရေးတွေကို စိတ်ဝင်စားရင် မြန်မာပြည်နောက်ခံနဲ့ Full Metal Jacket ရုပ်ရှင်ကားမျိုး ဒရာမာစီးရီးဆွဲ ရိုက်နိုင်လောက်အောင် စစ်ပွဲတွေစုံ အုပ်စုတွေစုံ ခံစားချက်တွေစုံပါလိမ့်မယ်။

သေချာတာကတော့ Full Metal Jacket ကျည်ဖူးတွေကို မြန်မာပြည်မှာ လေ့ကျင့်ရေးအတွက်သာ သုံးစွဲစရာ ဖြစ်လာတဲ့တစ်နေ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာပြီး တိုးတက်အောင် လုပ်နိုင်လာပါလိမ့်မယ်။ ဒီ့အတွက် ဒီနေ့လိုအပ်နေတာ Born To Kill ထက် Born To Peace စိတ်ဓါတ်လို့ ပြောရမှာပါ။ စစ်မှန်တဲ့ငြိမ်းချမ်းရေး ထာဝရငြိမ်းချမ်းရေးရအောင် ဘယ်သူတွေလုပ်သလဲဆိုတာ ပြည်သူတွေအတွက် တော့ အရေးမကြီး၊ အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် ချေမှုန်းပစ်ခတ်လိုက်တဲ့ FMJ ကျည်ဖူးတွေရယ်၊ ကိုယ်ကျိုးစီးပွားကို အခြေခံတဲ့ ဝါဒဖြန့်မှိုင်းတိုက် လေကျည်ဆန်တွေရယ် ပလူပျံမနေဖို့ပဲဖြစ်ကြောင်း၊ ဒါမှသာ ကာလကြာရှည်ပြည်တွင်းစစ်ကြီးရဲ့ အနိဌာရုံ တွေလျော့ပါးလို့ ကျည်ဆန်မဲ့တဲ့ကောင်းကင်ယံမှာ ငြိမ်းချမ်းရေးချိုးငှက်တွေ လွတ်လပ်စွာပျံဝဲနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။ ။

မင်းမြတ်စံ
10th Feb, 2016

https://www.facebook.com/min.m.san/posts/847665232027789  မှ ကူးယူဖော်ပြပါသည်။ 

တပ်မိသားစုဝင် သို့မဟုတ် သင်းကွဲသူများ အပိုင်း (၁)

$
0
0

မတ် ၁၄၊ ၂၀၁၆
ရန်ကုန်
Donna Musil ဆိုတာက အမေရိကန်စစ်မှုထမ်းတစ်ဦးရဲ့ သမီး။
လက်ရှိ နယ်စည်းမခြား စစ်မှုထမ်းသားသမီးများအဖွဲ့ကို ထူထောင်သူ။
Our Journey Home ဆိုတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ နာမည်ကျော်လာသူ။
ဒီမှတ်တမ်းရုပ်ရှင်ဇာတ်လမ်းက တပ်မိသားစုဝင် ကလေးတစ်ယောက်
ရဲ့ ဆယ်ကျော်သက် ဘ၀ကို ရိုက်ပြထားတာ။ 

=
Donna Musil က ဂျာနယ်လစ်တစ်ဦးဖြစ်သလို၊ attorney လည်း
ဟုတ်တယ်။ ၁၉၆၀ ဧပြီလမှာ မွေးတယ်။ အသက်ရှစ်နှစ်အရွယ်မှာ
သူ့ဖခင် ဒုတိယဗိုလ် အဆင့်နဲ့ ဗီယက်နမ်စစ်ပွဲမှာ ကျဆုံးတယ်။
ကလေးဘ၀မှာ နေရာပေါင်း ၁၁ ခုမှာ နေထိုင်ခဲ့ရတယ်။ စစ်သား သမီး၏
ပီပီ တပ်ထဲမှာ ကြီးပြင်းလာတယ်။ သူ့ဘွဲ့ရပြီး မီဒီယာလောကမှာ ကျင်
လည်တယ်။ ၁၉၉၇ ခုနှစ်လောက်မှာ ကျောင်းနေဖက်သူငယ်ချင်းတွေစုဆုံ
ရင်း သူ့ရဲ့  ငယ်စဉ်ဘ၀ကော၊ သူငယ်ချင်းတွေရဲ့ ငယ်စဉ်ဘ၀ကို အမှတ်
မထင် လေ့လာရင်း တော်တော်များများက စစ်သား သားသမီးဖြစ်နေတော့
အမေရိကန်လူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှုမှာ စစ်သား သားသမီးတွေ ကြီး
ပြင်းလာရတဲ့ အချို့သော အခြေအနေက sub culture ပုံစံမျိုးဖြစ်နေတာ
ကို သူ သွားတွေ့တယ်။
=
ဒီကြားထဲမှာ စာအုပ်နှစ်အုပ်က သူ့ကို အလင်းပြပေးခဲ့တယ်။ နောင်ငါးနှစ်
အကြားမှာတော့ သူကိုယ်သူ မေးခွန်းမေးတယ်။ အဲဒါက Why I was
the way I was ပဲ။ မေးရင်း မေးရင်းနဲ့ သူ့ကိုယ်ပိုင် သုတေသနတစ်ခုကို
စလုပ်တယ်။ အဲဒါက အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ စစ်သား သားသမီး
အယောက်ငါးရာ ( လူမျိုး၊စုံ၊ ဘာသာစုံ၊ လိင်ကွဲပြားမှုအစုံ၊ အသက် နှစ်ဆယ်
ကနေ ကိုးဆယ်အရွယ်အထိ အစုံ ) မေးတယ်။ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊
မရိန်းတပ် စသဖြင့် လက်နက်ကိုင်တပ်ပေါင်းစုထံမှာ အမှုထမ်းခဲ့တဲ့ စစ်သား
သားသမီးတွေကို မေးတယ်။ မြန်းတယ်။ သုတေသနလုပ်တယ်။ သူနဲ့အတူ
ကျွမ်းကျင်သူ နှစ်ဦးအကူအညီနဲ့။ နောက်ဆုံးတော့ မှတ်တမ်းရုပ်ရှင် လေး
ရိုက်ဖြစ်တယ်။ အောင်ြမင်တယ်။ အမေရိကန် မြိုကြီး ပေါင်း နှစ်ရာမှာ ပြသ
ခွင့်ရခဲ့တယ်။ ဆု ငါးဆုရခဲ့တယ်။ ရုပ်ရှင်ပွဲတော်ပေါင်း နှစ်ဆယ်ကျော်မှာ
လည်း ပြသခြင်းခံခဲ့ရတယ်။
=
=https://en.wikipedia.org/wiki/Donna_Musil…
=
Military Brat ဆိုတာက အမေရိကန်မှာ တပ်မိသားစုဝင် ကလေး
သူငယ်များကို ရည်ညွန်းတာ။ ခန့်မှန်းခြေအားဖြင့် အမေ၇ိကန်မှာ
Military Brat က ဆယ်ငါးသန်းလောက်ရှိမယ်လို့ ခန့်မှန်းတယ်။
စစ်သားသားသမီးအဖြစ် ကြီးပြင်းလာတဲ့ သူတွေကို ရည်ညွန်းတာ။
=
တပ်မတော်နေ့ ( တော်လှန်ရေးနေ့ ) နီးလာတော့ မြ၀တီမှာ
တပ်မတော် ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်
လေး ထုတ်လွှင့်လာတာတွေ့တော့၊ စစ်သား သားသမီးတွေရဲ့
ဘ၀ဖြတ်သန်းမှုကို မှတ်တမ်းရုပ်ရှင်ကောင်းကောင်းလေး လောက်
ရှိရင်၊ ဖန်တီးနိုင်ရင် သိပ်ကောင်းမှာပဲလို့ တော့ ဆန္ဒဖြစ်မိတယ်။
ဒီက ကားတွေက စစ်သားတွေကိုယ်တိုင် အော့ကြော့လန်ရတဲ့
ကားတွေ၊ ပေါ်လစီ အပြွတ်အလိုက်၊ အသိပ်လိုက် ချကျွေးတဲ့
ကားတွေပဲ များတယ်။ ( အမိမြေမှာ သားကောင်းများ၊ ဝေလည်း
မွှေး၊ ကြွေလည်းမွှေး၊ စစ်သွေးသစ္စာ စတဲ့ ကားတွေလွဲလို့ပေါ့လေ)
=
စစ်သား သားသမီးအဖြစ် ကြီးပြင်းလာရတဲ့ သူတွေက အခြားသူတွေ
နဲ့ မတူဘူး။ မတူဘူးဆိုတာက သူ့ ဖြတ်ကျော်လာခဲ့ရတဲ့ ၀န်းကျင်။
ဒီနေရာမှာ စစ်သား သားသမီးတွေကို glorify လုပ်နေတာ မဟုတ်ဘူး။
ဝန်ထမ်းသားသမီး နဲ့ အရပ်သားတွေရဲ့ သားသမီးတွေရဲ့ ဘ၀ဖြတ်
သန်းမှုတောင် မတူတတ်ကြဘူး။ ကိုယ်တိုင်က ၀န်ထမ်းသားသမီး
တစ်ဦးဖြစ်တော့ မြို့ပေါင်း ခုနှစ် မြို့ ( မုံရွာ၊ ကျိုင်းတုံ၊ ပဲခူး၊ ထားဝယ်၊ လားရှိုး၊
မန္တလေး ၊ ရန်ကုန် ) လောက် နေဖူးတယ်။ အိမ်ပြောင်းတာ အကြိမ်သုံး
ဆယ် လောက်ရှိတယ်။ Mobile Lifestyle ပေါ့။
=
စစ်သား သားသမီးတွေက အဖေဖြစ်သူတွေရဲ့
တာဝန်အရ တပ်ရင်း တစ်ခုထက် မက လိုက်ပြီး ပြောင်းရွေ့နေ
ရတယ်။ ဒီတော သူတို့မှာ မွေးရပ်မြေ၊ ဇာတိမြေဆိုတာ ဘာလဲ
လို့ပြောရခက်တယ်။ never having hometown ပေါ့။ ခဏ
ခဏ ရွေ့ပြောင်းနေထိုင်ရတော့ မိတ်ဆွေအသစ်တော့တိုး
တယ်။ နယ်စိမ်း၊ ပယ်စိမ်းတွေမှာ နေရတော့ ဒေသန္တရ
ဗဟုသုတ တိုးတယ်။ ဒါပေမယ့်၊ နှစ်ရှည်လများ ငယ်စဉ်ကလေး
ဘ၀က ခင်မင်ရတဲ့ မိတ်ဆွေတွေကိုတော့ နောက်ပိုင်း အဆက်
အသွယ်နည်းသွားတယ်။ ငယပေါင်းကြီးဖော်ဆိုတာ သူတို့
အတွက် မရှိသလောက်ပဲ။ နည်းသွား
တယ်။ စစ်သား သားသမီးဖြစ်တော့ စိတ်ပိုင်းဆိုင်ရာ အားဖြင့်
ဖိစီးမှု တစ်ခုခု၊ စိုးထိတ်မှု တစ်ခုခုရှိတတ်တယ်။ အဲဒါက ကိုယ့်
ဖခင်က အချိန်မရွေးသေနိုင်တယ်ဆိုတဲ့ အချက်။ တပ်ထဲမှာ
နေနေတဲ့ သူငယ်ချင်းတွေရဲ့ ဖခင်တွေ ကျဆုံးရင်လည်း
သူတို့ကို သွယ်ဝိုက်အားဖြင့် စိတ်ဒဏ်ရာတော့ ဖြစ်စေတယ်။
Life on base
=
စစ်သားသားသမီးဆိုပေမယ့် ၊ မတူတာတွေရှိတယ်။ အဲလိုရှိစေနိုင်
တဲ့အချက်မှာ ဘယ်တပ်စခန်းမှာ နေခဲ့တာလဲ ဆိုတာကလည်း အရေး
ပါတယ်။ လားရှိုးမြို့မှာ အခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ
ကြီးပြင်းလာတဲ့ စစ်သားသားသမီးနဲ့ လားရှိုးမြို့ပေါက်ဝမှာ ရှိတဲ့ ခလရ
၄၁ မှကြီးပြင်းလာတဲ့ စစ်သားသမီးတွေရဲ့ atmosphere က မတူဘူး။
သန်လျင် ရေတပ်စခန်းမှာ ကြီးပြင်းလာတဲ့ စစ်သားသားသမီးနဲ့
မင်္ဂလာဒုံလေတပ်စခန်းမှာ ကြီးပြင်းလာတဲ့ စစ်သား သားသမီးတွေရဲ့
atmosphere က မတူဘူး။ သေတပန် သက်တဆုံး စစ်သားလုပ်သွား
တဲ့ စစ်သားကြီးတွေရဲ့ သားသမီးတွေနဲ့ အရပ်ဘက်ကို ပြောင်းသွားပြီး မိုးကျရွှေကိုယ်
စစ်သားတွေရဲ့ သားသမီးတွေရဲ့ လူရည်လည်မှုကလည်း မတူရေးချ
မတူနိုင်ဘူး။
=
Size in Population
=
ဒီမှာက စစ်သား ငါးသိန်းရှိတယ်ထား။ ဒါက လက်င်္ရှိ in service တွေ။
အိမ်ထောင်စစ်သည်တွေက ဘယ်လောက်ရှိနိုင်သလဲ။ ထက်ဝက်ပဲမှန်း။
သားသမီးရှိတဲ့ အိမ်ထောင်စစ်သည်တွေကိုလည်း ထက်ဝက်ပြန်မှန်း။
လက်ရှိ အမှုထမ်းနေတဲ့ စစ်သည် တစ်သိန်းကျော်မှာ သားသမီးရှိတယ်
ထား။ တစ်အိမ်ထောင်မှာ သားသမီး နှစ်ယောက်။ ဒါဆိုရင် မြန်မာပြည်
မှာ စစ်သား သားသမီးက သုံးသိန်းဝန်းကျင်လောက်ရှိမယ်။ ဒါက
in service ကိုတွက်တာ။
စစ်သား သားသမီးတိုင်းတော့ အရွယ်ရောက်တဲ့အထိ စစ်တန်းလျား
မှာ ကြီးလာတော့ မဟုတ်ဘူး။ မွေးကတည်းက ဆယ်ကျော်သက် အထိ
တပ်ထဲမှာ ကြီးပြင်းလာတဲ့ ကလေးတိုင်းက အခြားကလေးတွေနဲ့မတူ
ဘူး။ ဘာကြောင့်ဆို၊ သူကျင်လည်တဲ့ဝန်းကျင်ကလည်း အခြား အရပ်
ဘက် အ၀န်းအ၀ိုင်းမဟုတ်လို့ပဲ။
=
positive
=
အမေရိကန် စစ်သား သားသမီးတွေကို ဆားဗစ်ကောက်တော့
စစ်သားသားသမီးတွေက အခြား အရပ်သား သားသမီးတွေထက်
ဘာသာစကားကျွမ်းကျင်မှု၊ မိမိကိုယ်ကို ယုံကြည်မှု။ လူမှုဆက်ဆံ
ရေး သာလွန်ကောင်းမွန်တာကို တွေ့ရတယ်။ ပညာရေးမှာ ကောလိပ်
အထိ တက်ရောက်နိုင်တဲ့သူတွေများသလို၊ စစ်တပ်ထဲကို မ၀င်ဘဲ
အခြားလုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်ရင်တောင် အခြားသူတွေထက်
သာတယ်။ စစ်တပ်ထဲ ၀င်လာတဲ့ စစ်သားသားသမီးတွေကလည်း
အခြားသော ရဲဘော်တွေထက် ထူးချွန်တယ်။ ဒါ့အပြင်၊ လင်မယား
ကွာရျင်းပြတ်စဲမှုမှာလည်း အရပ်သားထက် နည်းပါးတယ်လို့ တွေ့
ရတယ်တဲ့။ ဒါတွေက ကောင်းကွက်။
=
negative
=
အချို့သော လေ့လာမှုတွေအရ စစ်သားသားသမီးတွေက
ပြင်ပလောကနဲ့ ဆက်ဆံတဲ့နေရာမှာ အခက်အခဲရှိတယ်။ သူတို့ကိုယ်
သူတို့ အပြင်စည်းကလူတွေလို့ သိစိတ်မှာကော၊ မသိစိတ်မှာကော
သိမ်ငယ်တတ်ကြတယ်။ ရှေ့တန်းကျသွားတဲ့ စစ်သားတွေရဲ့ သားသမီး
တွေ၊ ဒုက္ခိတဖြစ်သွားတဲ့ စစ်သားတွေရဲ့ သားသမီးတွေမှာ အနည်းနဲ့
အများ post trumantic stress disorder ၊ avoidant presonality
disorder၊ separation anxiety disorder တွေရှိတတ်တယ်လို့
လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြတယ်။
ကြားတယ်။ အမျိုးထဲက စစ်သား သားသမီးဖြစ်တဲ့ သင်းအုပ်ဆရာမ
က သူ့အဖေ ရှေ့တန်းထွက်ပြီဆိုရင် ( ရှေ့တန်းမှာ တာဝန်ကျပြီး နောက်တန်းကို ပြန်မရောက်မချင်း)အဖေနဲ့ပတ်သက်တဲ့ သီချင်း
တွေကို ယောင်လို့တောင် မဖွင့်မိအောင် ကြိုးစားခဲ့ရတယ်လို့ ပြောခဲ့
ဖူးတယ် ။
=
စစ်သားသားသမီးတွေအတွက် mobile lifestyle က သိပ်မထူးဆန်း
ဘူး။ ဒါ့အပြင်၊ သူတု့စိတ်ထဲမှာ အပြိုင်အဆိုင် စိတ်ရှိတယ်။ ပြစ်ချက်
ကင်းချင်ကြတယ်။ နောက်တစ်ခုက နေရာဒေသတစ်ခုနဲ့ တစ်ခု
အကူးအပြောင်းမှာ လိုက်လျောညီထွေစွာ နေတတ်တယ်။ တစ်ခါ
တလေတော့ သင်းကွဲစိတ်၊ အပြင်စည်းကလူလို့ သိမ်ငယ်တတ်ပြန်
တယ်။

ကိုဇန်

လေးစားစွာတင်ပြသည်။

( ဆက်လက်ဖော်ပြပါမည် )

တပ်မိသားစုဝင်များ သို့မဟုတ် ပျောက်ဆုံးနေသည့် မျိုးနွယ်စု

$
0
0


မတ် ၁၆၊ ၂၀၁၆
=
ရန်ကုန်
=
Military Culture
=
စစ်မှုထမ်းသားသမီးတွေက အရွယ်ကြီးပြင်းလာတဲ့အခါ
အခြားသူတွေ၊ အခြားနယ်ပယ်တွေ၊ နေရာတွေမှာ ကျင်လည်
လာရတဲ့အခါ တော်ရုံတန်ရုံနဲ့ အသားမကျတတ်ဘူး။ သို့ပေသိ၊
စစ်မှုထမ်း သားသမီးဖြစ်တဲ့သူအချင်းချင်းကျတော့ ခုမှတွေ့ဖူး၊
မြင်ဖူးတဲ့သူတွေဖြစ်ဦးတော့၊ ချက်ချင်းကို အလွမ်းသင့်၊ ခင်မင်
ရင်းနှီးလွယ်ကြတယ်။ စစ်တန်းလျားမှာ သူတို့ တို့ထိ၊ ခံစား၊
ရတဲ့ taste က အရပ်ဘက်ဝန်းကျင်နဲ့ ဘယ်လိုမှ မတူဘူးကိုး။
အခြားမကြည့်နဲ့ ။ တပ်မိသားစုတွေ shopping ထွက်တာနဲ့
အခြား မိသားစုတွေ shopping ထွက်တာချင်း မတူတတ်ဘူး။

စစ်မှုထမ်းတွေရဲ့ သားယောင်္ကျားတွေ ဆိုရင် ငယ်စဉ်ကတည်း
က ဆံပင်ညပ်တာမှအစ တပ်တွင်း ဆံသဆိုင်မှာ။ ဒီတော့
ကေသာက စစ်ကေပဲဖြစ်နေတယ်။ တကယ်တော့ စစ်တန်းလျား
ထဲမှာ နေထိုင်၊ သက်ရှင်၊ ပျော်ရွှင်မှုတွေက homogeneous
culture ပဲ၊ အရပ်ဘက်ဝန်းကျင်က သူတို့အတွက် foreign လိုလို
တောင် ဖြစ်သေးတယ်။ ဒါပေမယ့်၊ စစ်မှုထမ်းသားသမီးဖြစ်တာချင်း
အတူတူ၊ တပ်တွင်း စာသင်ကျောင်းမှာ စာသင်ပြီးကြီးလာတဲ့
ကလေးနဲ့ ပြင်ပကျောင်းတွေမှာ စာသင်ပြီး ကြီးလာတဲ့ ကလေး
အချင်းချင်းတောင် ကွာခြားမှု ရှိတတ်တယ်။ ပြင်ပကျောင်းမှာ
တက်တဲ့ ကလေးတွေကတော့ အရပ်ဘက်ဝန်းကျင်မှာ
ကျင်လည်တဲ့အခါမှာ ပိုပြီး အသား ကျ လွယ်တာပေါ့။
=
Value and Patriotism
=
နိုင်ငံချစ်စိတ်က တစ်ဦးနဲ့ တစ်ဦး မတူကြဘူး။ ချစ်ပုံချစ်နည်းလည်း
ကွာတတ်သေးတယ်။ စစ်တန်းလျားမှာ ကြီးပြင်းလာတဲ့ သူတွေ
သည် အခြားသောသူတွေထက် နိုင်ငံချစ်စိတ်က ပြင်းထန်လေ့ရှိ
တယ်။ ဒီအချက်က သုတေသနတစ်ခုအရ သိရတာ။ အမေရိကန်မှာ
စစ်တန်းလျးမှာ ကြီးလာတဲ့သူ၊ နိုင်ငံရပ်ခြားမှာ ကြီးလာတဲ့သူ၊
သာသနာပြုကျောင်းမှာ ကြီးလာတဲ့သူ၊ အရပ်ဘက်မှာ ကြီးလာတဲ့သူ
ဆိုပြီး လေးမျိုးခွဲပြီး နိုင်ငံချစ်စိတ်ကို တိုင်းတာ အကဲဖြတ်တဲ့အခါ
စစ်တန်းလျားမှာ ကြီးပြင်းလာတဲ့ military brat က အမြင့်ဆုံးဖြစ်
နေတယ်တဲ့။ ဒီလိုဖြစ်လာတာက တပ်တွင်းမှာ ပြုလုပ်နေကျဖြစ်တဲ့
ritual ကြောင့်ပဲ။ ဒိမှာတော့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊
တပ်မတော်နေ့ ( တော်လှန်ရေးနေ့ ) တွေလိုပေါ့။
နိုင်ငံချစ်စိတ်ကို အလွယ်တကူနဲ့ စမ်းလို့ရတာက နိုင်ငံတော်အလံ
အပေါ်ကို ဘယ်လောက်အလေးထားသလဲ။ နိုင်ငံတော်သီးချင်းကို
လည်း ဘယ်လောက် အလေးထားသလဲ။ ၁၉၈၉ ခုနှစ်မှာ
လုပ်ထားတဲ့ သုတေသနအရ တပ်တွင်း လုပ်ငန်းဆောင်တာ တစ်နေ့
တာပြီးရင် အလံတင်၊ အလံချ လုပ်ရတယ်။ အလံချတဲ့အချိန်၊ နိုင်ငံ
တော်သီချင်း၊ဒါမှမဟုတ် ဘင်ခရာ တီးတဲ့အချိန်ဆို တပ်ထဲမှာ
စစ်မှုထမ်းကော၊ မိသားစုဝင်တွေပါ လုပ်လက်စကို ရပ်၊ အချို့
အလေးပြု၊ အချို့ ရင်ဘတ်နား လက်သီးဆုပ်၊ သတိဆွဲ လေ့ရှိတယ်
ဖော်ပြထားတယ်။ ဒါကို ပြောပြတဲ့သူက ဘာနဲ့ ဥပမာပေးသလဲ
ဆိုရင် မွတ်စလင်တွေ မက္ကာဘက်ကို ဦးလှည့် ၀တ်ပြုသလို
ပေါ့ဗျာ။ နိုင်ငံတော်သီးချင်း၊ သံစဉ် ရပ်သွားပြီဆိုမှ လုပ်လက်စ
အလုပ်ကို ပြန်လုပ်တယ်တဲ့။ ၂၀၀၆ ခုနှစ်မှာ ပူးတွဲစစ်ဦးစီးချုပ်
အဖြစ်တာဝန်ယူခဲ့တဲ့ မရိန်းဗိုလ်ချုပ်ကြီး Peter Pace က
စစ်မှုထမ်း သားသမီးတွေအတွက် အိတ်ဖွင်ပေ့းစာ၊ ဂုဏ်ပြုသ၀ဏ်လွှာ
ပေးပို့ခဲ့တယ်။
=
You [military children] are American patriots and role models for us all."တဲ့။ အတုယူသင့်တဲ့ အချက်ပါ။
=
http://archive.defense.gov/news/newsarticle.aspx?id=15422
=
discipline
စစ်အေးတိုက်ပွဲကာလ မှာ အမေရိကန် စစ်မှုထမ်းတွေက သူတို့မိသားစု
ဝင် ကလေးတွေကိုပျိုးထောင်တဲ့နေရာမှာ အလွန်တင်းကျပ်
တယ်လို့ဆိုတယ်။ သားသမီးကို အလိုမလိုက်ဘူး။ စည်းနဲကမ်းနဲ့
အုပ်ချုပ်တယ်။ အမေရိကန် စစ်မှုထမ်းတွေရဲ့ သားသမီးတွေကလည်း
သူတို့တွေလုပ်ရပ် အကောင်း၊ အဆိုးတွေက အမေရိကန် စစ်တပ်ရဲ့
ပုံရိပ်ကို ကောင်းစေနိုင်သလို၊ ရုပ်ပျက်စေနိုင်တယ်ဆိုတာကိုလည်း
သဘောပေါက်နားလည်း ထားကြတယ်။ သူတို့ဆီမှာက အရပ်သား
တစ်ဦးတစ်ယောက်ရဲ့ သားသမီး ဆိုးသွမ်းမိုက်မဲတာထက် စစ်မှုထမ်း
တစ်ဦးဦးရဲ့ သားသမီး ဆိုးသွမ်းမိုက်မဲတာကို တော်တော် ဂရုစိုက်ကြ
ရတယ်။ တကယ်လို့ စစ်မှုထမ်းတစ်ဦးဦးရဲ့ သားသမီးက အမှုအခင်း
ဖြစ်လို့ရှိရင်၊ သက်ဆိုင်ရာ အာဏာပိုင်တွေက မိဘကို တန်းအကြောင်း
မကြားဘူး။ မိဘဖြစ်သူ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်း
က အကြီးအကဲကို တပ်ရင်းမှူးးကို အကြောင်းကြားတယ်။ ဒီလိုဖြစ်
စဉ်တွေ ဖြစ်လာရင် အဲဒီစစ်မှုထမ်းရဲ့ record ထဲမှာ ထည့်တယ်။
ဒီတော့ ကိုယ့်သားသမီးက ပြောမရ၊ ဆိုမရ ဖြစ်နေရင် အဲဒီစစ်မှုထမ်း
က ရာထူးတက်ဖို့ နှောင့်နှေးမယ်။ အခန့်မသင့်ရင် ရှေ့တန်းတောင်
အပိုခံရနိုင်တယ်။ ဒီတော့ စစ်မှုထမ်းတွေရဲ့ ဇနီး၊ မယားတွေက
သူတို့ သားသမီးတွေကို ဖိဖိစီးစီး၊ကြပ်ကြပ်မတ်မတ် ဆုံးမ ရတယ်။
ဒီတော့ မတ်လဆန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်တဲ့
ပို့စ်တင်တဲ့ ငနဲသားရဲ့ ဖြစ်စဉ်မျိုး အမေရိကန်မှာ ဆိုရင် ဘယ်လို
action လုပ်မလဲဆိုတာ စဉ်းစားကြည့်ပေါ့ ။
စစ်မှုထမ်းသားသမီးတွေက ဘာကြောင့် အရပ်သားသမီးတွေထက်
လိမ္မာရေးခြားရှိရတာလဲဆိုတာနဲ့ပတ်သက်ပြီး လူမှုဗေဒ ပညာရှင်
Phoebe Price က hypothesis သုံးခု ထုတ်ပြတယ်။ ပထမ
အချက်က စစ်မှုထမ်းတွေက သူတို့သားသမီးတွေကို အလိုလိုက်
တာ နည်းတယ်။တင်းတင်းကျပ်ကျပ် အုပ်ချုပ်တယ်။ ဒုတိယအချက်က အဲဒီစစ်မှုထမ်းတွေရဲ့ ကလေး အချို့မျာ Attention
Deficit hyperactivity disorder ရှိလိုတဲ့။ နောက်ဆုံးအချက်က
ရိုးရိုးလေး။ သူတို့မဟုတ်တာ လုပ်ရင် သူတို့ဖခင် စစ်မှုထမ်း၊ မိခင်
စစ်မှုထမ်းတွေရဲ့ တာဝန်၊ ဂုဏ်သိက္ခာကို ထိပါးနိုင်တယ်ဆိုတာ
နားလည် ထားကြလို့ပဲတဲ့။
=
စစ်မှုထမ်း သားသမီးတွေ ဆယ်ကျော်သက် ရောက်လာရင်၊
ကြီးကောင်ဝင်လာတဲ့အချိန်မှာ ချုပ်ချယ်မှုတွေ ဖောက်ထွက်ချင်
လာတယ်။ ကန့်သတ်မှုတွေကို ကျော်လွှားချင်လာတယ်။ ဒါက
ဆယ်ကျော်သက်ရဲ့ သဘာဝပဲ။ သို့ပေမယ့်၊ သူတို့နေထိုင်ရတာက
စစ်တန်းလျား။ ဒီလို တင်းကျပ်တဲ့ အသိုင်းအ၀ိုင်းမှာ နေလာရတဲ့
ကလေးက ဗွေဖောက်ပြီဆိုရင် သာမန်ထက်ကျော်လွန်ပြီး အစွန်း
ရောက်သွားအောင်လည်း ဆိုးသွမ်းမိုက်မဲသွားတတ်တယ်လို့
စိတ်ပညာရှင်တွေက ထောက်ပြကြတယ်။ စစ်အေးတိုက်ပွဲအပြီး
စိတ်ကုဆေးခန်းတစ်ခုကို လာပြတဲ့ လူနာ ကိုးဆယ်ရာခိုင်နှုန်း
ကျော်ရဲ့ မိဘတွေက စစ်မှုထမ်းတွေတဲ့။ ဆိုလိုတာ တင်းကျပ်မှု
နဲ့ မိသားစုကို အုပ်ချုပ်ခဲ့တဲ့ အကျိုးဆက်ပေါ့လေ။
တင်းကျပ်တဲ့စည်းကမ်းက တစ်ခါတရံ မလိုလားအပ်တဲ့
အကျိုးဆက်ကို ဖြစ်ပေါ်စေတတ်ပါတယ်။ စစ်မှုထမ်း သားသမီးတွေက
သူ့ပတ်ဝန်းကျင်မှာ စံပြဖြစ်ဖို့ အတွက် အတွင်းစိတ်ထဲမှာ ဖိစီးမှုတွေ
ကို တွန်းလှန် ချိုးနှိမ်ခဲ့ရတာချည်းပါပဲ။
=
Military Classim
=
တပ်မတော်တိုင်း အရာရှိနဲ့ စစ်သည်ကြားမှာ ရာထူးအဆင့်အတန်း
အရ ခံစားခွင့်က ကွာတယ်။ တပ်ရင်းတိုင်းမှာ အရာရှိရိပ်သာဆိုတာ
ရှိတယ်။ တပ်ရင်းတစ်ရင်းမှာ ထဲမှာ အတူပေါင်းသင်းနေတဲ့ စစ်မှုထမ်း
သားသမီးတွေရဲ့ ကလေးဘ၀အပေါ်မှာ သူတို့မိဘတွေရဲ့ ရာထူး၊
အဆင့်အတန်းကလည်း လွှမ်းမိုးသက်ရောက်မှု ရှိပါတယ်။
အမေရိကန်စစ်တပ်မှာတော့ တပ်မတော်အရာရှိတစ်ဦးက အခြားအဆင့်
စစ်သည်နဲ့ လိုတာထက် ရောရောထွေးထွေး မနေရဘူးဆိုတဲ့ စည်းမျဉ်း
ရှိတယ်။ သွေးသောက်ညီအစ်ကို ဖွဲ့လို့မရဘူး ပေါ့။ ဒါက အမေရိကန်
စစ်မှုထမ်းတွေရဲ့ သားသမီးအပေါ်မှာ သက်ရောက်မှု ရှိပါတယ်။
=
စစ်မှုထမ်းသားသမီးတွေက သူတို့ မိဘတွေ တာဝန်ထမ်းဆောင်တဲ့
တပ်ရင်းက တစ်နိုင်ငံလုံးမှာ အကောင်းဆုံးတပ်ရင်း ဆိုတဲ့ ဂုဏ်ယူ
ပြောဆိုတတ်ကြတယ်။ မပြောရင်တောင် သူတို့စိတ်ထဲဝယ်
ကိန်းအောင်းနေတတ်တယ်။ ဒါပေမယ့်၊ သူတို့တွေ အရွယ်ရောက်
လာတဲ့အခါ ထလရ ကတို့၊ နေဗီးကတို့၊ အဲယားဖိုးစ်က တို့ ဆိုတဲ့
ဂုဏ်ယူမှုက မှေးမှီန်ပြီး ငါတို့အားလုံးက စစ်မှုထမ်း သားသမီးတွေပဲ
ဆိုတဲ့ ဖြစ်တည်မှု အမှတ်အသားသရုပ်ပေါ်မှာ စုပေါင်းမိသွားတတ်
ကြတယ်။
=
Anti-Racism
=
၁၉၄၈ ခုနှစ်မှာ သမ္မတ ထရူးမင်းက Executive Order 9981
ကိုလက်မှတ်ထိုး ထုတ်ပြန်တယ်။ စစ်တပ်အတွင်း ခွဲခြားဆက်ဆံမှု
တွေ မလုပ်ဖို့ အတွက် ထုတ်တာ။ နောင် ဆယ်ငါးနှစ်ကြာတော့
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက Directives 5120.36 ကို
ထုတ်ပြန်ခဲ့တယ်။ အဓိကက တပ်တွင်း လူမျိုးရေးခွဲခြားမှု မလုပ်ဖို့
အတွက် ထုတ်ပြန်ထားတာပါ။ အမေရိကန် တပ်တွင်းမှာ လူမျိုးရေး
ခွဲခြားမှုက တဖြည်းဖြည်း ပပျောက်အားနည်းလာတယ်။
နောက်ပိုင်း စစ်မှုထမ်း သားသမီးတွေက လူမျိုးခွဲခြားမှုကို ဆန့်ကျင်
တဲ့သူတွေထဲမှာ အတတ်ကြွဆုံးတွေ ဖြစ်နေတတ်တယ်။
Growing up in military
=
စစ်မှုထမ်းတွေက အနည်းဆုံး သုံးနှစ်က လေးနှစ်
အထိ တပ်ရင်း တစ်ခုမှာ တာဝန်ထမ်းဆောင်ရတယ်။
ဆိုလိုတာက သုံးနှစ်၊ လေးနှစ်ကို တစ်ကြိမ်လောက်ကို
တပ်ရင်း ပြောင်းရွေ့တာဝန်ထမ်းဆောင်မှုကို လုပ်ရတယ်။
ဒီတော့ စစ်မှုထမ်း သားသမီးတွေကလည်း သုံးနှစ်၊ လေးနှစ်
ကို တစ်ကြိမ် နေရာသစ်ကို ရောက်တယ်။ နေရာတစ်ခုမှာ
အသားကျမယ် ကြံခါ ရှိသေး၊ နောက်ထပ် နေရာသစ်ကို
ပြောင်းရွေ့နေထိုင်ရတယ်။ ဒီတော့ သူတို့သည် အမြဲတမ်း
လူစိမ်းပဲ။ ဒေသခံဘယ်တော့မှ မဖြစ်တော့ဘူး။ အရွယ်
ကြီးပြင်းလာလို့ သက်ကြီးပိုငိးရောက်တဲ့အထိ နေရာဒေသတစ်ခုမှာ
ခေါင်းချမယ်ဆိုရင်တောင် သူတို့ကိုယ်သူတို့ လူစိမ်းတစ်ယောက်လို့
မှတ်ယူလေ့ရှိတယ်။ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ငယ်စဉ်
အတွေ့အကြုံကြောင့် ဘယ်နေရာပဲရောက်ရောက်၊ လူမျိုး၊
ဘာသာ၊ နိုင်ငံသား မရွေး လူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်ကြ
တယ်။
=
တပ်တွင်း စာသင်ကျောင်းမှာ ဆိုရင် ဖခင်ဖြစ်သူရဲ့ Posting အရ
အမြဲတမ်းပြောင်းနေတော့ တပ်တွင်းစာသင်ကျောင်းမှာ သူငယ်တန်း
ကစလို့ တက္ကသိုလ်ဝင်တန်းအထိ တောက်လျှောက်တက်တဲ့ကလေး
ဆိုတာ မရှိဘူး။ ကျောင်းတွင်းပြဿ နာတစ်ခုက သူတို့ ဘယ်တော့မှ
ပြဿ နာတစ်ခုကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းလေ့ မရှိဘူး။


ကလေးများအတွက် ဧပြီလ
----
အမေရိကန် ကာကွယ်ရေးဌာနက ဧပြီလတိုင်းကို စစ်မှုထမ်းသားသမီးတွေအတွက် အထူးလအဖြစ် သတ်မှတ်ပေးထား တယ်။ စစ်မှုထမ်းသားသမီးတွေအတွက် အထူးအစီအစဉ်၊ ပညာရေးအစီအစဉ်၊ လှုပ်ရှားဆောင်ရွက်မှုအမျိုးမျိုးကို ဖန်တီးပေးတယ်။ ကျွန်တော်တို့ဆီမှာတော့ နွေရာသီကျောင်းပိတ်ရက်၊ သင်္ကြန်ကာလဖြစ်တော့၊ ကလေးတော်တော်များများက ဘာသာရေးဆိုင်ရာ သင်တန်းတက်တာများတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆို ယဉ်ကျေးလိမ္မာ သင်တန်းတို့၊ ဓမ္မစကူးလ်တို့၊ ခရစ်ယာန်ဘာသာဝင် ကလေးတွေဆိုရင် camp ၀င်တာတို့ ရှိတယ်။ အခြားဘာသာဝင် ကလေးတွေတော့ မသိဘူး။ နွေရာသီ ခရီးထွက်တာ၊ ဘုရားဖူးထွက်တာ၊ လေ့လာရေး ခရီးထွက် တာမျိုး၊ အခြား သင်တန်းတွေ တက်တာမျိုးတော့ လုပ်ပေးနိုင်ပါတယ်။
=
စစ်မှုထမ်းသားသမီးတွေက အရွယ်ရောက်လာတဲ့အခါမှာ သူတို့လို့ စစ်မှုထမ်းသားသမီးတွေဖြစ်ခဲ့ဖူးတဲ့ သူတွေနဲ့ ပြန်လည် စုဆုံဖို့ ကြိုးစားလေ့ရှိတယ်။ Military Brats: Issues and Associations in Adulthood ဆိုတဲ့ လေ့လာမှုတစ်ခုမှာ ဒီလို ဘ၀တူတွေကို ပြန်လည်ရှာဖွေရခြင်းရဲ့ အကြောင်းက a sense of euphoria ကြောင့်တဲ့။
=
ကိုယ့်နဲ့ရင်ခုန်သံချင်းတူတဲ့သူတွေကို လိုက်ရှာတဲ့သဘောပါ။ နောက်တစ်ခုက ဒီလို ပြန်လည်ရှာဖွေရတာက ငယ်ပေါင်း သူငယ်ချင်းတွေကို ပြန်တွေ့ချင်လို့။ လူမျိုးမတူရင် နေပါစေ၊ ဘာသာ မတူရင်လည်း နေပါစေ။ ဒီလို စစ်မှုထမ်းသားသမီး ဖြစ်ခြင်း တူနေရင် ရင်ခုန်သံက တူနေပြီလို့တောင် သူတို့အချင်းချင်းကြားမှာ အဲဒီလောက် ခင်တွယ်နိုင်မှုက ခိုင်မာလေ့ရှိတယ်။ စစ်မှုထမ်းသားသမီးတွေရဲ့ ခံစားချက်နဲ့ပတ်သက်လို့ Growing up inside the Fortress ဆိုတဲဆိုတဲ့ စာအုပ်မှာ ရေးသားတင်ပြထားတယ်။ စစ်မှုထမ်း သားသမီး ရှစ်ဆယ်လောက်ကို ကျကျနန မေးမြန်း သုတေသနပြုထားတဲ့ စာအုပ်လည်းဖြစ်တယ်။ ရေးသူကိုယ်တိုင်လည်း စစ်မှုထမ်းတစ်ဦးရဲ့ သမီးဖြစ်တယ်။
=
တလောက လူမှုကွန်ရက်မှာ အောင်ဆန်းသူရိယလှသောင်းကျောင်း ဆင်း ဘော်ဒါများ ဆိုပြီး page လုပ်ထားတာ တောင်ရှိတယ်။
=
ကျဆုံးခြင်း၊ ကွယ်လွန်ခြင်း
=================
စစ်မှုထမ်း သားသမီးအတွက် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုက ကိုယ့်ဖခင်က တိုက်ပွဲမှာ အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ အချက်။ ဘယ်သူမဆို သေမျိုးချည်းပဲ။ ဒါက မဆန်းဘူး။ သာမန်ရောဂါနဲ့ဆုံးပါးသွားတဲ့ ဖခင်တွေရဲ့ သားသမီးတွေ ခံစားရတဲ့ ပရိဒေ၀ ဝေဒနာမီးနဲ့ တိုက်ပွဲမှာ ကျဆုံးသွားတဲ ဖခင်တွေရဲ့ သားသမီးတွေရဲ့
ပရိဒေ၀ဝေဒနာမီး ကမတူကြဘူး။ ဆောက်တည်ရာမရဖြစ်ခြင်း၊ ပြောမပြတတ်လောက်အောင် သိမ်ငယ် ၀မ်းနည်းသွားခြင်းတွေကို တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်မှုထမ်းတွေရဲ့ သားသမီးတွေ ရင်ဆိုင်ရလေ့ရှိတယ်။
=====
ပြောရရင် သူတို့တွေရလိုက်တဲ့ truma က အရမ်းကြီးတယ်၊ အရမ်းနက်တယ်။ အရမ်းပြင်းထန်တယ်။ အခန့်မသင့်ရင် သွက်သွက်ခါ ရူးသွားနိုင်တယ်။
တိုက်ပွဲမှာ ကျဆုံးတာမဟုတ်ပေမယ့်၊ စစ်မှုထမ်းတွေဆိုတာ စစ်မြေပြင် တာဝန်မဟုတ်တဲ့ အခြားတာဝန်တွေကို ထမ်းဆောင်ရင်းလည်း အသက်ဆုံးရှုံးသွားနိုင်တာပဲ။ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စမ်းသပ်ပျံသန်းမောင်းနှင်နေတဲ့ တပ်မတော် (လေ)က အင်ဂျင်လေးလုံးတပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့တယ်။ ငါးဦးသေဆုံးခဲ့တယ်။
http://www.mmtimes.com/…/18911-four-feared-dead-in-myanmar-…
=
ဒီပျက်ကျမှုက သတင်းစာမျက်နှာမှာ အတော်လေး hot ခဲ့တယ်။ ဆိုလိုတာက တိုက်ပွဲကာလမှာ စစ်သည်၊ အရာရှိ ကျဆုံးမှုတွေက ဖြစ်ရိုးဖြစ်စဉ်မို့ သိပ်ပြီး highlight မလုပ်ခံရဘူး။ သို့ပေသိ၊ စစ်ပွဲ၊ တိုက်ပွဲကြောင့်မဟုတ်ဘဲ သာမန် တာဝန်ထမ်းဆောင်ရင်း စစ်မှုထမ်းတွေသေဆုံးမှုကတော့ လူချက်ချင်းသိတယ်။ ကျန်ရစ်သူမိသားစုဝင်ကိုလည်း အချိန်ကာတစ်ခုအထိ ဖုံးကွယ်ထားတာမျိုး လုပ်လို့မရဘူး။
=
တပ်ထဲမှာ အစဉ်အလာရှိပါတယ်။ ဥပမာ တိုက်ပွဲမှာ စစ်မှုထမ်းတစ်ဦးဦး ကျဆုံးသွားပြီဆိုရင် ကျန်ရစ်သူမိသားစုဝင်တွေကို တပ်က တာဝန်ရှိသူတစ်ဦးဦးက သွားသတင်းပို့ရတယ်။ ဒီလိုသတင်းပို့ရတဲ့သူအဖို့အတွက် ဒီအလုပ်ကလည်း သိပ်မလွယ်ဘူး။ တစ်ခါသား၊ ဒီလို သတင်းလာပို့တဲ့သူကို အိမ်ပေါက်ဝကနေ လှမ်းမြင်နေရတဲ့ ကျန်ရစ်သူ ဇနီးတွေရဲ့ အကြည့်က သွေးရူးသွေးတန်း၊ ဆောက်တည်ရာမရတဲ့ အကြည့်တွေ၊ အော်ဟစ်မှုတွေ ( မကောင်းဆိုးဝါးတစ်ကောင်ကို ကိုယ့်အိမ်ထဲကို ၀င်လာသလိုမျိုး ) နဲ့ တုံပြန်လေ့ရှိ တယ်။ ဒီဖြစ်စဉ်ကို မြင်တွေ့သွားတဲ့ ကလေးသူငယ်တွေအပေါ်မှာ သေရာပါ စိတ်ဒဏ်ရာတောင် ပေးနိုင်တယ်။
=
ရှေ့တန်း ထွက်ချိန်
============
ဖခင်ဖြစ်သူက ရှေ့တန်းထွက်ပြီဆိုရင် နောက်တန်းမှာရှိနေတဲ့ မိသားစုဝင်တွေအတွက် ဖိစီးမှု၊ စိုးရိမ်မှုက ၀င်ကိုဝင်တယ်။ ရှေ့တန်းကို သွားတော့မယ့် ရဲဘော်နဲ့ လိုက်ပို့တဲ့ ဇနီးနဲ့ ကလေး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်မှာ မြင်ဖူးတယ်။ ဓာတ်ပုံထဲက ရေစာမှာတောင် သမီးလေးကို ဂရုစိုက် ဆိုတဲ့စာသား။ သေမင်းနဲ့ သွားစစ်ခင်းမယ့် ရဲဘော်က သူကိုယ်သူတောင် ဂရုမစိုက်ဘဲ၊ နောက်တန်းမှာ အေးအေးချမ်းချမ်း နဲ့ ကျန်ရစ်မယ့် သူ့သမီးအပေါ်ကိုစိတ်မချနိုင်တဲ့ ဖခင်တစ်ယောက်လည်းဖြစ်တဲ့ စစ်သားတစ်ယောက် ဘ၀ကို ဖော်ကျူးလိုဟန်တူ တယ်။ ဒီပုံကို မြင်လိုက်ရတဲ့ လူတွေအတွက် သိပ်ကို touch ဖြစ်ပါတယ်။ ဒါတောင် ဓာတ်ပုံပဲရှိပါသေးတယ်။ တကယ့် လက်တွေ့မှာ ကြုံကြိုက် ဖြတ်သန်းလာရတဲ့သူတွေအတွက် ဒီဓာတ်ပုံကို ကြည့်ပြီး ခံစားလိုက်ရတဲ့သူတွေထက် အပုံကြီး သာပါတယ်။
=
ရှေ့တန်းထွက်တဲ့ကာလမှာဆိုရင် သားသမီးတွေရဲ့
အပြုအမူက ပြောင်းလဲလာတယ်။ မိခင်ဖြစ်သူရဲ့ စကားကို
နားမထောင်တာမျိုး၊ စိတ်ဖိစီးတာ၊ ၀မ်းနည်းတာ၊ အထီးကျန်တာ၊
သိမ်ငယ်တာတွေ ဖြစ်တတ်တယ်။
=
ရှေ့တန်းကနေ ပြန်ရောက်လာတဲ့ ဖခင်က နောက်တန်းကို ပြန်
ရောက်လာရင်လည်း စိမ်းနေတာမျိုး ရှိတတ်တယ်။
=
တကယ်တော့ စစ်မှုထမ်း သားသမိးတွေရဲ့ ဘ၀က
LOST TRIBE ဒါမှမဟုတ် Sub culture လို့ပဲ။
စစ်မှုထမ်း တွေထဲမှာ အခြားအဆင့်တွေရဲ့
သားသမီးတွေရဲ့ ဘ၀ အခါးသက်ဆုံးပဲ။


ကိုဇန်

လေးစားစွာ တင်ပြသည်

ရည်ညွန်း။ ။ https://en.wikipedia.org/…/Military_brat_%28U.S._subculture…
Viewing all 1811 articles
Browse latest View live